← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂)

ပေါက်စီနှစ်လုံးနှင့် လဲလှယ်လိုက်သော ဇနီးသည်

လူကုန်ကူးသူသည် ဖန်းဟန်ကို အပေါ်အောက် အကဲခတ်လိုက်၏။ ဖန်းဟန်၏ ဖာထေးထားသော ဟောင်းနွမ်းစုတ်ပြတ်နေသည့် အဝတ်အစားများသည် သူ၏နောက်ကွယ်တွင် ရောင်းရန်ရှိနေသော အမျိုးသမီးများ၏ အဝတ်အစားများထက်ပင် ပို၍ ကောင်းမွန်နေခြင်း မရှိချေ။

သူက နှာခေါင်းရှုံ့လျက် တံတွေးထွေးလိုက်ကာ ပြောလိုက်လေသည်။

“မင်းက... မင်းမှာ ဘာရှိလို့ ဝယ်ချင်တာလဲ...။”

ဘေးပတ်ဝန်းကျင်ရှိ ရွာသားများကလည်း ဝိုင်း၍ ရယ်မောကြလေတော့၏။

“ဖန်းဟန်...၊ မင်းကတော့ စိတ်ကူးယဉ်နေတာပဲ...။ မင်းအိမ်က ဆန်အိုးတောင် ဗလာဖြစ်နေတာကို တခြားလူတွေလို မိန်းမဝယ်ချင်နေသေးတာလား...။”

“ဟုတ်ပ...၊ သူက သေခါနီးဖြစ်နေတဲ့ အိုမင်းမစွမ်း လူမမာတစ်ယောက်ပဲလေ...။ မိန်းမဝယ်ပြီးရင် တန်းပြီး မြေမြှုပ်တော့မှာလား...။ ဒါဆိုရင်တော့ ခေါင်းတလားဖိုးတောင် သက်သာသွားဦးမယ်...။”

သူ၏အိမ်နီးချင်းဖြစ်သူ ရန်ဟုန်မေက ပို၍ပင် လွန်လွန်ကျူးကျူး ရယ်မောလိုက်ပြီး ပါးစပ်ကို ပိတ် လျက် ဘေးနားရှိလူကို ပြောလိုက်လေသည်။

“ကြည့်ကြပါဦး...၊ ဒီကောင်လေးကတော့ မိန်းမလိုချင်လွန်းလို့ ရူးသွားပြီ ထင်တယ်...။”

ဖန်းဟန်သည် ထိုသို့သော ကြမ်းတမ်းလှောင်ပြောင်သည့် စကားများကို လျစ်လျူရှုထားခဲ့၏။ သူသည် လက်ထဲတွင် ကိုင်ထားသော ပေါက်စီများကို မြှောက်လိုက်ပြီး ၎င်းတို့ထဲမှ နှစ်လုံးကို ဂရုတစိုက် ထုတ် ယူလိုက်လေသည်။

ဖြူဖွေးလုံးဝန်းနေသော ပေါက်စီများထံမှ နွေးထွေးသော အငွေ့အသက်များ ဝေ့ဝဲထွက်ပေါ်နေဆဲ ဖြစ်၏ ။ ပေါက်စီများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်မှ ရယ်မောသံများမှာ ရုတ်ချည်း ရပ်တန့် သွားခဲ့လေတော့သည်။

လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဖန်းဟန်၏ လက်ထဲရှိ အရာများကို စိုက်ကြည့်နေကြကာ ၎င်းတို့၏ လည်ချောင်းများမှာလည်း အလိုအလျောက် တံတွေးများမြိုချမိနေကြ၏။ ဤကဲ့သို့သော ခေတ်ကာလတွင် ဆန်ကွဲကိုပင် အစာကောင်းဟု မှတ်ယူနေရချိန်၌ နှင်းကဲ့သို့ ဖြူဖွေးနူးညံ့သော ပေါက်စီ မျိုးကို ခရိုင်မြို့ရှိ သူဌေးကြီးများအကြောင်း ပြောကြသည့် ပုံပြင်များထဲတွင်သာ ကြားဖူးကြလေသည်။

ဂျုံနံ့သင်းပျံ့သော ရနံ့က လူတိုင်း၏ ဗိုက်ထဲမှ ဆာလောင်မှုကို နှိုးဆွပေးလိုက်သကဲ့သို့ ရှိလေ၏။

လူကုန်ကူးသူ၏ မျက်လုံးများမှာလည်း နီရဲလာခဲ့သည်။ သူသည် ဤခရီးစဉ်တွင် ရွာအတော်များများသို့ သွားရောက်ခဲ့သော်လည်း သူရရှိခဲ့သည့် အဖိုးအခမှာ ဆန်ကြမ်းနှင့် ကြေးပြားအချို့သာ ဖြစ်ပြီး မိမိ ကိုယ်ကိုယ် ကျွေးမွေးရန်ပင် ခဲယဉ်းလှပေသည်။

ဤပေါက်စီနှစ်လုံးသည် သူ လွန်ခဲ့သော လဝက်ခန့်အတွင်း စားခဲ့ရသမျှထက်ပင် ပို၍ ကောင်းမွန်နေ ချေပြီ။

“ဒါ... ဒါက ပေါက်စီနှစ်လုံးလား...၊ သူမအတွက်လား...။”

လူကုန်ကူးသူသည် ပိုင်ကျီရိုကို လက်ညှိုးထိုးပြရင်း အာခြောက်နေသောအသံဖြင့် မေးလိုက်လေ၏။

“ဟုတ်တယ်...။”

ဖန်းဟန်က တိုတိုတုတ်တုတ်ပင် ပြန်ပြောလိုက်သည်။

“သဘောတူတယ်...။”

လူကုန်ကူးသူသည် ဖန်းဟန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ပေါက်စီနှစ်လုံးကို အတင်းလုယူ လိုက်ပြီး ပူခြင်း၊ မပူခြင်းကိုပင် ဂရုမစိုက်တော့ဘဲ ပါးစပ်ထဲသို့ အငမ်းမရ ထိုးထည့်လိုက်လေတော့ သည်။ သူ စားသောက်နေပုံမှာ ဆယ်ရက်၊ လဝက်ခန့် ငတ်မွတ်နေသော တောခွေး တစ်ကောင်နှင့်ပင် တူလှပေသည်။

သူသည် ဖန်းဟန်ကို လက်ကာပြလျက် စကားသံပင် မပီသတော့ဘဲ ပြောလိုက်လေ၏။

“ကောင်းပြီ... သူမက အခုကစပြီး မင်းအပိုင်ပဲ...။ အမြန်ခေါ်သွားတော့...၊ လမ်းမှာ သေသွားရင်တော့ ငါ့ကို လာအပြစ်မတင်နဲ့ဦး...။”

အရောင်းအဝယ်မှာ ထိုသို့ပင် လွယ်လွယ်ကူကူ ပြီးဆုံးသွားခဲ့လေသည်။ ဖန်းဟန်သည် တစ်ရွာလုံး၏ အကြည့်များအောက်တွင် ပိုင်ကျီရိုဆီသို့ လျှောက်သွားခဲ့လေ၏။ ရွာသားများမှာမူ သူ့ကို အရူးတစ် ယောက်ကဲ့သို့ ကြည့်နေကြလေသည်။

မိန်းကလေးမှာမူ သူမ၏ ကံကြမ္မာသည် ပေါက်စီနှစ်လုံးဖြင့် ဆုံးဖြတ်ခြင်း ခံလိုက်ရသည်ကို မယုံကြည် နိုင်သည့်အလား ခေါင်းကို ပို၍ပင် ငုံ့ထားခဲ့လေ၏။ ဖန်းဟန်က သူမကို ကူတွဲပေးရန် လက်ကမ်းပေး လိုက်သော်လည်း သူမသည် ထိတ်လန့်သွားသော ယုန်သူငယ်လေးကဲ့သို့ နောက်သို့ ဆုတ်လိုက်လေ သည်။

ဖန်းဟန်၏ လက်မှာ လေထဲတွင် ခဏမျှ ရပ်တန့်သွားပြီးနောက် ပြန်လည် ရုပ်သိမ်းလိုက်၏။ သူ ဘာမှ မပြောဘဲ လှည့်ထွက်ကာ အိမ်ဘက်သို့ လျှောက်သွားတော့သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီး နောက် သူသည် နောက်သို့ လှည့်ကြည့်လိုက်၏။

ပိုင်ကျီရိုသည် ယခင်နေရာမှာပင် ရပ်နေဆဲဖြစ်ပြီး သူမ၏ အားနည်းလှသော ခန္ဓာကိုယ်လေးမှာ လေထဲ တွင် ယိုင်နဲ့နေလေသည်။ ဖန်းဟန် သက်ပြင်းချလိုက်ပြီး သူ၏ ခြေလှမ်းများကို နှေးကွေးစေလိုက်၏။

သူမသည် ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် နောက်ဆုံးတွင်မူ ခြေလှမ်းများကို ခွန်းတုံ့ပြန်လျက် တုန်တုန်ချိချိဖြင့် လိုက်ပါလာခဲ့လေတော့သည်။

ဖန်းဟန်၏ အိမ်သည် အိမ်ဟုပင် ခေါ်ရန် ခက်ခဲလှသော တဲစုတ်လေးတစ်ခုမျှသာ ဖြစ်ချေပေသည်။ သက်ကယ်မိုးထားပြီး ရွှံ့နံရံများဖြင့် ပြုလုပ်ထားကာ အရပ်မျက်နှာအနှံ့အပြားမှ လေများ တိုးဝင်နေ လေ၏။ ဖန်းဟန်က ဟောင်းနွမ်းနေသော သစ်သားတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ပိုင်ကျီရို၏ မျက်လုံး ထဲ၌ မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့လေသည်။

နံရံအက်ကွဲကြောင်းမှ အေးစက်သော လေများ တိုးဝင်လာသဖြင့် သူမ၏ အားနည်းနေသော ခန္ဓာကိုယ် လေးမှာ တုန်ယင်သွားပြီးနောက် ပြင်းထန်စွာ ချောင်းဆိုးနေတော့၏။ သူမသည် အသည်းခိုက်မတတ် ချောင်းဆိုးနေသဖြင့် မျက်နှာလေးမှာ နီမြန်းလာပြီး ချောင်းဆိုးရပ်သွားချိန်တွင်မူ အသားအရောင်မှာ မွဲပြာသွားခဲ့လေသည်။

ဖန်းဟန်က သူမ၏ နဖူးကို စမ်းကြည့်လိုက်ရာ မီးကဲ့သို့ ပူလောင်နေလေသည်၏။ သူမ ဖျားနေပြီ ဖြစ် ၏။

သူသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောဘဲ သူမကို အခန်းထဲသို့ အရင်ဝင်စေလိုက် သည်။ ထို့နောက် အခန်းထဲရှိ တစ်ခုတည်းသော ပရိဘောဂဖြစ်သည့် ကျိုးပဲ့နေသော သစ်သားခုတင်ကို လက်ညှိုးထိုးပြလိုက်လေသည်။

“အဲ့ဒီမှာ အိပ်လိုက်...။”

ပိုင်ကျီရိုသည် ခုတင်ပေါ်တွင် ခွေယိုင်ကာ လဲလျောင်းလိုက်လေသည်။ ပါးလွှာပြီး စုတ်ပြတ်နေသော စောင်မှာ အအေးဒဏ်ကို မကာကွယ်နိုင်သဖြင့် သူမသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့ပေသည်။

ဖန်းဟန်သည် သူမကို ဂရုမစိုက်တော့ဘဲ အခန်းထောင့်ရှိ မီးဖိုဆီသို့ လျှောက်သွားကာ မီးခတ်ကျောက် ကို အသုံးပြု၍ ခြောက်သွေ့နေသော မြက်ပင်များနှင့် ထင်းများကို မီးမွှေးလိုက်လေသည်။

မကြာမီမှာပင် မီးတောက်လေးများ ထွက်ပေါ်လာပြီး အေးစက်စိုစွတ်နေသော တဲစုတ်လေးအတွင်းသို့ နွေးထွေးမှုနှင့် အလင်းရောင်အချို့ကို သယ်ဆောင်လာပေးခဲ့လေ၏။

“ကျွီ...”

ဘေးအိမ်မှ တံခါးပွင့်လာပြီး ရန်ဟုန်မေက ခေါင်းပြူ၍ ချောင်းကြည့်လိုက်လေသည်။ သူမ၏ မျက်လုံး များက အခန်းတွင်းသို့ ဝေ့ဝဲကြည့်ရှုပြီးနောက် ခုတင်ပေါ်တွင် ခွေနေသော ပုံရိပ်ကို တွေ့ရှိသွားတော့၏။

“အိုး... မင်း တကယ်ပဲ လူတစ်ယောက်ကို ခေါ်လာတာလား...။”

သူမက နှုတ်ခမ်းဆူလျက် ပြောလိုက်လေသည်။ သူမ၏ အသံမှာ ကျယ်လွန်းခြင်း မရှိသော်လည်း အခန်း ထဲရှိ လူနှစ်ဦးလုံး ရှင်းရှင်းလင်းလင်း ကြားနိုင်လေ၏။

“ဖန်းဟန်... ငါ မင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး...။ ဒါပေမဲ့လေ မင်းက တကယ်ကို အူကြောင် ကြောင်နိုင်တာပဲ...။ ဖြူဖွေးတဲ့ ပေါက်စီနှစ်လုံးကို ဒီလို လူမမာလေးနဲ့ သွားလဲရတယ်လို့...။ သူမက ကြည့်လို့ ကောင်းရုံပဲ ရှိတာ...၊ ဘာမှ အသုံးမကျဘူး...၊ သုံးရက်ထက် ပိုခံမှာ မဟုတ်ဘူး...။ သူမလည်း သေ...၊ ပေါက်စီလည်း ကုန်သွားတဲ့အချိန်ကျရင်တော့ မင်း စောင်ခြုံပြီး ငိုနေရလိမ့်မယ်...။”

ပြောပြီးနောက် သူမသည် ခေါင်းကို ပြန်ဝင်သွားပြီး သတင်းလာနားစွင့်နေသော အခြားအမျိုးသမီးအချို့ နှင့် စုဝေးကာ တိုးတိုးတိတ်တိတ် စကားပြောနေကြတော့သည်။

“မင်းတို့ မမြင်လိုက်လို့ပါ...၊ သူမမျက်နှာလေးက ပန်းချီကားထဲကအတိုင်းပဲ...။ ဒါပေမဲ့ သနားစရာ ကောင်းတာက အသက်တိုမယ့် ပုံစံမျိုးပဲ...။”

“ဟုတ်ပ... သူမ ချောင်းဆိုးနေတာကို ကြည့်ရတာ အဆုတ်ရောဂါ ဖြစ်နေတာ ထင်တယ်...။ အဲ့ဒါက ကူးစက်တတ်တယ်လေ...။”

“ဖန်းဟန်ကတော့ ဒီတစ်ခါ တကယ်ပဲ ရှုံးသွားတာပဲ...။ သူကိုယ်တိုင်က ဆင်းရဲလှပါပြီဆိုမှ အခုတော့ ဖျာတစ်ချပ်ဖိုးပါ ထပ်ကုန်ဦးမယ်...။”

ထိုရယ်မောသံများနှင့် ပြောဆိုသံများသည် မမြင်ရသော အပ်များကဲ့သို့ ပိုင်ကျီရို၏ နားထဲသို့ စူးဝင်သွား ခဲ့လေသည်။ သူမ၏ ခန္ဓာကိုယ်မှာ ပို၍ တုန်ယင်လာပြီး စောင်ထဲသို့ ခေါင်းကို ပို၍ ဝှက်ထားမိတော့၏။

ဖန်းဟန်သည် အပြင်ဘက်မှ ဆူညံသံများကို လျစ်လျူရှုကာ ကျန်ရှိနေသော ပေါက်စီနှစ်လုံးကို ထုတ်ယူ လိုက်လေသည်။ သူသည် ကပ်စေးနည်းသူ မဟုတ်ချေ။ သူသည် ပေါက်စီတစ်လုံးကို အစိတ်စိတ်အမြွှာ မြွှာ ဖဲ့လိုက်ပြီးနောက် မြေအိုးထဲမှ ရေနွေးများကို လောင်းထည့်လိုက်လေရာ မကြာမီမှာပင် အငွေ့တ ထောင်းထောင်းထနေသော ပေါက်စီဆန်ပြုတ်တစ်ခွက် ဖြစ်လာတော့သည်။

သူသည် ထိုဇလုံကို ခုတင်ဘေးသို့ ယူဆောင်သွားလိုက်၏။

“ဒါလေးနည်းနည်း စားလိုက်ဦး...။”

ပိုင်ကျီရိုသည် ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး ဇလုံထဲရှိ ဖြူဖွေးနူးညံ့သော အစားအစာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားမိလေတော့၏။

သူမသည် ယခင်က အရာရှိမိသားစုမှ လာသူဖြစ်သဖြင့် စားကောင်းသောက်ဖွယ် အမျိုးမျိုးကို မြင်ဖူး သော်လည်း မိသားစု ပျက်သုဉ်းပြီးနောက်ပိုင်းတွင်မူ မာကျောသော ပြောင်းဖူးမုန့်နှင့် ဝက်စာကဲ့သို့သော ဟင်းရွက်အကြွင်းအကျန်များကိုသာ စားခဲ့ရခြင်း ဖြစ်လေသည်။

သူမသည် ဖန်းဟန်ကို မယုံကြည်နိုင်သကဲ့သို့ ကြည့်လိုက်ပြီးနောက် ဆန်ပြုတ်ဇလုံကို ပြန်ကြည့်လိုက် လေ၏။ ဖန်းဟန်က သူမထံသို့ ဇလုံကို ကမ်းပေးလိုက်လေသည်။

သူမသည် တုန်ရင်နေသော လက်များဖြင့် မြေဇလုံကို လှမ်းယူလိုက်ပြီး သစ်သားဇွန်းဖြင့် အနည်းငယ် ခပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။ ပေါက်စီဆန်ပြုတ်သည် ပါးစပ်ထဲတွင် ပျော်ဝင်သွားပြီး ဂျုံနံ့ သင်းပျံ့သော အရသာက သူမ၏ လျှာပေါ်တွင် ပျံ့နှံ့သွားခဲ့လေသည်။

နွေးထွေးသော အငွေ့အသက်များသည် လည်ချောင်းမှတဆင့် စီးဆင်းသွားပြီး အေးစက်နေသော အစာ အိမ်နှင့် နာကျင်နေသော နှလုံးသားကို နွေးထွေးစေခဲ့၏။ မျက်ရည်များသည် သတိမထားမိဘဲ စီးကျလာ ပြီး ဇလုံထဲသို့ တစ်စက်ချင်းစီ ကျဆင်းသွားတော့သည်။

သူမသည် ထပ်မံ၍ ဝေခွဲမရ ဖြစ်မနေတော့ဘဲ တစ်ဇွန်းချင်းစီကို အလွန်တန်ဖိုးထားသည့်အလား စားသောက်နေခဲ့တော့၏။

ထိုအချိန်မှာပင် ဖန်းဟန်၏ စိတ်ထဲ၌ အေးစက်သော စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

[ဒင်...၊ ပိုင်ကျီရိုထံမှ ပြင်းထန်သော ကျေးဇူးသိတတ်မှုကို ခံစားရရှိပါသည်...။ ကျေးဇူးတန်ဖိုး (+၁၀၀)...။]

[ဒင်... ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင် (+၁၀၀)...။ လက်ရှိစွမ်းအင် (၁၀၀/၁၀၀)...။ ခရီးသွားရန် အခြေ အနေများ ပြည့်စုံသဖြင့် တစ်ကြိမ် ကူးပြောင်းနိုင်ပါသည်...။]

ဖန်းဟန်၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။

သူ ပြန်သွားလို့ ရပြီ။

ညဉ့်နက်လာသည်နှင့်အမျှ အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေပြီး တစ္ဆေများ ငိုကြွေးနေသကဲ့ သို့ပင် ရှိလေသည်။ ပိုင်ကျီရို၏ အခြေအနေမှာ ကောင်းမွန်မလာဘဲ ပို၍ ဆိုးရွားလာခဲ့လေ၏။ သူမ၏ ကိုယ်အပူချိန်မှာ ပိုမိုမြင့်တက်လာပြီး သတိလစ်မေ့မြောကာ အဓိပ္ပာယ်မရှိသော စကားများကိုသာ တတွတ်တွတ် ရေရွတ်နေတော့သည်။

“ညီမလေး... မကြောက်နဲ့... အစ်မကြီး ရှိတယ်...။”

“ခမည်းတော်...၊ သမီးက မိုက်မဲခဲ့ပါတယ်...။”

သူမ၏ အသက်ရှူသံများမှာ အားနည်းလာပြီး ခန္ဓာကိုယ်မှာမူ မီးဖိုကဲ့သို့ ပူလောင်နေလေတော့သည်။ ပေါက်စီဆန်ပြုတ် တစ်ဇလုံတည်းဖြင့် သူမကို မကယ်နိုင်ကြောင်း ဖန်းဟန် သိလေသည်။ ဤခေတ် ကာလတွင် ဆေးဝါးများ ရှားပါးလှသဖြင့် သာမန်အအေးမိခြင်းသည်ပင် လူတစ်ယောက်၏ အသက်ကို နုတ်ယူနိုင်လေသည်။

သူသည် ဆေးဝါးအချို့ သွားယူရန် ခေတ်သစ်ကမ္ဘာသို့ ပြန်သွားရမည် ဖြစ်၏။ သူသည် ပိုင်ကျီရို၏ အသက်ရှူသံကို စစ်ဆေးလိုက်ပြီးနောက် သူမကို အသာအယာ တို့ထိကြည့်ကာ သူမ နှစ်ခြိုက်စွာ အိပ်ပျော်နေကြောင်း အတည်ပြုလိုက်လေသည်။

အရာအားလုံး အဆင်သင့်ဖြစ်သောအခါ သူသည် ထရပ်လိုက်ပြီး အခန်းအလယ်ရှိ လွတ်လပ်သော နေရာသို့ လျှောက်သွားကာ အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည် စိတ်ထဲမှ တိုးညင်းစွာ ရွတ်ဆို လိုက်လေသည်။

“ကမ္ဘာနှစ်ခုကြားတံခါး... စတင်အသက်သွင်းမည်...။”

All Chapters