အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃) မုဆိုးမပိုင်ကျဲ့
လီလန် အိမ်သို့ ပြန်ရောက်သောအခါ လီတာ့ဟိုင်မှာ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာထားဖြင့် သူ၏ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"သား... လျူဇီ ဘာမှမဖြစ်ဘူးမလား..."
"ဘာမှမဖြစ်ပါဘူး..."
လီလန်က ခေါင်းခါ၍ ဖြစ်ပျက်ခဲ့သမျှကို လီတာ့ဟိုင်အား အစအဆုံး ပြန်ပြောပြလိုက်သည်။ ထိုအကြောင်းကို ကြားသောအခါ လီတာ့ဟိုင်မှာ ဒေါသထွက်စွာဖြင့် ဆဲဆိုလိုက်သည်။
"အဲဒီစွန်းဟော်ကျီဆိုတဲ့ကောင်လည်း အသုံးမကျဘူး... လီလုံ၊ လီဟူတို့နဲ့ ပေါင်းပြီး လျူဇီကို အနိုင်ကျင့်တယ်ပေါ့... လျူဇီလေးက ဒီလောက် ရိုးသားတာကို... တောက်... ဒီအကောင်တွေကများ..."
လီတာ့ဟိုင်နှင့် လျူဇီ၏ဖခင်မှာ အတူတူ ကြီးပြင်းလာကြသည့် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ လီတာ့ဟိုင်သည် လျူဇီကို မိမိ၏သားအရင်းကဲ့သို့ပင် သဘောထားသဖြင့် ထိုလူမိုက်များက အနိုင်ကျင့်သည်ကို သိရသောအခါ အလွန်ဒေါသထွက်မိသည်။
"လျူဇီအဖေသာရှိနေရင် ဒီကောင်တွေရဲ့ ခြေထောက်ကို ချိုးပစ်မှာ အသေအချာပဲ..."
လီတာ့ဟိုင်က ထပ်မံ၍ ကျိန်ဆဲလိုက်သည်။ လီလန်က သက်ပြင်းချလိုက်မိသည်။ လျူဇီနှင့် အဘိုးကျောက်တို့မှာ တစ်ဦးကိုတစ်ဦး မှီခို၍ အသက်ရှင်သန်နေကြရပြီး ဘဝမှာ အလွန်ခက်ခဲကြသည်။ အဘိုးကျောက်မှာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်သည့်အပြင် ကိုရီးယားစစ်ပွဲကာလကတည်းက ရရှိခဲ့သော ကျန်းမာရေးပြဿနာများကြောင့် ကျန်းမာရေးမှာ တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာနေသည်။ လျူဇီနှင့်အတူ သူ ဘယ်လောက်ကြာကြာ ဆက်နေနိုင်မည်ကို မည်သူမျှ မသိနိုင်ပေ။
"အဖေ... နောက်ဆိုရင် လျူဇီကို အိမ်မှာ အစာစားဖို့ ခဏခဏ ခေါ်ထားလိုက်ပါ... ထမင်းဟင်းအတွက် စိတ်မပူပါနဲ့..."
လီလန်က လေးနက်စွာ ပြောလိုက်သည်။ "ကံကောင်းခြင်းငါး" စွမ်းရည်မှာ တစ်ရက်လျှင် တစ်ကြိမ်သာ အသက်ဝင်ပြီး ဆယ်မိနစ်မျှသာ ကြာမြင့်သော်လည်း လီလန်သည် နောက်နေ့တွင် ဝက်ဝံနက်တောင်သို့ သွားရောက်၍ အမြတ်ထုတ်နိုင်သေးသည်။
"နောက်နေ့ကျရင် ထောင်ချောက်တွေကို နေရာပြောင်းပြီး ဆင်ရမယ်..."
အဒေါ်ဟဲ၏ အတင်းပြောဝါသနာပါမှုကြောင့် လီလန်သည် ဝက်ဝံနက်တောင်တွင် ကံကောင်းလှ၍ တစ်နာရီအတွင်း တောယုန်သုံးကောင်နှင့် မိုးပျံနဂါး လေးကောင် ဖမ်းမိခဲ့ကြောင်း ရွှမ်းရွှေရွာသားအားလုံး သိရှိသွားကြသည်။ အငတ်ဘေးကြုံနေရသည့် ကာလများတွင် လူတို့မှာ အလွန်ဆာလောင်နေကြပြီး အသက်ရှင်သန်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။
လီလန်က နေ့တိုင်း သားကောင်များ အများအပြား ဖမ်းမိနေသည်ကိုမြင်လျှင် မည်သူမဆို မနာလိုဖြစ်ကြလိမ့်မည်။ လူတို့၏ စိတ်သဘောထားမှာ ခန့်မှန်းရ ခက်ခဲလှသည်။ ရှေးခေတ်က လူများမှာ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့သောအခါ အစာခေါင်းပါးမှုကြောင့် သားသမီးချင်း လဲလှယ်စားသောက်သည်အထိ ဖြစ်ခဲ့ဖူးသည်။
ကျောက်ဘိုင်တောင်ခြေရှိ ဝေးလံသော တောင်ပေါ်ရွာလေးတွင်ဆိုလျှင် ပို၍ပင် ဆိုးရွားနိုင်ပေသည်။ ထို့ကြောင့် အေးအေးဆေးဆေး နေထိုင်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။
"အဲဒီအတင်းပြောတဲ့ အဘွားကြီး... နောက်ကျရင် ငါ သင်ခန်းစာ ပေးရဦးမယ်..."
သားကောင်များ အများအပြား ဖမ်းမိခြင်းမှာ ရတနာတောင်ကို စောင့်ရှောက်နေရသကဲ့သို့ပင်။ လီလန်သည် ထိုကဲ့သို့သော နာမည်ဂုဏ်သတင်းကို မလိုလားပေ။ လူတို့၏ လိုချင်တပ်မက်မှုကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ပြီး အကျိုးမရှိဘဲ အန္တရာယ်သာ များလှသည်။ အဒေါ်ဟဲက ဝက်ဝံနက်တောင်တွင် သားကောင်များ အများကြီး ဖမ်းမိကြောင်း ဝါဒဖြန့်လိုက်ခြင်းက သူ့ကို ထိခိုက်စေသည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် အကျေအလည် ရှင်းရပေလိမ့်မည်။
"အဖေ... သား အဖေ့ကို ပြောစရာရှိတယ်..."
လီတာ့ဟိုင်က ဟင်းချက်ရန် မီးဖိုချောင်သို့ လှည့်သွားသည်ကို မြင်လျှင် လီလန်က အမြန်ခေါ်လိုက်သည်။
"သား... ဘာပြောမလို့လဲ..."
"ဟိုလေ... အမဲလိုက်အဖွဲ့က အဖွဲ့ခေါင်းဆောင် ကျိုး မနေ့က လာတွေ့သွားတယ်... ကျွန်တော့်ကို အမဲလိုက်အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်တယ်... ဒါပေမဲ့ ကျွန်တော် ငြင်းလိုက်တယ်..."
လီလန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဟင်... အဖွဲ့ခေါင်းဆောင်ကျိုးက ကိုယ်တိုင် ဖိတ်ခေါ်တာကို ဘာလို့ ငြင်းလိုက်တာလဲ... အမဲလိုက်အဖွဲ့ဆိုတာ အနာဂတ်အတွက် ကောင်းမွန်တဲ့ နေရာပဲလေ..."
လီတာ့ဟိုင်မှာ အလွန်အံ့အားသင့်သွားပြီး လီလန်၏ လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေသည်။ လက်ရှိ ရွှမ်းရွှေရွာတွင် "ပြည်သူ့ကွန်မြူန်" စနစ်ကို ကျင့်သုံးနေသည်။ ရွာသားများမှာ စုပေါင်း၍ နေထိုင်လုပ်ကိုင်ကြပြီး အလုပ်မှတ်များ စုဆောင်းကာ နှစ်ကုန်လျှင် လုပ်အားအလိုက် ငွေနှင့် ရိက္ခာကို ခွဲဝေယူကြသည်။
အမဲလိုက်အဖွဲ့မှာ ရွှမ်းရွှေရွာ၏ အဓိက ဝင်ငွေအရင်းအမြစ်ဖြစ်သည်။ အလွန်အကျိုးအမြတ်များသော အလုပ်ဖြစ်ပြီး တောင်ပေါ်တွင် အမဲလိုက်တိုင်း အသားများကို ဝေစုအဖြစ် ရရှိကြသည်။
ရွှမ်းရွှေရွာသားများမှာ အမဲလိုက်အဖွဲ့ထဲ ဝင်ရောက်နိုင်ရန် ဂုဏ်ယူကြပြီး လူတိုင်းက အလုအယက် ဝင်ရောက်လိုကြသည်။ ထို့ကြောင့် လီလန်က ကျိုးလျဲ့ရှန်၏ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်ခြင်းမှာ အံ့အားသင့်စရာပင်။
"သားလေး... အဖေကလည်း အိုမင်းလာပြီ... အမဲလိုက်အဖွဲ့မှာ ကြာကြာ မနေနိုင်တော့ဘူး... ဒီလောက်မြန်မြန် မငြင်းလိုက်ပါနဲ့... အဖေ အဖွဲ့ခေါင်းဆောင်ကျိုးနဲ့ ပြန်ပြောပေးမယ်..."
လီတာ့ဟိုင်က အကြံပေးလိုက်သည်။ သူ့သားမှာ ပြုပြင်ပြောင်းလဲလာပြီး လူကောင်းဖြစ်လာသည့်အတွက် သူ အလွန်ဝမ်းမြောက်နေသည်။ သူ့သားအတွက် အလုပ်အကိုင်တစ်ခုခု ရစေချင်သည်။ တောယုန်နှင့် ကြက်ငှက်များကို ထောင်ချောက်ဆင် ဖမ်းနိုင်သည်ဆိုသော်လည်း အမဲလိုက်အဖွဲ့နှင့် ယှဉ်လျှင် မည်သို့မျှ မမီနိုင်ပေ။ အမဲလိုက်အဖွဲ့က တောဝက်ကြီးများကိုပင် ဖမ်းနိုင်ပြီး အသားများ စားသောက်ရုံသာမက သားရေများကို ရောင်း၍ ငွေရသလို အလုပ်မှတ်များလည်း ရရှိနိုင်သည်။
"အဖေ... လီလုံနဲ့ လီဟူကလည်း အမဲလိုက်အဖွဲ့ထဲမှာပဲ... ကျွန်တော် သူတို့နဲ့ မတည့်ဘူး... ဒါကြောင့် မသွားချင်တာပါ..."
လီလန်က ခေါင်းခါ၍ အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ သူ၏ဖခင်ကို စိတ်အေးစေရန်သာ ပြောလိုက်ခြင်းဖြစ်ပြီး လီလုံ၊ လီဟူတို့ကို သူ လုံးဝ ဂရုမစိုက်ပေ။ အဓိက အကြောင်းရင်းမှာ စနစ်တစ်ခုရှိနေသည့် သူအတွက် အမဲလိုက်အဖွဲ့နှင့် ပူးပေါင်းခြင်းက အကျိုးမရှိလှသောကြောင့် ဖြစ်သည်။ လူကြီးဖြစ်သူက အရာအားလုံးကို ပိုင်ဆိုင်လိုသည်။ သားကောင်များအားလုံးကို သူတစ်ယောက်တည်း ပိုင်ဆိုင်ချင်သည်။ ဝေစုခွဲပေးရမည်လား... မဖြစ်နိုင်ပေ။ လုံးဝ မဖြစ်နိုင်ပေ။
"ကောင်းပါပြီ... သားသဘောအတိုင်းပါပဲ... အဖေ ဘာမှမပြောတော့ပါဘူး..."
လီတာ့ဟိုင်မှာ သဘောထားကြီးသူဖြစ်ရာ ထပ်မံ၍ အတင်းမတိုက်တွန်းတော့ပေ။
“အဖေ့ မေ့တော့မလို့... သား အဘိုးကျန်းရဲ့တူဆီက ဆား နည်းနည်း လဲလှယ်ဖို့ ပြောထားတယ်... လာမယ့်ရက်ပိုင်းအတွင်း တောင်ပေါ်သွားရဦးမယ်... သူ လာရင် အသားအတွက် ချန်ထားပေးလိုက်နောိ..."
"အေးပါ... သတိထားသွားပါ..."
လီတာ့ဟိုင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
"ဒါနဲ့... သား အပြင်သွားတုန်းက အိမ်ရှေ့မှာ မိန်းမတစ်ယောက်က ခြံထဲကို ချောင်းကြည့်နေတယ်လို့ ရှောင်ရွှယ် ပြောတာပဲ... သားကို ရှာနေတာ ထင်တယ်... မြင်ဖူးသလိုပဲ..."
"ဘယ်သူလဲ..."
"သားရဲ့ ဦးလေးပိုင်ရဲ့ သမီးလေ..."
"အာ... အစ်မပိုင်ကျဲ့လား..."
လီလန်မှာ ကြာမြင့်စွာ မကြားဖူးတော့သော ထိုအမည်ကို ကြားလိုက်ရသဖြင့် အလွန်အံ့အားသင့်သွားသည်။
"အစ်မပိုင်ကျဲ့က မြို့မှာ အိမ်ထောင်ကျသွားတာ မဟုတ်ဘူးလား..."
အမှတ်တရများမှာ လှိုင်းလုံးများပမာ လီလန်၏ ခေါင်းထဲသို့ စီးဝင်လာသည်။ နှုတ်ခမ်းထောင့်တွင် မှဲ့တစ်ပေါက်ရှိပြီး အရပ်မြင့်မြင့်နှင့် ပြည့်ဖြိုးသော အမျိုးသမီးတစ်ယောက်၏ ရုပ်ပုံလွှာမှာ သူ၏မျက်လုံးရှေ့တွင် ပေါ်လာသည်။ သူသည် တစ်ခါက ဦးလေးပိုင်၏ အိမ်သို့ ရောက်ဖူးပြီး ထိုအမျိုးသမီး အိမ်တွင် ရေချိုးနေသည်ကို မြင်ဖူးခဲ့သည်။
သူမ၏ အသားအရေမှာ ကျောက်ဘိုင်တောင်ပေါ်ရှိ နှင်းများပမာ ဖြူဖွေးနေပြီး ခြေတံရှည်ရှည်နှင့် ရင်ဘတ်ဆီသို့ ကျဆင်းနေသော ဆံပင်ကျစ်ဆံမြီး နှစ်ဖက်မှာ သူမ၏ လှပသော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။
အရေးကြီးဆုံးမှာ သူမ၏ ရင်နှစ်မွှာမှာ အလွန်ပင် ကြီးမားလှသည်။ သူမသည် ဆပ်ပြာဖြင့် ကိုယ်တိုင် ဆေးကြောနေပြီး ဆံပင်များမှာ သူမ၏ လှုပ်ရှားမှုနှင့်အတူ ယိမ်းနွဲ့နေသည်။ သူမ၏အမည်မှာ ပိုင်ကျဲ့ ဖြစ်သည်။ သူမမှာ ရွာထဲရှိ ဦးလေးပိုင်၏ သမီးအကြီးဆုံးဖြစ်ပြီး လီလန်ထက် သုံးနှစ် ပိုကြီးသည်။ လီလန်မှာ ဆယ့်ကိုးနှစ်ရှိပြီး ပိုင်ကျဲ့မှာ နှစ်ဆယ့်နှစ်နှစ် ရှိပြီဖြစ်သည်။ အသက်သုံးနှစ် ကွာခြားသဖြင့် လီလန်က သူမကို "အစ်မပိုင်ကျဲ့" ဟု ခေါ်ဆိုရသည်။
အစ်မပိုင်ကျဲ့မှာ နှစ်အနည်းငယ်က အိမ်ထောင်ကျသွားသည်။ ခရိုင်မြို့ရှိ နိုင်ငံပိုင်စက်ရုံမှ အလုပ်သမားတစ်ဦးနှင့် လက်ထပ်ခဲ့သည်ဟု ကြားသိရသည်။ သူတို့စက်ရုံက အဆောင်တိုက်ခန်း ပေးထားသည်ဟုလည်းဆိုသည်။ ပိုင်ကျဲ့ အိမ်ထောင်ကျပြီးနောက် ရွှမ်းရွှေရွာသို့ ပြန်လာလေ့ မရှိတော့ပေ။ နောက်ဆုံးအကြိမ် မြင်လိုက်ရသည်မှာ လွန်ခဲ့သောနှစ်က နွေဦးပွဲတော်ကာလတွင် ရွာအဝင်ဝမှ အဝေးကနေ မြင်လိုက်ရခြင်းဖြစ်သည်။ သူမ၏ မျက်နှာကို ဝေဝါးစွာသာ မြင်ရသော်လည်း ပန်းပွင့်ပုံစံ အင်္ကျီကို ဝတ်ဆင်ထားသော်လည်း သူမ၏ ရင်ဘက်မှာ သိသိသာသာ ကြီးမားလာသည်ကို သတိပြုမိလိုက်သည်။
"ဟူး..."
လီတာ့ဟိုင်မှာ နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။
"သား ဦးလေးပိုင်ဆီက ကြားတာတော့ အစ်မပိုင်ကျဲ့က ကံဆိုးသွားပြီတဲ့... သူမခင်ပွန်းက စက်ရုံမှာ အလုပ်လုပ်ရင်း စက်ပစ္စည်းတစ်ခုကြောင့် ကျောကို ထိခိုက်မိသွားတယ်... ဆေးရုံမှာ ရက်အနည်းငယ် ကုသခဲ့ပေမဲ့ မကယ်တင်နိုင်လိုက်ဘူး..."
"ဟင်... အစ်မပိုင်ကျဲ့က မုဆိုးမ ဖြစ်သွားတာပေါ့..."