← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း (၃၁၀) အနောက်တိုင်းဆေးသုံးမျိုး- မွန်မိုရီလွန်နိုက်အမှုန့်၊ ဆူခရာဖိတ်ဆေးပြားနှင့် အမောက်ဆီလင်

ဟေးရွှေမြို့နယ်တွင် တိရစ္ဆာန်ဆေးကုဌာန မရှိသဖြင့် လီလန်သည် လိုအပ်သည့်ဆေးဝါးများ ဝယ်ယူရန် ဖူဆုန့်ခရိုင်သို့ နောက်တစ်ခေါက် ထပ်သွားရဦးမည် ဖြစ်သည်။

ယန်တုံ့ပင်း၏ အိမ်ထောင်ရေးလိမ်လည်မှုက အချိန်အတော်ကြာ ယူလိုက်သဖြင့် ယခုအခါ နေဝင်ရီတရော ဖြစ်နေပြီဖြစ်သည်။

လီလန်သည် ဆုံးဖြတ်ချက်ချလိုက်ပြီး မနက်ဖြန် စောစောစီးစီးတွင် စက်ဘီးဖြင့် မြို့သို့သွား၍ ဆေးဝယ်ရန် စိတ်ကူးလိုက်သည်။

ကံကောင်းထောက်မစွာပင် တိရစ္ဆာန်ကုဆရာဝန်လုံက ကျားသစ်ပေါက်စအတွက် လိုအပ်သည့် တိရစ္ဆာန်ဆေးဝါးများကို လူသုံးအနောက်တိုင်းဆေးဝါးများဖြင့် အစားထိုးနိုင်ကြောင်း ပြောပြသည်။ ထိရောက်မှု သိမ်မွေ့သည့် အနောက်တိုင်းဆေးများကိုသာ ရွေးချယ်ရန် လမ်းညွှန်ပေးသည်။

လီလန်မှာ ဝမ်းသာသွားပြီး တိရစ္ဆာန်ကုဆရာဝန်လုံ၏ လမ်းညွှန်ချက်အတိုင်း ဆေးဆိုင်သို့သွား၍ အနောက်တိုင်းဆေးဝါးသုံးမျိုးကို ဝယ်ယူခဲ့သည်။

မွန်မိုရီလွန်နိုက်အမှုန့်၊ ဆူခရာဖိတ်ဆေးပြားနှင့် အမောက်ဆီလင်တို့ ဖြစ်ကြသည်။

မွန်မိုရီလွန်နိုက်အမှုန့်မှာ အဓိကအားဖြင့် ကရိုလင်ပါဝင်ပြီး ဝမ်းလျှောခြင်းကို ရပ်တန့်စေသည်။

ဆူခရာဖိတ်ဆေးပြားမှာ အစာအိမ်အမြှေးပါးကို ကာကွယ်ပေးသည့် အစာအိမ်ဆေးဖြစ်သည်။

အမောက်ဆီလင်မှာ ရောင်ရမ်းမှုကို သက်သာစေသည့်ဆေးဖြစ်ပြီး ကျားသစ်ပေါက်စမှာ အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းတို့ ဖြစ်နေသဖြင့် ပဋိဇီဝဆေးတချို့ ကျွေးရန်လိုအပ်သည်။

ဤဆေးသုံးမျိုးအပြင် လီလန်သည် ဆိတ်နို့မှုန့် အိတ်ကြီးနှစ်အိတ်ကိုလည်း ဝယ်ယူခဲ့သည်။

ဆိတ်နို့မှုန့်မှာ ကျားသစ်ပေါက်စအတွက် ဖြစ်သည်။

ကြောင်မျိုးနွယ်ဝင် သားရဲတိရစ္ဆာန်များမှာ အစာအိမ် အလွန်ထိခိုက်လွယ်သဖြင့် အခြားနို့များကို သောက်ပါက ဝမ်းလျှောခြင်း၊ အန်ခြင်းတို့ ဖြစ်တတ်သည်။ ဆိတ်နို့မှာမူ ပို၍ သိမ်မွေ့သည်။ မိခင်နို့လောက် အာဟာရမပြည့်ဝသော်လည်း လက်ရှိဈေးကွက်တွင် ကျားသစ်ပေါက်စအတွက် အသင့်တော်ဆုံး နို့မှုန့်ဖြစ်သည်။

၁၉၆၀ ပြည့်နှစ်တွင် တစ်ဦးချင်း စီးပွားရေးလုပ်ကိုင်ခွင့် မရှိသဖြင့် ဟေးရွှေမြို့နယ်တွင် ဆေးဆိုင်များ မရှိပေ။ လီလန်အနေဖြင့် ဤအနောက်တိုင်းဆေးများကို ဝယ်ယူနိုင်ခြင်းမှာ တိရစ္ဆာန်ကုဆရာဝန်လုံကြောင့် ဖြစ်သည်။

တိရစ္ဆာန်ကုဆရာဝန်လုံ၏ အတန်းဖော်တစ်ဦးမှာ မြို့နယ်ရှိ နိုင်ငံပိုင်စက်ရုံဆေးခန်းတွင် ဆရာဝန် ဖြစ်နေသည်။ သူသည် ပတ်သက်ဆက်နွှယ်မှုများကို အသုံးပြု၍ ဤဆေးစာပါ ဆေးဝါးသုံးမျိုးကို ရရှိအောင် ကူညီပေးခဲ့သည်။

နိုင်ငံပိုင်စက်ရုံဆေးခန်းမှ ဆေးဝါးများကို ပြင်ပလူများကို တရားဝင် မရောင်းချပေးရသော်လည်း တစ်ခါတစ်ရံတွင်မူ လျှို့ဝှက်စွာ လုပ်ဆောင်ပေးလေ့ရှိပြီး စက်ရုံခေါင်းဆောင်များကလည်း မျက်စိမှိတ်ပေးကြသည်။

တိရစ္ဆာန်ကုဆရာဝန်လုံနှင့် ထိုအတန်းဖော်မှာ တက္ကသိုလ်တွင် အခန်းဖော်များဖြစ်ကြသဖြင့် ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်ကြသည်။

တစ်ဦးက တိရစ္ဆာန်ဆေးကုပညာကို သင်ယူပြီး အခြားတစ်ဦးက လူသားဆေးပညာကို သင်ယူခဲ့ကြခြင်းသာဖြစ်သည်။

တစ်ဦးက တိရစ္ဆာန်များကို ကုသပြီး အခြားတစ်ဦးက လူများကို ကုသသည်။

နှစ်ဦးသား မိတ်ဆွေဖြစ်လာနိုင်ခြင်းမှာ ကံကြမ္မာတစ်ခုပင် ဖြစ်သည်။

လီလန်သည် ကျန်းရှောင်ဖုန်းကို ခေါ်ဆောင်ကာ လူသုံးယောက်သား လုံးဝ မှောင်ကျမသွားမီ ဝူယန်ရွာသို့ အပြေးအလွှား ပြန်လာခဲ့ကြသည်။

မကြာမီမှာပင် လီလန်တို့အဖွဲ့ တိရစ္ဆာန်ကုဆရာဝန်လုံ၏ အိမ်ရှေ့သို့ ရောက်လာသည်။

ကျားသစ်ပေါက်စသည် အိမ်ဝင်းအတွင်း၌ အားမရှိစွာ လဲလျောင်းနေပြီး လီလန်ကို ရိပ်မိလိုက်သည်နှင့် ညည်းညူသံလေး ထွက်ကာ တယိုင်တယိုင် လျှောက်လာသည်။

"ကောင်လေး စိုးရိမ်တကြီးနဲ့ စောင့်နေတာလား..."

ကျန်းရှောင်ဖုန်းက ကျားသစ်ပေါက်စ၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်ပြီး သူမ၏ ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ် ဒီမှာပဲ ညစာစားသွားပါဦး၊ ကောင်းကောင်းလေး ချက်ကျွေးပါ့မယ်..."

အဒေါ်ကျူးသည် လီလန်က သူတို့၏ တင်တောင်းစရိတ်များကို ပြန်ရအောင် ကူညီပေးခဲ့ပြီး ယန်တုံ့ပင်းကို ပြင်းထန်စွာ အပြစ်ပေးခဲ့ကြောင်း သားဖြစ်သူထံမှ သိရသည့်အခါ အံ့အားသင့် ဝမ်းမြောက်သွားသည်။

လီလန်က ရေတစ်ခွက်သောက်ပြီးနောက် စက်ဘီးနင်းကာ ကျားသစ်ပေါက်စကို ပိုင်ရှန်းမြို့နယ်၊ ရွှမ်းရွှေရွာသို့ ပြန်ခေါ်သွားတော့မည်ကို မြင်သောအခါ အမြန်လိုက်လာပြီး တားမြစ်သည်။

အဒေါ်ကျူးမှာ အလွန်လက်တွေ့ကျပြီး ရိုးရာဓလေ့ထုံးတမ်းအတိုင်း နေထိုင်တတ်သည့် ကျေးလက်အမျိုးသမီးတစ်ဦး ဖြစ်သည်။ စိတ်သဘောထား နွေးထွေးပြီး တုံ့ပြန်တတ်သည်။

လီလန်က သူတို့မိသားစုကို အများကြီး ကူညီခဲ့သည်။ သားဖြစ်သူ၏ အတက်ရောဂါကို သက်သာစေပြီး ယန်တုံ့ပင်းထံမှ တင်တောင်းစရိတ်ကိုလည်း ပြန်ရအောင် လုပ်ပေးခဲ့သည်။ ဤသည်မှာ သူတို့မိသားစု၏ အသက်ကို ကယ်တင်ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဤသည်မှာ ကြီးမားလှသော ကျေးဇူးတရား ဖြစ်သည်။

အဒေါ်ကျူးသည် ချေးငှားသည့် အပ်တစ်ချောင်းအတွက် အပ်နှစ်ချောင်းဖြင့် ပြန်ဆပ်တတ်သူ ဖြစ်သည်။ ဤမျှကြီးမားသော ကျေးဇူးကို သူမ ပြန်ဆပ်ရမည်။

"အဖွဲ့ခေါင်းဆောင်လီ ကျွန်တော့်အမေပြောတာ မှန်ပါတယ်။ အခုအချိန်က နောက်ကျနေပြီ၊ ညဘက်ခရီးသွားတာ အန္တရာယ်များတယ်။ အဆင်ပြေရင် အိမ်မှာ တစ်ညလောက် တည်းခိုပြီး မနက်ဖြန်မှ စောစောပြန်ပါ..."

လုံကျန်းဟူကလည်း အကြံပြုသည်။

အရှေ့မြောက်ပြည်နယ်သုံးခုတွင် တောရိုင်းတိရစ္ဆာန်များ ပေါများပြီး နွေဦးပေါက်ကာစတွင် သားရဲတိရစ္ဆာန်များ တောင်အောက်သို့ ဆင်းလာလေ့ရှိသည်။ မှောင်မည်းနေချိန်တွင် ညဘက်ခရီးသွားခြင်းမှာ အလွန်အန္တရာယ်များပြီး တောရိုင်းတိရစ္ဆာန်များ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်သည်။

အဖွဲ့ခေါင်းဆောင်လီမှာ အမဲလိုက်ရာတွင် ကျွမ်းကျင်သူ ဖြစ်သော်လည်း ဤခရီးတွင် အမဲလိုက်သေနတ် မပါလာပေ။ လမ်းတွင် ဝက်ဝံ သို့မဟုတ် ကျားနှင့်သာ တွေ့ဆုံပြီး တစ်ခုခုဖြစ်ခဲ့ပါက လီလန်၏ မိသားစုကို ဘယ်လိုရှင်းပြရပါ့မလဲ။ သူတို့၏ စိတ်ဓာတ်မှာ အေးချမ်းလိမ့်မည် မဟုတ်ပေ။

လီလန်သည် စက်ဘီးခုံပေါ်တွင် မျက်နှာရဲရဲနှင့် ထူးဆန်းစွာ ငြိမ်သက်နေသည့် ကျန်းရှောင်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ရှောင်ဖုန်း…ဘာလို့ မျက်နှာတွေ ရဲနေတာလဲ"

ကျန်းရှောင်ဖုန်း: "ဟမ်"

လီလန်၏ မေးခွန်းကြောင့် သူမသည် ယခုည တိရစ္ဆာန်ကုဆရာဝန်လုံ၏ အိမ်တွင် တည်းခိုရမည်ဆိုပါက လူအများကြီး ရှိနေသဖြင့် ကန်း (အိပ်ရာ) မလောက်တော့ပေ။ ထိုအခါ သူမ လီလန်နှင့် ကန်းအတူတူ အိပ်ရတော့မည်ဟု စိတ်ကူးယဉ်နေမိသည်။

လီလန်၏ အရပ်မြင့်မြင့်၊ ရုပ်ရည်ချောမောမှုနှင့် ကျားသစ်တစ်ကောင်ကဲ့သို့ သန်မာသော ခန္ဓာကိုယ်ကို တွေးတောမိလိုက်သည်။

ထိုကဲ့သို့သော ခန္ဓာကိုယ်၏ ပွေ့ဖက်ခြင်းကို ခံရမည်၊ သူ့နှင့်အတူ ကန်းပေါ်တွင် အိပ်စက်ရမည်၊ စောင်တစ်ထည်တည်း မျှဝေသုံးစွဲရမည်။

"ရှောင်ဖုန်း…ဘာလို့ နားရွက်တွေပါ ရဲနေတာလဲ"

"ဖျားနေတာတော့ မဟုတ်ပါဘူးနော်"

ကျန်းရှောင်ဖုန်း တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ လီလန်က နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။

"ရှောင်ဖုန်း"

"ရှောင်ဖုန်း"

လီလန်၏ ခေါ်သံကို ကျန်းရှောင်ဖုန်းမှာ ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်နေပြီး တုံ့ပြန်မှု တစ်စုံတစ်ရာ မပြပေ။

ကံကောင်းစွာဖြင့် သူမ၏ ရင်ခွင်ထဲရှိ ကျားသစ်ပေါက်စက အနည်းငယ် လှုပ်ရှားလိုက်သဖြင့် ကျန်းရှောင်ဖုန်းမှာ အသိစိတ် ပြန်ဝင်လာသည်။

"ရှောင်ဖုန်း၊ ဖျားနေတာလား..”

အဒေါ်ကျုးကလည်း သူမကို ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

တိရစ္ဆာန်ကုဆရာဝန်လုံပင် ကျန်းရှောင်ဖုန်း၏ နဖူးကို စမ်းကြည့်လိုက်သည်။

"အင်း မဖျားပါဘူး..."

လုံကျန်းဟူက နားမလည်စွာ ကျန်းရှောင်ဖုန်းကို စိုက်ကြည့်သည်။

ကျန်းရှောင်ဖုန်း၏ မျက်နှာမှာ ပို၍ ရဲလာပြီး ပန်းသီးနီလေးကဲ့သို့ ဖြစ်နေသည်။

"ကျွန်… ကျွန်မ မဖျားပါဘူး..."

ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးငယ်မှာ အလွန်ရှက်နေသည်။

သူမသည် လီလန်ကို ခိုးကြည့်လိုက်ပြီး သူ သတိမထားမိသည်ကို မြင်မှ သက်ပြင်းချလိုက်သည်။

"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ..."

မိန်းကလေးငယ်မှာ အလွန်အပြစ်ရှိသလို ခံစားနေရသည်။

"အို... ရှက်စရာကောင်းလိုက်တာ…နေ့ခင်းကြီးမှာ ငါက ဘာလို့ ဒီလို… ဒီလိုမျိုး တွေးမိတာလဲ..."

မည်သည့် အပျိုစင်မျှ စိတ်နှလုံးတွင် နွေဦးပေါက်ခြင်းမရှိဘဲ ရှိပါ့မလဲ။

ကျန်းရှောင်ဖုန်းဆိုသည့် မိန်းကလေးငယ်မှာ လီလန်အပေါ် အချစ်စိတ်များ ရှိနေသည်မှာ ထင်ရှားသည်။

[ဒင်… ကျန်းရှောင်ဖုန်း၏ နှစ်သက်ခြင်းအမှတ်+၅၀၀၀]

[ဒင်… ကျန်းရှောင်ဖုန်း၏ နှစ်သက်ခြင်းအမှတ် +၅၀၀၀]

စနစ်၏ အချက်ပေးသံနှစ်ခုကို ကြားလိုက်ရသောအခါ လီလန်က ကျန်းရှောင်ဖုန်းကို အလွန်အံ့သြစွာ ကြည့်လိုက်သည်။

သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေပြီး သူ၏ အောက်ပိုင်းကို ငုံ့ကြည့်လိုက်မိသည်။

"ဒီကလေးမလေး ခုနက ဘာတွေ တွေးနေတာလဲ….”

သို့သော် မကြာမီ လီလန်သည် ထိုအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး အဒေါ်ကျူးကို ပြောလိုက်သည်။

"အဒေါ်ကျူး ကျွန်တော် မတည်းခိုတော့ပါဘူး… အခုထိ အမှောင်မကျသေးဘူး၊ အမြန်နင်းသွားရင် မှောင်မကျခင် အိမ်ရောက်ပါတယ်"

တိရစ္ဆာန်ကုဆရာဝန်လုံ၏ မိသားစုမှာ ယန်တုံ့ပင်းကိစ္စပြီးနောက် အားအင်ကုန်ခမ်းနေပြီး ဆုံးရှုံးမှုများစွာ ရှိခဲ့သည်။ တိရစ္ဆာန်ကုဆရာဝန်လုံ ကိုယ်တိုင်ပင် အတက်ရောဂါ ခံစားနေရသည်။

သူတို့မိသားစုမှာ ကြွေးတင်နေပြီး အလွန်ဆင်းရဲနွမ်းပါးနေသဖြင့် သူ့ကို ဧည့်ခံဖို့ ဘာများရှိပါ့မလဲ။

လီလန်မှာ စိတ်မကောင်းဖြစ်ရသဖြင့် လက်မခံခဲ့ပေ။

ထို့အပြင် အဒေါ်ကျူးမှာလည်း နေ့စဉ် လာရောက်နှောင့်ယှက်နေသည့် ငွေရှင်များကြောင့် အလွန်ဒုက္ခရောက်နေသည်။

ယခု တင်တောင်းစရိတ်ပြန်ရပြီ ဖြစ်သဖြင့် အရေးအကြီးဆုံးမှာ ထိုငွေများကို ဆွေမျိုးများနှင့် မိတ်ဆွေများထံ အမြန်ပြန်ဆပ်ရန် ဖြစ်သည်။

လီလန်က အကြံပေးလိုက်သည်။

"အဒေါ်ကျူး၊ အခုတင်တောင်းစရိတ် ပြန်ရပြီဆိုတော့ တိရစ္ဆာန်ကုဆရာဝန်လုံနဲ့အတူ တစ်အိမ်ချင်းဆီကို အမြန်ပြန်ဆပ်လိုက်ပါ…မဟုတ်ရင် မနက်ဖြန် မနက်ကျရင် ဆွေမျိုးတွေက ထပ်ပြီး ပြဿနာရှာလိမ့်မယ်"

လီလန်က လုံကျန်းဟူ၏ အိမ်ကို သနားစဖွယ် ကြည့်လိုက်သည်။ ပြတင်းပေါက်များမှာ ပျက်စီးနေပြီး နံရံပေါ်တွင် မီးသွေးဖြင့် ရေးထားသည့် "ငွေပြန်ဆပ်" ဆိုသည့် စာလုံးကြီးများ ရှိနေသည်။

ဤအချက်ကပင် တိရစ္ဆာန်ကုဆရာဝန်လုံ၏ မိသားစုမှာ ငွေရှင်များ၏ နှောင့်ယှက်ခြင်းကို မကြာခဏ ခံနေရကြောင်း ပြသနေသည်။

"ဟုတ်ကဲ့…အခုချက်ချင်း သွားပါ့မယ်"

လုံကျန်းဟူက ခေါင်းညိတ်သည်။

"သား မီးဖိုချောင်ထဲသွားပြီး တစ်ခုခုယူခဲ့ပါ။ ငါတို့မှာ ကန်စွန်းဥလေးတွေ ကျန်သေးတယ်။ အဖွဲ့ခေါင်းဆောင်လီကို ပေးလိုက်ပါ…အဖွဲ့ခေါင်းဆောင်လီက တစ်နေ့လုံး ငါတို့မိသားစုအတွက် အလုပ်ရှုပ်နေတာ၊ ဘာမှမစားရသေးဘူး"

လီလန်မှာ တစ်နေ့လုံး အစာမစားရသေးသည်မှာ မှန်သည်။ ပိုင်ဟူဂိုဏ်းဌာနချုပ်တွင် အရက်အနည်းငယ်သာ သောက်ခဲ့ရသည်။

အဒေါ်ကျူးက မီးဖိုချောင်သို့ ပြေးသွားပြီး ကန်စွန်းဥ အိတ်တစ်အိတ်ကို ယူလာသည်။

"အဖွဲ့ခေါင်းဆောင်လီ၊ အိမ်မှာ တန်ဖိုးရှိတာ ဘာမှမရှိပါဘူး… ဒီကန်စွန်းဥအိတ်ကိုပဲ ယူသွားပါ ကျွန်မတို့သားအမိ နှစ်ရက်လောက်နေရင် ရွှမ်းရွှေရွာကို အလည်လာခဲ့ပါ့မယ်"

အဒေါ်ကျူးက ကန်စွန်းဥများကို လီလန်၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။

ထိုကဲ့သို့သော ဧည့်ဝတ်ကျေပွန်မှုကို ငြင်းဆန်၍ မရသဖြင့် လီလန်မှာ ကန်စွန်းဥအိတ်ကို လက်ခံလိုက်ရသည်။

ကံကောင်းစွာဖြင့် ကန်စွန်းဥမှာ တန်ဖိုးနည်းသဖြင့် တိရစ္ဆာန်ကုဆရာဝန်လုံ၏ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပေ။

"ဒါဆိုရင် အဒေါ်ကျူး၊ တိရစ္ဆာန်ကုဆရာဝန်လုံ၊ ကျွန်တော်တို့ ပြန်တော့မယ်… ပြန်တော့မယ်နော်"

လီလန်က လက်ပြနှုတ်ဆက်သည်။

"ပြန်တော့မယ်နော် အဒေါ်ကျူး…ပြန်တော့မယ် တိရစ္ဆာန်ကုဆရာဝန်လုံ"

စက်ဘီးနောက်ခုံတွင် ထိုင်နေသော ကျန်းရှောင်ဖုန်းက ကျားသစ်ပေါက်စကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း လက်ပြနှုတ်ဆက်သည်။

"မြောင်"

ကျားသစ်ပေါက်စကလည်း သူတို့နှစ်ဦးကို ကြည့်ကာ ညည်းညူသံလေး ထွက်လိုက်သည်။ (ကျားသစ်ပေါက်စက ကြောင်သံနဲ့တူတယ်လို့ လာပြောကြလို့)

All Chapters