← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂)

တပ်စခန်းအတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်လာသော စစ်သည်တော်၊ ကောင်းကင်ဘုံမှ နတ်ဆိုး

ကျင်းပေမြို့စားကြီး၏ တပ်စခန်းအပြင်ဘက်တွင် သူသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေခဲ့လေသည်။

အတိတ်က စည်ကားလှသော မြင်ကွင်း၊ အဆက်မပြတ် သွားလာနေသော ကင်းလှည့်တပ်ဖွဲ့များနှင့် မတူဘဲ ယခု အခါတွင် တပ်စခန်းမှာ ဧရာမ သင်္ချိုင်းကြီးတစ်ခုနှင့် တူနေပေတော့သည်။

တပ်စခန်းတံခါးဝရှိ ကင်းမျှော်စင်ပေါ်တွင် စစ်သည်များမှာ အားအင်ကုန်ခမ်းနေလျက် မတ်မတ်ပင် မရပ်နိုင် လောက်အောင် အားနည်းနေကာ မှီတွယ်နေကြလေ၏။

မျှော်လင့်ချက်မဲ့နေသော ဤသေမင်းတမန်လေထုထဲတွင် ကြည်လင်သော မြင်းခွာသံများက တိတ်ဆိတ်မှုကို ဖြိုခွင်းကာ အဝေးဆီမှ တဖြည်းဖြည်း နီးကပ်လာခဲ့လေသည်။

ခန့်ညားသော မြင်းနက်ကြီးတစ်ကောင်နှင့် အရပ်မြင့်မြင့် မားမားမတ်မတ်ရှိနေသော ပုံရိပ်တစ်ခုဖြစ်ပေသည်။

နျူအာသည် တစ်ကိုယ်တော် မြင်းစီးလာခြင်းဖြစ်ပြီး သူ၏နောက်တွင် သန်မာသော မြင်းနှစ်ကောင်ဆွဲလာသည့် လှည်းတစ်စီး ပါလာကာ ၎င်းပေါ်တွင် ကြီးမားသော အနက်ရောင် သစ်သားသေတ္တာကြီး (၁၀) လုံးကို သပ်ရပ်စွာ တင်ဆောင်ထားခဲ့လေသည်။

သူ ရောက်လာခဲ့ပြီ ဖြစ်၏။

သူသည် မြင်းပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ ဖြောင့်မတ်နေသော ကျောပြင်မှာ လှံတံတစ်ခုကဲ့သို့ ဖြစ် နေကာ သန့်ရှင်းသပ်ရပ်နေသော သူ၏ဝတ်စုံမှ တောက်လောင်နေသော သက်ဝင်လှုပ်ရှားမှုများက ဖြာထွက်နေ လျက်ရှိလေသည်။

တပ်စခန်းတံခါးဝရှိ အစောင့်တစ်ဦးက အော်ဟစ်မေးမြန်းရန် ကြိုးစားလိုက်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်စွာ ချောင်းဆိုးလိုက်ရပြီး သူ၏ ဓားလက်ကိုင်ကို ထောက်ကိုင်ကာ မနည်းရပ်နေခဲ့ရလေ ၏။

သူသည် တိမ်လွှမ်းနေသော မျက်လုံးများဖြင့် အဝေးမှ ပုံရိပ်ကို စိုက်ကြည့်နေရင်း အဓိပ္ပာယ်မဲ့သော မနာလိုမှုနှင့် မျှော်လင့်ချက်မဲ့မှုများက သူ၏အတွင်းစိတ်ထဲ၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည်။

*ဘာအကြောင်းကြောင့်လဲ...*

*နန်ယန်က လူတွေက ဘာလို့ ဒီလောက်တောင် အသက်ဝင်လန်းဆန်းတဲ့ ဘဝကို ရှင်သန်နိုင်ကြတာလဲ...*

*ငါတို့လို မဟာကျင်းရဲ့ အထက်တန်းစားတွေကတော့ ဒီနေရာမှာ သေဖို့ပဲ စောင့်နေရတော့မှာလား...*

ဤတိတ်ဆိတ်နေသော ကွာဟချက်က မည်သည့် စော်ကားသည့်စကားထက်မဆို ပို၍ နာကျင်စေခဲ့လေသည်။

နျူအာသည် မြင်းကို ဇက်ကိုင်လိုက်ပြီး တပ်စခန်းတံခါးနှင့် ခြေဆယ်လှမ်းအကွာတွင် ရပ်တန့်လိုက်လေ၏။ သူ သည် ဒန်တျန်မှ စွမ်းအင်များကို စုစည်းလိုက်ပြီး သူ၏အသံမှာ ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ ဟိန်းထွက်လာ ခဲ့လေသည်။

“နန်ယန်... ဖန်းစံအိမ်တော်ရဲ့ ကိုယ်စားလှယ် နျူအာ... သခင်ကြီးရဲ့ အမိန့်အရ ကျင်းပေမြို့စားကြီးအတွက် ဂုဏ်ပြုလက်ဆောင် လာရောက်ဆက်သတာပဲ...”

ထိုအသံမှာ လိမ့်ဆင်းသွားပြီး တစ်စခန်းလုံးတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားခဲ့လေသည်။

ချက်ချင်းပင် သူ၏ပတ်ဝန်းကျင်ရှိ ကျင်းပေမြို့စားကြီး၏ စစ်သည်အားလုံးမှာ အေးခဲသွားသည့်အလား တစ်ပြိုင် နက်တည်း လှည့်ကြည့်လာကြလေ၏။

ထို့နောက် ဆူညံပွက်လောရိုက်သွားခဲ့လေသည်။

“နန်ယန် ဟုတ်လား... ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့ပြီး မြေကြီးပေါ်က နတ်ပြည်လိုဖြစ်နေတယ်ဆိုတဲ့ နန်ယန် လား...”

မနာလိုမှု၊ နာကြည်းမှုနှင့် မသိမသာ တွေ့မြင်နိုင်သော မျှော်လင့်ချက်ရောင်ခြည်များ ရောနှောနေသည့် မရေ မတွက်နိုင်သော အကြည့်များမှာ နျူအာထံသို့ စူးစိုက်ကျရောက်လာခဲ့လေသည်။

မကြာမီတွင်ပင် နျူအာသည် ကျင်းပေမြို့စားကြီး၏ ကွပ်ကဲရေးတဲအတွင်းသို့ ဖိတ်ကြားခြင်း ခံလိုက်ရလေ သည်။

တဲအတွင်းသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော ဆေးနံ့နှင့် အနည်းငယ် ပုပ်သိုးနေသော အနံ့ဆိုးတို့က နှာခေါင်း ထဲသို့ ချက်ချင်းပင် တိုးဝင်လာခဲ့လေ၏။

တဲအတွင်း၌ စစ်သူကြီး တစ်ဆယ်ကျော်ခန့် ရပ်နေကြပြီး တစ်ယောက်စီတိုင်း၏ မျက်နှာများမှာ ဖြူရော်နေကာ မျက်လုံးများမှာလည်း ချိုင့်ဝင်နေခဲ့ကြလေသည်။

အဓိကနေရာတွင်မူ ကျင်းပေမြို့စားကြီးက သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားလျက် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် နျူအာကို စူးစိုက်ကြည့်နေကာ သူ၏အသံမှာ အက်ကွဲကာ အေးစက်နေခဲ့လေ၏။

“မင်းကို ဒီနေရာမှာ လာသေဖို့ ဖန်းဟန်က လွှတ်လိုက်တာလား...”

လူသတ်ချင်နေသည့်အလား အကြည့်များရှိနေသော်လည်း နျူအာသည် မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြသခဲ့ ပေ။ သူ၏ အပြုံးတွင် သနားညှာတာမှု တစ်စွန်းတစ်စ ပါဝင်နေပြီး သနားစရာကောင်းသော သေလုနီးပါး လူ တစ်စုကို ကြည့်နေသည့်အလားပင် ဖြစ်လေသည်။

သူသည် မည်သည့်စကားမျှ မပြောဘဲ လက်ခုပ်ကိုသာ ဖြည်းညင်းစွာ တီးလိုက်လေ၏။ တဲအပြင်ဘက်ရှိ အစောင့်များသည် ကြီးမားလေးလံသော သေတ္တာ (၁၀) လုံးကို တစ်လုံးချင်းစီ သယ်ဆောင်လာကြပြီး တဲ၏ အလယ်ဗဟိုတွင် တန်းစီချထားလိုက်ကြလေသည်။

“ဒါတွေက ဘာတွေလဲ...”

ကျင်းပေမြို့စားကြီး၏ ယုံကြည်ရသော စစ်သူကြီးတစ်ဦးက တင်းမာစွာ မေးလိုက်လေ၏။

နျူအာသည် ပြန်လည်ဖြေကြားခြင်းမပြုဘဲ ဆက်လုပ်ရန်သာ လက်ဟန်ပြလိုက်လေသည်။ ကျင်းပေမြို့စားကြီး ၏ တိတ်ဆိတ်စွာ ခွင့်ပြုမှုအောက်တွင် စစ်သည်နှစ်ဦးက ရှေ့သို့ထွက်လာပြီး ပထမဆုံးသေတ္တာ၏ အဖုံးကို ဓားဖြင့် ကော်ဖွင့်လိုက်ကြလေ၏။

“ဒိုင်း...”

သေတ္တာအဖုံးမှာ မြေပြင်ပေါ်သို့ ကျသွားခဲ့လေသည်။ တစ်ခဏအတွင်းမှာပင် တဲအတွင်းရှိ စစ်သူကြီးအားလုံး အသက်ရှူရပ်သွားခဲ့ကြလေ၏။

သေတ္တာအတွင်း၌ ကြည်လင်နေသော ဖန်ပုလင်း ရာပေါင်းများစွာကို သပ်ရပ်စွာ စီရီထားပြီး ၎င်းတို့အတွင်းရှိ ဖျော့တော့သော ရွှေရောင်အရည်များမှာ ဖယောင်းတိုင်မီးရောင်အောက်တွင် မြင့်မြတ်သော အလင်းရောင်ဖြင့် တောက်ပနေခဲ့လေသည်။

ထိုဆေးသည် သူတို့၏ မျှော်လင့်ချက်ဖြစ်ပြီး ငရဲ၏နှုတ်ခမ်းဝမှ ပြန်လည်ဆွဲတင်ပေးနိုင်သည့် တစ်ခုတည်းသော အရာပင်ဖြစ်လေသည်။

စစ်သူကြီးတစ်ဦး၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲသွားကာ ပုလင်းများကို စူးစိုက်ကြည့်နေပြီး သူ၏ လည်စေ့ မှာ ပြင်းထန်စွာ လှုပ်ရှားနေကာ လောဘတကြီး သွားရည်များမှာ နှုတ်ခမ်းထောင့်မှ ကျလုနီးပါးပင် ဖြစ်နေလေ ၏။

နျူအာသည် ဖြည်းညင်းစွာ ရှေ့သို့တက်လာပြီး အံ့ဖွယ်ဆေးစွမ်းကောင်း ပုလင်းတစ်ပုလင်းကို ကောက်ယူကာ အထက်သို့ မြှောက်ကိုင်လိုက်လေသည်။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ တဲအတွင်းရှိ လူအားလုံး၏ အံ့အားသင့်နေမှု၊ လောဘတကြီးဖြစ် နေမှုနှင့် မယုံကြည်နိုင်သော အကြည့်များကို မြင်တွေ့လိုက်ရလေ၏။

ထို့နောက် သူက စကားလုံးတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်လေသည်။

“ဒါဟာ သတ္တဝါအားလုံး၏ ဆင်းရဲဒုက္ခများကို သနားကြင်နာပြီး ကျင်းပေမြို့စားကြီးလက်အောက်ရှိ စစ်သည် တွေ အလဟဿ သေဆုံးသွားရမှာကို မကြည့်ရက်နိုင်သောကြောင့် ဒီကပ်ရောဂါကို ကုသရန် သခင်ကြီးက မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုတွေနဲ့ ဖော်စပ်ထားတဲ့ အံ့ဖွယ်ဆေးစွမ်းကောင်း ပဲဖြစ်တယ်...”

နျူအာသည် အလွန်ရှုပ်ထွေးသော မျက်နှာအမူအရာဖြစ်နေသည့် ကျင်းပေမြို့စားကြီးကို ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းကွေးကွေးလေးမှာ ပို၍ပင် အဓိပ္ပာယ်ပါလာခဲ့လေသည်။

“သခင်ကြီးက ပြောခဲ့တယ်... ဒီအံ့ဖွယ်ဆေးစွမ်းကောင်း သေတ္တာဆယ်လုံး၊ စုစုပေါင်း ပုလင်းငါးရာကို အခမဲ့ ပေးအပ်သွားမယ်တဲ့...”

သူသည် တဲအတွင်းရှိ လူအုပ်ကြီး၏ အံ့အားသင့်မှုမှ အလွန်ဝမ်းသာအားရဖြစ်သွားသည့် အမူအရာပြောင်းလဲမှု ကို အရသာခံရင်း တမင်တကာ ခေတ္တရပ်နားလိုက်ပြီးနောက် အတည်ငြိမ်ဆုံးသော လေသံဖြင့် ဆက်ပြောလိုက် လေသည်။

“ဒီလက်ဆောင်က အပြစ်ကင်းတဲ့ စစ်သည်တွေအတွက် သခင်ကြီးဆီက အထူးလက်ဆောင်ပဲ...”

All Chapters