← Chapters

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း (၄၀၇) ရှီတာ့ဟူ

စုတ်ပြဲနေသော အဝတ်စကို မြင်လိုက်ရသည့်အခါ ရှီအာဟူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

"ဘယ်... ဘယ်ကနေ ရလာတာလဲ..."

လီလန်သည် ရှီအာဟူ၏ တုံ့ပြန်မှုကို ကြည့်၍ မာလောင်တနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ တကယ်ပင် ဤကိစ္စမှာ ရှီအာဟူနှင့် သေချာပေါက် ပတ်သက်နေလေသည်။

လိမ်ညာမှုများဖြင့် ပြည့်နှက်နေသော ရှီအာဟူသည် ခိုင်လုံသော သက်သေအထောက်အထားရှေ့တွင် သူ၏ အစစ်အမှန်အရောင်အသွေးကို ဖော်ပြလာရတော့၏။

မာလောင်တ၏ မျက်နှာမှာ မှောင်မိုက်သွားပြီး…

"ရှီအာဟူ... ငါတို့ကို ရိုးရိုးသားသားပြောစမ်း... ဒီအင်္ကျီက မင်းဟာလား..."

မာလောင်တသည် ဖာထေးထားသော အဝတ်စုတ်ကို လက်ညှိုးထိုးကာ ရှီအာဟူအား တင်းမာစွာ ပြောလိုက်သည်။

ရှီအာဟူသည် တုံ့ဆိုင်းစွာဖြင့်…

"ဒီအင်္ကျီက တကယ်တော့ ကျွန်တော့်ဟာပါ... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ..."

လီလန်က မေးလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်အင်္ကျီကို အပြင်ငှားလိုက်လို့ပါ..."

မာလောင်တမှာ အံ့ဩသွားပြီး…

"ရှီအာဟူ... မင်း ဘယ်သူ့ကို ငှားလိုက်တာလဲ..."

"ဘယ်သူ့ကို ငှားရမှာလဲ... ကျွန်တော့်အစ်ကိုကို ငှားလိုက်တာပေါ့..."

"မင်းအစ်ကို ဟုတ်လား..."

လီလန်သည် မျက်မှောင်အနည်းငယ် ကျုံ့သွား၏။ ရှီအာဟူတွင် အစ်ကိုတစ်ယောက် တကယ်ရှိနေသည်လား။

"မင်းအစ်ကို... သူ့နာမည် ရှီတာ့ဟူလို့ ငါမှတ်မိတယ်... ဟုတ်တယ်မလား..."

မာလောင်တက ပြန်တွေးကာ ပြောလိုက်သည်။

"ဟုတ်တယ်... ကျွန်တော့်အစ်ကို နာမည်က ရှီတာ့ဟူပါ..."

ရှီအာဟူက ခေါင်းညိတ်ပြလေသည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ မာလောင်တသည် လီလန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး…

"အဖွဲ့ခေါင်းဆောင်လီ... ဘယ်လိုထင်လဲ..."

"ရှီအာဟူက လိမ်နေပုံမပေါ်ဘူး... သေချာသလောက်ရှိတယ်..."

လီလန်က သုံးသပ်လိုက်သည်။

အင်္ကျီမှာ တကယ်ပင် ရှီအာဟူ၏အရာ ဖြစ်သော်လည်း ၎င်းကို ရှီတာ့ဟူက ဝတ်ဆင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် တောင်ပေါ်သို့ တက်ကာ လင်ဇီးမှိုများကို ခိုးတူးခဲ့သူမှာ ရှီအာဟူမဟုတ်ဘဲ သူ၏အစ်ကို ရှီတာ့ဟူပင် ဖြစ်နေချေပြီ။

"ရှီတာ့ဟူက ဘယ်လိုလူမျိုးလဲ..."

လီလန်သည် မာလောင်တကို ကြည့်၍ မေးလိုက်သည်။

"ဘာလူမျိုးရမှာလဲ... သူကလည်း ရှီအာဟူလိုပါပဲ... အစားမက်ပြီး အရက်ကြိုက်တဲ့ လူပျင်းတစ်ယောက်ပါပဲ..."

မာလောင်တက ခေါင်းခါရင်း ပြောလိုက်သည်။

"ဒါပေမဲ့ သူ့ညီနဲ့မတူတာက ရှီတာ့ဟူက ရွာမှာ တစ်နှစ်ပတ်လုံး မနေဘူး... သူက မြို့နယ်ထဲမှာ အလုပ်လုပ်တယ်... သူက အလုပ်သမားတစ်ယောက်ပဲ... ချည်မျှင်နှင့်အထည်စက်ရုံ တစ်ခုခုကနေ လာတာလို့ ထင်တယ်..."

မာလောင်တက လီလန်အား ရှင်းပြလိုက်သည်။

"ချည်မျှင်နှင့်အထည်စက်ရုံကလား..."

လီလန်က အနည်းငယ် အံ့ဩသွားတော့သည်။

ပြီးခဲ့သည့်အကြိမ်က သူ၏ယောက္ခမ၏ ရှစ်ဆယ်ပြည့်မွေးနေ့အတွက် သားကောင်များ၏ သားရေများကို ဝယ်ယူရန် သူ၏အိမ်သို့ ရောက်လာခဲ့သော ဒုတိယစက်ရုံမှူးလီမှာလည်း ချည်မျှင်နှင့်အထည်စက်ရုံမှဖြစ်ပြီး သူက ဒုတိယစက်ရုံမှူးပင် ဖြစ်လေသည်။

"ရှီတာ့ဟူဖြစ်နေမှတော့... မာလောင်တ... ကျွန်တော်တို့ ရှီတာ့ဟူကို သွားရှာပြီး မေးကြည့်ရအောင်..."

လီလန်က အကြံပြုလိုက်သည်။

မာလောင်တသည် ချောင်တျန်းကျီရွာ၏ အရာရာကို သိသူဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းများစွာ ရှိသောကြောင့် ရှီတာ့ဟူ၏ အိမ်ဘယ်မှာရှိသည်ကို သဘာဝကျကျပင် အတိအကျ သိရှိနေလေသည်။

"ကောင်းပြီ... ဒါဆိုရင် ရှီတာ့ဟူကို သွားရှာကြတာပေါ့..."

မာလောင်တသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ပြီး လီလန်အား ရှီတာ့ဟူကို သွားရှာရန် လမ်းပြခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်သည်။

ရှီတာ့ဟူမှာလည်း ချောင်တျန်းကျီရွာမှပင်ဖြစ်သည်။ သူ၏အိမ်မှာ ရွာ၏ အနောက်ဘက်အစွန်တွင်ရှိပြီး လမ်းလျှောက်လျှင် ဆယ်မိနစ်ခန့်သာ ကြာမြင့်လေသည်။

"မာလောင်တ... နေပါဦး... ကျွန်တော်လည်း လိုက်ခဲ့မယ်..."

ရှီအာဟူက အလျင်အမြန် လှမ်းခေါ်လိုက်သည်။

ထို့နောက် သူတို့သုံးယောက်သည် ရှီတာ့ဟူ၏ အိမ်ဆီသို့ ဦးတည်သွားကြတော့သည်။

လမ်းတစ်လျှောက်တွင် မာလောင်တသည် ချောင်တျန်းကျီရွာ မှ ရွာသားများစွာနှင့် ဆုံတွေ့ခဲ့ရပြီး ထိုရွာသားများမှာ မာလောင်တအား တက်ကြွစွာ နှုတ်ဆက်ကြလေသည်။

"မာလောင်တ... သူ့ကို ဘယ်ခေါ်သွားမလို့လဲ..."

"မာလောင်တ... နေ့လယ်စာ စားပြီးပြီလား..."

"အိုး... မာလောင်တ... အမဲလိုက်ရာကနေ အခုမှ ပြန်လာတာလား..."

ရွာသားများ၏ တက်ကြွသော နှုတ်ဆက်မှုများကို မာလောင်တသည် ခပ်တည်တည် မျက်နှာထားဖြင့်သာ တုံ့ပြန်ကာ ခေါင်းကိုသာ ဖွဖွညိတ်ပြလိုက်သည်။

မာလောင်တ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ချောင်တျန်းကျီရွာမှ ရွာသားများမှာ ချက်ချင်းပင် တီးတိုးရေရွတ်လိုက်ကြတော့သည်။

"ဘယ်သူက မာလောင်တကို ဒေါသထွက်အောင် လုပ်လိုက်တာလဲ..."

"မာလောင်တ ဒေါသထွက်နေတာလား... ဘယ်သူလုပ်တာလဲ..."

"မာလောင်တကို ရန်စရဲတယ်ဆိုတော့...အဲ့ကောင် သေချင်နေတာပဲဖြစ်ရမယ်..."

"ဟေး... ကြည့်စမ်း... မာလောင်တ နောက်က ရွှမ်းရွှေရွာက အဖွဲ့ခေါင်းဆောင် လီလန် မဟုတ်ဘူးလား..."

အချို့ကလည်း လီလန်ကို မှတ်မိကြလေသည်။

လီလန်မှာ မီးနဂါးမုဆိုးအဖွဲ့ ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အမဲလိုက်ရာတွင် အလွန်ထူးချွန်ကာ မကြာသေးမီက လူသားစားကျားသစ် တစ်ကောင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သောကြောင့် သူ၏ နာမည်ဂုဏ်သတင်းမှာ ကျော်ကြားနေပြီး ရွာသားအချို့က သူ့ကို မှတ်မိနေခြင်းမှာ သဘာဝကျလှသည်။

"မာလောင်တက အဖွဲ့ခေါင်းဆောင်လီကို ခေါ်သွားပြီး ဘာလုပ်မလို့လဲ..."

"ဘာလို့ ရှီအာဟူကရော ဒီနေရာကို ရောက်နေတာလဲ..."

ရွာသားများသည် သူတို့သုံးယောက်ကိုကြည့်ကာ အားလုံး စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေကြတော့သည်။

သို့သော် လီလန်နှင့် သူတို့နှစ်ယောက်မှာ ဘာမျှမပြောဘဲ ချောင်တျန်းကျီရွာ၏ အနောက်ဘက်အစွန်ဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားခဲ့ကြသည်။

ချောင်တျန်းကျီရွာ၏ ဘေးတွင် ဆေးဖက်ဝင်အပင်များ ပေါများလှသော ချောင်တျန်းကျီတောင် ရှိလေသည်။ လမ်းတစ်လျှောက်တွင် လီလန်သည် အိမ်ခြံဝင်းတိုင်းကို ဖြတ်သန်းသွားခဲ့ရပြီး ဆေးဖက်ဝင်အပင်များ၏ ရနံ့ကို ရှူရှိုက်နိုင်ခဲ့သည်။ အိမ်ထောင်စုတိုင်းမှာ ဆေးဖက်ဝင်အပင်များကို နေလှန်းထားကြ၏။

ဝူဝေကျီ၊ ကျောက်ကပ်အားတိုးမြက်၊ ဆိတ်ချိုနွယ်၊ လင်ဇီးမှိုများ …

သစ်ကြားမှို၊ ကြက်ပေါင်မှို၊ မျောက်ခေါင်းမှို၊ အဝါရောင်မှို စသည့် တောင်ပေါ်ထွက်ကုန်များစွာလည်း ရှိနေလေသည်။

တောင်ကို မှီခို၍ ရေကို မှီခိုကာ အသက်မွေးဝမ်းကျောင်းပြုကြရသဖြင့် ဤရွာတွင် ဆေးဖက်ဝင်အပင်များနှင့် တောင်ပေါ်ထွက်ကုန်များမှာ အလွန်အတွေ့ရများလှသည်။

မည်သို့ပင်ဖြစ်စေ ချောင်တျန်းကျီရွာ၏ ရွာသားများသည် ဆေးဖက်ဝင်အပင်များနှင့် တောင်ပေါ်ထွက်ကုန်များကိုသာ အားထား၍ အသက်မွေးဝမ်းကျောင်း ပြုနေကြရခြင်း ဖြစ်သည်။

လမ်းတစ်လျှောက်လုံး ဆေးဖက်ဝင်အပင်များ၏ ရနံ့ကို ရှူရှိုက်ရင်း လီလန်၏ အတွေးများ လှုပ်ရှားသွားကာ မာလောင်တကို ကြည့်လိုက်သည်။

"မာလောင်တ... ကျွန်တော့်မှာ စီးပွားရေးကိစ္စတစ်ခုရှိတယ်... ခင်ဗျား စိတ်ဝင်စားလား..."

"ဟင်... အဖွဲ့ခေါင်းဆောင်လီ... ဘာစီးပွားရေးကိစ္စလဲ..."

မာလောင်တက စိတ်ဝင်စားသွားလေသည်။

"မာလောင်တ... ကျွန်တော်တို့ ရောက်ပြီ... ဒီအိမ်က ကျွန်တော့်အစ်ကို့အိမ်ပဲ..."

ရှီအာဟူက ရုတ်တရက် ဝင်ပြောလိုက်သည်။

စကားပြောတော့မည့် လီလန်မှာ ရပ်တန့်သွားပြီး…

"မာလောင်တ... လင်ဇီးမှိုကိစ္စကို အရင်ရှင်းကြတာပေါ့... အဲဒီအကြောင်းကို နောက်မှ ဆက်ပြောကြတာပေါ့..."

"ကောင်းပြီ..."

မာလောင်တက ခေါင်းညိတ်လိုက်သည်။

ရှီတာ့ဟူ၏ အိမ်ခြံဝင်းတံခါးမှာ ပိတ်မထားချေ။ ရှီအာဟူက တံခါးကို တွန်းဖွင့်လိုက်ရာ သူတို့သုံးယောက်သည် တံခါးခုံကို ကျော်ဖြတ်၍ တန်းတန်းမတ်မတ် ဝင်သွားကြတော့သည်။

ဝင်ဝင်ချင်းမှာပင် လီလန်သည် လင်ဇီးမှို၏ လတ်ဆတ်သော ရနံ့တစ်ခုကို ရှူရှိုက်လိုက်မိသည်။

လီလန်သည် ညာဘက်သို့ အမြန်လှည့်ကြည့်လိုက်ရာ ရှီတာ့ဟူ၏ သစ်သားအိမ် ခေါင်မိုးစွန်းအောက်တွင် တောရိုင်း လင်ဇီးမှို အစုအဝေးတစ်ခုကို နေလှန်းထားသည်ကို တွေ့လိုက်ရသည်။

ထိုလင်ဇီးမှိုများမှာ အမည်းရောင်ဖြစ်ပြီး တောက်ပနေသော မှိုခေါင်းများရှိကာ သူတို့၏ အမြစ်များတွင်မူ လတ်ဆတ်သော မြေကြီးများ ကပ်တွယ်နေဆဲပင် ဖြစ်သည်။

ဤလင်ဇီးမှိုများမှာ တကယ်တော့ ရှားပါးသော တောရိုင်းလင်ဇီးမှိုနက်များပင် ဖြစ်လေသည်။

မာလောင်တသည် ထိုလင်ဇီးမှိုများကို ကြည့်ကာ…

"ဒီလင်ဇီးမှိုတွေက လတ်လတ်ဆတ်ဆတ်ပဲ... မကြာသေးခင်ကမှ ခူးလာတာ ဖြစ်ရမယ်... အလွန်ဆုံးရှိမှ နေ့တစ်ဝက်တောင် မကြာသေးဘူး..."

မာလောင်တက သုံးသပ်လိုက်သည်။

"ဒါဆိုရင် သူပဲ..."

လီလန်က ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်မှာ ဘာစကားမျှမပြောဘဲ ရှီအာဟူကိုသာ ကြည့်လိုက်ကြသည်။

ရှီအာဟူ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး အားယူကာ အိမ်ထဲသို့ လှမ်းအော်လိုက်ရတော့သည်။

"အစ်ကို... ခဏလောက် ထွက်လာခဲ့ပါဦး... ပြောစရာရှိလို့..."

သစ်သားအိမ်ထဲမှ တုံ့ပြန်သံတစ်ခု ချက်ချင်းပင် ထွက်ပေါ်လာ၏။

"အာဟူလား... ဘာကိစ္စရှိလို့လဲ..."

"အရင်ထွက်လာခဲ့ပါဦး..."

ရှီအာဟူက ကျယ်လောင်စွာ ပြောလိုက်သည်။

မကြာမီမှာပင် ရှီအာဟူနှင့် အနည်းငယ် ဆင်တူသော အရပ်ရှည်ရှည် လူတစ်ယောက် သစ်သားအိမ်ထဲမှ ထွက်လာလေသည်။

ထိုလူမှာ ခန္ဓာကိုယ်ထွားကြိုင်းပြီး မုတ်ဆိတ်မွေးကြမ်းများ ပြည့်နှက်နေသော မျက်နှာရှိကာ အဝေးမှကြည့်လျှင်ပင် ကြမ်းတမ်းပြီး ဆက်ဆံရခက်မည့်ပုံ ပေါ်နေလေသည်။

ထိုသူမှာ ရှီအာဟူ၏ မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော အစ်ကိုအရင်းဖြစ်သူ ရှီတာ့ဟူပင်ဖြစ်သည်။

ရှီတာ့ဟူ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှီအာဟူက လူနှစ်ယောက်ကို ခေါ်လာသည်ကို မြင်လိုက်ရသဖြင့် အမြန်မေးလိုက်သည်။

"အာဟူ... ဒီနှစ်ယောက်က ဘယ်သူတွေလဲ..."

သို့သော် မာလောင်တက ရှေ့သို့တိုးလာကာ...

"ဘာလဲ... ရှီတာ့ဟူ... မင်းက မြို့မှာနေရတာ အသားကျလွန်းလို့ ငါ မာလောင်တကိုတောင် မမှတ်မိတော့ဘူးလား..."

မာလောင်တက သူ၏း့ကိုယ်သူ မိတ်ဆက်လိုက်သည်။

ရှီတာ့ဟူမှာ မာလောင်တမှန်း သိလိုက်ရသောအခါ ချက်ချင်းပင် အာမေဍိတ်သံ ထွက်လာတော့သည်။

"အိုး..."

"မာလောင်တကိုး..."

"ရှားရှားပါးပါး ဧည့်သည်တွေပါလား... ရှားရှားပါးပါးပါပဲ... မြန်မြန် ဝင်လာကြပါဦး..."

ချောင်တျန်းကျီရွာရှိ မာလောင်တ၏ ဂုဏ်သတင်းမှာ သူ၏ ဘိုးဘွားစဉ်ဆက် အရက်ချက်သည့် ပညာရပ်ကြောင့် အလွန်ကျော်ကြားလှသည်။ ရှီတာ့ဟူသည် သူ့ကို မြင်သည့်အခါ 'မာလောင်တ' ဟု ရိုသေစွာ ခေါ်ရပြီး မည်သည့်အခါမျှ သူ့ကို ပြစ်မှားရန် မဝံ့ရဲချေ။

မာလောင်တက နှာမှုတ်လိုက်ပြီး…

"အထဲဝင်စရာ မလိုပါဘူး... ရှီတာ့ဟူ... ငါ မင်းကို မေးမယ်... ပြီးခဲ့တဲ့ရက်ပိုင်းတွေက မင်း ချောင်တျန်းကျီတောင် ကို သွားခဲ့သေးလား..."

ရှီတာ့ဟူမှာ ထိုအမေးကြောင့် အနည်းငယ် လန့်သွားပြီး…

"ပြီးခဲ့တဲ့ရက်ပိုင်းတွေက... ကျွန်တော် တကယ်ပဲ သွားခဲ့ပါတယ်..."

"ဒီနေ့မနက်တင် ညီအစ်ကိုတချို့ကိုခေါ်ပြီး တောင်ပေါ်ကို ဆေးပင်တချို့ သွားခူးခဲ့တယ်လေ..."

ရှီတာ့ဟူ စကားပြောနေစဉ် သူ၏ မျက်လုံးများမှာ ခေါင်မိုးစွန်းအောက်တွင် နေလှန်းထားသော လင်ဇီးမှိုနက်များဆီသို့ လျင်မြန်စွာ ရောက်သွားလေသည်။

"ဆေးဖက်ဝင်အပင်တွေ ဟုတ်လား..."

မာလောင်တက လှောင်ပြုံးပြုံးလိုက်သည်။

မာလောင်တသည် စကားပြောရင်း သူ၏ အိတ်ကပ်ထဲမှ ဖာထေးထားသော အဝတ်စုတ်ကို ဆွဲထုတ်လိုက်၏။

"ရှီတာ့ဟူ... ဒါက ဘာလဲဆိုတာ မင်းသိလား..."

"ဒါက ငါ့အင်္ကျီကနေ စုတ်ပြဲသွားတဲ့ အဝတ်စမဟုတ်ဘူးလား..."

ရှီတာ့ဟူက စကားပြောရင်း ရှီအာဟူကို အမြန်ကြည့်လိုက်ကာ…

"ညီလေး... ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ..."

မေးလိုက်သည်။

ရှီအာဟူမှာ မတတ်နိုင်တော့သဖြင့် ခေါင်မိုးစွန်းအောက်တွင် နေလှန်းထားသော လင်ဇီးမှိုနက်များဆီသို့ ပါးစပ်ဖြင့် ညွှန်ပြလိုက်တော့သည်။

ထို့နောက် မာလောင်တက တင်းမာစွာဖြင့်...

"ရှီတာ့ဟူ... ဒီလင်ဇီးမှိုနက်တွေကို မင်းခူးလာတဲ့နေရာက... ငါ မာလောင်တ မနှစ်ကတည်းက အမှတ်အသားလုပ်ထားတဲ့ လင်ဇီးမှိုခင်းဆိုတာ မင်းသိရဲ့လား..."

All Chapters