← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း (၅၁) အသားတောင်းရန် လမ်းပိတ်ရပ်နေသော စုန်းမအိုကြီး၊ ဟေးလုံ

သွားစမ်း... သူမကို သေတဲ့အထိ ကိုက်သတ်လိုက်စမ်း

ကျောက်ထျဲ့ကျွင်း၏ အိမ်နောက်ဘက်ရှိ တောင်ကုန်း။

ဟဲချွေ့ဟွာသည် တောရိုင်းဟင်းရွက်များ တူးဖော်ပြီးစီး၍ တောင်အောက်သို့ ဆင်းတော့မည့်ဆဲဆဲတွင် မော့ကြည့်လိုက်ရာ စွတ်ဖားလှည်းတစ်စီးစီ ဆွဲလာကြသော လူရိပ်နှစ်ခုကို မြင်တွေ့လိုက်ရလေသည်။

သူတို့၏ အနောက်ဘက်တွင် ခွေးသုံးကောင်ကလည်း စွတ်ဖားလှည်းတစ်စီးကို ဆွဲလာခဲ့သည်။

"ဒါ းက အဘိုးကျောက်ရဲ့မြေး မဟုတ်လား..."

ဟဲချွေ့ဟွာက ကျောက်လျူကို မှတ်မိသွားသည်။

"အိုး... လီလန်လည်း ပါတာပဲ..."

ဟဲချွေ့ဟွာက လီလန်ကိုလည်း မြင်သွားလေသည်။

ဟဲချွေ့ဟွာက များများစားစား မတွေးတောဘဲ လီလန်နှင့် ကျောက်လျူတို့ ထင်းသယ်လာကြသည်ဟုသာ ယူဆလိုက်သည်။

ဆောင်းရာသီတွင် ရာသီဥတုအေးခဲလှသဖြင့် အိမ်တိုင်းသည် သူတို့၏ ကန်း ကို အပူပေးရန် လိုအပ်ပြီး ထင်းများစွာ လိုအပ်လှပေသည်။ ထို့ကြောင့် အဘိုးကျောက်၏ မိသားစုတွင် ထင်းပြတ်လပ်သွား၍ လီလန်က ကျောက်လျူကို ခေါ်ကာ တောင်ပေါ်သို့ ထင်းခုတ်ထွက်လာခြင်းဖြစ်မည်ဟု ဟဲချွေ့ဟွာက တွေးထင်လိုက်လေသည်။

"တစ်ခုခုတော့ မှားနေပြီ... ဘာလို့ ထင်းတွေက သွေးတွေနဲ့ ပေကျံနေရတာလဲ..."

ဟဲချွေ့ဟွာ၏ အမြင်အာရုံမှာ အားနည်းနေပြီဖြစ်သည်။

အနီးကပ် သေချာကြည့်လိုက်သောအခါ ထိုထင်းများမှာ မည်းမှောင်နေပြီး အနက်နှင့် အနီရောင် ရောနှောကာ သွေးများဖြင့် ပေပွနေသော အရာများဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

"ဒါက ထင်းတွေမဟုတ်ဘူး... အသားတွေပဲ..."

ဟဲချွေ့ဟွာက သေချာစွာ မြင်တွေ့သွားပြီးနောက် အော်ဟစ်လိုက်တော့သည်။

"ဒီလောက်များတဲ့ အသားတွေဆို ကျင်းနှစ်ရာ သုံးရာလောက်တော့ အနည်းဆုံးရှိရမယ်..."

စွတ်ဖားလှည်း သုံးစီးရှိပြီး အစီးတိုင်းတွင် အသားများ အပြည့်တင်ထားရာ အနည်းဆုံး ကျင်းနှစ်ရာသုံးရာခန့် အလေးချိန် ရှိမည်ဖြစ်သည်။

ဤမျှများပြားလှသော အသားများကို ဟဲချွေ့ဟွာ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် အံ့သြတကြီး အာမေဍိတ်သံ ထွက်ပေါ်သွားလေသည်။

"အစ်ကိုလန်... အဒေါ်ဟဲက ကျွန်တော်တို့ရဲ့ သားကောင်တွေကို တွေ့သွားပြီ... ဘယ်လိုလုပ်ကြမလဲ..."

လျူဇီသည် ဟဲချွေ့ဟွာကို မြင်လိုက်ရသောအခါ ပြာယာခတ်သွားပြီး ကြက်သေသေလျက် ရပ်နေမိတော့သည်။

အဒေါ်ဟဲသည် ရွှမ်းရွှေရွာတွင် အတင်းအဖျင်းပြောခြင်းနှင့် အသံကျယ်လောင်ခြင်းတို့ကြောင့် နာမည်ကြီးသူဖြစ်သည်။ သူမ သည်မျှများပြားသော အသားများကို မြင်တွေ့သွားသည်နှင့် တစ်ရွာလုံးကို လိုက်လံဖြန့်ဝေတော့မည်မှာ သေချာလှသည်။

"ဘာကို ကြောက်နေရမှာလဲ... ငါတို့ဘာသာ အမဲလိုက်လို့ရလာတဲ့ သားကောင်တွေပဲ... ခိုးလာတာမှ မဟုတ်တာ... ကြောက်စရာ အကြောင်းမရှိဘူး..."

လီလန်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

မူလကတော့ သူသည် သာမန်လူတစ်ယောက်အနေဖြင့်သာ အားလုံးနှင့် ဆက်ဆံပြီး သိုသိုသိပ်သိပ် နေချင်ခဲ့သော်လည်း ယခုသိသွားကြပြီဖြစ်ရာ ဆက်ပြီး ဟန်ဆောင်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

"သူမ လာရင် ဘာမှဂရုစိုက်မနေနဲ့... ငါပဲ ရှင်းလိုက်မယ်... အဲ့အဘွားကြီးက အရှက်မရှိဘဲ ကောက်ကျစ်တယ်... အသားလာတောင်းရင် လစ်သွားဖို့နဲ့ တောင်ပေါ်တက်ပြီး ကိုယ့်ဘာသာ သွားဖမ်းဖို့သာ ပြောလိုက်..."

လီလန်က သတိပေးလိုက်လေသည်။

ဟဲချွေ့ဟွာ၏ ပါးစပ်မှာ ရွာ၏ အသံချဲ့စက်နှင့်ပင် တူနေတော့သည်။

ယခု သူမက ဤအသား ကျင်းရာပေါင်းများစွာကို တွေ့ရှိသွားပြီဖြစ်ရာ လီလန် ယနေ့ တောဝက် တစ်ကောင်နှင့် ဆားဖောင်ဇီ တစ်ကောင်ကို အမဲလိုက်နိုင်ခဲ့သည်ဟူသော အချက်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။

ဖုံးကွယ်ထား၍ မရနိုင်တော့သည့်တိုင် ဆက်ပြီး ဖုံးကွယ်မနေတော့ပေ။ ကြုံလာသမျှကို ရင်ဆိုင်ဖြေရှင်းရုံသာ ရှိတော့သည်။

"အမလေး... လီလန်... ဒါတွေအကုန်လုံး နင် ဖမ်းလာတာလား..."

ဟဲချွေ့ဟွာက စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့သည်။

တောဝက်သားများ အပြည့်တင်ထားသော စွတ်ဖားလှည်းကို မြင်လိုက်ရသောအခါ သူမသည် အံ့သြဝမ်းသာဖြစ်သွားပြီး အသားများကို လောဘတကြီး ကြည့်ကာ မျက်လုံးများပင် အရောင်လက်သွားလေသည်။

လီလန်ကမူ မျက်နှာကို အေးစက်စွာထားလျက် တိတ်ဆိတ်နေလိုက်သည်။

သူနှင့် ဟဲချွေ့ဟွာအကြား ရှင်းစရာ စာရင်းကျန်နေသေးသည်။ ပြီးခဲ့သည့်အကြိမ်က သူ မိုးပျံနဂါး နှစ်ကောင်ကို ရိုက်နှက်ဖမ်းဆီးခဲ့သည်ကို သူမ၏ ပါးစပ်ဖွာမှုကြောင့် တစ်ရွာလုံး သိကုန်ကြရသည်။

တစ်ရွာလုံးက ထောင်ချောက်များကို ဆွဲယူကာ တောယုန်များနှင့် မိုးပျံနဂါးများကို ဖမ်းဆီးရန် ဝက်ဝံနက်တောင်ဆီသို့ အပြေးအလွှား သွားခဲ့ကြလေသည်။

ထိုအဘွားကြီးသည် အခြားသူများအပေါ် အမြတ်ထုတ်ရသည်ကို နှစ်သက်ပြီး တောဝက်တစ်ကောင်ထက်ပင် ပို၍ ကောက်ကျစ်လှသည်။

သူမ၏ မျက်လုံးထဲရှိ လောဘရမ္မက်များကို မြင်လိုက်သည်နှင့် သူမ ဘာကြံစည်နေသည်ကို လီလန်က ချက်ချင်း သိလိုက်သည်။

ဟဲချွေ့ဟွာသည် စွတ်ဖားလှည်းအနီးသို့ ရောက်လာသောအခါ အပေါ်ရှိအသားများကို သတိထားမိသွားသည်။ ဝက်၏ ပေါင်တံပေါ်တွင် သံမဏိအပ်များကဲ့သို့ ကြမ်းတမ်းသော အမွေးများ ရှိနေဆဲပင်။

"ဒါ... ဒါ တောဝက်သားလား..."

ဟဲချွေ့ဟွာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။

"လီလန်...နင်….နင်တောဝက်တစ်ကောင်ကို သတ်ခဲ့တာလား..."

ဟဲချွေ့ဟွာ၏ အသံများမှာ တုန်ယင်နေလေသည်။

တောဝက်များဆိုသည်မှာ တောင်ပေါ်တွင် အကြမ်းကြုတ်ဆုံး သားရဲတိရစ္ဆာန်များပင် ဖြစ်သည်။

နံပါတ်တစ်က ကျား၊ နံပါတ်နှစ်က ဝက်ဝံ၊ နံပါတ်သုံးက တောဝက် ဖြစ်သည်။

ဤအဆင့်သတ်မှတ်ချက်၏ တန်ဖိုးအရပင်လျှင် တောဝက်များ၏ ကြမ်းကြုတ်မှုနှင့် အရိုင်းအစိုင်းဆန်မှုကို သက်သေပြရန် လုံလောက်နေပေပြီ။

စွတ်ဖားလှည်း နှစ်စီးမှာ စုစုပေါင်း ကျင်းနှစ်ရာ သုံးရာခန့် အလေးချိန်ရှိသော တောဝက်သားများကို တင်ဆောင်ဆွဲယူလာခြင်းဖြစ်သည်။

လီလန်သည် ကျင်း နှစ်ရာကျော် အလေးချိန်ရှိသော တောဝက်တစ်ကောင်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"လျူဇီ... သွားကြစို့..."

ဟဲချွေ့ဟွာကို လုံးဝ ဂရုမစိုက်လိုသောကြောင့် လီလန်က အေးစက်စွာ ပြောလိုက်လေသည်။

ဟဲချွေ့ဟွာ ပြာယာခတ်သွားပြီး လီလန်ကို တားဆီးလိုက်သည်။

"လီလန်... နင့်မှာ အသားတွေ အများကြီးပါလာတာပဲ... ကျင်းရာချီ ရှိတယ်မလား... နင်တို့ အကုန်စားနိုင်မှာ မဟုတ်ပါဘူး... ပုပ်သိုးသွားရင် နှမြောစရာကြီး..."

ဟဲချွေ့ဟွာက အသားများကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများမှာ အရောင်လက်နေလေသည်။

ကျင်းရာချီ အလေးချိန်ရှိသော ဤတောဝက်သားများထဲမှ ကျင်းအနည်းငယ်ခန့်ကို ယူကာ ငရုတ်သီးခြောက်လေးများ ထည့်၍ ချက်စားရပါက မည်မျှပင် အရသာရှိလိုက်မည်နည်း။

ဟဲချွေ့ဟွာ၏ ဗိုက်ထဲမှ သန်ကောင်များပင် ထကြွလာတော့သည်။ သူမ အသားနံ့ မရသည်မှာ သုံးလပင် ကြာမြင့်နေပြီဖြစ်သည်။

"ဟဲချွေ့ဟွာ... ခင်ဗျားက အသားစားချင်လို့လား..."

လီလန်က ပြုံးစိစိဖြင့် မေးလိုက်သည်။ သူသည် ပြီးခဲ့သည့်အကြိမ်က ကိစ္စအတွက် ကလဲ့စားချေရန်နှင့် အတိုးအနည်းငယ်တောင်းရန် ဟဲချွေ့ဟွာကို လှည့်စားရန် ကြံစည်လိုက်လေသည်။

"သေချာတာပေါ့... ဘယ်သူက မစားချင်ဘဲ နေမလဲ... ဒီအဘွားကြီး အသားမစားရတာ သုံးလတောင် ရှိနေပြီ..."

လီလန်၏ စကားကို ကြားသောအခါ ဟဲချွေ့ဟွာက တိတ်တဆိတ် ဝမ်းသာသွားသည်။ လီလန်သည် သူမကို အသားအနည်းငယ် ဝေပေးမည်ဟု ထင်မှတ်နေခဲ့သည်။

သို့သော်လည်း သူမ ပျော်ရွှင်ရသည်မှာ စောလွန်းနေသေးသည်။

ထို့နောက် လီလန်က စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ဟဲချွေ့ဟွာ... ခင်ဗျား အသားစားချင်ရင် ပိုက်ဆံပေးဝယ်ပေါ့... ကျွန်တော့်မှာ စားမကုန်အောင် အသားတွေ အများကြီး ရှိနေတာဆိုတော့ ခင်ဗျားကို ရောင်းပေးလို့ရတယ်..."

သူသည် ကြီးကျယ်မြင့်မြတ်သော ပရဟိတသမားတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ဆွေမကင်း မျိုးမကင်း မဟုတ်သည့် အဘွားအိုတစ်ဦးကို သူက အဘယ်ကြောင့် အသားပေးရမည်နည်း။

*ဟဲချွေ့ဟွာ ခင်ဗျား အသားစားချင်တယ်ပေါ့…*

*ရတယ်လေ... ပိုက်ဆံပေး…*

ပိုက်ဆံပေးရမည်ဟု ကြားလိုက်သည်နှင့် အဒေါ်ဟဲ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။ သူမတွင် မည်သည့်နေရာက ပိုက်ဆံရမည်နည်း။

ပိုက်ဆံသာရှိလျှင် တောရိုင်းဟင်းရွက်များကို စားနေပါဦးမည်လော။

"ရှောင်လန်ရယ်... ဒီအဘွားကြီးက တောရိုင်းဟင်းရွက်တွေပဲ စားနိုင်တဲ့အထိ ဆင်းရဲနေတာပါ... အသားဝယ်စားဖို့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ..."

အဒေါ်ဟဲသည် သူမ၏ ခြင်းတောင်းထဲရှိ စိမ်းလန်းနေသော တောရိုင်းဟင်းရွက်များကို လက်ညှိုးထိုးပြကာ လီလန်ထံမှ သနားကြင်နာမှုရရန် ကြိုးစားလိုက်သည်။

"ပိုက်ဆံမရှိဘူး..."

"ဒါဆိုရင်လည်း ဒီလိုလုပ်လေ... ခင်ဗျားရဲ့ ထုတ်လုပ်ရေးတပ်ဖွဲ့က အလုပ်မှတ်တွေကို ကျွန်တော့်ကို လွှဲပေးရင် အသားရောင်းပေးလို့ရတယ်..."

"အလုပ်မှတ် တစ်ရာဆိုရင် အသား ကျင်းဝက် ပေးမယ်..."

လီလန်က အကြံပြုလိုက်သည်။

ဝက်သားတစ်ကျင်းလျှင် ရှစ်မောက်ခန့် ကျသင့်ပြီး အလုပ်မှတ် ၃၀ လိုအပ်သည်။ အလုပ်မှတ်တစ်ရာဆိုလျှင် ဝက်သား ခြောက်ကျင်းနှင့် ညီမျှပေသည်။

တောဝက်သားသည် အိမ်မွေးဝက်သားထက် များစွာ ဈေးပေါလေသည်။ အကယ်၍ ဟဲချွေ့ဟွာသာ သဘောတူလိုက်ပါက တောဝက်သား ကျင်းဝက်ကို သုံးယွမ်ဖြင့် ဝယ်ယူလိုက်သည်နှင့် တူနေမည်ဖြစ်သည်။ လီလန်က အမြတ်ကြီးစားကာ သူမကို လည်လှီးလိုက်ခြင်းပင်။

အဒေါ်ဟဲသည် တောင်ပေါ်မှ စားဖွယ်ရာများ ရှာဖွေစုဆောင်းရာတွင်လည်း ကျွမ်းကျင်သူဖြစ်ပြီး ထုတ်လုပ်ရေးတပ်ဖွဲ့တွင် အလုပ်မှတ်များရှိထားကာ နှစ်ကုန်လျှင် ငွေဖြင့် လဲလှယ်နိုင်ပေသည်။

အဒေါ်ဟဲက သူမ၏ အလုပ်မှတ်များကို လီလန်ထံ ပေးလိုက်ခြင်းမှာ အသားဝယ်ရန်အတွက် အလုပ်မှတ်များကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။

"မဖြစ်ဘူး... အလုပ်မှတ်တွေကို ပေးလို့မရဘူး... ငါတို့ တစ်မိသားစုလုံး အဲ့အလုပ်မှတ်တွေကို မှီခိုပြီး စားသောက်နေရတာ..."

"ပြီးတော့ အလုပ်မှတ်တစ်ရာဆိုတာ အရမ်းဈေးကြီးလွန်းတယ်..."

အဒေါ်ဟဲက တစ်နှစ်လျှင် အလုပ်မှတ် နှစ်ထောင်သာ ရရှိသည်။ သူမ ခေါင်းရမ်းလိုက်ပြီး မည်သို့ပင်ဖြစ်စေ သဘောမတူနိုင်ကြောင်း ငြင်းဆန်လိုက်လေသည်။

"ဒါဆိုလည်း ဘာမှမတတ်နိုင်ဘူးပေါ့..."

"လျူဇီ... အိမ်ပြန်ကြစို့..."

"လီလန်... မသွားပါနဲ့ဦး... မင်းမှာ အသားတွေ အများကြီး ရှိနေတာပဲ... ဒီအဘွားကြီးကို သနားပါဦး... အသားမစားရတာ လနဲ့ချီနေပြီ..."

"ခင်ဗျား အသားစားရတာ မစားရတာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ..."

"ခင်ဗျားရဲ့ သားသုံးယောက်က ကျိုးလျဲ့ရှန်နဲ့အတူ အမဲလိုက်နေကြတာ မဟုတ်ဘူးလား... ဘာလို့ ခင်ဗျားသားတွေကို တောင်ပေါ်လွှတ်ပြီး အမဲမလိုက်ခိုင်းတာလဲ..."

လီလန်သည် အဒေါ်ဟဲနှင့် စကားအပိုများ ပြောမနေချင်တော့ပေ။

အဘွားဟဲတွင် သားသုံးယောက်ရှိပြီး အားလုံးမှာ မုဆိုးအဖွဲ့ထဲတွင် ရှိကြသည်။ သို့သော် သူတို့မှာ အနည်းငယ် ပျင်းရိကြပြီး အဖွဲ့ထဲတွင် အမြဲလိုလို အလုပ်ခိုတတ်ကြသည်။ သူတို့မှာ အရည်အချင်း သိပ်မရှိလှဘဲ သားကောင်များများစားစား ဖမ်းဆီးနိုင်ခြင်း မရှိကြပေ။

နှိုင်းယှဉ်မှုများက ရွံရှာဖွယ်ကောင်းလှပြီး လီလန်က အဒေါ်ဟဲ၏ အသုံးမကျသော သားသုံးယောက်အကြောင်း ထုတ်ပြောလိုက်သည်နှင့် အဒေါ်ဟဲမှာ ဒေါသထွက်သွားတော့သည်။

သူမသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ စွတ်ဖားလှည်းကို နောက်သို့ ဆွဲထားလိုက်လေသည်။

"လီလန်... ရွှမ်းရွှေရွာမှာ စည်းကမ်းတွေ ရှိတယ်နော်..."

"ဘယ်သူပဲ အမဲလိုက်လိုက်ရလာတဲ့ သားကောင်ကို တပ်ဖွဲ့ခေါင်းဆောင်က အသားပြန်ဝေပေးဖို့ ကွန်မြူနစ်အဖွဲ့ကို အပ်ရတယ်..."

"နင် သားကောင်တွေ အများကြီး ရလာတာကို ကိုယ့်ဘာသာ သိမ်းထားတာ ကွန်မြူနစ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ..."

ကိုယ်ကျင့်တရားအရ အကျပ်ကိုင်၍ မရနိုင်ကြောင်း အဒေါ်ဟဲ သဘောပေါက်သွားသောအခါ ကွန်မြူနစ်အဖွဲ့၏ နာမည်ကို ဒိုင်းလွှာအဖြစ် စတင်အသုံးပြုလာတော့သည်။

ရွာတွင် ပြည်သူ့ကွန်မြူနစ်အဖွဲ့စနစ်ကို အကောင်အထည်ဖော်ထားပြီး အမဲလိုက်၍ရသမျှ သားကောင်များကို အလုပ်မှတ်များနှင့် လဲလှယ်ရန် ကွန်မြူနစ်အဖွဲ့သို့ အပ်နှံရကာ အသားများကို လူဦးရေအလိုက် ပြန်လည်ခွဲဝေပေးခြင်းဖြစ်သည်။ အဒေါ်ဟဲသည် ဤအချက်ကို အခွင့်ကောင်းယူကာ ကိုယ်ကျင့်တရားအရ အသာစီးယူရန် ကြိုးစားလိုက်လေသည်။

ဤစကားကို ကြားလိုက်ရသောအခါ လီလန်က ချက်ချင်းပင် ဒေါသထွက်သွားပြီး အေးစက်စွာ ရယ်မောလိုက်လေသည်။

သူသည် ဟေးလုံကို ကြိုးဖြုတ်ပေးလိုက်သည်။

"ဟေးလုံ... သွားစမ်း... အဲ့အရူးမကြီးကို သေတဲ့အထိ ကိုက်သတ်လိုက်..."

လီလန်သည် ဟေးလုံကို လွှတ်ပေးကာ ဟဲချွေ့ဟွာအား ကိုက်ခိုင်းရန် ကြံစည်လိုက်လေသည်။

ဟေးလုံ သူမဆီသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ ဟဲချွေ့ဟွာ၏ မျက်နှာမှာ ဖြူရော်သွားတော့သည်။

"လီလန်... နင် ဘာလုပ်မလို့လဲ..."

ထိုအချိန်မှာပင် အိမ်ဝိုင်းအတွင်းမှ ဒေါသတကြီး အော်ဟစ်လိုက်သော အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။

"မင်းအမေ<#$... ဘာကိုဖီဆန်တာလဲ..."

"မင်းက ဘာကောင်မမို့လို့ ကွန်မြူနစ်အဖွဲ့ကို ကိုယ်စားပြုရဲတာလဲ..."

All Chapters