← Chapters

အခန်း ၂၁၃

Vol. 16 Ch. 213

အခန်း ၂၁၃

Vol. 16 Ch. 213

အပိုင်း(၂၁၃)

"ပစ္စည်းကောင်းပဲ..."

လက်နက်ကိရိယာ အဆင့်မြှင့်တင်ရေး စာလိပ် ၏ အချက်အလက်များကို မြင်သောအခါ ကျန်းလျိုသည် စိတ်လှုပ်ရှားသွားလေသည်။ လက်နက်ကိရိယာများ၏ အရည်အသွေးကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သော မည်သည့်အရာမဆို တန်ဖိုးရှိသည်မှာ ရှင်းလင်းလှပေသည်။

သို့သော်လည်း အောင်မြင်မှုနှုန်းများကို မြင်ပြီးနောက် ကျန်းလျိုသည် စိတ်ထဲမှ ခေါင်းခါလိုက်မိလေသည်။ ဤသည်မှာ သေချာပေါက် လောင်းကစားလုပ်ခြင်းပင် ဖြစ်သည်။

သာမန် အရည်အသွေး အတွက် အောင်မြင်ရန် ၁၀၀% ၊ အရည်အသွေးမြင့် က ၈၀% ၊ ပြီးပြည့်စုံခြင်း အဆင့် အရည်အသွေး က ၆၀% ၊ ဒဏ္ဍာရီလာ အရည်အသွေး က ၄၀% ၊ ရာဇဝင် အရည်အသွေး ဆိုလျှင်တော့...

ထားလိုက်ပါတော့...

သူ၏ လက်ထဲတွင် ရာဇဝင် အရည်အသွေး လက်နက်ကိရိယာ တစ်ခုမှ မရှိသေးသဖြင့် ထပ်ပြီး တွေးကြည့်နေရန် မလိုအပ်ပေ။

ကျန်းလျို၏ လက်ရှိ လက်နက်ကိရိယာများအရ ကြည့်မည်ဆိုလျှင် သာမန် အရည်အသွေး နှင့် အရည်အသွေးမြင့် ပစ္စည်းများကို ထည့်တွက်နေစရာ မလိုတော့ချေ။ ၎င်းတို့ကို အဆင့်မြှင့်တင်ခြင်းက ဖြုန်းတီးရာကျပေလိမ့်မည်။ ထို့ကြောင့် သူသည် ပြီးပြည့်စုံခြင်း အရည်အသွေး သို့မဟုတ် ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာများကိုသာ စဉ်းစားရမည် ဖြစ်သည်။

ပြီးပြည့်စုံခြင်း အရည်အသွေး လက်နက်ကိရိယာအပေါ် အသုံးပြုမည်ဆိုပါက သူသည် ၆၀% သော အောင်မြင်မှုနှုန်းဖြင့် နောက်ထပ် ဒဏ္ဍာရီလာ အရည်အသွေး ပစ္စည်းတစ်ခုကို ရရှိနိုင်ပြီး အောင်မြင်ရန် အခွင့်အရေးမှာ ထက်ဝက်ကျော် ရှိနေသေးသည်။

သို့သော် ဒဏ္ဍာရီလာ အရည်အသွေး ပစ္စည်းများအပေါ်သာ အသုံးပြုခဲ့မည်ဆိုလျှင် သူ၏ ပထမဆုံး ရာဇဝင် အရည်အသွေး လက်နက်ကိရိယာ ကို သူ ရရှိလာနိုင်လေသည်။

"စကားပုံတစ်ခု ရှိတယ်လေ... ရဲရင့်သူကို ကံတရားက မျက်နှာသာပေးတယ်တဲ့... ဒါကို ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာ ပေါ်မှာပဲ သုံးလိုက်တာ အကောင်းဆုံးပါပဲ... ငါ့ဆီမှာ ပြီးပြည့်စုံသော အရည်အသွေး အနေနဲ့ ရွှမ်ယွီ ခါးပတ် တစ်ခုပဲ ရှိတာလေ... အဆင့်မြှင့်တင်ဖို့ သိပ်တန်တာမှ မဟုတ်တာ..."

ခေါင်းခါရမ်းကာ ခဏတာ စဉ်းစားပြီးနောက် ကျန်းလျိုသည် ၎င်းကို ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာ အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။

သံစပ်တုတ်၊ ဟွာလီ ဥပဒေသ လက်စွပ်၊ နဂါးဝိညာဉ် လက်ကောက်၊ ဝိဒျာရာဇာ သရဖူ၊ တောက်ပခြင်း ဖိနပ် နှင့် မီးစုန်းစိမ်း အဆိပ်လက်စွပ်...

ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာ ခြောက်ခုထဲမှ ဘယ်တစ်ခုကို ရွေးချယ်ရမည်နည်း။

ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ဝိဒျာရာဇာ သရဖူ သည် ကြီးထွားလာနိုင်သော ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာ အမျိုးအစားဖြစ်ရာ ၎င်းကို အဆင့်မြှင့်တင်လိုက်ပါက တန်ဖိုးနှင့် စွမ်းဆောင်ရည် အချိုးအစား အကောင်းဆုံး ဖြစ်ပေမည်။

သို့သော်လည်း သူ၏ လက်ရှိအခြေအနေမှာ ခံစစ်စွမ်းရည် မြင့်မားပြီး တိုက်ခိုက်ရေးစွမ်းအား နိမ့်ကျနေပြီ ဖြစ်သည်။ အကယ်၍ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ တစ်ကောင်နှင့် အမှန်တကယ် ကြုံတွေ့လာရပါက ကွင်းကိုးကွင်းပါ တောင်ဝှေး၏ ဖြိုခွင်း၍မရသော ခံစစ်ကို အသုံးပြုလိုက်ခြင်းက အကောင်းဆုံး ဖြစ်မည်မဟုတ်ပါလော။

ထို့ကြောင့် ဝိဒျာရာဇာ သရဖူ သည် တန်ဖိုးအမြင့်မားဆုံး ဖြစ်သော်လည်း ၎င်းသည် သူ့အတွက် သိပ်၍ သင့်လျော်လှခြင်း မရှိပေ။

အတန်ကြာ စဉ်းစားပြီးနောက် ကျန်းလျိုသည် အဓိက လက်နက်နှင့် လက်စွပ်နှစ်ကွင်းထံသို့ သူ၏ အာရုံကို လှည့်လိုက်လေသည်။

သူသည် သူ၏ တိုက်ခိုက်ရေးစွမ်းအား ကို အမြင့်ဆုံးအထိ တိုးမြှင့်လိုသောကြောင့် အဓိက လက်နက်ဖြစ်သော သံစပ်တုတ်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

တွေးမိသည်နှင့်တစ်ပြိုင်နက် ကျန်းလျိုသည် သူ၏ ကျောပိုးအိတ် နေရာလွတ်ထဲမှ လက်နက်ကိရိယာ အဆင့်မြှင့်တင်ရေး စာလိပ် နှင့် သံစပ်တုတ်ကို ထုတ်ယူလိုက်လေသည်။

အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ အရာအားလုံးကို ကံတရား၏ လျှို့ဝှက်ဆန်းကြယ်သော အလှည့်အပြောင်းပေါ်တွင်သာ မူတည်ထားလိုက်ပြီး ကျန်းလျိုသည် စာလိပ်ကို ဆွဲဖြဲလိုက်ရာ အလင်းတန်းသည် သံစပ်တုတ်ပေါ်သို့ ကျရောက်သွားလေတော့သည်။

စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့သည် ကျန်းလျို၏ လုပ်ရပ်များကို မြင်သောအခါ စပ်စုလိုစိတ် ဖြစ်ပေါ်နေကြသော်လည်း မည်သည့်အရာမှန်း နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

ဝက်နှင့် မျောက် နှစ်ဦးစလုံးသည် ကျန်းလျို၏ လုပ်ရပ်များကို စပ်စုလိုစိတ်ဖြင့် စောင့်ကြည့်နေကြပြီး သူ စာလိပ်ကို ဆွဲဖြဲလိုက်ချိန်တွင် သံစပ်တုတ်အား အလင်းတန်းက လွှမ်းခြုံသွားသည်ကို မြင်သောအခါ ပို၍ပင် စပ်စုချင်လာကြလေသည်။

အားလုံးက ကံတရားအပေါ်တွင် မူတည်နေသော်လည်း ဤသည်မှာ သူ၏ လက်နက်နှင့် သက်ဆိုင်နေသောကြောင့် ကျန်းလျိုသည် အနည်းငယ် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။

လက်နက်ကိရိယာ အဆင့်မြှင့်တင်ရေး စာလိပ် မှ အလင်းရောင် ဖြည်းညင်းစွာ မှေးမှိန်သွားသောအခါ ၎င်း၏ အရည်အသွေးသည် အပြောင်းအလဲသစ်တစ်ခုခု ဖြစ်ပေါ်သွားခြင်း ရှိမရှိ သိနိုင်ရန် သံစပ်တုတ် ကို သူ ကပျာကယာ ကြည့်လိုက်လေသည်။

လက်နက် - သံစပ်တုတ် (ရာဇဝင် အရည်အသွေး) - လိုအပ်သောအဆင့် မရှိ၊ တိုက်ခိုက်ရေးစွမ်းအား +၂၄၀၀၊ အထူးအကျိုးသက်ရောက်မှု ပါဝင်သည် - သံချပ်ကာဖောက်ထွင်း တိုက်ခိုက်မှု၊ ရန်သူ၏ ခံစစ်စွမ်းရည် ၃၀% ကို လျစ်လျူရှုနိုင်ခြင်း၊ ကြံ့ခိုင်မှု ၆၀/၆၀။

တိုးတက်လာသော သံစပ်တုတ် ၏ စွမ်းရည်အချက်အလက်များကို မြင်သောအခါ ကျန်းလျိုသည် မနေနိုင်ဘဲ လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိလေသည်။

အဆင့်မြှင့်တင်မှုသည် အမှန်တကယ်ပင် အောင်မြင်သွားခဲ့ပြီး ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာမှ ရာဇဝင် အရည်အသွေး သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့အပြင် ယခုအခါ လိုအပ်သောအဆင့် သတ်မှတ်ချက်လည်း မရှိတော့ချေ။

ဝိဒျာရာဇာ သရဖူ ကဲ့သို့ ကြီးထွားလာနိုင်သော လက်နက်ကိရိယာ အမျိုးအစား မဟုတ်သည်ကတော့ နှမြောစရာပင် ဖြစ်သည်။

အရေးအကြီးဆုံးမှာ တိုက်ခိုက်ရေးစွမ်းအား ၂၄၀၀ အထိ တိုးမြှင့်ပေးခြင်းက ကျန်းလျို၏ အမြင်တွင် ယုံကြည်နိုင်စရာမရှိလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

သတိချပ်ရမည်မှာ အဆင့်မမြှင့်တင်မီက သံစပ်တုတ်၏ တိုက်ခိုက်ရေးစွမ်းအား တိုးမြှင့်မှုမှာ ၈၂၀ မျှသာ ရှိခဲ့ခြင်းဖြစ်သည်။ ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် တိုက်ခိုက်ရေးစွမ်းအားသည် မျက်စိတစ်မှိတ်အတွင်း သုံးဆအထိ မြင့်တက်သွားသည်ဟု ဆို၍ရနိုင်လေသည်။

မူလက သံစပ်တုတ် တွင် ကြံ့ခိုင်မှု အမှတ် ၄၀ သာရှိခဲ့ပြီး သူရရှိခဲ့စဉ်ကအပြည့်ပင် မရှိခဲ့ချေ။ ယခုအခါတွင်မူ ကြံ့ခိုင်မှု သည် ၆၀ သို့ တိုးလာခဲ့ပြီး အပြည့်အဝ ပြန်လည်ပြည့်ဖြိုးသွားခဲ့လေပြီ။

မူလက ကြံ့ခိုင်မှ ကြောင့် သံစပ်တုတ် သည် အစွမ်းထက်လှသော်လည်း အပြင်ပန်းတွင် အနည်းငယ် ပွန်းပဲ့ဟောင်းနွမ်းနေပုံ ပေါ်ခဲ့လေသည်။

သို့သော် ယခုအခါ တောက်ပစွာ လင်းလက်နေပြီး အသစ်စက်စက် အဆင့်မြှင့်တင်ထားသော သံစပ်တုတ် ကို လက်ထဲတွင် ကိုင်ဆောင်ထားရင်း ကျန်းလျိုသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

ဒဏ္ဍာရီလာ အရည်အသွေး မှ ရာဇဝင် အရည်အသွေး သို့ ကူးပြောင်းသွားခြင်းနှင့်အတူ သူသည် ဟောင်းနွမ်းနေသော သေနတ်အိုကြီးတစ်လက်ကို အမြောက်ကြီးတစ်လက်နှင့် လဲလှယ်လိုက်သည်ဟု ဆို၍ရနိုင်လေသည်။

"ဝိုး..."

ဘေးနားရှိ စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့ နှစ်ဦးစလုံးသည် ယခုအခါ အပြည့်အဝ အဆင့်မြှင့်တင်ပြီးသွားသော ကျန်းလျို၏ လက်ထဲရှိ သံစပ်တုတ် ကို အံ့သြတကြီးဖြင့် ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။

၎င်း၏ စွမ်းရည်အချက်အလက်များကို မမြင်နိုင်သော်လည်း သံစပ်တုတ် သည် သိသာထင်ရှားစွာပင် ပိုမို ခံ့ညားလာခဲ့ပြီး ထူးခြားသော အရည်အသွေးနှင့် အသစ်စက်စက် အသွင်အပြင်ကို ပိုင်ဆိုင်သွားကာ လုံးဝ အသစ်ပြန်ဖြစ်သွားပုံပေါက်နေသဖြင့် သူတို့အားလုံးကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့လေသည်။

ရိုးရှင်းစွာ ပြောရလျှင် ယခုအခါ ၎င်းသည် ပိုမို ဆွဲဆောင်မှု ရှိလာခဲ့လေပြီ။

"ဆရာ... ဆရာ... စောစောက ဆရာ ထုတ်လိုက်တဲ့ စာလိပ်က ဘာကြီးလဲဗျ... ထပ်ရှိသေးလား... ကျွန်တော့်ရဲ့ မဟာရတနာ ရွှေထွန်ခြစ်ကြီးကလည်း နည်းနည်း ဟောင်းနေပြီ... အဲဒါလေးကိုလည်း အသစ်ပြန်ဖြစ်အောင် ကူညီလုပ်ပေးပါဦးလား..."

ကျူးပါကျဲ၏ မျက်လုံးများ အရောင်လက်သွားပြီး ကျန်းလျို၏ လက်ထဲရှိ တောက်ပကာ အသစ်စက်စက် ဖြစ်နေသော သံစပ်တုတ် ကို မျှော်လင့်တကြီး ကြည့်ရင်း အလျင်စလို ပြောလိုက်လေသည်။

"ထွက်သွားစမ်း... ဒီငတုံး… မင်းရဲ့ ခက်ရင်းက ဘာအသုံးကျလို့လဲ... မိစ္ဆာတွေကို တိုက်တဲ့အခါ ငါ မျောက်ဖိုးဖိုးကပဲ အများဆုံး အလုပ်များနေရတာ မဟုတ်ဘူးလား... တစ်ယောက်ယောက်က သုံးရမယ်ဆိုရင် ငါ့ရဲ့ ရွှေတုတ် ကို အရင်ဆုံး သုံးရမှာပေါ့..."

စွန်းဝူခုန်း သည်လည်း ရှေ့သို့ တိုးလာကာ သူ၏ ရွှေတုတ် ကို ကိုင်ဆောင်လျက် ကျန်းလျို၏ သံစပ်တုတ် ကို မနာလိုသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

"တောင်းပန်ပါတယ်ကွာ... ငါ့ဆီမှာ စာလိပ် တစ်ခုပဲ ရှိတော့လို့ပါ..."

စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့၏ စကားကို ကြားသောအခါ ကျန်းလျိုက ခေါင်းခါလျက် ပြန်ပြောလေသည်။

"တစ်ခုတည်း ဟုတ်လား... ဒီလို ရတနာမျိုးက သာမန်အားဖြင့် တွေ့ရခဲတယ်ဆိုတာ တွေးကြည့်လို့ ရပါတယ်လေ..."

ကျန်းလျို၏ အဖြေကို ကြားသောအခါ ကျူးပါကျဲသည် အနည်းငယ် စိတ်ပျက်အားငယ်ကာ နှမြောတသဖြစ်စွာဖြင့် ခေါင်းခါလိုက်လေသည်။

ခေတ်သစ် လူ့အဖွဲ့အစည်းတွင် အပြင်ထွက်သည့်အခါ အမျိုးသားများက သူတို့၏ ကားများကို ကြွားလုံးထုတ်ရသည်ကို နှစ်သက်ကြပြီး ကားပိုကောင်းလေ အမျိုးသမီးများ၏ အာရုံစိုက်မှုကို ပိုရနိုင်လေ ဖြစ်သကဲ့သို့ပင်။

ထိုနည်းတူစွာပင် အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ကမ္ဘာကြီးထဲတွင် မိစ္ဆာ ပဲဖြစ်ဖြစ် နတ်ဘုရား ပဲဖြစ်ဖြစ် အကြီးမားဆုံးသော ကြွားလုံးထုတ်စရာမှာ သူတို့၏ ကိုယ်ပိုင် လက်နက်များသာ ဖြစ်လေသည်။ လက်နက်၏ အရည်အသွေး ပိုမြင့်မားလေ ထိုသူ၏ ခွန်အားကို ပိုမို ဖော်ပြနိုင်လေ ဖြစ်သည်။

ကျူးပါကျဲ၏ အမြင်အရ သူ၏ ထွန်ခြစ်ကို အသစ်ပြန်လည် မွမ်းမံလိုက်ခြင်းက လှပသော အမျိုးသမီး မိစ္ဆာ တစ်ကောင်ထံမှ ကြီးမားသော မျက်နှာသာပေးမှုကို သေချာပေါက် ရရှိစေနိုင်မည်ဟု ထင်မှတ်နေလေသည်။

"ဆရာ... တကယ်ပဲ တစ်ခုတည်း ရှိတာလား..."

ကျူးပါကျဲနှင့် ခြားနားစွာပင် စွန်းဝူခုန်းကတော့ ကျန်းလျိုအား သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ခရီးစဉ်တစ်လျှောက်လုံးတွင် ကျန်းလျို၏ လှည့်စားမှုကို အကြိမ်ကြိမ် ခံခဲ့ရလေရာ တစ်ခါတစ်ဖူး ပျဉ်ဖိုးနားလည် သဖြင့် လေးနက်စွာ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

"သေချာတာပေါ့ မှန်တာပေါ့ကွ... ငါမင်းတို့ကို ဘယ်တုန်းက လှည့်စားဖူးလို့လဲ..."

စွန်းဝူခုန်း၏ သံသယဖြစ်နေသော အကြည့်ကြောင့် ကျန်းလျို၏ မျက်နှာမှာ မှောင်မိုက်သွားလေသည်။

"အင်း..."

စွန်းဝူခုန်းက ခဏတာ တွေးတောလိုက်လေသည်။ လမ်းခရီးတစ်လျှောက်တွင် သူတို့ မကြာခဏ ငြင်းခုံခဲ့ကြပြီး သူ အနိုင်ရခဲသော်လည်း သူ အမှန်တကယ်ပဲ လှည့်စားမခံခဲ့ရဘူးဆိုတာ ဟုတ်နိုင်ပါမည်လော။

သူကတော့ မထင်...

မထင်...။

All Chapters