အခန်း ၇၇
Vol. 8 Ch. 77
အခန်း (၇၇)
မြေပြင်ပေါ်မှ နိဗ္ဗာန်ဘုံနှင့် မျှော်လင့်ချက်မဲ့နေသော ဒုက္ခသည်များ
"ခေါင်းမော့လိုက်ပါ...။”
ဖန်းဟန်က တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။
"ဟုတ်... ဟုတ်ကဲ့ပါ အရှင်...။”
ဆွန်းဖူသည် တုန်ယင်စွာဖြင့် ခေါင်းမော့လာခဲ့ပြီး ဖန်းဟန်ကို ခိုးကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် ပို၍ပင် ကြောက်ရွံ့ထိတ်လန့်သွားခဲ့ရလေသည်။
'နတ်ဘုရား' ဟု ရိုသေလေးစားစွာ ခေါ်ဝေါ်ခံရသူတစ်ဦးမှာ ဆံပင်ဖြူဖြူ မျက်နှာနုနုနှင့် သက်ကြီးနတ်ဘုရား တစ်ပါး သို့မဟုတ် ခန့်ညားထည်ဝါသော လူလတ်ပိုင်းအရွယ် တစ်ဦးဦးသာ ဖြစ်ရမည်ဟု သူက မူလက ထင်မှတ်ထားခဲ့မိခြင်း ဖြစ်ပေသည်။
သို့သော် ထိုသူမှာ ဤမျှ ငယ်ရွယ်သော သခင်လေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။
ထို့အပြင် ဤသခင်လေးထံမှ မည်သည့် ဖိအားပေးမှုမျိုးကိုမျှ မခံစားရဘဲ အိမ်နီးချင်းကောင်လေးတစ်ဦးနှင့်ပင် တူနေသေး၏။ သို့တိုင်အောင် သူ၏ နက်ရှိုင်းသော မျက်ဝန်းများက လူတို့၏ နှလုံးသားများကို ဖောက်ထွင်းမြင် နိုင်စွမ်းရှိသည့်အလား ထင်မှတ်ရသဖြင့် သူ၏စိတ်ထဲတွင် မည်သည့် အတွေးလွန်မှုမျိုးကိုမျှ မတွေးတောဝံ့ အောင်ပင် ဖြစ်စေလေသည်။
"မင်းက မြောက်ပိုင်းကလာတာလား...၊ အခု အဲဒီဘက်က အခြေအနေ ဘယ်လိုရှိလဲ...။”
ဖန်းဟန်က မေးလိုက်လေသည်။
မြောက်ပိုင်းအကြောင်းကို ကြားလိုက်ရသောအခါ ဆွန်းဖူ၏ မျက်နှာပေါ်တွင် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့ သည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် တုန်ယင်လာခဲ့ လေ၏။
"အရှင့်ကို...၊ အရှင့်ကို တင်ပြပါရစေ...။ မြောက်ပိုင်းကတော့...၊ လုံးဝကို ကမောက်ကမတွေ ဖြစ်နေပါပြီ...။”
"မိုးခေါင်ရေရှားမှုကလည်း တစ်နေ့တခြား ပိုဆိုးလာနေပြီး နေရာတိုင်းမှာ ငတ်မွတ်နေတဲ့သူတွေချည်းပါပဲ...။ လမ်းတစ်လျှောက်မှာ လူတွေက ကိုယ့်ကလေးတွေကို အချင်းချင်း လဲလှယ်ပြီး စားသောက်နေကြတဲ့ အဖြစ် ဆိုးတွေကို ကျွန်တော်...၊ ကျွန်တော် ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်...။ အဲဒါ...၊ အဲဒါက တကယ့်ကို မြေပြင် ပေါ်က ငရဲခန်းပါပဲ...။”
ဆွန်းဖူ၏ အသံမှာ ရှိုက်သံများဖြင့် တုန်ယင်နေခဲ့လေသည်။
"ဒါက သဘာဝဘေးအန္တရာယ်သက်သက် မဟုတ်ပါဘူး...၊ လူတွေဖန်တီးတဲ့ ဘေးဒုက္ခလည်း ပါပါတယ်...။”
သူသည် အသံကိုနှိမ့်လိုက်ပြီး မျက်နှာတွင်လည်း ကြောက်ရွံ့မှုများ ပြည့်နှက်နေလျက်ရှိ၏။
"ပြီးခဲ့တဲ့လကပဲ မြို့တော်မှာ တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းတဲ့ အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါ တယ်...။”
"အင်အားကြီးမားတဲ့ အန်းကော်မြို့စားက မြို့တော်အပြင်ဘက်က အဓိက စစ်စခန်းကြီးသုံးခုနဲ့ ပူးပေါင်းပြီး အာဏာသိမ်းခဲ့တာပါ...၊ ပြီးတော့ ညတွင်းချင်းပဲ နန်းတော်တစ်ခုလုံးကို သွေးချောင်းစီးစေခဲ့ပါတယ်...။ တော်ဝင် မိသားစုအပေါ် သစ္စာရှိတဲ့ အမတ်တွေအားလုံးကတော့...၊ အကျယ်ချုပ်ချခံရတာ ဒါမှမဟုတ် အသတ်ခံလိုက်ရ ပါပြီ...။”
ထိုစကားကို ကြားသောအခါ ဖန်းဟန်မှာ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လက်များ အနည်းငယ် ရပ်တန့် သွားခဲ့လေ၏။
မြို့တော်တွင် အာဏာသိမ်းသည် ဟုတ်လား...။
သူ၏ဘေးတွင် ရပ်နေသော နန်ကုန်းယွင်ရှုသည် ထိုသတင်းကို ကြားလိုက်ရသောအခါ သူမ၏ တင့်တယ်လှပ သော မျက်နှာလေးမှာ သွေးဆုတ်သွားခဲ့လေ၏။ သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင် သွားခဲ့ပြီး လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်ထားသော သူမ၏ လက်ဆစ်များမှာလည်း ဖြူဖျော့သွားခဲ့လေသည်။
ဖန်းဟန်သည် သူမ၏ ထူးခြားသော တုံ့ပြန်မှုကို အကင်းပါးစွာဖြင့် သတိပြုမိလိုက်သော်လည်း တိတ်ဆိတ်စွာ ပင်နေလိုက်ပြီး ဆက်၍ မေးလိုက်လေသည်။
"ဧကရာဇ်ကရော ဘယ်လိုနေသေးလဲ...။”
"ဧကရာဇ် ဟုတ်လား...။”
ဆွန်းဖူက ခါးသက်စွာ ပြုံးလိုက်လေ၏။
"ကျွန်တော်တို့ မဟာကျင်းမင်းဆက် ကို အခု အုပ်ချုပ်နေတာက ဧကရီဘုရင်မပါ...။ အသက်(၁၉)နှစ်အရွယ် ဧကရီဘုရင်မက သစ္စာရှိတဲ့ နန်းတွင်းသက်တော်စောင့်အချို့ရဲ့ အသက်စွန့် ကာကွယ်မှုနဲ့အတူ မြို့တော်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကြားရပါတယ်...။”
"ဒါပေမဲ့...။”
ဆွန်းဖူ၏ မျက်လုံးများမှာ ပို၍ပင် ကြောက်ရွံ့လာခဲ့လေသည်။
"အန်းကော်မြို့စားက ဧကရီဘုရင် မဟာ ပြည်ပရန်သူတွေနဲ့ ပူးပေါင်းပြီး နန်းတွင်းကို ဖျက်ဆီးနေတဲ့ ဧကရာဇ် အတုအယောင် ဖြစ်တယ်လို့ တစ်လောကလုံးကို ကြေညာလိုက်ပါပြီ...။ သူက သူ့ရဲ့ အတော်ဆုံး 'အနက်ရောင် သံချပ်ကာအစောင့်တပ်' ကို စေလွှတ်ပြီး သူမကို နေရာအနှံ့ လိုက်လံရှာဖွေ ဖမ်းဆီးခိုင်းနေပါတယ်...။ ကောလ ဟာလတွေ...၊ ကောလဟာလတွေအရတော့ ဧကရီနဲ့ သူမရဲ့အခြွေအရံတွေက တောင်ဘက်ကို ထွက်ပြေး သွားကြပြီး လောလောဆယ် ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူးလို့ ဆိုကြပါတယ်...။”
ခန်းမတစ်ခုလုံးမှာ သေမတတ် တိတ်ဆိတ်သွားခဲ့လေ၏။
ဖန်းဟန်၏ မျက်လုံးများမှာ အနည်းငယ် လက်ကနဲ ဖြစ်သွားခဲ့လေသည်။
ကမောက်ကမဖြစ်နေသော ခေတ်ကာလ...။
သူ့အတွက်မူ ဤသည်မှာ အကျပ်အတည်းတစ်ခု ဖြစ်သကဲ့သို့ တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်မည့် အခွင့် အရေးကောင်းတစ်ခုလည်း ဖြစ်ပေသည်။
လိုက်လံဖမ်းဆီးခံနေရသော ဧကရီဘုရင်မတစ်ပါး...။
သူသည် ဖြူဖျော့နေသော မျက်နှာနှင့် စိုးရိမ်ပူပန်မှုများ၊ ရှုပ်ထွေးလှသော ခံစားချက်များ ပြည့်နှက်နေသည့် လှပ သော မျက်ဝန်းများ ရှိနေသော သူ၏ဘေးမှ နန်ကုန်းယွင်ရှုကို တွေးတောဟန်ဖြင့် တစ်ချက်ကြည့်လိုက်ရာ တစ်စုံ တစ်ခုကို နားလည်သွားသကဲ့သို့ ရှိလေသည်။
ချင်းရှီးခရိုင်ရှိ အေးချမ်းသာယာလှသော နေ့ရက်များမှာ များစွာ ကြာရှည်ခံတော့မည် မဟုတ်ပုံပေါ်ပေသည်။
မြောက်ပိုင်းရှိ စစ်ပွဲများမှာ လွင်ပြင်ကို ဖြတ်သန်းလောင်ကျွမ်းသွားသော တောမီးတစ်ရပ်ကဲ့သို့ပင် ဖြစ်ပြီး ကာလကြာရှည် မိုးခေါင်ရေရှားမှုနှင့် ပေါင်းစပ်သွားသောအခါ မဟာကျင်းမင်းဆက်၏ မြောက်ပိုင်းတစ်ခုလုံးကို အဆုံးမဲ့ ချောက်ကမ်းပါးထဲသို့ လျင်မြန်စွာ ဆွဲချသွားခဲ့လေတော့သည်။
အန်းကော်မြို့စား၏ ပုန်ကန်မှုအတွင်း အစိုးရ၏ အုပ်ချုပ်ရေးစနစ်မှာ ပြိုကျပျက်စီးသွားခဲ့ပြီး ဒေသတွင်း တရား ဥပဒေစိုးမိုးရေးမှာလည်း လုံးဝ ဖျက်ဆီးခံလိုက်ရလေသည်။
စစ်ပွဲများ၊ ဓားပြတိုက်မှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် လူတို့ဖန်တီးသော ဘေးဒုက္ခများ...။
ရေတွက်၍မရနိုင်သော လူအများအပြားမှာ သေမင်း၏ နှုတ်ခမ်းဝတွင် ရုန်းကန်နေကြရလေသည်။
သစ်ခေါက်များကို ကိုက်ဝါးခဲ့ကြပြီး မြက်မြစ်များကို တူးဆွခဲ့ကြကာ မြေစေးများကပင် ငတ်မွတ်နေသော ပြည်သူများ၏ ဝမ်းရေးကို ဖြေရှင်းပေးရန်အတွက် "အရသာရှိသော ဟင်းလျာ" တစ်ခု ဖြစ်လာခဲ့ရပေသည်။
ထိုအရာများအားလုံးကို စားသောက်ပြီးသွားသောအခါ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။
သူတို့သည် ကလေးများကို အချင်းချင်း လဲလှယ်၍ စားသောက်ခဲ့ကြပြီး အရိုးများကိုခွဲကာ ဟင်းချက်ခဲ့ကြလေ သည်။
တစ်ချိန်က သမိုင်းစာအုပ်များထဲတွင်သာ ပါရှိခဲ့သော စကားလုံးများမှာ မြောက်ပိုင်းမြေ၏ အစစ်မှန်ဆုံးသော ပုံဖော်မှုတစ်ခု ဖြစ်လာခဲ့ရပေသည်။
လူ့လောကကြီးမှာ ငရဲခန်းတစ်ခု ဖြစ်သွားခဲ့ချေပြီ။
သို့သော် ဤအဆုံးမဲ့ အမှောင်ထုနှင့် မျှော်လင့်ချက်မဲ့မှုများကြားတွင် သေလုမျောပါး ဖြစ်နေသော ဒုက္ခသည် များအကြား၌ ကောလာဟလတစ်ခုက မှုန်ဝါးသော်လည်း ဇွဲရှိသော ကြယ်ရောင်တစ်ပွင့်ကဲ့သို့ တိတ်ဆိတ်စွာ ပျံ့နှံ့လာခဲ့လေသည်။
"မင်းတို့ ကြားပြီးကြပြီလား...၊ တောင်ဘက်မှာ ချင်းရှီးခရိုင်လို့ ခေါ်တဲ့ နေရာတစ်ခု ရှိတယ်တဲ့...။”
"အဲဒီမှာ... ကျောက်တုံးတွေကို ရေပန်းဖြစ်အောင် လုပ်နိုင်ပြီး ပဲစေ့တွေကို စစ်သည်တွေအဖြစ် ပြောင်းလဲနိုင်တဲ့ သက်ရှိအင်မော်တယ်တစ်ပါး နေထိုင်တယ်တဲ့...။”
"မဟုတ်ဘူး...၊ ငါ ကြားတာ အဲဒီလို မဟုတ်ဘူး...။ အင်မော်တယ်ဖန်းဆီမှာ တစ်မူကို အလေးချိန် ကျင်းတစ် ထောင် ထွက်ရှိတဲ့ အင်မော်တယ်မျိုးစေ့တွေ ရှိပြီး သေနေတဲ့ သစ်ပင်တွေကိုတောင် ပြန်ရှင်လာစေနိုင်တဲ့ နတ်ဘုရားမြေဆီလွှာ ရှိတယ်လို့ ငါ ကြားခဲ့တာ...။”
"ငါ့ဦးလေးသုံးရဲ့ အိမ်နီးချင်းရဲ့ ဦးလေးနှစ်က ချင်းရှီးခရိုင်ကနေ ထွက်ပြေးလာတာလေ...။ သူ ပြောတာက အခု ချင်းရှီးခရိုင်မှာရှိတဲ့ လူတိုင်းက စားစရာတွေ ရှိနေပြီး အစားအစာတိုင်းမှာ အသားဟင်းချိုတွေ ပါတယ်တဲ့...။ ည ဘက်ဆိုရင် ဘယ်သူမှ တံခါးတွေ သော့ခတ်စရာ မလိုဘူးတဲ့...။”
တစ်ဦးကနေ ဆယ်ဦး၊ ဆယ်ဦးကနေ ရာချီ၍ ပြောဆိုလာခဲ့ကြလေသည်။
ကောလာဟလများမှာ လိုရာဆွဲတွေးခြင်းနှင့် ပုံကြီးချဲ့ခြင်းများ ဖြစ်လာနိုင်သော်လည်း အဓိက သတင်းအချက် အလက်မှာမူ ရှင်းလင်းပြတ်သားလျက် ရှိနေပေသည်။
ချင်းရှီးခရိုင်မှာဆိုရင် မင်း အသက်ရှင်နိုင်တယ်...။
ငတ်မွတ်မှုနှင့် သေဆုံးခြင်းများကြောင့် ထုံထိုင်းနေပြီဖြစ်သော ဤဒုက္ခသည်များအတွက် ထိုစကားလုံးများမှာ အကြီးမားဆုံးသော သွေးဆောင်ဖြားယောင်းမှုတစ်ခု ဖြစ်ပြီး သူတို့ကို ဆက်လက် လျှောက်လှမ်းနိုင်ရန်အတွက် တစ်ခုတည်းသော တွန်းအားတစ်ခုလည်း ဖြစ်ပေသည်။
သူတို့၏ စိတ်ကူးထဲတွင်မူ ချင်းရှီးခရိုင်မှာ သာမန် ခရိုင်မြို့လေးတစ်မြို့ မဟုတ်တော့ဘဲ အလှမ်းဝေးကာ လှပ လှသည့် ဒဏ္ဍာရီလာ "မြေပြင်ပေါ်မှ နိဗ္ဗာန်ဘုံ"၊ သူတို့ နေထိုင်နိုင်မည့် "ရှန်ဂရီလာ" တစ်ခု ဖြစ်နေခဲ့လေပြီ။
ဤသို့ဖြင့် ချင်းရှီးခရိုင်တွင် အဆုံးသတ်မည့် အကြုံဖူးသေးသော ဒုက္ခသည်များ၏ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုကြီး စတင်လာခဲ့လေတော့သည်။
ရေတွက်၍မရနိုင်သော ဒုက္ခသည်များမှာ သူတို့၏ မိသားစုများကို ခေါ်ဆောင်ကာ အဝတ်စုတ်များကို ဝတ်ဆင် ထားလျက် အရပ်မျက်နှာ အသီးသီးမှ ပင်လယ်ထဲသို့ စီးဝင်သွားသော မြစ်ရေများကဲ့သို့ ချင်းရှီးခရိုင်ဆီသို့ ခက်ခဲပင်ပန်းစွာ ခြေလှမ်းများ ရွှေ့လာခဲ့ကြလေ၏။
...
ကျန်းလောင်ဆန်းသည် သူ ထွက်လာခဲ့သည်မှာ မည်မျှကြာပြီဆိုသည်ကိုပင် မမှတ်မိတော့ချေ။
သူ၏ ဇာတိရွာမှာ မိုင် (၃၀၀) အကွာရှိ ရွာငယ်လေးတစ်ရွာ ဖြစ်လေသည်။ လွန်ခဲ့သော နှစ်ဝက်ခန့်က သူ၏ရွာမှာ စစ်ရှုံးလာသော စစ်သည်တစ်စု၏ ဝင်ရောက်မွှေနှောက်ခြင်းကို ခံခဲ့ရပြီး သူ၏ဇနီးနှင့် သမီးငယ်လေးမှာ စစ်သည် များ၏ ဓားချက်အောက်တွင် အသက်ဆုံးရှုံးခဲ့ရပေသည်။
သူသည် မနည်းရုန်းကန်၍ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး လေလွင့်နေသူတစ်ဦး ဖြစ်လာခဲ့ရလေ၏။
သူသည် တောင်ဘက်သို့ ခရီးဆက်လာခဲ့ပြီး သစ်ခေါက်များကို ကိုက်ဝါးကာ မြက်မြစ်များကို စားသောက်ခဲ့ ရပြီး...၊ သူ အလွန်အမင်း ငတ်မွတ်နေချိန်တွင် ပုပ်ပွနေသော အလောင်းများအတွက် တောခွေးများနှင့်ပင် လုယက်တိုက်ခိုက်ခဲ့ရလေသည်။
သူ၏ ခြေထောက်များမှာ ပွတ်တိုက်မှုကြောင့် အရေခွံများကွာကာ သွေးများပင် ထွက်နေခဲ့ပြီ ဖြစ်ပြီး သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းမှာ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရပေသည်။
သူ၏ ခန္ဓာကိုယ်မှာလည်း ငတ်မွတ်မှုကြောင့် ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး လေတစ်ချက် တိုက်လိုက်ရုံဖြင့် လဲကျသွားနိုင်သည့်အလား ခြောက်သွေ့ပိန်ချုံးနေခဲ့လေ၏။
သူ၏ မျက်လုံးများမှာလည်း မျှော်လင့်ချက်မဲ့မှုနှင့် နာကျင်မှုများကြောင့် ဝါးမြိုခံခဲ့ရသည်မှာ ကြာပြီဖြစ်ကာ မည်သည့် အလင်းရောင်မျှ မရှိတော့ဘဲ ထုံထိုင်း၍ အသက်မဲ့နေခဲ့လေသည်။
သူ၏ ပတ်ဝန်းကျင်ရှိ ရာနှင့်ချီသော အခြားဒုက္ခသည်များမှာလည်း သူနှင့်အတူတူပင် ဖြစ်ကြလေသည်။
သူတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များစုကဲ့သို့ တိတ်ဆိတ်စွာ လမ်းလျှောက်နေကြလေ၏။ မည်သူမျှ စကားမပြောကြပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ပါးစပ်ဟရန်အတွက်ပင် ခွန်အားမရှိတော့သောကြောင့် ဖြစ်ပေသည်။
ကျန်းလောင်ဆန်းသည် လဲကျတော့မည်ဟု ခံစားလိုက်ရပြီး လုံးဝ လွတ်မြောက်သွားတော့မည့် အချိန်တွင်ပင် အရှေ့ဘက်ရှိ လူတစ်ဦးထံမှ အိပ်မက်မက်နေသကဲ့သို့ အံ့အားသင့်စွာ ရေရွတ်လိုက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
"အဲဒါ...၊ အဲဒါက ဘာကြီးလဲ...။”
ကျန်းလောင်ဆန်းသည် ခေါင်းကို မနည်းရုန်းကန်၍ မော့လိုက်ကာ မျက်လုံးကို မှေး၍ အရှေ့သို့ လှမ်းကြည့်လိုက် လေ၏။
မလှမ်းမကမ်းရှိ တရားဝင်လမ်းမကြီး၏ ဘေးတွင် လူတစ်ဝက်ခန့် အမြင့်ရှိသော ကျောက်တိုင်တစ်ခု ရပ်တည်လျက် ရှိနေလေသည်။
ထိုကျောက်တိုင်ပေါ်တွင်မူ တင့်တယ်လှပသော စာလုံးကြီး သုံးလုံးကို ထွင်းထုထားလေသည်။ ၎င်းမှာ ချင်းရှီးခရိုင် ပင် ဖြစ်၏။
*ရောက်ပြီလား...။*
*ဒါက ဒဏ္ဍာရီထဲက ချင်းရှီးခရိုင်လား...။*
ဒုက္ခသည်များအားလုံးမှာ သူတို့၏ ခြေလှမ်းများကို အလိုအလျောက် ရပ်တန့်လိုက်ကြလေသည်။ သူတို့ သည် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်များ ရောပြွမ်းနေသော စိတ်ဖြင့် ကျောက်တိုင်၏ အတွင်းဘက်သို့ လှမ်းကြည့် လိုက်ကြလေ၏။
နောက်တစ်စက္ကန့်တွင်မူ...။
အားလုံးမှာ အံ့အားသင့်ကာ ကြက်သေ သေသွားခဲ့ကြလေတော့သည်။
*ငါတို့ ဘာတွေကို မြင်လိုက်ရတာလဲ...။*