← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) စစ်သားဟောင်းကြီး

ခြံပြင်မှ လူတစ်ယောက် ရုတ်တရက် ပြေးဝင်လာသည်။

သူသည် ခွေးသားမွေးဦးထုပ်ကို ဆောင်းထားပြီး မျက်နှာမှာ နီမြန်းနေကာ ရိုးသားဖြူစင်သည့် ပုံစံရှိသည်။

ဤသူမှာ အခြားသူမဟုတ်။ ကျောက်လျူပင် ဖြစ်ပေသည်။

ကျောက်လျူသည် ခြံဝင်းအတွင်းသို့ ပြေးဝင်လာသည်နှင့် တစ်ပြိုင်နက် လက်နှစ်ဖက်ကို ဆန့်တန်းကာ လီလန်ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ကျွန် ကျွန်တော် သက်သေလိုက်ပေးမယ်..."

"ဒီ... ဒီ... မိုးပျံနဂါးကို လီ... လီလန်က ထောင်ချောက်နဲ့ ဖမ်းမိတာ..."

ကျောက်လျူသည် မောဟိုက်စွာ ပြောလိုက်သည်။

သူသည် စိတ်လှုပ်ရှားလျှင် စကားထစ်တတ်သည့် အကျင့်ဟောင်း ရှိသည်။

ကျောက်လျူ၏ လုပ်ရပ်ကြောင့် လီလန်၏ နှလုံးသားမှာ နူးညံ့သွားရသည်။ အပူချိန်မှာ အနုတ်ဆယ်ဒီဂရီအောက် ကျဆင်းနေပြီး လေပြင်းများ တိုက်ခတ်နေသော်လည်း သူ့ရင်ထဲတွင် နွေးထွေးသည့် နေရောင်ခြည်လေးတစ်ခု ရရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ကမ္ဘာပေါ်တွင် လူဆိုးများ ရှိသလို လူကောင်းများလည်း ရှိသေးသည်။ ကျောက်လျူမှာ ထိုလူကောင်းများထဲမှ တစ်ယောက်ပင်။

"ကျောက်လျူ... ဖယ်လိုက်ဦး၊ ငါ အဆင်ပြေပါတယ်..."

လီလန်သည် ကျောက်လျူကို သူ့နောက်သို့ ဆွဲခေါ်လိုက်သည်။ လီလုံနှင့် လီဟူတို့မှာ ထောင့်ကပ်မိသည့် ခွေးများကဲ့သို့ ရန်မူလာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

အဘိုးကျောက်တွင် ကျောက်လျူတစ်ယောက်တည်းသာ မျိုးဆက်ကျန်ရှိတော့သဖြင့် သူ့ကို အလွန်တန်ဖိုးထားသည်။

"ဒီမိုးပျံနဂါးကို ထောင်ချောက်နဲ့ ဖမ်းမိတယ်ဆိုတော့ သူဖမ်းမိတာပဲပေါ့..."

"ဟွန်း... မင်းတို့နှစ်ယောက်က ဘောင်းဘီဂွပြဲစကတည်းက အတူတူကြီးပြင်းလာတာကို ဘယ်သူမသိဘဲ နေမလဲ..."

လီဟူသည် ကျောက်လျူ၏ စကားကို လုံးဝမယုံကြည်ဘဲ အေးစက်စက် နှာမှုတ်လိုက်သည်။

"ငါကရော..."

ဤအချိန်တွင် တံခါးပြင်ပမှ ခန့်ညားသော အသံတစ်ခု ထွက်ပေါ်လာသည်။

"အဘိုး..."

အဘိုးကျောက်ကို မြင်လိုက်ရသည့်အခါ ကျောက်လျူ၏ မျက်လုံးများ အရောင်လက်သွားပြီး အဘိုးဖြစ်သူဆီသို့ အမြန်ပြေးသွားသည်။

ကျောက်လျူသည် အခြေအနေကို ချောင်းနားထောင်နေရင်း လီလန်အတွက် မကောင်းကြောင်း သိလိုက်ရသဖြင့် လမ်းတစ်ဝက်တွင် အဘိုးဖြစ်သူကို ဝူအိုက်ရုံ၏ အိမ်သို့ မသွားခိုင်းဘဲ လီလန်ကို ကူညီပေးရန် အမြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။

ဤကလေးက အကူအညီရှာရန် သွားခဲ့ခြင်း ဖြစ်သည်။

"အဘိုးကျောက်..."

လီလန်လည်း အံ့အားသင့်သွားသည်။

ကျောက်ထျဲ့ကျွင်း ရောက်လာသည်နှင့် ခြံဝင်းထဲရှိ လူများမှာ အလိုအလျောက်ပင် လမ်းဖယ်ပေးလိုက်ကြသည်။

"ဦးလေးကျောက်..."

သက်ကြီးဝါကြီး အစဉ်အလာအရ ကျိုးလျဲ့ရှန်သည် ကျောက်ထျဲ့ကျွင်းကို ဦးလေးဟု ခေါ်ရမည်ဖြစ်သည်။

ကျောက်ထျဲ့ကျွင်း ငယ်ရွယ်စဉ်က ကိုရီးယားစစ်ပွဲတွင် ပါဝင်ခဲ့ပြီး ယလူမြစ်ကမ်းတွင် ရန်သူတစ်ဒါဇင်ကျော်ကို ချေမှုန်းနိုင်ခဲ့သူဖြစ်သည်။ ထို့နောက် ဂုဏ်ပြုခံကာ အငြိမ်းစားယူပြီး ရွှမ်းရွှေရွာသို့ ပြန်လာ၍ အေးချမ်းစွာ နေထိုင်ကာ တောင်ပေါ်တွင် အမဲလိုက်သည်။

အဘိုးအို တစ်ယောက်တည်းနှင့် ရန်သူတစ်ဒါဇင်ကျော်ကို ချေမှုန်းခဲ့သည့် ဒဏ္ဍာရီမှာ ရွှမ်းရွှေရွာနှင့် အနီးအနားရွာများတွင် ပျံ့နှံ့နေသည်။

ဤသူမှာ တပ်မတော်သားဟောင်း တစ်ယောက်ဖြစ်သည်။

အသက်ရှင်နေသော သူရဲကောင်းတစ်ဦး၊ ကိုရီးယားစစ်ပွဲ၏ သူရဲကောင်းကြီးပင်။

ဤအချက်ကြောင့်ပင် ကျိုးလျဲ့ရှန်သည် ကျောက်ထျဲ့ကျွင်းရှေ့တွင် မောက်မာဝံ့ခြင်းမရှိဘဲ ခေါင်းငုံ့ကာ လေးစားသမှုဖြင့် အရိုအသေပေးလိုက်သည်။

အစောပိုင်းတွင် လူများနေသဖြင့် လီဟူက လီလန်ကို သေနတ်ဖြင့် ချိန်ထားသည်ကို ကျိုးလျဲ့ရှန်က သတိမထားမိခဲ့ပေ။

ကျောက်ထျဲ့ကျွင်း ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ လီလုံနှင့် လီဟူတို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားသည်။

ယနေ့တွင် သူတို့အနေဖြင့် မိုးပျံနဂါးကို ရနိုင်တော့မည် မဟုတ်ကြောင်းကို သိလိုက်ရသည်။

ကျောက်ထျဲ့ကျွင်းသည် ရွှမ်းရွှေရွာတွင် မိမိလူကို အလွန်ကာကွယ်သူအဖြစ် နာမည်ကြီးသည်။

လီလန်၏ အဘိုးကျောက်နှင့် ကျောက်ထျဲ့ကျွင်းမှာ အသက်စွန့်သူငယ်ချင်းများ ဖြစ်ကြသည်။

ကျောက်နှင့် လီမိသားစုကြားတွင် ခိုင်မြဲသော ဆက်ဆံရေးရှိသည်။

အဘိုးကျောက်က လီလန်ဘက်မှ မလိုက်ဘဲ ဘယ်သူ့ဘက်မှ လိုက်မည်နည်း။

လီလုံနှင့် လီဟူတို့ မည်မျှပင် ရိုင်းစိုင်းကြပါစေ၊ ကျောက်ထျဲ့ကျွင်းကိုတော့ မစိန်ခေါ်ရဲကြပေ။

သူသည် တိုင်းတစ်ပါးသားများပင်ကို တိုက်ခိုက်ခဲ့သည့် သူရဲကောင်းတစ်ယောက် မဟုတ်ပါလော။

"အဘိုးကျောက်... ဒီကိစ္စနဲ့ ပတ်သက်ပြီး..."

လီလုံသည် ချက်ချင်းပင် ကြောက်ရွံ့သွားပြီး ပြောလိုက်သည်။

"ငါနဲ့ မင်းနဲ့ ရင်းနှီးလို့လား..."

ကျောက်ထျဲ့ကျွင်းက မျက်နှာကို တည်ထားလျက် လီလုံကို လျစ်လျူရှုလိုက်သည်။

ထိုစကားကြောင့် လီလုံမှာ အနေရခက်စွာ ရပ်နေရပြီး ညီဖြစ်သူ လီဟူမှာမူ မျက်နှာပျက်နေသည်။

"အစ်ကိုလန်... စိတ်မပူနဲ့ အဘိုးကျောက် ရှိနေမှတော့ ဘယ်သူမှ အစ်ကို့ရဲ့ သားကောင်ကို မယူရဲဘူး..."

အဘိုးကျောက် ရောက်လာသဖြင့် ကျောက်လျူလည်း ယုံကြည်ချက် ရှိသွားပြီး စကားထစ်တော့ခြင်း မရှိတော့ပေ။

လီလန်က အနည်းငယ် ပြုံးလိုက်ပြီး ရင်ထဲတွင် နွေးထွေးသွားသည်။

သူ့မျက်လုံးများ ဝေဝါးသွားပြီး အဘိုးကျောက်၏ ပုံရိပ်မှာ အဘိုး၏ အမှတ်တရများနှင့် ပေါင်းစပ်သွားကာ တစ်ယောက်တည်းအဖြစ် ပြောင်းလဲသွားသည်။

"အဖွဲ့ခေါင်းဆောင်ကျိုး... ဒီမိုးပျံနဂါးနှစ်ကောင်ကို လီလန်က ထောင်ချောက်နဲ့ ဖမ်းမိတာ အမှန်ပဲ၊ အဲဒီအချိန်မှာ ငါ ရှိနေတယ်..."

ကျောက်ထျဲ့ကျွင်းသည် ခေါင်းမော့ကာ မိုးပျံနဂါးနှစ်ကောင်ကိုကြည့်၍ ကျိုးလျဲ့ရှန်ကို ရှင်းပြလိုက်သည်။

အဘိုးအိုသည် ရွှမ်းရွှေရွာတွင် ဂုဏ်သရေရှိသူဖြစ်သဖြင့် သူပြောသည့်အတိုင်း ကျိုးလျဲ့ရှန်က အပြည့်အဝ ယုံကြည်သည်။

"အင်း... နားလည်ပါပြီ..."

"ဒီမိုးပျံနဂါးနှစ်ကောင်ကို လီလန်က ထောင်ချောက်နဲ့ ဖမ်းမိတာ အမှန်ပဲ၊ လီလုံနဲ့ လီဟူနဲ့ ဘာမှမပတ်သက်ဘူး..."

ကျိုးလျဲ့ရှန်က ထိုသို့ ပြောလိုက်သည်နှင့် လီလုံနှင့် လီဟူ၏ နှလုံးသားမှာ ပျက်စီးသွားသည်။

ပြီးသွားပြီ... သူတို့ပိုင်ရတော့မည့် မိုးပျံနဂါးမှာ လွင့်ပျံသွားပြီ။

လီလုံနှင့် လီဟူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ဝမ်းနည်းနေကြသည်။

"ဟူဇီ... ပြန်ကြစို့..."

လီလုံက ခါးသီးစွာ ပြုံးလျက် ပြောသည်။

"အစ်ကို... ငါ့မျက်နှာက..."

လီဟူမှာ လီလန်၏ ရိုက်ခံထားရပြီး ကျိုးလျဲ့ရှန်ရှေ့တွင် ဖြစ်ပျက်ခဲ့ရသဖြင့် အရှက်ကွဲရသည်ကို မကျေမနပ်ဖြစ်နေသည်။

သူ အဲဒီအချက်အတွက် လက်စားချေရမည်။

"ဟူဇီ... အစ်ကိုပြောတာ နားထောင် မိုက်ရူးရဲမလုပ်နဲ့..."

"အဖွဲ့ခေါင်းဆောင်ကျိုးက မင်းအပေါ် အမြင်မကြည်ဖြစ်နေပြီ အမဲလိုက်အဖွဲ့ထဲမှာ အလုပ်ဆက်လုပ်ချင်သေးတယ် မဟုတ်လား..."

လီလုံက ညီဖြစ်သူ၏ နားနားတွင် ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရမှ လီဟူ၏ ဒေါသများမှာ ပြေလျော့သွားသည်။

ရွာတွင် အစာခေါင်းပါးနေသဖြင့် အမဲလိုက်အဖွဲ့နှင့် တောင်တက်ရခြင်းမှာ အကျိုးအမြတ်များသော အလုပ်ဖြစ်သည်။

အလုပ်မှတ်ရုံတင်မကဘဲ အမဲလိုက်လျှင်လည်း ဝေစုရသည်။

လီဟူသည် လှည့်၍ လီလန်ကို စူးစိုက်ကြည့်လိုက်သည်။

*ဟွန်း... လီလန် လူယုတ်မာကောင်... ငါ့အဘိုးဟုက ဒီကြွေးကို မှတ်ထားတယ်…*

*နောက်မှ ရှင်းကြတာပေါ့…*

ကျိုးလျဲ့ရှန်နှင့် ကျောက်ထျဲ့ကျွင်းရှေ့တွင် လီဟူအနေဖြင့် မပြောရဲသဖြင့် စိတ်ထဲတွင်သာ ကျိန်ဆဲရင်း နောက်မှပြန်ရှင်းမည်ဟု တွေးလိုက်သည်။

သူတို့နှစ်ယောက် ပြန်လှည့်ထွက်သွားခါနီးတွင် လီလန်၏ အသံမှာ တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာသည်။

"အဘိုးကျောက်... အဘိုးပြောတာကို ကြားရရင် လူတွေက အဘိုးကို ဘက်လိုက်တယ်လို့ ထင်သွားလိမ့်မယ်... ဒါမျိုးသာ ပျံ့သွားရင် အဘိုးကို လူတွေက မိမိလူကို ကာကွယ်တယ်လို့ ပြောကြလိမ့်မယ်..."

"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် ဖြေရှင်းပါ့မယ်..."

လီလန်စကားကို ကြားရသည့်အခါ အဘိုးကျောက်နှင့် ကျိုးလျဲ့ရှန်တို့မှာ အံ့အားသင့်သွားသည်။

“ကောင်လေး... မင်း ဘာတွေ တွေးနေတာလဲ..

..အဘိုးကျောက်က ဖြေရှင်းပေးထားတာကို ဘာလို့ ပြဿနာထပ်ရှာနေတာလဲ..”

"အစ်ကိုလန်... ဘာလုပ်တာလဲ..."

ကျောက်လျူလည်း နားမလည်နိုင်ဘဲ လီလန်ကို မော့ကြည့်သည်။

လီလန်သည် ရယ်မောလိုက်သည်။

"ငါ့ခြံက ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ ရတာမဟုတ်ဘူး..."

"ကျွန်တော့်အဖေ လီတာ့ဟိုင်ကို လီဟူက အခုနက တွန်းလိုက်လို့ ကျောမှာ ဒဏ်ရာရသွားတယ်..."

"ဒီကိစ္စက ဒီအတိုင်းပြီးသွားလို့ မရဘူး”

လီဟူကိုကြည့်ကာ လီလန်က အေးစက်စက် ပြောလိုက်သည်။

သူ့အဖေ လီတာ့ဟိုင်မှာ လီဟူ၏ တွန်းခြင်းကို ခံလိုက်ရပြီး ကျောဒဏ်ရာကြောင့် အိမ်ထဲတွင် နားနေရသည်။

“လူတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ပြီး ပြန်သွားလို့ ရမလား…”

"ဒါဆို မင်းက ဘာလိုချင်တာလဲ”

"မင်းအဖေ လဲကျသွားတာက မတော်တဆပဲ... သူသာ ငါ့လမ်းကို ပိတ်မထားရင် ငါက သူ့ကို ဘာလို့ ထိမိပါ့မလဲ..."

လီဟူက ဒေါသတကြီး အော်ပြောသည်။

"အဖေ့ကို တောင်းပန်ပါ ပြီးတော့ ဆေးဖိုးပေးပါ မဟုတ်ရင် ငါ့အိမ်ကနေ ဘယ်မှမထွက်ရဘူး”

လီဟူ မျက်စိတစ်ချက်မှိတ်လိုက်သည်နှင့် လီလန်မှာ သူတို့ညီအစ်ကိုရှေ့တွင် ပိတ်ရပ်နေပြီဖြစ်သည်။

"လီ..."

"ဟူဇီ... မေ့လိုက်ပါ၊ အဖွဲ့ခေါင်းဆောင်ကျိုး ကြည့်နေတယ်..."

လီလုံက ညီဖြစ်သူကို မျက်ရိပ်ပြသည်။

"ကောင်းပြီ... ငါတောင်းပန်တယ် ဒါဆို ရပြီမလား”

"မင်းအသံက တိုးလွန်းတယ် ငါ့အဖေ မကြားရဘူး..."

"မင်း.."

လီဟူက ဒေါသကို အတင်းမျိုသိပ်လိုက်သည်။

"ဦးလေးလီ... ကျွန်တော့်အမှားပါ ဦးလေးကို ဒဏ်ရာရအောင်လုပ်မိလို့ တောင်းပန်ပါတယ်”

"အသံကျယ်ကျယ်... ငါ့အဖေက နားလေးတယ်..."

"ဦးလေးလီ... ကျွန်တော့်အမှားပါ ဦးလေးကို ဒဏ်ရာရအောင်လုပ်မိလို့ တောင်းပန်ပါတယ်"

လီဟူက အသံကို တိုးမြှင့်၍ အော်ပြောလိုက်သည်။

"အေး... ကောင်းပါပြီ င့ါတူရေ..."

အိမ်ထဲမှ လီတာ့ဟိုင်၏ အသံကို ကြားလိုက်ရသည့်အခါ လီဟူ၏ မျက်နှာမှာ ပျက်စီးသွားသည်။

လီလန်က ရယ်မောကာ ပြောသည်။

"နောက်ထပ်ရှိသေးတယ်”

"လီလန်... မလွန်လာနဲ့ ငါ့အစ်မနဲ့ စေ့စပ်တာကိုဖျက်တာ မင်းပဲလေ"

ဘေးမှ လီလုံက စိတ်မရှည်တော့ဘဲ ပြောသည်။

"စကားလမ်းကြောင်းမလွှဲနဲ့... အဲဒါက တခြားကိစ္စ အခုက ငါ့အဖေ့ရဲ့ ဆေးဖိုးအကြောင်း ပြောနေတာ”

"ပေးလိုက်ပါ... ဒီကိစ္စမှာ လီဟူမှားတာပဲ..."

ကျိုးလျဲ့ရှန်က ဘေးမှ ဝင်ပြောလိုက်သည်။

"ဈေးပြော..."

လီဟူက မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။

"ငါ့အဖေ့ကို ဆေးခန်းပို့ပြီး ကုသရမယ်၊ အနည်းဆုံးတော့ နှစ်ယွမ် ကုန်မယ် အဖေ ဒဏ်ရာရသွားလို့ အမဲလိုက်ဖို့ အဆင်မပြေတော့ဘူး အဲဒီအတွက် နစ်နာကြေးနဲ့ အာဟာရဖိုးပါ ပေါင်းလိုက်ရင် စုစုပေါင်း ငါးယွမ်ပေးရမယ်"

လီဟူ၏ မျက်လုံးကို စိုက်ကြည့်ရင်း လီလန်က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

All Chapters