← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁) ဖိတ်ခေါ်ခြင်း

"ငါးယွမ်... မင်းက မိုးပေါ်ကလကိုတောင်းနေတာလား..."

ပြောင်းဖူးမှုန့် တစ်ကျင်းလျှင် ရှစ်ဆင့်၊ ဂျုံမှုန့် တစ်ကျင်းလျှင် ၁၅ ဆင့်၊ ဆန်တစ်ကျင်းလျှင် ၁၃ ဆင့်သာရှိသည်။ ငါးယွမ်ဆိုသည်မှာ ဆန် ကျင်း၄၀ ဝယ်ယူနိုင်သော ငွေပမာဏပင်။ လီလုံ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွား၏။ လီလန်သည် တောင်းဆိုမှု အလွန်များလွန်းလှသည်။

"ငါ့ဆီမှာ ပိုက်ဆံမရှိဘူး..."

လီလုံက မာန်ပါပါ ပြောသည်။

"ပိုက်ဆံမရှိဘူးလား... ရပါတယ်၊ အဲဒီသေနတ်ကို ငါ့ဆီမှာ အပေါင်ထားလိုက်လေ... ပိုက်ဆံရလာတဲ့အခါ ပြန်ရွေးသွားပေါ့..."

လီလန်သည် လီဟူ၏လက်ထဲရှိ အမဲလိုက်သေနတ်ကို ကြည့်ကာ ပြုံးစစဖြင့် ပြောလိုက်သည်။

ပြန်လည်မွေးဖွားလာသူဖြစ်သည့်အလျောက် လီလန်သည် ယခုဘဝတွင် သူ၏ဖခင်နှင့် ညီမငယ်နှစ်ယောက်ကို သက်သောင့်သက်သာ နေထိုင်စေရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုသို့ဖြစ်မြောက်ရန်အတွက် ပထမဆုံးရွေးချယ်စရာမှာ တောင်ပေါ်တွင် အမဲလိုက်ခြင်းပင် ဖြစ်သည်။

အမဲလိုက်သည်ဆိုပါက သေနတ်တစ်လက်မှာ မရှိမဖြစ် လိုအပ်သည်။ လီဟူ၏ သေနတ်မှာ ပြောင်းဝမွဲခြောက်ကာ ပျက်စီးလုနီးပါး ဖြစ်နေသော်လည်း တောကောင်များကို အမဲလိုက်နိုင်သေးသဖြင့် ဘာမျှမရှိသည်ထက်စာလျှင် သာလွန်ပေသည်။ ဤသေနတ်နှင့် စနစ်ထံမှ ရရှိထားသော အချက်အလက်များဖြင့် လီလန်သည် နေ့စဉ်အမဲလိုက်ကာ မိသားစုကို အသားဟင်းများ စားသုံးစေနိုင်မည်ဟု ယုံကြည်နေသည်။

"လီလန်... မင်း တော်တော်လွန်သွားပြီနော်..."

"ဒီသေနတ်က ငါ့အဘိုးဆီကနေ ဆင်းသက်လာတဲ့ လီမျိုးရိုးရဲ့ မိသားစု အမွေအနှစ်ပဲ... မင်းကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ..."

လီဟူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကောင်းပြီ... ဒါဆိုရင်လည်း ပိုက်ဆံရှင်းပေးလိုက်..."

လီလန်က လက်ကို ဆန့်ထုတ်၍ တောင်းသည်။

လီဟယသည် အစ်ကိုဖြစ်သူ လီလုံကို လှမ်းကြည့်ရာ လီလုံကလည်း ကျိုးလျဲ့ရှန်ကို အကူအညီတောင်းလိုသည့်ပုံစံဖြင့် ကြည့်သည်။ သို့သော် ကျိုးလျဲ့ရှန်မှာ ကြားယောင်ဟန်မဆောင်ဘဲ ကျောက်ထျဲ့ကျွင်းနှင့်အတူ လီလန်၏ခါးတွင် ချိတ်ထားသော မိုးပျံနဂါးအသားကိုသာ အကဲခတ်နေကြသည်။

နောက်ဆုံးတွင် လီလုံမှာ အရှုံးပေးလိုက်ရပြီး ညီငယ်ကို အိမ်သို့ ပိုက်ဆံသွားယူခိုင်းလိုက်သည်။

"အစ်ကို... ကျွန်တော် မသွားဘူး..."

လီဟူမှာ လီလန်၏ လက်သီးချက်ကြောင့် တစ်ဖက်ပါးမှာ ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေပြီး ဒေါသများဖြင့် ပြည့်နှက်နေသည်။ ယခုအခါ၌ နောက်ထပ် ငါးယွမ်ကိုပါ ပေးရဦးမည်ဖြစ်ရာ မီးတောင်ပေါက်ကွဲသကဲ့သို့ ဒေါသထွက်နေမိသည်။

"မြန်မြန်သွားစမ်း... ဒီနေ့ မင်းတို့သာ ပြဿနာမရှာရင် ဒီလောက်ထိ ဆုံးရှုံးရမှာလား..."

လီလုံက လီဟူ၏ခြေထောက်ကို ကန်လိုက်သည်။ အခြားရွေးချယ်စရာမရှိသဖြင့် လီဟူလည်း ပိုက်ဆံသွားယူရန် ထွက်သွားရတော့သည်။

လီလုံသည် ညီငယ်၏ ကျောပြင်ကိုကြည့်ရင်း သက်ပြင်းချမိသည်။ တကယ်တမ်းတွင် ဤကိစ္စ၏ တရားခံမှာ လီလန်မဟုတ်ဘဲ အစ်မဖြစ်သူ လီရှန်းဟွာနှင့် မိခင်ဖြစ်သူပင် ဖြစ်သည်။ ဤအစ်မနှင့် အမေသည် အိမ်တွင် ပြဇာတ်တစ်ခုလို ဖန်တီးကာ သူတို့ညီအစ်ကိုကို အရူးလုပ်လိုက်ခြင်း ဖြစ်သည်။

"မရဘူး... ဒီပိုက်ဆံကို အစ်မကြီးပဲ စိုက်ထုတ်ပေးရမယ်..."

လီလုံသည် ဝေးဝေးမရောက်သေးသော လီဟူကို လှမ်းအော်ပြောလိုက်သည်။

"ဟူး... အစ်မကြီးဆီကနေ ပိုက်ဆံတောင်းခဲ့... သူ မပေးရင် အမေဆီကနေ တောင်းခဲ့လိုက်..."

"ဟုတ်ပြီ..."

လီဟူ၏ အသံမှာ ဝေးကွာရာမှ ပြန်လည်ပျံ့လွင့်လာသည်။

လီလန်သည် ထိုညီအစ်ကိုနှစ်ယောက်၏ စကားပြောသံကို ကြားလိုက်ရသည်။

*ဒါဆိုရင် လီရှန်းဟွာနဲ့ သူ့အမေက နောက်ကွယ်က ကြိုးကိုင်နေတာပေါ့…*

လီလန်သည် တွေးလိုက်မိသည်။

"ဘာ... နင်က လီလန်ရဲ့အဖေကို ထိခိုက်အောင်လုပ်မိလို့ ငါးယွမ်ပေးရမယ်... အဲဒီပိုက်ဆံကို ငါက စိုက်ပေးရမယ်ပေါ့..."

လီဟူ အိမ်ပြန်ရောက်ကာ အဖြစ်အပျက်ကို ပြောပြသည့်အခါ လီရှန်းဟွာမှာ ဒေါသထွက်သွားသည်။

"ငါ လုံးဝ မပေးနိုင်ဘူး... သူက ငါတို့ရဲ့ စေ့စပ်ပွဲကို ဖျက်လိုက်တဲ့သူလေ အခု ပိုက်ဆံပါ ထပ်တောင်းသေးတယ်... ရမယ်ထင်နေတာလား..."

"လီဟူ... နင်လည်း အသုံးမကျလိုက်တာ... လီလန့်လိုလူကိုတောင် မနိုင်ဘဲနဲ့ အထိုးခံလာရတယ်..."

လီရှန်းဟွာ ဆူပူလိုက်သဖြင့် လီဟူမှာ ပြန်မပြောဝံ့ဘဲ ခေါင်းငုံ့ထားရသည်။

"တော်ပါတော့... ဟူးဇီက ဒဏ်ရာရထားတာကို..."

နောက်ဆုံးတွင် ဝူအိုက်ရုံသည် ကြည့်မနေနိုင်တော့ဘဲ ကန်းအိပ်ရာအောက်မှ ပိုက်ဆံအနည်းငယ်ကို ထုတ်ကာ လီဟူလက်ထဲသို့ ထည့်ပေးလိုက်သည်။ ဤပိုက်ဆံများမှာ သားနှစ်ယောက် အမဲလိုက်၍ ရထားသောငွေများဖြစ်ပြီး မသုံးဘဲ စုထားသည်များဖြစ်သည်။

"ဟူး... ဒါကိုယူသွားပြီး မင်းအစ်ကို့ကို ပြန်ရွေးလိုက်..."

ပိုက်ဆံပေးပြီးနောက် ဝူအိုက်ရုံ၏ လီလန်အပေါ်ထားသော အငြိုးအတေးများမှာ ပိုမိုကြီးထွားလာသည်။ လီလန်မှာ ယခင်က ကြောက်တတ်သူမဟုတ်ပါလော... လီဟူလို အရပ် ၁.၉ မီတာရှိသူကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်နိုင်ရသနည်း။

ဝူအိုက်ရုံသည် လီဟူ၏ နောက်ကျောကို စိုက်ကြည့်ရင်း ရင်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားရသည်။

"လီလန်... နင် စောင့်နေလိုက် ငါ ဆယ်ဆပြန်ဆပ်ခိုင်းမယ်..."

ဒေါသကြောင့် သူမသည် စားပွဲပေါ်ရှိ ကြွေခွက်ကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်ရာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

"ပြန်လိုက်ဦးမယ်..."

လီလန်က ပိုက်ဆံကို လက်ခံရယူလိုက်သည်။ လီညီအစ်ကိုနှစ်ယောက်မှာ ဒေါသဖြင့် တုန်ယင်နေလျက် လီလန်၏ခြံဝင်းထဲမှ ထွက်ခွာသွားကြသည်။

"အခြေအနေအားလုံး အဆင်ပြေသွားပြီ... ငါလည်း ပြန်တော့မယ်၊ ရှောင်လန်... အချိန်ရရင် အဘိုးကျောက်ဆီသွားလည်ဦး..."

ပြဿနာပြီးဆုံးသည့်အခါ ကျိုးလျဲ့ရှန်မှာ အိမ်သို့ ပြန်ရန်ပြင်သည်။

"ဟုတ်ကဲ့... အဘိုးကျောက် ကျွန်တော် နားလည်ပါတယ်..."

လီလန်က ပြုံး၍ ခေါင်းညိတ်သည်။

"အစ်ကို ရှောင်လန်... မနက်ဖြန် ကျွန်တော် လာလည်မယ်နော်..."

လျူဇီက လက်ပြနှုတ်ဆက်သည်။ လီလန်သည် မိုးပျံနဂါးတစ်ကောင်ကိုယူကာ လျူဇီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"အဘိုးအတွက် ဟင်းရည်လုပ်ပေးလိုက်... တိတ်တိတ်လေးလုပ်နော်..."

လျူဇီက အဘိုးဖြစ်သူ ကျိုးထျဲ့ကျွင်းကို လှည့်ကြည့်ရာ လီလန်က "မင်း မယူရင် ငါတို့ ညီအစ်ကို မဟုတ်တော့ဘူးနော်..." ဟု ဆိုလိုက်မှ လျူဇီမှာ လက်ခံလိုက်သည်။

[ဒင်…ကျောက်လျူ၏ နှစ်သက်ခြင်းအမှတ် +၃]

[ဒင်…ကျိုးလျဲ့ရှန်၏ နှစ်သက်ခြင်းအမှတ် +၃]

ကျိုးလျဲ့ရှန်သည် လီလန်ကို ကြည့်ကာ သဘောကျဟန်ဖြင့် ခေါင်းညိတ်သည်။

"ဒီကောင်လေးက လူမှုရေးကောင်းသားပဲ..."

"ခေါင်းဆောင်ကျိုး... ဒီတစ်ခေါက် တရားမျှတအောင် ဆောင်ရွက်ပေးတာ ကျေးဇူးတင်ပါတယ်... ဒါက ကျွန်တော်တို့ ချေးထားတဲ့ တောဝက်သား နှစ်ပေါင်အတွက် နှစ်ယွမ်ပါ..."

ဈေးကွက်ပေါက်ဈေးမှာ ဝက်သား တစ်ကျင်းလျှင် ၈၀ ဆင့်ဖြစ်သော်လည်း တောဝက်သားမှာ ဈေးနှုန်းနည်းသည်။ သို့သော် ရွှမ်းရွှေရွာတွင် အငတ်ဘေးကြုံနေရ၍ အစာအာဟာရကိုသာ အဓိကထားကြရသည်။

"မလိုပါဘူး..."

ကျိုးလျဲ့ရှန်က ခေါင်းခါသည်။

"ငါက တောဝက်သားနှစ်ကျင်း ချေးတာ... မင်းအနေနဲ့ တောဝက်သားနှစ်ကျငပဲ ပြန်ပေးဖို့ လိုတာပါ..."

"ခေါင်းဆောင်ကျိုး... ဘယ်လို..."

လီလန်က နားမလည်စွာ မေးလိုက်သည်။

"ဟေ့ကောင်... ငါ့ရဲ့ အမဲလိုက်အဖွဲ့ထဲ ဝင်ဖို့ စိတ်ဝင်စားလား..."

All Chapters