← Chapters

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း (၃၁၉) လီလန် - ဆရာမလုလောက် မကြီးဘူး

“ဝုတ်…”

“ဝုတ် ဝုတ် ဝုတ်…”

အမည်းရောင်တစ်ကောင်နှင့် အဖြူရောင်တစ်ကောင်၊ ကြီးမားသော အမဲလိုက်ခွေးနှစ်ကောင်မှာ ပညာတတ်လူငယ်မလေးတစ်ယောက်ကို ဝိုင်းရံ၍ ဒေါသတကြီး ဟောင်နေကြ၏။ ထိုပညာတတ်လူငယ်မလေးမှာ ကြောက်လန့်လွန်း၍ မျက်နှာမှာ ဖြူဖျော့သွားကာ ထိတ်လန့်နေသည်မှာ ထင်ရှားသည်။ ခွေးနှစ်ကောင်က သူမဆီသို့ ခုန်အုပ်၍ ကိုက်ဖြတ်မည်ကို သူမ အလွန်ကြောက်ရွံ့နေပုံရသည်။

လီလန်သည် ကျိုးချွန်းယန်ကို ကြည့်၍ အပြုံးဖြင့် ပြောလိုက်သည်။

"ရဲဘော်ချွန်းယန်…တောင်းပန်ပါတယ်…ကျွန်တော့်ခွေးတွေက သူစိမ်းတွေကို မကျင့်သားရသေးလို့ပါ..."

သူ စကားပြောပြီးသည်နှင့် ကျိုးချွန်းယန်က လီလန်၏ နောက်သို့ ချက်ချင်းပင် ပြေးဝင်၍ ပုန်းကွယ်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... ရှင့်ရဲ့ ခွေးနှစ်ကောင်က အရမ်းကြောက်ဖို့ကောင်းတာပဲ..."

"သူတို့က အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်..."

လူမှုရေး အသိတရားမဲ့သည့် ဤပညာတတ်လူငယ်မလေးကို ကြောက်ရွံ့သွားအောင် လုပ်နိုင်လိုက်သဖြင့် လီလန်မှာ အနည်းငယ် ကျေနပ်မိသည်။ ယခုတော့ ကြောက်တတ်ပြီပေါ့လေ။ အကယ်၍ ကြောက်နေလျှင် ဘာကြောင့် အမြန်ဆုံး မထွက်သွားရတာလဲ။ မဟုတ်ပါက ဟေးလုံနှင့် ပိုင်လုံကို ကိုက်ခိုင်းလိုက်မည်။

သို့သော်လည်း ရုတ်တရက်ပင် နွေးထွေးပြီး မွှေးကြိုင်သည့် ခန္ဓာကိုယ်တစ်ခုက သူ၏ ခါးကို သိုင်းဖက်လာသည်။ အရာဝတ္ထုနှစ်ခုမှာ သူ၏ ကျောပြင်ကို ဖိကပ်လာသည်။ ကျောပြင်တွင် ခံစားလိုက်ရသည့် ပူနွေးမှုနှင့် အလှဆီနံ့တို့ကြောင့် လီလန်မှာ ရုတ်တရက် အေးခဲသွား၏။ သူ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် ကျိုးချွန်းယန်၏ အသက်ရှူသံများကို ကြားလိုက်ရသည်။

"လီလန်... ကျွန်မ ရှင့်ကို ကြိုက်တယ်၊ တကယ်ကြိုက်တာပါ.."

"ရှင့်ကို ပထမဆုံး မြင်လိုက်ရကတည်းက ကျွန်မ ရှင့်ဆီမှာ စွဲလမ်းသွားခဲ့တာ..."

သူ၏ နား နားတွင် ပြောနေသည့် အမျိုးသမီး၏ အသံမှာ အသက်ရှူကြပ်နေပြီး ဆွဲဆောင်မှု ရှိနေသည်။

"လီလန်... ရှင်က အရမ်းတော်တာပဲ၊ ဘာလို့ လုအန်းနာကို ရွေးရတာလဲ..."

"လုအန်းနာမှာ ဘာတွေကောင်းလို့လဲ... သူက ရှင်နဲ့ မထိုက်တန်ပါဘူး..."

ကြာစွယ်ကဲ့သို့ နူးညံ့သည့် လက်နှစ်ဖက်မှာ လီလန်၏ ရင်ဘတ်ပေါ်တွင် လှုပ်ရှားနေသည်။ ချောမွေ့သည့် မြွေဖြူနှစ်ကောင်ကဲ့သို့ပင်။ သူမ၏ အသက်ရှူသံများမှာ နောက်တွင် ပို၍ ပြင်းထန်လာသည်။

"ရှင့်ရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာတယ်... ထိလိုက်ရတာ အရမ်းကောင်းတယ်..."

"လီလန်... လုအန်းနာနဲ့ မတွဲပါနဲ့တော့ကွယ်... ကျွန်မနဲ့ တွဲပါ... ကျွန်မ ရှင့်ရဲ့ မိန်းမ ဖြစ်ပေးနိုင်ပါတယ်..."

"ရှင် သဘောတူရင် ဘာလုပ်လုပ် ကျွန်မ လက်ခံတယ်... ရှင် ကျွန်မကို လိုချင်ရင်တောင်..."

မြွေဖြူကဲ့သို့ လက်များမှာ လှုပ်ရှားခြင်း ရပ်သွားပြီး လီလန်၏ အင်္ကျီကြယ်သီးများကို တစ်လုံးချင်း စတင်ဖြုတ်လိုက်သည်။

"ရှင် ကျွန်မကို အသုံးချချင်ရင်တောင် ကျွန်မ လုပ်ပေးနိုင်တယ်..."

"ရှင် သဘောကျရင်ပေါ့..."

"လုအန်းနာဆိုတဲ့ မိန်းမကို စွန့်လွှတ်လိုက်ဖို့သာ..."

ကျိုးချွန်းယန်က လီလန်၏ ခါးကို လွှတ်ပေးလိုက်ပြီး ခြေဖျားထောက်ကာ လီလန်၏ ရှေ့သို့ ရောက်လာသည်။ ထိုအချိန်မှသာ လီလန်က သူမသည် အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်ပြီး အတွင်းခံသာ ကျန်တော့သည်ကို သတိပြုမိတော့သည်။ အတွင်းခံမှာ သေးငယ်လွန်းသဖြင့် ထွက်ပေါ်လာတော့မည့် အရာနှစ်ခုကို ဖုံးအုပ်ထားနိုင်ခြင်း မရှိတော့ပေ။ လီလန် အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ဖြူဖွေးနေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

"လီလန်... ရှင်သာ လုအန်းနာကို စွန့်လွှတ်မယ်လို့ ကတိပေးရင်..."

"ဒီနေ့ကစပြီး ကျွန်မ ကျိုးချွန်းယန်က ရှင့်ရဲ့မိန်းမ ဖြစ်လာမယ်..."

သူမ၏ ရင်ဘတ်ကို စိုက်ကြည့်နေသည့် လီလန်ကို မြင်သောအခါ ကျိုးချွန်းယန်က ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။ သူမ၏ လက်မှာ လည်ပင်းသို့ ရောက်သွားပြီး အတွင်းခံကြိုးကို ဖြည်ရန် ပြင်ဆင်လိုက်၏။ ကျိုးချွန်းယန်သည် အမျိုးသားတို့၏ စိတ်ကို ကောင်းစွာ နားလည်သည်။ အမျိုးသားတို့မှာ အောက်ပိုင်းစိတ်သာ ဦးစားပေးတတ်ကြပြီး အမျိုးသမီးတစ်ယောက် အဝတ်အစား ချွတ်ပြလျှင် ချက်ချင်းပင် လှုံ့ဆော်မှု ဖြစ်တတ်ကြသည်။ လီလန်၏ အကြည့်မှာ သူမကို ဝါးစားတော့မည့်အတိုင်း ဖြစ်နေသဖြင့် ကျိုးချွန်းယန်မှာ မိမိကိုယ်ကိုယ် ဂုဏ်ယူနေသည်။

*ဒီအဒေါ်ကြီးရဲ့ အလှအပနဲ့ဆိုရင် တောင်ပေါ်ရွာက မုဆိုးလေးတစ်ယောက်ကို ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲပါ့မလား။ ဆင်းရဲသည့် ရွာက လူငယ်တစ်ယောက်အနေနဲ့ ဒီလိုရေပန်းစားပြီး လှပတဲ့ ရင်ဘတ်အိအိနဲ့ မိန်းမမျိုးကို ဘယ်တော့မှ မြင်ဖူးမှာ မဟုတ်ဘူးလေ*

လီလန်က သူမ၏ အကွက်ထဲသို့ ကျရောက်သွားပြီဟု ထင်မှတ်ကာ ကျိုးချွန်းယန်က ဆက်လက်၍ အဝတ်အစား ချွတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း မမျှော်လင့်ဘဲ လီလန်က အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူမကို အေးစက်စက် လှမ်းကြည့်လိုက်သည်။

"ကျိုးချွန်းယန်... အဝတ်အစား ပြန်ဝတ်လိုက်စမ်း..."

…..

ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးချွန်းယန် အံ့အားသင့်သွားသည်။

*ဒီအဒေါ်ကြီးက ဒီလောက်ထိ ချွတ်ပြထားတာကိုတောင် ဒီလူငယ်မှာ ဘာမှ တုံ့ပြန်မှု မရှိဘူးလား*

"လီလန်ကများ..."

ကျိုးချွန်းယန်က လီလန်၏ ဝမ်းဗိုက်အောက်ပိုင်းကို သံသယဖြင့် ကြည့်လိုက်သည်။ ထိုနေရာမှာ ပြန့်ပြူးနေသည်။ ၎င်းကို မြင်သောအခါ ကျိုးချွန်းယန်မှာ ကြောင်အသွား၏။

"ဒီ... ဒီလူက ဒီနှစ်မှ အသက်နှစ်ဆယ်ရှိသေးတာ..."

အံ့အားသင့်လွန်းသဖြင့် ကျိုးချွန်းယန်မှာ စိတ်ပျက်သွားသည့် အရိပ်အယောင် ပေါ်လာသည်။ လီလန်မှာ သူမ၏ အမူအရာကို ကြည့်၍ ရယ်မောလိုက်သည်။

"ကျိုးချွန်းယန်... ခင်ဗျား ဘာတွေ တွေးနေတာလဲ..."

"ဟဲဟဲ... ခင်ဗျား ကိုယ့်ခန္ဓာကိုယ်ကို အတော်လေး ယုံကြည်မှု ရှိနေပုံပဲနော်..."

လီလန်က ကဲ့ရဲ့သည့် လေသံဖြင့် ပြောလိုက်သည်။ ကျိုးချွန်းယန်မှာ လီလန်၏ လေသံကို ကြားလိုက်ရသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ မလှဘူးဟု ဆိုလိုနေခြင်းလားဟု တွေးမိသည်။

* မဟုတ်သေးပါဘူး… ဒီအဒေါ်ကြီးက အရပ် ၁ ဒသမ ၇၅ မီတာ ရှိတာ။ လိုချင်ရင် လိုချင်သလောက် ရှိတာပဲ။ လီလန်... နင်က ဘယ်လိုလုပ် ဒီအဒေါ်ကြီးရဲ့ ခန္ဓာကိုယ်ကို မလှဘူးလို့ ပြောရတာလဲ။

ကျိုးချွန်းယန်မှာ ဒေါသထွက်လာပြီး လည်ပင်းက ကြိုးကို ဖြုတ်လိုက်ကာ ရင်ဘတ်ကို ကော့လိုက်သည်။

"လီလန်... ကြည့်လိုက်စမ်း..."

သူမ၏ ဂုဏ်ယူစရာ ရင်ဘတ်မှာ တောင်ကုန်းနှစ်ခုကဲ့သို့ ဖောင်းကားနေသည်။ လီလန်ကမူ တစ်ချက်သာ ကြည့်လိုက်ပြီး သူ၏ စိတ်မှာ ငြိမ်သက်နေ၏။

"အဝတ်အစား ပြန်ဝတ်လိုက်ပါ၊ ဒါက အရမ်းသေးလွန်းတယ်…ရှက်ဖို့ကောင်းတယ်..."

ကျိုးချွန်းယန် - …

"ဆရာမလုလောက်တောင် မကြီးဘူး..."

ကျိုးချွန်းယန် - …

ကျိုးချွန်းယန် - ….

လုအန်းနာ….

*လုအန်းနာ ဆိုတာကြီးပဲ…ဘာလို့ သူက အမြဲတမ်း တစ်လှမ်းသာနေရတာလဲ…သူက နည်းနည်းလေး ပိုလှရုံနဲ့ ခန္ဓာကိုယ်က ဘာမှ ထူးခြားတာ မဟုတ်ပါဘူး…ငါ့လောက်တောင် မကောင်းဘူး…*

လုအန်းနာကြောင့် အမြဲတမ်း အရိပ်မိုးခံနေရသည့် ကျိုးချွန်းယန်မှာ တွေးလေ ဒေါသထွက်လေ ဖြစ်လာသည်။

သူမ ယနေ့ လီလန်ကို လာတွေ့ရသည့် အကြောင်းရင်း နှစ်ခုရှိသည်။ ပထမဆုံးအချက်မှာ သူမသည် လီလန်ကို သဘောကျနေ၍ ရွှမ်းရွှေရွာတွင် ယောကျာ်းတစ်ယောက် ရှာလိုခြင်းဖြစ်သည်။ ပညာတတ်လူငယ်မလေးတစ်ယောက်အနေဖြင့် အေးစက်သည့် အရှေ့မြောက်ပိုင်းဒေသတွင် တစ်ယောက်တည်း နေထိုင်ရသည်မှာ အလွန် ခက်ခဲလှသည်။ ထို့ကြောင့် ဒေသခံတစ်ယောက်နှင့် လက်ထပ်ခြင်းက အကောင်းဆုံး အားကိုးရာဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လအတွင်း ကျိုးချွန်းယန်သည် သင့်လျော်မည့် လက်တွဲဖော်ကို ရှာဖွေနေခဲ့သည်။ ရွှမ်းရွှေရွာတွင် သန်မာသည့် မုဆိုးလူပျိုများစွာ ရှိသော်လည်း ကျိုးချွန်းယန်၏ မျက်စိထဲတွင် မပေါ်ခဲ့ပေ။ အနီးအနားရွာများတွင်လည်း မည်သူ့ကိုမျှ သဘောမကျခဲ့။

အကြောင်းရင်းမှာ ရိုးရှင်းသည်။ ထိုမုဆိုးများမှာ စာမတတ်၊ ယဉ်ကျေးမှု မရှိကြပေ။ အမဲလိုက်သည်ကလွဲ၍ ခွေးမွေးခြင်း၊ ငါးဖမ်းခြင်းနှင့် ပုစွန်ဖမ်းခြင်းသာ သိကြသည်။ စာလည်းမဖတ်၊ အချစ်ရေး အတွေ့အကြုံလည်း မရှိ။ ထိုကဲ့သို့သော ယောကျာ်းမျိုးနှင့် လက်ထပ်ပါက နောင်တွင် စကားပြောစရာ ဘာမှရှိမည်မဟုတ်ပေ။

ကျိုးချွန်းယန်၏ စံပြယောကျာ်းမှာ ယဉ်ကျေးမှုရှိရမည်။ အမဲလိုက်တတ်ရမည်။ အရပ်ရှည်ပြီး ချောမောရမည်။ သန်မာရမည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်ရက်က တောင်ပေါ်တွင် လီလန်နှင့် စာအုပ်ပိုးကောင် ကျန်းချောင်ရင်တို့ "နယ်စပ်မြို့ကလေး" ဝတ္ထုအကြောင်း ဆွေးနွေးနေသည်ကို ကြားလိုက်ရချိန်တွင် ကျိုးချွန်းယန်မှာ လီလန်အပေါ် အလွန်စွဲလမ်းသွားခဲ့သည်။ လူသားစား ကျားသစ်ကို သတ်လိုက်ခြင်းက သူမကို ပို၍ စွဲလမ်းသွားစေပြီး ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်။

ပညာတတ်လူငယ်ရုံးသို့ ပြန်ရောက်သောအခါ လီလန်၏ ပုံရိပ်မှာ သူမ၏ စိတ်ထဲမှ မထွက်တော့ပေ။ ဤမျှပြီးပြည့်စုံသည့် ယောကျာ်းကောင်းကို သူမ လက်ထပ်ရမည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် လီလန်မှာ ပညာတတ်လူငယ်ရုံးမှ လုအန်းနာဆိုသည့် မိန်းမတစ်ယောက်၏ လက်ထဲသို့ ရောက်သွားခဲ့ပြီ။ ကျိုးချွန်းယန်မှာ စွဲလမ်းနေပြီဖြစ်ရာ လီလန်က လုအန်းနာ၏ ရည်းစားဖြစ်မဖြစ်ကို သူမ ဂရုမစိုက်တော့ပေ။

*ဘာပဲဖြစ်ဖြစ် ဒီအဒေါ်ကြီး သဘောကျတဲ့ ယောကျာ်းဆိုတာ ဒီအဒေါ်ကြီးပိုင်တာပဲ… ရည်းစားရှိပြီးသားလား…ဒီအဒေါ်ကြီးက လုယူလိုက်မှာပေါ့…ဒီအဒေါ်ကြီးရဲ့ အလှနဲ့ဆိုရင် ယောကျာ်းတစ်ယောက်ကိုတောင် မလုယူနိုင်ပါ့မလား*

ထို့ကြောင့် ယနေ့တွင် လီလန်၏ အိမ်ဝင်းအတွင်း၌ ကျိုးချွန်းယန်က ကိုယ်တိုင် အဝတ်အစား ချွတ်ပြကာ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျိုးချွန်းယန် တစ်ခါမျှ မမျှော်လင့်ထားသည်မှာ... သူမ၏ ရှည်လျားသည့် ခြေတံများနှင့် ဂုဏ်ယူနေသည့် ခန္ဓာကိုယ်မှာ လီလန်၏ အထင်သေးခြင်းကိုသာ ခံလိုက်ရပါတော့သည်...။

All Chapters