အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂)
အုတ်ကြွပ်အိမ်ကြီး ဆောက်လုပ်ခြင်းက တစ်ရွာလုံးကို တုန်လှုပ်သွားစေခြင်း
ဖန်းဟန်သည် အခန်းထဲရှိ တစ်ခုတည်းသော သစ်သားခုတင်ပေါ်တွင် ပိုင်ကျီရိုကို တင်လိုက် လေသည်။
ခုတင်မှာ ဟောင်းနွမ်းပြီး သေးငယ်လှပေ၏။
“ကျွီ...”
အလေးချိန်ကို မခံနိုင်သောကြောင့် ခုတင်ဆီမှ ရှည်လျားပြီး မသဲကွဲသော ညည်းသံတစ်ခု ထွက်ပေါ်လာခဲ့ လေသည်။
ထိုအသံမှာ တိတ်ဆိတ်နေသော ညအချိန်တွင် အလွန်ပင် ထင်ရှားနေခဲ့ပေသည်။
ကျဉ်းမြောင်းသော နေရာလေးထဲတွင် လေထုမှာ အေးခဲသွားသည့်အလား ဖြစ်နေချေသည်။
အခြားတစ်ဖက်တွင်မူ စုတ်ပြဲနေသော အဝတ်စအနည်းငယ်ဖြင့် ကာရံထားသော ထောင့်တစ်နေရာ၌ ပိုင်ရွှီကျန်း သည် အသစ်စက်စက် အိပ်ရာပေါ်တွင် လဲလျောင်းနေလေ၏။
သူမသည် အိပ်ပျော်လုနီးပါး ဖြစ်နေချေပြီ။ သူမ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှ ထူထဲပြီး အိစက်သော စောင်မျိုးကို တစ်ခါမျှ မခြုံခဲ့ဖူးချေ။ တိမ်တိုက်ပေါ်တွင် လဲလျောင်းနေရသကဲ့သို့ နွေးထွေးပြီး သက်တောင့် သက်သာ ရှိလှပေသည်။
သို့သော် ဘေးဘက်မှ ထွက်ပေါ်လာသော ခုတင်သံမှာ အပ်တစ်ချောင်းကဲ့သို့ သူမ၏ အိပ်မော ကျနေမှုကို ချက်ချင်းပင် ထိုးခွဲလိုက်လေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ အစ်မဖြစ်သူ၏ ဖိနှိပ် ထားသော ညည်းသံလေး ထွက်ပေါ်လာခဲ့ပေသည်။
ပိုင်ရွှီကျန်း၏ မျက်နှာမှာ ရုတ်တရက် ပူထူသွားခဲ့ရလေသည်။
မည်သို့ပင်ဖြစ်စေ သူမသည် အသက် (၁၈) နှစ်အရွယ် မိန်းမပျိုလေးတစ်ဦး ဖြစ်ပေသည်။ ထွက်ပြေးတိမ်းရှောင် နေရစဉ်အတွင်း ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသော်လည်း သူမ သိနားလည်ထားသည့် အရာအချို့တော့ ရှိနေခဲ့ လေသည်။
အရာရှိမိသားစုတွင် ကြီးပြင်းလာခဲ့သူပီပီ သူမသည် ဤကိစ္စများကို သဘာဝကျကျပင် သိနားလည်ထားပြီး ဖြစ်ပေသည်။
ဘေးခန်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူမ ခန့်မှန်းကြည့်နိုင်လေသည်။
သူမ၏ နှလုံးသားမှာ ဗုံတစ်လုံးကဲ့သို့ အဆက်မပြတ် ခုန်ပေါက်နေခဲ့၏။ သူမသည် စောင်ကို ခေါင်းပေါ်အထိ ရုတ်တရက် ဆွဲခြုံလိုက်ပြီး အမှောင်ထဲတွင် မျက်လုံးများကို မှိတ်ထားကာ အသက်ရှူရန်ပင် မေ့လျော့နေခဲ့မိ လေသည်။
အစ်မနဲ့... ခဲအို...
ရှက်ရွံ့နေသည့်တိုင် သူမ၏ နှလုံးသားအောက်ခြေမှ ကြီးမားသော စိတ်သက်သာရာရမှုနှင့် ဝမ်းမြောက်မှုတို့က ပြည့်လျှံတက်လာခဲ့ပေသည်။
အစ်မအတွက် နောက်ဆုံးတော့ အားကိုးစရာလူတစ်ယောက် ရသွားခဲ့ပြီပဲ...။
ဖန်းဟန်လို့ခေါ်တဲ့ ဒီအမျိုးသားက အလွန်လျှို့ဝှက်ဆန်းကြယ်ပေမယ့် အစ်မအပေါ်ကိုတော့ တကယ်ကောင်း ရှာပါတယ်...။
ဒါဆိုရင် လုံလောက်ပါပြီလေ...။
ပိုင်ရွှီကျန်းသည် သူမ၏ခေါင်းကို ပို၍ နက်ရှိုင်းစွာ မြှုပ်ထားလိုက်သော်လည်း နှုတ်ခမ်းထောင့်စွန်းများကမူ အလို အလျောက်ပင် ကွေးတက်သွားခဲ့လေတော့သည်။
[ဒင်...။ ပိုင်ကျီရို၏ ချစ်ခင်မှုအဆင့် (+၁၀၀)...၊ သူ့အပေါ်တွင် လုံးဝပုံအပ်သွားပါပြီ...။]
[ဒင်...။ ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင် (+၁၀၀)...၊ လက်ရှိ စွမ်းအင်ပမာဏ (၁၀၀/၁၀၀)...။]
[ဒင်...။ ပိုင်ရွှီကျန်း၏ စိတ်ခံစားမှု ပြောင်းလဲလှုပ်ရှားမှုကို စစ်ဆေးတွေ့ရှိရပါသည်...။ ယုံကြည်မှုတန်ဖိုး (+၃၀)...။]
[ဒင်...။ ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင် (+၃၀)...၊ လက်ရှိ စွမ်းအင်ပမာဏ (၁၃၀/၁၀၀)...။]
ဖန်းဟန်၏ ဦးနှောက်ထဲတွင် စနစ်၏ အသိပေးချက်များ အဆက်မပြတ် ထွက်ပေါ်လာ ခဲ့လေသည်။
စွမ်းအင်ပမာဏမှာ တစ်ဖန် ပြည့်ဝသွားခဲ့ပြီး အနည်းငယ်ပင် လျှံကျနေခဲ့လေပြီ။
ဖန်းဟန်သည် သာယာသော အသိပေးသံများကို နားထောင်ရင်း သူ၏အောက်မှ အမျိုးသမီး၏ နာခံမှုရှိစွာ တုန်ယင်နေမှုကို ခံစားလိုက်ရလေသည်။
စကားတစ်ခွန်းတည်း...၊
တကယ်ကို အရသာရှိလွန်းတယ်...
...
နောက်တစ်နေ့နံနက်...။
ဖန်းဟန်သည် လန်းဆန်းတက်ကြွစွာဖြင့် တံခါးကို တွန်းဖွင့်လိုက်လေသည်။ ဆောင်းရာသီ၏ နေရောင်ခြည်က သူ၏အပေါ်သို့ ကျရောက်နေပြီး နွေးထွေးကာ သက်တောင့်သက်သာ ရှိလှ ပေသည်။
ခြံဝင်းထဲတွင်မူ ညီအစ်မနှစ်ဦးဖြစ်ကြသော ပိုင်ကျီရိုနှင့် ပိုင်ရွှီကျန်းတို့သည် အသစ်တည် ဆောက်ထားသော ယာယီမီးဖိုလေးနားတွင် အလုပ်ရှုပ်နေခဲ့ကြလေသည်။
ဖန်းဟန် ထွက်လာသည်ကို မြင်သောအခါ ပိုင်ကျီရို၏ ပါးပြင်များမှာ လှပစွာ ရဲတက်သွားခဲ့ပြီး သူမသည် ခေါင်းကိုငုံ့ထားကာ သူ့အား အကြည့်ချင်းမစုံရဲဝံ့တော့ချေ။
ထို့နောက် ပိုင်ရွှီကျန်းက လန်းဆန်းသော အသံဖြင့် နှုတ်ဆက်လိုက်လေ၏။
“ကောင်းသောနံနက်ခင်းပါ ခဲအို...။”
သူမ၏ မျက်လုံးများထဲရှိ ရင်းနှီးမှုနှင့် ယုံကြည်မှုတို့မှာ မနေ့ကနှင့် လုံးဝကို ကွဲပြားခြားနားနေ ခဲ့ပြီ ဖြစ်ပေသည်။
ဖန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး အိမ်တွင် ဆက်မနေတော့ဘဲ ရွာအရှေ့ဘက်ခြမ်းရှိ ရွာသူကြီး ၏ အိမ်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေ၏။
ငွေလည်းရှိပြီး လူလည်းရှိနေပြီဖြစ်ရာ ဤယိုယွင်းပျက်စီးနေသော သက်ကယ်မိုးတဲကို အစား ထိုးရန် အချိန်တန် ပြီ ဖြစ်ပေသည်။
ရွာသူကြီး ကျောက်ထျဲ့ရှန်းသည် သူ၏ ခြံစည်းရိုးနံရံအောက်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးတံကို ဖွာနေပြီး စိုးရိမ်ပူပန်မှုကြောင့် မျက်မှောင်ကြုတ်ထားလေသည်။
သူသည် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ချေ။
သူ၏ စိတ်ထဲတွင် မနေ့က ဖန်းဟန်၏ အိမ်ရှိ ပစ္စည်းပုံကြီးနှင့် ကျန်းအာကော်တစ်ယောက် လျှပ်စီးကြောင်းကဲ့သို့ သော အရာဖြင့် ဓာတ်လိုက်ခံရကာ ပါးစပ်မှ အမြှုပ်များထွက်နေသည့် မြင်ကွင်းကသာ ထပ်ခါတလဲလဲ ပေါ်လာ နေခဲ့လေ၏။
ဤဖန်းဟန်မှာ အလွန်ပင် ထူးဆန်းလွန်းလှပေသည်။
ထိုစဉ်မှာပင် ဖန်းဟန်က အေးအေးလူလူ လမ်းလျှောက်ဝင်လာသည်ကို သူ မြင်လိုက်ရ လေသည်။
ကျောက်ထျဲ့ရှန်း၏ နှလုံးသားမှာ တစ်ချက်ခုန်သွားခဲ့ပြီး သူ၏လက်ထဲရှိ ဆေးတံမှာ အနည်း ငယ် တုန်ယင်သွား ခဲ့သော်လည်း သူသည် မျက်နှာအမူအရာကိုတော့ မပြောင်းလဲစေခဲ့ပေ။
“ဖန်းဟန်... ဘာကိစ္စရှိလို့လဲ...။”
“ရွာသူကြီး...။”
ဖန်းဟန်က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်လေ၏။
“ကျွန်တော် အိမ်တစ်လုံး ဆောက်ချင်လို့...။”
ကျောက်ထျဲ့ရှန်းသည် မီးခိုးတစ်ချက်ကို ရှူသွင်းလိုက်ပြီးကာစဖြစ်ကာ ပြန်ထုတ်ရန်ပင် အချိန် မရလိုက်ချေ။
“အဟွတ်... အဟွတ်... အဟွတ်...”
သူသည် မြေကြီးပင် တုန်ခါသွားမတတ် အပြင်းအထန် သီးသွားခဲ့ပြီး သူ၏ အိုမင်းနေသော မျက်နှာမှာ ခရမ်းရင့် ရောင် ပြောင်းသွားခဲ့လေသည်။ ထို့နောက် မျက်ရည်များ စီးကျလာရင်း ဖန်းဟန်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်လေသည်။
“မင်း... မင်း ဘာပြောလိုက်တယ်...၊ အိမ်ဆောက်မယ် ဟုတ်လား...။”
လျိုရှီးရွာတွင် အိမ်ဆောက်ခြင်းဆိုသည်မှာ သေးငယ်သောကိစ္စတစ်ခု မဟုတ်ပေ။
မိသားစုအများစုအတွက်မူ မိုးမယိုစေရန် သူတို့၏ အိမ်များကို ရွှံ့နှင့် သက်ကယ်များဖြင့် ဖာထေး နိုင်ပါကပင် ကောင်းချီးတစ်ခု ဖြစ်နေခဲ့လေပြီ။
သို့သော် ဖန်းဟန်က သူ၏ အလွန်အကျွံ တုံ့ပြန်မှုကို သတိမထားမိသည့်အလား ခေါင်းညိတ် ပြလိုက်လေသည်။
“ဟုတ်တယ်...၊ အုတ်နဲ့ အုတ်ကြွပ်မိုးထားတဲ့ အိမ်ကြီးတစ်လုံး ဆောက်မလို့...။”
“အုတ်နဲ့ အုတ်ကြွပ်မိုးထားတဲ့ အိမ်ကြီး ဟုတ်လား...။”
ဤတစ်ကြိမ်တွင်မူ ကျောက်ထျဲ့ရှန်းမှာ သီးမသွားတော့ဘဲ လုံးဝ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ၏ ပါးစပ်ထဲရှိ ဆေးတံမှာ မြေပြင်ပေါ်သို့ ဘုတ် ခနဲ ပြုတ်ကျသွားခဲ့လေ တော့သည်။
သူသည် ဖန်းဟန်ကို အရူးတစ်ယောက်အား ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်မိ လေသည်။
အုတ်ကြွပ်အိမ်ကြီးများဆိုသည်မှာ မြေရှင်ကြီးများသာ နေထိုင်နိုင်သည့် အရာမျိုး ဖြစ်ပေသည်။ ခရိုင်မြို့တစ်ခု လုံးတွင်ပင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ချမ်းသာသော မိသားစုအနည်းငယ်မှလွဲ၍ မည်သူက ဤမျှ ဇိမ်ခံဝံ့မည် နည်း။
ဒီကောင် ငွေတွေ အများကြီးရလို့ ရူးသွားတာပဲ ဖြစ်ရမယ်...။
“ဖန်းဟန်...၊ အုတ်ကြွပ်အိမ်တစ်လုံး ဆောက်ဖို့ ဘယ်လောက်ကုန်ကျလဲဆိုတာ မင်း သိရဲ့ လား...။ငွေစ အနည်း ငယ်လောက်နဲ့ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးကွ...။”
ကျောက်ထျဲ့ရှန်း၏ အသံမှာ ပြောင်းလဲသွားခဲ့လေ၏။
ဖန်းဟန်က တည်ငြိမ်စွာပင် သူ၏ ပုံမှန်ရှင်းပြချက်ကို ထပ်ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့ ရွာသူကြီး... ငွေက ပြဿနာ မဟုတ်ပါဘူး...။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့် မိသားစုရဲ့ အမွေအနှစ်ကို ခရိုင်မြို့မှာ သွားရောင်းလိုက်လို့ ငွေနည်းနည်း ရထား တယ်လေ...။ကျွန်တော့် မိန်းမကို ဒီသက်ကယ် မိုးတဲထဲမှာ တစ်သက်လုံး အတူတူ နေခိုင်းလို့မှ မရတာ...။”
သူက ထပ်မံ၍ ပြောလိုက်လေ၏။
“အခြေချနေထိုင်ဖို့ ပြင်ဆင်ရမှာပေါ့...။”
ကျောက်ထျဲ့ရှန်းက သူ့အား ကြွားလုံးထုတ်နေခြင်း ရှိမရှိ သိနိုင်ရန် စိုက်ကြည့်နေခဲ့လေသည်။
သို့သော် မည်သည့်အရာမျှ မရှိခဲ့ချေ။ တည်ငြိမ်မှုနှင့် မေးခွန်းထုတ်စရာမလိုသော လေးနက်မှုတို့ သာ ရှိနေခဲ့ပေ သည်။
ကျောက်ထျဲ့ရှန်းမှာ တိတ်ဆိတ်သွားခဲ့လေ၏။
ဘိုးဘွားစဉ်ဆက် အမွေအနှစ်ဆိုသည့် အဓိပ္ပာယ်မရှိသော စကားများကို သူ မယုံကြည်သော် လည်း မနေ့က လှည်းနှင့်အပြည့် ပါလာသော ပစ္စည်းများမှာမူ အစစ်အမှန်ပင် ဖြစ်လေသည်။
ဖန်းဟန် ထုတ်ပြခဲ့သည့် ငွေစများမှာလည်း အစစ်အမှန်ပင် ဖြစ်၏။
ယခုဆိုလျှင် ဤကောင်လေးက အုတ်ကြွပ်အိမ်ကြီးတစ်လုံးကို ဆောက်ချင်နေပေသည်။
အကယ်၍ ဤကိစ္စသာ အောင်မြင်သွားပါက လျိုရှီးရွာတစ်ခုလုံးအတွက် ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ရွာရှိ လုပ်နိုင်ကိုင်နိုင်သော အမျိုးသားများအတွက် အလုပ်ရရှိပြီး လုပ်အားခရရှိခြင်းမှာ မမျှော် လင့်ဘဲ ကံထူး သွားသကဲ့သို့ပင် ဖြစ်ပေသည်။
သူသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီးနောက် နောက်ဆုံးတွင် မြေပြင်ပေါ်မှ ဆေးတံကို ကောက်ယူကာ သူ၏ ဖိနပ်အောက်ခံတွင် ခေါက်လိုက်လေ၏။
“ကောင်းပြီလေ...။ မင်းက ဒီလောက်တောင် လုပ်ချင်နေမှတော့ ငါ့လို အဘိုးကြီးတစ်ယောက် အနေနဲ့ မင်း အတွက် အကူအညီဖြစ်အောင် ပြောပေးရမှာပေါ့...။”
ကျောက်ထျဲ့ရှန်းမှာ သံသယရှိနေဆဲဖြစ်သော်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြ လိုက်လေသည်။
“လုပ်အားခကို ဘယ်လို တွက်ပေးမလဲ...။ ရွာကလူတွေက မင်းအတွက် အလုပ်လုပ်ပေးမှာ ဆိုတော့ အလကား တော့ လုပ်ခိုင်းလို့ မရဘူးလေ...။”
“တစ်ရက်ကို ကြေးပြား (၃၀)...၊ အသားနဲ့ ထမင်း တစ်နပ် ပါမယ်...။”
ဖန်းဟန်က တည်ငြိမ်စွာပင် ပြောလိုက်လေ၏။
ကျောက်ထျဲ့ရှန်း၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားခဲ့ပြီး သူ၏လက်များမှာ တုန်ယင်သွားကာ သူ ယခုလေးတင် ထည့်ထားသော ဆေးရွက်ကြီးများ မြေပြင်ပေါ်သို့ ဖိတ်ကျသွားခဲ့လေသည်။
“ဘယ်လောက်...၊ ဘယ်လောက်...။ ကြေးပြား (၃၀) ဟုတ်လား...၊ အသားဟင်းတစ်နပ်တောင် ပါသေးတယ် ဟုတ်လား...။”
ဤလုပ်အားခမှာ ခရိုင်ဆိပ်ကမ်းတွင် အလေးအပင်များ ထမ်းရသည်ထက်ပင် ပို၍ များပြားနေ သေးသည် မဟုတ်ပါလော။
ယခုမူ ကျောက်ထျဲ့ရှန်း၏ နောက်ဆုံးကျန်ရှိနေသော သံသယများမှာ လုံးဝ ပျောက်ကွယ်သွား ခဲ့လေပြီ။
ဒီကောင်လေး တကယ်ပဲ ချမ်းသာသွားခဲ့တာပဲ...။
ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်...။
သူသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာမှာ နီရဲလာပြီး သူ၏ပေါင်ကို ရိုက်လိုက်လေ၏။
“စိတ်မပူနဲ့... ဒီကိစ္စကို ငါ တာဝန်ယူတယ်...။ မင်းအတွက် လူတွေကို အခုပဲ သွားခေါ်ပေး မယ်...။”
သတင်းမှာ တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး ကျောက်ထျဲ့ရှန်း၏ ကျယ်လောင်သော အသံကြောင့် နာရီဝက် ပင် မကြာမီ လျိုရှီးရွာ၏ နေရာအနှံ့အပြားသို့ ရောက်ရှိသွားခဲ့လေသည်။
ရွာတစ်ခုလုံးမှာ ထပ်မံ၍ စိတ်လှုပ်ရှားစွာဖြင့် ပွက်လောညံသွားခဲ့လေတော့သည်။
“ကြားပြီးကြပြီလား...၊ ဖန်းဟန်က အုတ်ကြွပ်မိုးထားတဲ့ အိမ်ကြီးတစ်လုံး ဆောက်တော့ မလို့တဲ့...။”
“ဘုရားရေ... တကယ်လား...။ သူ့ရဲ့ စုတ်ပြတ်နေတဲ့ အိမ်လေးက လေပြင်းတစ်ချက် တိုက်လိုက်ရင်တောင် ပြိုကျသွားနိုင်တာကို...။”
“တကယ်ပါဆို...။ ရွာသူကြီး ကိုယ်တိုင် ပြောတာ...၊ အလုပ်လုပ်မယ့်သူတိုင်းကို တစ်ရက် ကြေးပြား (၃၀) ပေးတဲ့အပြင် အသားနဲ့ ထမင်း တစ်နပ်လည်း ကျွေးဦးမယ်တဲ့...။”
“ကြေးပြား (၃၀) ဟုတ်လား... အသားတောင် ပါသေးတယ်တဲ့လား...။”
“ရူးကုန်ကြပြီ... အကုန်လုံး ရူးကုန်ကြပြီပဲ....။”
မြစ်ကမ်းဘေးတွင် အဝတ်လျှော်နေသော အမျိုးသမီးများမှာ သူတို့လက်ထဲရှိ အဝတ်များကို ထုရိုက်ရန်ပင် မေ့လျော့သွားကြပြီး စုဝေးကာ ဆူညံစွာ ပြောဆိုနေကြလေသည်။
လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော အမျိုးသားများကလည်း သူတို့၏ ပေါက်ပြားများကို ပစ်ချထားခဲ့ပြီး အုပ်စုလိုက် စုဝေးကာ သူတို့၏ မျက်နှာများထက်တွင် အံ့သြမှုနှင့် မနာလိုမှုတို့ ပြည့်နှက်နေခဲ့ကြလေ၏။
ဤသည်မှာ ရွာရှိလူများအနေဖြင့် အိပ်မက်ပင် မမက်ဝံ့သည့် အရာတစ်ခု ဖြစ်ပေတော့သည်။