ပြောင်းဖူးမှုန့်နှစ်ကျင်းနှင့် ဇနီးတစ်ယောက်ကို ယူလို့ရသည့် အစာရေစာခေါင်းပါးမှုခေတ်တွင် စေ့စပ်ထားသူက လက်ဖွဲ့ငွေ ယွမ် ၁၀၀ နှင့် အပ်ချုပ်စက်ကို တောင်းခဲ့သည်။ ယခင်ဘဝက ဝက်ဆီကို တပ်မက်မိခဲ့သောကြောင့် မျက်ကန်းဖြစ်ခဲ့ရသည်။ လီလန်သည် ဇနီးတစ်ယောက်ရယူရန် အဖေဖြစ်သူကို သွေးရောင်းခိုင်းသည်အထိ ဖိအားပေးခဲ့မိသည်။ လက်ထပ်ပြီးနောက် ဇနီးချောကမူ သူမ၏စစ်မှန်သည့် စရိုက်လက္ခဏာများကို စပြလာခဲ့သည်။ မောင်ကို ထောက်ပံ့ပေးတဲ့ မိန်းမယုတ်အဖြစ်ပြသလာပြီး လီလန်ကို ကွာရှင်းစာချုပ်မှာ အတင်းလက်မှတ်ထိုးခိုင်းကာ ပိုင်ဆိုင်သမျှကို သိမ်းယူပြ သူမ၏ မောင်နှစ်ယောက်ကိုလည်း လီလန်ကို မသန်မစွမ်းဖြစ်လာသည့်အထိ ရိုက်နှက်ဖို့လည်း တောင်းဆိုခဲ့သည်။ ဖခင်ဖြစ်သူ တောဝက်ပတ်၍ သေဆုံးရသည်မှာလည်း သူ့လက်ဖွဲ့ငွေအတွက် သွေးရောင်းလိုက်ရ၍ ကျန်းမာရေး ဘယ်လိုပျက်စီးသွားခဲ့ရကြောင်း အခါနှောင်းမှ သိလိုက်ရသည်။ ဒုတိယညီမဖြစ်သူမှာလည်း အိမ်တွင်းအကြမ်းဖက်သည့် အရက်သမားတစ်ယောက်နှင့် လက်ထပ်ခဲ့ရပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြန်သည်။ အငယ်ဆုံးညီမမှာလည်း ဗိုက်ဆာလွန်းသဖြင့် ဟင်းသီးဟင်းရွက်ခူးဖို့ တောင်ပေါ်သို့တက်သွားရင် ဝံပုလွေများ၏ အရှင်လတ်လတ် ဆွဲဖြဲစားသောက်ခြင်းခံလိုက်ရပြန်သည်။ ကံကြမ္မာတစ်ပတ်ပြန်လည်ပြီး ဒုတိယအကြိမ် ပြန်လည်မွေးဖွားခွင့်ရသည့်အခါမှာတော့ လီလန်တစ်ယောက် မိသားစုကို ဘယ်လိုထောက်ပံ့မလဲဆိုတာ ဆက်လက်ဖတ်ရှုပေးကြပါဉီးရှင်။

