← Chapters

အခန်း ၂၈၆၆

Vol. 227 Ch. 2866

အခန်း ၂၈၆၆

Vol. 227 Ch. 2866

အခန်း(၂၈၆၆)

တလော့အင်မော်တယ် တစ်ပိုင်းအဆင့်သည် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်ထက် စာလျှင် အလွန်တရာရှားပါးသည့် တည်ရှိမှုမျိုး ဖြစ်သည်။

သိထားရမည့်အချက်မှာ အင်မော်တယ်လောကရှိ ရွှေအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူ အများစုသည် တလော့စွမ်းအားကို အချိန်အတော်ကြာအောင် အားထုတ် စုဆောင်းလာကြမည်ဆိုလျှင် ခြေလှမ်းတစ်ဝက် တလော့အဆင့်ကို ရောက်ရှိရန် မျှော်လင့်ချက် ရှိကြသည်။

တလော့အင်မော်တယ် တစ်ပိုင်းအဆင့်ကမူ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအား၏ အနှစ်သာရကို နားလည်သဘောပေါက်ထားသောအဆင့် ဖြစ်သည်။

ဤသည်မှသာ တလော့အဆင့်ထဲကို ခြေတစ်ဖက် လှမ်းထားနိုင်ခဲ့ပြီဟု ဆို၍ ရနိုင်၏။

ရွှေအင်မော်တယ်အဆင့်တွင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည်သဘောပေါက်သွားပြီ ဆိုလျှင် ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိသည်နှင့် တလော့စွမ်းအားကို စုစည်းလိုက်လျှင် ခြေလှမ်းတစ်ဝက်တလော့အဆင့်ကို တစ်ခါတည်း ကျော်ဖြတ်ကာ တလော့အင်မော်တယ်အဆင့်ကို တိုက်ရိုက် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ဆိုရလျှင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအင်ကို နားလည် သဘောပေါက်ထားပါက ရွှေအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိသည်နှင့် မျက်စိတစ်မှိတ်အတွင်း တလော့အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်ပေသည်။

အင်မော်တယ်လောကတွင် ခြေလှမ်းတစ်ဝက် တလော့အဆင့်ကို ရောက်ရှိနေသူ အများအပြား ရှိသော်လည်း တလော့အင်မော်တယ် တစ်ပိုင်းအဆင့်ကို ရောက်ရှိနိုင်သူမှာ အတော်လေးရှားပါးသည်။

ဆိုရလျှင် ခြေလှမ်းတစ်ဝက် တလော့အဆင့်ကို မရောက်ရှိသေးဘဲ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို ကြိုတင် နားလည်သဘောပေါက်ထားသည့် ရွှေအင်မော်တယ်အဆင့် ပါရမီရှင်ကိုသာ တလော့အင်မော်တယ် တစ်ပိုင်းဟု ခေါ်ဆိုရန် အရည်အချင်း ပြည့်မီ၏။

ဝိရောဓိနယ်မြေ၏ နှစ်သန်းပေါင်းများစွာ ကြာမြင့်သော သမိုင်းကြောင်းကို ပြန်ကြည့်လျှင်ပင် ယင်းကဲ့သို့ ပါရမီရှင်မျိုးသည် လက်ချိုးရေတွက်၍ ရနိုင်ရုံမျှသာ ရှိခဲ့သည်။

[သခင်လေးကျန်းချန်က ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းရည်ကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် နားလည် သဘောပေါက်သွားခဲ့တယ်လား]

ဖုန်းချန်ရှင်းက အတော်လေး အံ့အားသင့်နေခဲ့ပြီး မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

ကျန်းချန်ထံတွင် ဖုန်းမိသားစုက ပြုစုပျိုးထောင်ထားသော ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး ရှိမှန်း သူသိထားသော်လည်း ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည် ဆိုသည်မှာ အင်မော်တယ်လမ်းစဥ်၏ ဥပဒေသ ဖြစ်သည့် အတွက် နားလည်သဘောပေါက်ရန် မည်သို့မျှ မလွယ်ကူပေ။

ထို့အပြင် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် အင်မော်တယ် ဥပ‌‌ဒေသကို နားလည်သဘောပေါက်ရန် အတွက် အထောက်အကူသာ ပြုပေးနိုင်ခြင်း ဖြစ်သည်။

ဆိုရလျှင် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ရရှိခဲ့သူများ ရှိခဲ့ဖူးသော်လည်း ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည်နိုင်လောက်သည် အထိတော့ မည်သူမှ မစွမ်းဆောင်နိုင်ခဲ့ကြပေ။

အကယ်၍ နားလည်သဘောပေါက်ခဲ့လျှင်ပင် ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ခန့် တံခါးပိတ်ကျင့်ကြံမှု မပြုလုပ်ဘဲ ဘယ်လိုမှ မဖြစ်နိုင်ချေ။

သို့သော်လည်း ကျန်းချန်ကမူ ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ရရှိပြီး ဆယ်ရက် အတွင်းမှာပင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည်သွားခဲ့သည်။

ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည် မဟုတ်ပါလော။

“ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းရည်ပါလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဟွမ်ကျီက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် မှင်တက်နေခဲ့ပြီး သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ထိုက်ယီအဆင့် အင်အားစုဖြစ်သည့် တိကွန်အင်မော်တယ်နန်းတော်ကို ဝင်ရောက်ကတည်းကပင် ဟွမ်ကျီ၏ ခွန်အားနှင့် ယုံကြည်မှုများသည် မကြုံစဖူးအဆင့် အထိ တိုးတက်လာခဲ့သည်။

ဤတစ်ခေါက် ဖုန်းမိသားစု ဆီကို လာခဲ့ရာတွင် ဟွမ်ကျီသည် ဖုန်းမိသားစုမှ လူငယ် တပည့်များကို သူ၏ မျက်စိထဲတွင် လုံးဝ ထည့်မထားခဲ့ပေ။

သို့သော်လည်း ဖုန်းမိသားစုသည် ဤကဲ့သို့ မွန်းစတားဆန်သော ပါရမီရှင် တစ်ယောက်ကို ရှာဖွေတွေ့ရှိထားခဲ့သည်။

ထိုပါရမီရှင်က ရွှေအင်မော်တယ် စတုတ္ထအဆင့်ဖြင့်ပင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည် သဘောပေါက်ထားသည့် တလော့အင်မော်တယ် တစ်ပိုင်း ဖြစ်နေခဲ့သည်။

ဤကဲ့သို့ ပြိုင်ဘက်၏ ရှေ့မှောက်တွင် သူ့အနေဖြင့် လုံးဝခုခံနိုင်စွမ်း မရှိချေ။

“မိတ်ဆွေ.. ဒီကိစ္စက ငါတို့ ဟွမ်မိသားစုနဲ့ ဖုန်းမိသားစုကြားထဲက ကိစ္စပါ.. ဟွမ်မိသားစုနဲ့ တိကွန်အင်မော်တယ်နန်းတော်တို့ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကိစ္စထဲ ဝင်မပါဖို့ တောင်းဆိုပါတယ်”

ဟွမ်ကျီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။

ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် တလော့အင်မော်တယ် တစ်ပိုင်းအဆင့်သည် ထူးခြားသော နောက်ခံရှိမည်မှာ သေချာပြီး ဟန်ယွင် အင်အားစုများ သို့မဟုတ် အင်မော်တယ်ဘုရင်အဆင့် အင်အားစုများ ထံမှ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်နေနိုင်ခြေ အလွန်ပင် များပြားနေခဲ့သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သူတို့ ဟွမ်မိသားစု မဆိုထားနှင့်၊ တိကွန်အင်မော်တယ်နန်းတော် ပင်လျှင် အလွယ်တကူ ရန်မစရဲပေ။

“မင်းက ဝင်မစွက်ဖက်နဲ့လို့ ပြောတာနဲ့ ငါက ဝင်မစွက်ဖက်ရအောင် မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ”

ကျန်းချန်က ဟွမ်ကျီကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ ဟွမ်မိသားစု ရှုံးနိမ့်သွားပြီ.. ဖုန်းချီအင်မော်တယ်တောင်တန်းက အနာဂတ်မှာ ဖုန်းမိသားစုရဲ့ အပိုင်ပဲ.. မင်းတို့ ဘာပြောစရာရှိသေးလဲ”

ဟွမ်ကျီက မျက်နှာပျက်သွားခဲ့ပြီး တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ဟွမ်ဖန်စူက တားဆီးလိုက်သည်။

ရွှေအင်မော်တယ် စတုတ္ထအဆင့်ဖြင့် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည်သဘောပေါက်ထားသော ပါရမီရှင်သည် အင်မော်တယ်လောက တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အလွန်တရာ ရှားပါးသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

ကျန်းချန်၏ နောက်ခံဇာစ်မြစ်ကို သေချာမသိရဘဲ ဟွမ်ဖန်စူသည် ကျန်းချန်နှင့် ရန်သူ မဖြစ်ချင်ခဲ့ပေ။

သို့မဟုတ်လျှင် အနည်းငယ်မျှ သတိမမူမိသည်နှင့် ဟွမ်မိသားစု အတွက် ကပ်ဘေးကြီး သယ်ဆောင်လာသလို ဖြစ်သွားနိုင်သည် မဟုတ်ပါလော။

“ဖုန်းချန်ရှင်း.. ငါတို့ဘက်က အရှုံးကို ဝန်ခံတယ်.. ဖုန်းချီအင်မော်တယ်တောင်တန်းနဲ့ ပတ်သက်ပြီး ငါတို့ ဟွမ်မိသားစုက နောက်နောင် ပါဝင်ပတ်သက်တော့မှာ မဟုတ်ဘူး”

ဟွမ်ဖန်စူက ဖုန်းချန်ရှင်းကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“ဒီနေ့ ငါတို့ ဖုန်းမိသားစုဆီ လာရတဲ့ နောက်ထပ် ကိစ္စတစ်ခုက တိကွန်အင်မော်တယ်နန်းတော်ရဲ့ အမိန့်အရ မင်းကို တိကွန်အင်‌မော်တယ်နန်းတော်ဆီ လာဖို့ ဖိတ်ခေါ်တာပဲ”

ထိုစကားကိုကြားလျှင် ဖုန်းချန်ရှီ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဒါက ကျိရီအင်မော်တယ်တောင်တန်းနဲ့ ပတ်သက်နေလား”

ဟွမ်ဖန်စူက ခေါင်းညိတ်၍ ပြောလိုက်သည်။

“တိကွန်အင်မော်တယ်နန်းတော်က ထိုက်ရီအဆင့် အင်အားစုတွေနဲ့ ပူးပေါင်းပြီး ကျိရီ အင်မော်တယ် တောင်တန်းရဲ့ တည်နေရာကို မေးမြန်းဖို့ အတွက် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းဆီ သွားဖို့ ဆုံးဖြတ်လိုက်ပြီ.. ဒါကြောင့် မင်းကို လာရောက် အကြောင်းကြားတာပဲ”

တိကွန်အင်မော်တယ်နန်းတော်ထဲကို ဟွမ်ကျီ ဝင်ရောက်နိုင်ခဲ့ကတည်းက ဟွမ်မိသားစုသည် တိကွန်အင်မော်တယ်နန်းတော်၏ နောက်ခံကို ရရှိခဲ့သည်။

ဤနှစ်ပိုင်းအတွင်း သူတို့သည် အမှန်တကယ်ပင် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး သူတို့၏ အင်အားသည် ဖုန်းမိသားစုကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တိကွန် အင်မော်တယ်နန်းတော်၏ ပံ့ပိုးကူညီမှုမပါဘဲ ဟွမ်ဖန်စူသည် ဖုန်းမိသားစု အပေါ်တွင် အလွယ်တကူ တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။

သူ ဤတစ်ခေါက် ဖုန်းမိသားစုထံ လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ ဖုန်းမိသားစု၏ အခြေအနေကို စမ်းသပ်ကြည့်ရန်သာ ဖြစ်သည်။

ဆိုရလျှင် မကြာသေးမီကစ၍ ဖုန်းချန်ရှင်းသည် အတိတ်က သတိကြီးစွာ ထားတတ်သည့် အမူအကျင့်များကို ပြောင်းလဲပစ်ခဲ့ပြီး တိကွန်အင်မော်တယ်နန်းတော် ဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကျိရီအင်မော်တယ်တောင်တန်း အကြောင်းကို စုံစမ်းရန်အတွက် တိကွန်အင်မော်တယ်နန်းတော်နှင့် ပူးပေါင်းဆောင်ရွက်ချင်ခဲ့သည် ဖြစ်ရာ ထိုကိစ္စတွင် လှည့်ကွက်တစ်ခုခု သေချာပေါက် ရှိနိုင်လောက်သည်။

ယခု ကြည့်ရသည်မှာ ဖုန်းမိသားစု၏ နောက်ကွယ်တွင် အခြားသော အင်အားစု ရှိနေပုံရ၏။

ဖုန်းမိသားစုကို အထောက်အပံ့ပေးနေသူသည် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ထိုလူငယ်၏ နောက်ကွယ်မှ အင်အားစု ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။

ဖုန်းချန်ရှန်းက ချက်ချင်း အကြောင်းမပြန်ဘဲ နံဘေးမှ ကျန်းချန်ကို ရိုသေလေးစားသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

“သခင်လေးကျန်းချန်.. ဒီကိစ္စကို ဘယ်လိုဆောင်ရွက်သင့်လဲ”

သူ၏မျက်စိရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဟွမ်ဖန်စူ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ဖုန်းမိသားစု ဘိုဘေး ဖြစ်သူ ဖုန်းချန်ရှင်း၏ အနက်ရောင်ဝတ်စုံဝတ် လူငယ်အပေါ်တွင် ထားရှိသော အမူအရာအရ ဖုန်းမိသားစုသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ နောက်ကွယ်မှ အင်အားစု အပေါ်တွင် မှီခိုအားထားနေမှန်း မြင်နိုင်ရန် မခဲယဥ်းပေ။

“တိကွန် အင်မော်တယ်နန်းတော်ဆီကို ဆွေးနွေးဖို့ အတွက် သွားနေဖို့ မလိုပါဘူး”

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

“ပြန်သွားပြီး တိကွန်အင်မော်တယ်နန်းတော်ကို ပြောလိုက်ပါ.. မင်းတို့ ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းဆီ သွားမဲ့ အချိန်ကျရင် ငါတို့ကို အကြောင်းကြားပေးရင် ရပါပြီ”

“‌ကောင်းပြီ.. မင်းပြောတဲ့စကားကို ငါသေချာပေါက် ပြန်တင်ပြပေးပါ့မယ်”

ဟွမ်ဖန်စူက အပိုစကားများ ပြောမနေတော့ဘဲ ချက်ချင်းဆိုသလိုပင် ဟွမ်ကျီကို ခေါ်ဆောင်ကာ ဖုန်းမိသားစု အိမ်တော်ကနေ လှည့်ထွက်သွားခဲ့သည်။

ဖုန်းချန်ရှန်းက ပျောက်ကွယ်သွားသော ဟွမ်ဖန်စူ၏ ကျောပြင်ကို ငေးကြည့်ရင်း လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. တိကွန်အင်မော်တယ် နန်းတော်က ဒီကိစ္စကို ဆွေးနွေးဖို့အတွက် ဝိရောဓိနယ်မြေထဲက ထိုက်ယီအဆင့် အင်အားစုတွေကိုပါ ဆင့်ခေါ်ထားတယ်.. ငါတို့ တကယ်ပဲ တိကွန်အင်မော်တယ်နန်းတော်ဆီ သွားဖို့ မလိုအပ်ဘူးလား”

“မလိုပါဘူး. ဖုန်းမိသားစုရဲ့ လက်ရှိ အခြေအနေက အဲဒီ ထိုက်ယီ အင်အားစုလေးစု အတွက်တော့ ရှိရှိ မရှိရှိ အ‌ရေးမပါတဲ့တည်ရှိမှုမျိုးပဲ.. သူတို့က အစည်းအဝေးကို မတတ်ရောက်လို့လည်း ဂရုစိုက်နေမှာ မဟုတ်ဘူး.. သူတို့တွေ ဟွမ်မိသားစုက လူနှစ်ယောက်ကို စေလွှတ်လိုက်တာက အဓိကအားဖြင့် ငါ ဘယ်သူဘယ်ဝါ ဆိုတာကို စမ်းသပ်ကြည့်ရုံ သက်သက်ပဲ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ အမြင်အရ ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းက ဝိရောဓိနယ်မြေ ထဲက ထိုက်ယီအဆင့် အင်အားစု လေးစုကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမယ်လို့ထင်လဲ”

“ဒီအဘိုးကြီးရဲ့ အမြင်အရတော့ ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းအနေနဲ့ ကျိရီအင်မော်တယ်တောင်တန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထိုက်ယီအဆင့်အင်အားစုလေးစုဆီ လွှဲပြောင်းပေးအပ်ဖို့က လွဲပြီး တခြားရွေးချယ်စရာမရှိလောက်ဘူး”

ဖုန်းချန်ရှင်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် အားမနည်းသော်လည်း မည်သို့ပင်ဖြစ်စေကာမူ တလော့အဆင့် အင်အားစုတစ်ခုမျှသာ ရှိနေသေးသည်။

ထိုက်ယီအဆင့် အင်အားစုလေးစုက ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းကို သွားမထိရဲသည့် အဓိက အကြောင်းအရင်းမှာ အရှင်ထိုက်ယွမ် ရှိနေ၍သာ ဖြစ်သည်။

ယခု အရှင်ထိုက်ယွမ်က ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းကို ပြန်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ရာ ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် ထိုက်ယီအဆင့် အင်အားစုများနှင့် ပြိုင်ဆိုင်နိုင်ရန် မည်သည့် အရည်အချင်းမှ ရှိမနေခဲ့ပေ။

“ခင်ဗျား‌ပြောတာမှန်ပါတယ်.. အရှင်ထိုက်ယွမ်သာ ရုတ်တရက် ပြန်ရောက်မလာသရွေ့ ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းအနေနဲ့ တစ်ခုတည်းသော ရွေးချယ်မှုက ကျိရီ အင်မော်တယ်တောင်တန်းရဲ့ သတင်းကို ပေးအပ်ဖို့ပဲ”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ခပ်ယဲ့ယဲ့ဖြစ်ပေါ်လာခဲ့သည်။

“ဒါပေမဲ့လည်း အခြေအနေတွေက ထိုက်ယီအဆင့် အင်အားစုလေးစု မျှော်လင့်ထားသလို ဖြစ်မလာနိုင်ဘူးလို့ ငါခံစားမိနေတယ်”

အခန်း(၂၈၆၆)ပြီး၏။

All Chapters