အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း (၁၅၄) ကျွန်တော် ဘာမှမလုပ်ပါဘူး၊ ခင်ဗျားဘာသာ ချွတ်လိုက်တာပါ…
"အာ့..."
"ငါ့ခေါင်းတွေ အရမ်းကိုက်နေတယ်..."
"ရေ..."
"ယွီရှု ငါ အရမ်းရေဆာနေပြီ၊ ရေသောက်ချင်တယ်..."
လုအန်းနာသည် တစ်ဝက်တစ်ပျက် အိပ်မောကျနေဆဲဖြစ်ကာ မျက်လုံးများကို မဝံ့မရဲ ဖွင့်ကြည့်လိုက်သည်။ သမင်သွေးအရက်၏ အရှိန်မှာ အလွန်ပြင်းထန်လှသောကြောင့် သူမသည် ခေါင်းမူးနေဆဲဖြစ်ပြီး အရက်နာကျနေသကဲ့သို့ ခံစားနေရကာ ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်နေသလိုမျိုး ဖြစ်နေလေသည်။
"ယွီရှု…. ရေ… ငါ ရေသောက်ချင်တယ်..."
လုအန်းနာသည် လက်ကို လှမ်းလိုက်ရာ သူမ၏ အပြစ်အနာအဆာကင်းသော လက်မောင်းဖြူဖြူလေးမှာ လေထုထဲတွင် လုံးဝပေါ်လွင်နေသည်ကို တွေ့လိုက်ရလေသည်။ ရှင်းလင်းသော အထိအတွေ့တစ်ခုမှာ သူမ၏ အပေါ်ပိုင်းခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးနောက် ထူထဲသော ဝါဂွမ်းစောင်ထံမှ ပွတ်တိုက်မှုခံစားချက်တစ်ခုကိုပါ ရရှိလိုက်သည်။ သူမ ရုတ်တရက် လန့်နိုးသွားတော့သည်။
"ငါ... ငါ ဒါက ဘာဖြစ်သွားတာလဲ..."
သူမသည် အောက်သို့ အလျင်အမြန် ငုံ့ကြည့်လိုက်ပြီး စောင်ကို ဖယ်ရှားကြည့်လိုက်ရာ သူမ၏ ဆွယ်တာအင်္ကျီမှာ ချွတ်ခံထားရပြီး အပေါ်ပိုင်းမှာ ဘာမှမရှိတော့ဘဲ လုံးဝ ကိုယ်လုံးတီးဖြစ်နေသည်ကို မြင်လိုက်ရလေသည်။
"ငါ... ငါ ဘာဖြစ်သွားတာလဲ..."
"ငါ ဘယ်ရောက်နေတာလဲ..."
လုအန်းနာသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမကိုယ်သူမ အခန်းငယ်တစ်ခုထဲတွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ အခန်းထဲတွင် အဝါရောင်သန်းနေသော သတင်းစာများဖြင့် ဖုံးအုပ်ထားပြီး ထိုသတင်းစာများမှာ အင်းဆက်ပိုးမွှားများ ကိုက်ဖြတ်ထားသကဲ့သို့ အပေါက်များဖြစ်ကာ မညီမညာ ဖြစ်နေလေသည်။
"မနေ့က အစ်ကိုလီနဲ့ အတူတူ သောက်နေခဲ့တာ သေချာတယ်..."
"သမင်သွေးအရက်က တကယ့်ကို မူးယစ်စေတာပဲ..."
လုအန်းနာသည် သူမ၏ခေါင်းကို ကိုင်ကာ ပြန်လည်မှတ်မိရန် ကြိုးစားလိုက်သည်။ ရင်းနှီးမှုမရှိသော ပတ်ဝန်းကျင်၊ အပူပေးထားသည့် ကန်းနှင့် စောင်တို့က ဤနေရာသည် ပညာတတ်လူငယ်များ၏ အိပ်ဆောင်ရှိ သူမ၏ ကိုယ်ပိုင်အခန်းမဟုတ်ကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။
*ဒီနေရာက ဘယ်နေရာလဲ။ ငါ ဘယ်ကို ရောက်နေတာလဲ။ ဘာလို့... ငါ့အပေါ်ပိုင်းမှာ အဝတ်အစား မရှိရတာလဲ*
လုအန်းနာသည် အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမသည်လည်း အံ့သြတွေဝေနေမိသည်။ သူမ၏ အပေါ်ပိုင်းခန္ဓာကိုယ်မှာ ကိုယ်လုံးတီးဖြစ်နေသော်လည်း အောက်ပိုင်းမှာမူ လုံးဝ အထိအခိုက်မရှိဘဲ ဘောင်းဘီပင် ဝတ်ဆင်ထားသေးလေသည်။
လုအန်းနာ၏ ကော့တက်နေသော နှာတံလေးမှာ စောင်ကို အနံ့ခံကြည့်လိုက်ရာ အနည်းငယ် လှုပ်ခတ်သွားသည်။ အတွင်းဘက်မှ ယောက်ျားလေးတစ်ယောက်၏ ဟော်မုန်းအနံ့နှင့် ချွေးနံ့များကို သူမ ရရှိလိုက်လေသည်။
ထိုအချိန်တွင် လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ လုအန်းနာသည် ချက်ချင်းပင် သတိဝင်သွားပြီး ထမင်းထုပ်လေးတစ်ခုပမာ ဝါဂွမ်းစောင်ထဲတွင် သူမကိုယ်သူမ အမြန်ပတ်ထားလိုက်တော့သည်။
"ဆရာမလု ခင်ဗျား နိုးပြီလား..."
"ရေသောက်ချင်တယ်ဆိုလို့ ကျွန်တော် ယူလာပေးတာ..."
ကျယ်ပြန့်သော အပြုံးတစ်ခုဖြင့် လီလန်သည် အပူပေးထားသော ကန်း ဘေးရှိ ကုလားထိုင်ပေါ်တွင် ရေနွေးငွေ့များ ထွက်နေသော ကြွေရည်သုတ်လက်ဖက်ရည်ခွက်ကို တင်လိုက်လေသည်။
"ကျိုထားတဲ့ ရေနွေးမို့လို့ ပူနေလိမ့်မယ်၊ မသောက်ခင် နည်းနည်း အအေးခံလိုက်ဦး..."
"အာ…အစ်ကိုလီ..."
လုအန်းနာ၏ မျက်နှာမှာ နီရဲသွားသည်။ သို့သော် ထို့နောက်တွင် သူမသည် အနည်းငယ် စိတ်ပျက်သွားပြီး သူမ၏ အမူအရာမှာ ဝမ်းနည်းသွားလေသည်။ သူမသည် မယုံကြည်နိုင်သော အမူအရာကိုပင် ပြသလာတော့သည်။
"ဒီနေရာက အစ်ကိုလီရဲ့ အခန်းပဲ..."
"အစ်ကိုလီက မနေ့က ငါ့ဆွယ်တာကို ချွတ်လိုက်တာ..."
"အစ်ကိုလီက အဲ့လိုလူမျိုးဖြစ်နေမယ်လို့ ငါ တစ်ခါမှ မတွေးထားခဲ့မိဘူး... သူတော်ကောင်းယောင်ဆောင်နေတဲ့သူပဲ..."
"ငါ... ငါက သူ့ကို တကယ်ယုံကြည်ခဲ့တာ..."
"ငါ အရက်မူးနေတုန်း အခွင့်အရေးယူတယ်၊ ငါ့အပေါ် အခွင့်အရေးယူတယ်..."
"သူ ဘယ်လိုလုပ်ပြီး ခုလိုလုပ်ရက်တာလဲ၊ ဘယ်လိုလုပ်ပြီး..."
လုအန်းနာသည် ခေါင်းငုံ့ကာ အပူပေးထားသော ကန်း ပေါ်တွင် ထိုင်နေပြီး သူမ၏ မျက်လုံးများမှာ နီရဲနေကာ ကြည်လင်သော မျက်ရည်ကြောင်းနှစ်ခုမှာ ဖြူဝေးသော မျက်နှာပေါ်မှ စီးကျလာလေသည်။
"အာ… ဆရာမလု ဘာလို့ ငိုနေတာလဲ..."
လီလန်မှာ အလွန်အံ့သြသွားသည်။
ဖြစ်နိုင်တာက…
ဆရာမလုက အထင်လွဲသွားတာများလား။ လီလန်သည် တိုးညှင်းစွာ ရှိုက်ငိုနေသော လုအန်းနာကို ကြည့်ရင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။
"ဆရာမလု ကျွန်တော့်ကို ရှင်းပြခွင့်ပေးပါဦး..."
"ရှင် ရှင်းပြတာတွေကို ကျွန်မ နားမထောင်ချင်ဘူး ရှင်က လူဆိုးပဲ ရှင် ကျွန်မအပေါ် အခွင့်အရေးယူခဲ့တယ် ကျွန်မ ရှင့်အပေါ် အထင်မှားခဲ့တာပဲ..."
"ကျွန်မက ရှင့်ကို တကယ်ယုံကြည်ခဲ့တာ၊ လူကောင်းတစ်ယောက်လို့ ယုံကြည်ခဲ့တာ..."
"ကျွန်မ တစ်ခါမှ မတွေးထားခဲ့မိဘူး... ရှင်... ရှင်က ကျွန်မ အရက်မူးနေတုန်း အခွင့်အရေးယူတယ်၊ ကျွန်မ အားနည်းနေချိန်ကို အခွင့်ကောင်းယူတယ်၊ ရှင်..."
"ရှင် ယုတ်မာတဲ့လူဆိုးပဲ..."
လုအန်းနာ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး သူမ၏ အသံမှာ ဝမ်းနည်းကြေကွဲမှုနှင့် မျက်ရည်များကြောင့် တုန်ယင်နေလေသည်။
လီလန်...
"လူဆိုး" ဟု တံဆိပ်ကပ်ခံရခြင်းက ဇွန်လတွင် နှင်းအကြီးအကျယ်ကျသည်ထက်ပင် ပို၍ တရားမျှတမှု မရှိပေ။ ငါ လီလန်သည်လည်း မတရားခံခဲ့ရလေပြီ။
လီလန်က အလျင်အမြန် ရှင်းပြလိုက်သည်။
"ဆရာမလု၊ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့၊ ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို ခင်ဗျား ဂရုမစိုက်ရင်တောင် ကျွန်တော်က ဂရုစိုက်တယ်..."
"ရှင်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ လုအန်းနာသည် အလွန်ပင် မတရားခံရသည်ဟု ခံစားလိုက်ရသည်။
*ရှင်က ကျွန်မအပေါ်ကို လူဆိုးတစ်ယောက်လို ပြုမူခဲ့တယ်၊ ကျွန်မ အရက်မူးနေတုန်း အခွင့်အရေးယူခဲ့တယ်၊ ပြီးတော့ အခု ရှင်က ကျွန်မက ရှင့်ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ်လို့ ပြောနေသေးတယ်ပေါ့။ အခြားသူတွေအပေါ် အပြစ်ပုံချတတ်တဲ့ လူတွေကို ကျွန်မ မြင်ဖူးပေမယ့် ရှင့်လိုမျိုး အပြစ်ပုံချတတ်တဲ့သူကိုတော့ တစ်ခါမှ မမြင်ဖူးဘူး*
"ရှင်…ရှင် ယုတ်မာတဲ့လူ.. ရှင် ညစ်ပတ်တဲ့ လူဆိုးကြီး..."
လီလန်သည် သူပြောလိုက်သည့်စကားမှာ သိပ်မမှန်ကြောင်း ချက်ချင်း နားလည်သွားသဖြင့် သူ၏နဖူးကို ရိုက်လိုက်လေသည်။
*တစ်ညလုံးတောင် ကြာခဲ့ပြီကို ခင်ဗျားက အခုထိ သတိမကပ်သေးဘူးလား*
လီလန်သည် အနည်းငယ် ကူကယ်ရာမဲ့သွားပြီး ခါးသီးစွာ ပြုံးနေမိတော့သည်။ ဤသမင်သွေးအရက်က တကယ်ကို မူးယစ်စေသည်။ တစ်ညလုံးတောင် ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူ့ခေါင်းက အနည်းငယ် မှုန်ဝါးဝါး ဖြစ်နေတုန်းပင်။
"ဆရာမလု ခဏလေး စောင့်ပါဦး..."
လီလန်က လှမ်းခေါ်လိုက်သည်။
လီလန် သူမဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ လုအန်းနာသည် စောင်ကို အမြန်ဖက်ထားလိုက်ပြီး သူမ၏ အသံမှာ အကြောက်တရားနှင့် စိုးရိမ်မကင်းမှုများဖြင့် ပြည့်နှက်နေလေသည်။
"ရှင်… ရှင် အနားကို ထပ်မလာနဲ့နော်..."
"ရှင် အနားကို ထပ်လာရင် ကျွန်မ အော်ဟစ်အကူအညီတောင်းလိုက်မှာနော်..."
လီလန်…
"ဆရာမလု ကျွန်တော် မျက်နှာသစ်ပြီး ခေါင်းကို ရှင်းအောင် လုပ်ချင်ရုံပါ..."
လီလန်သည် ကန်း ၏ ဘေးထောင့်ရှိ အဖြူရောင် မျက်နှာသုတ်ပုဝါနှင့် မျက်နှာသစ်ဇလုံ တစ်ခုထားရှိသော မျက်နှာသစ်စင်ကို လက်ညှိုးထိုးပြလိုက်သည်။ ဇလုံထဲတွင် မနေ့ညက ကျန်နေခဲ့သော ရေအေးများ ရှိနေသည်။ မူလက လုအန်းနာ၏ မျက်နှာကို သုတ်ပေးရန် ရည်ရွယ်ထားသော်လည်း လုအန်းနာသည် သူမ၏ အပေါ်ပိုင်းအင်္ကျီကို ချွတ်လိုက်သောကြောင့်...
ထိုစကားကို ကြားလိုက်ရသည့်အခါ လုအန်းနာသည် ချက်ချင်းပင် အံ့သြမှင်တက်သွားတော့သည်။ မျက်နှာ၊ မျက်နှာသစ်မလို့လား။ သူမသည် အနည်းငယ် သံသယဝင်ကာ တုံ့ဆိုင်းနေပြီး သူမ၏ လှပသော မျက်လုံးများမှာ လီလန်ထံတွင် စူးစိုက်နေကာ သူ လျှောက်သွားသည်နှင့်အမျှ ခေါင်းကလည်း လိုက်လည်သွားလေသည်။
"သူ တကယ်ပဲ မျက်နှာသွားသစ်တာပဲ..."
ထောင့်ရှိ ဇလုံဆီသို့ လီလန် မျက်နှာသွားသစ်သည်ကို မြင်လိုက်ရသောအခါ လုအန်းနာက သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ရေအေးမှာ ရေခဲတမျှ အေးစက်နေသည်။ လီလန်သည် မျက်နှာကို ခပ်ကြမ်းကြမ်း အကြိမ်အနည်းငယ် သစ်လိုက်ရာ ရေအေး၏ လှုံ့ဆော်မှုကြောင့် သူ ပို၍ နိုးကြားလာလေသည်။ သူသည် မျက်နှာကို မျက်နှာသုတ်ပုဝါဖြင့် အကြိမ်အနည်းငယ် သုတ်လိုက်ပြီးနောက် ဖြန့်ကာ မျက်နှာသစ်စင်ပေါ်တွင် အခြောက်ခံရန် လှမ်းထားလိုက်သည်။
"ဆရာမလု ကျွန်တော် ခင်ဗျားအပေါ် ဘာမှမလုပ်ခဲ့ပါဘူး..."
"မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာကို ခင်ဗျား မမှတ်မိဘူးလား..."
လီလန်က ရိုးသား၍ နူးညံ့သိမ်မွေ့စွာ မေးလိုက်သည်။
"မနေ့…မနေ့ညက ဘာဖြစ်ခဲ့လို့လဲ..."
လုအန်းနာသည် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ခေါင်းကို စောင်းလိုက်သည်။ သူမသည် ပြန်လည်မှတ်မိရန် ကြိုးစားသော်လည်း သူမ၏ မှတ်ဉာဏ်တစ်ခု ဆုံးရှုံးသွားသကဲ့သို့ဖြစ်နေပြီး ဘာမှ မမှတ်မိနိုင်တော့ပေ။
လီလန်က ခါးသီးစွာ ပြုံး၍ သက်ပြင်းချလိုက်သည်။
"သမင်သွေးအရက်က ပြင်းတယ်လေ၊ ခင်ဗျား မနေ့ညက နှစ်ခွက်တောင် သောက်ခဲ့တာ၊ ပြီးတော့ ခင်ဗျားရဲ့ အရက်ခံနိုင်ရည်ကလည်း နည်းနေတာဆိုတော့..."
လီလန်တွင် ရှင်းပြရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထိုစကားကို ကြားလိုက်ရသည့်အခါ လုအန်းနာသည် ချက်ချင်းပင် ရှက်ရွံ့သွားတော့သည်။
သူမတွင် အရက်ခံနိုင်ရည် နည်းပါးကြောင်းကို သူမကိုယ်တိုင်လည်း သိထားလေသည်။ အလယ်တန်းကျောင်းမှ ဘွဲ့ရစဉ်က အတန်းဖော်များနှင့် ပြန်လည်ဆုံတွေ့ပွဲလုပ်ရာတွင် ဘီယာအနည်းငယ် သောက်ခဲ့ဖူးသည်။ ပုလင်းဝက်ပင် မပြည့်သေးဘဲ သောက်ပြီးနောက် သတိလစ်သွားခဲ့သည်။ သမင်သွေးအရက်က ဘီယာထက် အရက်ပြန်ပါဝင်မှု ပိုများလေသည်။ နှစ်ခွက် သို့မဟုတ် သုံး၊ လေးအောင်စဆိုသည်မှာ သူမ အရက်ဒဏ်ကို ခံနိုင်ရန် လုံးဝ မလုံလောက်ပေ။
"ဒါဆို ကျွန်မ အရက်များသွားရင်တောင် ရှင်က ခုလိုလုပ်လို့..."
လုအန်းနာသည် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောယှက်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ခင်ဗျားက ကျွန်တော့်ကို အထင်လွဲနေတာပဲ..."
လီလန်က ကူကယ်ရာမဲ့စွာ ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
"မနေ့ညက ခင်ဗျား အရက်တွေ အရမ်းများသွားပြီး စားပွဲပေါ်မှာ အိပ်ပျော်သွားတာ၊ အအေးမိမှာစိုးလို့ ကျွန်တော့်အခန်းထဲကို သယ်သွားပေးမယ်လို့ တွေးလိုက်တာ..."
လီလန်က သူမကို ပွေ့ချီခဲ့သည်ဆိုသည့် စကားကို ကြားလိုက်ရသောအခါ ၎င်းမှာ သူတို့ ရင်းနှီးသွားပြီဟု အဓိပ္ပာယ်ရသဖြင့် လုအန်းနာ၏ မျက်နှာမှာ နီရဲသွားလေသည်။ သို့သော် လီလန်သည် သူမအပေါ်တွင် ယုတ်မာသော အပြုအမူများကို လုပ်ခဲ့သည်ဟူသော အတွေးက သူမကို ဒေါသထွက်စေပြီး ရွံရှာစေသည်။
"အဲဒါနဲ့ ခင်ဗျားကို စောင်ခြုံပေးမယ်လို့ တွေးပြီး ကုတင်ပေါ်ကို ကျွန်တော် ပွေ့ချီလာခဲ့တာ..."
"ဒါပေမယ့် အဖေက ဒီကန်းထဲကို ထင်းတွေ အရမ်းထည့်ထားခဲ့ပုံရတယ်၊ ခင်ဗျား လှဲချလိုက်တာနဲ့ အရမ်းပူတယ်လို့ ညည်းညူပြီး ထိုင်ကာ ခင်ဗျားရဲ့ ဆွယ်တာအင်္ကျီကို စချွတ်တော့တာပဲ..."
"ခင်ဗျား ဆွယ်တာချွတ်တာကို မြင်လိုက်ရတာနဲ့ ကျွန်တော် မျက်လုံးမှိတ်ပြီး စောင်ခြုံပေးလိုက်တယ်၊ ပြီးတော့ ချက်ချင်းပဲ တံခါးပိတ်ပြီး အခန်းထဲကနေ ထွက်လာခဲ့တာပါ..."
"ကျွန်တော် ကျိန်ရဲပါတယ်..."
လီလန်သည် သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ဖဝါးကို အပေါ်သို့လှန်၍ ပညာတတ်လူငယ်မလေး လုအန်းနာဘက်သို့ လှည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။
"ကျွန်မ... ကျွန်မက..."
"ကျွန်မရဲ့ ဆွယ်တာအင်္ကျီကို ကျွန်မဘာသာ ချွတ်လိုက်တာလား..."
လီလန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လုအန်းနာသည် အတော်လေး ရှက်ရွံ့သွားမိသည်။ လွန်ခဲ့သော နှစ်ရက်ခန့်က သူမ ညစ်ပတ်နေသည်ဟု ခံစားရသဖြင့် ရေနွေးဖြင့် ချိုးကာ သူမ၏ အတွင်းခံများကိုပါ လျှော်ဖွတ်ခဲ့သည်။ သူမတွင် အတွင်းခံနှစ်စုံသာပါရှိပြီး နောက်တစ်စုံမှာ ကြွက်ကိုက်ခံထားရသဖြင့် ဝတ်ထားသော တစ်စုံကိုသာ လျှော်ခဲ့ရခြင်းဖြစ်သည်။
ဆွယ်တာအင်္ကျီက အလွန်ထူသည်ဟုတွေးကာ တိုက်ရိုက် ဝတ်ဆင်လိုက်ပြီး အပေါ်မှ ထူထဲသော ချည်သားအင်္ကျီကို ထပ်ဝတ်ခဲ့သည်။ မမျှော်လင့်ဘဲ လီလန်၏ အိမ်သို့ ရောက်ပြီးနောက် ချီစွမ်းအင်နှင့် သွေးကို အားဖြည့်ပေးသည့် ပြင်းထန်သော အားဆေးအရက်ကို သောက်လိုက်ရပြီး အပူပေးထားသော ကန်း ပေါ်တွင် အိပ်ခဲ့ရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
"ဒါဆို... ဒါဆို ရှင် မလုပ်ခဲ့ဘူးဆိုရင်တောင် အကုန်မြင်သွားတာပေါ့..."
လုအန်းနာသည် ခေါင်းငုံ့လိုက်ရာ သူမ၏ မျက်နှာမှာ ပန်းသီးတစ်လုံးပမာ နီရဲနေတော့သည်။
"ကျွန်တော် ဘာမှမမြင်ခဲ့ပါဘူး..."
လီလန်သည် ကြီးမားဖြူဖွေးသော အရာနှစ်ခုကို ပြန်လည်အမှတ်ရလာပြီး ပြတ်သားစွာ ပြောလိုက်လေသည်။