အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀) သောင်းကျန်းနေသော တောကြောင်ရိုင်း... လီလန် သေနတ်ပစ်ဖောက်ကာ ဝံပုလွေအိုကြီးကို သတ်ဖြတ်လိုက်ခြင်း
"ရှီအာဟူ... မင်း ခွေးသူတောင်းစား..."
"မင်းကို ဘယ်သူက ပစ်ခွင့်ပေးလိုက်လို့လဲ..."
လီလန်က လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပြီး ရှီအာဟူကို စိုက်ကြည့်နေလေသည်။
ရှီအာဟူသည် သူ၏ ခေတ်ဟောင်း ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ်ကို မြှောက်ကိုင်ထားပြီး အမည်းရောင် သေနတ်ပြောင်းဝမှာ အမဖြစ်သော တောကြောင်ရိုင်းဆီသို့ ချိန်ရွယ်ထားလေသည်။
သေနတ်ပစ်ခတ်မှုနှင့်အတူ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး လေထုထဲတွင် ယမ်းနံ့များ လွှမ်းခြုံသွားတော့သည်။
"မှန်ပြီ... ထိသွားပြီ..."
ရှီအာဟူသည် သွေးအိုင်ထဲတွင် လဲကျနေသော မိခင်တောကြောင်ရိုင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
မီတာတစ်ရာကျော်အကွာမှ ပစ်ခတ်လိုက်သော ကျည်ဆန်သည် အမဖြစ်သော တောကြောင်ရိုင်းကို တိကျစွာ ထိမှန်သွားခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
ရှီအာဟူသည် သားကောင်ကို ပစ်မှတ်ထားနိုင်ခဲ့သည့် စိတ်လှုပ်ရှားမှုထဲတွင် နစ်မြောနေသဖြင့် လီလန်၏ အပြစ်တင်စကားများကို လျစ်လျူရှုထားလိုက်လေသည်။ (ငိုးမ ရှီအာဟူ ( ≧Д≦)
ရှီအာဟူသည် မြက်ခင်းပြင်တောင်ပေါ်ရှိ အရသာငါးပါးသစ်သီး တောအုပ်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုတောကြောင်ရိုင်း နှစ်ကောင်ကို မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။
အထီးတစ်ကောင်နှင့် အမတစ်ကောင်ဖြစ်သော တောကြောင်ရိုင်း နှစ်ကောင်ပင် ဖြစ်လေသည်။
ဤတောကြောင်ရိုင်းသည် ရတနာတစ်ခုပင်ဖြစ်သည်။ ၎င်း၏ အသားကို စားသုံးနိုင်ပြီး အရိုးများကို အရက်စိမ်ရန် အသုံးပြုနိုင်ကာ အမွှေးအမျှင်များကို ငွေရရန် ရောင်းချနိုင်လေသည်။
တောကြောင်ရိုင်းသည် ၎င်း၏ ထူထဲပြီး ပွယောင်းသော အမွှေးအမျှင်များကြောင့် လူသိများပြီး တောကြောင်ရိုင်း သားမွှေးအင်္ကျီကို ဝတ်ဆင်ထားပါက အအေးဆုံး ဆောင်းရာသီတွင်ပင် နွေးထွေးနေစေမည် ဖြစ်သည်။
ဤတောကြောင်ရိုင်း၏ သားရေသည် ငွေကြေးများစွာ တန်ဖိုးရှိပြီး ရွာထဲရှိ သားရေကုန်သည်များက တောကြောင်ရိုင်း သားရေကို အထူးတလည် တောင်းဆိုထားကြခြင်း ဖြစ်လေသည်။
ကျားသားရေမှာ ရရှိရန် ခက်ခဲလှသော်လည်း မုဆိုးများအနေဖြင့် ဤတောကြောင်များဆီမှ သားရေအချို့ကိုတော့ သေချာပေါက် ရရှိနိုင်မည် မဟုတ်ပါလော။
အရေအတွက် မည်မျှပင် ရှိစေကာမူ အားလုံးကို ဈေးကောင်းပေး၍ ဝယ်ယူမည် ဖြစ်လေသည်။
ကြီးမားသော ဆုလာဘ်သည် ရဲရင့်သူများကို သေချာပေါက် ဆွဲဆောင်နိုင်ပေသည်။ ရှီအာဟူသည် တောကြောင်ရိုင်း သားရေကို မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ အထီးနှင့်အမ တောကြောင်ရိုင်း နှစ်ကောင်ကို မြင်လိုက်ရချိန်တွင် သူသည် သဘာဝကျစွာပင် ၎င်းတို့ကို အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ပေ။
"ဘယ်သူ သေနတ်ပစ်လိုက်တာလဲ..."
"အဖွဲ့ခေါင်းဆောင်ရှီ ပစ်လိုက်တာလား..."
"..."
ရုတ်တရက် ထွက်ပေါ်လာသော သေနတ်သံကြောင့် ချုံပုတ်များအောက်တွင် ဝပ်နေကြသော မုဆိုးများမှာ လန့်ဖြတ်သွားကြလေသည်။
မူလက သူတို့သည် တောကြောင်ရိုင်းများနှင့် ဝံပုလွေအုပ်စုတို့ တိုက်ခိုက်သည်ကို စောင့်ကြည့်ချင်ခဲ့ကြပြီး သားရဲနှစ်အုပ်စု သေလဲကွဲအကျေ တိုက်ခိုက်ကာ နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားချိန်မှ သေနတ်ဖြင့်ပစ်၍ အကျိုးအမြတ်များကို သိမ်းပိုက်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ရလဒ်အနေဖြင့် ရှီအာဟူက သေနတ်ပစ်ဖောက်လိုက်သဖြင့် ဝံပုလွေများကို လန့်သွားစေခဲ့လေပြီ။
"အဖွဲ့ခေါင်းဆောင်ရှီ... ဒီကိစ္စအတွက် ခင်ဗျား ကျွန်တော့်ကို ရှင်းပြတာ ပိုကောင်းလိမ့်မယ်..."
မာလောင်တက မကျေနပ်သော အမူအရာဖြင့် အေးစက်စွာ ပြောလိုက်သည်။
သူသည် အစကတည်းက လီလန်၏ အကြံပေးချက်ကို နှလုံးသွင်းထားခဲ့ပြီး ဝံပုလွေများ ၎င်းတို့၏ အသိုက်သို့ ပြန်ရောက်လာချိန်ကို စောင့်ကာ အားလုံးကို ပစ်သတ်၍ သူ၏ ချစ်လှစွာသော ခွေးနှစ်ကောင်အတွက် ကလဲ့စားချေရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
အဖွဲ့ခေါင်းဆောင်ရှီ၏ ရုတ်တရက် ပစ်ခတ်မှုသည် သူတို့၏ တည်နေရာကို ဖော်ပြလိုက်ရုံသာမက ဝံပုလွေအုပ်စု၏ အာရုံစိုက်မှုကိုပါ ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ရှီအာဟူက လူများကို ဒုက္ခပေးနေခြင်းပင် ဖြစ်သည်။
ရှီအာဟူသည် သူ့ကို လျစ်လျူရှုကာ သူလုပ်ချင်ရာကို ဆက်လုပ်နေပြီး လက်ထဲရှိ သေနတ်ကို ကျည်ဆန် ပြန်လည်ဖြည့်တင်းနေလေသည်။
ကျည်ထည့်သည်... သေနတ်ကို မြှောက်သည်... ချိန်ရွယ်လိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ သူသည် အထီးဖြစ်သော တောကြောင်ရိုင်းကို မျက်စိကျနေခဲ့လေသည်။
"မင်းအမေကို@##_&-..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီလန်သည် လျင်မြန်စွာ ရှေ့သို့တက်သွားပြီး ရှီအာဟူ၏ သေနတ်ကို ကန်ထုတ်လိုက်လေသည်။
ထို့နောက် သူသည် ရှီအာဟူကို ပြင်းထန်စွာ ကန်ကျောက်လိုက်ရာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"လီလန်... မင်း ရူးနေလား..."
သူ၏ အစီအစဉ် ပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ ရှီအာဟူသည် ထလာပြီး ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။
"လျူဇီ... သူ့ဆီက သေနတ်ကို သိမ်းလိုက်စမ်း..."
လီလန်သည် ရှီအာဟူနှင့် စကားပြောရန်ပင် အချိန်မဖြုန်းချင်တော့ဘဲ ဒေါသတကြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ အဖွဲ့ခေါင်းဆောင်..."
လျူဇီသည် ရှီအာဟူ၏ သေနတ်ကို ကောက်ယူရန် အပြေးအလွှား သွားလိုက်လေသည်။
လီလန်၏ ရင်ဘတ်ထဲမှ အမည်မသိ ဒေါသမီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။ မိခင်တောကြောင်ရိုင်းသည် တောကြောင်ရိုင်းလေး၏ မိခင်ပင် ဖြစ်သည်။
ခွေးလေးကို ချစ်သကဲ့သို့ ခွေးလေးနှင့် သက်ဆိုင်သည်များကိုပါ သံယောဇဉ်ရှိသောကြောင့် လီလန်သည် မိခင်တောကြောင်ရိုင်းကို ထိခိုက်နစ်နာစေရန် မရည်ရွယ်ခဲ့ပေ။
သူသည် တောကြောင်ရိုင်းလေးနှင့် အိမ်မွေးတိရစ္ဆာန် စာချုပ်ချုပ်ဆိုစဉ်က ၎င်းအနေဖြင့် ထွက်ခွာ၍ မိသားစုထံ ပြန်လိုပါက တားဆီးမည် မဟုတ်ကြောင်း ကတိပေးထားခဲ့သည်။
သို့သော် ယနေ့တွင်ကား…
မြက်ခင်းပြင်တောင်ပေါ်တွင် တောကြောင်ရိုင်းလေးသည် နောက်ဆုံး၌ မိခင်ဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ခွင့် ရခဲ့သည်။ သို့သော်လည်း... သေစမ်း…
“ရှီအာဟူ... ခွေးသူတောင်းစား…”
"မာလောင်တ... ရှီအာဟူက စကားနားမထောင်ဘဲ သေနတ်ကို မဆင်မခြင် ပစ်ဖောက်ပြီး ကျွန်တော်တို့ရဲ့ တည်နေရာကို ဖော်ပြလိုက်တယ်... ခဏနေလို့ ဝံပုလွေအုပ်ကြီး ပြေးလာရင် သူ တာဝန်ယူရလိမ့်မယ်..."
လီလန်က အေးစက်စွာ ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ... ဒီကိစ္စက... ဒီကိစ္စက အဖွဲ့ခေါင်းဆောင်ရှီ စိတ်လိုက်မာန်ပါ လုပ်လိုက်တာကြောင့် ဖြစ်သွားရတာပါ..."
မာလောင်တက သက်ပြင်းချလိုက်လေသည်။
သူကိုယ်တိုင်လည်း မုဆိုးတစ်ယောက် ဖြစ်ခဲ့ဖူးသဖြင့် စူးရှသော အမြင်ရှိကာ လီလန် မည်သည့်အတွက်ကြောင့် ဤမျှလောက် ဒေါသထွက်နေရသည်ကို သဘာဝကျစွာပင် နားလည်ထားလေသည်။
ထိုအမဖြစ်သော တောကြောင်ရိုင်းသည် အဖွဲ့ခေါင်းဆောင်လီ မွေးမြူထားသော တောကြောင်ရိုင်းလေး၏ မိခင် ဖြစ်နိုင်ချေ အလွန်များပြားလှသည်။
အဖွဲ့ခေါင်းဆောင်ရှီက သူ၏ ချစ်လှစွာသော အိမ်မွေးတိရစ္ဆာန်၏ မိခင်ကို ပစ်သတ်လိုက်ခြင်းဖြစ်ရာ ပိုင်ရှင်တစ်ယောက်အနေဖြင့် သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
"ဘာဖြစ်လို့လဲ..."
"အဖွဲ့ခေါင်းဆောင်ရှီ... ခင်ဗျား ဘာလို့... ဘာလို့ ခုလို..."
မာလောင်တသည် သူ၏ဘေးရှိ ရှီအာဟူကို စိုက်ကြည့်ရင်း အကြိမ်ကြိမ် သက်ပြင်းချနေတော့သည်။
လီလန် မွေးမြူထားသော တောကြောင်ရိုင်းသည် ထိုအထီးနှင့် အမ တောကြောင်ရိုင်းနှစ်ကောင်၏ ရင်သွေးဖြစ်ကြောင်းကို မုဆိုးအားလုံး မြင်တွေ့နိုင်လေသည်။
ဘုန်းကြီးကို ဂရုမစိုက်လျှင်တောင်မှ ကျောင်းကိုတော့ ဂရုစိုက်ကြရမည်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင် လီလန်ကို လေးစားသောအားဖြင့် သူတို့သည် ထိုတောကြောင်ရိုင်းနှစ်ကောင်ကို မည်သို့မျှ လုပ်မည် မဟုတ်ပေ။ အများဆုံးအနေဖြင့် ၎င်းတို့ကို မောင်းထုတ်ရန်သာ သေနတ်ပစ်ဖောက်ကြမည် ဖြစ်သည်။
ဤတောင်ပေါ်ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ... မာလောင်တ၏ ချစ်လှစွာသော ခွေးလေးကို လုယူသွားသည့် ဝံပုလွေအုပ်စုပင် ဖြစ်လေသည်။
"ဝေ့ကော်... သူ့ကို ကြိုးနဲ့ တုပ်လိုက်စမ်း..."
လီလန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ကျန်းဝေ့ကော်သည် ဤခရီးစဉ်တွင် ဂိုက်ကြိုးတစ်ချောင်း ယူဆောင်လာခဲ့ရာ ယခုအခါတွင် အသုံးဝင်လာတော့သည်။
သူသည် ကြိုးကိုယူကာ ရှီအာဟူထံသို့ လျှောက်သွားလိုက်လေသည်။
"လီလန်... မင်း ဘာလုပ်နေတာလဲ..."
"မင်းကို ငါ သတိပေးလိုက်မယ်... ငါက ချောင်တျန်းကျီရွာကကွ... မင်းတို့ရဲ့ ရွှမ်းရွှေရွာက မဟုတ်ဘူး... ဒါကြောင့် အရမ်းမလုပ်နဲ့..."
ရှီအာဟူက ကျိန်ဆဲလိုက်သည်။
"အရမ်းလုပ်တယ် ဟုတ်လား... တကယ်တမ်း ဘယ်သူက ပြဿနာရှာနေတာလဲ..."
"မင်းသာ မဆင်မခြင် သေနတ်မပစ်ဖောက်ခဲ့ရင် ဝံပုလွေအုပ်ကြီးကို ဆွဲဆောင်မိပါ့မလား..."
လီလန်သည် လှောင်ပြောင်လိုက်ပြီး သူ၏ လက်ညှိုးဖြင့် လားရာတစ်ခုဆီသို့ ညင်သာစွာ ညွှန်ပြလိုက်လေသည်။
ထိုနေရာတွင် ငှက်များသည် ကြောက်လန့်တကြား ပျံသန်းသွားကြပြီး ချုံပုတ်များမှာလည်း ဝံပုလွေများ၏ အူသံကဲ့သို့ တဝူးဝူး မသံများ ထွက်ပေါ်လာကာ ပိုမို နီးကပ်လာလေသည်။
ဝံပုလွေအုပ်စုသည် သေနတ်သံ ထွက်ပေါ်ရာဘက်သို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။
ရှီအာဟူသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားကာ မာလောင်တထံသို့ တောင်းပန်သည့် အကြည့်ဖြင့် အလျင်အမြန် ကြည့်လိုက်လေသည်။
"မာလောင်တ..."
သို့သော် မာလောင်တမှာမူ မှောင်မိုက်သော အမူအရာဖြင့် သူ့ကို လျစ်လျူရှုထားလိုက်လေသည်။
ရှီအာဟူသည် သူ၏ အနောက်ရှိ မုဆိုးများကို ကြည့်လိုက်သည်။ သူတို့အားလုံးမှာ မှုန်ကုပ်နေသော မျက်နှာများ ရှိကြပြီး အချို့မှာ ဒေါသထွက်နေသော အမူအရာများပင် ရှိနေကာ မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ကြလေသည်။
"သေစမ်း... ကံဆိုးလိုက်တာ..."
မုဆိုးများစွာက သူ့အား ကျိန်ဆဲနေသည်ကို ရှီအာဟူ ကြားလိုက်ရလေသည်။
"လီလုံနဲ့ လီဟူ... မင်းတို့နှစ်ယောက် လာပြီး ဒီကြိုးတွေကို ဖြည်ပေးကြစမ်း..."
အခြား မည်သူမျှ ကူညီနိုင်မည် မဟုတ်သည်ကို မြင်လိုက်ရသောအခါ ရှီအာဟူသည် သူ၏ တူနှစ်ယောက်ထံသို့ အလျင်အမြန် လှည့်လိုက်လေသည်။
"သေစမ်း... ငါ့ရဲ့ ဦးလေးက တကယ့်ကို တစ်ခုခုပဲ..."
မျက်လုံးပေါင်း တစ်ဒါဇင်ကျော်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ လီဟူသည် ဦးလေး ရှီအာဟူ၏ စကားကို နားမထောင်ရဲတော့ပေ။ သူသည် သူ၏ အမဲလိုက်သေနတ်ကို ကိုင်ကာ ခေါင်းကို မော့ထားပြီး မမြင်ယောင်ဆောင် နေလိုက်တော့သည်။
သူသည် ရှေ့သို့ တက်မလာရဲဘဲ ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်သွားခဲ့လေသည်။
ရှီအာဟူမှာ မျှော်လင့်ချက်မဲ့သွားပြီး ကျန်းဝေ့ကော်ကို သူ့အား ကြိုးတုပ်ခွင့်ပြုရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
"ဟူး...ဦးလေးကတော့လေ..."
လီလုံမှာ ခေါင်းခါ၍ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
*ကျုပ် ခင်ဗျားကို အရင်ကတည်းက ပြောထားပြီးသားပဲ... လီလန်နဲ့ သွားမရှုပ်ပါနဲ့လို့…*
*အဲ့လူက ရက်စက်တဲ့ နတ်ဆိုးတစ်ကောင်ပဲ... ဦးလေး သူ့ကို သွားရှုပ်လို့ မရဘူး…*
အခြားတစ်ဖက်ရှိ အရသာငါးပါးသစ်သီး တောအုပ်ထဲမှ ကြေကွဲဖွယ် ငိုကြွေးသံတစ်ခု ထွက်ပေါ်လာလေသည်။
သေနတ်အပစ်ခံခဲ့ရသော အမဖြစ်သည့် တောကြောင်ရိုင်း၏ ပခုံးတွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ရှိနေပြီး ထိုနေရာမှ တောက်ပသော အနီရောင် သွေးများ ပန်းထွက်နေလေသည်။
၎င်း၏ အော်ဟစ်သံသည် စူးရှနေပြီး နာကျင်မှုများဖြင့် ပြည့်နှက်နေလေသည်။
“မြောင်..."
"မြောင်..."
မိခင်ဖြစ်သူ၏ ဘေးတွင် တောကြောင်ရိုင်းလေးသည် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေပြီး ၎င်း၏ ပန်းရောင်လျှာလေးဖြင့် မိခင်၏ နှာခေါင်းကို လျက်ကာ အသံပြုလျက် ပြန်လည် မတ်တပ်ရပ်လာစေရန် နှိုးဆွရန် ကြိုးစားနေလေသည်။
မိခင်သားရဲကြီးသည် သူမ၏ သားရဲမျက်လုံးများဖြင့် တောကြောင်ရိုင်းလေးကို ချစ်ခင်ကြင်နာစွာ စိုက်ကြည့်နေလေသည်။
၎င်း၏ အသက်စွမ်းအင်သည်... တဖြည်းဖြည်း ပျောက်ကွယ်သွားနေပြီ ဖြစ်သည်။
၎င်းသည် စိုက်ကြည့်ရုံသာ…
လက်မလွှတ်ချင်မှုများဖြင့် ပြည့်နှက်နေသော သားရဲမျက်လုံး တစ်စုံ…(。•́︿•̀。)
ဤမြင်ကွင်းသည် တက်ရောက်လာသော မုဆိုးအားလုံး၏ လုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် မိခင်တောကြောင်ရိုင်းသည် မူလမိခင်မေတ္တာ၏ တောက်ပမှုကို ပြသလိုက်လေသည်။
"မြောင်..."
"မြောင်.."
ဝံပုလွေအိုကြီးနှင့် ပြင်းထန်သော တိုက်ပွဲတွင် ရင်ဆိုင်နေရသည့် အထီးဖြစ်သော တောကြောင်ရိုင်းသည် သွေးအိုင်ထဲတွင် လဲကျနေသော မိခင်သားရဲကြီးကို မြင်လိုက်ရလေသည်။ ၎င်းသည် မုဆိုးများထံသို့ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေလေသည်။
"ဟေ့... ဟိုအထီး တောကြောင်ရိုင်းက ငါတို့ကို မြင်သွားပြီ..."
ထိုမျှသာမက သေနတ်သံ ထွက်ပေါ်လာချိန်တွင် ဝံပုလွေအိုကြီးများမှာလည်း လန့်ဖြတ်သွားခဲ့ကြသည်။ ၎င်းတို့သည် အထီးတောကြောင်ရိုင်းကို တိုက်ခိုက်မည့်အစား သူတို့၏ အသိုက်ဆီသို့ ပြေးသွားကြလေသည်။
လီလန်သည် စကားမပြောတော့ဘဲ သူ၏ ကျားခေါင်းတံဆိပ် အမဲလိုက်သေနတ်ကို မြှောက်ကာ ဝံပုလွေအိုကြီးများဆီသို့ ချိန်ရွယ်လိုက်လေသည်။
"ဒိုင်း..."
"ဒိုင်း..."
မြက်ခင်းပြင်ကဲ့သို့သော တောင်ကုန်းများတစ်လျှောက်တွင် ကျည်ဆန်များ၏ ပစ်ခတ်သံများ ထွက်ပေါ်လာလေသည်။
ကြေကွဲဖွယ် ဝံပုလွေ အူသံတစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာတော့သည်။
ထိုအချိန်တွင်ပင် နားစည်ကွဲမတတ် ကျယ်လောင်လှသော ဝံပုလွေ အူသံတစ်ခုသည် တောင်ထိပ်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဝံပုလွေဘုရင်..."
"အဲဒါက ဝံပုလွေဘုရင်ရဲ့ အူသံပဲ..."