← Chapters

အခန်း (၄၇၃-၄၇၄)

Vol. 48 Ch. 473-474

အခန်း (၄၇၃-၄၇၄)

Vol. 48 Ch. 473-474

အခန်း ၄၇၃ ၊ အပိုင်း ၁ - အထိန်းအကွပ်မဲ့သော မောက်မာမှု၊ ငရဲဘုံ သရဲလက်သည်း၊ လုချင်း ပေါ်ထွက်လာခြင်း

မြို့တော်မြတ်အတွင်းတွင် အရပ်မျက်နှာအသီးသီးမှ သူ့အပေါ်သို့ စူးစိုက်ကျရောက်နေသော မရေမတွက်နိုင်သည့် အကြည့်များကို မုန်းတျန် ခံစားနေရလေသည်။

အစပိုင်းတွင်တော့ ထိုဖိအားက သူ့အပေါ်သို့ အလွန်လေးလံစွာ ဖိစီးနေခဲ့ပါ၏။

သို့သော်လည်း သူ၏ ကျင့်ကြံခြင်း နည်းလမ်းများ လည်ပတ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ရတနာမှ စွမ်းအားလှိုင်းများ ခုန်ပေါက်လာသည်နှင့်အမျှ အနက်ရောင် မြူခိုးငွေ့တစ်စက သူ၏ မျက်လုံးများထဲတွင် တလက်လက် တောက်ပလာတော့သည်။

ရုတ်တရက်ဆိုသလို သူ၏ နှလုံးသားထဲတွင် ရန်လိုမှုများ ပြင်းထန်စွာ မြင့်တက်လာလေ၏။

သူ၏ ကိုယ်ခန္ဓာက တုန်ရီသွားပြီး သူ၏ အရှိန်အဝါများကလည်း တစ်ဖန် ပေါက်ကွဲထွက်လာတော့သည်။ ယခုတစ်ကြိမ်တွင်တော့ အရင်ကထက် ပို၍ပင် ကြမ်းတမ်းလာခဲ့၏။

"ပထမ သခင်ကြီး၊ ဒါက တကယ့်ကို ပါးနပ်တဲ့ အကြံအစည်ပဲ။ တကယ့်ကို နက်နဲတဲ့ တွက်ချက်မှုပဲနော်။ ခင်ဗျားက လောကကြီးကို အရာအားလုံးထက် ဦးစားပေးတယ်လို့ ပြောနေပေမဲ့ အဆုံးမှာတော့ ခင်ဗျားရဲ့ အဲဒီ တားမြစ်ချက် ဆိုတာက မြင့်မြတ်တဲ့တောင်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာ တခြားသိုင်းပညာရှင်တွေကို ချုပ်နှောင်ထားဖို့ သက်သက်ပဲ မဟုတ်ဘူးလား"

"နှစ်တစ်ထောင်ကျော်ကြာ ခင်ဗျားတို့က လောကကြီးကို လက်ဝါးကြီးအုပ်ထားခဲ့တယ်။ ခင်ဗျားတို့ရဲ့ ဖိနှိပ်တဲ့ အင်အားအောက်မှာ မွေးရာပါနယ်ပယ်က သိုင်းပညာရှင်တွေအားလုံး ချည်နှောင်ခံခဲ့ရပြီး သူတို့ရဲ့ စိတ်နှလုံးတွေကလည်း စစ်မှန်တဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံးခဲ့ရတယ်။ အခု ကြီးမားတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ လောကကြီးကလည်း နောက်ဆုံး‌တော့ ပြောင်းလဲလာခဲ့ပြီလေ။ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်တွေလည်း ပြန်ပြီးနိုးထလာခဲ့ပြီ"

"ဒါက ကျုပ်တို့ သိုင်းပညာရှင်တွေ ရှေ့ကို ချီတက်ပြီး ကျုပ်တို့ရဲ့ ကန့်သတ်ချက်တွေကို ဖောက်ထွက်ဖို့ အကောင်းဆုံး အချိန်ပဲ"

"အဲ့တာတောင် ခင်ဗျားတို့ ကျောက်ဖြစ်ရုပ်ကြွင်းအဘိုးကြီး သုံးယောက်က ကျုပ်တို့ကို ချုပ်နှောင်ထားချင်သေးတာလား"

"ကျုပ်ရဲ့ကွေ့ယွမ်ဂိုဏ်းသာ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်တွေကို အရှုံးပေးလိုက်မယ်ဆိုရင် အဲဒါက ခင်ဗျားတို့ရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေကို အားပေးအားမြှောက် လုပ်ရာမကျဘူးလား"

"ဒီနေ့မှာ ကျုပ်ရဲ့ကွေ့ယွမ်ဂိုဏ်းက ဖြောင့်မတ်တဲ့ လမ်းစဉ်အတွက် ရပ်တည်ပြီး လောကကြီးအပေါ် ခင်ဗျားတို့ ချုပ်ကိုင်ထားတာတွေကို ဖြတ်တောက်ချပစ်မယ်။ မြင့်မြတ်တဲ့တောင်တော်ကသာ ဘေးကို ဖယ်မပေးဘူးဆိုရင် ဖြောင့်မတ်တဲ့ လမ်းစဉ်ရဲ့ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကျုပ်တို့ဆီ လွှဲပေးလိုက်တော့"

သခင်ကြီး သုံးပါးအပေါ်သို့ အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေစဉ် မုန်းတျန်၏ အရှိန်အဝါများ ပြင်းထန်စွာ မြင့်တက်လာတော့၏။

နောက်တစ်ခဏတွင် သူ၏ လက်ဖဝါးထဲ၌ မီးခိုးရောင် အလင်းတန်းတစ်ခု ပေါင်းစပ်ပေါ်ထွက်လာပြီး သူတို့သုံးဦးထံသို့ ပစ်လွှတ်လိုက်တော့သည်။

"ဘာ"

ထိုအခါ၌ လူအုပ်ကြီးထံမှ ထိတ်လန့်တကြား အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။

မုန်းတျန်က ရုတ်တရက်ကြီး တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။ ထို့ပြင် မီးခိုးရောင် အလင်းတန်း၏ စွမ်းအားကို ကြည့်ခြင်းအားဖြင့် ဤအရာက သာမန် စမ်းသပ်တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ သေစေနိုင်သော တိုက်ကွက်တစ်ခု ဖြစ်နေလေသည်။

"ဟင်"

သခင်ကြီး သုံးပါးပင်လျှင် ခေတ္တမျှ ကြက်သေသေသွားကြ၏။

အခုလေးတင်မှ အကျပ်ရိုက်သွားသော မုန်းတျန်က ဤမျှ ရုတ်တရက် တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့သည်မှာ ရှင်းလင်းနေပေသည်။

သို့သော် တိုက်ခိုက်မှုက ရုတ်တရက် ဆန်လွန်းနေသော်လည်း သူတို့သုံးဦး၏ တုံ့ပြန်မှုများက နှောင့်နှေးသွားခြင်း မရှိခဲ့ချေ။

မီးခိုးရောင် အလင်းတန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်လိုလိုမှာပင် ပထမ သခင်ကြီးက သူတို့သုံးဦး၏ ရှေ့တွင် အဝါရောင်အလင်းတန်းအတားအဆီးတစ်ခုကို ဖန်တီးရန် လက်သင်္ကေတတစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်တော့၏။

အဝါရောင်အလင်းတန်းအတားအဆီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မီးခိုးရောင် အလင်းတန်းက ၎င်းကို ဝင်တိုက်သွားလေသည်။

ချက်ချင်းပင် အဝါရောင်အတားအဆီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်း၏ မျက်နှာပြင်တစ်လျှောက်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့၏။ ၎င်းမှာ အမှန်တကယ်ပင် ကျိုးပဲ့ပျက်စီးလုနီးပါး ဖြစ်သွားခဲ့လေသည်။

ထိုအရာကို မြင်သောအခါ တတိယ သခင်ကြီး၏ အကြည့်များက ထက်ရှသွားတော့၏။ သူ၏ ခါးကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် သူ၏ ရှည်လျားသော ဓားရှည်မှာ ဓားအိမ်အပြင်သို့ ထွက်ပေါ်လာပြီး တောက်ပသော ဓားအလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာကာ မီးခိုးရောင်အလင်းတန်းအား ခုတ်ပိုင်းသွားလေသည်။

ဝုန်း

ဓားအလင်းတန်းနှင့် မီးခိုးရောင် အလင်းတန်းတို့ ရိုက်ခတ်သွားပြီးနောက်၌ လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေသည့် ကြောက်မက်ဖွယ် စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခုကို ထုတ်လွှတ်လိုက်လေ၏။ ပြီးနောက် ကျောက်တုံးစင်မြင့်ကြီး၏ အထက်တွင်တော့ ကြမ်းတမ်းသော လေဆင်နှာမောင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ကံကောင်းထောက်မစွာဖြင့် လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါတစ်ခုက ဧရာမ ကျောက်တုံးစင်မြင့်ကြီးကို ကာကွယ်ပေးထားလေသည်။ သို့မဟုတ်ပါက ဤတိုက်ပွဲ တစ်ကြိမ်တည်းကပင် စင်မြင့်ကြီးကို အပိုင်းပိုင်းအစစ ကြေမွသွားစေလိမ့်မည်ဖြစ်၏။

ဤမြင်ကွင်းက ပရိသတ်ကြီးကို ပို၍ပင် အံ့အားသင့်သွားစေခဲ့လေသည်။

ထိုနေရာရှိ ရွှေအမြုတေအဆင့် သိုင်းပညာရှင်များပင်လျှင် သူတို့၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေခဲ့သည်။ မုန်းတျန်၏ တိုက်ခိုက်မှုက သခင်ကြီး နှစ်ပါးကိုပင် အတူတကွ ပူးပေါင်းကာကွယ်စေရန် ဖိအားပေးနိုင်ခဲ့၏။

သူ၏ သိုင်းကွက်က တကယ့်ကို ဤမျှလောက် အင်အားကြီးမားနေခြင်းလော၊ သို့မဟုတ် သခင်ကြီးများ၏ ကိုယ်ပွားများကပဲ အရမ်းကို အားနည်းလွန်းနေခြင်းလော။

"မုန်းတျန်၊ ဒါက မင်း ဆက်ပြီး မဆွေးနွေးချင်တော့ဘူးဆိုတဲ့ သဘောလား" တတိယ သခင်ကြီး၏ အကြည့်များက ရေခဲတမျှ အေးစက်သွား၏။

"ဟာဟားဟား၊ ဆွေးနွေးမယ် ဟုတ်လား။ စွမ်းအားကသာ တစ်ခုတည်းသော စစ်မှန်တဲ့ သဘောတရားပဲ"

"ခင်ဗျားတို့ အဘိုးကြီးသုံးယောက် ဒီလောကကြီးကို အုပ်ချုပ်ခဲ့တာ လုံလောက်ပြီ... အခုတော့ ခင်ဗျားတို့ နေရာကနေ ဖယ်ပေးရမယ့်အချိန်ရောက်ပြီ။ ခင်ဗျားတို့ ငြင်းဆန်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ အသုံးမကျတဲ့ ကိုယ်ပွားတွေကို ကျုပ် ဖျက်ဆီးပစ်မယ်။ ပြီးရင် မြင့်မြတ်တဲ့တောင်တော်ကနေ ခင်ဗျားတို့ ထွက်လာရဲသေးလားဆိုတာ ကျုပ် ကြည့်ရသေးတာပေါ့"

သူ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုလေးတစ်ခုကပင် သခင်ကြီး နှစ်ပါးကို လွှမ်းမိုးလုနီးပါး ဖြစ်သွားစေခဲ့သည်ကို မြင်လိုက်ရသောအခါ၌ မုန်းတျန်၏ ယုံကြည်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။

ထို့နောက် သူ၏ မျက်နှာအမူအရာက ပို၍ပင် ရိုင်းစိုင်းမောက်မာလာလေသည်။

"ငါတို့ရဲ့ ကိုယ်ပွားတွေကို ဖျက်ဆီးမယ်ပေါ့လေ ဟုတ်လား။ မင်းမှာ စွမ်းဆောင်နိုင်ရည်ရှိရင် စမ်းကြည့်လိုက်လေ"

တတိယ သခင်ကြီးသည် ရန်စမှုများကို မည်သည့်အခါကမျှ သည်းခံလေ့ရှိသူ မဟုတ်ချေ။ မုန်းတျန်၏ စကားများကို ကြားသောအခါ၌ သူ၏ ဓားအသိမှာ ပို၍ပင် ထက်မြက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အရိုးကွဲမတတ် အေးစက်သော အရှိန်အဝါများ ပြည့်နှက်သွားစေတော့၏။

"ဟမ့်၊ အကောင်းပြောနေတာကို လက်မခံဘဲ အကြမ်းနည်းကိုမှ လိုချင်နေတယ်ပေါ့လေ။ ခင်ဗျားတို့ရဲ့ခေတ်က ကုန်ဆုံးသွားပြီ။ ကျုပ်အတွက်သာ သေလိုက်ကြတော့"

သူတို့၏ ခေါင်းမာမှုကို မုန်းတျန်က လှောင်ပြောင်လိုက်ပြီး စကားပြောနေရန်ပင် စိတ်မဝင်စားတော့ချေ။

ယင်းနောက်၌ သူ၏ လက်ဖဝါးထဲတွင် မီးခိုးရောင် အလင်းတန်းအသစ်တစ်ခု ထပ်မံ ပေါင်းစပ်ပေါ်ထွက်လာပြီး ရှေ့သို့ ထပ်ပြီး ပစ်လွှတ်လိုက်လေသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ မီးခိုးရောင် အလင်းတန်းမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုထူထဲနေပြီး ၎င်း၏ စွမ်းအားမှာလည်း အဆပေါင်းများစွာ မြင့်တက်နေလေ၏။

၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ လေထုမှာပင် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော၊ မျက်စိဖြင့် မြင်နိုင်သော လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

"အချိန်ကိုက်ပဲ"

တတိယ သခင်ကြီးသည် နောက်မဆုတ်ခဲ့ချေ။ ယင်းအစား သူ၏ ဓားအသိတစ်ခုလုံးကို သူ၏ အဖိုးတန်ဓားအတွင်းသို့ လုံးလုံးလျားလျား စီးဆင်းသွားစေလိုက်၏။ ထိုအခါ၌ တောက်ပသော ဓားအလင်းတန်းတစ်ခုက သူ၏ ဓားသွားမှ ပေါက်ကွဲထွက်လာပြီး လေထုကို ခုတ်ပိုင်းကာ ဝင်ရောက်လာသော မီးခိုးရောင် အလင်းတန်းကို ဆီးကြိုလိုက်တော့သည်။

သူ၏ ဓားမှ ထွက်ပေါ်လာသော အေးစက်သည့် စွမ်းအင်မှာ ထင်ရှားလှပြီး ဤတိုက်ကွက်သည် သာမန် တိုက်ခိုက်မှုမျိုး မဟုတ်ကြောင်းကို သက်သေပြနေပါ၏။

သို့သော် နောက်တစ်ခဏတွင်တော့ တတိယ သခင်ကြီး၏ မျက်နှာအမူအရာမှာ သိသိသာသာပင် ပြောင်းလဲသွားတော့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ၏ ဓားအလင်းတန်းက မီးခိုးရောင် အလင်းတန်းနှင့် ရိုက်ခတ်သွားလေသည်။

သို့သော် ယခင်ကနှင့်မတူဘဲ ယခုတစ်ကြိမ်တွင်တော့ မီးခိုးရောင် အလင်းတန်းကို နှစ်ခြမ်းခွဲပစ်မည့်အစား သူ၏ ဓားအလင်းတန်းမှာ ၎င်း၏ မျိုချခြင်းကိုသာ ခံလိုက်ရလေ၏။

မီးခိုးရောင် အလင်းတန်းက သူ၏ တိုက်ခိုက်မှုကို အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ဖျက်ဆီးကာ မျိုချပစ်လိုက်သည်။ ဓားအလင်းတန်း၏ စွမ်းအင်ကို စုပ်ယူပြီးနောက်တွင်တော့ မီးခိုးရောင် အလင်းတန်းမှာ ပို၍ပင်ကြီးမားလာကာ တတိယ သခင်ကြီးထံသို့ မဆုတ်မနစ် ဆက်လက်တိုးဝင်လာတော့၏။

သူ့ထံသို့ ရောက်ရှိလာခါနီးအချိန်လေးမှာပင် အဝါရောင်အလင်းတန်းအတားအဆီးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။ တစ်ချိန်တည်းမှာပင် အစိမ်းရောင်အလင်းတန်းတစ်ခုကလည်း မီးခိုးရောင် အလင်းတန်းကို တားဆီးရန် ထွက်ပေါ်လာခဲ့၏။

ထိုအရာမှာ သူ့ကို ကယ်တင်ရန် အချိန်မီ တုံ့ပြန်လိုက်သော ပထမသခင်ကြီးနှင့် ဒုတိယ သခင်ကြီးတို့ပင် ဖြစ်သည်။

ရွှီး

အစိမ်းရောင် အလင်းတန်းနှင့် မီးခိုးရောင် အလင်းတန်းတို့ ထိတွေ့သွားချိန်တွင် ဆူပွက်နေသော ဆီအိုးထဲသို့ ရေအေးလောင်းချလိုက်သကဲ့သို့ပင် ပြင်းထန်လှသော တုံ့ပြန်မှုတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့ပါ၏။

တတိယ သခင်ကြီး၏ ဓားအလင်းတန်းကဲ့သို့ပင် အစိမ်းရောင် အလင်းတန်းမှာလည်း လျင်မြန်စွာ မျိုချခံလိုက်ရပြန်သည်။ သို့သော် ယခင်ကနှင့်မတူဘဲ မီးခိုးရောင် အလင်းတန်းမှာ ဆက်လက် ကြီးထွားမလာတော့ချေ။ ယင်းအစား ၎င်းမှာ တစ်ဝက်နီးပါး သေးငယ်သွားလေ၏။

အဆုံးတွင် ၎င်းက အဝါရောင်အတားအဆီးကို ဝင်တိုက်မိသောအခါ အက်ကွဲကြောင်းများ ပေါ်လာသော်လည်း လုံးလုံးလျားလျား ထိုးဖောက်နိုင်ခြင်းတော့ မရှိခဲ့ချေ။

သို့တိုင်အောင် သူတို့ရှေ့ရှိ မြင်ကွင်းက ထိုနေရာရှိ သိုင်းပညာရှင်တိုင်းကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့၏။

ရွှေအမြုတေအဆင့် သိုင်းပညာရှင်များပင်လျှင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။

သူတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်ပင်။ တတိယ သခင်ကြီး၏ အစောပိုင်းက ဓားချက်သည် စစ်မှန်သော ရွှေအမြုတေအဆင့် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သခင်ကြီးများမှာ သူတို့၏ ခန္ဓာကိုယ်အစစ်များဖြင့် ရောက်ရှိမလာခဲ့သော်လည်း ထိုတိုက်ခိုက်မှုမှာ ရွှေအမြုတေ သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားအပြည့်အဝ တိုက်ခိုက်မှုနှင့် ညီမျှနေဆဲပင် ဖြစ်၏။

ထို့ပြင် ပထမသခင်ကြီးနှင့် ဒုတိယ သခင်ကြီးတို့ အသုံးပြုခဲ့သော သိုင်းကွက်များမှာလည်း ထူးခြားလှပြီး တစ်ခုစီတိုင်းသည် ကြီးမားလှသော ရွှေအမြုတေအဆင့် စွမ်းအားကို ပြသနေကြလေသည်။

သို့တိုင်အောင် သခင်ကြီး သုံးပါး အတူတကွ တိုက်ခိုက်ခဲ့သော်လည်း မုန်းတျန်၏ တိုက်ခိုက်မှုကို သီသီလေးသာ တားဆီးနိုင်ခဲ့ကြလေ၏။

ဤရလဒ်မှာ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေလေသည်။

ရွှေအမြုတေ သိုင်းပညာရှင်များပင်လျှင် မတုန်လှုပ်ဘဲ မနေနိုင်ကြချေ။

အဲဒီမီးခိုးရောင် အလင်းတန်း။ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားဖို့ အဲဒါက တကယ်ပဲ ဘာကြီးလဲ။

ပြီးတော့ မုန်းတျန်က ဘယ်အချိန်ကတည်းက ဒီလောက်တောင် အံ့ဩစရာကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းရည်ကို ကျင့်ကြံထားခဲ့တာလဲ။

"အကြီးအကဲ မုန်းက... တကယ်ကို စွမ်းတာပဲဟေ့..."

....

အခန်း ၄၇‌၃ ၊ အပိုင်း ၂ - အထိန်းအကွပ်မဲ့သော မောက်မာမှု၊ ငရဲဘုံ သရဲလက်သည်း၊ လုချင်း ပေါ်ထွက်လာခြင်း

အခြားဂိုဏ်းများ၏ တုန်လှုပ်မှုနှင့် နှိုင်းယှဉ်ပါက ကွေ့ယွမ်ဂိုဏ်းမှ တပည့်များမှာမူ အောင်ပွဲခံသည့် အော်ဟစ်သံများအား ထုတ်လွှတ်လိုက်ကြ၏။

အစောပိုင်းက သူတို့သည် ပထမ သခင်ကြီး၏ နှုတ်ဖြင့် ဖိနှိပ်ခြင်းကို ခံခဲ့ရစဉ်က သူတို့၏ ဂိုဏ်းချုပ်ကြီးထံမှ ခြေလှမ်းအမှားလေး တစ်ချက်က သူတို့ဂိုဏ်းအား အရှက်ကွဲစေပြီး လောကကြီး၏ လှောင်ပြောင်စရာ ဖြစ်သွားမည်ကို စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

သို့သော် သူတို့ကို အံ့အားသင့်စေခဲ့သည်မှာ သူတို့၏ ဂိုဏ်းချုပ်ကြီးသည် အလွန်အမင်း ကြီးမားလှသော စွမ်းရည်ကို ပြသခဲ့ပြီး သခင်ကြီး သုံးပါးကိုပင် အတူတကွ ပူးပေါင်းရန် ဖိအားပေးနိုင်ခဲ့ကာ အရှုံးပေးလုနီးပါး ဖြစ်သွားစေခဲ့ခြင်းပင်။

ဤမျှ ခိုင်မာသော ကျောထောက်နောက်ခံကြီး ရှိနေသဖြင့် လောကကြီး၏ လှောင်ပြောင်မှုကို သူတို့က အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

ယနေ့ပြီးနောက်တွင်တော့ တစ်လောကလုံးရှိ သိုင်းပညာရှင်များက ကွေ့ယွမ်ဂိုဏ်းကို သေချာပေါက် ရိုသေလေးစားကြရတော့မည်ပင်။

ရုတ်တရက် အောင်ပွဲခံသည့် အော်ဟစ်သံများကြားမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

"အဲဒီ မီးခိုးရောင်အလင်းက... တစ်ခုခုတော့ မှားနေပြီ"

ချင်းယန်ဘုရားကျောင်းမှ ဆံပင်အဖြူရောင်နှင့် တာအို အကြီးအကဲမှာ မုန်းတျန်ကို စိုက်ကြည့်ရင်း အနည်းငယ် တုန်ရီနေ၏။

အခုလေးတင် မုန်းတျန် ထုတ်လွှတ်လိုက်သော မီးခိုးရောင် အလင်းတန်းက သူ့အား နက်ရှိုင်းသော မသက်မသာဖြစ်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။

"ဟမ့်၊ အဘိုးကြီးတွေ... ခင်ဗျားတို့ဆီမှာလည်း ဒီလောက် စွမ်းရည်လေးတော့ ရှိနေသေးသားပဲကိုး"

သူ၏ မီးခိုးရောင် အလင်းတန်းကို သခင်ကြီး သုံးပါး၏ ပူးပေါင်းအားထုတ်မှုဖြင့် တားဆီးလိုက်နိုင်သည်ကို မြင်သောအခါ၌ မုန်းတျန်မှာ ခေတ္တမျှ အံ့အားသင့်သွားလေသည်။ သို့သော် သူသည် သူ၏ အံ့အားသင့်မှုကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး လှောင်ပြောင်လိုက်တော့၏။

"ကျုပ်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ရုံနဲ့‌ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ လုံခြုံသွားပြီလို့ တကယ်ကြီး ထင်နေတာလား။ အဲဒါက သွေးပူလေ့ကျင့်ခန်းလုပ်ရုံလေးပဲ ရှိသေးတယ်နော်။ ခင်ဗျားတို့ ဆက်ပြီး ခုခံနေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ် အနှစ်သာရတွေနဲ့အတူ ကိုယ်ပွား သုံးခုစလုံးကို ဖျက်ဆီးပစ်မိတဲ့အခါကျမှ ကျုပ်ကို အပြစ်မတင်နဲ့"

စကားဆုံးသည်နှင့် မုန်းတျန်သည် လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွားတော့၏။

ထို့နောက်၌ သိပ်သည်းလှသော မီးခိုးရောင် အရှိန်အဝါတစ်ခုက သူ၏ ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာပြီး သူ၏ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော မီးခိုးရောင် လက်သည်းကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာတော့သည်။

ထိုသရဲလက်သည်းကြီး အကောင်အထည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးက စစ်မြေပြင်တစ်ခုလုံးကို တိုက်ခတ်သွားလေသည်။

စောင့်ကြည့်နေသူများမှာ ဖိနှိပ်ထားသော စွမ်းအားအောက်တွင် သီသီလေးသာ မတ်တတ်ရပ်နိုင်ပြီး ကြောက်ရွံ့မှုဖြင့် တုန်ရီနေကြရုံသာမက ရွှေအမြုတေအဆင့် သိုင်းပညာရှင်များပင်လျှင် သူတို့၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာမှ ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုတစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရကာ တုန်လှုပ်သွားကြလေသည်။

သူတို့၏ စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းက သူတို့ကို ပြောပြနေလေ၏။

ဤမီးခိုးရောင် လက်သည်းကြီးသည် သူတို့၏ အသက်အန္တရာယ်ကို သေချာပေါက် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်ဟူ၍ပင်။

"ငရဲဘုံ သရဲလက်သည်း..."

ချင်းယန်ဘုရားကျောင်းမှ ဆံပင်အဖြူရောင် အကြီးအကဲသည် သူ၏ တည်ငြိမ်မှုကို ဆက်လက်၍ မထိန်းသိမ်းထားနိုင်တော့ချေ။ သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သရဲလက်သည်းကြီးကို စိုက်ကြည့်နေတော့၏။

အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင်တော့ ၎င်း၏ ဇာစ်မြစ်ကို သူ မှတ်မိသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

"ဒီလက်သည်း... ဒါက ငါတို့ဂိုဏ်းရဲ့ ရှေးဟောင်း မှတ်တမ်းတွေထဲမှာ ဖော်ပြထားတဲ့အရာနဲ့ တစ်ပုံစံတည်းပဲ"

ယွင်ရွှေ လျှို့ဝှက်နယ်မြေ မှ ရွှေအမြုတေအဆင့် သိုင်းပညာရှင်သည်လည်း မီးခိုးရောင် သရဲလက်သည်းကြီးကို စိုက်ကြည့်ရင်း တုန်ရီနေလေသည်။

"ကျွန်မ... ကျွန်မတို့ ရေခဲနန်းတော်ရဲ့ လျှို့ဝှက်မှတ်တမ်းတွေထဲမှာလည်း အဲ့လိုမျိုးဟာကို မြင်ဖူးတယ်"

ဟန်လင်းရွှမ်က စဉ်းစားတွေးတောနေသော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။

နက်ရှိုင်းသော အမွေအနှစ်များနှင့် ရှေးဟောင်း စာအုပ်စာတမ်းများကို ပိုင်ဆိုင်ထားသော လျှို့ဝှက်နယ်မြေကြီး သုံးခုသည် ထိုသိုင်းကွက်၏ ဇာစ်မြစ်ကို အနည်းငယ် ခန့်မှန်းနိုင်ခဲ့ကြသည်။ သို့သော် အခြားသူများအတွက်မူ ၎င်းသည် ပဟေဠိတစ်ခုအဖြစ်သာ ကျန်ရှိနေသေးလေ၏။

သခင်ကြီး သုံးပါးကိုယ်တိုင်ပင်လျှင် ငရဲဘုံ သရဲလက်သည်း ၏ ဇာစ်မြစ်ကို ခွဲခြားသိမြင်နိုင်ခြင်း မရှိကြချေ။

သို့သော် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုတော့ သူတို့ ခံစားနိုင်ကြပါ၏။ လက်သည်းကြီးထံမှ ထွက်ပေါ်လာသော အရှိန်အဝါသက်သက်ကပင် သူတို့၏ ခန္ဓာကိုယ်အစစ်များဖြင့် ရောက်ရှိနေလျှင်ပင် ၎င်းကို ခုခံနိုင်စွမ်း ရှိမည်မဟုတ်ဟု သူတို့ကိုယ်သူတို့ပင် သံသယဝင်လာစေခဲ့သည်။

"ဟာဟားဟား၊ အဘိုးကြီးတွေ... နောက်ဆုံးအနေနဲ့ တစ်ခေါက် ထပ်မေးမယ်။ ခင်ဗျားတို့တွေ ကွေ့ယွမ်ဂိုဏ်း ရှေ့မှာ ဒူးထောက်ပြီး ကျုပ်ရဲ့ အုပ်ချုပ်မှုကို လက်ခံမလား"

လေထဲတွင် တွဲလောင်းဖြစ်နေသော မုန်းတျန်သည် မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေလေသည်။

"မင်းက ဒီလို မှားယွင်းတဲ့ အကျင့်တွေကို ကျင့်ကြံထားတာတောင် ဖြောင့်မတ်တဲ့ လမ်းစဉ်ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ အိပ်မက်မက်နေတုန်းပဲလား။ မင်းရဲ့ မကောင်းဆိုးဝါး သိုင်းကွက်တွေက မင်းရဲ့ ဦးနှောက်ကို ဆွေးမြေ့သွားစေတာလား" တတိယ သခင်ကြီးက အကြောက်အလန့်မရှိ လှောင်ပြောင်လိုက်၏။

"ဟာဟားဟားဟား မှားယွင်းတဲ့ အကျင့်တွေ၊ ဖြောင့်မတ်တဲ့ လမ်းစဉ်တွေဟုတ်လား။ စွမ်းအားဆိုတာ စွမ်းအားပဲ။ အကောင်းနဲ့အဆိုးဆိုတာ ခွဲခြားထားတာ မရှိဘူး" မုန်းတျန်က ရူးသွပ်စွာ ရယ်မောလိုက်၏။

"ကောင်းပြီလေ... ခင်ဗျားတို့က အရှုံးမပေးချင်ဘူးဆိုမှတော့ သေလိုက်ကြတော့။ ခင်ဗျားတို့ သုံးယောက်ကို ဖယ်ရှားပြီးတာနဲ့ ကွေ့ယွမ်ဂိုဏ်းကို ဘယ်သူကမှ စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး"

စကားပြောရင်း မုန်းတျန်သည် ငရဲဘုံ သရဲလက်သည်း ၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်ရန် လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်လေသည်။ ထို့နောက်တွင်တော့ မီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော ကြောက်မက်ဖွယ် လက်သည်းကြီးကကမ္ဘာပျက်မည့် ကပ်ဘေးကြီးတစ်ခုကဲ့သို့နှယ် သခင်ကြီး သုံးပါးအပေါ်သို့ ကျဆင်းလာတော့၏။

၎င်း ကျဆင်းလာသည်နှင့်အမျှ လက်သည်းကြီးကို ဝန်းရံထားသော မီးခိုးရောင် အရှိန်အဝါများမှာ ပြင်းထန်စွာ လှုပ်ရှားလာပြီး လိမ်ကောက်ကာ လူးလွန့်နေသော မရေမတွက်နိုင်သည့် အရိုးစုများနှင့် မကောင်းဆိုးဝါး သရဲတစ္ဆေများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဤမြင်ကွင်းကို မြင်တွေ့ရုံမျှဖြင့်ပင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ထဲသို့ အအေးဓာတ်တစ်ခု စိမ့်ဝင်သွားစေရန် လုံလောက်လှပေသည်။ စစ်မြေပြင်တစ်ခုလုံးကို ပျက်စီးကိန်းဆိုက်တော့မည့် ခံစားချက်ကြီးတစ်ခုက လွှမ်းမိုးသွားတော့၏။

အင်အားအကြီးဆုံး ရွှေအမြုတေအဆင့် သိုင်းပညာရှင်များပင်လျှင် ကြောက်ရွံ့မှုကြောင့် မျက်နှာများ ဖြူရော်သွားကြသည်။

သခင်ကြီး သုံးပါးသည် ကြီးမားလှသော အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းကို သူတို့ သိရှိကြသည်။ သို့ပေသိ သူတို့၏ စွမ်းအားများဖြင့်ပင် ဤလွှမ်းမိုးနိုင်စွမ်းရှိသော သေမင်းတမန် လက်သည်းကြီးကို ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်နေလေ၏။

ထို့ပြင် သူတို့၏ ခန္ဓာကိုယ်အစစ်များအစား ကိုယ်ပွားများသာ ရှိနေခြင်းကြောင့် သူတို့ အသက်ရှင်ကျန်ရစ်ရန်မှာ ပို၍ပင် မသေချာလှချေ။

ငရဲဘုံ သရဲလက်သည်း ကြီးက သူတို့ကို ဖျက်ဆီးပစ်တော့မည့် အချိန်လေးမှာပင်...

အကင်းပါးသော ရွှေအမြုတေအဆင့် သိုင်းပညာရှင်တစ်ဦးက ထူးဆန်းသောအရာတစ်ခုကို ရုတ်တရက် သတိပြုမိသွားလေသည်။

ပျက်စီးကိန်းဆိုက်တော့မည့် အခြေအနေကြီးကို ရင်ဆိုင်နေရသော်လည်း သခင်ကြီး သုံးပါးမှာ အထိတ်တလန့်ဖြစ်နေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသကြချေ။

ရှုပ်ထွေးမှုများက သူ၏စိတ်ကို ဖုံးလွှမ်းသွားချိန်မှာပင် သူ၏ အကြည့်များက တောင့်တင်းသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူ မြင်လိုက်ရသောကြောင့်ပင်။

သခင်ကြီး သုံးပါး၏ ရှေ့တွင် ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့လေ၏။

လူငယ်တစ်ယောက်။

ထိုသူက လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေလေသည်။

ကြောက်မက်ဖွယ် သရဲလက်သည်းကြီးကို ရင်ဆိုင်နေရသော်လည်း သူက စကားတစ်ခွန်းသာ ပြောလိုက်လေသည်။

"ရပ်လိုက်စမ်း"

ထိုစကားလုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နားလည်နိုင်စွမ်းမရှိသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့၏။

ထို့နောက်၌ ကမ္ဘာဖျက်မည့် စွမ်းအားများ ပြည့်နှက်နေသော ငရဲဘုံ သရဲလက်သည်းကြီးသည် လေထဲတွင်သာ ရပ်တန့်သွားတော့သည်။ ယင်းမှာ အချိန်တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ပင်။

၎င်းက အောက်သို့ ဆက်ပြီးမဆင်းသက်လာတော့ရုံသာမက လှုပ်ရှားနေသော မီးခိုးရောင် အရှိန်အဝါများနှင့် ငိုကြွေးနေသော သရဲတစ္ဆေများပင်လျှင် နေရာမှာတင် အေးခဲသွားပြီး လုံးဝ လှုပ်ရှားမှု မရှိတော့ချေ။

ဘာကြီးလဲ

စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ လူတိုင်း၏ မျက်လုံးများမှာ လုံးဝ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားကြလေ၏ယ

အံ့အားသင့်မှုဖြင့် တုံ့ပြန်ခြင်း မရှိသူများမှာ ရေခဲနန်းတော်မှ သိုင်းပညာရှင်များသာ ဖြစ်ကြသည်။ လူငယ်လေးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့၏ ကြောက်ရွံ့မှုများ ချက်ချင်း အရည်ပျော်ကျသွားတော့သည်။

ဘာကြောင့်လဲဆိုတော့ သူတို့ သိထားကြသောကြောင့်ပင်။ သူ ရှိနေသရွေ့ သူတို့ ဘာမှ စိုးရိမ်စရာ မလိုတော့ချေ။

ဟန်လင်းရွှမ်၏ မျက်နှာမှာ ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားလေသည်။

"မဟာသခင်လေး..."

ထိုလူများထဲတွင် မုန်းတျန်လောက် တုန်လှုပ်သွားသူ မည်သူမျှ မရှိချေ။

အဘယ်ကြောင့်ဆိုသော် သူ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ငရဲဘုံ သရဲလက်သည်း ကို သူ ဆက်လက်၍ မထိန်းချုပ်နိုင်တော့ကြောင်းကို တွေ့ရှိလိုက်ရသောကြောင့်ပင်ဖြစ်၏။ ထိုသိုင်းကွက်နှင့် သူ၏ ချိတ်ဆက်မှုက ရှိနေဆဲပင် ဖြစ်သော်ငြား ၎င်းကို လှုပ်ရှားအောင် သူ လုပ်၍မရတော့ချေ။

ရွှေအမြုတေအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော သူသည် မလှုပ်ရှားနိုင်သော တောင်ကြီးတစ်လုံးကို တွန်းထုတ်ရန် ကြိုးစားနေသကဲ့သို့ပင်။ သူ မည်မျှပင် အားစိုက်ထုတ်စေကာမူ ၎င်းက အနည်းငယ်မျှပင် ရွေ့လျားမည် မဟုတ်ချေ။

သူ၏ လျှို့ဝှက်ရတနာကို အသည်းအသန် အသက်သွင်းလိုက်ချိန်တွင်ပင် ရလဒ်မှာ အတူတူပင် ဖြစ်နေလေ၏။ ဤအခိုက်၌ သူ့ထံမှာ လုံးဝကို နားလည်နိုင်စွမ်း မရှိတော့ချေ။

ထို့နောက် သူ၏ အကြည့်များက သခင်ကြီး သုံးပါး၏ ရှေ့တွင် ရပ်နေသော လူငယ်လေးထံသို့ ကျရောက်သွားတော့သည်။

သူက ဘယ်သူလဲ

မုန်းတျန်၏ စိတ်က သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းရန် အလျင်အမြန် လည်ပတ်နေတော့သည်။

ထို့နောက်တွင်တော့ သူ၏ မျက်လုံးများက ရုတ်တရက် ထိတ်လန့်တကြားနှင့် ပြူးကျယ်သွားလေ၏။

အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရသောကြောင့်ပင်။

ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသည့် သခင်ကြီး သုံးပါးသည် ထိုလူငယ်လေးထံသို့ ဦးညွှတ်လိုက်ကြတော့၏။

....

အခန်း ၄၇၄ ၊ အပိုင်း ၁ - လုချင်း၏ ကြီးစိုးမှု၊ အခြေအနေ တစ်ရပ်လုံးကို ဖိနှိပ်ချုပ်ကိုင်လိုက်ခြင်း

သာမန်အဝတ်အစားနှင့် လူငယ်လေးတစ်ဦးက ရုတ်တရက် ပေါ်ထွက်လာပြီး စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် ငရဲဘုံသရဲလက်သည်း ကို လွယ်လွယ်ကူကူနှင့်သာ ဖျက်ဆီးပစ်လိုက်လေသည်။

ဤမြင်ကွင်းက ထိုနေရာရှိ အင်အားကြီးမားသော ကျွမ်းကျင်သူများအားလုံးကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့ပါ၏။ အဘယ်ကြောင့်ဆိုသော် မုန်းတျန် ထုတ်လွှတ်လိုက်သော သရဲအရှိန်အဝါများ ပြည့်နှက်နေသည့် ငရဲဘုံ သရဲလက်သည်းသည် ရွှေအမြုတေအဆင့် သိုင်းပညာရှင်များ၏ နှလုံးသားထဲတွင်ပင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့ပြီး သူတို့ကို ခုခံနိုင်စွမ်း ကင်းမဲ့သွားစေခဲ့သောကြောင့်ပင်။

သို့တိုင်အောင် ဤသာမန်အဝတ်အစားနှင့် လူငယ်လေးက လေထဲတွင် လွင့်ပျောက်သွားသော မြူခိုးများကဲ့သို့ ၎င်းကို ဤမျှ ပေါ့ပေါ့ပါးပါးလေး ဖျက်ဆီးပစ်လိုက်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

ပို၍ နားလည်ရခက်သည်မှာ သူ မည်သို့ လုပ်ဆောင်လိုက်သည်ကို မည်သူကမျှ အာရုံခံ သိရှိနိုင်ခြင်း မရှိခြင်းပင်။

ခဏတာလောက် စစ်မြေပြင်တစ်ခုလုံး အံ့အားသင့်စွာဖြင့် တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်လုံးများက သာမန်အဝတ်အစားနှင့် လူငယ်လေးအပေါ်သို့ စူးစိုက်ကျရောက်နေကြတော့သည်။

ထက်မြက်သော ဉာဏ်ရည်ရှိသူအချို့ကတော့ သူ မည်သူဖြစ်မည်ကို စတင်ခန့်မှန်းနေကြပြီ ဖြစ်သည်။ သို့သော် လူအများစုမှာ အဘယ်အရာ ဖြစ်ပျက်နေသည်ကို အပြည့်အဝ နားမလည်နိုင်သေးချေ။

ထိုအချိန်မှာပင် သခင်ကြီး သုံးပါးက လုချင်းဘက်သို့ အနည်းငယ် ဦးညွှတ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ရှေ့သို့ ထွက်လာကြလေသည်။

"ကျေးဇူးတင်ပါတယ် တာအိုဆရာ လု" သူတို့က ကျေးဇူးတင်စကားဆိုလိုက်ကြ၏။

"သခင်ကြီးတို့၊ အခက်အခဲတချို့နဲ့ ကြုံနေရပုံပဲ" လုချင်းက ခပ်ဖျော့ဖျော့ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ကျုပ်တို့ သုံးယောက်တည်းနဲ့တော့ မလုံလောက်တော့ဘူးထင်ပါတယ်။ ဒါကြောင့် တာအိုဆရာ လုကို အနှောင့်အယှက်ပေးရတော့မယ်"

ပထမ သခင်ကြီးက သက်ပြင်းတစ်ချက်ချကာ ခေါင်းခါလိုက်သည်။ အဆုံးတွင်တော့ သူတို့သည် လွန်ခဲ့သော နှစ်တစ်ထောင်ကကဲ့သို့ ဖြောင့်မတ်သော ဂိုဏ်းများ၏ ရိုသေလေးစားမှုကို ဆက်လက်၍ မရရှိနိုင်တော့ချေ။

"ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ" လုချင်းက တုံ့ဆိုင်းမှုအလျဉ်းမရှိ အနည်းငယ် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်လေ၏။

ဤစကားဝိုင်းကို ကြားလိုက်ရသောအခါ ဝန်းရံနေသော သိုင်းပညာရှင်များမှာ မည်သည့် သံသယမျှ မရှိကြတော့ချေ။ ဤသာမန်အဝတ်အစားနှင့် လူငယ်လေးသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး အမှန်ပင် ဖြစ်ပေ၏။

ထိုအခိုက်အတန့်၌ လုချင်းကို စူးစိုက်ကြည့်နေစဉ် လူတိုင်း၏ နှလုံးသားများမှာ အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။ သူ၏ နာမည်က နှစ်ပေါင်းများစွာကြာအောင် တစ်လောကလုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။ သို့သော် လူအများစုအတွက်မူ ဤသည်မှာ သူတို့၏ မျက်စိဖြင့် သူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်ပါ၏။

ထို့နောက် လုချင်းက လေထဲတွင်ရှိနေသော မုန်းတျန်ဘက်သို့ လှည့်လိုက်ရာ သူ၏ အကြည့်များမှာ တည်ငြိမ်ပြီး အေးစက်နေလေသည်။

"ကွေ့ယွမ်ဂိုဏ်းက မုန်းတျန်လား" လုချင်း၏ အသံတွင် မှားယွင်းနိုင်စရာ မရှိသော အာဏာပါဝင်နေ၏။ "မင်းတို့ ကွေ့ယွမ်ဂိုဏ်းက မြင့်မြတ်တဲ့တောင်တော်ရဲ့ နေရာကို ယူပြီး ဖြောင့်မတ်တဲ့ လမ်းစဉ်ရဲ့ ခေါင်းဆောင်နေရာကို လိုချင်နေတာလား"

သူ့အပေါ်သို့ ကျရောက်နေသော လုချင်း၏ အကြည့်များကို ခံစားရချိန်တွင် မုန်းတျန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားလေသည်။ သူ၏ စိတ်ဝိညာဉ်နှင့် စွမ်းအင်များပင်လျှင် ပိတ်ဆို့ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ စီးဆင်းမှုများ ဆုံးရှုံးသွားတော့သည်။

သူ ဘာမှ လုပ်၍မရတော့ချေ။ သူ့ရှေ့တွင် ရပ်နေသူမှာ လုချင်းပင်ဖြစ်ပေ၏။

လောကရှိ သိုင်းပညာရှင် အများစုအတွက် သူ၏ နာမည်က သူစိမ်းတစ်ယောက် ဖြစ်နေနိုင်ပေသည်။ အကြောင်းမူကား လူတိုင်းက သူ၏ တည်ရှိမှုအကြောင်းကို သိရှိရန် အရည်အချင်း မပြည့်မီသောကြောင့်ပင်။

သို့သော် ထိပ်တန်းဂိုဏ်းများကြားတွင်မူ သူ၏ နာမည်မှာ ဒဏ္ဍာရီတစ်ခု ဖြစ်လေ၏။ သူသည် ရွှေအမြုတေအဆင့် သိုင်းပညာရှင်များကို သတ်ဖြတ်နိုင်ခဲ့ကြောင်း လူသိများသည့် လောက၏ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပေသည်။ ပြီးတော့ အခုလေးတင်ပဲ သူက မုန်းတျန်၏ ငရဲဘုံ သရဲလက်သည်းကို အားစိုက်ထုတ်စရာမလိုဘဲ ဖျက်ဆီးပစ်လိုက်၏။

ဒါလေးတစ်ခုတည်းကပင် သူ၏ ခန့်မှန်း၍မရနိုင်သော စွမ်းအားကို သက်သေပြနေပြီ ဖြစ်သည်။

လုချင်းအပေါ် အလွန်အမင်း ကြောက်ရွံ့မှုများ ရှိနေသော်လည်း မုန်းတျန်သည် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းရန် အတင်းအကျပ် ကြိုးစားလိုက်၏။

ထို့နောက် ကြီးမားသော အားထုတ်မှုဖြင့် သူက တောင့်တင်းသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။

"တာအိုဆရာ လုလို့ ကျုပ် ယူဆပါတယ်။ ကျုပ်က ကွေ့ယွမ်ဂိုဏ်း ရဲ့ အကြီးအကဲချုပ် မုန်းတျန်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်"

သို့သော်လည်း လုချင်းက သူ့အား ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန် စိတ်ရှည်သည်းခံမှု မရှိချေ။

"ကျွန်တော့်မေးခွန်းကို ခင်ဗျား မဖြေရသေးဘူး" သူက အေးစက်စက် တုံ့ပြန်လိုက်၏။

မုန်းတျန် ခေတ္တမျှ ကြောင်အသွားတော့သည်။ လုချင်းက ဤမျှ တည့်တိုးဆန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ လုပ်ဖော်ကိုင်ဖက် များစွာ၏ ရှေ့တွင် ယဉ်ကျေးမှုကို လုံးဝ လျစ်လျူရှုထားခြင်းပင် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ခါးကိုမတ်လိုက်ပြီး ခိုင်မာသော အသံဖြင့် ပြောလိုက်သည်။

"တာအိုဆရာ လု... ခင်ဗျားကိုယ်တိုင် မြင်တဲ့အတိုင်းပါပဲ။ သခင်ကြီး သုံးပါးက သူတို့ရဲ့ ခန္ဓာကိုယ်အစစ်တွေနဲ့ မြင့်မြတ်တဲ့တောင်တော်ကနေ မထွက်ခွာနိုင်ကြဘူးလေ။ လက်ရှိ လောကရဲ့ အခြေအနေအရ သူတို့က ဖြောင့်မတ်တဲ့ လမ်းစဉ်ကို ဦးဆောင်ဖို့ မသင့်တော်တော့ပါဘူး။ ဖြောင့်မတ်တဲ့ သိုင်းပညာရှင်တွေအားလုံးရဲ့ အကျိုးအတွက် သူတို့က နေရာကနေ ဖယ်ပေးပြီး ပိုပြီး သင့်တော်တဲ့ ခေါင်းဆောင်တစ်ယောက်ကို နေရာယူခွင့်ပြုသင့်တယ်။ မဟုတ်ရင် ကျုပ်တောင်မှ သူတို့ရဲ့ ကိုယ်ပွားတွေကို အနိုင်ယူနိုင်တယ်ဆိုရင် သူတို့က ဒီလောကမှာ သောင်းကျန်းနေတဲ့ မကောင်းဆိုးဝါးတွေကို ဘယ်လိုလုပ် ဟန့်တားနိုင်မှာလဲ။ ဖြောင့်မတ်တဲ့ ဂိုဏ်းတွေရဲ့ သစ္စာခံမှုကို သူတို့ ဘယ်လို ရယူနိုင်မှာလဲ"

"ခင်ဗျားတို့ရဲ့ ကွေ့ယွမ်ဂိုဏ်းက ဒီနေရာကို ယူဖို့ သင့်တော်တယ်လို့ ခင်ဗျား ထင်နေတာလား" ရယ်ချင်စိတ် အနည်းငယ် ပါဝင်နေသော အသံဖြင့် လုချင်းက မေးလိုက်လေသည်။

"လောကကြီးမှာ ပါရမီရှင်တွေ အများကြီး ရှိပါတယ်" မုန်းတျန်က လေးနက်စွာ ဖြေကြားလိုက်သည်။ "ကွေ့ယွမ်ဂိုဏ်းက တခြားဂိုဏ်းတွေအားလုံးထက် သာလွန်တယ်လို့ ကျုပ် မပြောပါဘူး။ ဒါပေမဲ့ အမှန်တရား တစ်ခုကတော့ ရှိနေဆဲပါပဲ။ အဲ့တာကတော့ သခင်ကြီးတွေက အရည်အချင်း မပြည့်မီတော့ဘူးဆိုတာပါပဲ"

"သူတို့က အရည်အချင်း ပြည့်မီတယ်လို့ ငါက ပြောရင်ကော"

လုချင်း၏ အသံမှာ တည်ငြိမ်သော်လည်း အကြွင်းမဲ့ အာဏာပါဝင်နေလေသည်။

မုန်းတျန်မှာ ခေတ္တမျှ စကားပြောမထွက်တော့ချေ။ သူက လုချင်းကို ဘာပြောရမှန်းမသိဘဲ ကြောင်တောင်တောင် စိုက်ကြည့်နေမိတော့သည်။

သို့သော် လုချင်းက မယိမ်းယိုင်သော အသံဖြင့် ဆက်ပြောလေ၏။

"ခင်ဗျားက 'အင်အားကသာ အမှန်တရား' ဆိုတဲ့ သဘောတရားကို လေးစားပုံရတယ်။ အဲဒီလိုဆိုရင် ဖြောင့်မတ်တဲ့ လမ်းစဉ်ရဲ့ တရားဝင် ခေါင်းဆောင်အဖြစ် မြင့်မြတ်တဲ့တောင်တော်ရဲ့ အာဏာကို ကျွန်တော် အသိအမှတ်ပြုကြောင်း ကြေညာတယ်။ ကျွန်တော့်ကို ခင်ဗျား ဆန့်ကျင်ရဲလား"

"ဒါမှမဟုတ် ဒီကလူတွေထဲမှာ ဒါကို စိန်ခေါ်ချင်တဲ့သူ ရှိလား"

ထိုအခိုက်အတန့်တွင် မုန်းတျန်သာမက ထိုနေရာရှိ အခြား ဂိုဏ်းခေါင်းဆောင်အားလုံးသည်လည်း လုံးဝ အံ့အားသင့်သွားကြလေသည်။ သူတို့ရှေ့ရှိ သာမန်အဝတ်အစားနှင့် လူငယ်လေးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြတော့၏။

လုချင်းက ဤမျှ အလျှော့မပေးသော ပုံစံဖြင့် မြင့်မြတ်သောတောင်တော်ကို ထောက်ခံလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

"ကန့်ကွက်ချင်တဲ့သူ မရှိဘူးထင်ပါတယ်"

လုချင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ ခပ်ဖျော့ဖျော့ ရယ်မောလိုက်၏။

"တာအိုဆရာ လု... ဒါက မင်းက သခင်ကြီးတွေရဲ့ ကန့်သတ်ချက် သဘောတရားတွေကို ထောက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်လား" သီသီလေး ဖိနှိပ်ထားသော ဒေါသများဖြင့် မုန်းတျန်က နောက်ဆုံးတွင် စကားပြောလာသည်။ "ဒီလိုလုပ်မယ်ဆို တစ်လောကလုံးက သိုင်းပညာရှင်တွေအားလုံး မင်းကို ဆန့်ကျင်လာမှာကို မကြောက်ဘူးလား"

"တစ်လောကလုံးက ကျွန်တော့်ကို ဆန့်ကျင်လာမှာကိုလား"

လုချင်းက ဂရုမစိုက်သော မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။

"ခင်ဗျားတို့အားလုံးက ကိုယ့်အင်အားကိုယ် အထင်ကြီးနေကြပုံပဲ။ ကျွန်တော့်ကို ဆန့်ကျင်ဖို့ ခင်ဗျားတို့မှာ အရည်အချင်းရှိတယ်လို့ ဘယ်အရာကများ ခင်ဗျားတို့ကို ယုံကြည်သွားစေတာလဲ"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လုချင်းထံမှ အရှိန်အဝါ တစ်စွန်းတစ်စ ထွက်ပေါ်လာတော့သည်။

နောက်တစ်ခဏတွင် လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်များ အောက်သို့ နစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုသည်မှာ မျက်စိဖြင့် မမြင်နိုင်သော ကြီးမားလှသည့် စွမ်းအားကြီးတစ်ခုက သူတို့ကို ဖိချေနေသကဲ့သို့ပင်။ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ဖိနှိပ်မှုကြီးတစ်ခု ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များကိုသာမက သူတို့၏ စိတ်ဝိညာဉ်များကိုပါ ဖိနှိပ်ထားလေ၏။

ထို့ပြင် ဖိအားက ဆက်လက်၍ မြင့်တက်လာနေပြီး ခန့်မှန်း၍မရနိုင်လောက်အောင် လေးလံသော တောင်ကြီးတစ်လုံးက သူတို့အပေါ်သို့ တဖြည်းဖြည်း ကျဆင်းလာသကဲ့သို့ပင် ဖြစ်နေလေသည်။

"ကန့်သတ်ချက်တွေလား" လုချင်း၏ အသံကတော့ အေးစက်နေဆဲပင်။ "ခင်ဗျားတို့ကို တောင်းဆိုထားတာက လူနေထူထပ်တဲ့ နေရာတွေမှာ တိုက်ခိုက်တာကို ရှောင်ကြဉ်ဖို့နဲ့ အကြောင်းမဲ့ သတ်ဖြတ်တာကို ရှောင်ကြဉ်ဖို့လိုမျိုး ရိုးရှင်းတဲ့ စည်းမျဉ်းလေး နည်းနည်းလေးကို လိုက်နာဖို့ပဲလေ။ ဒါတောင်မှ ခင်ဗျားတို့ မျက်စိထဲမှာ ဒါက သည်းမခံနိုင်တဲ့ အချည်အနှောင်တစ်ခု ဖြစ်နေတာမလား"

"ဘာမှနားမလည်တဲ့ လူမိုက်ကောင်တွေ၊ ခင်ဗျားတို့က သိုင်းကျင့်တာကို တိရစ္ဆာန်တွေလို ကျင့်နေကြတာပဲ" သူ၏ အသံက ပို၍ပင် ထက်ရှလာခဲ့၏။

"စွမ်းအားနည်းနည်းလေး ရလိုက်တာနဲ့ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ နတ်ဘုရားတွေလို့ ထင်ပြီး သာမန်လူတွေကို ထင်သလို သတ်ဖြတ်လို့ရပြီလို့ ထင်နေကြတာလား။ သိုင်းကျင့်စဉ်လမ်းကို မစခင်က ခင်ဗျားတို့ကိုယ်တိုင်လည်း သာမန်လူတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မေ့သွားကြပြီလား"

"မကြာသေးခင် နှစ်တွေအတွင်းမှာ ခင်ဗျားတို့လို ကောင်တွေ ဖန်တီးခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ ပဋိပက္ခတွေကြောင့် အပြစ်ကင်းတဲ့ သက်ရှိဘယ်နှယောက်များ သူတို့ချစ်ရတဲ့ မွေးရပ်မြေကနေ ရွှေ့ပြောင်းခံခဲ့ရလဲဆိုတာကို ခင်ဗျားတို့ နားလည်ရဲ့လား"

"သခင်ကြီးတွေက သနားညှာတာမှုနဲ့ ခင်ဗျားတို့အားလုံးကို အခွင့်အရေးတစ်ခု ပေးဖို့ ရွေးချယ်ခဲ့တယ်။ ဒီညီလာခံကို ကျင်းပပြီး လောကကြီးကို အစီအစဉ်တကျ ပြန်ပြီးတည်ဆောက်ဖို့အတွက် မူဘောင်တစ်ခု ဖန်တီးပေးဖို့လေ"

"ကျွန်တော့်သဘောသာဆိုရင်တော့ ခင်ဗျားတို့ကောင်တွေ အကုန်လုံးကို သတ်ပစ်လိုက်ရုံပဲ။ ခင်ဗျားတို့သာ သေသွားရင် လောကရဲ့ ပဋိပက္ခတစ်ဝက်လောက်က ချက်ချင်း ပျောက်ကွယ်သွားမှာလေ။ ပြီးတော့ သာမန်ပြည်သူတွေလည်း နောက်ဆုံးမှာ သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်သွားကြလိမ့်မယ်"

လုချင်း၏ စကားများက ငြင်းဆို၍မရနိုင်သော လေးနက်မှုကို သယ်ဆောင်ထားပြီး သူ၏ အသံမှာ စက္ကန့်နှင့်အမျှ ပို၍ အေးစက်လာလေသည်။ သူ၏ အရှိန်အဝါမှာလည်း အလှည့်ကျ ပို၍ ဖိနှိပ်လာတော့၏။

ထိုစဉ် သူ၏ အနောက်၌ မီးရောင်ကဲ့သို့ တောက်ပနေသော ဧရာမ ရှေးဟောင်း ဒယ်အိုးကြီးတစ်လုံးက တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။

ဤအခိုက်အတန့်တွင် စုဝေးနေကြသော ဂိုဏ်းခေါင်းဆောင်များနှင့် ကျွမ်းကျင်သူများ အားလုံးကြားတွင် သူ တမင်တကာ ချန်လှပ်ထားခဲ့သော လူအနည်းငယ်မှလွဲ၍ ကျန်လူတိုင်းသည် အခြေတည်အဆင့် သိုင်းပညာရှင်များ၊ ရွှေအမြုတေ သိုင်းပညာရှင်များ သို့မဟုတ် ထိပ်တန်း ရွှေအမြုတေ အဆင့်ရှိသူများပင် ဖြစ်ပါစေ၊ သူတို့၏ စိတ်ဝိညာဉ်နှင့် စွမ်းအင်များက လုံးဝကို ပိတ်ဆို့ခံထားရပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ကြောင်းကို ခံစားလိုက်ကြရသည်။

နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါများကို ထုတ်လွှတ်ကာ သူတို့ရှေ့တွင် ရပ်နေသော လုချင်းကို အကြောက်တရားသက်သက်ဖြင့်သာ စိုက်ကြည့်နေနိုင်ကြတော့၏။

အထူးသဖြင့် ရွှေအမြုတေအဆင့် သိုင်းပညာရှင်များပင်။ သူတို့၏ ကိုယ်ပိုင် အကျပ်အတည်းကို သူတို့ သီသီလေးသာ ယုံကြည်နိုင်ကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို နားလည်သွားခဲ့ကြသောကြောင့်ပင်။

သူတို့သည် လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရပြီ ဖြစ်၏။ လုချင်းကို ဆန့်ကျင်ရန် အနည်းငယ်သော ခုခံမှုလေးကိုပင် သူတို့ မဖန်တီးနိုင်တော့ချေ။

အဆိုးဆုံးအချက်မှာ သူ၏ စကားများက ခြိမ်းခြောက်မှု သက်သက်မဟုတ်ခြင်းပင်။ သူသာ သူတို့အားလုံးကို အမှန်တကယ် သတ်ဖြတ်လိုပါက မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။ တစ်ယောက်မှကို တားဆီးနိုင်မည် မဟုတ်တော့။

...

အခန်း ၄၇‌၄ ၊ အပိုင်း ၂ - လုချင်း၏ ကြီးစိုးမှု၊ အခြေအနေ တစ်ရပ်လုံးကို ဖိနှိပ်ချုပ်ကိုင်လိုက်ခြင်း

လုချင်းထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လာသည်နှင့်အမျှ လူတိုင်း၏ နှလုံးသားထဲရှိ အကြောက်တရားများကလည်း ပိုပို၍ နက်ရှိုင်းလာတော့သည်။

သို့သော်လည်း သူတို့မှာ လုံးဝ ဖိနှိပ်ခံထားရပြီး သနားညှာတာမှု တောင်းခံရန်ပင် မတတ်နိုင်တော့ချေ။

ထိုအရာကို သတိပြုမိသွားသောအခါ လူအများအပြား၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ပေါ်ထွက်လာလေ၏။

နောက်ဆုံးတွင်တော့ အချို့သော သူများမှာ လုချင်း၏ ဖိနှိပ်ထားသော အရှိန်အဝါအောက်တွင် ဖိချေခံရကာ သေဆုံးတော့မည့် အချိန်လေးမှာပင်...

ပထမ သခင်ကြီးက ရုတ်တရက် သက်ပြင်းတစ်ချက်ချကာ ရှေ့သို့ ထွက်လာသည်။ "တာအိုဆရာလေး လု... တော်ပါတော့။ လောလောဆယ်တော့ သူတို့ကို ချမ်းသာပေးလိုက်ပါ"

"ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် တချို့က မင်းရဲ့ အရှိန်အဝါကို မခံနိုင်ဘဲ စိတ်တွေ ကြေမွပြီး သေဆုံးသွားနိုင်တယ်"

"သခင်ကြီး... ခင်ဗျားကတော့ အရမ်းကို သနားညှာတာလွန်းနေတုန်းပဲနော်" လုချင်းက ခေါင်းခါလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ပထမ သခင်ကြီး၏ အကြံပြုချက်ကို လိုက်နာခဲ့ပြီး သူ၏ အရှိန်အဝါကို ပြန်၍ရုတ်သိမ်းလိုက်တော့၏။

ဘန်း ဘန်း ဘန်း …

လုချင်းက သူ၏ ဖိနှိပ်ထားသော စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်သည်နှင့် လူအများအပြားမှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် လဲကျသွားကြလေသည်။ သူတို့သည် ချွေးများရွှဲနစ်နေလျက်ဖြင့် အသက်ကို ပြင်းပြင်းရှူနေကြပြီး သူတို့၏ မျက်နှာများမှာ ကပ်ဘေးကြီးတစ်ခုမှ အခုလေးတင် လွတ်မြောက်လာသူများ၏ အသွင်အပြင်များဖြင့် ပြည့်နှက်နေတော့သည်။

သူတို့ လုချင်းကို လှည့်ကြည့်လိုက်သောအခါ၌ သူတို့၏ အကြည့်များမှာ ယခုအခါ အကြွင်းမဲ့ အကြောက်တရားများဖြင့် ပြည့်နှက်နေလေပြီပင်။

အခုလေးတင် ထိုကြောက်မက်ဖွယ် ဖိအားကြီးအောက်တွင် သူတို့ ဖိချေခံရပြီး သေဆုံးတော့မည်ဟု အမှန်တကယ် ယုံကြည်ခဲ့မိကြပါ၏။

"မဟာသခင်လေး..."

ရေခဲနန်းတော်ဘက်တွင်တော့ တပည့်များက လုချင်းကို ဖော်ပြ၍မရနိုင်လောက်အောင် ရိုသေလေးစားမှုများဖြင့် ကြည့်နေကြလေသည်။

အစောပိုင်းက သူတို့ဂိုဏ်းသည် လုချင်း၏ ဖိနှိပ်မှု စွမ်းအားမှ ချန်လှပ်ထားခြင်း ခံရသော ဂိုဏ်းအနည်းငယ်ထဲမှ တစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် လုချင်းသည် သူ၏ အရှိန်အဝါသက်သက်ဖြင့် ထိုနေရာရှိ အင်အားကြီးမားသော ကျွမ်းကျင်သူများ အားလုံးကို မည်သို့ တစ်ယောက်တည်း ဖိနှိပ်သွားခဲ့သည်ကို သူတို့ ပို၍ ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရပါ၏။

"သူ့ရဲ့ နာမည်ကျော်ကြားမှုက တကယ့်ကို ထိုက်တန်တာပဲ။ လောကရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ဆိုတဲ့အတိုင်းပါပဲလား"

ချင်းယန်ဘုရားကျောင်း ရပ်နေသော နေရာတွင် အဖြူရောင်ဆံပင်နှင့် မုတ်ဆိတ်မွေးရှိသော သက်ကြီးရွယ်အို တာအိုဆရာက သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်လေသည်။

အလယ်ဗဟိုတွင် တည်ငြိမ်အေးဆေးစွာ ရပ်နေသော လုချင်းကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲပင်။ ရေခဲနန်းတော်နှင့်မတူဘဲ ချင်းယန်ဘုရားကျောင်းမှာမူ ထိုမျှ ကံမကောင်းခဲ့ချေ။ သူတို့သည်လည်း လုချင်း၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါအောက်တွင် လွှမ်းခြုံခံခဲ့ရလေ၏။

ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း လုချင်း၏ ဖိအားအောက်တွင် လုံးဝ မလှုပ်ရှားနိုင်ဖြစ်နေသည်ကို သူ တွေ့ရှိခဲ့ရသည်။ သူ၏ ရွှေအမြုတေ စွမ်းအင်များကို မည်မျှပင် လည်ပတ်စေကာမူ ထိုကြောက်မက်ဖွယ် ဖိနှိပ်မှုမှ သူ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ချေ။

ယခင်က ဆံပင်အဖြူနှင့် တာအိုဆရာသည် သူ၏ ကိုယ်ပိုင်စွမ်းအားအပေါ် အနည်းငယ် ယုံကြည်မှု ရှိခဲ့ဖူးပါ၏။

သို့သော် ယခုအခါတွင်တော့ လုချင်း၏ရှေ့တွင် သူသည် အခြားသူများနှင့် ကွာခြားမှုမရှိကြောင်း၊ တူညီစွာပင် စွမ်းအားကင်းမဲ့နေကြောင်းကို သူ အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

"ဒီလူက ကျုပ်တို့ ဘယ်တော့မှ မစော်ကားသင့်တဲ့သူပဲ"

ယွင်ရွှေ လျှို့ဝှက်နယ်မြေအတွင်းရှိ ရွှေအမြုတေအဆင့် သိုင်းပညာရှင်တစ်ဦးမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေ၏။

အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရန် သူသည် သူ၏ဂိုဏ်းမှ အဖိုးတန် ရတနာတစ်ခုကို ယူဆောင်လာခဲ့သည်။ ညီလာခံအတွင်း မမျှော်လင့်ထားသောအရာတစ်ခုခု ဖြစ်ပေါ်လာပါက သူ၏ ဂိုဏ်းမှ တပည့်များကို ကာကွယ်ရန် ထိုရတနာကို သူ အသုံးပြုနိုင်မည် ဖြစ်သည်။

သို့သော် အခုလေးတင် လုချင်း၏ ဖိနှိပ်မှု စွမ်းအားက သူ့အပေါ် ကျရောက်လာသောအခါ၌...

သူ့အတွင်းရှိ ရတနာက အသက်ဝင်ရန် ငြင်းဆန်နေသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။ သူ မည်မျှပင် အသက်သွင်းရန် ကြိုးစားစေကာမူ ၎င်းသည် သူ၏ ဒျန်ထျန်အတွင်းတွင်သာ ပိတ်လှောင်ခံထားရပြီး လုံးဝကို ဖိနှိပ်ခံထားရလေ၏။

ဤအခိုက်အတန့်တွင် သူ အပြည့်အဝ နားလည်သွားခဲ့ပြီဖြစ်၏။ ထိုသည်ကတော့ လုချင်း၏ စွမ်းအားက သူ၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေပြီ ဖြစ်ကြောင်းကိုပင်။

သာမန် ရတနာတစ်ခုကို အားကိုးဖို့ဆိုတာ ထားလိုက်ဦး၊ ဝိညာဉ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားလျှင်တောင်မှ လုချင်း၏ ရှေ့တွင် အသုံးဝင်မည် မဟုတ်ဟု သူ စိုးရိမ်မိသည်။

မဟုတ်ဘူး။ အသုံးမဝင်ရုံတင် မဟုတ်ဘူး။

ဒဏ္ဍာရီလာ ဝိညာဉ်လက်နက်တစ်ခု ရှိနေလျှင်တောင်မှ လုချင်း၏ အရှိန်အဝါအောက်တွင် သူ လှုပ်ရှားနိုင်မည် မဟုတ်ကြောင်း သေချာသလောက်ပင် ဖြစ်၏။

ယခုအချိန်မှစ၍ ဤရွှေအမြုတေ သိုင်းပညာရှင်သည် လုချင်း၏ နာမည်ကို ယွင်ရွှေ လျှို့ဝှက်နယ်မြေမှ မည်သည့်အခါမျှ မသွားရောက် ရန်မစသင့်သော အထိအတွေ့မခံနိုင်သည့် တည်ရှိမှုတစ်ခုအဖြစ် သူ၏ စိတ်ထဲတွင် ခိုင်မြဲစွာ မှတ်တမ်းတင်ထားလိုက်တော့သည်။

လျှို့ဝှက်နယ်မြေကြီး သုံးခုကပင် ဤကဲ့သို့သော ကောက်ချက်ချမှုသို့ ရောက်ရှိသွားခဲ့ပြီဆိုလျှင် အခြားဂိုဏ်းများမှာလည်း ပို၍ပင် ထိတ်လန့်နေကြပြီမှာ မလွဲဧကန်ပင်။

သူတို့၏ မျက်လုံးထဲတွင်တော့ လုချင်းသည် သူတို့ အကြောက်ရဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ ဖြစ်၏။

…

"မုန်းတျန်၊ ခင်ဗျားတို့ ကွေ့ယွမ်ဂိုဏ်းက ဖြောင့်မတ်တဲ့လမ်းစဉ်ရဲ့ ခေါင်းဆောင် ဖြစ်ချင်နေတုန်းပဲလား"

ဤအခိုက်အတန့်တွင် လုချင်း၏ အသံက တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြန်၏။ လူတိုင်း၏ အကြည့်များကလည်း မုန်းတျန်ထံသို့ လှည့်သွားကြလေသည်။

လုချင်း၏ အစောပိုင်း ဖိနှိပ်မှုအောက်တွင် ယခင်က မောက်မာပြီး အင်အားကြီးမားခဲ့သော ဤရွှေအမြုတေအဆင့် သိုင်းပညာရှင်မှာ သူ၏ တည်ငြိမ်မှုကို ကာလကြာရှည်ကတည်းက ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ အစောပိုင်းကတည်းက ဒဏ်ရာရရှိထားပြီးဖြစ်ရာ လုချင်း၏ အရှိန်အဝါကြောင့် ပို၍ပင်ထိခိုက်သွားပြီး သူ၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားလာခဲ့တော့၏။

သူ၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူရော်နေပြီး သူ၏ အသက်ရှူသံမှာလည်း အားနည်းနေလေသည်။ လုချင်း၏ စကားများကို ကြားသောအခါ၌ သူ၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားတော့၏။

သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုက တလက်လက် တောက်ပသွားရှာ၏။

အစောပိုင်းက လုချင်း၏ ဖိနှိပ်ထားသော စွမ်းအားအောက်တွင် သူသည် သူ၏ ဝှက်ဖဲဖြစ်သော သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသော ရတနာကို အသက်သွင်းရန် ကြိုးစားခဲ့သည်။ သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ သူ စတင်သန့်စင်ခဲ့ချိန်မှစ၍ အမြဲတမ်း ကြီးမားသော စွမ်းအားများကို ပြသခဲ့သော ထိုရတနာသည် ယခုအခါ သားကောင်တစ်ကောင်နှင့် ရင်ဆိုင်ရသကဲ့သို့ တုံ့ပြန်နေခြင်းပင်။

သူ မည်မျှပင် အတင်းအကျပ် ခိုင်းစေစေကာမူ ရတနာသည် သူ၏ ဒျန်ထျန် အနက်ရှိုင်းဆုံးနေရာတွင် ကွေးကွေးလေးသာနေနေကာ လှုပ်ရှားရန် ငြင်းဆန်နေလေ၏။ ၎င်း၏ အရှိန်အဝါ အနည်းငယ်မျှကိုပင် မထုတ်လွှတ်ရဲချေ။

ယခု သူ၏ အကြီးမားဆုံး အားကိုးရာက သူ့ကို စွန့်လွှတ်သွားခဲ့ပြီဖြစ်ရာ မုန်းတျန်သည် လုချင်းကို မည်သည့်ယုံကြည်မှုမျှ မရှိဘဲ ရင်ဆိုင်နေရတော့၏။

သူက ခါးသက်စွာ ရယ်မောလိုက်သည်။

"မင်းရဲ့ ကျင့်ကြံမှုက တကယ့်ကို နက်နဲလွန်းလှပါတယ်။ ကျုပ်ရဲ့ စိတ်ကူးထက်ကို အများကြီး ကျော်လွန်နေပါတယ်။ သိုင်းပညာရှင်တွေကြားမှာ အင်အားကသာ ဘုရင်ပါပဲ။ မင်းရဲ့ စွမ်းအားက အမြင့်မြတ်ဆုံး ဖြစ်နေပြီဆိုမှတော့ သဘာဝကျကျပဲ လောကကြီးကလည်း မင်းရဲ့ ဆန္ဒအတိုင်း လိုက်နာရမှာပေါ့"

"ဒါပေမဲ့ ကျုပ် ပြောခဲ့တဲ့ စကားအတိုင်းပါပဲ။ ကျုပ်တို့ သိုင်းပညာရှင်တွေဆိုတာ အချည်နှောင်ခံရဖို့ မဟုတ်ဘူး"

"မင်းက လောကကြီးကို အင်အားသုံးပြီး ဖိနှိပ်ထားရင်တောင် တစ်နေ့မှာ ဒီသံကြိုးတွေကို ရိုက်ချိုးပစ်ဖို့ ပိုသန်မာတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာဦးမှာပဲ"

သူ၏ စကားများက ထိုနေရာရှိ သိုင်းပညာရှင်များစွာ၏ နှလုံးသားကို လှုပ်ခတ်သွားစေသော ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုကို သယ်ဆောင်ထားလေသည်။ ဤမျှ စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေမျိုးတွင်ပင် မုန်းတျန်က ဤမျှ ရပ်တည်ချက် ခိုင်မာနေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

လူအများအပြားမှာ သူ့ကို အသစ်တစ်ဖန် လေးစားမှုများဖြင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။ အချို့သော သိုင်းပညာရှင်များဆိုလျှင် သူ၏ စကားများအပေါ် သိမ်မွေ့သော ထပ်တူကျမှုတစ်ခုကိုပင် ခံစားလိုက်ရပါ၏။

"ခေါင်းမာလိုက်တဲ့ကောင်"

မုန်းတျန်၏ ဖြောင့်မတ်သော ပြသမှုအပေါ် လုချင်းက ခေါင်းခါလိုက်လေသည်။

"ခင်ဗျားရဲ့ ယုံကြည်မှုက ခင်ဗျားခန္ဓာကိုယ်ထဲက အဲဒီ မကောင်းဆိုးဝါး ရတနာကနေ လာတာ မဟုတ်လား။ ခင်ဗျားက အဲဒီရဲ့ လွှမ်းမိုးမှုအောက်မှာ အတော်လေးကို ဖျက်ဆီးခံထားရပုံပဲ"

"အဲဒီလိုဆိုရင် အဲဒီနောက်ကွယ်မှာ ဘာရှိလဲဆိုတာ ကျွန်တော် ကြည့်ရသေးတာပေါ့"

စကားပြောရင်း လုချင်းက သူ၏လက်ကို ဆန့်ထုတ်လိုက်လေသည်။

နီးကပ်လာသော အန္တရာယ်ကို အာရုံခံမိချိန်တွင် မုန်းတျန်၏ အမူအရာမှာ သိသိသာသာကို ပြောင်းလဲသွားတော့၏။ ထို့နောက်၌ သူ၏ စိတ်ဝိညာဉ် စွမ်းအင်များ မြင့်တက်လာပြီး သူ၏ ပတ်ဝန်းကျင်တွင် မီးခိုးရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ထွက်ပြေးရန် ကြိုးစားနေကြောင်းကို ပြသနေလေသည်။

သို့သော် သူသည် လုချင်း၏ လက်ထဲမှ ဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း။

သူ၏ အရှိန်အဝါ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လွှမ်းမိုးနိုင်စွမ်းရှိသော ဖိနှိပ်မှု စွမ်းအားကြီးတစ်ခုက သူ့အပေါ် ကျရောက်လာပြီး သူ့ကို နေရာမှာတင် ပိတ်လှောင်လိုက်တော့၏။

ထို့နောက် လုချင်းက သူ၏လက်ချောင်းများက အနည်းငယ် တင်းကျပ်လိုက်၏။

ထိုအခါ၌ ကြီးမားလှသော စွမ်းအားကြီးတစ်ခုက မုန်းတျန်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားပြီး သူ၏ ဒျန်ထျန်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

အတွင်းရှိ ပုန်းကွယ်နေသော အရာက မတုံ့ပြန်နိုင်မီမှာပင် ၎င်းကို အတင်းအကျပ် ဆွဲထုတ်လိုက်တော့၏။

"မင်း ဘာလုပ်နေတာလဲ"

မုန်းတျန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သို့သော် လုချင်းကတော့ သူ့ကို လျစ်လျူရှုထားကာ သူ၏ ဆုပ်ကိုင်မှုကိုပဲ ပိုမို တင်းကျပ်လိုက်လေ၏။

နောက်တစ်ခဏတွင်တော့ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာတော့သည်။

မီးခိုးရောင် သရဲလက်သည်းကြီးတစ်ခုကို မုန်းတျန်၏ ဒျန်ထျန်ထဲမှ တဖြည်းဖြည်း ဆွဲထုတ်လိုက်လေသည်။ ထိုလက်သည်းကြီးမှာ ရုပ်ဆိုးအကျည်းတန်လှပြီး အေးစက်စက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။

၎င်းကို ကြည့်ရုံမျှဖြင့်ပင် လူတစ်ယောက်၏ စိတ်ကို မူးဝေသွားစေပြီး ဆိုးရွားသော အတွေးများဖြင့် ပြည့်နှက်သွားစေနိုင်ပါ၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက ထိုနေရာရှိ လူတိုင်းကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့တော့သည်။

All Chapters