အခန်း ၁၈
Vol. 2 Ch. 18
အခန်း (၁၈)
အံ့မခန်းဖွယ် အဖြစ်အပျက်
ခေါင်းမူးမတတ် အလေးချိန်မဲ့သွားသော ခံစားချက်တစ်ခု ဖြစ်ပေါ်သွားပြီးနောက် သူ၏ ပတ်ဝန်းကျင်မှ သဘာဝ အတိုင်း ထွက်ပေါ်နေသော ပိုးကောင်လေးများ၏ အသံများနှင့် ငှက်ကလေးများ၏ တေးဆိုသံများမှာ ချက်ချင်း ပင် ပျောက်ကွယ်သွားခဲ့လေ၏။
ထိုအရာများအစား ကွန်ပျူတာပန်ကာမှ ထွက်ပေါ်နေသော တဝီဝီမြည်သံခပ်တိုးတိုးနှင့် ပြတင်းပေါက် အပြင်ဘက်မှ ယာဉ်သွားယာဉ်လာအသံသဲ့သဲ့ကိုသာ အစားထိုး ကြားလိုက်ရ လေသည်။
ဖန်းဟန်သည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်လေသည်။
ရင်းနှီးနေသော ရှုပ်ပွနေသည့် အငှားတိုက်ခန်းလေးဖြစ်ပြီး လေထုထဲတွင် အသင့်စား ခေါက်ဆွဲ နှင့် ပါဆယ်ထုတ် များမှ အနံ့များ ပြည့်နှက်နေလျက်ရှိလေသည်။
ဤသည်မှာ လူအများနှင့်မရောနှောဘဲ တစ်ယောက်တည်း နေထိုင်တတ်သူများ၏ ထုံးစံအတိုင်း စိတ်ပျက်အား ငယ်ဖွယ်ကောင်းသော ပတ်ဝန်းကျင်တစ်ခုပင် ဖြစ်ချေသည်။
သူ ပြန်ရောက်လာခဲ့ပြီ ဖြစ်ပေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ယဉ်ကျေးမှုထွန်းကားသော ကမ္ဘာကြီးဆီသို့ ပြန်လည်ရောက်ရှိ လာသော်လည်း မည်သည့် စိတ်သက်သာရာရမှု သို့မဟုတ် သက်သောင့်သက်သာရှိမှုကိုမျှ မခံစားရ ပေ။ သူ၏ စိတ်အာရုံထဲတွင် စွဲထင်နေသည်မှာ လျူရူမေ၏ ပါးပြင်ပေါ်မှ ရဲရဲနီနေ သော လက်ငါးချောင်းရာကြီးပင် ဖြစ်လေ၏။
ဤသည်မှာ ငိုချင်နေသော်လည်း မငိုရဲဘဲ သူမ၏ မျက်ရည်များကို ခေါက်ဆွဲများနှင့်အတူ အတင်းအကျပ် မျိုချ နေခဲ့ရသော သူမ၏ ပုံရိပ်ပင် ဖြစ်ပေသည်။
ထို့အပြင် ကျန်းအာကော်၏ ရွံရှာဖွယ်ကောင်းလှသော အပြုအမူများကြောင့်လည်း ပါပေသည်။ ဖိနှိပ်ခံထားရ သော မီးတောင်တစ်ခုကဲ့သို့ အကြမ်းဖက်လိုသော ခံစားချက်တစ်ခုက သူ၏ ရင်ဘတ်အတွင်း၌ ဆူပွက်နေခဲ့ လေ၏။
သူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ညစ်ပတ်နေသော အဝတ်အစားများ ဖုံးလွှမ်း နေသည့် ဆိုဖာ ပေါ်မှ သူ၏ ဖုန်းကို ဆွဲယူလိုက်ကာ အလွတ်ကျက်မှတ်ထားသော ဖုန်းနံပါတ် တစ်ခုဆီသို့ ခေါ်ဆိုလိုက်လေသည်။
ဖုန်းမှာ သုံးကြိမ်မျှ မြည်သွားပြီးနောက် တစ်ဖက်မှ ကိုင်လိုက်လေ၏။
“ဟယ်လို...၊ အစ်ကိုဟန်လား...။ သောက်ကျိုးနည်း...၊ ခင်ဗျားက နောက်ဆုံးတော့လည်း ဖုန်း ဖွင့်ဖို့ ဆုံးဖြတ် လိုက်ပြီပေါ့...။ ခင်ဗျား ပျောက်နေတာ အတော်ကြာပြီနော်...။”
ဖုန်း၏ တစ်ဖက်စွန်းမှ ဆူညံပြီး အနည်းငယ် သရော်ချင်နေပုံရသော လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့ လေသည်။
သူသည် ဂိမ်းကစားရင်း တွေ့ဆုံခဲ့ရသော ဒုတိယမျိုးဆက် သူဌေးသား သခင်လေးဝမ် ပင် ဖြစ် လေသည်။
“ငါ တစ်ခုခု လိုချင်လို့...။”
ဖန်းဟန်၏ အသံမှာ အနည်းငယ်မျှ စိတ်လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်နေခဲ့ လေ၏။
သခင်လေးဝမ်မှာ ဖန်းဟန်၏ အေးစက်စက် လေသံကို အသားမကျသကဲ့သို့ ခေတ္တမျှ တိတ် ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်၊
“ဘာများလဲ အစ်ကိုဟန်...။ ဘယ် ဂရပ်ဖစ်ကတ်အသစ်ကို မျက်စိကျနေလို့လဲ...၊ ဒါမှမဟုတ် ဂိမ်းဆော့တဲ့ နားကြပ်လား...။ ပြောသာပြောလိုက်...၊ ကျုပ် ခင်ဗျားအတွက် ယူပေးမယ်...။”
“အကာအကွယ်အတွက်ပဲ...”
ဖန်းဟန်သည် ပြတင်းပေါက် အပြင်ဘက်ရှိ မြို့ပြ၏ နီယွန်မီးရောင်များကို ကြည့်ရင်း အေးစက် သော မျက်ဝန်း များဖြင့် ပြောလိုက်လေ၏။
“ပိုပြီး အစွမ်းထက်လေ ပိုကောင်းလေပဲ...။”
“အကာအကွယ်အတွက် ဟုတ်လား...”
သခင်လေးဝမ်မှာ ချက်ချင်းပင် စိတ်ဝင်စားသွားကာ အသံမှာလည်း သိသိသာသာ ကျယ်လောင် သွားပြီး
“ပြဿနာမရှိဘူး...၊ နံပါတ်တုတ်လား...။ ဒါမှမဟုတ် ပြီးခဲ့တဲ့တစ်ခေါက်ကလို စွမ်းအားမြင့် လျှပ်စစ်တုတ်လား ...၊ ကျုပ် ပြောပြမယ်... ၊ ကျုပ်အဖေရဲ့ ကုမ္ပဏီကနေ စစ်တပ်သုံး လုံခြုံ ရေးပစ္စည်း အသစ်တစ်သုတ် ရထား တယ်...။ တစ်ချက်ရိုက်လိုက်တာနဲ့တင် ချေးပါ ထွက်ကျ သွားစေရမယ်...။”
“မလုံလောက်သေးဘူး...။”
ဖန်းဟန်က သူ၏စကားကို ဖြတ်ပြောလိုက်ကာ၊
“ငါ သေနတ်တစ်လက် လိုတယ်...။ တောဝက်သားရေကိုတောင် ဖောက်ထွင်းနိုင်တဲ့ အမဲလိုက် ရိုင်ဖယ်မျိုး...၊ ပိုပြီး အစွမ်းထက်လေ ပိုကောင်းလေပဲ...။”
ဖုန်း၏ တစ်ဖက်စွန်းတွင် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့လေသည်။
အချိန်ငါးစက္ကန့်တိတိ ကြာပြီးနောက် သခင်လေးဝမ်က သက်ပြင်းရှိုက်လိုက်ကာ မကြားတကြား အသံဖြင့် ပြော လိုက်လေသည်။
“သောက်ကျိုးနည်း...။ အစ်ကို... ၊ ခင်ဗျား...၊ ခင်ဗျား တကယ်ပြောနေတာလား...။ ဘယ်သူ တွေနဲ့များ ပြဿနာ တက်ထားလို့လဲ...၊ အမဲလိုက်ရိုင်ဖယ်ဆိုတာ တရုတ်နိုင်ငံမှာ တင်းတင်း ကျပ်ကျပ် ကန့်သတ်ထားတာ...၊ ကစား စရာမဟုတ်ဘူးနော်...၊ လူသေနိုင် တယ်...။”
ဖန်းဟန်၏ လေသံမှာ အရေးမပါသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိပေ။
“ဈေးနှုန်းက ပြဿနာမဟုတ်ဘူး...။”
သူသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် သူ၏ နောက်ဆုံး အနိုင်ဖဲကို ပစ်ချလိုက်လေသည်။
“မကြာသေးခင်ကမှ...၊ ထိပ်တန်းအရည်အသွေးရှိတဲ့ တောဂျင်ဆင်း နောက်ထပ်တစ်သုတ် ငါ ရထားတယ်...။”
ထိပ်တန်းအရည်အသွေး ဟူသော စကားလုံးမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ သခင်လေးဝမ်၏ နားထဲတွင် ပေါက်ကွဲသွားခဲ့လေ၏။
ဖုန်း၏ တစ်ဖက်စွန်းမှ အသက်ရှူသံများမှာ ချက်ချင်းပင် လေးလံကာ မြန်ဆန်လာခဲ့လေသည်။
သူ၏ ဖခင်မှာ ဤအရာကို အလွန်ပင် နှစ်သက်လေသည်။ ပြီးခဲ့သည့် အကြိမ်က ဖန်းဟန်ထံမှ ရရှိခဲ့သော အနည်းငယ်ကိုပင် သူ၏ဖခင်က သားအရင်းတစ်ယောက်ကဲ့သို့ တန်ဖိုးထားခဲ့ လေ၏။
သူသည် နေ့စဉ်နေ့တိုင်း အရသာခံစားကာ တွေ့သမျှလူတိုင်းကို ကြွားလုံးထုတ်နေခဲ့လေသည်။ ထိုအကြောင်း ကြောင့် အိမ်တွင် သခင်လေးဝမ်၏ အဆင့်အတန်းမှာလည်း လိုက်ပါမြင့် တက်လာခဲ့ပေသည်။
“အစ်ကို...၊ ခင်ဗျား...၊ ခင်ဗျား တကယ်ပြောနေတာလား...။”
သခင်လေးဝမ်၏ အသံမှာ တုန်ယင်နေလျက်၊
“ပြီးခဲ့တဲ့တစ်ခေါက်က အရည်အသွေးမျိုးပဲလား...။”
“ပိုတောင် ကောင်းသေးတယ်...၊ လျော့မသွားစေရဘူး...။”
“...ကောင်းပြီလေ...”
သခင်လေးဝမ်မှာ ဆုံးဖြတ်ချက်ချလိုက်သည့်ဟန်ဖြင့် အံကိုကြိတ်ကာ၊
“အမဲလိုက်ရိုင်ဖယ်တွေက အရမ်းသိသာလွန်းတယ်...၊ ရဖို့လည်းခက်သလို အသံလည်း အရမ်း ဆူတယ်...။ ဒါ ပေမဲ့ တခြားတစ်ခုရဖို့တော့ ကျုပ် ကူညီပေးနိုင်တယ်...။ ကျုပ်ဆီက သတင်း ကိုသာ စောင့်နေ... ၊ဒါပေမဲ့ ခင်ဗျားဘာသာ သွားယူရလိမ့်မယ်...။ ဒါက သိပ်ပြီး ရှင်းရှင်းလင်း လင်း ရှိတဲ့ကိစ္စ မဟုတ်ဘူး...။”
“ရတယ်...”
ဖုန်းချလိုက်ပြီးနောက် ဖန်းဟန်သည် အနည်းငယ်မျှပင် အချိန်မဆွဲတော့ဘဲ ဖုန်တက်နေသော ကွန်ပျူတာကို ချက်ချင်းပင် ဖွင့်လိုက်လေသည်။
ပထမဆုံးအနေဖြင့် သူ လုပ်ချင်သည်မှာ ငွေဖြုန်းရန်ပင် ဖြစ်ပေသည်။
ရွှေသတ္တုချောင်း ဆယ်ချောင်း...။
ငွေတုံး ငါးဆယ်...။
ဤသည်မှာ ရှေးခေတ်ကာလ၏ အခိုင်အမာ ငွေကြေးများပင် ဖြစ်ပြီး ဤအရာများရှိလျှင် လူ တစ်ယောက်မှာ လမ်းလျှောက်နေသော ရွှေတွင်းကြီးတစ်ခုပင် ဖြစ်ချေသည်။
အကယ်၍ ဟိုဘက်တွင် ထောက်ပံ့ရေးပစ္စည်းများ မရှိတော့ပါက...။
ဤအရာများကို အသုံးပြု၍ ခရိုင်မြို့တွင် ကုန်ပစ္စည်းများကို တိုက်ရိုက် ဝယ်ယူနိုင်ပေသည်။
ထို့နောက်တွင်မူ မိမိကိုယ်ကိုကာကွယ်ရန်အတွက် ကိရိယာမျိုးစုံကို ဝယ်ယူခြင်းပင် ဖြစ်လေ ၏။
တိကျမှုမြင့်မားသော ပေါင်းစပ် လေးကိုင်း မှာ မီတာ (၂၀၀) အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး အံ့မခန်းဖွယ် ထိုးဖောက် နိုင်စွမ်း ရှိလေသည်။
အထူးသတ္တုစပ်ဖြင့် ပြုလုပ်ထားသော မြှားခေါင်း တစ်ရာမှာ တြိဂံပုံသဏ္ဌာန်ရှိပြီး သွေးထွက် လွန်စေသော မြောင်းများပါရှိကာ သံချပ်ကာများကို ဖောက်ထွင်းရန်နှင့် သွေးထွက်လွန်စေရန် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပေသည်။
ဓားခုတ်ခံနိုင်ပြီး ထိုးဖောက်၍မရသော အထူးတပ်ဖွဲ့သုံး ကြံ့ခိုင်မှုမြင့်မားသည့် တိုက်ပွဲဝင် ဝတ်စုံနှင့် တောတွင်း ရောင် ပြောက်ကျားဝတ်စုံများ...။
သံလိုက်အိမ်မြှောင်နှင့် မီးခတ်ကျောက်တို့ ပါဝင်သော စစ်တပ်သုံး ဘက်စုံသုံး ဓားမြှောင်...။
စွမ်းဆောင်ရည်မြင့် နေရောင်ခြည်စွမ်းအင်သုံး ပါဝါဘဏ် ဆယ်ခု...။
ဤစစ်တပ်သုံး စွမ်းအားမြင့် ရှာဖွေရေးမီးမောင်းကြီးမှာ မီတာ (၅၀၀) အထိ လင်းထိန်စေနိုင်ပြီး ၎င်း၏ လင်း လက်တောက်ပသောစနစ်က မျက်စိကို ချက်ချင်း ကန်းသွားစေနိုင်စွမ်း ရှိလေ သည်။
သူသည် တည်ငြိမ်စွာဖြင့်ပင် ပစ္စည်းများကို သူ၏ ဈေးဝယ်လှည်းထဲသို့ တစ်ခုပြီးတစ်ခု ရူးသွပ် စွာ ထည့်သွင်း လိုက်ပြီးနောက် မြန်ဆန်နိုင်သမျှ အမြန်ဆုံး ငွေပေးချေလိုက်ကာ အမြန်ပို့ဆောင် ပေးရန်အတွက် လိပ်စာအား လုံးကို ဖြည့်စွက်လိုက်လေသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးချိန်တွင် တစ်နာရီပင် မပြည့်သေးချေ။
စားပွဲပေါ်ရှိ ဖုန်းမှာ ထပ်မံတုန်ခါလာခဲ့ရာ သခင်လေးဝမ်ထံမှ ဖုန်းခေါ်ဆိုမှုပင် ဖြစ်လေသည်။
“အစ်ကို...၊ အဆင်ပြေသွားပြီ...။”
သခင်လေးဝမ်၏ အသံတွင် ထိန်းချုပ်ထားရသော စိတ်လှုပ်ရှားမှုများနှင့် အာရုံကြောလှုပ်ရှားမှု များ ပြည့်နှက် နေလျက် ပြောလိုက်လေ၏။
“ဒါက အမဲလိုက်ရိုင်ဖယ်ထက် ပိုကောင်းသလို ပိုပြီးတော့လည်း အဆင်ပြေတယ်...။ ဒါပေမဲ့ တစ်ခုပဲရှိတာမို့ ချွေတာသုံးပါ...။”
“ဘယ်နေရာမှာလဲ…”
“အရှေ့ဘက်ဆင်ခြေဖုံးက စွန့်ပစ်ထားတဲ့ တတိယဘိလပ်မြေစက်ရုံဟောင်းထဲမှာ...။ အလုပ်ရုံ အမှတ် (၃) ထဲ ဝင်ဝင်ချင်း ဘယ်ဘက်က တတိယမြောက် လျှပ်စစ်ဖြန့်ဖြူးရေး သေတ္တာထဲမှာ ...။ ကျုပ် အဲဒီမှာ ထားခဲ့တယ်...၊ ခင်ဗျားဘာသာ သွားယူလိုက်တော့...။ ယူပြီးသွားရင် ဆင်းမ် ကတ် ကို လွှင့်ပစ်လိုက်...။ ပြီးတော့ ကျုပ်ကို ထပ် မဆက်သွယ်နဲ့တော့...။”
သခင်လေးဝမ်မှာ ပြဿနာတက်မည်ကို ကြောက်ရွံ့နေသည့်အလား မြန်မြန်ဆန်ဆန်နှင့် အလောတကြီး ပြောဆို လိုက်ပြီးနောက် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဖုန်းချသွားခဲ့လေသည်။
ဖန်းဟန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သတိမထားမိနိုင်သော အနက်ရောင် အားကစားဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ကာ နှာခေါင်းစည်းနှင့် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းပြီး အောက်ထပ်သို့ တိုက်ရိုက် ဆင်းသွားခဲ့လေ၏။
သူသည် အငှားယာဉ်တစ်စီးကို တားလိုက်လေသည်။
“ဆရာ...၊ အရှေ့ဘက်ဆင်ခြေဖုံးက ဘိလပ်မြေစက်ရုံကို သွားမယ်...။”
ယာဉ်မောင်းသည် နောက်ကြည့်မှန်မှတစ်ဆင့် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ၊
“ဒီလို ညနက်သန်းခေါင်ကြီး ဘုရားစွန့်ပစ်ထားတဲ့ နေရာကို ဘာသွားလုပ်မလို့လဲ မသိဘူး...။” ဟု တီးတိုးရေ ရွတ်လိုက် သော်လည်း ကားကိုတော့ စက်နှိုးလိုက်လေသည်။
နာရီဝက်ကျော် ကြာပြီးနောက်တွင် အငှားယာဉ်မှာ လူသူကင်းမဲ့နေသော ဆင်ခြေဖုံးလမ်းမ တစ်ခုပေါ်တွင် ရပ်တန့်သွားခဲ့လေ၏။
ခပ်လှမ်းလှမ်းတွင်မူ ဧရာမ အဆောက်အအုံကြီးအချို့၏ ခြောက်ခြားဖွယ်ရာ ပုံရိပ်များကို တွေ့ မြင်နေရပြီး ၎င်းမှာ စွန့်ပစ်ထားသော ဘိလပ်မြေစက်ရုံဟောင်းပင် ဖြစ်ချေသည်။
ဖန်းဟန်သည် ငွေရှင်းလိုက်ပြီးနောက် ဘိလပ်မြေစက်ရုံဟောင်းဆီသို့ တစ်ယောက်တည်း လျှောက်သွားခဲ့လေ သည်။
ဘိလပ်မြေစက်ရုံမှာ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေပြီး ပျက်စီးနေသော ပြတင်းပေါက်များ မှတစ်ဆင့် တိုက်ခတ်လာသည့် ညလေပြင်း၏ အူသံများကိုသာ ကြားနေရပေသည်။
ဖုန်းမှ ထွက်ပေါ်နေသော အလင်းရောင်မှိန်မှိန်ကို အသုံးပြု၍ အလုပ်ရုံအမှတ် (၃) ကို ရှာတွေ့ သွားခဲ့လေ၏။
သံချေးတက်နေသော သံတံခါးကို တွန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မှိုနံ့နှင့် ဖုန်မှုန့်အနံ့ ပြင်းပြင်းက ဆီးကြို နေခဲ့လေသည်။
သူသည် ဘယ်ဘက်နံရံတွင်ရှိသော လျှပ်စစ်ဖြန့်ဖြူးရေးသေတ္တာတန်းကို ချက်ချင်းပင် မြင်တွေ့ လိုက်ရလေ၏။
သူသည် တတိယမြောက် သေတ္တာဆီသို့ လျှောက်သွားလိုက်ပြီး သံချေးတက်နေသော
သံ တံခါးကို ဖွင့်လိုက် လေသည်။
အတွင်းတွင်မူ ထောင့်မှန်စတုဂံပုံသဏ္ဌာန် အနက်ရောင် သတ္တုလက်ဆွဲသေတ္တာတစ်ခုမှာ တိတ်ဆိတ်စွာ ရှိနေ ခဲ့ပေသည်။
ဖန်းဟန်သည် လက်လှမ်းကာ ထိုသေတ္တာကို မယူလိုက်လေ၏။
၎င်းမှာ အလွန်ပင် လေးလံလှပေသည်။