အခန်း ၂၈၆၉
Vol. 227 Ch. 2869
အခန်း(၂၈၆၉)
အင်မော်တယ်လောကသည် အတိုင်းအဆမဲ့ ကျယ်ပြောပြီး မရေမတွက်နိုင်သော အင်အားစုများစွာ ရှိသည်။
အထူးသဖြင့် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ကဲ့သို့ အင်မော်တယ်လောကတွင် အစည်ကားဆုံးနှင့် အထွန်းကားဆုံးသော ကောင်းကင်နယ်မြေကြီး၏ နယ်မြေလေးများတွင်မူ တလော့ အင်အားစုများက ယေဘုယျအားဖြင့် ထိန်းချုပ်ထားလေ့ရှိသည်။
တချို့သော နယ်မြေများတွင်မူ ထိုက်ယီအဆင့် အင်အားစုများနှင့် ဟန်ယွင်အဆင့် အင်အားစုများက လွှမ်းမိုးချုပ်ကိုင်လေ့ရှိသည်။
ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် ရွှေအင်မော်တယ်အဆင့် အင်အားစုသည် ဘောင်မဝင်ဟု ဆို၍ ရပြီး တလော့အဆင့် အင်အားစုနှင့် ယှဥ်လျှင် အဆင့်အတန်း အလွန်ပင် ကွာခြားသည်။
တလော့အဆင့် အင်အားစုများနှင့် ထိုက်ယီအဆင့် အင်အားစုများ ပင်လျှင် တလော့အင်မော်တယ်နှင့် ထိုက်ယီအဆင့် အင်မော်တယ်များကို အမြဲတစေ မွေးထုတ်ပေးနိုင်လိမ့်မည်ဟု အာမ မခံနိုင်ချေ။
ထိုအင်အားစုများထဲမှ တလော့အဆင့်နှင့် ထိုက်ယီအဆင့် အင်မော်တယ်များ သေဆုံးသွားခဲ့လျှင် ၎င်းတို့သည် ထိုအချိန်မှစ၍ အင်အား ဆုတ်ယုတ်သွားနိုင်ခြေ အလွန်များ၏။
အင်မော်တယ်လောကတွင် ဤကဲ့သို့ ဖြစ်ရပ်များ မရှားပေ။
ဟန်ယွင်အဆင့် အင်မော်တယ်က ဦးဆောင် ထိန်းချုပ်သည့် ဟန်ယွင် အင်အားစုများကသာ ထာဝရ တည်တံ့ခိုင်မြဲကြခြင်း ဖြစ်သည်။
အဓိက အကြောင်းရင်းမှာ ဟန်ယွင်အဆင့် အင်မော်တယ်သည် အင်မော်တယ်ဥပဒေသများကို နားလည်သဘောပေါက်မှုတွင် အလွန်တရာ မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
သူတို့က သူတို့၏ ကိုယ်ပိုင်စွမ်းအားများနှင့် အင်မော်တယ်ဥပဒေသများ အပေါ် နားလည်သဘောပေါက်မှုများကို အသုံးပြု၍ ဟန်ယွင် အင်မော်တယ်စမ်းရေကို ပျိုးထောင် ဖန်တီးနိုင်ကြသည်။
ထိုဟန်ယွင် အင်မော်တယ်စမ်းရေ တည်ရှိနေခြင်းကြောင့်ပင် ဟန်ယွင်အဆင့် အင်အားစုများသည် တလော့အဆင့် ပုဂ္ဂိုလ်များကို စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ခြင်း ဖြစ်သည်။
ဖုန်းချန်ရှင်းသည် ဤနေရာတွင် ဟန်ယွင် အင်မော်တယ်စမ်းရေ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဟန်ယွင်အင်မော်တယ်စမ်းရေဖြင့် ဆိုလျှင် သူ့အနေဖြင့် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည်သဘောပေါက်ရန် အခွင့်အရေး ရရှိနိုင်ပြီး တလော့အဆင့် အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်ပေသည်။
ဖုန်းချန်ရှင်း၏ စကားများကို ကြားလိုက်ရလျှင် ကျန်းချန် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဟန်ယွင်အင်မော်တယ်စမ်းရေကို ဟန်ယွင်အင်မော်တယ်ကပဲ ပျိုးထောင်ဖန်တီးနိုင်တာ ဆိုတော့ ဒီနေရာမှာ ဟန်ယွင်အင်မော်တယ်တစ်ပါး ရှိနေခဲ့တယ် ဆိုတဲ့ သဘောပေါ့”
“ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်.. သူသာ ဒီနေရာမှာ ရှိနေခဲ့မယ်ဆိုရင် သူပျိုးထောင်ဖန်တီးထားတဲ့ ဟန်ယွင်အင်မော်တယ် စမ်းရေကို ငါတို့ မြင်တွေ့ဖို့က လုံးဝ မဖြစ်နိုင်သလောက်ပဲ”
ဖုန်းချန်ရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
“ဒီနေရာမှာ ဟန်ယွင်အဆင့် ပုဂ္ဂိုလ်တစ်ပါး သေဆုံးခဲ့တဲ့အတွက် ဟန်ယွင်အင်မော်တယ်စမ်းရေတွင်း ဖြစ်တည်လာတာပဲ ဖြစ်ရမယ်”
“ဟန်ယွင်အဆင့် ပုဂ္ဂိုလ်တစ်ပါး သေဆုံးခဲ့တဲ့ နေရာလား”
ကျန်းချန်၏ မျက်ဝန်းများက ဖျတ်ခနဲ လက်သွားခဲ့ပြီး ရုတ်တရက် တအံ့တဩ ရေရွတ်လိုက်သည်။
“အဲဒီ ဟန်ယွင်အဆင့် အင်မော်တယ်က အရှင်ဇူရီများလား”
“မဟုတ်လောက်ဘူးထင်တယ်”
ဖုန်းချန်ရှင်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“အရှင်ဇူရီက မီးလမ်းစဥ် အထူးပြုတဲ့ ဟန်ယွင်အင်မော်တယ်လို့ ပြောကြတယ်.. ဒီနေရာရဲ့ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရသလောက်တော့ အရှင်ဇူရီ မဖြစ်နိုင်ဘူး”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
ဖုန်းချန်ရှင်း၏ ပြောစကားအရ ဤနေရာတွင် လဲကျသေဆုံးခဲ့သူမှာ အရှင်ဇူရီ ဖြစ်နိုင်ခြေမရှိဟု သူ ခံစားမိလိုက်သည်။
ဆိုရလျှင် အရှင်ဇူရီ၏ ကျင့်ကြံရာနေရာသည် ကျိရီအင်မော်တယ်တောင်တန်း ဖြစ်ပြီး ထိုနေရာသို့ အရှင်ထိုက်ယွမ်သာ ဝင်ရောက်ဖူးခဲ့သည်။
အကယ်၍ ဤနေရာသာ အရှင်ဇူရီ လဲကျ သေဆုံးခဲ့သည့်နေရာ ဖြစ်ခဲ့လျှင် အရှင်ထိုက်ယွမ်နှင့် ရင်းနှီးသော ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် ဤနေရာ၏ အခြေအနေကို သေချာပေါက် သိရှိနေလိမ့်မည် ဖြစ်သည်။
ဤနေရာတွင် ဟန်ယွင် အင်မော်တယ် စမ်းရေ တည်ရှိနေသည်ကို သိခဲ့လျှင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် သူတို့ အပိုင်ပစ္စည်းအဖြစ် သိမ်းပိုက်ရန် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရောက်ရှိလာခဲ့ကြမည် ဖြစ်ပြီး သူတို့ ဖုန်းမိသားစုနှင့် ဟွမ်မိသားစုကို ဖုန်းချီ အင်မော်တယ်တောင်တန်းတွင် နှစ်ပေါင်းများစွာ မည်ကဲ့သို့ ပြိုင်ဆိုင်ခွင့် ပြုထားပါမည်နည်း။
ဖုန်းချီ အင်မော်တယ် တောင်တန်းသည် အရှင်ဇူရီ၏ ကျင့်ကြံရာနယ်မြေကို ဝှက်ထားရုံတင် မကဘဲ ယခုအခါတွင် အခြားအမည်မသိ ဟန်ယွင်အဆင့် အင်မော်တယ် တစ်ပါးသည်ပင် ဤနေရာ၍ သေဆုံးနေခဲ့သည်။
သို့ဖြစ်ရာ ဖုန်းချီ အင်မော်တယ်တောင်တန်းသည် တကယ်ကို မရိုးရှင်းသည်မှာ ထင်ရှားနေခဲ့၏။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။
ထိုခဏဝယ် သူ၏ အကြည့်က ဟန်ယွင်အင်မော်တယ်စမ်းရေ၏ အနောက်ဘက်ရှိ သစ်ပင်ငယ်လေး ဆီသို့ ကျရောက်သွားခဲ့သည်။
အဆုံးသတ်တွင် သူ၏ အကြည့်သည် သစ်ပင်ငယ်လေးပေါ်ရှိ ကြည်လင်သော နှင်းလုံးလေးနှင့် တူသည့် အသီးပေါ်သို့ ရောက်ရှိသွားခဲ့၏။
ဤအသီးက မည်သည့်အသီးမှန်း ကျန်းချန် မသိသော်လည်း အသီး၏ တန်ဖိုးက ဥာဏ်အလင်းပွင့် သစ်သီးထက်ပင် ပိုမိုမြင့်မားနိုင်ကြောင်း ခပ်ရေးရေး ခံစားမိနေခဲ့သည်။
“သခင်လေးကျန်းချန်.. ဒီဟန်ယွင် အင်မော်တယ်စမ်းရေမှာ အားနည်းချက် တစ်ခုရှိတယ်.. အင်မော်တယ်စမ်းရေတွင်းကနေ ကွဲကွာသွားတာနဲ့ သူ့ထဲမှာ ပါဝင်တဲ့ စွမ်းအားတွေက အလျင်အမြန် ပျောက်ကွယ်သွားလိမ့်မယ်.. ဒီဟန်ယွင်အင်မော်တယ်စမ်းရေကို ထည့်သိမ်းဖို့ အထူးပစ္စည်း မရှိရင် ယူသွားဖို့ ခက်ခဲလိမ့်မယ်”
ဖုန်းချန်ရှင်းက သူ၏ စိတ်နှလုံးထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
အကယ်၍ ကျိရီ အင်မော်တယ် တောင်တန်း၏ သတင်းများသာ ပျံ့နှံ့မသွားသေးဘူး ဆိုလျှင် ဖုန်းမိသားစုသည် ဤဟန်ယွင် အင်မော်တယ်စမ်းရေကို သိမ်းပိုက်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ဝိရောဓိနယ်မြေ အတွင်းရှိ ထိုက်ယီအဆင့် အင်အားစုများနှင့် တလော့အဆင့် အင်အားစုများသည် ဖုန်းချီ အင်မော်တယ်တောင်တန်း ဆီသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဆိုရလျှင် သိပ်မကြာခင် အချိန်အတွင်း တစ်စုံတစ်ယောက်သည် ဤချိုင့်ဝှမ်းကို သတိပြုမိသွားနိုင်ခြေ ရှိနေခဲ့၏။
ထိုအချိန်သို့ ရောက်လျှင် သူတို့ ဖုန်းမိသားစုသည် ဟန်ယွင်အင်မော်တယ် စမ်းရေ အတွက် ယှဥ်ပြိုင်ရန် အရည်အချင်း လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။
“ဟန်ယွင် အင်မော်တယ်စမ်းရေကို သိမ်းပိုက်ဖို့ကတော့ ဖြစ်နိုင်ခြေ သိပ်မရှိဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အခြားလူတွေ ဒီနေရာကို ရှာမတွေ့သေးခင်မှာ ခင်ဗျားအနေနဲ့ ကျင့်ကြံဖို့အတွက် ဟန်ယွင်အင်မော်တယ်စမ်းရေကို အပြည့်အဝ အသုံးချနိုင်ပါသေးတယ်.. ဒါက တလော့အဆင့်ကို ကျော်ဖြတ်ဖို့ အတွက် ကြီးမားတဲ့ အခွင့်အလမ်း တစ်ခု ဖြစ်လာနိုင်တယ်”
“သခင်လေးကျန်းချန် ပြောတာမှန်ပါတယ်.. ကျွန်တော် လောဘကြီးမိသွားတယ်”
ဖုန်းချန်ရှင်းက ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ ဟန်ယွင်အင်မော်တယ်စမ်းရေတွင်း ထဲသို့ ဝင်ရောက်ကာ ကျင့်ကြံရန် အတွက် ဟန်ယွင်အင်မော်တယ် စမ်းရေမှ စွမ်းအင်များကို စုပ်ယူလိုက်သည်။
ကျန်းချန်ကမူ ကျင့်ကြံရန် အလျင်မလိုဘဲ သူ့ကို စောင့်ရှောက်ရန် အတွက် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို အမိန့်ပေးလိုက်ပြီး အင်မော်တယ် စမ်းရေတွင်း၏ အနောက်ဘက်ရှိ သစ်ပင်ငယ်လေး ဆီသို့ ဂရုတစိုက် ချဥ်းကပ်သွားခဲ့သည်။
“ကောင်လေး မင်းတော်တော်ကံကောင်းတာပဲ.. ဥာဏ်အလင်းပွင့်သစ်သီးကို ရတာမှ မကြာသေးဘူး.. အခုလည်း ဟန်ယွင်အင်မော်တယ် စမ်းရေတွင်းကနေ ထွက်ပေါ်လာတဲ့ တာအိုသစ်သီးကို ထပ်မံ ရပြန်ပြီ”
ထိုအချိန်တွင် အင်မော်တယ်ကျောက်တိုင် ဝိညာဥ်ထံမှ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က စူးစမ်းစွာဖြင့် မေးလိုက်၏။
“ဒီတာအိုသစ်သီးက ဥာဏ်အလင်းပွင့်သစ်သီးထက် ပိုပြီးတော့ အဖိုးတန်လို့လား”
“သေချာတာပေါ့.. မင်းဘေးက အဘိုးကြီးက ဟန်ယွင်အင်မော်တယ်စမ်းရေရဲ့ အကြောင်းကို မင်းကို မိတ်ဆက်ပေးပြီးပြီပဲ.. ဒီတာအိုသစ်သီးက ဟန်ယွင်အင်မော်တယ်စမ်းရေကို တစ်နှစ်ပတ်လုံး စုပ်ယူပြီး ဖြစ်တည်လာတာ ဆိုတော့ ဟန်ယွင်အင်မော်တယ်စမ်းရေ တစ်ခုလုံးရဲ့ အဆီအနှစ်လို့ ပြောလို့ရတယ်.. ဥာဏ်အလင်းပွင့်သစ်သီးက ဒီတာအိုသစ်သီးကို ဘယ်လိုလုပ်ပြီး ယှဥ်လို့ရမှာလဲ”
အင်မော်တယ်ကျောက်တိုင်ဝိညာဥ်က လေးနက်စွာ ပြောလိုက်သည်။
“ဒီတာအိုသစ်သီးက အနည်းဆုံး တလော့အင်မော်တယ်တစ်ပါးကို ဖန်တီးပေးနိုင်တယ်.. ပကတိအင်မော်တယ်အဆင့်ကျင့်ကြံသူ ဆိုရင်တောင် ဒီတာအိုသစ်သီးကို ရရှိမယ်ဆိုရင် အချိန်တိုအတွင်း တလော့အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်”
အင်မော်တယ်ကျောက်တိုင်ဝိညာဥ်၏ စကားကိုကြားလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်မိလိုက်သည်။
သူ့ရှေမှ အင်မော်တယ်သစ်သီးသည် ဟန်ယွင်အင်မော်တယ်စမ်းရေ၏ အဆီအနှစ်များကို စုပ်ယူထားသည့် မြင့်မြတ်သော တာအိုသစ်သီး ဖြစ်နေခဲ့သည်။
“လက်ရှိ အခြေအနေကို ကြည့်ရသလောက်တော့ ဒီတာအိုသစ်သီးရင့်မှည့်ဖို့က သုံးရက်ကနေ ငါးရက်လောက် ကြာမြင့်နိုင်တယ်.. မင်း ဒီသစ်သီးကို လိုချင်ရင် နောက်ထပ်သုံး၊လေး၊ငါးရက် စောင့်ဆိုင်းရလိမ့်မယ်”
အင်မော်တယ်ကျောက်တိုင်ဝိညာဥ်၏ စကားသံက ထပ်မံထွက်ပေါ်လာခဲ့သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ခုံးများက ခပ်တင်းတင်း ကြုတ်သွားခဲ့၏။
အကယ်၍ သာမန်အချိန်တွင်သာ ဆိုလျှင် ဤကဲ့သို့ အထွတ်အထိပ် သစ်သီး အတွက် သုံး၊လေး၊ငါးရက်စောင့်ဆိုင်းရခြင်းမှာ ဘာမျှမဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် ဝိရောဓိနယ်မြေ တစ်ခုလုံးရှိ ထိပ်တန်း ကျင့်ကြံသူများသည် ဖုန်းချီအင်မော်တယ်တောင်တန်းတွင် စုဝေးနေကြပြီ ဖြစ်ရာ သိပ်မကြာခင်အချိန်အတွင်း တစ်စုံတစ်ယောက်သည် ဤချိုင့်ဝှမ်းကို ရှာဖွေတွေ့ရှိနိုင်ခြေ အလွန်များနေခဲ့သည်။
ဤချိုင့်ဝှမ်းက အလွန်တရာ ဆန်းကြယ်ပြီး သာမန် တလော့အင်မော်တယ်များ ပင်လျှင် ဤနေရာသို့ အလွယ်တကူ မလာနိုင်သော်လည်း ထိုက်ယီအဆင့် အင်အားစုလေးစု ဦးဆောင်သည့် ထိပ်တန်း ကျင့်ကြံသူများကိုမူ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ထိုထိပ်တန်း အင်အားစုများသာ ဤနေရာသို့ ရောက်ရှိလာခဲ့လျှင် သူ၏ အင်အားဖြင့် တာအိုသစ်သီးကို သုံး၊လေး၊ငါးရက်အထိ ကာကွယ်ထားနိုင်ရန်မှာ မလွယ်ကူပေ။
မည်သို့ပင်ဖြစ်စေကာမူ တာအိုသစ်သီး၏ သူ၏ မျက်စိရှေ့တွင် ရှိနေခဲ့ပြီဖြစ်ရာ ကျန်းချန်သည် လွယ်လွယ်ဖြင့် နောက်မဆုတ်နိုင်သည်မှာ သဘာဝပင်။
အန္တရာယ်နှင့် အခွင့်အရေး ဆိုသည်မှာ အမြဲတစေဒွန်တွဲနေလေ့ရှိ၏။
ယင်းကြောင့် ကျန်းချန်က တာအိုသစ်သီး ရင့်မှည့်လာသည် အထိ ကာကွယ်ရန်နှင့် တာအိုသစ်သီးကို ရယူရန် အတွက် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်သည်။
အခန်း(၂၈၆၉)ပြီး၏။