အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) ဝက်ယောင်ဆောင်၍ ကျားကို စားခြင်း
လီဟူက လီလန်အား ဆဲဆိုသံများဖြင့် စတင်လိုက်၏။
"လီလန်... မအေဘေး.. မင်း ငါ့ရဲ့ တောကြက်တွေကို ခိုးသွားတယ်ပေါ့..."
"မင်းက သူခိုးပဲ..."
လီဟူသည် ဆဲဆိုရင်းပင် လီလန်၏ ခါးတွင် ချိတ်ထားသော တောကြက်နှစ်ကောင်ကို လုယူရန် အလောတကြီး ပြေးဝင်လာသည်။
ရုပ်သေးရုပ်ပင်လျှင် အနည်းငယ် မီးတောက်တတ်သေးသည်။ လီဟူက သူ့အား "မအေဘေး" ဟု ဆဲဆိုသည့်အပြင် အဖွဲ့ခေါင်းဆောင် ကျိုးရှေ့တွင်ပင် သူခိုးဟု စွပ်စွဲနေသဖြင့် လီလန်၏ ရင်ထဲတွင် မီးတောက်တစ်ခု ရုတ်တရက် တောက်လောင်လာတော့သည်။ သူသည် လျင်မြန်စွာပင် လှုပ်ရှားလိုက်ပြီး လက်ယာဘက်ကို စက်ဝိုင်းပုံစံ လွှဲယမ်းကာ "ဖြန်း" ဟူသော အသံနှင့်အတူ လီဟူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။
လီလန်၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လွန်းလှသဖြင့် လီဟူပင် မတုံ့ပြန်လိုက်နိုင်ခင်မှာပင် သူ၏ ဘယ်ဘက်ပါးမှာ ပူစပ်သွားတော့သည်။
"မင်း... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့... မင်းအမေ@$&$..."
"ငါ မင်းကို ရိုက်တယ် ပါးစပ်ဖွင့်လိုက်တိုင်း အညစ်အကြေးတွေပဲ ထွက်ကျလာတဲ့ ခွေးကောင်..."
"မင်း အရမ်းအဆင်ပြေရဲ့လား... နေ့လယ်စာစားတုန်းက အိမ်သာက မစင်တွေကို စားထားတာလား... ဘာလို့ ဒီလောက်တောင် နံစော်နေရတာလဲ..."
လီလန်က လှောင်ပြောင်လိုက်သည်။
သူသည် "တရုတ်ရိုးရာ ကိုယ်ခံပညာရပ်များအားလုံးကို အထူးကျွမ်းကျင်နှံ့စပ်သွားစေသည့် စွမ်းရည်" ကို ရရှိထားပြီးဖြစ်ရာ ယခုလက်ရှိ သူ၏စွမ်းရည်မှာ ကိုယ်ခံပညာရှင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပြီး လီဟူကို ရိုက်နှက်ရန်မှာ အလွန်လွယ်ကူလှသည်။
ထို့အပြင် လီလန်သည် ထိုရိုက်ချက်တွင် လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးထားသဖြင့် အပေါ်ယံကြည့်လျှင် ပေါ့ပါးသယောင်ရှိသော်လည်း အတွင်းအားပါဝင်နေသဖြင့် အင်အားမှာ အတော်ပင် ပြင်းထန်သည်။
လီဟူသည် ရိုက်ချက်ကို ခံယူလိုက်ရပြီးနောက် သူ၏ ဘယ်ဘက်ပါးမှာ ချက်ချင်းပင် ရောင်ရမ်းနီမြန်းလာပြီး မျက်နှာသွင်ပြင်ပင် ပုံပျက်သွားတော့သည်။ ကျိုးလျဲ့ရှန်သည် လီဟူ၏ ရောင်ရမ်းနေသော မျက်နှာကို ကြည့်ကာ အံ့အားသင့်နေမိသည်။ သူကိုယ်တိုင်လည်း ရွာရှိ မုဆိုးအိုကြီးများထံမှ လက်ဝှေ့နှင့် ကန်ချက်များကို နှစ်အနည်းငယ် သင်ယူထားဖူးသူဖြစ်သည့်အတွက် လီလန်၏ ရိုက်ချက်သည် မည်မျှမြန်ဆန်ကြောင်း ကောင်းစွာ သိရှိလိုက်သည်။
ကျိုးလျဲ့ရှန်က လီလန်ကို အံ့သြတကြီး ကြည့်မိလိုက်သည်။
*ရွာထဲမှာ ပြောနေတဲ့ ကောလာဟလတွေက မမှန်ဘူးပဲ ဒီကောင်လီလန်... သူက အရမ်းကို ဖုံးကွယ်ထားတာပဲ…*
ကျိုးလျဲ့ရှန်သည် စာသင်ကျောင်းတွင် နှစ်အနည်းငယ် တက်ရောက်ဖူးသူ ဖြစ်သည့်အလျောက် "ဝက်ယောင်ဆောင်၍ကျားကို စားခြင်း" ဟူသော စကားပုံကို ချက်ချင်းပင် သတိရလိုက်သည်။
"အော်... ဒါက တကယ်ပဲ ဝက်တစ်ကောင်အသွင် ဟန်ဆောင်ပြီး ကျားကို စားလိုက်တာပဲ။ ဒီလီဟူရဲ့ နာမည်မှာလည်း ကျားဆိုတာပါနေတာ မဟုတ်လား..."
ကျိုးလျဲ့ရှန်သည် လီဟူကို သနားစဖွယ် ကြည့်လိုက်သည်။ သူသည် ယခုတစ်ခါတွင်တော့ မခံနိုင်သော ပြိုင်ဘက်တစ်ဦးနှင့် တိုးမိပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသို့ တွေးတောမိလိုက်သောအခါ ကြုံလှီပြီး နုနယ်သည့် လူငယ်တစ်ဦးကဲ့သို့ ထင်ရသော လီလန်အပေါ်တွင် ကျိုးလျဲ့ရှန်၏ အမြင်မှာ သိသိသာသာ တိုးတက်လာတော့သည်။
[ဒင်…ကျိုးလျဲ့ရှန်၏ နှစ်သက်ခြင်းအမှတ် +၅]
[ဒင်…ကျိုးလျဲ့ရှန်၏ နှစ်သက်ခြင်းအမှတ် +၅]
ဘေးတွင် ရှိနေသော လီလန်က ကျိုးလျဲ့ရှန်ကို အနည်းငယ် အံ့သြသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
*ကျိုးလျဲ့ရှန်ရဲ့ နှစ်သက်ခြင်းအမှတ်က ဒီတစ်ခါမှာ အဲ့လောက်တောင် တိုးလာတာလား…*
ဤတစ်ခါတွင် ကျိုးလျဲ့ရှန်သည် လီလန်၏ နှစ်သက်ခြင်းအမှတ်ကို အမှတ် ၂၀ အထိ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။
*ဒီကောင် လီဟူကို မုဆိုးအဖွဲ့ထဲမှာ ဘယ်သူမှ မနှစ်သက်ဘူးပဲ ဟဲဟဲ... နောက်မှ သူ့ကို ထပ်ရိုက်ဦးမယ်…*
လီလန်က လှောင်ရယ်ပြုလိုက်သည်။
ဤအကောင်လီဟူကို ရိုက်နှက်ရခြင်းကပင် "နှစ်သက်ခြင်းအမှတ်" ကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤအလုပ်မှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။
ထပ်ရိုက်ရန် လိုအပ်သေးသည်။
နည်းနည်းလေး ကြိုးစားလိုက်ရုံဖြင့် အမှတ်တစ်ရာ ပြည့်သွားလျှင် မနက်ဖြန်အတွက် လျှို့ဝှက်သေတ္တာနှင့် လဲလှယ်နိုင်တော့မည် ဖြစ်သည်။
"မင်း..."
လီဟူသည် ဘယ်ဘက်ပါးကို ကိုင်ထားရင်း အသံထွက်အောင် မအော်နိုင်ဘဲ ဖြစ်နေသည်။ လီလန်၏ အင်အားမှာ ဤမျှတောင် ကြီးမားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရိုက်ချက်တစ်ချက်တည်းဖြင့်ပင် သူ့ကို ခေါင်းမူးသွားစေပြီး ပူစပ်နာကျင်မှုများမှာ ပျားတုပ်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။
"ဟူဇီ... မင်း အဆင်ပြေရဲ့လား..."
လီလုံသည် သူ့ညီ လီဟူ၏ ပါးကိုကြည့်ကာ အံ့အားသင့်သွားသည်။
"လီလန်... မင်းက ငါ့ညီကို အနိုင်ကျင့်ရဲတယ်ပေါ့..."
လီလုံသည် ရှေ့သို့ တိုးလာပြီး လီဟူ၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"ဒီတောကြက်နှစ်ကောင်ကို ငါတို့ တောင်ပေါ်မှာ ပစ်သတ်ခဲ့တာ။ မယုံရင် ဒီကြက်အမရဲ့ အတောင်ပံကို ကြည့်လိုက်၊ သေနတ်ဒဏ်ရာရှိတယ်..."
လီလုံသည် ယနေ့တွင် သူ၏ညီနှင့်အတူ ဝက်ဝံနက်တောင်သို့ တက်သွားပြီး အမေနှင့် အစ်မဖြစ်သူအတွက် အာဟာရဖြစ်စေမည့် တောယုန်နှင့် တောကြက်များကို ရှာဖွေရန် ကြံရွယ်ထားခဲ့သည်။ တောင်ပေါ်တွင် သူတို့နှစ်ယောက်မှာ အေးစက်ပြီး ဗိုက်ဆာနေခဲ့သော်လည်း ယုန်တစ်ကောင်မျှပင် မတွေ့ခဲ့ရပေ။
နောက်ဆုံးတွင် အအေးဒဏ်ကို မခံနိုင်တော့ဘဲ လက်ဗလာဖြင့် တောင်ပေါ်မှ ပြန်ဆင်းလာစဉ် လီဟူက တောကြက်နှစ်ကောင်ကို တွေ့လိုက်ရသည်။ လီဟူက စိတ်မရှည်ဘဲ သေနတ်ဖြင့် အဝေးမှ ပစ်ခတ်ခဲ့သော်လည်း လွဲချော်သွားပြီး အမေကြက်၏ အတောင်ပံကိုသာ ထိမှန်သွားခဲ့သည်။ ယခု လီလန်၏ အိမ်သို့ ရောက်သောအခါ လီလန်၏ ခါးတွင် ချိတ်ထားသော တောကြက်နှစ်ကောင်ကို မြင်လိုက်ရသဖြင့် သူတို့မှာ လီလန်က သူတို့၏သားကောင်ကို ခိုးယူသွားသည်ဟု သံသယဝင်သွားကြခြင်း ဖြစ်သည်။
"ဘာ... မင်းတို့က ဒီတောကြက်တွေက မင်းတို့မိသားစုပိုင်လို့ ဘယ်မျက်လုံးနဲ့ မြင်လိုက်တာလဲ... လီလုံ... မင်းနာမည်ကို သူတို့ပေါ်မှာ ရေးထားလို့လား..."
လီလန်က လီလုံကို တုံ့ပြန်လိုက်သည်။
"ဒါဆို မင်း ပြောကြည့်... ဒီတောကြက်တွေကို ဘယ်ကရတာလဲ..."
"ဘယ်ကရရ... မင်းတို့နဲ့ မဆိုင်ဘူး..."
လီလန်သည် လီရှန်းဟွာ၏ မိသားစုဝင် လေးယောက်လုံးအပေါ်တွင် အမြင်မကြည်လင်ပေ။ သူတို့အားလုံးမှာ တစ်မျိုးတည်းသာဖြစ်ကြသည်။ သူတို့အတွက် ရှင်းပြနေရခြင်းမှာ အချိန်ကုန်ရုံသာ ရှိသည်။ သူ၏ မျက်လုံးများမှာ လီဟူထံသို့ ရောက်သွားပြီး လီလန်၏ ရင်ထဲတွင် ရိုက်ချင်စိတ်များ ထပ်မံ ဖြစ်ပေါ်လာသည်။
အခုနက ရိုက်လိုက်ရသည့် ရိုက်ချက်မှာ အလွန်ပင် ကျေနပ်စရာ ကောင်းပြီး သက်သောင့်သက်သာ ဖြစ်စေသည်။
လန်းဆန်းလိုက်တာ…
ထပ်ရိုက်လိုက်ရလျှင် ပိုပြီးတော့တောင် လန်းဆန်းသွားဦးမည်။
ခြေထောက်ကျိုးသွားသည့် အကြွေးမှာ အရေးမကြီးသေးသော်လည်း ဤညီအစ်ကိုနှစ်ယောက်ကို ဖြည်းဖြည်းချင်း ပြန်ဆပ်ခိုင်းနိုင်သည်။
လက်ရှိတွင်တော့ အတိုးလေး နည်းနည်း ကောက်ထားလိုက်ဦးမည်။
"မင်း ခိုးတာ မဟုတ်ဘူးလို့ ပြောနေတုန်းပဲလား..."
လီဟူသည် ပါးကို ကိုင်ထားရင်း မရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။
သူ၏ ဘယ်ဘက်ပါးမှာ ထုံကျင်ပြီး ရောင်ရမ်းနေသဖြင့် စကားကို ရှင်းရှင်းလင်းလင်း ပြော၍ မရတော့ပေ။
"အဖွဲ့ခေါင်းဆောင်... ကျွန်တော်တို့ ညီအစ်ကိုတွေအတွက် တရားမျှတမှုရှိအောင် လုပ်ပေးပါ..."
"ကျွန်တော်တို့ ညီအစ်ကိုတွေ ဒီနေ့ ဝက်ဝံနက်တောင်ကို တက်သွားပြီး တောင်ပေါ်လမ်းတစ်ဝက်မှာ တောကြက်နှစ်ကောင်နဲ့ တွေ့တယ်။ ကျွန်တော် တစ်ချက် ပစ်လိုက်တယ်..."
"ပစ်ပြီးသွားတော့ ကျွန်တော်တို့ ရှာကြည့်လိုက်တဲ့အခါ တောကြက်တွေက ပျောက်သွားတယ်..."
"အဖွဲ့ခေါင်းဆောင်... လီလန်... သူ... သူက ကျွန်တော်တို့ရဲ့ သားကောင်ကို ခိုးသွားတာ။ အဖွဲ့ခေါင်းဆောင်... ကျွန်တော်အတွက် တရားမျှတမှုရှိအောင် လုပ်ပေးပါ..."
လီဟူသည် ကျိုးလျဲ့ရှန်၏ အာဏာကို အသုံးပြု၍ တရားမျှတမှု ရယူရန် ကြိုးစားနေသည်။
သူတို့သည် လီလန် ပစ်ခတ်နိုင်စွမ်း မရှိကြောင်း သိရှိထားသည်။ သူ့အဖေ လီတာ့ဟိုင်သာလျှင် မုဆိုးဖြစ်ပြီး လီတာ့ဟိုင်၏ သေနတ်မှာ မုဆိုးအဖွဲ့၏ လက်နက်တိုက်တွင် သိမ်းဆည်းထားသည်။ ထို့ကြောင့် ဤတောကြက်နှစ်ကောင်မှာ လီလန် ပစ်သတ်ထားခြင်း မဟုတ်သည်မှာ သေချာသည်။
လီဟူ၏ စကားကို ကြားသောအခါ ကျိုးလျဲ့ရှန်က မျက်မှောင်ကြုတ်လိုက်သည်။
သူသည် လီတာ့ဟိုင်က သူ၏သား လီလန်အား မုဆိုးအလုပ်ကို ဆက်ခံစေချင်ကြောင်း ကြားသိဖူးသည်။ သို့သော် လီလန်မှာ ထိုအချိန်က ဘာမှအသုံးမဝင်သူဖြစ်ပြီး အမဲလိုက်ခြင်းမှာ ပင်ပန်းပြီး ညစ်ပတ်သည်ဟုဆိုကာ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် လီလန်မှာ အမဲလိုက်နိုင်စွမ်း မရှိကြောင်းနှင့် သေနတ်ကိုပင် မကိုင်ဖူးကြောင်း ကျိုးလျဲ့ရှန် သိရှိထားသည်။
ကျိုးလျဲ့ရှန်သည် လီလန်ကို သံသယမဝင်ချင်သော်လည်း လီဟူ၏ စကားမှာ အကြောင်းပြချက် ခိုင်လုံနေသည်။ ဤတောကြက်နှစ်ကောင်မှာ အတောင်ပံတွင် သေနတ်ဒဏ်ရာ ရှိနေသဖြင့် လီလန်က မည်သို့ ရရှိလာသနည်း။
"လီလန်... ဘာဖြစ်တာလဲ..."
ကျိုးလျဲ့ရှန်က မေးလိုက်သည်။
"ဒီတောကြက်နှစ်ကောင်ကို ဘယ်က ရတာလဲ..."
လီလန်မှာ ကျိုးလျဲ့ရှန်အပေါ် အမြင်ကောင်းရှိသဖြင့် ရိုသေစွာပင် တုံ့ပြန်လိုက်သည်။
"ကျွန်တော် ထောင်ချောက်ဆင်ပြီး ဖမ်းလိုက်တာပါ..."
"မင်း လိမ်နေတာ… မင်း ထောင်ချောက်တောင် ဆင်တတ်တာ မဟုတ်ဘူး..
ဒီတောကြက်တွေကို မင်း ခိုးလာတာ၊ ငြင်းမနေနဲ့"
လီလုံက အော်ဟစ်ဆဲဆိုလိုက်သည်။
"မင်း စကားမပြောဘဲနေရင် ဘယ်သူကမှ မင်းကို အ, နေတယ်လို့ မထင်ဘူး..."
လီလန်က အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
"ငါ ထောင်ချောက်ဆင်တတ်တာကို မင်းတို့ ဘယ်လိုသိတာလဲ..."
လီလန်က လှောင်ရယ်ပြုသည်။
"ဒါက အရမ်းခက်ခဲလို့လား... ဒါမှမဟုတ် ဒီနေ့ တောင်ပေါ်မှာ ဘာသားကောင်မှ မရခဲ့လို့ ငါ့ရဲ့ တောကြက်နှစ်ကောင်ကို မျက်စိကျနေတာလား..."
လီလန်၏ စကားမှာ ကျိုးလျဲ့ရှန်အား သံသယဝင်သွားစေသည်။
ကျိုးလျဲ့ရှန်သည် လီလုံနှင့် လီဟူတို့၏ မျက်နှာကို သိမ်းငှက်ကဲ့သို့ ထက်မြက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ဆောင်းရာသီဖြစ်သည့်အတွက် တောင်များမှာ နှင်းများ ဖုံးလွှမ်းနေပြီး တောရိုင်းတိရစ္ဆာန်များမှာ ဆောင်းခိုနေကြသည်။ သားကောင် ရမရမှာ အတွေ့အကြုံအပေါ်တွင်သာမက ကံကြမ္မာအပေါ်တွင်လည်း မူတည်သည်။
ဤညီအစ်ကိုနှစ်ယောက်မှာ ပစ်မှတ်မှန်ကန်သော်လည်း ရွှမ်းရွှေရွာ မုဆိုးအဖွဲ့သို့ ဝင်ရောက်လာသည်မှာ တစ်နှစ်သာ ရှိသေးသည်။ သူတို့၏ တောင်ပေါ်အမဲလိုက် အတွေ့အကြုံမှာ မများပြားလှဘဲ စတင်လေ့လာသူများထက် အနည်းငယ်သာ သာလွန်ကြသည်။
"အဖွဲ့ခေါင်းဆောင်... လီလန်ရဲ့ စကားကို နားမယောင်ပါနဲ့။ သူက ဘယ်လိုလုပ် ထောင်ချောက်ဆင်တတ်မှာလဲ။ သူက ထိုင်စားပြီး သေဖို့ စောင့်နေတဲ့ အသုံးမကျတဲ့လူပဲ"
လီလန်နှင့် စေ့စပ်ခါနီး ဖြစ်ခဲ့ဖူးသော လီလုံနှင့် လီဟူတို့မှာ လီလန်၏ စရိုက်ကို ကောင်းစွာ သိရှိကြသည်။ လီလန်မှာ သူ၏အဖေကို မှီခိုပြီး အလကားစားနေသည့် ပျင်းရိသောသူ ဖြစ်သည်။
ကျိုးလျဲ့ရှန်သည် မေးကို ပွတ်သပ်လိုက်သည်။ ဤစကားကို ကြားသောအခါ သူလည်း အမှန်တရား ပါဝင်သည်ဟု ခံစားမိသည်။ လီလန်၏ ခါးတွင် ချိတ်ထားသော တောကြက်နှစ်ကောင်အနက် တစ်ကောင်မှာ ပစ်သတ်ခံထားရပြီး နောက်တစ်ကောင်မှာ သေနတ်သံကြောင့် ကြောက်လန့်ပြီး သေဆုံးသွားခြင်း ဖြစ်နိုင်သည်။
တောကြက်များမှာ အလွန်ကြောက်တတ်ကြကြောင်း မုဆိုးအိုကြီးများ သိရှိကြသည်။ တောင်ပေါ်တွင် တောကြက်များကို အမဲလိုက်သည့်အခါ မထိမှန်လျှင်ပင် သေနတ်သံဖြင့် ကြောက်လန့်စေကာ နောက်မှ လိုက်ကောက်နိုင်သည်။
"ဒါက ခက်ခဲတာပဲ..."
ကျိုးလျဲ့ရှန်သည် လီလန်ကို ကြည့်လိုက်ပြီးနောက် လီဟူနှင့် လီလုံကို ကြည့်လိုက်သည်။
သူသည် တရားမျှတမှု ရှိစေချင်သော်လည်း လုပ်ဆောင်ရန်မှာ လွယ်ကူသည် မဟုတ်ပေ။ သူသည် ခဏမျှ တွေးတောပြီးနောက် လီလန်ကို မေးလိုက်သည်။
"လီလန်... မင်း ဒီတောကြက်ကို ဘယ်သူနဲ့ ထောင်ချောက်ဆင်တာလဲ..."
"ကျွန်တော် တစ်ယောက်တည်းပါ..."
လီလန် ပြောနေစဉ်မှာပင်…