← Chapters

အခန်း ၄၀၈

Vol. 41 Ch. 408

အခန်း ၄၀၈

Vol. 41 Ch. 408

အခန်း (၄၀၈) ရှောင်မာ မင်းက ရိုးသားပေမဲ့ ဖားလည်း ဖားတတ်သားပဲ

"ဒီလောက် ချောချောမွေ့မွေ့ ပြီးသွားလိမ့်မယ်လို့ မထင်ထားဘူး..."

မာလောင်တနှင့် လီလန်တို့သည် ခြံဝင်းထဲမှ ထွက်လာကြပြီး လီလန်၏ လက်ထဲတွင်မူ အထုပ်တစ်ထုပ် ကိုင်ဆောင်ထားဆဲ ဖြစ်သည်။

ထိုအထုပ်ထဲတွင် အခိုးခံလိုက်ရသော တောရိုင်းလင်ဇီးမှို ပါဝင်လေသည်။

မုဆိုးများတွင် ဘိုးဘွားစဉ်ဆက် စည်းမျဉ်းတစ်ခုရှိ၏။ အမှတ်အသား ပြုလုပ်ထားသော ဆေးမြစ်များနှင့် တောင်ပေါ်ထွက်ပစ္စည်းများကို ပိုင်ရှင်ရှိသည်ဟု သတ်မှတ်ထားပြီး မူလပိုင်ရှင်က သဘောမတူပါက ခူးယူခြင်းကို တင်းကြပ်စွာ တားမြစ်ထားလေသည်။

မာလောင်တက အခြေအနေကို ရှင်းပြသောအခါ အစကမူ ဤထက်ပို၍ အခက်အခဲများ ရှိမည်ဟု မျှော်လင့်ထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် ရှီတာ့ဟူက ချက်ချင်း တောင်းပန်ခဲ့ပြီး ခူးယူထားသော လင်ဇီးမှိုအားလုံးကို ပြန်ပေးခဲ့သည်။

သေချာသည်မှာ ရှီတာ့ဟူသည်လည်း မုဆိုးများကြားရှိ ဤရေးမထားသော စည်းမျဉ်းကို သိရှိနေခြင်းပင်ဖြစ်၏။

"ဒါက မာလောင်တရဲ့ ဂုဏ်သတင်းကြောင့်ပါ၊ ခင်ဗျားစကားက အရာရောက်တယ်လေ... အဲ့လိုမှမဟုတ်ဘဲ ကျွန်တော်တစ်ယောက်တည်း သွားခဲ့ရင် ဒီလောက် ချောမွေ့မှာမဟုတ်ဘူး..."

လီလန်၏ စကားများက မာလောင်တ၏ ရင်ထဲသို့ နက်ရှိုင်းစွာ ထိမှန်သွားစေသည်။

"အဖွဲ့ခေါင်းဆောင်လီ ကျုပ် မာလောင်တက ကတိတည်ပါတယ်... ခင်ဗျားကို လင်ဇီးမှိုခင်းဆီ ခေါ်သွားပေးသလို လင်ဇီးမှိုကိုလည်း ပြန်ရအောင် လုပ်ပေးခဲ့တယ်..."

မာလောင်တသည် လီလန်၏ အထုပ်ကို တစ်ချက် ကြည့်လိုက်လေသည်။ လီလန်က ခေါင်းညိတ်ပြလိုက်၏။

"ယောက်ျားကောင်းတို့ရဲ့ စကားက တစ်ခွန်းတည်းပါပဲ... မာလောင်တက ကတိတည်ပါတယ်..."

"လီလန်က ဒီနေရာကနေပဲ ကျေးဇူးတင်ပါတယ်..."

လီလန်သည် ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် လက်အုပ်ချီလိုက်လေသည်။ မာလောင်တက သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်၏။

"အဖွဲ့ခေါင်းဆောင်လီ လအနည်းငယ်လောက်ပဲ ရှိသေးတာကို ဘာလို့ ခင်ဗျားဆီမှာ ကျန်းဟူးလောကသားတစ်ယောက်ရဲ့ အငွေ့အသက်တွေ ရနေရတာလဲ..."

လီလန် - ...

ဤရှောင်နျူးနှင့် ကျန်းချင်းလုံတို့က သူ့အပေါ် တော်တော်လေး လွှမ်းမိုးမှုရှိနေခဲ့သည်ပဲ။

မသိလိုက်မသိဘာနှင့် သူသည်လည်း သူတို့၏ ကျန်းဟူးလောက အပြုအမူများကို အတုယူမိလာခဲ့လေပြီ။

လီလန်သည် ကူကယ်ရာမဲ့စွာ တွေးလိုက်မိတော့သည်။ ထို့ကြောင့် လီလန်မှာ ဤသို့သာ ရှင်းပြနိုင်တော့၏။

"မာလောင်တ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့အကြောင်းကိုပဲ ခင်ဗျားကို ပြောချင်နေခဲ့တာ..."

"ဘာကိစ္စလဲ..."

မာလောင်တ၏ စပ်စုလိုစိတ်များ နိုးကြားလာလေသည်။ လီလန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရွာသားများက သူတို့ဘက်သို့ စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရပြီး သူတို့နောက်တွင်မူ ရှီအာဟူက နားစွင့်ကာ ခိုးနားထောင်ရန် ကြိုးစားလျက် တကောက်ကောက် လိုက်လာသည်ကို မြင်လိုက်ရသည်။ သူက မာလောင်တကို အချက်ပြလိုက်၏။

"မာလောင်တ တခြားတစ်နေရာ သွားပြောကြရအောင်..."

မာလောင်တသည် လီလန်၏ အရိပ်အကဲကို နားလည်သဘောပေါက်သွားလေသည်။

"ဒါဆိုလလည်း ကျုပ်အိမ်မှာ သွားပြောကြတာပေါ့..."

သူသည် လှည့်လိုက်ပြီး ခိုးနားထောင်ရန် ကြိုးစားနေသော ရှီအာဟူကို တားဆီးလိုက်သည်။

"ရှီအာဟူ အိမ်ပြန်တော့... ငါတို့နောက် လိုက်မလာနဲ့..."

ရှီအာဟူက စိုးရိမ်တကြီး ဖြစ်သွား၏။

"မာလောင်တ ကြည့်ပါဦး... ကျုပ်က ဝံပုလွေကိုက်ခံထားရလို့ သေနတ်တောင် မကိုင်နိုင်တော့ဘူး... ခင်ဗျားနဲ့ အဖွဲ့ခေါင်းဆောင်လီမှာ ကြီးပွားမယ့် နည်းလမ်းရှိရင် ကျုပ်ကိုပါ ထည့်တွက်ပေးပါဦး..."

ရှီအာဟူသည် သူ၏ ဒဏ်ရာရနေသော လက်ကို ဝှေ့ယမ်းကာ သနားစရာကောင်းအောင် ဟန်ဆောင်လိုက်လေသည်။ မာလောင်တသည် စကားမပြောဘဲ လီလန်ကိုသာ ကြည့်လိုက်သည်။ လီလန်ကမူ သူ့ကို ခေါင်းခါပြလိုက်၏။

ဆေးမြစ်လုပ်ငန်းဆိုသည်မှာ ကိစ္စကြီးတစ်ခုဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များမှာ ယုံကြည်စိတ်ချရသူများဖြစ်ရန် လိုအပ်သည်။ ရှီအာဟူမှာ အရက်သမား၊ လူပျင်းနှင့် စိတ်မမှန်သူတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးနှင့် စီးပွားရေးလုပ်ရန် နေနေသာသာ လီလန်က သူ့ကို အဖက်ပင် မလုပ်ချင်ပေ။ မာလောင်တက ခေါင်းခါလိုက်၏။

"ရှီအာဟူ မင်းက အသုံးမကျဘူး..."

မာလောင်တသည် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီး လီလန်နှင့်အတူ လှည့်မကြည့်ဘဲ ထွက်သွားရာ သက်ပြင်းချနေသော ရှီအာဟူသာ ကျန်ရစ်ခဲ့တော့သည်။

မာလောင်တ၏ ခြံဝင်းသို့ ရောက်သောအခါ အရက်နံ့များက လေထုထဲတွင် ပျံ့နှံ့နေလေသည်။ မာလောင်တက တံခါးကို ပိတ်၍ သော့ခတ်လိုက်သည်။

"ကျုပ် မိသားစုတွေအကုန် အပြင်သွားကြလို့ အိမ်မှာ မရှိဘူး... ကျုပ်တို့ နှစ်ယောက်တည်းပဲရှိတာမို့လို့ အဖွဲ့ခေါင်းဆောင်လီ ပြောစရာရှိတာ ပြောပါ..."

လီလန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် လီလန်က မေးလိုက်သည်။

"မာလောင်တ ချင်းလုံဂိုဏ်းအကြောင်း ခင်ဗျား သိလား..."

"ချင်းလုံဂိုဏ်း..."

ဤစကားကို ကြားသောအခါ မာလောင်တ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။ မာလောင်တက ထပ်မေးလိုက်၏။

"ပိုင်ရှန်းမြို့နယ်က ချင်းလုံဂိုဏ်းကို ပြောတာလား..."

"အင်း..."

လီလန်က ခေါင်းညိတ်လိုက်သည်။

"အဲ့ဂိုဏ်းက အရမ်းဩဇာကြီးတယ်လို့ ကျုပ် ကြားဖူးတယ်... သူတို့ခေါင်းဆောင်က ကျန်းချင်းလုံဆိုတဲ့ လူယုတ်မာလေ၊ မီးရှို့၊ ဓားပြတိုက်ပြီး မကောင်းမှုမျိုးစုံ လုပ်တဲ့သူပဲ... သူ့လက်အောက်မှာလည်း ခိုးဆိုးလုနှိုက်တွေနဲ့ အနိုင်ကျင့်တဲ့သူတွေ အများကြီးရှိပြီး တစ်ယောက်ထက် တစ်ယောက် ပိုရက်စက်ကြတယ်..."

ဤစကားကို ကြားသောအခါ လီလန်၏ နှုတ်ခမ်းများမှာ မထိန်းနိုင်ဘဲ တွန့်ကွေးသွားလေသည်။

"မာလောင်တ တကယ်တော့ အဲ့ချင်းလုံဂိုဏ်းက..."

မာလောင်တက ရုတ်တရက် အနီးသို့ တိုးလာပြီး တိုးတိုးလေး ပြောလိုက်၏။

"အဖွဲ့ခေါင်းဆောင်လီ ကျုပ် ခင်ဗျားကို ပြောပြမယ်... ချင်းလုံဂိုဏ်းမှာ မကြာသေးခင်ကမှ ဒုခေါင်းဆောင်အသစ် တစ်ယောက် ရလာတယ်လို့ ကြားတယ် သူက အရပ်သူအရပ်သား မိန်းကလေးတွေကို အတင်းအဓမ္မ ဖမ်းဆီးတတ်တဲ့ ရက်စက်တဲ့ နတ်ဆိုးကြီးတဲ့... အဖွဲ့ခေါင်းဆောင်လီ သတိထားနော်... အဲ့ဒီလို လူမျိုးကို ဘယ်တော့မှ သွားမစနဲ့..."

လီလန်သည် နားထောင်ရင်း သူ၏ နှုတ်ခမ်းများမှာ ပို၍ပင် ဆိုးရွားစွာ တွန့်ကွေးသွားတော့သည်။

*ဘာတွေလဲဟ... ကောလာဟလတွေ... ကောလာဟလတွေချည်းပဲ... ဘယ်သူက ဒီလိုကောလာဟလတွေကို စဖြန့်လိုက်တာလဲ…*

“သူက အရပ်သူအရပ်သား မိန်းကလေးတွေကို အတင်းအဓမ္မ ဖမ်းဆီးတတ်တယ်လို့တောင် ဖြန့်ထားသေးတယ်... အရပ်သူအရပ်သား မိန်းကလေးတွေ... ဘယ်မှာလဲ အရပ်သူအရပ်သား မိန်းကလေးတွေ... နတ်ဆိုးကြီးဖြစ်တဲ့ ငါက ဘာလို့ မသိရတာလဲ…”

“ဘယ်သူလဲဆိုတာကိုသာ ငါသိရရင် သူ့ခြေထောက်နှစ်ဖက်လုံးကို ချိုးပစ်မယ်…”

"ဪ… ဒါနဲ့ အဖွဲ့ခေါင်းဆောင်လီ ခင်ဗျား ခုနက ကျုပ်ကို ဘာပြောမလို့လဲ..."

မာလောင်တသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး အလျင်အမြန် မေးလိုက်လေသည်။ လီလန်က မာလောင်တကို ကြည့်ကာ နောက်ပြောင်ချင်သည့် အပြုံးဖြင့် ပြုံးလိုက်၏။

"အရပ်သူအရပ်သား မိန်းကလေးတွေကို အတင်းအဓမ္မ ဖမ်းဆီးတတ်တဲ့ ခင်ဗျားပြောတဲ့ နတ်ဆိုးကြီးက ကျုပ်ပဲလေ..."

"ဪ…ခင်ဗျား ဆိုလိုတာက..."

မာလောင်တက မစဉ်းစားဘဲ ပြောလိုက်လေသည်။ သို့သော် မကြာမီမှာပင် မာလောင်တသည် လီလန်၏ စကားများကို နားလည်သွားတော့သည်။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျား... ခုနက ဘာပြောလိုက်တာလဲ..."

"ခင်ဗျား... ခင်ဗျား... ခင်ဗျားက..."

လီလန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ကျုပ်က ချင်းလုံဂိုဏ်းရဲ့ ဒုခေါင်းဆောင်သစ်ပဲ ခင်ဗျားပြောတဲ့ အပြစ်ကင်းတဲ့ အရပ်သူအရပ်သား မိန်းကလေးတွေကို အတင်းအဓမ္မ ဖမ်းဆီးတတ်တဲ့ ရက်စက်တဲ့ နတ်ဆိုးကြီးပေါ့..."

ထိုစကားကို ကြားလိုက်ရသည့်အခါ မာလောင်တ၏ မျက်နှာမှာ ဖြူရော်သွားတော့သည်။ သူသည် ခေါင်းကို ကုတ်ကာ အနေခက်စွာ ပြုံးလိုက်၏။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားကလည်း... အဲ့လောက်တောင် အကျယ်ချဲ့နေရလား..."

"ကျုပ်... ကျုပ်က ခင်ဗျားက... ခင်ဗျားက အဲ့ဒါဖြစ်နေမယ်မှန်း မသိလို့ပါ..."

မာလောင်တ၏ မျက်နှာမှာ ဖြူလျော့နေပြီး သူ၏ နှုတ်ခမ်းများမှာလည်း တုန်ယင်နေလေသည်။

သူသည် အရက်ချက်ရန်သာ သိသော သာမန်အရပ်သားလေး တစ်ယောက်သာဖြစ်သည်။ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် လူနှင့် မည်သို့လုပ်၍ ဆုံတွေ့နိုင်မည်နည်း။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျား... ခင်ဗျား ကျုပ်ကို လိမ်နေတာ မဟုတ်ဘူးမလား..."

"ခင်ဗျား... ခင်ဗျား တကယ်ပဲ... အဲ့... အဲ့ဒါလား..."

"မလိမ်ပါဘူး..."

လီလန်က ခေါင်းခါလိုက်ပြီး သူ၏ ဘောင်းဘီအိတ်ကပ်ထဲသို့ နှိုက်လိုက်လေသည်။ သူသည် မှောင်မိုက်သော သံမဏိရောင် အမှတ်အသားပြားတစ်ခုကို ထုတ်ယူလိုက်သည်။

"မာလောင်တ ကြည့်ကြည့်လိုက်..."

မာလောင်တသည် အမှတ်အသားပြားကို ကြည့်လိုက်၏။ ၎င်းတွင် သံမဏိရောင် တောက်ပနေပြီး အရှေ့ဘက်တွင် ကြောက်မက်ဖွယ် နဂါးခေါင်းတစ်ခုကို ရေးထွင်းထားလေသည်။

“ချင်းလုံဂိုဏ်းရဲ့ အမှတ်အသားပြားပဲ…”

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျား... ခင်ဗျားက တကယ်ပဲ ချင်းလုံဂိုဏ်းရဲ့ ဒုခေါင်းဆောင်လား..."

"အတုဖြစ်နေလို့လား..."

လီလန်သည် မာလောင်တကို မျက်စောင်းထိုးလိုက်ပြီး အမှတ်အသားပြားကို ပြန်သိမ်းလိုက်လေသည်။

လီလန်သည် ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင် တကယ်ဖြစ်နေသည်ကို မြင်သောအခါ မာလောင်တ၏ အပြုအမူမှာ ချက်ချင်းပင် ပို၍ ရိုသေလေးစားလာတော့သည်။ မာလောင်တက ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်၍ ရိုသေစွာ ပြောလိုက်၏။

"အဖွဲ့ခေါင်းဆောင်လီ... အာ မဟုတ်ဘူး... ဒုခေါင်းဆောင် အထဲဝင်ပါ... အထဲဝင်ပါ... ကျုပ် ခင်ဗျားအတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးပါ့မယ်..."

ဤသူသည် ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင် ဖြစ်သည်။ ချင်းလုံဂိုဏ်းဆိုသည်မှာ မည်သူနည်း။ ပိုင်ရှန်းမြို့နယ်၏ ဒေသတွင်း အာဏာပိုင်ဖြစ်ပြီး မြို့ကို လွှမ်းမိုးထားသူများ ဖြစ်လေသည်။

သူ မာလျဲ့မှာ တောင်ပေါ်ရွာငယ်လေး တစ်ရွာမှ အရက်ချက်သမားတစ်ယောက်သာ ဖြစ်သည်။ သူတို့ကို မည်သို့များ သွားစရဲမည်နည်း။

လီလန်က လက်ကို ဝှေ့ယမ်းလိုက်သည်။

"ရေနွေးကြမ်း မလိုပါဘူး မာလောင်တ... ခင်ဗျား ကြောက်နေစရာ မလိုပါဘူး... ကျုပ်တို့ ချင်းလုံဂိုဏ်းက ခင်ဗျားထင်သလောက် မရက်စက်ပါဘူး..."

"ခင်ဗျား ကြားခဲ့တာတွေ အကုန်လုံးက ကျန်းဟူးလောကက ကောလာဟလတွေချည်းပါပဲ အကုန်လုံးက ချဲ့ကားပြီး သတင်းမှားတွေ ဖြန့်ထားကြတာပါ..."

"ကျုပ်တို့ ချင်းလုံဂိုဏ်းက တရားဝင် စီးပွားရေးပဲ လုပ်ပါတယ် ပြီးတော့ အဖွဲ့ဝင်အများစုကလည်း ရိုးသားတဲ့ လူငယ်လေးတွေချည်းပါပဲ... သူတို့ မိဘတွေကလည်း ခင်ဗျားလိုပဲ တောနယ်က တောင်သူတွေနဲ့ မုဆိုးတွေပါ..."

လီလန်၏ ဤစကားအနည်းငယ်က မာလောင်တကို တော်တော်လေး စိတ်အေးသွားစေသည်။

"ဒုခေါင်းဆောင်ပြောတာ မှန်ပါတယ်..."

လီလန်က တည်ငြိမ်စွာ ပြောလိုက်၏။

"ခင်ဗျား ကျုပ်ကို အဖွဲ့ခေါင်းဆောင်လီလို့ပဲ ဆက်ခေါ်ပါ..."

လီလန်က ခေါင်းခါလိုက်သည်။

"အမြဲတမ်း ဒုခေါင်းဆောင်လို့ ခေါ်နေရင် မသိတဲ့သူတွေက ကျုပ်က ခင်ဗျားကို အနိုင်ကျင့်နေတယ်လို့ ထင်သွားနိုင်တယ်..."

မာလောင်တက အနေခက်စွာ ပြုံးလိုက်၏။

"မရဲပါဘူး... မရဲပါဘူး... ဒု... အဖွဲ့ခေါင်းဆောင်လီအကြောင်းကို ဘယ်သူက အတင်းပြောရဲမှာလဲ..."

"ဒါ့အပြင် အဖွဲ့ခေါင်းဆောင်လီက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းတစ်ခုရဲ့ နံပါတ်နှစ်နေရာကို ရနေပြီဆိုတော့... သူ့အနာဂတ်က အရမ်းကို တောက်ပပြီး အကန့်အသတ်မဲ့နေတာပဲ..."

ဤရိုးသားပြီး အေးဆေးသော မာလောင်တသည် ယနေ့တွင် လီလန်ကို အမှန်တကယ်ပင် မြှောက်ပင့်ဖားယားလာတော့သည်။

All Chapters