← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) ဆားတစ်ကျင်း

လီလန်က အိတ်ကိုဖွင့်၍ လျှော်အိတ်အတွင်း အေးခဲမှိုများ အပြည့်ပါဝင်နေသည်ကို ပြသလိုက်သောအခါ ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့် ကျန်းဝေမင်မှာ မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။

ယခုအချိန်မှာ ဆောင်းရာသီဖြစ်ပြီး ကျောက်ဘိုင်တောင်တန်းနှင့် ဝက်ဝံနက်တောင်တို့မှာ နှင်းများဖြင့် ဖုံးလွှမ်းနေသည်။ ထိုတောင်များပေါ်ရှိ နှင်းထုမှာ လူတစ်ယောက်၏ ပေါင်အထိပင် နက်သည်။

နှင်းထု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ တောင်ပေါ်ထွက် ပစ္စည်းများမှာ ရှားပါးလာပြီး အစာရေစာ ရှားပါးသဖြင့် တောရိုင်းတိရစ္ဆာန်များမှာလည်း အစာရှာရန် အပြင်သို့ မထွက်ရဲကြတော့ပေ။

တောင်ပေါ်ထွက် အရသာရှိသော အစားအစာများကို ဥပမာပေးရလျှင် ဆောင်းရာသီတွင် မုဆိုးများမှာ အိမ်တွင်း၌သာ နေထိုင်ကြသဖြင့် သူတို့ ရှာဖွေနိုင်သည့် ပစ္စည်းများမှာ အလွန်ပင် ကန့်သတ်ချက် ရှိသည်။

ဆောင်းရာသီတွင် ဆွေးမြည့်နေသော သစ်တုံးများပေါ်၌သာ ပေါက်လေ့ရှိသည့် ဤ အေးခဲမှိုမှာ ထိုအထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။

အခြားသော တောင်ပေါ်ထွက် ပစ္စည်းများမှာမူ သစ်ပင်ထိပ်ဖျားများ၌ ရှိနေသဖြင့် လူတို့ မမီနိုင်ခြင်း သို့မဟုတ် ထူထပ်သော နှင်းထုအောက်တွင် မြှုပ်နေခြင်းတို့ကြောင့် ဖြစ်သည်။

နှင်းထု အလွန်ထူထပ်နေသဖြင့် တောင်ပေါ်တွင် ဆယ်နှစ်ကျော် အတွေ့အကြုံရှိသည့် မုဆိုးတစ်ယောက်ပင် တောင်တက်လျှင် တောင်ပေါ်ထွက် ပစ္စည်း တစ်စုံတစ်ရာကို ရှာတွေ့ရန် မလွယ်ကူပေ။ အရာအားလုံးမှာ ကံတရားအပေါ်တွင်သာ မူတည်နေသည်။

"ရဲဘော် လီလန်... မင်းက တကယ့်ကို ကံကောင်းတာပဲ ဒီလောက် လတ်ဆတ်တဲ့ အဝါရောင်မှိုတွေကို ဒီလောက်အများကြီး ရှာတွေ့နိုင်တာ..."

အေးခဲမှိုအတွက် အမည်ခေါ်ဝေါ်ပုံမှာ အမျိုးမျိုးရှိကြသည်။ အချို့က အေးခဲမှိုဟု ခေါ်ကြပြီး အချို့က အဝါရောင်မှိုဟု ခေါ်ကြကာ အချို့မှာမူ အလုံးမှိုဟု ခေါ်ကြသည်။

သူတို့အားလုံးမှာ ဆောင်းရာသီတွင်သာ ရရှိနိုင်သည့် တောရိုင်းမှိုတစ်မျိုးတည်းပင် ဖြစ်သည်။

ကျန်းဝေမင်သည် လျှော်အိတ်ကို ဆွဲယူကာ လက်ထဲတွင် အလေးချိန်ချိန်ကြည့်လိုက်ပြီး

"လေးကျင်းခွဲ..."

ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့်ဆိုသည်မှာ သူပင်ဖြစ်သည်။ လျှော်အိတ်ကို အသာအယာ မြှောက်ကြည့်ရုံနှင့် အလေးချိန်ကို ခန့်မှန်းနိုင်လေသည်။

"ရဲဘော်လီလန်... မင်းက တကယ့်ကို ကံကောင်းတာပဲ။ အဝါရောင်မှို လေးကျင်းခွဲကိုတောင် ကောက်နိုင်လိုက်တာ..."

ကျန်းဝေမင်က မနာလိုဟန်ဖြင့် ပြောလိုက်သည်။

လေးကျင်းခွဲဆိုသည်မှာ မများလှသော်လည်း အဓိကအချက်မှာ အဘယ်နည်း။

အဓိကအချက်မှာ လတ်ဆတ်ခြင်းပင် ဖြစ်သည်။

တောင်တန်းများတွင် နှင်းထုများ ပိတ်ဆို့နေပြီး ရွာတွင်လည်း အငတ်ဘေးကြုံနေရသဖြင့် ရွှမ်းရွှေရွာသားများမှာ တောရိုင်းဟင်းရွက်များနှင့် သစ်ခေါက်များအားလုံးကို ကုန်စင်အောင် စားသောက်ထားကြပြီ ဖြစ်သည်။ သို့သော်လည်း လီလန်မှာ အဝါရောင်မှို လေးကျင်းခွဲကို ရှာဖွေနိုင်ခဲ့သေးသည်။

ဘယ်သူများ အံ့အားမသင့်ဘဲ နေနိုင်ပါ့မလဲ...

"လေးကျင်းခွဲ... ဟုတ်လား အံ့သြစရာပဲ”

အဘိုးကျန်းက ရုတ်တရက် အော်ပြောလိုက်သည်။ သူက အေးခဲမှို ပမာဏကို ကြည့်ကာ အံ့အားသင့်သွားပုံရသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူနှင့် အဒေါ်ဟဲတို့အဖွဲ့မှာ ဝက်ဝံနက်တောင်သို့ တောထွက်ပစ္စည်းများ သွားရှာရာ နှင်းထူထဲထဲတွင် တိုးဝှေ့သွားခဲ့ရသည်။ တောင်ပေါ်တွင် တစ်နေကုန်နီးပါး လှည့်လည်ရှာဖွေပြီးနောက် အဒေါ်ဟဲက အေးခဲမှို တစ်ကျင်းခွဲကျော် ရလိုက်သည်မှလွဲလျှင် ကျန်သူများ၏ခြင်းတောင်းများမှာ အလွတ်သာ ဖြစ်နေသည်။

လီလန်မှာ ဝက်ဝံနက်တောင်သို့ တစ်ခေါက်သွားရုံဖြင့် တောကြောင်ငယ်တစ်ကောင်ကို ရလိုက်ရုံသာမက လတ်ဆတ်သော အေးခဲမှို လေးကျင်းခွဲကိုပါ ရှာတွေ့လိုက်သည်။

ကံတရားက တကယ့်ကို အံ့မခန်းပင်။

အဘိုးကျန်းကိုယ်တိုင်ပင်မြင်လျှင် မနာလိုဖြစ်မိမည်မှာ သေချာသည်။

"ရှောင်လန်... မင်း ဒီအေးခဲမှိုအိတ်ကို ဘယ်နားမှာ ရှာတွေ့တာလဲ..."

အဘိုးကျန်းက တုံ့ဆိုင်းစွာ မေးလိုက်သည်။

"ဝက်ဝံနက်တောင်... အဲဒီကျောက်တုံးကြီးနားမှာလေ..."

လီလန်က အဘိုးကျန်း၏ အပြုအမူကို ကြည့်ကာ ပြုံးမိပြီး အမှန်အတိုင်း ပြောပြလိုက်ရသည်။

"ဝေမင်... မင်း လီလန်နဲ့ စကားပြောနေလိုက်ဦး၊ ငါ လုပ်စရာရှိသေးတယ်..."

ကျန်းဝေမင် စကားပြန်မပြောရသေးခင်မှာပင် အဘိုးကျန်းမှာ လျင်မြန်စွာ ပြေးထွက်သွားသည်။

"ဦးလေးက ဘာကို ဒီလောက် အလျင်စလို ဖြစ်နေတာလဲ... ဒီလောက်တောင် အရေးကြီးနေတာလား..."

ကျန်းဝေမင်က ကြောင်အသွားသည်။

လီလန်နှင့် ဖခင်ဖြစ်သူ လီတာ့ဟိုင်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးမိကြသည်။

"ဦးလေးကျန်း... ဒီတစ်ခါတော့ အဒေါ်ဟဲကို ရှောင်ထားဦး၊ သူ့ကို မတွေ့မိစေနဲ့နော်”

လီလန်က သတိပေးလိုက်သည်။

ကျောက်တုံးကြီးနှင့် သစ်ပင်ခြောက်ကြီးနားတွင် အေးခဲမှိုများ အတော်လေး ရှိသေးသော်လည်း အလုံးမှာ သေးသည်။ လီလန်က အကြီးဆုံးများကိုသာ ရွေးကောက်ခဲ့ခြင်း ဖြစ်သည်။

အဘိုးကျန်းအနေဖြင့် တောင်ပေါ်ခရီးတွင် အကျိုးအမြတ် တစ်ခုခု ရလိုက်ခြင်းမှာ သူ၏ လမ်းညွှန်ကြေးအတွက် ပြန်လည်ပေးဆပ်ခြင်းဟု သတ်မှတ်နိုင်သည်။

"နားလည်ပါပြီ... အဲဒီအဘွားကြီးကို ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး"

အဘိုးကျန်းက ခြံဝင်းအပြင်ဘက်မှ လှမ်းပြောရင်း ထွက်ခွာသွားသည်။

လီလန်မှာ စိတ်အေးသွားတော့သည်။

အကယ်၍ အဒေါ်ဟဲသာသိသွားပါက သူ၏ ပါးစပ်သရမ်းမှုကြောင့် တစ်ရက်အတွင်းမှာပင် လီလန် အေးခဲမှို လေးကျင်းခွဲ ကောက်ရသည်ကို ရွှမ်းရွှေရွာတစ်ရွာလုံး သိကုန်လိမ့်မည်။

"မင်းတို့ စကားပြောနေကြပါ၊ ငါ ရေနွေးတည်ပြီး ရဲဘော်ဝေမင်အတွက် လက်ဖက်ရည် ပြင်ပေးလိုက်ဦးမယ်..."

လီတာ့ဟိုင်က ထရပ်ကာ ရေနွေးတည်ရန် မီးဖိုချောင်သို့ ဝင်သွားသည်။

"ရဲဘော်လီလန်... မင်း ဆားနည်းနည်း လဲလှယ်ချင်တယ်လို့ ဦးလေးဆီက ကြားတယ်။ ဟုတ်လား..."

ကျန်းဝေမင်က အေးခဲမှိုအိတ်ကို ငုံ့ကြည့်ရင်း တံတွေးကို မြိုချလိုက်သည်။

*ဒီအဝါရောင်မှိုတွေက အလွန်လတ်ဆတ်တာပဲ အတုံးသေးသေးလေးတွေ တုံးပြီး ကြက်သားနဲ့ ချက်စားရင်... အနံ့လေးက သင်းနေမှာပဲ*

"ဟုတ်ကဲ့... အဆင်ပြေရင် လဲလှယ်ကြတာပေါ့။ ဒီ အေးခဲမှိုတွေကို ယူလိုက်ပါ..."

လီလန်က တဲ့တိုးပင် ပြောလိုက်သည်။

ထိုခေတ်ကာလတွင် သွားလာရေးမှာ ခက်ခဲသည်။ မြို့သို့ရောက်ရန် ကီလိုမီတာ ၃၀ရှိပြီး ဆားဝယ်ရန်အတွက် ငွေနှင့် ဆားဝယ်လက်မှတ်နှစ်မျိုးစလုံး လိုအပ်သည်။

လီလန်တို့မိသားစုတွင် ဆားဝယ်လက်မှတ်များ ကုန်ဆုံးနေပြီဖြစ်သည်။ နောက်ထပ် ရရှိရန်အတွက် နှစ်သစ်ကူး မတိုင်မီ နှစ်လခန့် စောင့်ရမည်ဖြစ်ပြီး ရွှမ်းရွှေတပ်ဖွဲ့၏ အလုပ်မှတ်များအလိုက်မှ ရရှိမည်ဖြစ်သည်။

လက်မှတ်များနှင့် ငွေကြေးကို အလကားတောင်းခံရန် အဆင်မပြေသည့်အပြင် မြို့တော်ဝန်၏ သမဝါယမရုံးသို့ သွားရောက်ရန်မှာလည်း ခက်ခဲလှသဖြင့် ကျန်းဝေမင်နှင့် လဲလှယ်ရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီလေ..."

ကျန်းဝေမင်က မျက်နှာတွင် ပျော်ရွှင်မှု အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

မှိုအစုလိုက်မှာ သူ၏ ဝယ်ယူရမည့် စာရင်းထဲတွင် ပါဝင်သည်။ အထူးသဖြင့် တောင်ပေါ်မှ အခုမှ ကောက်လာသည့် မှိုများမှာ လတ်ဆတ်လွန်းသဖြင့် စက်ရုံခေါင်းဆောင်များ အလွန်နှစ်သက်ကြသည်။

ခေါင်းဆောင်များက မှိုနှင့်ချက်သော ကြက်သားဟင်းကို စားချင်နေကြသဖြင့် ဝယ်ယူရေးဌာနကို ကျေးလက်ဒေသများသို့ သွားရောက် ဝယ်ယူရန် အမိန့်ပေးထားခြင်း ဖြစ်သည်။ ယနေ့တွင် ကျန်းဝေမင် ကံကောင်း၍ လေးကျင်းခွဲ (၂.၅ ကီလိုဂရမ်) ရရှိလိုက်သည်။

"ငါ့အိမ်မှာ ဆားတစ်ကျင်း ရှိတယ်။ အခုချက်ချင်း သွားယူပေးမယ်..."

ကျန်းဝေမင်မှာ ဉာဏ်ကောင်းပြီး သွက်လက်သူဖြစ်သည်။ လီလန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် မိမိအိမ်မှ ဆားကို အမြန်သွားယူရန် ခြံထဲမှ ပြေးထွက်သွားသည်။

မည်သို့ပင်ဆိုစေ ရွှမ်းရွှေရွာသို့ ကုန်ပစ္စည်းများ လိုက်လံဝယ်ယူနေသည့် ဝယ်ယူရေးအေးဂျင့်များမှာ ဘာရီသံမဏိစက်ရုံမှသာ မဟုတ်ပေ။

မြို့ရှိ နိုင်ငံပိုင်စက်ရုံ အများအပြားမှာ ဤဒေသကို မျက်စိကျနေကြခြင်း ဖြစ်သည်။

ကျန်းဝေမင်တစ်ယောက်တည်းသာ ကျေးလက်သို့ လာရောက် ဝယ်ယူနေခြင်း မဟုတ်သလို သူ၏ လုပ်ဖော်ကိုင်ဖက် အများအပြားမှာလည်း ရွှမ်းရွှေရွာကို မျက်စိကျနေကြသည်။

ကျန်းဝေမင်မှာ အနည်းငယ် ဝဖြိုးသူဖြစ်သဖြင့် ပြေးရသောကြောင့် အမောတကော ဖြစ်နေသည်။ ခဏအကြာတွင် တောက်ပသော အဖြူရောင်ဆားများ ပြည့်နေသည့် ကြွေအိုးတစ်လုံးကို ကိုင်ကာ ပြန်ရောက်လာသည်။

ထိုခေတ်က ဆားမှာ နောက်ပိုင်းကာလများကဲ့သို့ သန့်စင်ထားခြင်းမရှိဘဲ ကြမ်းတမ်းသော ဆားခဲများသာ ဖြစ်သည်။

"ရဲဘော်လီလန်... ဒါပဲ..."

ကျန်းဝေမင်က ကြွေအိုးကို လွှဲပေးလိုက်သည်။

လီလန်မှာ တောကြောင်ငယ်၏ ဒဏ်ရာကို ပြာဖြင့် လူးထားရင်း ကျန်းဝေမင်၏ လက်ထဲမှ ဆားအိုးကိုကြည့်ကာ သာမန်အတိုင်း ပြောလိုက်သည်။

"အဖေ... အပြင်ကို ထွက်ပြီး ဆားယူလိုက်ပါဦး..."

"လာပြီ..."

လီတာ့ဟိုင်မှာ ခါးစီးကို ဝတ်ဆင်ထားလျက် မီးဖိုချောင်မှ အလျင်အမြန် ထွက်လာသည်။ သူသည် လက်များကို ခါးစီးတွင် သုတ်လိုက်ပြီး ဆားအိုးကို ဂရုတစိုက် လက်ခံယူလိုက်သည်။

"ဝေမင်... အားနာလိုက်တာ၊ အလုပ်ရှုပ်သွားပြီ..."

"အစ်ကိုကြီးတာ့ဟိုင်... ဘာမှ မဟုတ်ပါဘူးဗျာ..."

ကျန်းဝေမင်က ပြုံးလျက် ပြောလိုက်သည်။

လီတာ့ဟိုင် မီးဖိုချောင်ထဲ ဝင်သွားသည်ကို ကြည့်ပြီးနောက် ကျန်းဝေမင်မှာ လီလန် တောကြောင်ငယ်၏ ဒဏ်ရာကို ကုသနေသည်ကို ကြည့်ရန် ထိုင်ချလိုက်သည်။

လီလန်တို့မိသားစုတွင် သွေးတိတ်ဆေး မရှိသဖြင့် မီးဖိုချောင်မှ ပြာအနည်းငယ်ကို ယူ၍ တိရစ္ဆာန်လေး၏ ဒဏ်ရာပေါ်သို့ ဖြူးပေးလိုက်သည်။

မီးဖိုပြာဆိုသည်မှာ သစ်သားပြာဖြစ်ပြီး သွေးတိတ်စေသည့် ဂုဏ်သတ္တိရှိသည်။

တောကြောင်၏ နောက်ခြေထောက်ပေါ်တွင် သစ်သားပြာများ ဖြူးပေးပြီးနောက် လီလန်သည် အဝတ်စတစ်ခုကို ရှာ၍ တောကြောင်ကို ပတ်ကာ သေချာစွာ ချည်နှောင်လိုက်သည်။

"ကဲ... အသေးအမွှား ဒဏ်ရာလေးပါ။ နောက်ရက်နည်းနည်းဆိုရင် ပျောက်သွားလိမ့်မယ်..."

လီလန်က တောကြောင်ငယ်၏ ဦးခေါင်းကို ချစ်စနိုးဖြင့် ပွတ်သပ်လိုက်သည်။

ဒဏ်ရာ ပျောက်ကင်းသွားသည်နှင့် သူသည် အမဲလိုက်ရန် လေ့ကျင့်ပေးမည်ဖြစ်သည်။

တောကြောင်များမှာ အနံ့ခံ အလွန်ကောင်းပြီး သွက်လက်ကာ မြေတွင်းတူးနိုင်သလို သစ်ပင်လည်း တတ်နိုင်ကြသည်။

အရေးအကြီးဆုံးမှာ သူသည် လီလန် ပြောသည်ကို နားလည်နိုင်ခြင်းပင်ဖြစ်သည်။

"မြောင်..."

တောကြောင်ငယ်မှာ အစာဆာ၍ နားရွက်များတွဲလောင်းကျကာ အားအင်မရှိသည့်ဟန်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။

လီလန်မှာ ထိုအဖြစ်အပျက်ကို ကြည့်ကာ ပြုံးမိပြီး မီးဖိုချောင်သို့ သွား၍ မနေ့က ကျန်ခဲ့သော တောယုန်တစ်ဝက်ကို ယူကာ တောကြောင်လေးအား ပစ်ပေးလိုက်သည်။

တောကြောင်လေးမှာ အစာကို မြင်သည်နှင့် တက်ကြွလာပြီး ပါးစပ်ဖြင့် လှမ်းကိုက်ကာ အသံပြု၍ စားသောက်တော့သည်။

မကြာမီပင် တောယုန်တစ်ဝက်မှာ ကုန်စင်သွားသည်။ သူသည် ဦးခေါင်းကို မော့၍ လီလန်ကို ကြည့်ကာ ထပ်မံ၍ "မြောင်" ဟု အော်လိုက်သည်။

"မရဘူး... မင်း မဝသေးဘူးလား..."

လီလန်မှာ ငြီးတွားမိသည်။

"မင်းက ဘာလို့ ဒီလောက်တောင် စားနိုင်ရတာလဲ..."

*ဒီကောင်ကို ဘယ်သူများ မွေးနိုင်ပါ့မလဲ*

All Chapters