အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅) မီးနဂါးမုဆိုးအဖွဲ့၏ သီးသန့် တိရစ္ဆာန်ကုဆရာဝန်
"ရှင်တို့နှစ်ယောက် ဘာတွေ အတင်းတုတ်နေကြတာလဲ၊ ကျွန်မအကြောင်း နောက်ကွယ်မှာ မကောင်းပြောနေကြတာလား..."
ကျန်းရှောင်ဖုန်းသည် တံခါးလိုက်ကာကို ဆွဲဖယ်၍ ဝင်လာလေသည်။
သူမသည် အမွေးပွပွ ကျားသစ်ပေါက်စလေးတစ်ကောင်ကို ရင်ခွင်ထဲတွင် ပိုက်ထားပြီး ၎င်းမှာ အရှေ့ဖျားကျားသစ်ပေါက်စလေးပင် ဖြစ်သည်။
"မင်းလာတာ အတော်ပဲ၊ တိရစ္ဆာန်ကုဆရာဝန်လုံနဲ့ ငါ မင်းကို ဆွေးနွေးစရာရှိတယ်..."
ကျန်းရှောင်ဖုန်း ဖြစ်နေသည်ကို မြင်သောအခါ လီလန်က အလျင်အမြန်ပင် နှုတ်ဆက်လိုက်သည်။
"ဘာကိစ္စလဲ..."
ကျန်းရှောင်ဖုန်းသည် ကျားသစ်ပေါက်စလေးကို ပွေ့ချီထားရင်း ကန်းဆီသို့ လျှောက်လာလေသည်။
သူမက ကျားသစ်ပေါက်စကို ကန်းပေါ်သို့ တင်ပေးလိုက်၏။
ကျားသစ်ပေါက်စလေးမှာ ကန်းပေါ်ရောက်သည်နှင့် ၎င်း၏ တိုတောင်းသော ခြေထောက်လေးချောင်းဖြင့် စူးစမ်းချင်စိတ်ပြင်းပြစွာ လျှောက်သွားနေပြီး ကန်းပေါ်တွင် ယိမ်းယိုင်ယိုင်ဖြင့် လမ်းလျှောက်နေတော့သည်။
"အကောင်ပေါက်လေးရဲ့ အခြေအနေက မနေ့ကထက်စာရင် အများကြီး သက်သာလာပြီ၊ ငါတို့တိုက်လိုက်တဲ့ အနောက်တိုင်းဆေးက အာနိသင်ရှိပုံရတယ်..."
လုံကျန်းဟူသည် ကျားသစ်ပေါက်စလေး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးပြီးနောက် လီလန်အား ပြောလိုက်လေသည်။
လီလန်က ခေါင်းညိတ်လိုက်သည်။
"မနေ့ကထက် အများကြီး သက်သာလာတာ အမှန်ပဲ ရက်အနည်းငယ်အတွင်း သက်သာသွားမှာပါ..."
အူလမ်းကြောင်း ရောင်ရမ်းခြင်းသည် ကြီးမားသော ရောဂါကြီးတစ်ခု မဟုတ်ပေ။ ၎င်းကို ဝမ်းရပ်စေခြင်းနှင့် ရောင်ရမ်းမှု လျော့ကျစေခြင်းဟူသော အချက်နှစ်ချက်ကို အဓိကထား၍ ကုသနိုင်သည်။ အူလမ်းကြောင်း ရောင်ရမ်းခြင်း ခံစားရသောအခါ ဝမ်းသွားလွန်းပါက ခန္ဓာကိုယ်မှ ရေဓာတ်ခန်းခြောက်သွားမည် ဖြစ်သည်။
ရေဓာတ်ခန်းခြောက်ခြင်းနှင့်အတူ အူလမ်းကြောင်း ရောင်ရမ်းလာခြင်းသည် လပြည့်ခါစ ကျားသစ်ပေါက်စလေးတစ်ကောင်အတွက် ငရဲတံခါးဝသို့ တစ်ဝက်ရောက်နေခြင်းပင် ဖြစ်တော့သည်။
အနောက်တိုင်းဆေးသည် ရောင်ရမ်းသော ရောဂါများအတွက် အလွန်ထိရောက်မှုရှိပြီး အခြေခံအားဖြင့် ပစ်မှတ်ထား ကုသခြင်းဟု ဆိုနိုင်ပေသည်။
ရောဂါ၏ အဓိကဇစ်မြစ်ကို ရှာဖွေတွေ့ရှိပြီး ဆေးဝါးများကို အသုံးပြုပါက လျင်မြန်စွာ သက်သာလာမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မျက်နှာအမာရွတ်နှင့် ကျားသစ် ဇနီးမောင်နှံသည် တောင်ပေါ်တွင် လီလန်နှင့် ဆုံတွေ့ခဲ့သဖြင့်သာ တော်တော့သည်။ သို့မဟုတ်ပါက အသက်တစ်လအရွယ် ဤကျားသစ်ပေါက်စလေးမှာ အရွယ်မတိုင်မီ သေဆုံးသွားနိုင်ပေသည်။
တောင်ပေါ်ရှိ သားရဲတိရစ္ဆာန်များသည် အူလမ်းကြောင်း ရောင်ရမ်းခြင်းအတွက် စားသုံးရန် ဆေးဖက်ဝင်အပင်များကို ရှာဖွေရာတွင် ၎င်းတို့၏ ရှင်သန်မှု အလိုအလျောက် သိစိတ်ကိုသာ အားကိုးနိုင်ကြလေသည်။
သို့ရာတွင် ဆေးဖက်ဝင်အပင်များသည် အာနိသင်ပြနှေးကွေးပြီး အနောက်တိုင်းဆေးကဲ့သို့ မမြန်ဆန်ပေ။ အကယ်၍သာ နောက်ကျသွားပါက အကောင်ပေါက်လေးမှာ အရွယ်မတိုင်မီ သေဆုံးသွားနိုင်သည့် အခွင့်အရေး ရှိနေဆဲပင် ဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ ဒီကျားသစ်ပေါက်စကို ဘယ်လို စီစဉ်ထားလဲ ဆက်မွေးထားမှာလား..."
စစ်ဆေးပြီးနောက် လုံကျန်းဟူသည် ကျားသစ်ပေါက်စကို အောက်ချပေးလိုက်ပြီး လီလန်အား ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ငါက ဘာလုပ်နိုင်မှာလဲ သူ့ကို ပြန်ပို့ရမှာပေါ့..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
မျက်နှာအမာရွတ်နှင့် ကျားသစ်အထီးနှင့် ကျားသစ်အမတို့၏ တောင်းဆိုချက်အရ အသက်ကယ်ရန်အတွက် ကျားသစ်ပေါက်စကို တောင်ပေါ်မှ လီလန်က ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ယခု ကျားသစ်ပေါက်စလေး နေကောင်းသွားပြီဖြစ်ရာ သူ့ကို တောင်ပေါ်သို့ ပြန်ခေါ်သွားပြီး မျက်နှာအမာရွတ်နှင့် ကျားသစ်ထံသို့ ပြန်ပေးရမည်မှာ သဘာဝပင် ဖြစ်တော့သည်။
သူ ဘယ်ကလာသလဲ။ ထိုနေရာသို့သာ သူ ပြန်သွားရမည်ဖြစ်သည်။
ကျားသစ်များသည် တောကြောင်ရိုင်းများထက် များစွာပို၍ ကြမ်းကြုတ်ကြသည်။ အကယ်၍ သူ့ကို အိမ်တွင် အချိန်ကြာမြင့်စွာ ထားရှိပါက ဘေးဒုက္ခများ ယူဆောင်လာနိုင်ပေသည်။
"ဟုတ်တယ် သူ့ကို ပြန်ပို့သင့်တယ်၊ မင်းအိမ်မှာက တောကြောင်ရိုင်းပေါက်စ ရှိနေပြီလေ၊ နောက်ထပ် ကျားသစ်တစ်ကောင် ထပ်မွေးရင် တိရစ္ဆာန်ရုံ ဖြစ်မသွားဘူးလား..."
လုံကျန်းဟူက ပြုံးကာ နောက်ပြောင်ရင်း ပြောလိုက်လေသည်။
လီလန်၏ အိမ်တွင် ယခုအခါ တောကြောင်ရိုင်း၊ အရှေ့ဖျားကျားသစ်၊ ကော့ကေးရှန်းနှင့် အဝါရောင်မြွေပါအပြင် အမဲလိုက်ခွေးများစသည့် တောရိုင်းတိရစ္ဆာန် အမျိုးအစားများစွာရှိနေပြီး မြို့ပေါ်ရှိ တိရစ္ဆာန်ရုံတစ်ရုံနှင့်ပင် ဆင်တူနေတော့သည်။
မိုးပျံနဂါးလည်း ရှိသေးသည်ပင်။ ဤအသားစားငှက်ကြီးအကြောင်းကိုပင် မေ့လုနီးပါးဖြစ်သွားခဲ့သည်။
"တိရစ္ဆာန်ကုဆရာဝန်လုံ ခင်ဗျားပြောတာ မှန်တယ် ကျွန်တော့်အိမ်က တကယ်ပဲ တိရစ္ဆာန်ရုံ ဖြစ်လာနေပြီ..."
လီလန်က အတော်လေး အကူအညီမဲ့သလို ခံစားလိုက်ရလေသည်။
ပျံသန်းတတ်သော သတ္တဝါများနှင့် ပြေးလွှားတတ်သော သတ္တဝါများရှိနေပြီး ရေကူးတတ်သောအရာသာ လိုအပ်နေတော့သည်။ သို့မဟုတ်ပါက ရေ၊ ကုန်း၊ လေ အစုံအလင် ဖြစ်သွားနိုင်ပေသည်။
"အစ်ကိုလီလန် ရှင်နဲ့ တိရစ္ဆာန်ကုဆရာဝန်လုံက ကျွန်မကို ဘာအကြောင်းပြောချင်လို့လဲ စပ်စုချင်စိတ်နဲ့ သေတော့မှာပဲ မြန်မြန်သာ ပြောပြစမ်းပါ..."
လီလန်နှင့် လုံကျန်းဟူတို့ စကားပြောနေကြပြီး ကျန်းရှောင်ဖုန်းကို ချန်ထားခဲ့ကြသည်။ မိန်းမငယ်လေးမှာ မပျော်မရွှင်ဖြစ်ကာ အလျင်အမြန် ဝင်ပြောရင်း ညည်းညူလိုက်လေသည်။
"ဪ ငါ အဲဒါကို မေ့လုနီးပါး ဖြစ်သွားတယ်..."
လီလန်က ကျန်းရှောင်ဖုန်းကို ကြည့်လိုက်၏။
"ရှောင်ဖုန်း ငါနဲ့ တိရစ္ဆာန်ကုဆရာဝန်လုံတို့ တိုင်ပင်ထားတာရှိတယ် မင်းကို တိရစ္ဆာန်ကုသရေးပညာတွေ သင်ယူဖို့ သူ့နောက်ကို လိုက်စေချင်တယ် မင်း ဘယ်လိုထင်လဲ..."
ထိုစကားများကြောင့် ကျန်းရှောင်ဖုန်းမှာ အံ့ဩမှင်တက်သွားတော့သည်။
"တိရစ္ဆာန်ကုဆရာဝန်လုံဆီကနေ ပညာသင်ယူရမယ်..."
"ဟုတ်တယ်..."
လီလန်က ခေါင်းညိတ်လိုက်သည်။
"ကြည့်လေ တောကြောင်ရိုင်းပေါက်စနဲ့ ကျားသစ်ပေါက်စတို့က မင်းကို သိပ်သဘောကျကြတာဆိုတော့ တိရစ္ဆာန်ကုဆရာဝန်လုပ်တာ မင်းနဲ့ သေချာပေါက် ကိုက်ညီလိမ့်မယ်..."
လုံကျန်းဟူက လီလန်၏စကားကို ဆက်ယူလိုက်လေသည်။
"ငါထင်တာတော့ မင်းမှာ တိရစ္ဆာန်လေးတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်၊ ပြီးတော့ မင်းက လူကောင်းတစ်ယောက်ပဲ၊ တိရစ္ဆာန်ကုသရေးမှာ မင်းအတွက် မြင့်မားတဲ့ ပါရမီပါလာတယ်..."
"အကယ်၍ မင်းသာ ငါ့နောက်ကိုလိုက်ပြီး တိရစ္ဆာန်ကုသရေးပညာကို သင်ယူမယ်ဆိုရင် တတ်မြောက်သွားတဲ့အခါ ပိုင်ရှန်းမြို့နယ်က ရွာသားတွေအားလုံး သူတို့ရဲ့ နွားတွေနဲ့ သိုးတွေကို ကုသဖို့ မင်းကို ခေါ်ကြလိမ့်မယ်..."
"တိရစ္ဆာန်ကုဆရာဝန်တွေအနေနဲ့ နွားတွေနဲ့ သိုးတွေကို ကုသပေးတာဟာ တကယ်တော့ မြို့ပေါ်က ဆေးရုံတွေမှာ ဆရာဝန်တွေ လူတွေကို ကုသပေးတာနဲ့ အတူတူပါပဲ၊ နှစ်ခုစလုံးက ကုသပေးတာပဲဖြစ်ပြီး နှစ်ခုစလုံးက ကောင်းမှုကုသိုလ်လုပ်တာမို့ ကုသိုလ်တရားကတော့ မနှိုင်းယှဉ်နိုင်လောက်အောင်ပါပဲ..."
"နွားတွေနဲ့ သိုးတွေဆိုတာ လူတွေလိုပဲ အသက်ရှင်နေတဲ့ သက်ရှိတွေလေ..."
"ဒါ့အပြင် လောလောဆယ် မြို့မှာ တိရစ္ဆာန်ကုဆရာဝန်တွေ ရှားပါးနေပြီး အနီးနားက ရွာတချို့မှာလည်း တစ်ယောက်မှ မရှိဘူး၊ မင်းသာ ငါ့ဆီမှာ သင်ယူမယ်ဆိုရင် တတ်သွားတာနဲ့ ဒါဟာ မင်းကို ဘယ်တော့မှ ငတ်မနေစေဘဲ အမြဲတမ်း ပိုက်ဆံရှာနိုင်မယ့် တည်ငြိမ်တဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်လာမှာပဲ..."
လုံကျန်းဟူသည် တိရစ္ဆာန်ကုဆရာဝန်တစ်ဦးဖြစ်ခြင်း၏ အကျိုးကျေးဇူးများကို ကျန်းရှောင်ဖုန်းအား အကျအန ရှင်းပြလိုက်လေသည်။
ဤစကားများကို ကြားသောအခါ ကျန်းရှောင်ဖုန်းမှာ တွေဝေသွားတော့သည်။
တိရစ္ဆာန်ကုဆရာဝန် ဖြစ်လာရန်လော။ ဆိုးရွားမည် မထင်ပေ။
ဝင်ငွေလည်းကောင်းပြီး အိမ်နှင့်လည်း နီးသည်ပင်။
သို့ရာတွင် သူမက သူမ၏အဖေကဲ့သို့ မုဆိုးတစ်ယောက် ဖြစ်ချင်နေမိသည်။
မိန်းမငယ်လေး၏ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်ဘဲ ထပ်မံ၍ လွန်ဆွဲနေတော့သည်။
လီလန်သည် သူမ မျက်မှောင်ကြုတ်ကာ ဆုံးဖြတ်ရခက်နေသည်ကို မြင်သောအခါ ထပ်မံပြောလိုက်လေသည်။
"တိရစ္ဆာန်ကုဆရာဝန် ဖြစ်လာတာက ငါ့ရဲ့ မီးနဂါးမုဆိုးအဖွဲ့ထဲကို ဝင်ဖို့အတွက် ထိခိုက်မှာ မဟုတ်ပါဘူး..."
"တကယ်လား..."
လီလန်၏ စကားကို ကြားသောအခါ ကျန်းရှောင်ဖုန်း၏ မျက်လုံးများ အရောင်လက်သွားလေသည်။
"တကယ်ပေါ့ အခုချက်ချင်းပဲ မီးနဂါးမုဆိုးအဖွဲ့ထဲဝင်ဖို့ ငါ ခွင့်ပြုပေးနိုင်တယ်..."
လီလန်က ချောင်းဟန့်လိုက်ပြီး ကန်းပေါ်မှ မတ်တပ်ရပ်လိုက်ကာ သူ၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်သွားတော့သည်။
"ရဲဘော်ကျန်းရှောင်ဖုန်း၊ မီးနဂါးမုဆိုးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ငါ လီလန်က မင်းကို အဖွဲ့ရဲ့ တတိယမြောက်အဖွဲ့ဝင်အဖြစ် မီးနဂါးမုဆိုးအဖွဲ့ထဲဝင်ဖို့ အခု ခွင့်ပြုလိုက်တယ်..."
"အစီရင်ခံပါတယ် အဖွဲ့ခေါင်းဆောင်၊ ကျန်းရှောင်ဖုန်း လက်ခံရရှိပါတယ်..."
ကျန်းရှောင်ဖုန်းက သေချာစွာ မတ်မတ်ရပ်၍ အလေးပြုလိုက်လေသည်။
"အဖွဲ့ခေါင်းဆောင် ဒါပဲလား..."
ကျန်းရှောင်ဖုန်းမှာ လီလန် နောက်ထပ် စကားအနည်းငယ် ပြောလာမည်ကို စောင့်နေဆဲဖြစ်သော်လည်း လီလန်က ပြန်ထိုင်လိုက်မည်ဟု သူမ မမျှော်လင့်ထားပေ။
"ဒါပဲလေ..."
လီလန်သည် သူ၏ဖခင် ဖျော်ထားသော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။
"အာ.. ဒါပဲလား..."
ကျန်းရှောင်ဖုန်းမှာ ဆွံ့အသွားတော့သည်။
ဤကဲ့သို့ပင် ဤမျှ ရိုးရှင်းစွာဖြင့်ပင် သူမက မီးနဂါးမုဆိုးအဖွဲ့ထဲ ဝင်လိုက်ရပြီလော။
မဟုတ်သေးပေ။ သေနတ်က ဘယ်မှာနည်း။
အနည်းဆုံးတော့ အမဲလိုက်သေနတ်တစ်လက် ပေးသင့်သည် မဟုတ်ပါလော။
"အဖွဲ့ခေါင်းဆောင် ကျွန်မတို့ရဲ့ မီးနဂါးမုဆိုးအဖွဲ့မှာ သေနတ်တွေ မရှိဘူးလား..."
ကျန်းရှောင်ဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ရှိတာပေါ့..."
"ဒါဆို ဘာလို့ ကျွန်မဆီမှာ သေနတ်မရှိတာလဲ..."
"မင်းမှ မလိုတာ..."
လီလန်က ခေါင်းယမ်းလိုက်၏။
ကျန်းရှောင်ဖုန်းမှာ ဆွံ့အသွားပြီး ထိုနေရာတွင်ပင် အံ့အားသင့်ကာ ရပ်နေတော့သည်။
မလိုအပ်ဘူးဆိုသည်မှာ ဘာသဘောနည်း။ သူမက မီးနဂါးမုဆိုးအဖွဲ့၏ အဖွဲ့ဝင်တစ်ယောက် မဟုတ်ပါလော။
*အဖွဲ့ခေါင်းဆောင် ရှင်က ခွဲခြားဆက်ဆံနေတာပဲ ယောက်ျားလေးကို ဦးစားပေးပြီး မိန်းကလေးကို နှိမ့်ချနေတာပဲ*
ဟွန့်…*
လုံကျန်းဟူက ဘေးမှနေ၍ နားထောင်နေပြီး မိန်းမငယ်လေး၏ ဒေါသထွက်ကာ စိုးရိမ်နေသော မျက်နှာထားကို မြင်သောအခါ ရယ်မောခြင်းကို မအောင့်နိုင်တော့ပေ။
*အလိုလေး ရှောင်ဖုန်းရယ်… မင်းတော့ အဖွဲ့ခေါင်းဆောင်လီ လှည့်စားတာကို ခံလိုက်ရပြီ*
ပြုံးနေသော လီလန်နှင့် သူ၏ဘေးတွင် ခိုးရယ်နေသော တိရစ္ဆာန်ကုဆရာဝန်လုံတို့ကို ကြည့်ရင်း ကျန်းရှောင်ဖုန်းမှာ တွေးလေလေ ပို၍ ထူးဆန်းလေလေ ဖြစ်နေတော့သည်။
တစ်ခုခုတော့ မှားနေပြီ။ ဤအရာက မမှန်ပေ။
ထိုအချိန်တွင် ကျန်းရှောင်ဖုန်းမှာ ရုတ်တရက် လှည့်စားခံလိုက်ရသည့် ခံစားချက်မျိုး ခံစားလိုက်ရလေသည်။
*လီလန်များ ငါ့ကို လှည့်စားလိုက်တာလား…*
ကျန်းရှောင်ဖုန်း၏ မျက်လုံးများမှာ လည်ထွက်သွားပြီး သူမ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေတော့သည်။
"မတွေးနေနဲ့တော့ မင်းကို ဝင်ခွင့်ပြုဖို့ ငါ သဘောတူထားပေမယ့် မင်းရဲ့ရာထူးက သေနတ်သမား မဟုတ်ဘူး..."
လီလန်က ပြုံးရင်း ပြောလိုက်လေသည်။
"အာ….သေနတ်သမား မဟုတ်ဘူးဆိုရင်၊ ကျွန်မက..."
ကျန်းရှောင်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။
"မင်းက တိရစ္ဆာန်ကုဆရာဝန်လေ..."
"ရဲဘော်ကျန်းရှောင်ဖုန်း မင်းက အခု ငါတို့ မီးနဂါးမုဆိုးအဖွဲ့ရဲ့ သီးသန့် တိရစ္ဆာန်ကုဆရာဝန်ပဲ အခုကစပြီး ဟေးလုံနဲ့ ပိုင်လုံကို မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ အပ်နှံထားမယ်..."
ကျန်းရှောင်ဖုန်းက ဟေးလုံနှင့် ပိုင်လုံတို့ကို သိသည်။ ၎င်းတို့မှာ လီလန် မွေးထားသော အမဲလိုက်ခွေး နှစ်ကောင်ပင်ဖြစ်၏။
"အလိုလေး... ဒါက ကျွန်မ စိတ်ကူးထားတာမျိုး မဟုတ်ပါဘူး..."
"ကျွန်မက အဖေ့လိုပဲ သေနတ်ကိုင်ပြီး မြေခွေးတွေ၊ ဝံပုလွေတွေ၊ ကျားတွေ၊ ကျားသစ်တွေကို တိုက်ခိုက်ပြီး ထိတ်လန့်စရာကောင်းတဲ့ မုဆိုးတစ်ယောက် ဖြစ်ချင်တာပါ..."
"အခုကျတော့… ကျွန်မက ဘယ်လိုလုပ်ပြီး တိရစ္ဆာန်ကုဆရာဝန် ဖြစ်သွားရတာလဲ..."
လုံကျန်းဟူက သူမကို နှစ်သိမ့်လိုက်လေသည်။
"ရှောင်ဖုန်း…အမဲလိုက်ခွေးတွေကို အထင်မသေးနဲ့ မုဆိုးတွေ တောင်ပေါ်တက်တဲ့အခါ အဲ့အမဲလိုက်ခွေးတွေက သူတို့ရဲ့ အသက်နဲ့ရင်းရတဲ့ အဖော်တွေပဲ၊ အမဲလိုက်ခွေးတွေကို သေချာစောင့်ရှောက်တာက မုဆိုးတွေအတွက် အာမခံချက် ပေးတာနဲ့ အတူတူပဲ ဒါက မင်း တောင်ပေါ်တက်ပြီး သေနတ်နဲ့ အမဲလိုက်တာထက် အများကြီး ပိုပြီး အဓိပ္ပာယ်ရှိပါတယ်..."
ကျန်းရှောင်ဖုန်းမှာ နားထောင်ပြီးနောက်
မှန်ပေသည်။ တိရစ္ဆာန်ကုဆရာဝန်လုံ ပြောသည်မှာ မှန်ပေ၏။