အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) ကျေးဇူးဆပ်ခြင်း
သူက မိုးပျံနဂါးနှစ်ကောင်၏ ခေါင်းကို တစ်ချက်စီ ရိုက်ချလိုက်သည်။
“အင်း... သုံးကျင်းလောက်တော့ရှိမယ်...”
လီလန်သည် မိုးပျံနဂါးနှစ်ကောင်ကို အလေးချိန် ချိန်ကြည့်လိုက်ရာ တစ်ကောင်စီတွင် တစ်ကျင်းကျော်စီ ရှိသဖြင့် စုစုပေါင်း သုံးကျင်းနီးပါး ရှိမည်ဖြစ်သည်။ တောင်ပေါ်ရှိ မိုးပျံနဂါးများမှာ သာမန်အားဖြင့် တစ်ကျင်းထက် လျော့နည်းလေ့ရှိသဖြင့် တစ်ကျင်းကျော်စီ ရှိသော ဤမိုးပျံနဂါးနှစ်ကောင်မှာ အသား အလွန်နူးညံ့၍ အရသာရှိမည်မှာ အသေအချာပင်။
လီလန်က အလွန်ပင် စိတ်လှုပ်ရှားနေသည်။ ယုန်ကို စောင့်ရသကဲ့သို့ပင် မပင်မပန်းဘဲ ဤမိုးပျံနဂါးနှစ်ကောင်ကို ရလိုက်ခြင်းဖြစ်သည်။ သူ စိတ်လှုပ်ရှားရသည့် အကြောင်းရင်း နှစ်ချက်ရှိသည်။ ပထမအချက်မှာ စနစ်မှ ပေးသော သတင်းအချက်အလက်များမှာ အမှန်တကယ် ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
ဤသည်မှာ နောက်နေ့များတွင်လည်း နေ့စဉ် မွန်းလွဲ ၁၂ နာရီ၌ လျှို့ဝှက်သေတ္တာကို ပြန်လည်ဆန်းသစ်စေရုံဖြင့် သားကောင်များအကြောင်း သတင်းရရှိပြီး အလွယ်တကူ ဖမ်းဆီးနိုင်မည့် အခွင့်အရေးများ ဆက်တိုက် ရရှိတော့မည် ဖြစ်သည်။ ဒုတိယအချက်မှာမူ ညီမလေးတို့နှင့် အဖေ့အတွက် အာဟာရဖြည့်ပေးနိုင်မည်ဖြစ်ခြင်းပင်။ ညီမနှစ်ယောက်မှာ နေ့စဉ် တောဟင်းရွက်များသာ စားနေရသဖြင့် အာဟာရချို့တဲ့ကာ ပါးပြင်များ ချိုင့်ဝင်နေသည်ကို မြင်ရသည်မှာ စိတ်မကောင်းစရာပင်။
လီလန်သည် နွယ်ပင်တစ်ခုကို ရှာကာ မိုးပျံနဂါးနှစ်ကောင်ကို ကြိုးချည်ပြီး ခါးတွင် ချိတ်လိုက်သည်။ ရွှမ်းရွှေရွာမှ မုဆိုးအဖွဲ့ဝင်များသည် တောဝက် သို့မဟုတ် ဆားဖောင်ဇီကဲ့သို့သော သားကောင်ကြီးများကို ရလျှင် ပုခုံးပေါ် ထမ်းလာလေ့ရှိကြသည်။ ယုန် သို့မဟုတ် တောကြက်ကဲ့သို့ သားကောင်ငယ်များဆိုလျှင်မူ လျှော်ကြိုး သို့မဟုတ် နွယ်ပင်ဖြင့် ချည်ကာ ခါးတွင် ချိတ်ဆွဲလေ့ရှိကြသည်။ ဤသည်မှာ ရွှမ်းရွှေရွာ၏ အမဲလိုက် ဓလေ့တစ်ခုပင် ဖြစ်သည်။(ဆားဖောင်ဇီက သမင်ငယ်တစ်မျိုးလို့သိရပါတယ်)
လီလန်သည် မိုးပျံနဂါးများကို ချိတ်ဆွဲပြီးနောက် ကျိုင်းပင်အိုကြီးအောက်ရှိ ထောင်ချောက်များကို ရှင်းလင်းကာ တောင်အောက်သို့ ဆင်းရန် ပြင်လိုက်သည်။ လမ်းလျှောက်ရင်းပင် မိုးပျံနဂါးအမ၏ တောင်ပံ ဒဏ်ရာကို တွေးတောနေမိသည်။ အနီးကပ် စစ်ဆေးကြည့်ရာတွင် ယမ်းနံ့အနည်းငယ် ရနေသည်။ ဤဒဏ်ရာမှာ သေနတ်ဒဏ်ရာ ဖြစ်ပုံရသည်။
“ဘယ်သူလဲ...”
ဝက်ဝံနက်တောင်မှ ဆင်းလာပြီး လမ်းဆုံသို့ ရောက်သည့်အခါ အနီးအနားရှိ ချုံပုတ်များထဲမှ "ဂျွတ်" ဟူသော အသံကို ကြားလိုက်ရသည်။ သူ့ရင်ထဲမှာ တစ်ချက် ပူသွားပြီး ချက်ချင်းပင် ကုန်း၍ လက်ထဲသို့ အားပြုနိုင်ရန် ခွက်လုံးခန့်ရှိသော သစ်သားတုတ်ကို ကောက်ကိုင်လိုက်သည်။ ဤသည်မှာ ဝက်ဝံနက်တောင်ဖြစ်သည်။ ဝက်ဝံနက်တောင်တွင် အပေါဆုံးအရာမှာ ဝက်ဝံများပင် ဖြစ်သည်။ လီလန်သည် သစ်သားတုတ်ကို တင်းတင်းဆုပ်ကိုင်ကာ ချုံပုတ်များဘက်သို့ သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်။
“အော်... လီလန်ပါလား...”
ချုံပုတ်ထဲမှ အရိပ်နှစ်ခု တစ်ခုပြီးတစ်ခု ထွက်လာသည်။ ရှေ့ဆုံးမှ လာသူမှာ ခွေးသားဦးထုပ်ကို ဆောင်းထားသည်။ သူမှာ အသက် ၆၀ ကျော် အရွယ်ဖြစ်ပြီး အရပ် ၁.၈ မီတာခန့်ရှိကာ အလွန်မြင့်မားသည်။ မျက်နှာပေါ်တွင် တွန့်လိမ်နေသော အရေးအကြောင်းများ ရှိသော်လည်း မျက်လုံးများမှာ တောင်ပေါ်ရှိ မိုးပျံနဂါးကဲ့သို့ ထက်မြက်သည်။
သူ၏ ကျောမှာ မတ်စောက်ပြီး လမ်းလျှောက်လျှင်လည်း အားမာန်အပြည့် ရှိသည်။ သူ၏ ကျောတွင် သေနတ်တစ်လက်ကို လွယ်ထားသည်။ သူ့နောက်တွင်မူ အရပ်ပိုရှည်ပြီး ဝသော လူငယ်တစ်ယောက် ပါလာသည်။ သူလည်း ခွေးသားဦးထုပ်နှင့် သိုးသားရေကို ဝတ်ဆင်ထားသည်။ ထွားကျိုင်းပြီး အေးသောကြောင့် မျက်နှာလေးမှာ နီရဲနေသော်လည်း ရိုးအအ ပုံစံမျိုး ဖြစ်သည်။
“အဘိုးကျောက်… ကျောက်လျူ”
လီလန်က အမြန်ပင် လှမ်းခေါ်လိုက်သည်။ ဝက်ဝံနက်တောင်မှ ဆင်းလာသော ဤအဘိုးနှင့် မြေးမှာ ရွှမ်းရွှေရွာမှပင်ဖြစ်ပြီး လီလန်တို့အိမ်နှင့် အိမ်နီးချင်းများ ဖြစ်ကြသည်။ သူတို့သည် အိမ်နီးချင်းကောင်းများဖြစ်ကြပြီး ခင်မင်မှုလည်း ရှိကြသည်။
ရိုးအသော ကျောက်လျူဆိုလျှင် လီလန်၏ ငယ်သူငယ်ချင်းဖြစ်ပြီး ဘောင်းဘီတစ်ထည်တည်းဝတ်ပြီး အတူကြီးပြင်းလာသူဖြစ်သည်။ အသက်တူသော်လည်း အစဉ်အလာအရ ကျောက်လျူက လီလန်ကို "ဦးလေး" ဟု ခေါ်ရမည် ဖြစ်သည်။
လီလန်ကို လီရှန်းဟွာက အတင်းကွာရှင်းခိုင်းစဉ်က အိမ်ရှိ တန်ဖိုးရှိသော ပစ္စည်းများ အကုန်ပါသွားသဖြင့် ဘာမျှမကျန်ခဲ့ဘဲ ထမင်းငတ်ခဲ့ရသည်။ ခြေထောက်ကိုလည်း ထိုလူယုတ်မာနှစ်ကောင်ကြောင့် ဒဏ်ရာရခဲ့သဖြင့် အိပ်ရာထဲ လဲနေခဲ့ရသည်။
ထိုအချိန်က လီလန်နှင့် ဒုတိယညီမလေးကို နေ့စဉ် စားစရာနှင့် အခြောက်အသားများ လာပေးပြီး ကူညီခဲ့သူမှာ ကျောက်လျူပင်
ဖြစ်သည်။ မြို့မှ ခြေဗလာဆရာဝန်ကိုပင် ခေါ်ပေးပြီး လီလန်၏ ခြေထောက်ဒဏ်ရာကို ကုသပေးခဲ့သည်။
အကျပ်အတည်း ကြုံမှသာ စစ်မှန်သော ခင်မင်မှုကို မြင်နိုင်သည်။ လီလန်သည် ထိုစဉ်က အငတ်မခံဘဲ အသက်ရှင်နိုင်ခဲ့ခြင်းမှာ ကျောက်လျူ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ ယခု ထိုရိုးအသော ကျောက်လျူကို မြင်လိုက်ရသဖြင့် လီလန် ရင်ထဲမှာ လှုပ်ရှားသွားသည်။
“ကျောက်လျူ... ဘာလို့ ဒီအတိုင်း ရပ်နေတာလဲ... နှုတ်ဆက်လေ...”
သေနတ်ကို ကိုင်ကာ ယာလုမြစ်ကို ရောက်ခဲ့ဖူးပြီး ဝံပုလွေများကို တိုက်ခိုက်ခဲ့ဖူးသော အဘိုးကျောက်မှာ အလွန်ဖြောင့်မတ်သူ ဖြစ်သည်။ သူ့မြေးဖြစ်သူက လီလန်ကို ငေးကြည့်နေသည်ကို မြင်သဖြင့် ချက်ချင်းပင် ကန်လိုက်သည်။
“ဦးလေး”
ကျောက်လျူ သတိဝင်လာပြီး လီလန်ကို လှမ်းခေါ်လိုက်သည်။
“မလိုပါဘူး... ကျောက်လျူနဲ့ ငါက အသက်တူတူပဲ... အစ်ကိုလို့ပဲ ခေါ်ပါ...”
လီလန် အနေခက်စွာ ပြုံးလိုက်သည်။ အသက်တူသူက "ဦးလေး" ဟု ခေါ်လျှင် သူကိုယ်တိုင် အိုမင်းသွားသလို ခံစားရပြီး အသက်တိုသွားမည့်အလား ထူးဆန်းနေသည်။
“လီလန်... ဒါက...”
အဘိုးကျောက်၏ မျက်လုံးမှာ လျင်မြန်သဖြင့် လီလန်၏ ခါးတွင် ချိတ်ထားသော မိုးပျံနဂါးများကို ချက်ချင်း မြင်လိုက်သည်။
“ဒီမိုးပျံနဂါးနှစ်ကောင်ကို မင်း ဖမ်းလာတာလား...”
ကျောက်လျူမှာမူ လီလန်၏ ခါးတွင် ချိတ်ထားသော မိုးပျံနဂါးနှစ်ကောင်ကိုသာ တံတွေးမြိုချကာ ငေးကြည့်နေသည်။
“ဟုတ်တယ် အဘိုး... ကံကောင်းလို့ ထောင်ချောက်ထဲ ကျသွားတာ...”
လီလန်က မဖုံးကွယ်ထားပေ။
“မင်းကတော့ ထူးချွန်တာပဲ... တစ်ခါတည်းနဲ့ နှစ်ကောင်တောင် ရလာတာ... ဒီနေ့တော့ မင်းအဖေအတွက် ကုသိုလ်ထူးပါပဲ...”
အဘိုးကျောက်သည် လီလန်၏ ပခုံးကို ပုတ်ကာ ဝမ်းသာအားရ ချီးကျူးလိုက်သည်။
“လူငယ်မျိုးဆက်တွေက ထူးချွန်တယ် တကယ်ပဲ ထူးချွန်ကြတယ်။ ငါ့လို အဘိုးအိုက မြေးနဲ့အတူ တောင်ပေါ်မှာ သုံးရက်တောင် လှည့်ပတ်နေတာ ငှက်မွှေးတစ်ချောင်းတောင် မတွေ့ဘူး၊ မင်းကတော့ မိုးပျံနဂါးနှစ်ကောင်တောင် ရလာတယ်”
အဘိုးအိုဖြစ်သူမှာ တကယ်ပင် အားကျမိသည်။ အဘိုးကျောက်သည် လီလန်၏ မိုးပျံနဂါးနှစ်ကောင်ကို အားကျနေမိသည်။ ဤသည်မှာ "ကောင်းကင်ဘုံ၏ နဂါးအသား" ဖြစ်ပြီး ကင်စားစား၊ ဟင်းရည်သောက်သောက် အလွန်မွှေးကြိုင်နေမည်မှာ အသေအချာပင်။
ထို့ပြင် ယခုအခါ ရွာတွင် အငတ်ဘေး ကြုံနေရသည်။ သူနှင့် မြေးဖြစ်သူမှာ တောဟင်းရွက်နှင့် ကန်စွန်းဥများသာ စားနေရသဖြင့် အသားကို အလွန်လိုချင်နေကြသည်။ ထို့ကြောင့် အဘိုးအိုသည် အကြီးဆုံးမြေးကိုခေါ်ကာ သေနတ်ကိုင်၍ ဝက်ဝံနက်တောင်တွင် တောယုန်အနည်းငယ် သို့မဟုတ် ဆားဖောင်ဇီလေးများ ရနိုင်မလားဟု မျှော်လင့်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။
သို့သော် တောင်ပေါ်တွင် သုံးရက်တိုင်တိုင် လှည့်ပတ်သော်လည်း နှင်းများသာ တွေ့ခဲ့ရသည်။ အဘိုးနှင့်မြေး နှစ်ယောက်မှာ အေးလွန်းသဖြင့် မျက်နှာများ နီရဲနေပြီး မျက်ခုံးမွေးများပင် နှင်းခဲနေကြသော်လည်း အသက်ရှင်သော သားကောင်နှင့် မတွေ့ခဲ့ရပေ။ ဆောင်းလယ်တွင် ကျောက်ဘိုင်တောင်မှာ နှင်းများ ထူထပ်လွန်းသည်။ တောင်ပေါ်ရှိ နှင်းမှာ လူတစ်ယောက်၏ ခါးအမြင့်ထက်ပင် ပိုမိုမြင့်မားသဖြင့် ယုန်အနည်းငယ် ဖမ်းရန်မှာ အလွန်ပင် ခက်ခဲလှသည်။
“မင်း ကံကောင်းတာပါကွာ... မိုးပျံနဂါးတွေ ရလာတာ...”
အဘိုးကျောက်သည် ချီးကျူးစကား မဆိုဘဲ မနေနိုင်ပေ။ သူသည်လည်း အတွေ့အကြုံရှိသော မုဆိုးကြီးဖြစ်သဖြင့် ဤမျှ နှင်းထူထပ်သောအချိန်တွင် မိုးပျံနဂါး ဖမ်းမိရန် မည်မျှ ခက်ခဲကြောင်း သိသည်။
“ကံကောင်းတာပါ အဘိုး... ကံကောင်းတာပါ...”
လီလန် ရယ်မော၍ ရှောင်လွှဲလိုက်သည်။ "နေ့စဉ်လျှို့ဝှက်သေတ္တာ" စနစ်မှာ သူ့၏ လျှို့ဝှက်ချက်ဖြစ်သည်။ ဤလျှို့ဝှက်ချက်ကို အခြားသူများကို မသိစေရပေ၊ မဟုတ်လျှင် ဒုက္ခများ ပေါများလာလိမ့်မည်။
“အဘိုးကျောက်... အဘိုးနဲ့ ကျောက်လျူ တောင်ပေါ်မှာ အမဲလိုက်ဖို့ သွားကြတာလား...”
အဘိုးကျောက်သည် ရှက်ရွံ့စွာ ပြုံးလိုက်ရာ အဝါရောင် သွားကြီးများ ပေါ်လာသည်။ သူ၏ အိုမင်းသော မျက်နှာမှာ အနည်းငယ် အနေရခက်နေသည်။ လီလန်သည် သူ၏ အမူအရာကို မြင်သဖြင့် အဘိုးနှင့်မြေး နှစ်ယောက်လုံး အလကား ပြန်လာကြကြောင်း သိလိုက်သည်။
“ကျောက်လျူ... ဒါ မင်းအတွက်...”
လီလန်သည် မတွန့်ဆုတ်ဘဲ အကြီးဆုံးဖြစ်သော မိုးပျံနဂါးအထီးကို ကျောက်လျူထံ ပေးလိုက်သည်။ ကျောက်လျူသည် သူ၏ အသက်ကယ် ကျေးဇူးရှင်ဖြစ်ခဲ့သည်။ ထိုစဉ်ကသာ ကျောက်လျူသာ မကူညီခဲ့ပါက သူနှင့် ဒုတိယညီမလေးမှာ ထမင်းငတ်၍ သေဆုံးသွားကြမည်မှာ ကြာလှပြီ။ ယနေ့ ဝက်ဝံနက်တောင်တွင် တွေ့ဆုံရသဖြင့် မည်သို့ပင်ဖြစ်စေ ဤကျေးဇူးကို ပြန်ဆပ်ရမည်။
“အစ်ကိုလီလန်... ဒါက...”
ကျောက်လျူသည် လီလန် ကမ်းပေးသော မိုးပျံနဂါးကို ကြည့်ကာ တံတွေးမြိုချနေသော်လည်း မယူရဲပေ။ အဘိုးဖြစ်သူက စကားမပြောသေးသဖြင့် သူ မယူရဲခြင်းဖြစ်သည်။
“လီလန်... ဒါ မဖြစ်သင့်ဘူး။ မင်း နောက်ဆုံးတော့ နှစ်ကောင် ရလာတာပဲ။ ဒါတွေက မင်းသားကောင်တွေ။ မင်းအဖေနဲ့ ညီမလေးတို့စားဖို့ အမြန်ပြန်ယူသွား...”
အဘိုးကျောက်သည် မိုးပျံနဂါးကို ပြန်တွန်းလိုက်သည်။
“ရွာမှာ အခု အငတ်ဘေးကြုံနေရပြီး အိမ်တိုင်းက အခက်အခဲ ရှိနေကြတယ်။ အပို စားစရာတစ်ခုဆိုတာ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပဲ...”
“မင်းရဲ့စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ငါတို့ လက်မခံနိုင်ပါဘူး...”
အဘိုးကျောက်က ထပ်ပြောသည်။ ချက်ချင်းပင် မိုးပျံနဂါးအထီးကို လီလန်၏ ခါးတွင် ပြန်ချည်ပေးလိုက်သည်။ လီလန်သည် အဘိုးကျောက်၏ စရိုက်ကို သိသည်။ သူသည် ဖြောင့်မတ်ပြီး စစ်တပ်တွင် တာဝန်ထမ်းဆောင်ကာ ရန်သူများကို တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်သည်။ သူ မယူမှန်း သိသဖြင့် ကျောက်လျူကို မျက်စိမှိတ်ပြခဲ့ခြင်း ဖြစ်သည်။ ကျောက်လျူက အဘိုးကို ကြောက်၍ မယူရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အဘိုးကျောက်... ကျွန်တော်တို့ တစ်ကောင်ပဲ လိုတာပါ။ နောက်တစ်ကောင်ကို ကျောက်လျူ ဟင်းရည်သောက်ဖို့ ပြန်ယူသွားလိုက်ပါ...”
“ကျောက်လျူနဲ့ ကျွန်တော်က အတူကြီးပြင်းလာတာပါ။ အဘိုးတို့ နှစ်ယောက် ဗိုက်ဆာနေတာကို ကျွန်တော် ဒီအတိုင်း မကြည့်ရက်ဘူး...”
လီလန်က တိုက်တွန်းလိုက်သည်။ မည်သို့ပင်ဖြစ်စေ အိမ်တွင် တောဝက်သား နှစ်ကျင်းရှိသေးပြီး လျှို့ဝှက်သေတ္တာမှာလည်း မနက်ဖြန် ပြန်လည်ဆန်းသစ်လာမည် ဖြစ်သဖြင့် သားကောင်အသစ်များကို ဆက်လက် ရှာဖွေနိုင်သေးသည်။
[ဒင်… ကျောက်ထျဲ့ကျွင်း၏ နှစ်သက်မှုအမှတ် +၃]
[ဒင်… ကျောက်လျူ၏ နှစ်သက်မှုအမှတ် +၃]
“ကလေးရယ်... မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... မင်းပဲ သိမ်းထားလိုက်ပါ...”
“ကျောက်လျူ... သွားကြစို့...”
အဘိုးကျောက်သည် ခေါင်းခါ၍ ခိုင်မာစွာ ငြင်းဆန်လိုက်သည်။ လီလန် ဆက်၍ တိုက်တွန်းရန် ပြင်လိုက်စဉ်မှာပင် တောင်ခြေရှိ နှင်းများထဲတွင် သေးငယ်သော အရိပ်လေးတစ်ခု သူ့ဘက်သို့ ပြေးလာသည်ကို မြင်လိုက်ရသည်။
“အစ်ကို”
“အစ်ကို... အိမ်ကို အမြန်ပြန်လာခဲ့”
“အဖေ အရိုက်ခံထားရတယ်”