အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း (၂၁၇) အမြွှာသုံးပူး ညီအစ်မ ကိုယ့်ကို လက်ထပ်ပါ
[အမည် - လုယွီပင်း]
[အဆင့် - အဆင့်(၁)]
[လုယွီပင်းသည် ရှေးဟောင်းသိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာပြီး မွေးရာပါ အအေးဓာတ်လွှမ်းမိုးသော ခန္ဓာကိုယ်ရှိ၏။]
[အမည် - လုထင်ရွှယ်]
[အဆင့် - အဆင့်(၁)]
[လုထင်ရွှယ်သည် ရှေးဟောင်းသိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာပြီး မွေးရာပါ အအေးဓာတ်လွှမ်းမိုးသော ခန္ဓာကိုယ် ရှိ၏။]
[အမည် - လုနင်ရွှမ်း
[အဆင့် - အဆင့်(၁)]
[လုနင်ရွှမ်းသည် ရှေးဟောင်းသိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာပြီး မွေးရာပါ အအေးဓာတ်လွှမ်းမိုးသော ခန္ဓာကိုယ် ရှိ၏။]
ထိုအချက်အလက်သုံးခုကို မြင်လိုက်ရသောအခါ ကျောက်လင်မှာ အတော်လေး အံ့သြသွားခဲ့၏။
ဤသုံးယောက်မှာ သုံးမြွှာပူးညီအစ်မများ
ဖြစ်နေပြီး သုံးယောက်စလုံးက မွေးရာပါ အအေးဓာတ်လွှမ်းမိုးသော ခန္ဓာကိုယ်များရှိကြသည့်အပြင် ရှေးဟောင်းသိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာကြခြင်းဖြစ်သည်။
ညီအစ်မသုံးယောက်စလုံးက အဆင့်(၁) အလှလေးများဖြစ်ကြပြီး ရင်သပ်ရှုမောဖွယ် ရုပ်ရည်သွင်ပြင် ရှိကြ၏။ သူတို့သုံးယောက် အတူတကွ ရပ်နေလိုက်သည့်အခါ အလွန် လှပတင့်တယ်လှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုနေရာရှိ ချီလင်အကယ်ဒမီ အသီးသီးမှ နည်းပြများနှင့် ကျောင်းသားများမှာလည်း မကြည့်ဘဲ မနေနိုင်ကြတော့ဘဲ အေးစက်စက် အမူအရာနှင့် ခန့်ညားလှသော အလှပိုင်ရှင် မိန်းမလှလေး သုံးယောက်အား ငေးမောကြည့်ရှုနေကြ၏။
ကျောက်လင်က သူတို့သုံးယောက်ရှိရာသို့ လျှောက်သွားနေစဉ် သေသပ်လှပစွာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အရှေ့မှ ဖြတ်လျှောက်သွားကာ ထိုညီအစ်မသုံးယောက်၏ ရှေ့တွင် ရပ်လိုက်သည်။
"ကျွန်တော့်နာမည်က ရှောင်ကျောက်တုံပါ... လန်ဟယ်ခရိုင် ချီလင်အကယ်ဒမီကပါ... စီနီယာအစ်မလုတို့ သုံးယောက်..."
ထိုလူက သူ့ကိုယ်သူ မိတ်ဆက်ရန် ပြင်လိုက်ရုံသာ ရှိသေး၏။
"ထွက်သွားစမ်း..."
လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်းတို့ ညီအစ်မသုံးယောက်က ပြိုင်တူ အော်ဟစ်လိုက်ရင်း ခါးထက်မှ ဓားများကို ဆွဲထုတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
ရှောင်ကျောက်တုံမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ အမြန်လစ်ထွက်သွားရ၏။
"ဟားဟားဟား..."
ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများမှာ ရယ်မောလိုက်ကြသည်။
"နည်းပြလုတို့ကို လိုက်ကြောင်ချင်နေတဲ့ သတ္တိကြောင်တဲ့ကောင် နောက်တစ်ယောက် ထပ်လာပြန်ပြီ... အဲ့ဒီလိုကောင်မျိုးတွေ အများကြီး တွေ့ဖူးပါတယ်... တစ်ယောက်မကျန် ထွက်ပြေးရတာချည်းပဲ..."
"နည်းပြသုံးယောက်စလုံးက ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာရှိကြတာလေ... သူတို့က ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ထားကြပြီး ယောက်ျားတွေကို စိတ်ဝင်စားတာ မဟုတ်ဘူး... ဒီကောင်က ဟိုစပ်စပ် ဒီစပ်စပ်တောင် မမေးမြန်းကြည့်ဘဲ အနားကပ်ဖို့ ကြိုးစားရဲတယ်... သူ အဆဲခံရတာ တန်ပါတယ်..."
"နည်းပြလုတို့ သုံးယောက်က ငါတို့ယွီလုံခရိုင် ချီလင်အကယ်ဒမီမှာ အစွမ်းအထက်ဆုံး နည်းပြတွေပဲ... အနီးကပ် ရှိနေတဲ့ ရွှေခန္ဓာနယ်ပယ် အထွတ်အထိပ်အဆင့်က ယောက်ျားလေး နည်းပြနှစ်ယောက်ဖြစ်တဲ့ မုန့်ဟူနဲ့ ကောသိုက်တို့တောင် သူတို့ကို မရနိုင်ခဲ့ဘူး... ဒီအပြင်က နည်းပြတွေနဲ့ ကျောင်းသားတွေက သူတို့ကို မှန်းရဲသေးတယ်... သူတို့က သေချင်နေကြတာပဲ..."
ထိုခဏ၌ ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများ အားလုံး ပွဲကျကာ ရယ်မောလိုက်ကြ၏။
ကျောက်လင်၏ စိတ်စွမ်းအားက အလွန် အစွမ်းထက်လှသဖြင့် သူတို့ပြောသမျှ စကားအားလုံးကို သဘာဝကျကျပင် ကြားလိုက်ရသည်။
သို့သော်လည်း ကျောက်လင်က နောက်ဆုတ်မသွားဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွား၏။
"အိုး အိုး အိုး..."
"သေရမှာ မကြောက်တဲ့ကောင် နောက်တစ်ယောက် ထပ်လာပြန်ပြီ..."
ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများသည် ကျောက်လင် တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို မြင်သောအခါ မရယ်ဘဲ မနေနိုင်ကြတော့ဘဲ ထပ်မံလှောင်ပြောင်လိုက်ကြပြန်သည်။
လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်း တို့ကလည်း ကျောက်လင် ချဉ်းကပ်လာသည်ကို မြင်လိုက်ရပြီး သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လင်းလက်သွား၏။
ထိုအမျိုးသမီးသုံးယောက်သည် အလွန်လှပလွန်းလှသဖြင့် သူတို့သွားလေရာ နေရာတိုင်းတွင် လူအုပ်ကြီးကို ဆွဲဆောင်နိုင်စွမ်းရှိကြပြီး ရဲတင်းသော အမျိုးသားများကလည်း သူတို့ကို မကြာခဏဆိုသလို ချစ်ရေးဆိုတတ်ကြသည်။
သူတို့သုံးယောက်စလုံးမှာ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်နေကြရ၏။
ကျောက်လင်က ပေါ့ပေါ့ပါးပါး ပြုံးရွှင်ကာ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ ထိုသုံးယောက်၏ မျက်လုံးများထဲရှိ ရွံရှာစက်ဆုပ်မှုများက ပို၍ သိသာထင်ရှားလာသည်။
သို့သော်လည်း ကျောက်လင်က မတုန်မလှုပ် ရှိနေဆဲဖြစ်ပြီး သူတို့သုံးယောက်ရှိရာသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။
"ထွက်သွားစမ်း..."
ကျောက်လင်က သူ့ကိုယ်သူ မိတ်ဆက်ရန် ပြင်လိုက်ချိန်မှာပင် လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်းတို့က ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
"ဟားဟားဟား..."
ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများမှာ တစ်ဖန် ထပ်၍ ရယ်မောလိုက်ကြပြန်၏။
ကျောက်လင်က ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။
"ညီအစ်မသုံးယောက်စလုံး ကိုယ့်ကို လက်ထပ်ကြပါ... မင်းတို့ ကျောက်စိမ်းခန္ဓာနယ်ပယ်ကို အဆင့်တက်လှမ်းနိုင်အောင် ကိုယ် ကူညီပေးပါ့မယ်..."
ထိုအခိုက်တွင် ကျောက်လင်က လူတိုင်းကို ဆွံ့အသွားစေလောက်မည့် တုန်လှုပ်ဖွယ်ရာ စကားတစ်ခွန်းကို ပြောချလိုက်၏။
"ဒီကောင် ရူးနေတာလား..."
"ဘယ်လောက်တောင် မောက်မာလိုက်သလဲ... နည်းပြလု သုံးယောက်စလုံးကို လက်ထပ်ချင်တယ်ပေါ့... အဲ့တာ သေချင်လို့ မြောင်းတူးနေတာပဲ..."
"တခြားလူတွေက လာပြီး ချစ်ရေးဆိုရုံပဲရှိတာ... ဒီကောင်ကကျတော့ နည်းပြလု သုံးယောက်စလုံးကို လက်ထပ်ချင်နေတယ်... ငါတော့ သည်းမခံနိုင်တော့ဘူး... သူ့ကို ပညာနည်းနည်းလောက် ပေးရမယ်..."
ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများက ချက်ချင်းပင် နှုတ်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြပြီး အားလုံး၏ မျက်နှာထက်တွင် ဒေါသတကြီး အမူအရာများ ဖြစ်ပေါ်နေသည်။
အတိတ်ကာလတွင် အချို့သော အမျိုးသားများသည် လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်းတို့ထံသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့ကြသော်လည်း မည်သူကမျှ သူတို့သုံးယောက်စလုံးကို လက်ထပ်ရန် မတောင်းဆိုရဲခဲ့ကြပေ။
သို့သော် အမျိုးသမီးသုံးယောက်ကို တစ်ပြိုင်နက်တည်း လက်ထပ်ရန် ကျောက်လင်၏ တောင်းဆိုမှုက ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများကို အကြီးအကျယ် ဒေါသထွက်စေခဲ့၏။
"နှာဘူး..."
လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်းတို့မှာ အနည်းငယ် ဒေါသထွက်သွားကြသည်။
ထိုစဉ် ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြတစ်ယောက်က ရှေ့သို့ တိုးထွက်လာပြီး ကျောက်လင်ထံသို့ ဓားဖြင့် ချိန်ရွယ်လိုက်၏။
"နည်းပြမုန့်ဟူ ဝင်ပါလာပြီ..."
"ကောလာဟလတွေအရတော့ နည်းပြမုန့်ဟူက နည်းပြလုကို တစ်ခါက ချစ်ရေးဆိုဖူးပေမဲ့ ပြတ်ပြတ်သားသား ငြင်းပယ်ခံခဲ့ရတယ်တဲ့... အခုကြည့်ရတာ နည်းပြမုန့်ဟူက နည်းပြလုအပေါ် ခံစားချက်တွေ ရှိနေသေးပုံပဲ... ဒါကြောင့် တခြားယောက်ျားတွေ နည်းပြလုကို မှန်းနေတာကို သူ သည်းမခံနိုင်တာပဲ..."
"နည်းပြမုန့်ဟူက ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာရှိတာ... သူ့ရဲ့ ဒေါသနဲ့ဆိုရင် ဒီပေါ့ပျက်ပျက်နိုင်တဲ့ကောင် သေချာပေါက် ဒုက္ခရောက်တော့မှာပဲ..."
မုန့်ဟူ လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများ အားလုံးက ချက်ချင်းပင် သူတို့၏ ထင်မြင်ချက်များကို ပြောဆိုလိုက်ကြ၏။
ကျောက်လင်ကလည်း သဘာဝကျကျပင် ထိုစကားများကို ကြားလိုက်ရသည်။
"ကောင်လေး... မင်းက ဘယ်သူပဲဖြစ်ဖြစ် မင်းရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး..."
"မင်းသာ ယွီလုံခရိုင် ချီလင်အကယ်ဒမီက နည်းပြတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲရင် ငါ မင်းကို ပြင်းထန်တဲ့ သင်ခန်းစာတစ်ခု ပေးရလိမ့်မယ်..."
"မင်း မှတ်ထားရမှာက တချို့လူတွေဟာ မင်း လွယ်လွယ်ကူကူ လက်လှမ်းမီနိုင်တဲ့ သူတွေ မဟုတ်ဘူးဆိုတာပဲ..."
မုန့်ဟူက အေးစက်စွာ ပြန်ပြောလိုက်၏။
ကျောက်လင်ကို ပြန်ပြောခွင့် မပေးတော့ဘဲ မုန့်ဟူက ချောက်နက်ကြီးထဲမှ ခုန်ထွက်လာသော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်တက်လိုက်ကာ ကျောက်လင်ထံသို့ ပြေးဝင်သွားပြီး သူ၏ ဓားဖြင့် ထိုးချလိုက်သည်။
"ဘာလို့များ..."
ကျောက်လင်က သက်ပြင်းချလိုက်ပြီး သတ္တုစပ်ထန်ဓားကို ထုတ်ယူလိုက်၏။
ထိုအခိုက်တွင် ကျောက်လင်သည် သွေးနတ်ဘုရားဓား၏ တတိယမြောက် အဆင့်ဖြစ်သော ဓားပဲ့တင်သံကိုသာ ထုတ်ဖော်လိုက်သည်။
အစွမ်းထက်သော ဝိညာဉ်စွမ်းအင်များ သူ၏ လက်မောင်းထဲသို့ စီးဆင်းသွားသည်နှင့်အမျှ သူက သတ္တုစပ်ထန်ဓားကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်ကာ မုန့်ဟူ၏ အဖိုးတန်ဓားကို ကာကွယ်လိုက်ရာ တုန်ခါမှုလှိုင်းကဲ့သို့သော စွမ်းအားတစ်ခုက အပြင်ဘက်သို့ ပျံ့နှံ့သွား၏။
မုန့်ဟူမှာ သူ၏ ဓားအပေါ် ဆုပ်ကိုင်ထားနိုင်စွမ်းကို ဆုံးရှုံးသွားပြီး ဓားက သူ၏ လက်ထဲမှ လွင့်စင်ထွက်သွားခဲ့သည်။
"ဟာ..."
"ဘာ..."
ယွီလုံခရိုင် ချီလင်အကယ်ဒမီမှ နည်းပြအချို့က အံ့သြသံသယဖြစ်စွာဖြင့် စောင့်ကြည့်နေကြ၏။
အချို့သော သူများမှာမူ လုံးဝကို မှင်တက်သွားကြသည်။
မုန့်ဟူသည် လုညီအစ်မသုံးယောက်မှလွဲ၍ ယွီလုံခရိုင် ချီလင်အကယ်ဒမီတွင် အစွမ်းအထက်ဆုံး နည်းပြဖြစ်ပြီး သူက ရွှေခန္ဓာနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသူလည်းဖြစ်သည်။ ကျောက်လင်က သူ့ဓားကို တစ်ကွက်တည်းနှင့် မည်သို့ လွှင့်ပစ်နိုင်ခဲ့သနည်း။
ဤအရာက လုံးဝကို ယုတ္တိမတန်လှပေ။
တစ်ချိန်တည်းမှာပင် ထိုလူအားလုံးက ကျောက်လင်သည် အလွန် အစွမ်းထက်ကြောင်းကို သဘောပေါက်သွားကြ၏။
ထို့ကြောင့်ပင် သူက လုညီအစ်မသုံးယောက်ကို ချစ်ရေးဆိုရန် ရဲတင်းနေခဲ့ခြင်း ဖြစ်ပေမည်။
လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်း တို့ကလည်း ထိုတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီး သူတို့အားလုံး၏ မျက်နှာထက်တွင် အံ့သြသွားသည့် အမူအရာများ ပေါ်လာကြသည်။
"မဖြစ်နိုင်ဘူး..."
"ငါ့ရဲ့ ကျားခုတ်ပိုင်းခြင်းက တစ်ခါမှ မလွဲဖူးဘူး... မင်းက ငါ့ဓားကို ဘယ်လိုလုပ်ပြီး လွင့်စင်သွားအောင် လုပ်နိုင်ရတာလဲ..."
မုန့်ဟူက လေပြင်းတိုက်ခတ်ခံရသကဲ့သို့ အံ့အားသင့်သွားပြီးနောက် နာကြည်းစွာဖြင့် အော်ဟစ်လိုက်၏။
ကျောက်လင်ကမူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရုံသာ ပြုသည်။
သူတို့နှစ်ယောက်စလုံးက ရွှေခန္ဓာနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသော်လည်း သူတို့ချင်းမှာ မတူညီကြပေ။
အချို့သော လူများသည် အဂ္ဂိရတ်ဆေးလုံးများကို စားသုံးခြင်းဖြင့် အဆင့်တက်ကြသည် သို့မဟုတ် သူတို့၏ ကျင့်စဉ်များတွင် အပြစ်အနာအဆာများ ရှိနေခြင်းကြောင့် သူတို့၏ ရုပ်ခန္ဓာများက ရွှေခန္ဓာနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိနိုင်ကြပေ။
အခြားတစ်ဖက်တွင်မူ ကျောက်လင်က ကွာခြားလှ၏။ သူ၏ ကျင့်ကြံမှုအဆင့်ကို စနစ်က မြှင့်တင်ပေးထားခြင်းဖြစ်ပြီး ခြေလှမ်းတိုင်းက ပြီးပြည့်စုံနေခဲ့သည်။
ရွှေခန္ဓာနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ ကျောက်လင်သည် သူ၏ ရုပ်ခန္ဓာကို ပြီးပြည့်စုံစွာ ပုံသွင်းနိုင်ခဲ့ပြီး အပြစ်အနာအဆာကင်းသော ရွှေခေါင်းလောင်း အကာအကွယ်အဆင့်သို့ အမှန်တကယ် ရောက်ရှိနေပြီဟု ဆိုနိုင်ပေသည်။
ဤအချက်က ကျောက်လင်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို မုန့်ဟူထက် ပို၍ အစွမ်းထက်စေခဲ့၏။ သွေးနတ်ဘုရားဓား၏ ပဲ့တင်ထပ်သော စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ သစ်ကိုင်းငယ်လေးတစ်ခုကို သံတုတ်ဖြင့် ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး မုန့်ဟူမှာ ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ခြင်း ဖြစ်သည်။
"အလှလေးသုံးယောက်... ကိုယ့်ကို လက်ထပ်တာ ဘယ်လိုလဲ..."
"မင်းတို့ တစ်လအတွင်းမှာ ကျောက်စိမ်းဗိမာန်နယ်ပယ်ကို အဆင့်တက်လှမ်းနိုင်အောင် ကိုယ် ကူညီပေးမယ်လို့ ကတိပေးနိုင်တယ်..."
ထို့နောက် ကျောက်လင်က အမြွှာသုံးပူး ညီအစ်မများကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။