← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃) လမ်းပေါ်ရှိ ဒေသခံလူဆိုးများနှင့် ဓားပြများက လူများကို လုယက်ခြင်း

လုအန်းနာသည် တောက်ပသော အနီရောင် လည်စည်းကို ပတ်ထားပြီး နွေဦးပန်းလေးတစ်ပွင့်ပမာ လင်းလက်တောက်ပသော အပြုံးတစ်ခုဖြင့် မျက်နှာပေါ်တွင် ဝေဆာနေလေသည်။

သူမသည် လက်တစ်ဖက်ဖြင့် စက်ဘီးကို တွန်းကာ ကျန်လက်တစ်ဖက်က လည်ပင်းရှိ အနီရောင်လည်စည်းလေးကို ညင်သာစွာ ကိုင်တွယ်ထားရင်း သူမ၏ ညာဘက်ဘေးတွင် လျှောက်လှမ်းနေသော အရပ်ရှည်ရှည် အမျိုးသားကို ကြည့်လိုက်ရာ သူမ၏ လှပသော မျက်လုံးများမှာ တောက်ပနေပြီး မျက်ခုံးများမှာလည်း ကွေးညွတ်နေတော့သည်။

"အစ်ကိုလီ ကျေးဇူးတင်ပါတယ်နော်... ဒီနှစ်သစ်ကူးလက်ဆောင်ကို ကျွန်မ တကယ်ပဲ သဘောကျတယ်..."

တောက်ပသော အနီရောင်လည်စည်းမှာ လီလန်က သူမအတွက် ပေးသော နှစ်သစ်ကူးလက်ဆောင်ဖြစ်သည်။

၎င်းအပြင် ဆပ်ပြာတစ်တုံးနှင့် နွေးထွေးသော သိုးမွေးခြေအိတ်တစ်ရံလည်း ပါဝင်သေး၏။

လီလန်သည် ခေါင်းယမ်း၍ ပြောလိုက်သည်။

"ဆရာမလု အားနာစရာ မလိုပါဘူးဗျာ... ခင်ဗျားလည်း အရင်က ကျွန်တော့်ကို လက်ဆောင်ပေးဖူးတာပဲ..."

"ခင်ဗျားတို့ ပညာတတ်တွေ အသုံးအနှုန်းအရဆိုရင် ဒါကို ဘယ်လိုခေါ်လဲဆိုတော့ အပြန်အလှန် ကျေးဇူးဆပ်တယ်လို့ ခေါ်တယ် မဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသည့်အခါ လုအန်းနာက ပြန်လည်ချေပရန် ပြင်လိုက်သည်။

"အစ်ကိုလီ ဒါက ရှင်းရှင်းလေးပါ ချစ်သက်လက်ဆောင်လို့ ခေါ်တယ်လေ..."

သူမအနေဖြင့် ချစ်ခြင်းမေတ္တာဟူသော စကားလုံးကိုပင် မပြောရသေးခင်မှာပင် လုအန်းနာသည် မသင့်လျော်မှန်း သိလိုက်ရသဖြင့် သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

"ဆရာမလု ဒီအနီရောင်လည်စည်းက ဆရာမနဲ့ တကယ်ပဲ လိုက်ဖက်တယ်နော်... မျက်နှာလေးကို ပိုပြီး နီရဲတောက်ပသွားစေတယ်..."

လီထျန်းက ဝင်ပြောလိုက်သည်။

"အရမ်းလှတယ် ဆရာမလု... ဒီအနီရောင်လည်စည်းလေးနဲ့ အရမ်းကြည့်ကောင်းနေတယ်..."

ရှောင်ရွှယ်က နောက်ခုံမှနေ၍ စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း ပြောလိုက်သည်။

ကောင်မလေးနှစ်ယောက်မှာ “ဆရာမလု ဒီနေ့ အရမ်းလှနေတယ်”ဟု ဆက်တိုက်ပြောဆိုကာ လုအန်းနာကို ရှက်သွေးဖြာသွားစေသည်အထိ ချီးကျူးနေကြတော့သည်။

"ဆရာမလု ဗိုက်ဆာနေပြီလား... ဒါကို စားလိုက်..."

လီလန်သည် အိတ်ကပ်ထဲမှ ထုပ်ပိုးထားသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။

အညိုရောင်စက္ကူကြမ်းဖြင့် ထုပ်ပိုးထားပြီး အတွင်း၌မူ ပူနွေးကာ အငွေ့ထောင်းထောင်းထနေသော အသားမုန့်ပေါင်းများ ရှိနေလေသည်။

"အစ်ကို သမီးလည်း အသားမုန့်ပေါင်း စားချင်တယ်..."

"အစ်ကို ရှောင်ရွှယ်လည်း စားချင်တယ်..."

"အစ်ကိုက ဆရာမလုကိုပဲ မှတ်မိတယ်... ဟွန်း အရမ်းမတရားဘူး..."

လီလန်မှာ စကားပင် မပြောနိုင်တော့ချေ။

"ကောင်းပြီ ကောင်းပြီ... အားလုံး တစ်ယောက်တစ်ခုစီရမယ်... တစ်ယောက်ကို တစ်ခုစီပဲ... ဘယ်သူမှ ပိုမယူရဘူးနော်..."

သူတို့နှစ်ဦးသည် နှစ်သစ်ကူးပစ္စည်းများ အပြည့်တင်ထားသော စက်ဘီးကို တွန်းကာ ကောင်မလေးနှစ်ယောက်ကို တင်ဆောင်ရင်း ရွှမ်းရွှေရွာဆီသို့ ဦးတည်ကာ လူသူကင်းမဲ့သော လမ်းအတိုင်း အလျင်စလို လျှောက်လာကြလေသည်။

ပိုင်ရှန်းမြို့မှာ မြို့ပြင် နှစ်ကီလိုမီတာခန့် အကွာတွင် တည်ရှိသည်။

"လော်ရှင်းပန် သူဘယ်မှာလဲ... မင်းကို မေးနေတယ် လေ... သူ ဘယ်မှာလဲ..."

"သေစမ်း... ငါ စောင့်နေတာကြာလှပြီ... သူက ပေါ်မလာသေးဘူး... မင်း ငါ့ကို နောက်နေတာလား..."

လူသူကင်းမဲ့သော လမ်းဘေးရှိ စပါးခင်းတစ်ခုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ရှိသည့် အသားမည်းမည်း လူတစ်ယောက်က မုဆိုးတစ်ယောက်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကြမ်းတမ်းစွာ ဆဲဆိုနေလေသည်။

"အစ်ကိုရှုံ့ ကျွန်တော် အကုန်စုံစမ်းပြီးပါပြီ... အဲ့ကောင်လေးက ရွှမ်းရွှေရွာကပါ... မြို့ကနေ ရွှမ်းရွှေရွာကို သွားဖို့က ဒီလမ်းတစ်လမ်းပဲရှိတာမို့ သူ သေချာပေါက် ဒီလမ်းက လာမှာပါ..."

"နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်... စိတ်မလောပါနဲ့... သူ လွတ်မသွားစေရဘူးလို့ ကျွန်တော် အာမခံပါတယ်..."

အကယ်၍သာ လီလန် ဤနေရာတွင် ရှိနေပါက ခေါင်းဆောင်ရှုံ့အား မျက်နှာချိုသွေးနေသူမှာ အခြားသူမဟုတ်ဘဲ မြို့သား လော်ရှင်းပန်ဖြစ်ကြောင်း သေချာပေါက် မှတ်မိနေမည် ဖြစ်သည်။

ယခုလော်ရှင်းပန်မှာ စောစောက ဆိုင်ထဲတွင်ရှိနေစဉ်က မောက်မာပြီး ဘဝင်မြင့်နေသည့် ပုံစံနှင့် လုံးဝကို ကွာခြားနေတော့သည်။

ခေါင်းဆောင်ရှုံ့၏ ရှေ့တွင် သူသည် ညှစ်ခံထားရသော ပုစွန်ဆိတ်လေးတစ်ကောင်ပမာဖြစ်နေပြီး မျက်နှာမှာ ဖြူရော်ကာ ချွေးများ အဆက်မပြတ် ထွက်နေလေသည်။

"အဲ့ကောင်လေးဆီမှာ ပိုက်ဆံတွေ ပါလာတယ်လို့ မင်း မပြောခဲ့ရင် ငါတို့ညီအစ်ကိုတွေ မင်းနဲ့အတူ ဒီကျိန်စာသင့်နေတဲ့ မြေရိုင်းပြင်ကြီးမှာ လာပြီး အအေးခံနေစရာ အကြောင်းမရှိဘူးကွ..."

"လော်ရှင်းပန် မင်းလို ခွေးကောင်ကများ ငါ့ကို လိမ်ရဲမယ်ဆိုရင် မင်းရဲ့ ပေါင်ကြားထဲကအရာကို ခုတ်ဖြတ်ပြီး ခွေးကျွေးပစ်မယ်..."

"မဟုတ်ပါဘူး... မဟုတ်ရပါဘူး..."

လော်ရှင်းပန်သည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူသည် ယခုအခါတွင် ဤလူဆိုးများနှင့် ရွာမှ ဓားပြအုပ်စုကို သတင်းပေးခဲ့မိသည့်အတွက် အနည်းငယ် နောင်တရနေမိလေပြီ။

ရုတ်တရက် သူ တစ်စုံတစ်ရာကို သတိပြုမိသွားသည်။ ဒုက္ခပါပဲ... ဤအရာက အရမ်းဆိုးရွားသွားပြီ…။

"ငါ သေသင့်တယ်..."

သူသည် လုအန်းနာကို သတိရသွားသည်။ သူမက အရပ်ရှည်ပြီး လှပလွန်းလှရာ အကယ်၍သာ ဤဒေသခံ လူမိုက်များနှင့်ဆိုလျှင်...

"ဟင့်အင်း... မဖြစ်ဘူး... အဲ့လိုလုပ်လို့မဖြစ်ဘူး... အန်းနာ သူမက..."

"လော်ရှင်းပန် မင်း ဘာတွေ ရေရွတ်နေတာလဲ..."

ခြေထောက်တစ်ဖက်က သူ၏ တင်ပါးကို ကန်ကျောက်လိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး..."

လော်ရှင်းပန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။

"ခေါင်းဆောင်... သူတို့ ရောက်လာပြီ... ဟိုကောင်လေးကို ကျွန်တော်တို့ တွေ့လိုက်တယ်..."

နောက်လိုက်တစ်ယောက်က ခေါင်းဆောင်ရှုံ့ထံသို့ စိတ်လှုပ်ရှားစွာ ပြေးလာ၍ သတင်းပို့လိုက်သည်။

"မင်းကိုယ်မင်း ကံကောင်းတယ်လို့ပဲ မှတ်လိုက်တော့ ကောင်လေး..."

ခေါင်းဆောင်ရှုံ့သည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး လော်ရှင်းပန်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"ညီအစ်ကိုတို့ သွားကြစို့... ပိုက်ဆံသွားရှာကြမယ်..."

"ငွေရလာရင် ငါတို့ စည်းစိမ်ခံရတော့မှာပဲ..."

"ကောင်းပြီလေ..."

ဓားမကြီးများနှင့် သံပိုက်လုံးများကို ကိုင်ဆောင်ထားသော နောက်လိုက် လေးငါးယောက်ခန့်မှာ ခေါင်းဆောင်ရှုံ့၏ နောက်မှလိုက်ကာ လူသူကင်းမဲ့သော လမ်းဆီသို့ ချဉ်းကပ်သွားကြလေသည်။

လော်ရှင်းပန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မတ်တတ်ထကာ မြန်မြန်ဆန်ဆန်ပင် နောက်မှ လိုက်သွားတော့သည်။

"အစ်ကိုလီ အရင်တစ်ခေါက်က ဖြစ်ခဲ့တဲ့ကိစ္စကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး မဟုတ်လား..."

အပြန်လမ်းတွင် လုအန်းနာက စတင်၍ စကားဆိုလိုက်သည်။

"ဘယ်ကိစ္စကိုလဲ..."

လီလန်က မဆိုင်းမတွပင် ပြန်မေးလိုက်သည်။

"ဟိုလေ... ဟို... ကျွန်မ အရက်မူးသွားပြီး... အံ့ကိစ္စလေ..."

လုအန်းနာက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ဪ... အဲ့ကိစ္စကို ပြောတာလား... မဟုတ်ပါဘူး... အဲ့လိုမျိုး မရှိပါဘူး..."

လီလန်က လျစ်လျူရှုသည့် ဟန်ဖြင့် ပြောလိုက်သည်။

"အရက်မူးတာက ဘာမှမဟုတ်ပါဘူး... လူတိုင်းမှာ မျက်နှာနှစ်ဖက် ရှိကြတာပါပဲ... အရက်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပြီး ခင်ဗျားအနေနဲ့ ကွဲပြားမှုကို သိနိုင်ပေမယ့် စိတ်နှစ်ခွ မဖြစ်သရွေ့တော့ အဆင်ပြေပါတယ် လေ..."

လီလန်က ပြုံး၍ ပြောလိုက်သည်။

ထိုသို့ပြောနေစဉ်မှာပင် သူ၏ အကြည့်များမှာ အနီရောင်လည်စည်းဖြင့် ဖုံးအုပ်ထားသော လုအန်းနာ၏ ဆွဲဆောင်မှုရှိလှသည့် ရင်သားအထက်သို့ ကျရောက်သွားလေသည်။

မသိစိတ်မှနေ၍ သူ၏ အခန်းထဲတွင် ဖြစ်ပျက်ခဲ့သော ထိုညက ရမ္မက်ဆန်ပြီး ဆွဲဆောင်မှုရှိလှသည့် မြင်ကွင်းကို သတိရသွားမိသည်။

နွေဦး၏ အလင်းရောင်များက ဖြူစင်သန့်ရှင်းစွာဖြင့် ဖြာကျနေလေသည်။

"အစ်ကိုလီ ရှင့်အနေနဲ့... အဲ့ညက ဒေါသမထွက်ခဲ့ဘူး မဟုတ်လား..."

လုအန်းနာသည် သူမအား ကြည့်နေသည်ကို သတိပြုမိသွားပြီးနောက် ခဏမျှ တုံ့ဆိုင်းကာ မေးလိုက်သည်။

"ဒေါသထွက်ရမယ်... ဘာကို ဒေါသထွက်ရမှာလဲ..."

"ဪ... ရှင်က ကျွန်မကို အထင်လွဲသွားပြီလို့ ပြောတာလား..."

"အနောက်ကိုသွား…”

"မြန်မြန်... လီထျန်းနဲ့ လီရွှယ်... အခုချက်ချင်း ဆင်းပြီး ဆရာမလု နောက်မှာ သွားပုန်းနေကြ..."

"ဆရာမလု မလှုပ်နဲ့ နော်..."

လီလန်သည် သူ၏ ထက်မြက်သော ဓားကို ဆွဲထုတ်လိုက်ပြီး လူသူကင်းမဲ့သော လမ်းတစ်ဖက်ရှိ လမ်းဆုံကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်လေသည်။

"အစ်ကိုလီ... ဘာ... ဘာဖြစ်လို့လဲ..."

လုအန်းနာသည် လန့်ဖြတ်သွားပြီး သူမ၏ မူလက နီရဲနေသော မျက်နှာလေးမှာ အနည်းငယ် ဖြူရော်သွားတော့သည်။

"ကျွန်တော့် ညီမနှစ်ယောက်ကို သေချာစောင့်ကြည့်ထားပေးပါ... နောက်ပိုင်း ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနားကနေ မခွာပါနဲ့..."

လီလန်သည် စက်ဘီးကို ရပ်လိုက်ကာ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လုအန်းနာနှင့် သူမ၏ ညီမငယ်နှစ်ဦးကို ကာကွယ်ပေးရန် သူတို့၏ရှေ့တွင် မတ်မတ်ရပ်နေလိုက်သည်။

သိမ်းငှက်တစ်ကောင်ကဲ့သို့သော မျက်လုံးတစ်စုံဖြင့် အရှေ့ဘက်ရှိ လမ်းဆုံကို စိုက်ကြည့်နေလေသည်။

လုအန်းနာ၏ ရင်များ တဒိုင်းဒိုင်း ခုန်လာပြီး သူမ၏ တစ်ကိုယ်လုံးတွင် ကြက်သီးများ ထလာတော့သည်။ သူမသည် လီလန်နှင့် တစ်ချိန်တည်းမှာပင် မော့ကြည့်လိုက်လေသည်။

"ထွီ..."

"သေစမ်း... အကြာကြီး စောင့်ပြီးတဲ့နောက်မှာတော့ ငါတို့ဆီကို ငါးကြီးတစ်ကောင် ရောက်လာပြီကွ..."

"ဟီးဟီး... ဒီနေ့တော့ ကံကောင်းပြီပဲ... ကုန်ပစ္စည်းတွေ အများကြီးပါတဲ့ စက်ဘီးတွေရယ်... ပြီးတော့ ချောမောလှပတဲ့ မိန်းမလှလေးတစ်ယောက်ရယ်ပဲ..."

လူပေါ်မလာသေးခင်မှာပင် ကျယ်လောင်လှသော ရယ်မောသံများကို ကြားလိုက်ရလေသည်။

လမ်း၏ အဆုံးတွင်မူ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ရှိသည့် ရွာမှ ဓားပြလူမိုက် ငါးယောက် ခြောက်ယောက်ခန့် ပေါ်ထွက်လာကြတော့သည်။

All Chapters