အခန်း ၅
Vol. 1 Ch. 5
အခန်း (၅)
ခုတင်တစ်ခုတည်း၊ အိပ်မက်နှစ်ခု
သူမ၏ အသံမှာ အလွန်ပင် သိမ်မွေ့လှပြီး နာလန်ထစ ဖြစ်သဖြင့် အားနည်းသည့် အရိပ်အယောင်လေး များ စွဲကျန်နေသေးသော်လည်း ဖန်းဟန်၏ နှလုံးသားကို အမွေးအတောင်တစ်ခုဖြင့် အသာအယာ ကလိ ထိုးနေသကဲ့သို့ ခံစားရစေလေ၏။
ရှေ့မှောက်ရှိ ပိုင်ကျီရိုမှာ မနေ့က မည်သည့်အချိန်တွင်မဆို အသက်ဆုံးရှုံးသွားနိုင်သည့် ‘အပိုဆု’ ပစ္စည်း တစ်ခုကဲ့သို့ မဟုတ်တော့ပေ။
သူမသည် ဖုန်မှုန့်များ ဖုံးလွှမ်းနေသော တန်ဖိုးကြီး ကျောက်စိမ်းတစ်တုံး ကဲ့သို့ ဖြစ်ပြီး ဖန်းဟန်က အသားဆန်ပြုတ်တစ်ခွက်နှင့် တစ်ညတာ ဂရုစိုက်မှုတို့ဖြင့် ပွတ်တိုက်ပေး လိုက်ပြီးသောအခါတွင်မူ မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများ ကင်းစင်သွားကာ ရင်သပ်ရှုမောဖွယ် ကောင်းလှသော တောက် ပမှုများကို စတင် ထုတ်လွှတ်လာခဲ့ပြီ ဖြစ်ပေသည်။
ဖန်းဟန်သည် သူမကို ကြည့်ရင်း ပိုက်ဆံရှာရန် နည်းလမ်းတွေ့ရှိမှုကြောင့် ဖြစ်ပေါ်နေသော ဂုဏ်ယူစိ တ်များမှာ ရုတ်ခြည်းပင် မှေးမှိန်သွားခဲ့ရလေ၏။ သူသည် လက်ကို ဝှေ့ယမ်းပြကာ တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း မည်သည့်စကားကမျှ ဆီလျော်မည် မဟုတ်ဟု ခံစားလိုက်ရပေသည်။
ဖန်းဟန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ပိုင်ကျီရိုသည် သူမက တစ်စုံတစ်ခု မှားယွင်းသွားသည် ဟု ထင်မှတ်ကာ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြန်လည် ဝဲတက်လာခဲ့ပြန်၏။ သူမသည် ရောင်းစားခံခဲ့ရစဉ်က ခံစားခဲ့ရသော မျှော်လင့်ချက်မဲ့မှုများ၊ ဆွေမျိုးသားချင်းများ၏ လျစ်လျူရှုမှုများ နှင့် လူကုန်ကူးသူ၏ ရိုက်နှက်နှိပ်စက်မှုများကို ပြန်လည် အမှတ်ရသွားခဲ့လေသည်။
ထို့နောက် ယခု ယိုယွင်းပျက်စီးနေသော အခန်းလေးအတွင်းရှိ နွေးထွေးမှုများနှင့် သူမ၏ အရိုးထဲအထိ နွေးထွေးစေခဲ့သော အသားဆန်ပြုတ်ခွက်လေးကို နှိုင်းယှဉ်ကြည့်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေခဲ့လေ၏။
ရုတ်တရက် သူမသည် “ဗုန်း” ခနဲ အသံမြည်အောင် ဒူးထောက်လိုက်လေတော့သည်။
“မင်း... ဘာလုပ်တာလဲ...။”
ဖန်းဟန်မှာ လန့်သွားသဖြင့် သူမကို အမြန်ပင် ထူမရန် ကြိုးစားလိုက်လေ၏။
သို့သော် သူမမှာမူ ခေါင်းမာစွာဖြင့် မြေပြင်ပေါ်တွင်သာ ဒူးထောက်နေပြီး ထရန် ငြင်းဆန်နေခဲ့လေသည်။ သူမ၏ ချောမွေ့လှသော ပါးပြင်ပေါ်မှ မျက်ရည်များမှာ ပုလဲလုံးလေးများ ပြတ်ကျသွားသကဲ့သို့ စီးကျ နေခဲ့လေ၏။
“ကျေးဇူးရှင်...၊ ကျီရိုအနေနဲ့ ကျေးဇူးရှင်ရဲ့ ကျေးဇူးတရားကို ဘယ်တော့မှ ဆပ်နိုင်မှာ မဟုတ်ပါဘူး...။ ဒါပေမဲ့... ၊ ဒါပေမဲ့ ကျီရို့မှာ ‘ပိုင်ရွှီကျန်း’ လို့ ခေါ်တဲ့ ညီမလေးတစ်ယောက် ရှိပါသေးတယ်...။ သူမ လည်း ကျွန်မနဲ့အတူ အဖမ်းခံခဲ့ရတာပါ...။ လမ်းခုလတ်မှာ လူကုန်ကူးတဲ့သူက လူအရမ်းများတယ် ဆိုပြီး ကျွန်မတို့ကို ခွဲပစ်ခဲ့ပါတယ်...။ သူမ ဘယ်နေရာကို ရောင်းစားခံလိုက်ရလဲ...။ အသက်ရှင်နေ သေးရဲ့လား ဆိုတာကို ကျွန်မ မသိရတော့ပါဘူး...။”
သူမသည် စကားကို ဆုံးအောင်ပင် မပြောနိုင်တော့ဘဲ ငိုရှိုက်နေခဲ့လေ၏။ ဤသည်မှာ ပိုမို နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုပင် ဖြစ်ချေသည်။ သူမ အသက်ရှင်သန်ခွင့် ရရှိခဲ့သော်လည်း သူမ၏ တစ်ဦးတည်း သော ဆွေမျိုးမှာမူ နွံတွင်းထဲတွင် ပိတ်မိနေကာ မည်ကဲ့သို့သော နှိပ်စက်မှုများကို ခံစားနေရမည်ကို မသိ နိုင်ပေ။ ဤသို့သော အပြစ်ရှိစိတ်နှင့် စိုးရိမ်စိတ်များမှာ သူမ ကိုယ်တိုင် ခံစားခဲ့ရသော ဆင်းရဲဒုက္ခများ ထက်ပင် ပိုမို နာကျင်စေခဲ့လေသည်။
ဖန်းဟန်သည် မျက်ရည်များဖြင့် တုန်ယင်နေသော သူမကို ကြည့်ရင်း သူ၏ နှလုံးသားမှာ တစ်စုံတစ်ခု ကြောင့် နာကျင်သွားခဲ့ရလေ၏။
သွားပြီ...၊ သူသည် လှပသော အမျိုးသမီးများ ငိုသည်ကို လုံးဝ မကြည့်ရက်ပေ။
ထို့ပြင် ဤသည်မှာ ပေါက်စီနှစ်လုံးဖြင့် လဲလှယ်ထားသော သူ၏ ဇနီးဖြစ်ပြီး စနစ်နှင့်လည်း ချိတ်ဆက် ထားသူ မဟုတ်ပါလား။ အကယ်၍ သူမ မပျော်ရွှင်ပါက သူ၏ စွမ်းအင်များ တိုးလာမည် မဟုတ်သလို သူလည်း အိမ်ပြန်နိုင်မည် မဟုတ်ပေ။ အကျိုးအကြောင်းအရဖြစ်စေ၊ စိတ်ခံစားချက်အရဖြစ်စေ သူ ကူညီပေးရမည်သာ ဖြစ်၏။
သို့သော် မည်သို့ ကူညီရပါမည်နည်း။ ဤ မဟာကျင်းမင်းဆက် မှာ သူနှင့် စိမ်းသက်နေဆဲ ဖြစ်ပြီး လူ တစ်ယောက်ကို ရှာဖွေခြင်းမှာ သမုဒ္ဒရာထဲတွင် အပ်ရှာရသကဲ့သို့ပင် ဖြစ်ပေသည်။ ထို့ပြင် ရှာတွေ့ခဲ့ လျှင်ပင် သူမကို မည်သည့်အရာဖြင့် ပြန်လည် ရွေးယူပါမည်နည်း။
ပိုက်ဆံ...။
အရာအားလုံးမှာ ပိုက်ဆံပေါ်တွင်သာ မူတည်နေခဲ့လေ၏။
ဖန်းဟန်၏ အကြည့်များမှာ အခန်းထောင့်ရှိ ဘီယာပုလင်းခွံထံသို့ ထပ်မံ ကျရောက်သွားခဲ့လေသည်။ သူ စီစဉ်ထားသည်များကို အချိန်စော၍ လုပ်ဆောင်ရတော့မည် ဖြစ်၏။ သူသည် အသက်ကို ပြင်းပြင်းရှူ လိုက်ပြီး အခန်းထောင့်မှ မြစိမ်းရောင် ဘီယာပုလင်းကို လျှောက်သွားကာ ကောက်ကိုင်လိုက်လေ၏။
ထို့နောက် ပိုင်ကျီရိုထံသို့ လျှောက်သွားကာ ပုလင်းကို မြှောက်ပြလိုက်ပြီး အလွန် တည်ကြည်သော အမူ အရာဖြင့် ပြောလိုက်လေသည်။
“အရင်ဆုံး ထလိုက်ပါဦး...။”
သူ၏ အမူအရာကြောင့် ပိုင်ကျီရိုမှာ ကြောင်အသွားပြီး ငိုရှိုက်သံများမှာ တိတ်သွားကာ သတိလွတ်စွာ ဖြင့် ထရပ်လိုက်မိလေ၏။ ဖန်းဟန်သည် အိမ်ခေါင်မိုးပေါက်မှ တိုးဝင်လာသော နေရောင်ခြည်အောက် တွင် ဘီယာပုလင်းကို မြှောက်၍ ပြလိုက်ရာ ပုလင်းမှာ တစ်ခုလုံး မြစိမ်းရောင်အသွင်ဖြင့် ကြည်လင် တောက်ပနေခဲ့လေ၏။
“ဒါက ငါ့ရဲ့ ဖန်းမိသားစုရဲ့ ဘိုးဘွားပိုင် အမွေအနှစ် ဖြစ်တဲ့ ‘မြစိမ်းပင်လယ် ဖန်ထည်ဖလား’ ပဲ...။”
သူသည် မဟုတ်မတရားများကို မျက်နှာမပျက်၊ နှလုံးမခုန်ဘဲ တည်ငြိမ်စွာ ပြောဆိုနေခဲ့လေ၏။
“ဒါက ရှေးမင်းဆက် နန်းတွင်းက ပစ္စည်းတစ်ခုပဲ...။ ငါ့လက်ထက်အထိ လက်ဆင့်ကမ်းလာခဲ့တာ...၊ ငါက ဒါကို အမှတ်တရအဖြစ် သိမ်းထားချင်တာ...၊ တကယ် အရေးမကြီးရင် ဘယ်တော့မှ ထုတ်မသုံး ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ...။”
ပိုင်ကျီရို၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့လေ၏။
ဖန်ထည် ဟုတ်လား...။
ဒီလောက်အထိ ကြည်လင်ပြီး အပြစ်အနာအဆာ ကင်းတဲ့ ဖန်ထည်မျိုးလား...။
သူမသည် အရာရှိမျိုးရိုးမှ ဖြစ်သဖြင့် ဗဟုသုတ ကြွယ်ဝသူ ဖြစ်ပေသည်။ ယနေ့ခေတ် ဈေးကွက်အ တွင်းရှိ ဖန်ထည်ဟု ခေါ်သော အရာအများစုမှာ နောက်ကျိနေပြီး အမှုန်အမွှားများ ပါဝင်နေတတ် ကြောင်း သူမ သိရှိပေသည်။ ၎င်းတို့မှာ လေပူဖောင်းများဖြင့် ပြည့်နှက်နေတတ်သော်လည်း ထိုကဲ့သို့ သော အပိုင်းအစလေး တစ်ခုမှာပင် ရွှေစင်တစ်ရာခန့် တန်ဖိုးရှိပေသည်။
သို့သော် ယခုအရာမှာမူ... လုံးဝ ကြည်လင်နေပြီး မြစိမ်းပင်လယ်၏ အရောင်အသွေး ရှိနေကာ လက်ရာ မှာလည်း အလွန် သေသပ်လှသဖြင့် သူမ တစ်ခါဖူးမျှ မကြားဖူးခဲ့ပေ။
ဤသည်မှာ... နန်းတွင်းသို့ ဆက်သရမည့် ရတနာတစ်ပါးပင် ဖြစ်ရပေမည်...။
သူမမှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားခဲ့ရ၏။ သူ၏ မိသားစုက ဤမျှ ဆင်းရဲနေပါလျက်နှင့် ဤကဲ့သို့သော ရတနာမျိုးကို မည်သို့ ပိုင်ဆိုင်ထားနိုင်ပါသနည်း။
ဖန်းဟန်သည် သူမ၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ရင်း စိတ်ထဲမှ ခိုး၍ ရယ်မောလိုက်ပြီး ဆက်လက်၍ ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့...၊ မင်းညီမလေးရဲ့ ကိစ္စက ငါ့ကိစ္စပဲ...။ မနက်ဖြန် ငါ ခရိုင်မြို့ကို သွားပြီး ဒီ ဘိုးဘွားပိုင် အမွေအနှစ်ကို ရောင်းမယ်...။ ပိုက်ဆံရလာရင် မင်းညီမလေး ဘယ်နေရာကိုပဲ ရောင်းစားခံရပါစေ၊ ဘယ်လောက်ပဲ ပေးရပါစေ၊ ငါ သူမကို မင်းအတွက် ပြန်ရွေးပေးမယ်...။”
သူ၏ စကားလုံးများမှာ ခိုင်မာလှသဖြင့် သက်ကယ်မိုးတဲလေးအတွင်း ဟိန်းထွက်သွားခဲ့လေ၏။
ပိုင်ကျီရို၏ ဦးနှောက်မှာ “ဝုန်း” ခနဲ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပေသည်။ သူမသည် ဖန်းဟန်ကို တစ်လှည့်၊ သူ၏ လက်ထဲမှ ‘မြစိမ်းပင်လယ် ဖန်ထည်ဖလား’ ကို တစ်လှည့် ငေးကြည့်နေခဲ့မိ၏။
သူ ဘာပြောလိုက်တာလဲ...။
သူက တစ်ခါမှတောင် မတွေ့ဖူးသေးတဲ့ ငါ့ရဲ့ ညီမလေးအတွက် သူ့ရဲ့ ဘိုးဘွားပိုင် ရတနာကို ရောင်း ပေးမယ် ဟုတ်လား...။
ဖော်ပြ၍ မရနိုင်သော နွေးထွေးသည့် လှိုင်းလုံးကြီးတစ်ခုမှာ သူမ၏ နှလုံးသားအတွင်းရှိ နောက်ဆုံး ခံစစ်ကို ချိုးဖျက်ကာ စီးဝင်သွားခဲ့လေတော့သည်။
ဤအမျိုးသားသည်... ပေါက်စီနှစ်လုံးဖြင့် သူမကို ငရဲတွင်းမှ ဆွဲတင်ခဲ့သူ ဖြစ်ပြီး...။ ယခုအခါတွင်လည်း သူမအတွက် သူ၏ ဘိုးဘွားပိုင် ရတနာကို စတေးရန် ပြင်ဆင်နေခဲ့ချေပြီ...။ သူမအနေဖြင့် ကျေးဇူးဆပ် ရန် အခြား မည်သည့်အရာများ လုပ်ဆောင်နိုင်ပါဦးမည်နည်း။
“မဖြစ်ဘူး...၊ လုံးဝ မဖြစ်နိုင်တာ...။”
ပိုင်ကျီရိုသည် ရုတ်တရက် သတိပြန်ဝင်လာပြီး ဒူးထောက်ကာ ဖန်းဟန်၏ ခြေထောက်ကို ဖက်တွယ် ရင်း ငိုကြွေးလိုက်လေတော့သည်။
“ကျေးဇူးရှင်... ဒါ လုံးဝ မဖြစ်သင့်ပါဘူး...။ ဒါက ကျေးဇူးရှင်ရဲ့ ဘိုးဘွားပိုင် ရတနာပါ...၊ ကျွန်မလို... ကျွန်မလို မသက်ဆိုင်တဲ့ လူတစ်ယောက်အတွက် ဘယ်လိုလုပ် အဆုံးရှုံးခံနိုင်မှာလဲ...။ ညီမလေးရဲ့ ကိစ္စ က ကျီရို့ရဲ့ ကံကြမ္မာပါ...၊ ကျေးဇူးရှင်ကို ထပ်ပြီး ဒုက္ခမပေးချင်တော့ပါဘူး...။”
“ဘာကို မသက်ဆိုင်တဲ့လူ လဲ...၊ မင်းက အခု ငါ့ရဲ့ ဇနီးပဲလေ...။”
ဖန်းဟန်သည် သူမကို ငုံ့ကြည့်ရင်း ငြင်းပယ်ရန် မဖြစ်နိုင်သော လေသံဖြင့် ပြောလိုက်လေ၏။
ထိုစကားတစ်ခွန်းကြောင့် ပိုင်ကျီရို၏ ငိုသံမှာ ရုတ်ခြည်း ရပ်တန့်သွားခဲ့ရလေသည်။ သူမသည် မျက်ရည် များ ပြည့်နေသော မျက်နှာကို မော့ကြည့်ကာ ဖန်းဟန်ကို ငေးကြည့်နေခဲ့မိလေ၏။
ဇနီး..။. ဟုတ်ပေသည်၊ သူမသည် သူ ဝယ်ယူထားသော ဇနီးပင် ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် သူ လုပ် ဆောင်ပေးသမျှ အရာအားလုံးမှာ... လုံးဝကို ဆီလျော်နေခဲ့ပြီ ဖြစ်ချေ၏။
သို့သော်... ဤလောကတွင် ဤကဲ့သို့သော ခင်ပွန်းမျိုး မည်သည့်နေရာတွင် ရှိပါသနည်း။ သူမသည် လူမိုက်တစ်ယောက် မဟုတ်ပေ။ ဤကမ္ဘာတွင် အမျိုးသမီးများမှာ ကုန်ပစ္စည်းများသာ ဖြစ်ပြီး၊ သား သမီး မွေးဖွားပေးရန် ကိရိယာများနှင့် စိတ်တိုင်းကျ ရိုက်နှက်နှိပ်စက်ခံရသည့် အရာများသာ ဖြစ် ကြောင်း သူမ သိရှိပေသည်။
သို့သော် သူသည် သူမအား တစ်ခါဖူးမျှ မရရှိဖူးသော လေးစားမှုနှင့် နွေးထွေးမှုများကို ပေးအပ်ခဲ့လေ၏။
သူမသည် ဖန်းဟန်၏ ခိုင်မာသော အကြည့်များကို ကြည့်ရင်း နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ ပြည့်နှက်နေခဲ့လေသည်။ နောက်ဆုံးတွင်မူ သူမ၏ ခံစားချက်များမှာ လုံးဝ သစ္စာစောင့်သိမှုနှင့် ပုံအပ်မှု များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။
သူမသည် ဖက်ထားသော လက်များကို လွှတ်လိုက်ပြီး ဖန်းဟန်ကို လေးလေးနက်နက် ဦးတိုက် လိုက် လေ၏။ သူမ၏ နဖူးမှာ အေးစက်မာကျောသော မြေပြင်နှင့် ထိတွေ့သွားခဲ့ပြီးနောက် ခေါင်း ပြန်မော့ လိုက်သော အခါတွင်မူ...၊ သူမ၏ မျက်ဝန်းများတွင် ကျေးဇူးတင်ရုံမျှ မကတော့ဘဲ နှလုံးသားကို တုန် လှုပ်စေမည့် ဆွဲဆောင်မှုရှိသော အရိပ်အယောင်များနှင့် ပြတ်သားမှုများ ရှိနေခဲ့လေပြီ။
“ကျေးဇူးရှင်... မဟုတ်ဘူး၊ ခင်ပွန်း...။ ဒီဘဝမှာ ကျီရို ကျေးဇူးဆပ်ဖို့ နည်းလမ်း မရှိတော့ပါဘူး...။”
သူမ၏ အသံမှာ တုန်ယင်နေပြီး ပါးပြင်များမှာလည်း သွေးရောင် လွှမ်းမိုးနေခဲ့သော်လည်း သတ္တိကို မွေး ကာ ဖန်းဟန်ကို ကြည့်ရင်း တစ်လုံးချင်းစီ ပြောလိုက်လေ၏။
“ကျွန်မ ခင်ပွန်းအတွက် နွားလို၊ မြင်းလို အစေခံဖို့ အသင့်ပါပဲ...။ ဘယ်လို အနေအထားမျိုးပဲ ဖြစ် ဖြစ်... ဘယ်လို တောင်းဆိုမှုမျိုးပဲ ဖြစ်ဖြစ်...၊ ကျီရို အားလုံးကို နာခံပါ့မယ်...။”
နောက်ဆုံး စကားလုံးအချို့မှာ ခြင်တစ်ကောင်၏ အော်သံအလား သိမ်မွေ့လှသော်လည်း ဖန်းဟန်၏ ဦးနှောက်ထဲတွင်မူ မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့ရလေ၏။
[ဒင်...။ ပိုင်ကျီရို၏ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ကို စစ်ဆေးတွေ့ရှိရပါ သည် ...။ သစ္စာစောင့်သိမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး အချစ်ပွင့်လန်းလာခဲ့ပါပြီ...။]
[ဒင်...။ ကျေးဇူးတင်မှု တန်ဖိုး (+၁၀) ရရှိပါသည်...။]
[ဒင်...။ ပျော်ရွှင်မှု တန်ဖိုး (+၁၀) ရရှိပါသည်...။]
[ဒင်...။ အချစ် တန်ဖိုး (+၁၀) ရရှိပါသည်...။]
စနစ်၏ အသိပေးချက်များမှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ၏။ ဖန်းဟန်သည် စနစ်ပေါ်တွင် လျင် မြန်စွာ တက်လာနေသော စွမ်းအင်တန်းကို ကြည့်လိုက်မိလေသည်။ ထို့နောက် မြေပြင်တွင် ဒူးထောက် နေသော၊ ပါးပြင်များ နီမြန်းကာ မျက်ဝန်းများတွင် ရမ္မက်ရိပ်များ ယှက်သန်းနေသည့် ပြိုင်ဘက်ကင်း အလှနတ်သမီးလေးကို ငုံ့ကြည့်လိုက်မိလေ၏။
စကားတစ်လုံးတည်းသာ ရှိပေသည်။
“လန်းတယ်...”
... ညဉ့်နက်ချိန်တွင်မူ...
အပြင်ဘက်တွင် အေးစက်သောလေများက တိုက်ခတ်နေသဖြင့် ပျက်စီးနေသော တံခါးမှာ တကျွီကျွီ မြည်နေကာ ၎င်းမှာ အခန်းအတွင်းရှိ တိတ်ဆိတ်မှုကို ပိုမို ပေါ်လွင်စေခဲ့လေ၏။ မီးဖိုအတွင်းရှိ မီးမှာ ငြိမ်းလုနီးပါး ဖြစ်နေပြီး ကျန်ရှိနေသော မီးခဲလေးများမှာမူ နွေးထွေးမှု မပေးနိုင်တော့ပေ။
အခန်းအတွင်းရှိ တစ်လုံးတည်းသော သစ်သားခုတင်ပေါ်တွင်မူ အငွေ့အသက်မှာ အနည်းငယ် ထူးဆန်း နေခဲ့လေ၏။
ဖန်းဟန်နှင့် ပိုင်ကျီရိုတို့မှာ တစ်ယောက်နှင့်တစ်ယောက် လက်သီးတစ်ဆုပ်စာ အကွာအဝေးတွင် ယှဉ်တွဲ ၍ လဲလျောင်းနေကြလေသည်။ ဤသည်မှာ ပိုင်ကျီရို၏ တောင်းဆိုမှုကြောင့်ပင် ဖြစ်ပေ၏။ မြေပြင်မှာ အလွန် အေးစိမ့်လှသဖြင့် ဖန်းဟန် အအေးမိသွားမည်ကို စိုးရိမ်သောကြောင့် ခုတင်ပေါ်သို့ တက်ရန် သူမ က အတင်းအကြပ် တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။
ခုတင်မှာ ကြီးမားလှသည် မဟုတ်သဖြင့် လူကြီးနှစ်ယောက် လဲလျောင်းနေချိန်တွင် အနည်းငယ် လှုပ် ရှားလိုက်ရုံမျှနှင့် တစ်ဦးကိုတစ်ဦး ထိတွေ့နိုင်နေခဲ့လေ၏။
“ကျွီ...”
သစ်သားခုတင်မှာ အလေးချိန်ကြောင့် မြည်ဟည်းသွားခဲ့လေသည်။ ပိုင်ကျီရို၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပင် တောင့်တင်းသွားခဲ့ပြီး ပါးပြင်များမှာလည်း မီးလောင်နေသကဲ့သို့ ပူထူနေကာ နှလုံးခုန်သံမှာလည်း ရင်ဘတ်ကို ဖောက်ထွက်တော့မည့်အလား ပြင်းထန်နေခဲ့လေ၏။
မှောင်မိုက်နေသော်လည်း ဘေးနားရှိ အမျိုးသား၏ အသက်ရှူသံကို သူမ ထင်ရှားစွာ ကြားနေရပေ သည်။ တည်ငြိမ်ပြီး အားအင် ပြည့်ဝလှပေ၏။ ထို ထူးခြားသော ယောက်ျားဆန်သည့် အနံ့မှာ ဆပ်ပြာနံ့ ခပ်ဖျော့ဖျော့နှင့် ရောနှောကာ သူမ၏ နှာခေါင်းထဲသို့ တိုးဝင်နေသဖြင့် သူမအား ရင်ခုန်လာစေခဲ့လေ သည်။
ရှက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းနှင့်အတူ... သူမကိုယ်တိုင်ပင် ဝန်မခံရဲသော မျှော်လင့်ခြင်း အချို့လည်း ပါဝင်နေ ခဲ့လေ၏။ နေ့ခင်းက သူမ ပြောခဲ့သော စကားများမှာ စိတ်ရင်းအမှန်ပင် ဖြစ်ပေသည်။ သူမသည် သူ၏ ဇနီးဖြစ်နေပြီ ဖြစ်သဖြင့် သူ လုပ်ဆောင်လိုသမျှမှာ လုံးဝကို ဆီလျော်လှပေသည်။ ထို့ပြင် သူသည် သူမ အတွက် များစွာ လုပ်ဆောင်ပေးခဲ့သည် မဟုတ်ပါလား။
သူမသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော၊ အအေးဒဏ်နှင့် ကြောက်ရွံ့မှုများကို ဖယ်ရှားပေးနိုင် သည့် နွေးထွေးမှုကို ခံစားနေရပေသည်။ သူမသည် သူမ၏ ခန္ဓာကိုယ်ကို အသာအယာ အနည်းငယ်စီ ရွှေ့လိုက်လေ၏။
တစ်လက်မချင်းစီ...။
နွေးထွေးမှု ရရန်အတွက် မီးပုံနားသို့ ချဉ်းကပ်သွားသော သတ္တဝါလေးတစ်ကောင်ကဲ့သို့ပင် ဖြစ်ပေ သည်။ နောက်ဆုံးတွင်မူ သူမ၏ ပခုံးမှာ သူ၏ လက်မောင်းနှင့် အသာအယာ ထိတွေ့သွားခဲ့လေတော့ သည်။
ဖန်းဟန်၏ အသက်ရှူသံမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေ၏။
သူ ဘယ်လိုလုပ် အိပ်ပျော်နိုင်ပါမည်နည်း။ ဤမျှ မွှေးကြိုင်ပြီး နူးညံ့လှပသော အမျိုးသမီးတစ်ဦးက ဘေးနားတွင် လဲလျောင်းနေကာ သူမကိုယ်တိုင်ကလည်း ပုံအပ်ထားသည်ကို သိရှိနေပါက မည်သည့် အမျိုးသားမဆို တုံ့ပြန်မှု ရှိမည်မှာ သေချာလှပေသည်။
သူသည် သူမ၏ အပြုအမူလေးကို သတိပြုမိလိုက်သောအခါ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့ရလေ၏။ သူ သည် နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သူ၏ ရင်ခွင်အတွင်းသို့ ဆွဲ သွင်းလိုက်လေတော့သည်။
“အင်...”
ပိုင်ကျီရို၏ ခန္ဓာကိုယ်မှာ အားပြင်းစွာ တုန်ယင်သွားပြီး ညည်းညူသံ ခပ်တိုးတိုး ထွက်ပေါ်လာကာ သူမ ၏ တစ်ကိုယ်လုံးမှာ နွေးထွေးသွားခဲ့လေတော့သည်။ သူမသည် သတိလွတ်စွာဖြင့် နူးညံ့လှသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ကွေးဝင်သွားခဲ့မိလေ၏။
သူမသည် ဖန်းဟန်၏ ကျယ်ပြန့်ပြီး အားကိုးထိုက်သော ရင်ခွင်ထဲတွင် မျက်နှာကို ဝှက်ထားလိုက်လေ သည်။ သူ၏ အားကောင်းလှသော နှလုံးခုန်သံကို ခံစားရင်း၊ သူ၏ စိတ်ချရသော အနံ့ကို ရှူရှိုက်ရင်း ယခင်က ရှိခဲ့သော ကြောက်ရွံ့မှု၊ မလုံခြုံမှုနှင့် ရှက်ရွံ့မှုများမှာ ယခုအခါ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။
တစ်ခါဖူးမျှ မရရှိဖူးသော လုံခြုံမှု တစ်ခုတည်းသာ ကျန်ရှိတော့လေသည်။
[ဒင်...။ ပိုင်ကျီရို၏ ခင်မင်ရင်းနှီးမှု (+၅၀) ရရှိပါသည်...။ အချစ်အဖူးလေးများ ထွက်ပေါ်လာပြီး စိတ်ခံစားမှုများ မြင့်တက်လာပါပြီ...]
[ဒင်...။ ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင် (+၅၀) ရရှိပါသည်...။ လက်ရှိ စွမ်းအင် (၁၀၀/၁၀၀) ပြည့်သွား သဖြင့် သွားလာနိုင်သည့် အခြေအနေသို့ ရောက်ရှိပါပြီ...။]
ဖန်းဟန်သည် သူ၏ ရင်ခွင်အတွင်းရှိ နူးညံ့လှသော အလှနတ်သမီးလေးကို ထိတွေ့ရင်း၊ စနစ်၏ အသိ ပေးချက်များကို နားထောင်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိလေ၏။
လန်းတယ်...၊ တကယ်ကို လန်းလွန်းတယ်…။