← Chapters

အခန်း ၂၁၅

Vol. 16 Ch. 215

အခန်း ၂၁၅

Vol. 16 Ch. 215

အပိုင်း(၂၁၅)

ကွမ်ယင်၏ ပြဿနာများကို ခဏထားလိုက်လျှင် ကျန်းလျိုသည် သူ၏ နေ့ရက်များကို သက်သောင့်သက်သာ ဖြတ်သန်းနေလေသည်။ နဂါးမြင်းဖြူ ၏ ကျောပေါ်တွင် စီးနင်းရင်း ကျင့်ကြံခြင်းများ ပြုလုပ်ကာ လမ်းခရီးတစ်လျှောက် ကြုံတွေ့ရသမျှ မိစ္ဆာ များကို ရှင်းလင်းသတ်ဖြတ်ခဲ့သည်။ အားလပ်ချိန်များတွင် အရသာရှိသော အစားအစာများကို သုံးဆောင်နေလေသည်။

သူ၏ သံစပ်တုတ် ကို အဆင့်မြှင့်တင်ပြီးနောက် ကျန်းလျို ၏ ခွန်အားသည် သိသိသာသာ တိုးတက်လာခဲ့သည်မှာ ဆိုဖွယ်ရာ မရှိတော့ချေ။

မိစ္ဆာ တစ်ကောင်နှင့် ကြုံတွေ့ရပါက ၎င်းမှာ မိစ္ဆာစစ်သည် အဆင့်ပင် ဖြစ်နေပါစေ ကျန်းလျို သည် ၎င်း၏ အနောက်ဘက်သို့ ချက်ချင်း ရွှေ့ပြောင်းသွားနိုင်ပြီး မိုးကြိုးလက်ဝါး ဖြင့် ဆက်တိုက် တိုက်ခိုက်လိုက်ရာ ပြိုင်ဘက်ကို သေဆုံးသွားစေခြင်းနှင့် ပြင်းထန်စွာ ဒဏ်ရာရရှိ၍ မလှုပ်ရှားနိုင်တော့သည်အထိ ဖြစ်သွားစေလေသည်။

တောက်ပခြင်း ဖိနပ် ၏ အထူးအကျိုးသက်ရောက်မှု နှင့် မိုးကြိုးလက်ဝါး ၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားသော တိုက်ခိုက်ရေးစွမ်းအား တို့ ပေါင်းစပ်လိုက်သောအခါ အပြစ်အနာအဆာကင်းသော နည်းဗျူဟာတစ်ခု ဖြစ်ပေါ်လာလေသည်။

လျိုရှားမြစ် ကမ်းစပ်တစ်လျှောက် တောင်ဘက်သို့ ဆယ်ရက်တိုင်တိုင် ခရီးဆက်လာပြီး လမ်းတစ်လျှောက်တွင် မိစ္ဆာ သတ္တဝါ တစ်ရာကျော်ကို ရှင်းလင်းပြီးနောက်တွင်ပင် ကျန်းလျို သည် တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ခဲ့ဖူးချေ။

ထိုနေ့တွင်လည်း ကျန်းလျို သည် လျိုရှားမြစ် ထဲမှ ထွက်ပေါ်လာသော မိစ္ဆာ များနှင့် မိစ္ဆာစစ်သည် အကောင်ဒါဇင်ပေါင်းများစွာကို ပေါ့ပေါ့ပါးပါးပင် ရှင်းလင်းလိုက်ပြီး အတွေ့အကြုံမှတ် အချို့ကို ရရှိခဲ့လေသည်။

ဤမိစ္ဆာများက သူ့ကို အရင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် သူတို့၏ သွေးတန်း များ ကုန်ခမ်းသွားသောအခါ ပြင်းထန်သော ဒဏ်ရာကြောင့် သတိလစ်သွားရုံသာမကဘဲ ပွဲချင်းပြီး သေဆုံးသွားကြခြင်း ဖြစ်သည်။

"ဝူခုန်း... လွန်ခဲ့တဲ့ နှစ်ရက်လောက်အတွင်းမှာ မိစ္ဆာ အရေအတွက်တွေ များလာသလိုပဲလို့ မင်းတို့ သတိထားမိကြလား..."

ဤသည်မှာ ထိုနေ့အတွက် သူတို့ ကြုံတွေ့ရသော တတိယမြောက် မိစ္ဆာ အုပ်စုပင် ဖြစ်သည်။ ကျန်းလျို သည် ဤမိစ္ဆာငယ်များကို အလွယ်တကူ ရှင်းလင်းပြီးနောက် စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့အား မေးခွန်းထုတ်လိုက်လေသည်။

"ဟုတ်တယ် ဆရာ... ဆရာ ပြောမှပဲ တကယ်လည်း အဲဒီလို ဖြစ်နေပုံရတယ်..."

ဤစကားကို ကြားသောအခါ စွန်းဝူခုန်း သည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်များကို ပြန်လည် စဉ်းစားကြည့်ရာ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေလေသည်။

"ဆရာ… အစ်ကိုကြီး... ခင်ဗျားတို့ သတိမထားမိကြဘူးလား... ရေအောက်မှာရှိတဲ့ ကျွမ်လျန် စစ်သူကြီး က ဒီနှစ်ရက်အတွင်းမှာ တစ်ခါမှ ပေါ်မလာတော့ဘူးလေ... အရင်တုန်းကဆို တစ်ရက်ကို နှစ်ခါ၊ သုံးခါလောက် ရေပေါ်တက်လာတတ်တာကို..."

သဘာဝအရ ပျင်းရိတတ်သော်လည်း စွန်းဝူခုန်း ထက် များစွာ ပိုမို အကဲခတ်တတ်ကြောင်း သက်သေပြလိုက်သည့် ကျူးပါကျဲ က ကြားဖြတ်ပြောလိုက်လေသည်။

"အင်... ပါကျဲ... မင်း ပြောမှပဲ... အဲဒီလို ဖြစ်နေပုံရတယ်... မကြာသေးခင်က ဒီ လျိုရှားမြစ် ထဲမှာ တစ်ခုခုများ ဖြစ်ခဲ့လို့လား..."

စွန်းဝူခုန်း သည် ဤအချက်ကို သဘောတူလိုက်ပြီး သဲများနှင့် ပူဖောင်းများ အဆက်မပြတ် လည်ပတ်နေသော ရေပြင်ကို စိုက်ကြည့်ကာ အခြေအနေကို တွေးတောနေလေသည်။

"ဘာလို့ ဂရုစိုက်နေမှာလဲ... ငါတို့နဲ့မှ မဆိုင်တာ... ငါတို့ တောင်ဘက်ကို ဆက်သွားဖို့ပဲ လိုတယ်..."

ကျူးပါကျဲကတော့ ပျင်းရိတတ်သည့် သဘောထားကြောင့် ထိုကိစ္စအတွက် အလုပ်ရှုပ်မခံလိုခဲ့ချေ။

"ဟုတ်တယ်... ပါကျဲ ပြောတာ အဓိပ္ပာယ်ရှိတယ်..."

ကျူးပါကျဲ ၏ မှတ်ချက်ကို ကြားသောအခါ ကျန်းလျို က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။

လျိုရှားမြစ် တွင် မည်သည့်အရာပင် ဖြစ်ပျက်နေပါစေ သူတို့နှင့် လုံးဝ မသက်ဆိုင်ချေ။ အမှန်တကယ်တော့ မြစ်ထဲတွင် အနှောင့်အယှက် အချို့ ဖြစ်ပေါ်နေပုံရသောကြောင့် မိစ္ဆာများ ပိုမို လှုပ်ရှားလာကြသည်။ မိစ္ဆာငယ် အများအပြားကို သူတို့နောက်သို့ လိုက်လံစေလွှတ်ခဲ့သဖြင့် သူတို့သည် အဆင့်တက်ရန်အတွက် ထိုမိစ္ဆာငယ်များကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် လမ်းခရီးကို ပိုမို ချောမွေ့သွားစေခဲ့ရာ သူတို့ အတော်လေး ဝမ်းသာကျေနပ်နေခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံတွင် အရိပ်နှစ်ခု ပျံသန်းလာလေသည်...

တိမ်တိုက်များကို ဖြတ်သန်းလာပြီးနောက် မကြာမီတွင် လျိုရှားမြစ် ၏ အထက်သို့ ရောက်ရှိလာကြပြီး တိတ်ဆိတ်စွာ ဝဲပျံနေကြလေသည်။

လီရှစ်ရာ ကျယ်ဝန်းသော လျိုရှားမြစ် သည် အဆုံးအစမရှိ ရှည်လျားစွာ တည်ရှိနေပြီး ပင်လယ်ကြီးတစ်ခုနှင့် တူလေသည်။

"နဂါး မမ... အဲဒီ ပုစွန်မိစ္ဆာ က ဘာဖြစ်လို့ ဗောဓိသတ် ရဲ့ ကြာကန် ကနေ ထွက်ပြေးလာတာလဲ... ပြီးတော့ ဗောဓိသတ် က ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ..."

တိမ်တိုက်ပေါ်တွင် ရပ်နေသော အမျိုးသမီး တစ်ဦးက ဘေးနားရှိ နဂါးအမျိုးသမီး ကို မေးလိုက်လေသည်။

"ကောင်းယန်... နင် မသိလို့ပါ… အဲဒီ ပုစွန်မိစ္ဆာ က မဆင်မခြင် လုပ်ရဲပြီး ဗောဓိသတ် မရှိတဲ့အချိန်ကို အခွင့်ကောင်းယူကာ ကြာပန်းပလ္လင် ကနေ ကြာစေ့တစ်စေ့ ကို ခိုးယူသွားတာလေ… အဲဒါကြောင့် ဗောဓိသတ် က ဒေါသထွက်ပြီး သူ့ကို ဖမ်းဖို့ ငါတို့ကို အမိန့်ပေးလိုက်တာပေါ့..."

တိမ်တိုက်ပေါ်တွင် ရပ်နေသော နဂါးမလေးက ပြန်ဖြေလေသည်။

ထိုသို့ပြောပြီးနောက် နဂါးမလေသည် ခဏတာ ရပ်တန့်သွားပြီး ထပ်ပြောလေသည်။

"နောက်ပြီး မင်း ခရမ်းရောင်ဝါးတော မှာ ကျင့်ကြံနေတာ အချိန်အတော်ကြာပြီလေ… အခု ဥပဒေသထိန်းချုပ်ခြင်းအဆင့် ကိုတောင် ရောက်နေပြီလို့ ဗောဓိသတ် က ပြောတယ်… ဒါကြောင့် နင် အပြင်ထွက်ပြီး လက်တွေ့ အတွေ့အကြုံတချို့ ရယူသင့်တဲ့ အချိန်ရောက်ပြီတဲ့လေ..."

"ဟုတ်ကဲ့ပါ နဂါးမမ... ကျွန်မ နားလည်ပါပြီ..."

ကောင်းယန်က သဘောတူသည့်အနေဖြင့် လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။

"ဒါပေမယ့်… ဒီ လီရှစ်ရာ ကျယ်ဝန်းတဲ့ လျိုရှားမြစ် ကြီးထဲမှာ ပုစွန်မိစ္ဆာ ကို ရှာရတာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ... ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... ငါတို့ လမ်းခွဲပြီး ရှာကြမလား..."

ကျယ်ပြောလှသော မြစ်ပြင်ကြီးကို တစ်ချက်ကြည့်ပြီးနောက် နဂါးအမျိုးသမီး က အကြံပြုလိုက်လေသည်။

"ကောင်းပါပြီ နဂါးမမ..."

ကောင်းယန်က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ လက်ကို မြှောက်ကာ အနီရောင် ပိုးဖဲကြိုး တစ်ခုကို လွှတ်ထုတ်လိုက်လေသည်။ ခုန်ပျံလိုက်ပြီးနောက် သူမသည် အနီရောင် ပိုးဖဲကြိုးပေါ်သို့ ဆင်းသက်ကာ တောင်ဘက်သို့ ပျံသန်းသွားလေသည်။

နဂါးမလေးသည် နဂါးမျိုးနွယ် တစ်ဦးအဖြစ် သူမ၏ မူလဇာစ်မြစ် အစစ်အမှန်ကို ထုတ်ဖော်ကာ မြောက်ဘက်သို့ ပျံသန်းသွားသည်။ ဤသို့ဖြင့် သူတို့သည် ပုစွန်မိစ္ဆာ အား မတူညီသော ဦးတည်ရာများမှ စတင် ရှာဖွေကြလေတော့သည်။

...

မကြာမီရက်ပိုင်းအတွင်းက လျိုရှားမြစ် သည် အမှန်တကယ်ပင် အထူး စည်ကားလာခဲ့လေသည်။ မူလက ၎င်း၏ ကျယ်ပြောလှမှုကြောင့် မရေမတွက်နိုင်သော မိစ္ဆာ အမျိုးမျိုးတို့ ခိုအောင်းနေထိုင်ကြပြီး သူတို့အားလုံးသည် ကိုယ်ပိုင် ပိုင်နက်များ ရှိကြကာ တစ်ဦးနှင့်တစ်ဦး ဟန်ချက်ညီအောင် ထိန်းသိမ်းထားခဲ့ကြလေသည်။

ကျွမ်လျန် စစ်သူကြီး သည် မိစ္ဆာ များကြားတွင် ကောင်းကင်နတ်အဆင့်ရှိသူတစ်ဦး ဖြစ်သည့်အပြင် လျိုရှားမြစ် အပေါ်တွင် လွှမ်းမိုးမှု ရှိလေသည်။ သို့သော်လည်း သူ၏ ရည်မှန်းချက်များမှာ အခြားနေရာတွင် ရှိနေသောကြောင့် မြစ်ထဲရှိ မိစ္ဆာဘုရင် အသီးသီးသည် သူ့အား ထိုက်တန်သော လေးစားမှုကို ပေးခဲ့ကြလေသည်။

သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။

မိစ္ဆာစစ်ဗိုလ် အဆင့်သာရှိသော သာမန် ပုစွန်မိစ္ဆာ တစ်ကောင်သည် ကွမ်ယင်၏ ကြာပန်းပလ္လင် မှ ကြာစေ့တစ်စေ့ ကို ခိုးယူကာ ကြာကန် မှ ထွက်ပြေးရဲခဲ့လေသည်။

ရိုသေလေးစားရသော ဗောဓိသတ် ကွမ်ယင်၏ ကြာစေ့များသည် ဗလာနယ်သို့ ပြန်လည်ဝင်ရောက်ခြင်းအဆင့် ရှိသူများကို သာမန်ကိုယ်ခန္ဓာမှ လွတ်ကင်းစေပြီး နတ်အဆင့် သို့ တက်လှမ်းနိုင်စေလေသည်။ ထိုနည်းတူစွာပင် ထိုကြာစေ့များသည် မိစ္ဆာဘုရင် တစ်ကောင်ကို ဘေးဒုက္ခမှ ရှောင်လွှဲစေနိုင်ပြီး နတ်အဆင့် မိစ္ဆာ အဖြစ်သို့ ကူးပြောင်းသွားစေနိုင်လေသည်။

ဤသတင်းက လျိုရှားမြစ် အတွင်းရှိ မိစ္ဆာဘုရင် အသီးသီးကို တပ်မက်မှုများဖြင့် တောက်လောင်သွားစေခဲ့လေသည်။

နိမ့်ကျသော မိစ္ဆာစစ်ဗိုလ် တစ်ကောင်က ကွမ်ယင် ၏ ကြာစေ့ကို ပိုင်ဆိုင်ထားသည် ဟုတ်သလော။ ၎င်းသည် ကလေးငယ်တစ်ဦးက အဖိုးတန်ရွှေများကို ကိုင်ဆောင်ကာ လူစည်ကားသော စျေးထဲတွင် လျှောက်သွားနေသည်နှင့် တူနေလေသည်။

ထို့ကြောင့်ပင်... လျိုရှားမြစ် ရှိ မိစ္ဆာ တိုင်းနီးပါး လှုပ်ရှားလာကြပြီး မိစ္ဆာဘုရင်များက ကြာကန်မှ ပုစွန်မိစ္ဆာကို လိုက်လံရှာဖွေရန် အမိန့်ပေးခဲ့ကြလေသည်။

အကယ်၍ သူတို့သာ ကြာစေ့ကို ရှာတွေ့ခဲ့လျှင် ထိုကြာစေ့၏ စွမ်းအင်များကို ရယူကာ သူတို့၏ သာမန်ကိုယ်ခန္ဓာကို စွန့်ပစ်နိုင်မည် ဖြစ်သည်။ ဤအရေးကြီးသော အချိန်တွင် မည်သူ့ကိုမျှ မျက်နှာမထောက်တော့ချေ။ အကယ်၍ သူတို့သာ နတ်အဆင့် မိစ္ဆာ နယ်ပယ်သို့ ရောက်ရှိသွားပါက သူတို့သည် နတ်ဘုံ တွင် ပါဝင်လာမည်ဖြစ်ပြီး ကျွမ်လျန် စစ်သူကြီး ကို ကြောက်ရွံ့နေရန် မလိုအပ်တော့ချေ။

"အားလုံး သွားပြီ... ငါ တကယ် သွားပြီ..."

ဧရာမ ပုစွန်ကြီး တစ်ကောင်မှ အသွင်ပြောင်းလာသော မိစ္ဆာ သတ္တဝါ တစ်ကောင်သည် လျိုရှားမြစ် ထဲတွင် စိုးရိမ်ပူပန်နေခဲ့လေသည်။

မြစ်တစ်ခုလုံးရှိ မိစ္ဆာ များက သူ့ကို လိုက်လံရှာဖွေနေကြပြီး ခရမ်းရောင်ဝါးတော မှ လူများကလည်း ကောင်းကင်ယံမှ လိုက်လံဖမ်းဆီးနေကြသည်ကို ခံစားသိရှိနေရသဖြင့် ကောင်းကင်ကိုဖြစ်စေ မြေကြီးကိုဖြစ်စေ ထွက်ပြေးလွတ်မြောက်ရန် လမ်းမရှိတော့သကဲ့သို့ ခံစားနေရလေသည်။

ရက်ပေါင်းများစွာ ညပေါင်းများစွာ ကြာအောင် ကွမ်ယင်သည် ကြာကန် တွင် ကျင့်ကြံနေခဲ့ပြီး ရေစပ်ရှိ ကြာပန်းပလ္လင် ကို အစောင့်အရှောက်မပါဘဲ ထားခဲ့လေသည်။ ကံကြမ္မာဖန်လာသော ထိုနေ့တွင် ပုစွန်မိစ္ဆာ သည် ကြာပန်းပလ္လင် အတွင်း၌ ကြာစေ့တစ်စေ့ ဖြစ်ပေါ်လာသည်ကို တိုက်ဆိုင်စွာ မြင်တွေ့ခဲ့ရလေသည်။

နားလည်နိုင်စွမ်းမရှိသော စေ့ဆော်မှုတစ်ခုကြောင့် သူသည် လောဘစိတ်ကို အရှုံးပေးလိုက်ပြီး ဗောဓိသတ်၏ ကြာစေ့ကို ရဲတင်းစွာ ခိုးယူခဲ့လေသည်။

ထိုအချိန်က ပုစွန်မိစ္ဆာသည် မိစ္ဆာ တစ်ကောင်၏ ပူးကပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားခဲ့ရပြီး ယခုတွင်တော့ သူ၏ လုပ်ရပ်များအတွက် အလွန်အမင်း နောင်တရနေခဲ့လေသည်။

မိစ္ဆာဘုရင်များကို သာမန်ကိုယ်ခန္ဓာမှ လွတ်ကင်းစေနိုင်သော ကြာစေ့သည် သူ၏ လက်လှမ်းမီရာတွင် ရှိနေသော်လည်း ထိုအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းမည်မျှ ကျင့်ကြံရမည်ကို ၎င်းကိုယ်တိုင်ပင် မသိရှိခဲ့ချေ။ အဘယ်ကြောင့် ဤမျှလောက် သွေးဆောင်မှုကို အရှုံးပေးခဲ့မိသနည်း။

ဝုန်း…

ရုတ်တရက် ကောင်းကင်ယံမှ တောက်ပသော အလင်းတန်းတစ်ခု ကျဆင်းလာပြီး လျိုရှားမြစ် ကို ဖောက်ထွင်းကာ မြစ်ကြမ်းပြင်ရှိ ဧရာမ ပုစွန်ကြီးပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။

"တွေ့ပြီ..."

အနီရောင် ပိုးဖဲကြိုးပေါ်တွင် ရပ်နေသော ကောင်းယန်သည် ပြင်းထန်စွာ လှုပ်ရှား အချက်ပြနေသည့် ကြာပန်းပလ္လင် ငယ်လေးကို ကြည့်ရင်း အကြည့်များ စူးရှသွားလေသည်။

အောက်ခြေရှိ ပုစွန်မိစ္ဆာသည် ၎င်း ရှာဖွေတွေ့ရှိခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားပြီး ပြန်လည်ခုခံရန် မဝံ့ရဲတော့ဘဲ လျှပ်တစ်ပြက်ကဲ့သို့ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးလေတော့သည်။

လေထဲရှိ ကြာပန်းပလ္လင် သည် ၎င်း၏ ပစ်မှတ်ကို သေချာမှတ်လိုက်ပြီး ထွက်ပြေးနေသော သတ္တဝါနှင့်အတူ ရွေ့လျားသွားလေသည်။ ထို့နောက် ၎င်းသည် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ၎င်းနောက်သို့ မဆုတ်မနစ် ဆက်လက် လိုက်ပါသွားလေတော့သည်။

All Chapters