← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂)၊

ရှားပါးဆေးမြစ်များကြောင့် သခင်လေးဝမ် အံ့အားသင့်ရခြင်း

"ဘာ... ဘာဖြစ်တာလဲ…။”

လူမိုက်တစ်ယောက်၏ လက်ထဲမှ လှံတံမှာ မြေပြင်ပေါ်သို့ 'ခလွပ်' ဟူသော အသံနှင့်အတူ ပြုတ်ကျသွားလေ သည်။ သူသည် ဖန်းဟန်ကို လက်ညှိုးထိုးရင်း ဆောင်းလေတွင် ကြွေကျနေသော အရွက်ကလေးတစ်ခုနှယ် တုန်ရီနေသည့် အသံဖြင့် အော်ဟစ်လိုက်၏။

“ဓားပြီးလှံပြီးသူ… ဟုတ်လား...။”

ဤအတွေးမှာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လူတိုင်း၏ ဦးနှောက်ကို တစ်ခဏချင်းအတွင်း ရိုက်ခတ်သွားစေ ခဲ့လေသည်။ သူတို့မှာ ရွာထဲတွင် ရန်ပြုတတ်သော၊ အနိုင်ကျင့်တတ်သော လူမိုက်ဂိုဏ်းသားများသာ ဖြစ်ကြ၏။

ခိုက်ရန်ဖြစ်ပွားခြင်းမှာ သူတို့အတွက် နေ့စဉ်ရိုးရိုးသာ ဖြစ်ပြီး သွေးထွက်သံယိုမှုများကိုလည်း အကြိမ်ကြိမ် မြင်ဖူးကြသည်။ သို့သော်လည်း လူသားတစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် မြားချက်များကို ခုခံနိုင်စွမ်းရှိသည်ကိုမူ ယခင်က တစ်ခါမျှ မမြင်ဖူးသလို စိတ်ကူးနှင့်ပင် မယုံကြည်နိုင်ကြပေ။

ဤသည်မှာ လူမဟုတ်တော့ချေ...။ ဤသည်မှာ မိစ္ဆာပင် ဖြစ်၏။

"မိစ္ဆာ...၊ မိစ္ဆာတစ်ကောင်ပဲ…။”

အခြားလူမိုက်တစ်ယောက်မှာ ထူးဆန်းသော အော်သံကို ထုတ်လွှတ်လိုက်ပြီး ကြောက်လန့်လွန်းသဖြင့် မြေပြင် ပေါ်သို့ ပုံလျက်လဲကျသွားလေသည်။ သူ၏ ပုဆိုးမှာလည်း ချက်ချင်းပင် စိုစွတ်သွားကာ အနံ့ဆိုးများ ထွက်ပေါ် လာတော့၏။

ကျန်းအာကော်၏ မျက်နှာမှာ ရေထဲမှ ဆယ်ယူထားသည့် စက္ကူတစ်ရွက်ပမာ ဖြူဖျော့သွားလေသည်။ သူ၏ ခြေထောက်များမှာ ထိန်းမရအောင် တုန်ယင်နေပြီး လက်ထဲရှိ ကျိုးနေသော လေးကိုပင် မနည်းဆုပ်ကိုင်ထား ရလေ၏။

ကြောက်ရွံ့ခြင်းမှာ ရေခဲပြင်ကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။

သို့သော် ထိုကြောက်မက်ဖွယ်ကောင်းသော ခံစားချက်များအောက်တွင် 'မိစ္ဆာမှော်ပညာ' ဆိုသည့် နာကျင်ဖွယ် မှတ်ဉာဏ်များက အစအန ပေါ်လာခဲ့လေသည်။

၎င်းက သူ၏ အာရုံကြောများကို စူးနစ်သွားစေ၏။ လျှပ်စစ်ဓာတ်လိုက်ခံရပြီး ပါးစပ်မှ အမြုပ်များတံတွေးများ ထွက်ကာ မြေပြင်ပေါ်တွင် ခွေးသေကောင်ပမာ တုန်ရီနေခဲ့ရသည့် အဖြစ်ကို သူ ပြန်လည် မြင်ယောင်လာမိ လေသည်။

“သူ့ကို အနားကပ်ခွင့် မပေးနဲ့...။ လုံးဝ မပေးနဲ့...။”

"ပိုက်ကွန်ကို သုံးကြ...။ အားလုံး ဝိုင်းပိတ်ထားကြ...။ သူ့ကို အနားကပ်မခံနဲ့…။”

ကျန်းအာကော်သည် လူအုပ်၏ နောက်ကွယ်တွင် ပုန်းကွယ်နေရင်း အားကုန်အော်ဟစ်လိုက်၏။ သူ၏ အသံမှာ အမြီးကို အနင်းခံလိုက်ရသော တောကြောင်တစ်ကောင်ကဲ့သို့ စူးရှနေခဲ့လေသည်။

သူ၏ အော်ဟစ်သံကြောင့် ဉာဏ်နည်းသော လူမိုက်နှစ်ယောက်မှာ ရဲစိတ်ဝင်သွားကြပြီး တုန်ရီနေသော ပိုက်ကွန် များကို ဖန်းဟန်၏ ခေါင်းပေါ်သို့ 'ယား' ဟူသော အော်သံနှင့်အတူ ဇွတ်အတင်း ပစ်ပေါက်လိုက်ကြသည်။

ငါးညှီနံ့များ ထွက်ပေါ်နေသည့် ပိုက်ကွန်မှာ လေထဲတွင် ပြန့်ကားသွားပြီး 'မိစ္ဆာ' ဖြစ်သူ ဖန်းဟန်ကို အမိအရ ဖမ်းဆီးရန် ကြိုးစားလိုက်ကြခြင်း ဖြစ်၏။

ဖန်းဟန်သည် သူ၏ဆီသို့ ပျံသန်းလာသော ပိုက်ကွန်ကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံး တစ်ခုကို ပေါ်လွင်စေလိုက်သည်။

သူသည် နောက်သို့ ဆုတ်ခွာမည့်အစား ရှေ့သို့ပင် တိုးဝင်သွားခဲ့၏။

ကိုယ်ခန္ဓာကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ပိုက်ကွန်၏ အကွာအဝေးမှ အသာအယာ လွတ်မြောက်သွားခဲ့လေ သည်။

လူမိုက်နှစ်ယောက်မှာ အားလွန်သွားကြသဖြင့် ပိုက်ကွန်မှာ လေထဲတွင် သက်သက်သာ ဖြစ်သွားပြီး တစ်ဦးနှင့် တစ်ဦး တိုက်မိမတတ်ပင် ဖြစ်သွားကြ၏။

ထိုသို့ သူတို့ ကြောင်သွားသည့် ခဏလေးတွင်...၊ ဖန်းဟန်၏ လက်ထဲတွင် အနက်ရောင်တုတ်တံတို တစ်ခုမှာ လေထဲမှ ပေါ်ထွက်လာခဲ့လေသည်။

သူသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး လူမိုက်တစ်ယောက်၏ အနားသို့ ချက်ချင်း ရောက်ရှိသွားသည်။ ထို့ နောက် မကြည့်ဘဲနှင့်ပင် ထိုလူမိုက်၏ ဝမ်းဗိုက်ကို အနက်ရောင်တုတ်ဖြင့် အမိအရ ထိုးသွင်းလိုက်၏။

"ဂျိ…။”

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ချက်...။

မြွေဆိပ်ကဲ့သို့ အပြာရောင် လျှပ်စီးကြောင်းတစ်ခုမှာ လူမိုက်၏ ဗိုက်ပေါ်တွင် ပေါက်ကွဲသွားခဲ့လေသည်။

"အူး.. "

လူမိုက်မှာ လူသားအသံ မဟုတ်တော့သည့် အော်ဟစ်သံကို ထုတ်လွှတ်လိုက်၏။

လျှပ်စီးဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်ခဲသွားလေသည်။

သူ၏ မျက်လုံးများမှာ နောက်သို့ လန်တက်သွားပြီး ပါးစပ်မှလည်း အဖြူရောင် အမြုပ်များ စီးကျလာတော့ သည်။

တစ်ခုလုံးမှာ ဆန်ခါရိုက်ခံရသကဲ့သို့ ပြင်းထန်စွာ တုန်ရီသွားပြီးနောက် နောက်သို့ လဲကျသွားခဲ့လေ၏။ မြေပြင် ပေါ်သို့ ပစ်လဲကျသွားပြီးနောက်တွင်လည်း လက်နှင့် ခြေထောက်များမှာ မထိန်းနိုင်ဘဲ တုန်ရီနေဆဲပင် ဖြစ်၏။

ဤမြင်ကွင်းမှာ လူတိုင်း၏ စိတ်ဓာတ်ခွန်အားကို အပိုင်းပိုင်း ကြေမွသွားစေတော့သည်။

ပိုက်ကွန်ကို ပစ်နေသည့် အခြားလူမိုက်မှာလည်း သူ၏လုပ်ဖော်ကိုင်ဖက်မှာ မိမိမျက်စိရှေ့တွင်ပင် အသားစိုင်များ အဖြစ် ပြောင်းလဲသွားသည်ကို ကြည့်နေရင်း ကြောက်ရွံ့သွားခဲ့၏။

သူသည် အော်ဟစ်လိုက်ပြီး လက်ထဲရှိ လက်နက်ကို ပစ်ချကာ လှည့်ပြေးသွားလေသည်။ သူ၏ မိဘများက ခြေထောက်နှစ်ဖက်ထက် ပိုပေးခဲ့ပါလျှင် ကောင်းမည်ဟုပင် တွေးမိနေလောက်ပေသည်။

ဖန်းဟန်၏ မျက်လုံးများမှာ သနားကရုဏာ ကင်းမဲ့စွာဖြင့် အေးစက်နေလေသည်။

သူသည် ပြေးသွားသော ပုံရိပ်ကို ကြည့်နေရင်း အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ဖြည်းညင်းစွာ ထုတ်ယူလိုက်၏။

၎င်းမှာ ထူးဆန်းစွာ ပုံသဏ္ဍာန် ပြုလုပ်ထားသော အနက်ရောင် သံတုံးတစ်ခု ဖြစ်သည်။

ကျန်ရှိနေသော လူမိုက်များနှင့် ကျန်းအာကော်တို့သည် ဖန်းဟန်၏ လက်ထဲရှိ အရာဝတ္ထုကို စူးစိုက်ကြည့်နေကြ ပြီး မျက်လုံးများတွင်မူ နားမလည်နိုင်ခြင်းနှင့် နက်ရှိုင်းသော ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။

ဘာတွေလဲ...။

ဒါက မိစ္ဆာမှော်ပညာ အသစ်တစ်ခုလား...။

ဖန်းဟန်သည် လက်ကို မြှောက်လိုက်ပြီး ထိုအနက်ရောင်သံတုံးကို ပြေးနေသည့် လူမိုက်၏ နောက်ကျောဆီသို့ ချိန်ရွယ်လိုက်သည်။

"ဒိုင်း…။”

တိတ်ဆိတ်နေသော တောင်တောတစ်ခုလုံးကို လှုပ်ခါသွားစေသည့် ပြင်းထန်သော အသံတစ်ခု ပေါက်ကွဲသွားခဲ့ လေသည်။

ဤအသံမျိုးကို သူတို့ ယခင်က တစ်ခါမျှ မကြားဖူးခဲ့ကြပေ။

သတ္တုနှင့် သတ္တု ထိခိုက်သံလည်း မဟုတ်၊ မိုးခြိမ်းသံလည်း မဟုတ်...၊ နားစည်ကိုပင် ကွဲထွက်သွားစေလောက် သည့် သန့်စင်ပြီး ပြင်းထန်သော ပေါက်ကွဲသံသာ ဖြစ်၏။

အသည်းအသန် ပြေးနေသည့် လူမိုက်မှာ မမြင်နိုင်သော ဧရာမတူကြီးဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့လေသည်။

သူ၏ နောက်ကျောတွင် ဝတ်ထားသော အဝတ်စုတ်များမှာ ပေါက်ကွဲသွားပြီး ပန်းကန်လုံးအရွယ်ခန့်ရှိသော သွေးအိုင်ကြီးနှင့် အဖြူရောင် အရိုးများပင် ထွက်ပေါ်လာတော့၏။

သူသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ကြိုးပြတ်သွားသော အရုပ်တစ်ရုပ်ကဲ့သို့ မြေပြင်ပေါ်သို့ ပုံလျက် လဲကျသွားပြီး ဖုန်မှုန့်များ ထသွားကာ တိတ်ဆိတ်သွားတော့သည်။

'တစ္ဆေချောက်ကမ်းပါး' တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားခဲ့လေသည်။

လေတိုက်နှုန်းမှာ ရပ်တန့်သွားပြီး ငှက်များမှာလည်း အသံတိတ်ကုန်ကြကာ ပိုးကောင်များပင် မအော်ရဲတော့ပေ။

ကျန်ရှိနေသည့် လူမိုက်သုံးယောက်နှင့် ကျန်းအာကော်တို့မှာ မှော်အတတ်မိထားသည့်အလား လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ တောင့်ခဲသွားကြသည်။

သူတို့သည် သွေးအိုင်ထဲတွင် လဲကျနေသည့် လုပ်ဖော်ကိုင်ဖက်ကိုလည်းကောင်း၊ နောက်ကျောမှ ကြောက်မက် ဖွယ်ကောင်းသော သွေးပေါက်ကြီးကိုလည်းကောင်း ကြည့်မိလိုက်ကြသည်။

ထို့နောက် ဖန်းဟန်၏ လက်ထဲတွင် မီးခိုးအပြာများ ထွက်နေဆဲဖြစ်သည့် အနက်ရောင်သံတုံးကို ကြည့်လိုက်ကြ လေ၏။

သူတို့၏ ကမ္ဘာအမြင်မှာ ထိုပေါက်ကွဲသံနှင့်အတူ အပိုင်းပိုင်း ကြေမွသွားခဲ့ပြီ ဖြစ်သည်။

ဒါ ဘာလဲ...။

လျှို့ဝှက်လက်နက်လား...။ မဟုတ်ဘူး…၊ ကမ္ဘာပေါ်တွင် မိုးခြိမ်းသံမျိုး ထွက်ပေါ်လာနိုင်တဲ့ လျှို့ဝှက်လက်နက် မျိုး ဘယ်မှာ ရှိမှာလဲ။

မိစ္ဆာမှော်လား...။ ဟုတ်တယ် ၊ ပိုပြီး ပြင်းထန်တဲ့ မိစ္ဆာမှော်ပဲ ဖြစ်ရမယ်။

ဒါ... ဒါက ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်ခြင်းလား...။

"ပြေးကြ…။”

တစ်စုံတစ်ယောက်က အသက်လု အော်ဟစ်လိုက်၏။

ကျန်ရှိနေသော လူမိုက်သုံးယောက်မှာလည်း အခြေအနေကို သဘောပေါက်သွားကြသည်။

သူတို့၏ စိတ်ဝိညာဉ်တို့မှာ လွင့်ပါးသွားခဲ့ပြီ ဖြစ်၍ ညီအစ်ကို မောင်နှမ ဆိုသည်ကိုလည်းကောင်း၊ ရွှေငွေရတနာ နှင့် မိန်းမလှများအကြောင်းကိုလည်းကောင်း မေ့လျော့သွားကြလေသည်။

ငိုယိုအော်ဟစ်ရင်း လှည့်ပြေးသွားကြရာ တစ်ယောက်တစ်လမ်းစီသို့ အသက်လုကာ ထွက်ပြေးသွားကြတော့ သည်။

ကျန်းအာကော်သည်လည်း အခြေအနေကို အဆုံးတွင် သဘောပေါက်သွားကာ လက်ထဲရှိ လေးနှင့် မြားကို ပစ်ချ ပြီး ကြောက်လန့်လွန်းသဖြင့် နောက်ရှိ ထူထပ်သော တောအုပ်ထဲသို့ အသက်စွန့် ထွက်ပြေးသွားတော့သည်။

ဖန်းဟန်မှာမူ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေလေ၏။

သူသည် လက်ကို မြှောက်လိုက်ပြီး ပြေးသွားသည့် လူမိုက်တစ်ယောက်၏ နောက်ကျောကို ချိန်ရွယ်ကာ ပစ် လိုက်လေသည်။

"ဒိုင်း…။”

နောက်ထပ် ပေါက်ကွဲသံတစ်ချက်နှင့်အတူ လူမိုက်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြန်၏။

"ဒိုင်း…။”

တတိယမြောက် လူမိုက်၏ ဦးခေါင်းမှာ ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားပြီး အနီရောင်နှင့် အဖြူရောင် အသားစိုင်များ လွင့်စင်သွားလေသည်။

"ဒိုင်း…။”

နောက်ဆုံးလူမိုက်မှာ ခါးအောက်ပိုင်းကို အမှန်ခံလိုက်ရပြီး အော်ဟစ်ကာ မြေပြင်ပေါ် လဲကျသွားပြီးနောက် အနည်းငယ် တုန်ရီသွားပြီး ငြိမ်သက်သွားခဲ့လေသည်။

ကျည်ဆံတိုင်းမှာ အသက်ကို နှုတ်ယူသွားခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ္ဆေချောက်ကမ်းပါးတွင် ဖန်းဟန်နှင့် ကြောက်လန့်နေသော မြည်းတစ်ကောင် သာ ကျန်ရစ်ခဲ့တော့သည်။

ကျန်းအာကော်တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့တော့၏။

All Chapters