← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃)

လျူရူမေက ဖန်းဟန်ကို လူလိုသေးသလားဟု မေးမြန်းခြင်း

ဖန်းဟန်၏ ယိုယွင်းပျက်စီးနေသော အိမ်တံခါးဝမှာ လျိုရှီးရွာမှ ရွာသားများကြောင့် ပြိုကျ မတတ် ဖြစ်နေလေ ၏။

လူအုပ်ကြီးမှာ မည်းမှောင်ကျပ်ညပ်နေလျက် ရှိပေသည်။

လူတိုင်းမှာ လည်ပင်းကို ဆန့်ကာ၊ ခြေဖျားထောက်လျက် ခြံဝင်းအတွင်းသို့ စိတ်အားထက်သန် စွာ ကြည့်ရှုနေကြ ပြီး သူတို့၏ မျက်လုံးများမှာ ပွဲစျေးတွင် ဇာတ်ပွဲကြည့်နေရသည်ထက်ပင် ပို၍ စိတ်အားထက်သန်နေ ကြလေ သည်။

ဖန်းဟန် ထွက်လာသည်နှင့် တစ်ပြိုင်နက် ဆူညံနေသော ပြောဆိုသံများမှာ ချက်ချင်းပင် တိတ် ဆိတ်သွားခဲ့ပြီး မျက်လုံးအစုံပေါင်းများစွာက သူ၏ထံသို့ ချက်ချင်းပင် စူးစိုက်ကြည့် လာကြ လေသည်။ ထိုအကြည့်များထဲတွင် သိချင်စိတ်များ၊ စူးစမ်းမှုများနှင့် အရေးအကြီးဆုံးမှာ ဖုံးကွယ်မထားနိုင်သော စိတ်အားထက်သန်မှုနှင့် မျှော်လင့် ချက်များ ပြည့်နှက်နေခဲ့လေ၏။

“ဖန်းလူလေး…၊ မင်းက တကယ်ပဲ အုတ်တိုက်ကြီး ဆောက်တော့မှာလား…။”

စိတ်မရှည်သော အမျိုးသားတစ်ဦးက အသံကုန်ဟစ်ကာ မေးလိုက်လေ၏။

“လုပ်အားခက တကယ်ပဲ ငွေစ (၃၀) လား...။”

ဤသည်မှာ လူတိုင်း အသိချင်ဆုံးသော မေးခွန်းပင် ဖြစ်လေသည်။

ဖန်းဟန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ နေရောင်ကြောင့် အသားအရေ ညိုမည်း နေပြီး ဘဝ၏ ကြမ်း တမ်းမှုများ စွဲထင်နေသော မျက်နှာများကို မြင်တွေ့လိုက်ရလေသည်။

သူသည် လူတိုင်းကို စိတ်မပူစေတော့ဘဲ ပြန်လည်ဖြေကြားလိုက်၏။ သူ၏အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့ပေသည်။

“ငွေစ (၃၀) ဆိုတာ အခြေခံလုပ်အားခပါ...။”

ထိုစကားတစ်ခွန်းကြောင့် ရောက်ရှိနေသူအားလုံးမှာ မှင်သက်သွားကြလေ၏။

အခြေခံလုပ်အားခ ဟုတ်လား...။ ဒါက ဘာကို ဆိုလိုတာလဲ...။

သူတို့ သတိမဝင်လာသေးခင်မှာပင် ဖန်းဟန်က ပို၍ အံ့သြဖွယ်ကောင်းသော စကားတစ်ခွန်းကို ထပ်မံပြော လိုက်လေသည်။

“အလုပ်က သိပ်မပင်ပန်းပါဘူး...။ ခွန်အားစိုက်ထုတ်ရမယ့် အလုပ်လေးတွေပါပဲ...။ ဒီနေ့ကစ ပြီး ကျွန်တော့် အိမ်မှာ လာလုပ်တဲ့သူတိုင်းကို တစ်နေ့ သုံးနပ် ကျွေးပါမယ်...။”

လူအုပ်ကြီးထံမှ အံ့သြသံများ ထွက်ပေါ်လာခဲ့လေ၏။

အလုပ်သမားများကို ထမင်းကျွေးသည်မှာ ထူးဆန်းသောကိစ္စတော့ မဟုတ်ပေ။ ချမ်းသာသော မိသားစုများသည် လည်း နေ့စားအလုပ်သမားများကို ငှားရမ်းပါက ထမင်းကျွေးလေ့ရှိကြ သည် ။ သို့သော် ထိုထမင်းစားပွဲများတွင် မိမိ၏ အရိပ်ကိုပင် ပြန်လည်မြင်တွေ့နိုင်သော ယာဂုကျဲကျဲ နှင့် ချဉ်ဖတ်အနည်းငယ်သာ ပါဝင်လေ့ရှိပေသည်။

ဖန်းဟန်သည် လူတိုင်း၏ တုံ့ပြန်မှုကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး နောက်ဆုံးစကား ကို ပြောလိုက်လေသည်။

“အနပ်တိုင်းမှာ အသားပါတယ်...။”

“ဝုန်း...။”

ထိုစကားလုံးများမှာ တိတ်ဆိတ်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက် သကဲ့သို့ ကြီးမား သော လှိုင်းလုံးကြီးများကို ရိုက်ခတ်သွားစေခဲ့လေ၏။

အခြေအနေတစ်ခုလုံးမှာ လုံးဝ ထိန်းချုပ်၍ မရနိုင်အောင် ဖြစ်သွားခဲ့လေတော့သည်။

“ဘာ...၊ အနပ်တိုင်း အသားပါတယ် ဟုတ်လား...။”

“ငါ ကြားတာ မမှားဘူးမလား...၊ တစ်နေ့ သုံးနပ်လုံး အသားပါတယ် ဟုတ်လား...။ ခရိုင် အုပ်ချုပ်ရေးမှူးတောင် အဲဒီလောက် မစားနိုင်ဘူး...။”

“ဘုရားရေ...၊ ဒါက လူငှားပြီး အလုပ်လုပ်ခိုင်းတာ မဟုတ်တော့ဘူး...။ ဘိုးဘေးတွေကို ပင့်ပြီး ပူဇော်နေတာ ပဲ...။”

လူအုပ်ကြီးမှာ ရူးသွပ်သွားကြလေပြီ။

လူတိုင်း၏ မျက်လုံးများမှာ နီရဲလာပြီး သူတို့၏ အသက်ရှူသံများမှာ သွေးနံ့ရနေသော ဝံပုလွေ တစ်အုပ်ကဲ့သို့ ပြင်းထန်လာခဲ့လေ၏။

လုပ်အားခ ငွေစ (၃၀) အပြင် အသားဟင်းပါသော ထမင်း သုံးနပ် ဟုတ်လား...။

ဤသည်မှာ မည်သို့သော အဓိပ္ပာယ်နည်း...။

သူတို့အတွက် တစ်နှစ်လျှင် အသား သုံးခါစားရပါက ပွဲတော်ရက်ဟုပင် သတ်မှတ်ထားကြခြင်း ဖြစ်ပေသည်။

ယခုမူ သူတို့သာ အလုပ်လုပ်ပါက နေ့တိုင်း၊ အနပ်တိုင်း အသားစားရမည်ဟု တစ်စုံတစ် ယောက်က ပြောနေခြင်း ပင် ဖြစ်လေသည်။

“ကျွန်တော်...၊ ကျွန်တော်...၊ ညီလေးဖန်း...၊ ကျွန်တော့်ကို ရွေးပါ...။ ကျွန်တော်က သန်မာ ပါတယ်...၊ လူနှစ် ယောက်စာ အလုပ်လုပ်နိုင်ပါတယ်...။”

“ကျွန်တော့်ကို ရွေးပါ...။ ကျွန်တော် အိမ်ဆောက်ဖူးတယ်...၊ အတွေ့အကြုံရှိပါတယ်...။”

“ဖန်းဟန်...၊ ကျွန်တော့်ကို ကြည့်ပါဦး...။ ကျွန်တော် လုပ်အားခ မလိုဘူး... ၊အသားဟင်းပါတဲ့ ထမင်း သုံးနပ် ကျွေးရင် ရပါပြီ...။”

လူအုပ်ကြီးမှာ အုန်းအုန်းညံသွားပြီး နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်ကာ လူတိုင်းက ရှေ့သို့ တိုး ဝှေ့လျက် လက် များကို ဝှေ့ယမ်းကာ အော်ဟစ်နေကြလေ၏။ ထိုမြင်ကွင်းမှာ လူဝင်စားရန် လုနေကြသည်ထက်ပင် ပို၍ ပြင်း ထန်နေပေသည်။

ရန်ဟုန်မေ၏ သားဖြစ်သူ ကျောက်ထျန်းမှာလည်း သူ၏မိခင် ဆွဲခေါ်ရာသို့ ပါလာခဲ့လေသည်။ သူသည် ဤရူး သွပ်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်သောအခါ လုံးဝ မှင်သက်သွား ခဲ့ရ လေ၏။

ရှန်မန်လုံစားသောက်ဆိုင်ရှိ စားပွဲထိုးများပင်လျှင် လစာနှင့် ဆုကြေးငွေ အပါအဝင် တစ်လ လျှင် ငွေ တစ်ကျပ် သို့မဟုတ် နှစ်ကျပ်ခန့်သာ ရရှိကြခြင်း ဖြစ်ပေသည်။ အစားအသောက် များမှာ ကောင်းမွန်သော်လည်း အနပ် တိုင်း အသားစားနိုင်ခြင်းတော့ မရှိပေ။

ဤဖန်းဟန် ဆိုသူမှာ မည်သူနည်း...။

ဖန်းဟန်သည် လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြလိုက်လေ၏။

သူ၏အကြည့်များက လူအုပ်ကြီးကို ဖြည်းညင်းစွာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် လူအုပ်၏ အနောက်ဘက်သို့ ရောက်ရှိသွားခဲ့လေသည်။

ထိုနေရာတွင် တိုးဝင်ချင်သော်လည်း မဝင်ရဲဘဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော လူငယ်တစ်ဦး ရှိနေ ပေသည်။

သူမှာ နျူအာ ပင် ဖြစ်လေသည်။

သူ၏ဘေးတွင်မူ ခြေထောက်တစ်ဖက် ကျိုးနေကာ တုတ်ကောက်ကိုင်ထားသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ရပ်နေလေ၏။ ဤသူမှာ သူ၏ဖခင် နျူမန်ထျန်း ပင် ဖြစ်ပေသည်။

“နျူအာ...၊ မင်းအဖေက လမ်းလျှောက်ရတာ အဆင်မပြေဘူးဆိုတော့ မင်း လာစရာ မလိုပါ ဘူး...။ အိမ်မှာပဲ နေပြီး သူ့ကို ပြုစုလိုက်ပါ...။” ဖန်းဟန်က ပြောလိုက်လေသည်။

နျူအာ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားပြီး သူ၏ မျက်လုံးများထဲမှ အလင်းရောင်များ လည်း မှေးမှိန် သွားခဲ့လေ၏။ သူ၏ဘေးတွင် ရပ်နေသော နျူမန်ထျန်းမှာလည်း ရှက်ရွံ့မှုများ ပြည့်နှက်သွားကာ သူ၏ မှိုင်းညို့ နေသော မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက် သွားခဲ့ပေသည်။

“သခင်လေးဖန်း...၊ ကျွန်တော်...၊ ကျွန်တော့်ခြေထောက်က အကောင်းပါ...။ ကျွန်တော် အလုပ်လုပ်နိုင်ပါသေး တယ်...။”

သူ၏သားအတွက် ဤကောင်းမွန်သော အခွင့်အရေးကြီးကို လက်လွတ်သွားမည်စိုးသဖြင့် နျူမန်ထျန်းက စိုးရိမ် တကြီး ရှင်းပြလိုက်လေ၏။

ဘေးနားရှိ လူများကမူ ဝမ်းသာအားရဖြင့် ကြည့်နေကြလေသည်။ မည်သူကများ မိမိကိုယ်ကို အားကိုးစရာ မရှိဘဲ နေမည်နည်း...။

ထိုအခါ ဖန်းဟန်က စကားလမ်းကြောင်း လွှဲလိုက်လေ၏။

“ကျွန်တော် ဆိုလိုတာက...၊ နျူအာ...၊ မင်း လာလုပ်ပါ...။ မင်းအတွက် လုပ်အားခ ရပါမယ် ...။ ပြီးတော့ မင်း အဖေကိုလည်း ခေါ်ခဲ့ပါ...။ ဒီနေ့ကစပြီး သူက လုပ်ငန်းခွင်မှာ ရေနွေးတည် တာ၊ ထမင်းချက်တာနဲ့ ပစ္စည်းတွေ ကို စောင့်ကြည့်တဲ့ အလုပ်ကို တာဝန်ယူရမယ်...။ သူ့ အတွက်လည်း လုပ်အားခ ရပါမယ်...။”

နျူအာသည် ရုတ်တရက် ခေါင်းမော့လာပြီး သူ၏နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားခဲ့ လေ၏။

နျူမန်ထျန်းမှာလည်း နေရာတွင်ပင် မှင်သက်သွားပြီး တုတ်ကောက်ကို ကိုင်ထားသော သူ၏ လက်များမှာ တုန်ယင်နေခဲ့ပေသည်။

ဖန်းဟန်က ဆက်လက်၍ နာမည်များကို ခေါ်လိုက်လေသည်။

“ပြီးတော့ ဦးလေးကျန်း၊ အစ်ကိုလီ...။ ခင်ဗျားတို့က သွက်လက်ပြီး ရိုးသားကြတယ်...။ ဒီကို လာခဲ့ပါ...။”

သူသည် ရွာက အသိအမှတ်ပြုထားသော သန်မာသည့် အလုပ်သမား ဆယ်ဦးကျော်ခန့်ကို ရွေးချယ်လိုက်လေ၏။ ထိုသူအားလုံးမှာ ကြိုးကြိုးစားစား အလုပ်လုပ်ကြပြီး အတင်းအဖျင်း ပြောဆိုခြင်းကို မနှစ်သက်သော ရိုးသားသူ များ ဖြစ်ကြပေသည်။

နာမည်ခေါ်ခံရသူများမှာ အလွန်ပင် ဝမ်းသာပျော်ရွှင်သွားကြပြီး နန်းတွင်းစာမေးပွဲ အောင်မြင် သွားသော ဖန်ကျင်း ကဲ့သို့ ခေါင်းကို ကုတ်ကာ ပြုံးဖြီးနေကြလေတော့သည်။

နျူ သားအဖမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသဖြင့် သူတို့၏ မျက်နှာများပင် နီရဲနေခဲ့ လေ၏။

နျူမန်ထျန်းမှာ မျက်ရည်များ စီးကျလာပြီး ဒူးထောက်ချလိုက်တော့မည့် ဆဲဆဲတွင်...၊

“သခင်လေးဖန်း...၊ သခင်လေးက ကျွန်တော်တို့ နျူ မိသားစုရဲ့ ကျေးဇူးရှင်ကြီးပါပဲ...။”

ဖန်းဟန်မှာ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ့ကို ဖမ်းထိန်းထားလိုက်ကာ ပြောလိုက်လေသည်။

“ဦးလေးနျူ...၊ ဒီနေ့ကစပြီး ဦးလေးက ကျွန်တော့်ဆီမှာ အလုပ်လုပ်ရမှာပါ...။ ကျွန်တော့်ကို အဲဒီလိုမျိုး မလုပ် ပါနဲ့...။”

နျူအာ၏ မျက်လုံးများမှာလည်း နီရဲနေပြီး မည်သည့်စကားမျှ မဆိုဘဲ ဖန်းဟန်ကို လေးနက်စွာ အရိုအသေပေး လိုက်လေ၏။ သို့သော် သူ၏မျက်လုံးထဲမှ ကျေးဇူးတင်မှုများက မည်သည့် စကားလုံးထက်မဆို ပို၍ လေးနက်နေ ခဲ့ပေသည်။

အရွေးမခံရသူများ၊ အထူးသဖြင့် ဖန်းဟန်ကို ပေါ်တင်ဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ လှောင် ပြောင် ကာ သူ၏ မိသားစုကို အထင်သေးခဲ့သူများမှာ ရှုံးနိမ့်သွားသော ကြက်ဖများကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေ တော့သည်။

ရန်ဟုန်မေသည် ဖန်းဟန်၏ တွဲပေးခြင်းကို ခံထားရသော နျူမန်ထျန်းကို ကြည့်လိုက်ပြီးနောက် ကြောင်တောင် တောင် ဖြစ်နေဆဲဖြစ်သော သူမ၏သားကို ကြည့်လိုက်လေ၏။

မနာလိုမှုများကြောင့် သူမ၏ နှလုံးသားမှာ နာကျင်သွားခဲ့ရပြီး နက်ရှိုင်းသော နောင်တ တရား များဖြင့် ပြည့်နှက် သွားခဲ့ပေသည်။

...

ဆောက်လုပ်ရေးလုပ်ငန်း စတင်သည့် ပထမနေ့တွင် ဖန်းဟန်၏ အိမ်ရှေ့ရှိ မြေကွက်လပ်မှာ စည်ကားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ဖြစ်လာခဲ့လေ၏။

အမျိုးသားများသည် သူတို့၏ အင်္ကျီများကို ချွတ်ထားကြရာ ကြေးနီရောင် ကျောပြင်များကို မြင်တွေ့နေရပြီး သူတို့၏ ကြွက်သားများပေါ်တွင် ချွေးပေါက်များ စီးကျနေလေသည်။

အလုပ်သီချင်းများကို ညည်းတွားရင်း သူတို့သည် ပေါက်ပြားများနှင့် ဂေါ်ပြားများကို အားပြင်း စွာ ကိုင်တွယ် လှုပ်ရှားနေကြပေသည်။

အသားစားရခြင်းက အရာအားလုံးကို ကွဲပြားသွားစေခြင်းပင် ဖြစ်ပေသည်။

နေ့လယ်စာစားချိန်တွင် ပိုင်ကျီရိုနှင့် ပိုင်ရွှီကျန်း ညီအစ်မနှစ်ဦးသည် ဆေးဖက်ဝင် လက်ဖက် ရည်များ အပြည့် ထည့်ထားသော သစ်သားဇလုံကြီးတစ်ခုကို သယ်ဆောင်လာသည်ကို မြင် တွေ့လိုက်ကြရလေ၏။

ညီအစ်မနှစ်ဦးမှာ အဝတ်အစားသစ်များကို ဝတ်ဆင်ထားကြသည်။ ထိုအဝတ်အစားများမှာ တန်ဖိုး ကြီးသော ပိုးထည် သို့မဟုတ် ဖဲသားများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော်လည်း သန့်ရှင်းသပ်ရပ်နေသဖြင့် သူမတို့၏ ဆွဲဆောင်မှုရှိသော အလှတရားကို ပို၍ပင် ပေါ်လွင်စေ လေသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ချွေးဒီးဒီးကျကာ ပင်ပန်းစွာ အလုပ်လုပ်နေကြသော အမျိုးသားများမှာ နတ်သမီးများကဲ့သို့ လှပသော အမျိုးသမီးနှစ်ဦးကို မယုံနိုင်လောက်အောင် စိုက်ကြည့်နေကြပြီး သူတို့၏ လက်များမှာလည်း အနည်းငယ် နှေးကွေးသွားကြလေ၏။

ဖန်းဟန်သည် ပြုံးကာ လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အရာအချို့ကို ထုတ်ယူလိုက်လေသည်။

ဤသည်မှာ သူ အမြဲဆောင်ထားတတ်သော ခေတ်သစ်သကြားလုံးများပင် ဖြစ်ပေသည်။

သူသည် စက္ကူထုပ်ကို ဖွင့်လိုက်ရာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အရောင် အသွေးစုံလင်သည့် အရာ ငယ်လေးများက နေရောင်အောက်တွင် တောက်ပနေလေ၏။

အမျိုးသားများသည် ထိုအရာက မည်သို့သော ရတနာမျိုး ဖြစ်မည်ကို သိချင်စိတ်ဖြင့် လည်ပင်း ကို ဆန့်ကာ ကြည့်လိုက်ကြလေသည်။

ဖန်းဟန်သည် ပွင့်လင်းမြင်သာသော သကြားလုံးခွံတစ်ခုကို ခွာလိုက်ပြီး ပန်းရောင် သလင်း ကျောက်လေးနှင့် တူသော အရာလေးကို ပိုင်ကျီရို၏ နှုတ်ခမ်းနားသို့ ဖြည်းညင်းစွာ တေ့ပေး လိုက်လေ၏။

“စားကြည့်ပါဦး...။”

လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် ပိုင်ကျီရို၏ ပါးပြင်များမှာ ချက်ချင်းပင် နီမြန်းသွားခဲ့ လေ၏။ သို့သော် သူမသည် နောက်ဆုတ်မသွားဘဲ သူမ၏ ပါးစပ်လေးကို ဖွင့်ကာ သကြားလုံး ကို နာခံစွာဖြင့် ငုံလိုက်လေသည်။ နောက်တစ်စက္ကန့်တွင်မူ သူမ၏ မျက်လုံးများမှာ အံ့အားသင့် မှုကြောင့် ပြူးကျယ်သွားခဲ့လေ၏။

သူမ တစ်ခါမျှ မခံစားဖူးသော ဖော်ပြ၍မရနိုင်လောက်သည့် ချိုမြိန်သော အရသာတစ်ခုက သူမ၏ ပါးစပ်ထဲတွင် ပေါက်ကွဲသွားခဲ့လေသည်။ ၎င်းမှာ ပျားရည်၏ အချိုဓာတ်မျိုး မဟုတ်သလို မောလ်တို့စ်သကြား၏ အီဆိမ့်သော အချိုဓာတ်မျိုးလည်း မဟုတ်ဘဲ... ကြွယ်ဝ သော သစ်သီးရနံ့ပါဝင်သည့် လန်းဆန်းစေသော အချိုဓာတ်မျိုး ဖြစ် နေလေသည်။

ဒါက... ဒါက ဘယ်လို နတ်သုဒ္ဓါမျိုးပါလိမ့်...။

“ခဲအို...၊ ဒါက ဘာလဲ...၊ အရမ်းမွှေးတာပဲ...။”

သူမ၏ အစ်မဖြစ်သူ၏ အံ့အားသင့်ကာ ပျော်ရွှင်နေသော မျက်နှာကို မြင်သောအခါ ပိုင်ရွှီကျန်း သည် မနေနိုင် တော့ဘဲ သိချင်စိတ်ဖြင့် ကိုင်းညွတ်ကာ မေးလိုက်လေ၏။

ဖန်းဟန်သည် ပြုံးလိုက်ပြီး နောက်ထပ် အဝါရောင်တစ်ခုကို ခွာကာ သူမ၏ ပါးစပ်ထဲသို့ ထည့် ပေးလိုက်လေ သည်။

ပိုင်ရွှီကျန်းသည် သကြားလုံးကို ငုံထားရင်း ပျော်ရွှင်မှုကြောင့် သူမ၏ မျက်လုံးလေးများမှာ မှိတ်လုနီးပါး ဖြစ် သွားခဲ့လေ၏။ ငါးခြောက်ခိုးစားထားသော ကြောင်ပေါက်လေးတစ်ကောင် ကဲ့သို့ သူမ၏ ခေါင်းလေးကို တ ဆတ်ဆတ် ငြိမ့်နေသည်မှာ အလွန်ပင် ချစ်စရာကောင်းလှ ပေသည်။

[ဒင်...။ ပိုင်ကျီရို၏ စိတ်လှုပ်ရှားမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားပါပြီ...။

အံ့သြမှုတန်ဖိုး (+၁၀)...။

ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင် (+၁၀)...။]

[ဒင်...။ ပိုင်ရွှီကျန်း၏ စိတ်လှုပ်ရှားမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်ကို စစ်ဆေးတွေ့ရှိရပါသည်...။

ပျော်ရွှင်မှုတန်ဖိုး (+၁၀)...။

ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင် (+၁၀)...။]

မလှမ်းမကမ်းတွင်မူ မနာလိုဖွယ်ကောင်းသော အကြည့်တစ်စုံက ထိုပျော်ရွှင်နေသော မိသားစု သုံးဦးထံတွင် ရစ်ဝဲ နေခဲ့လေ၏။

လျူရူမေသည် သူမ၏ ယိုယွင်းနေသော ခြံတံခါးဝတွင် ရပ်နေရင်း ဖန်းဟန်က ပိုင်ကျီရိုအား သကြားလုံးကို ညင်သာစွာ ခွံ့ကျွေးနေသည်ကို ကြည့်နေခဲ့လေသည်။

ပိုင်ရွှီကျန်း၏ ပျော်ရွှင်ကျေနပ်နေသော မျက်နှာကို မြင်သောအခါ သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုတစ်စုံကို ခံစားလိုက်ရပေသည်။

သူမမှာ အလွန်ပင် လှပလှပေသည်။ မိုးမခရွက်ကဲ့သို့ သွယ်လျသော မျက်ခုံးများ၊ ဗာဒံစေ့ပုံစံ မျက်ဝန်းများ၊ စွင့်ကားနေသော နှာတံလေး၊ ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းများနှင့် နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားလေသည်။

ကြမ်းတမ်းသော လျှော်တေအဝတ်များကို ဝတ်ဆင်ထားသော်လည်း သူမ၏ ပြည့်ဖြိုးပြီး ဆွဲ ဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူမ၏ အပြုံးနှင့် မျက်မှောင်ကြုတ်မှုတိုင်းမှာ သဘာဝ အတိုင်း ဆွဲဆောင်မှုများ ပြည့်နှက်နေလေသည်။

သို့သော် ဤမျှ လှပလွန်းသော အမျိုးသမီးမှာ ရွာတွင် အဆိုးရွားဆုံး လူမိုက်ဖြစ်သည့် ကျန်းအာကော် နှင့် လက်ထပ်ခဲ့ရလေသည်။

သူမသည် ဖာထေးထားသော သူမ၏ အဝတ်အစားများကို ငုံ့ကြည့်လိုက်ပြီးနောက် တဝီဝီ မြည်နေသော သူမ၏ ဗိုက်ကို စမ်းလိုက်ရာ မျက်လုံးများ နီရဲလာပြီး မျက်ရည်များပင် ကျလာ လုနီးပါး ဖြစ်သွားခဲ့လေ၏။

အမျိုးသမီးများ၏ ကံကြမ္မာသည် အဘယ်ကြောင့် ဤမျှ ကွာခြားရပါသနည်း...။

သူမသည် ရက်အနည်းငယ်အတွင်း မိသားစုတစ်စုကို တစ်ကိုယ်တော် ပြောင်းလဲပေးနိုင်ခဲ့သော ဖန်းဟန် ဆိုသည့် အမျိုးသားကို ကြည့်လိုက်လေ၏။ သူမသည် အချိန်အတော်ကြာအောင် တွေ ဝေ နေခဲ့ပြီး သူမ၏ လက်သည်းများ မှာ လက်ဝါးထဲသို့ စိုက်ဝင်ကာ သွေးထွက်လုနီးပါးပင် ဖြစ် နေခဲ့ပေသည်။

နောက်ဆုံးတွင်မူ သူမသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အလား ရဲရင့်မှု အားလုံးကို စုစည်း ကာ ခေါင်းကို ငုံ့လျက် ဖန်းဟန်ထံသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့လေ တော့သည်။

“ဖန်း...၊ သခင်လေးဖန်း...။”

သူမ၏ အသံမှာ အနိုင်နိုင်သာ ကြားရပြီး မသိမသာ တုန်ယင်နေခဲ့လေ၏။ သူမသည် ခေါင်းကို ငုံ့ထားကာ ဖန်းဟန် ၏ မျက်လုံးကို တည့်တည့်မကြည့်ဝံ့ပေ။

“သခင်လေးတို့ မိသားစုမှာ...၊ ထမင်းချက်ဖို့နဲ့ အဝတ်လျှော်ဖို့ လူလိုသေးလား...။ ကျွန်မ...၊ ကျွန်မ ဘယ်အလုပ် မဆို လုပ်နိုင်ပါတယ်...။ ပြီးတော့...၊ လုပ်အားခ နည်းနည်းပဲ ပေးရင်လည်း ရပါတယ်...။”

All Chapters