← Chapters

အခန်း (၄၈၃-၄၈၄)

Vol. 49 Ch. 483-484

အခန်း (၄၈၃-၄၈၄)

Vol. 49 Ch. 483-484

အခန်း ၄၈၃ - ဆယ်နှစ်အကြာ

ထူထပ်သိပ်သည်းကာ မိုးထိအောင် မြင့်မားနေသော တောင်တန်းကြီးများကြားတွင် လူရိပ်အချို့သည် သစ်တောထဲ၌ လျင်မြန်စွာ ပြေးလွှားနေကြသည်။

ရှေ့ဆုံးမှ လူရိပ်တစ်ခုက ထွက်ပြေးနေပြီး ကျန်သူများကတော့ အနီးကပ် လိုက်လံဖမ်းဆီးနေကြ၏။ သူတို့တစ်ဦးစီတိုင်းထံမှ အစွမ်းထက်လှသော အငွေ့အသက်များ ဖြာထွက်နေပြီး တောင်ပေါ်ရှိ သတ္တဝါများကို အကြောက်တရားဖြင့် တုန်လှုပ်သွားစေခဲ့ပါ၏။ ငှက်များမှာ အလန့်တကြား ထပျံသွားကြပြီး သားရဲများကလည်း ထိတ်လန့်တကြားနှင့် ထွက်ပြေးပုန်းအောင်းသွားကြတော့သည်။

"လီပေါင်... ထွက်ပြေးဖို့တောင် မစဉ်းစားနဲ့။ မင်းက မြင့်မြတ်သောတောင်တော်ရဲ့ တားမြစ်ချက်ကို ချိုးဖောက်ခဲ့တယ်။ ဝိညာဉ်ဆေးမြစ်တစ်ပင်တည်းအတွက်နဲ့ မြောင်မျိုးနွယ်စုရွာ တစ်ရွာလုံးကို မင်း သတ်ဖြတ်ခဲ့တယ်။ အသက်ပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့ရတာလေ။ မင်းက သေလမ်းရှာနေတာပဲ။ ချောင်ပြည်နယ်ရဲ့ ဒီလို ဝေးလံခေါင်သီတဲ့ ဒေသမှာ ပုန်းနေလည်း လုံခြုံမယ်လို့များ မင်း ထင်နေတာလား။ မင်း ဂိုဏ်းကို ပြန်ရောက်ရင်တောင် ချန်းရှန်ဂိုဏ်းက မင်းကို ကာကွယ်ရဲမယ်လို့ ထင်နေလား။ အခုချက်ချင်း အဖမ်းခံပြီး ငါတို့နဲ့အတူ မြင့်မြတ်သောတောင်တော်ကို ပြန်လိုက်ခဲ့.. အပြစ်ဒဏ်ကို ခံယူဖို့ ပြင်ထားလိုက်တော့"

ရှေ့ဆုံးမှ ထွက်ပြေးနေသော လူရိပ်သည် အရှိန်လျော့မည့်ပုံ မပေါ်ဘဲ အမှန်တကယ်ပင် အကွာအဝေးကို ပို၍ပင် ဆွဲဆန့်နေခဲ့လေသည်။ ထိုအခါ၌ စိုးရိမ်လာသော လိုက်လံဖမ်းဆီးသူများ၏ ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

"ဟားဟားဟား... မြင့်မြတ်သောတောင်တော်က ငနဲလေးတွေ မင်းတို့မှာ အရည်အချင်းရှိရင် အရင်ဆုံး ငါ့ကို ဖမ်းကြည့်လေ၊ အဆင့်နိမ့် လူသာမန်တချို့ကို ငါသတ်လိုက်တော့ရော ဘာဖြစ်လဲ။ ငါ့ကို မြင့်မြတ်သောတောင်တော်ဆီ သွားပြီး အပြစ်ဒဏ် ခံယူစေချင်တာလား။ တောက် မြင့်မြတ်သောတောင်တော်က ခွေးတွေ တစ်နေ့ကျရင် ငါ့ရဲ့ နတ်ဘုရားကျင့်ကြံခြင်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါကျ မင်းတို့ရဲ့ မြင့်မြတ်သောတောင်တော်ဆိုတာကို ငါ မြေမှုန့်ဖြစ်အောင် နင်းခြေပစ်ဦးမယ်။ သခင်ကြီးသုံးပါး ဆိုတဲ့လူတွေတောင် ငါ့ရှေ့မှာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ရလိမ့်မယ်ကွ" လီပေါင်ဟုခေါ်သော ထွက်ပြေးနေသည့် လူရိပ်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ လေသံမှာ မောက်မာမှုများဖြင့် ပြည့်နှက်နေလေသည်။

သူ့ကို လိုက်လံဖမ်းဆီးနေသူများမှာ မွေးရာပါနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူလေးများသာ ဖြစ်သည်။ မွေးရာပါနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် နီးစပ်နေသူတစ်ဦးအနေဖြင့် သူတို့ကို ကြောက်ရွံ့စရာ အကြောင်းမရှိပေ။ မြင့်မြတ်သောတောင်တော်၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းသာ မရှိခဲ့လျှင် သူသည် နောက်ပြန်လှည့်ကာ ဤငနဲလေးများကို သတ်ဖြတ်ပစ်ခဲ့ပြီးဖြစ်လိမ့်မည်။

"ရိုင်းစိုင်းလိုက်တာ။ မင်းကများ မြင့်မြတ်သောတောင်တော်နဲ့ သခင်ကြီးတွေကို စော်ကားရဲတယ်ပေါ့လေ"

လိုက်လံဖမ်းဆီးသူများမှာ ဒေါသဖြင့် ဆူပွက်လာကြတော့သည်။ မြင့်မြတ်သောတောင်တော်၏ တရားစီရင်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် တောင်တော်နှင့် သခင်ကြီးသုံးပါးအပေါ် သူတို့၏ ရိုသေလေးစားမှုမှာ အကြွင်းမဲ့ပင်ဖြစ်သည်။ လီပေါင်၏ စော်ကားမှုများကို ကြားလိုက်ရသောအခါ သူတို့၏ ဒေါသများ ပေါက်ကွဲထွက်လာတော့၏။

ဒေါသအမျက်ချောင်းချောင်း ထွက်နေသော ခေါင်းဆောင် လူငယ်လေးသည် နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ဝတ်ရုံအတွင်းသို့ လက်နှိုက်ကာ အဆောင်တစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်တော့၏။

ခဏအကြာတွင်တော့ ယင်းအဆောင်မှနေ၍ မိုးကြိုးသွားတစ်ခု ပစ်ထွက်လာကာ လီပေါင်ထံသို့ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ဝင်ရောက်သွားတော့သည်။

"ဘာ"

သေစေနိုင်လောက်သော စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသောအခါ၌ လီပေါင်သည် အထိတ်တလန့် ဖြစ်သွားတော့၏။ သူသည် ထွက်ပြေးခြင်းအကြံကို စွန့်လွှတ်လိုက်ပြီး ဗီဇအရ ဘေးဘက်သို့ လိမ့်ထွက်သွားလေသည်။

သို့တိုင်အောင် မိုးကြိုးသွားက ပွတ်တိုက်သွားသောအခါ သူ၏ ညာဘက်လက်မောင်းမှ ပူလောင်လှသော နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ထို့နောက်တွင်တော့ ကမ္ဘာမြေကို တုန်လှုပ်စေလောက်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။

"အား ငါ့လက်မောင်း"

လီပေါင်သည် ထိတ်လန့်တကြားဖြင့် သူ၏ ညာဘက်အခြမ်းကို ဆုပ်ကိုင်လိုက်၏။ သူ၏ လက်မောင်းတစ်ဖက်လုံး ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျန်ရစ်ခဲ့သည်မှာ မည်းနက်ပြီး ကျွမ်းလောင်နေသော လက်ပြတ်ကြီးတစ်ခုသာ ဖြစ်လေ၏။ သူ၏ ညာဘက်လက်မောင်းသည် မိုးကြိုးသွားကြောင့် လုံးဝ ပြာကျသွားခဲ့ပြီပင်။

"လီပေါင်... မင်း ဘယ်ကို ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

သူ နာကျင်မှုကြောင့် လူးလှိမ့်နေစဉ်မှာပင် လိုက်လံဖမ်းဆီးသူများက နောက်ဆုံးတော့ အမီလိုက်လာနိုင်ခဲ့ပြီး လက်နက်များကို ဆွဲထုတ်ကာ သူ့ကို ဝန်းရံလိုက်ကြလေ၏။ ခေါင်းဆောင်လူငယ်လေး၏ လက်ထဲတွင် အခြား အဖြူရောင်အဆောင်တစ်ခုကို ကိုင်ဆောင်ထားပြီး လီပေါင်ကို တည့်တည့် ချိန်ရွယ်ထား၏။ အဆောင်မှ ဖြာထွက်နေသော စွမ်းအင်များက လီပေါင်၏ ကျောရိုးကို စိမ့်တက်သွားစေတော့သည်။

"လီပေါင်... မင်း ပြေးစရာ နေရာမရှိတော့ဘူး။ အခုချက်ချင်း အဖမ်းခံပြီး ငါတို့နဲ့တူတူ မြင့်မြတ်သောတောင်တော်ကို ပြန်လိုက်ခဲ့" လူငယ်လေး၏ အသံမှာ အေးစက်ပြီး ပြတ်သားနေသည်။

"မိုးကြိုးအဆောင်ပါလား... မင်းလို မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်လောက်က မိုးကြိုးအဆောင်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ငါ မယုံနိုင်ဘူး"

လီပေါင်၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူရော်သွားတော့၏။ မြင့်မြတ်သောတောင်တော်၏ တရားစီရင်ရေး တပ်ဖွဲ့ဝင်များသည် တစ်ခါတစ်ရံတွင် အစွမ်းထက်သော အဆောင်များကို သယ်ဆောင်လေ့ရှိကြောင်း ကောလာဟလများကို သူ ကြားဖူးထားခဲ့ပါ၏။ သို့သော်လည်း အများစုမှာ ခြေမြန်အဆောင်ကဲ့သို့သော အခြေခံအဆောင်များသာ ဖြစ်လေသည်။

မိုးကြိုးအဆောင်ကဲ့သို့ သေစေနိုင်လောက်သော အဆောင်များကို အများအားဖြင့် မွေးရာပါနယ်ပယ် အလယ်အလတ်အဆင့် သို့မဟုတ် နောက်ပိုင်းအဆင့်ရှိ တပ်ဖွဲ့ဝင်များ သို့မဟုတ် အခြေတည်အဆင့်ရှိ သူများအတွက်သာ သီးသန့်ထားလေ့ရှိသည်။ သို့သော်လည်း ဤမွေးရာပါနယ်ပယ် အစောပိုင်းအဆင့် လူငယ်လေးက ထိုအရာကို ပိုင်ဆိုင်ထားလေသည်။ ကျင့်ကြံခြင်းအဆင့် ကွာဟနေသည့်တိုင် သူတို့က သူ့ကို ရဲရဲဝံ့ဝံ့ လိုက်လံဖမ်းဆီးရဲသည်မှာ အံ့သြစရာတော့ မဟုတ်ပေ

"မင်းကြောင့်မို့ ငါ အကြာကြီးစုဆောင်းခဲ့ရတဲ့ ဒီတန်ဖိုးကြီးအဆောင်ကို သုံးလိုက်ရတာပဲ"

လူငယ်လေး၏ နှလုံးသားသည် ထိုအကြောင်းကို တွေးမိသည်နှင့် နာကျင်သွားတော့၏။

ဤမိုးကြိုးအဆောင်ကို ရရှိရန်အတွက် သူ၏ ကုသိုလ်တော်အမှတ်များစွာကို ပေးဆပ်ခဲ့ရခြင်းဖြစ်သည်။ သူက ၎င်းကို အရေးပေါ်အခြေအနေအတွက် လျှို့ဝှက်လက်နက်အဖြစ် သိမ်းဆည်းထားရန် ရည်ရွယ်ခဲ့သော်လည်း ယခုတာဝန်တွင် အသုံးပြုရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရလေပြီပင်။

ယခုအခါတွင်မူ ၎င်းကို နောက်တစ်ကြိမ်သာ အသုံးပြုနိုင်တော့မည်ဖြစ်၏။ လီပေါင်ကို ဖမ်းမိခြင်းကပင်လျှင် ဆုံးရှုံးမှုကို ကာမိရန် လုံလောက်မည်မဟုတ်ပေ။ သူ၏ နှလုံးသားမှာ နောင်တများဖြင့် သွေးထွက်မတတ် ဖြစ်နေတော့၏။

သို့သော်လည်း သူက စိတ်ကို တည်ငြိမ်အောင်ထားပြီး အမိန့်ပေးလိုက်လေသည်။

"သူ့ရဲ့ ကျင့်ကြံခြင်းကို ပိတ်လှောင်ပြီး ကြိုးတုပ်လိုက်"

"ဟုတ်ကဲ့ပါ" အခြား တပ်ဖွဲ့ဝင်များက တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြ၏။

သူတို့သည် ဝိညာဉ်အပ်များကို ထုတ်ယူကာ လီပေါင်၏ အဓိက အပ်စိုက်မှတ်များထဲသို့ စိုက်သွင်းလိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို လုံးဝ ပိတ်လှောင်ပစ်လိုက်ကြတော့လေ၏။

ထို့နောက်တွင်တော့ သူတို့က ရှားပါးသားရဲများ၏ အရွတ်များဖြင့် ရက်လုပ်ထားသော အထူးပြုလုပ်ထားသည့် ကြိုးကို အသုံးပြု၍ သူ့ကို တုပ်နှောင်လိုက်ကြတော့သည်။

လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် လူငယ်လေးသည် လီပေါင် ရုတ်တရက် လှုပ်ရှားမှုမလုပ်နိုင်စေရန် သူ၏ မိုးကြိုးအဆောင်ကို လီပေါင်ထံသို့ ချိန်ရွယ်ထားခဲ့လေသည်။ ဤမျှ နီးကပ်သောအကွာအဝေးဖြင့် လီပေါင်သာ တစ်ခုခု ကြိုးစားခဲ့မည်ဆိုလျှင် ချက်ချင်း ပစ်ချခံရမည်ဖြစ်သည်။

ပွတ်တိုက်သွားရုံမျှဖြင့်ပင် သူ၏ လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရသည်။ အကယ်၍ တည့်တည့်သာ ထိမှန်ခဲ့မည်ဆိုလျှင် မေးခွန်းထုတ်စရာမလိုဘဲ သေချာပေါက် သေဆုံးသွားမည်သာ။

လီပေါင်လည်း ဤအချက်ကို သိထားသောကြောင့် သူ မခုခံခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာ မှိုင်းညှို့နေလေပြီပင်။ မြင့်မြတ်သောတောင်တော်၏ အလေ့အထများကို သူ ကောင်းကောင်းသိထားပါ၏။

သူကျူးလွန်ခဲ့သော ပြစ်မှုသည် ကြီးလေးလှ၏။ သူ့ကို ပြန်လည်ခေါ်ဆောင်သွားသည်နှင့် ချက်ချင်း ကွပ်မျက်မခံရလျှင်တောင် တစ်သက်တာ ထောင်ဒဏ်ကျခံရမည်မှာ အသေအချာပဲပင်။

လူငယ်လေးကတော့ လီပေါင်၏ ကံကြမ္မာကို ဂရုမစိုက်ပေ။ ဤသူသည် ဝိညာဉ်ဆေးမြစ်တစ်ပင်တည်းအတွက်နှင့် ရွာတစ်ရွာလုံးကိုတောင် သတ်ဖြတ်ခဲ့သော သူဖြစ်၏။ သူ့ကို ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာသူဟု ခေါ်ဆိုခြင်းကပင် လျော့လွန်းနေဦးမည်ပင်။ မြင့်မြတ်သောတောင်တော်၏ တရားစီရင်ရေး တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် လူငယ်လေးတွင် ဤကဲ့သို့သော အမှိုက်ကောင်အတွက် ကိုယ်ချင်းစာစိတ် မရှိချေ။ တာဝန်ကြောင့်သာ မဟုတ်လျှင် သူသည် လီပေါင်ကို ထိုနေရာမှာတင် သတ်ပစ်ခဲ့ပြီးဖြစ်လိမ့်မည်။

တပ်ဖွဲ့ထဲရှိ အခြားသူများလည်း ထိုနည်းတူပင် ခံစားနေကြရပါ၏။ အကျဉ်းသားကို လုံခြုံစွာ ဖမ်းဆီးရမိပြီဖြစ်၍ သူတို့လာ်း အချိန်မဆွဲတော့ချေ။ လီပေါင်ကို ဖမ်းချုပ်လျက်သားဖြင့် မြင့်မြတ်သောတောင်တော်ဆီသို့ ခရီးဆက်လိုက်ကြတော့သည်။

ပြန်လမ်းခရီးမှာတော့ အေးအေးဆေးဆေးပင်။ မြင့်မြတ်သောတောင်တော်၏ တရားစီရင်ရေး တပ်ဖွဲ့သည် ကြီးမားသော လေးစားမှုကို ရရှိထားလေသည်။ အဓိက ဂိုဏ်းကြီးများပင်လျှင် သူတို့နှင့် ဆုံတွေ့သောအခါ ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲဘဲ အရိုအသေပေးကြရပါ၏။

အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင့်မြတ်သောတောင်တော်ကို ကိုယ်စားပြုနေသောကြောင့်ပင်။ ထို့ပြင် မြင့်မြတ်သောတောင်တော်သည် သခင်ကြီးသုံးပါး၏ နေရပ်တစ်ခုတည်း မဟုတ်ချေ။ သူတို့၏ နောက်ကွယ်တွင် ထိုပုဂ္ဂိုလ်တစ်ဦးပါ ရှိနေသေးလေ၏။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျင်းပခဲ့သည့် ညီလာခံတွင် ပါဝင်ခဲ့ဖူးသော မည်သည့်ဂိုဏ်းမဆို သူ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကောင်းစွာ သိရှိထားကြလေသည်။

မနားမနေ ခရီးနှင်ပြီးနောက်၌ နောက်ဆုံးတွင်တော့ တပ်ဖွဲ့သည် ကျုံးကျိုးသို့ ပြန်၍ရောက်ရှိလာခဲ့တော့၏။ အဝေးတစ်နေရာတွင် မိုးထိအောင် မြင့်မားခမ်းနားလှသော တောင်ကြီးတစ်တောင် ပေါ်လာလေသည်။

မြင့်မြတ်သောတောင်တော်၏ မြင်ကွင်းကို ငေးကြည့်ရင်း သူတို့၏ မျက်လုံးများထဲတွင် ထက်သန်သော အလင်းတန်းများ တောက်ပသွားကြတော့သည်။

....

အခန်း ၄၈၄ - လုချင်း တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခြင်း၊ ကျင့်ကြံရာတွင် ကြုံတွေ့ရသော အခက်အခဲများ

မြင့်မြတ်သောတောင်တော်ကို မြင်လိုက်ရသောအခါ၌ လီပေါင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်လာတော့သည်။ ကျုံးကျိုးသို့ ပြန်လာရာလမ်းတစ်လျှောက်တွင် သူ၏ ဂိုဏ်းက လာရောက်ကယ်တင်လိမ့်မည်ဟူ၍ သူ မျှော်လင့်ချက် အနည်းငယ်တော့ ထားရှိခဲ့သေးသည်။

မည်သို့ပင်ဆိုစေ၊ သူသည် ချန်းရှန်ဂိုဏ်း၏ အမြင့်ဆုံး အကြီးအကဲတစ်ဦး၏ သားဖြစ်သည် မဟုတ်ပါလော။

သို့သော်လည်း လမ်းတစ်လျှောက်ရှိ အေးစက်လှသော တိတ်ဆိတ်မှုက ဂိုဏ်းသည် သူ့ကို လုံးဝ စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သဘောပေါက်သွားစေခဲ့၏။ ယခုအခါ သူ့ကို စောင့်ကြိုနေသည်မှာ မြင့်မြတ်သောတောင်တော်၏ တရားစီရင်မှုသာလျှင် ဖြစ်တော့သည်။

တရားစီရင်ရေး တပ်ဖွဲ့ဝင်များသည် လီပေါင်၏ အတွေးများကို အနည်းငယ်မျှ ဂရုမစိုက်ကြပေ။ သူတို့သည် မြင်းများကို အရှိန်တင်ကာ မြင့်မြတ်သောတောင်တော်သို့ အလျင်အမြန် ပြန်လာခဲ့ပြီး လီပေါင်ကို ပြစ်မှုဆိုင်ရာခန်းမသို့ လွှဲပြောင်းပေးလိုက်ကြလေသည်။ ထို့နောက်တွင်တော့ သူတို့၏ အလုပ်ကလည်း ပြီးဆုံးသွားပြီဖြစ်သည်။

သူတို့၏ တာဝန်မှာ လီပေါင်ကို ဖမ်းဆီးရန်သာ ဖြစ်၏။ သူ့ကို စစ်ဆေးမေးမြန်းရန်မှာ ပြစ်မှုဆိုင်ရာခန်းမ၏ တာဝန်သာဖြစ်ချေသည်။

သေချာသည့် အချက်တစ်ချက်မှာတော့ ပြစ်မှုဆိုင်ရာခန်းမက စစ်ဆေးမေးမြန်းမှုများ ပြီးဆုံး၍ မြောင်မျိုးနွယ်စုရွာရှိ လူရာနှင့်ချီ သတ်ဖြတ်ခံရမှုသည် လီပေါင်၏ လက်ချက်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် သူ့အတွက် အသက်ရှင်ရန် အခွင့်အရေး လုံးဝရှိတော့မည် မဟုတ်ပေ။ မြင့်မြတ်သောတောင်တော်၏ တားမြစ်ချက်မှာ နောက်ပြောင်စရာ မဟုတ်ချေ။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အစွမ်းထက်လှသော ပုဂ္ဂိုလ်များစွာသည် ၎င်း၏ ကန့်သတ်ချက်များကို စမ်းသပ်ခဲ့ကြသော်လည်း သူတို့၏ ပြစ်မှုများ ပေါ်ပေါက်သွားသရွေ့ မည်သူမျှ မြင့်မြတ်သောတောင်တော်၏ တရားစီရင်မှုကို မလွတ်မြောက်နိုင်ခဲ့ကြပေ။ အခြေတည်အဆင့် ကျင့်ကြံသူများပင်လျှင် တရားစီရင်ရေး တပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုကို မရှောင်လွှဲနိုင်ခဲ့ကြချေ။

"ဆရာတူအစ်ကို.. အခု ကျွန်တော်တို့ရဲ့ တာဝန် ပြီးသွားပြီဆိုတော့ ဘယ်သွားကြမလဲဗျ။ ကျွန်တော်တို့ကတော့ ကုသိုလ်တော်ခန်းမကို သွားပြီး လဲလှယ်စရာ တစ်ခုခုများ ရှိမလား သွားကြည့်မလို့။ ဆရာတူအစ်ကိုရော လိုက်ဦးမလား" လီပေါင်ကို လွှဲပြောင်းပေးပြီးနောက် အခြား တပ်ဖွဲ့ဝင်များက လူငယ်လေးဘက်သို့ လှည့်ကာ မေးလိုက်ကြသည်။

"ငါ မလိုက်တော့ဘူး။ မင်းတို့ပဲ သွားကြပါ"

သူ၏ ဆုံးရှုံးမှုများကို တွေးမိသောအခါ လူငယ်လေးသည် နာကျင်မှု တစ်ချက်ကို ခံစားလိုက်ရတော့၏။ ဤတာဝန်တွင် သူသည် ခြေမြန်အဆောင်တစ်ခုကို ကုန်ဆုံးစေခဲ့ပြီး တန်ဖိုးကြီးလှသော မိုးကြိုးအဆောင်တစ်ခုကိုပါ အသုံးပြုခဲ့ရသည်။ ဤသည်မှာ ကြီးမားသော ပေးဆပ်မှုပင်တည်း။

လီပေါင်ကို ဖမ်းမိခြင်းမှ ရရှိသော ကုသိုလ်တော်မှတ်များက သူ၏ ကုန်ကျစရိတ်များကို အနည်းအကျဉ်းလောက် ကာမိရုံသာ ရှိလေသည်။

အနည်းငယ် စဉ်းစားပြီးနောက် သူ၏ ကိုယ်ပိုင်စွမ်းအားများ အားနည်းနေသေးကြောင်း သူ ကောက်ချက်ချလိုက်၏။ အကယ်၍ သူ၏ ကျင့်ကြံခြင်းကသာ မွေးရာပါနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေမည်ဆိုလျှင် ခြေမြန်အဆောင်၏ အကူအညီဖြင့် မိုးကြိုးအဆောင်ကို အသုံးမပြုဘဲနှင့်တောင် လီပေါင်ကို ဖမ်းဆီးနိုင်မည်ပင်။

ထို့ကြောင့် သူသည် လောလောဆယ်တွင် တာဝန်အသစ်များ မယူတော့ရန် ဆုံးဖြတ်လိုက်၏။ အခြားအရာများကို မစဉ်းစားမီ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မလားဆိုသည်ကို ကြည့်ခြင်းက ပိုကောင်းပေမည်။

အခြား တပ်ဖွဲ့ဝင်များကတော့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ ဆရာတူအစ်ကိုသည် ဤတစ်ကြိမ်တွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး စိတ်အခြေအနေ မကောင်းဖြစ်နေနိုင်ကြောင်း သူတို့ သိထားကြပါ၏။ ထို့ကြောင့် သူ့ကို ပို၍ စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်၍ ဆက်မမေးတော့ချေ။

သူ၏ ဝမ်ပေ့များနှင့် လမ်းခွဲပြီးနောက်တွင် လူငယ်လေးသည် သူ၏ နေအိမ်သို့ ပြန်လာခဲ့လေသည်။ တရားစီရင်ရေး တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည် မြင့်မြတ်သောတောင်တော်ပေါ်တွင် နေထိုင်ခွင့်ရှိပါ၏။ သို့သော် သူ၏ နေအိမ်မှာ တောင်ခြေအနီးတွင်သာ ရှိ၏။ သေချာသည်ကတော့ သူတို့၏ မွေးရာပါနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံခြင်းဖြင့် သူတို့ကို ပိုမြင့်သောနေရာတွင် နေထိုင်ခွင့်ပြုလျှင်တောင်မှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

မြင့်မြတ်သောတောင်တော်၏ မျက်စိဖြင့် မမြင်ရနိုင်သော ဖိအားသည် အမြင့်သို့ တက်လေလေ၊ ပိုမိုပြင်းထန်လေလေ ဖြစ်သည်။

နှစ်များကြာလာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ဆက်လက် နိုးထလာသည်နှင့်အမျှ မြင့်မြတ်သောတောင်တော်ပေါ်ရှိ ဖိအားကလည်း ပိုပို၍ပင် အားကောင်းလာခဲ့လေသည်။ တစ်ခါတစ်ရံ တောင်ပေါ်သို့ တက်ရောက်ခြင်းက အဆင်ပြေသော်လည်း ရေရှည်နေထိုင်ခြင်းမှာမူ မွေးရာပါနယ်ပယ် ကျင့်ကြံသူများအတွက်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲလှပေ၏။

သူ၏ နေအိမ်သို့ ရောက်သောအခါ လူငယ်လေးသည် "တံခါးပိတ်ကျင့်ကြံနေသည်၊ မနှောင့်ယှက်ရ" ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲရန် ပြင်လိုက်စဉ် တောင်ထိပ်မှ ဖြာထွက်လာသော အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသည့် ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတော့သည်။

သူ၏ တစ်ကိုယ်လုံးသည် မထိန်းချုပ်နိုင်ဘဲ တုန်ယင်သွားရရှာ၏။

"ဘာဖြစ်တာလဲဟ"

လန့်ဖျပ်သွားလျက်သားဖြင့် သူသည် နေအိမ်ထဲမှ အပြေးထွက်လာလိုက်ပြီး တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်တော့သည်။ သို့ရာတွင် သူ ဘာကိုမှ မခွဲခြားနိုင်သေးခင်မှာပင် ထိုကြောက်မက်ဖွယ် ဖိအားကြီးက ရုတ်တရက်ကြီး ပေါ်လာသကဲ့သို့ပင် ရုတ်တရက်ကြီး ပြန်၍ပျောက်ကွယ်သွားတော့၏။ အရာအားလုံးက ပုံရိပ်ယောင်တစ်ခုအလား ဖြစ်သွားလေသည်။

သို့သော် လူငယ်လေး သိထားသည်မှာ ထိုအရာက ပုံရိပ်ယောင် လုံးဝမဟုတ်ပေ။

ထိုအငွေ့အသက်သည် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် အစွမ်းထက်လွန်းလှပြီး အတိတ်တုံးက အဝေးမှသာ မြင်ခဲ့ရဖူးသော ရွှေအမြုတေအဆင့် သခင်တစ်ဦး၏ အငွေ့အသက်ထက်ပင် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

"ဒါက ဘယ်သူ့ရဲ့ အငွေ့အသက်လဲ။ သခင်ကြီးသုံးပါးထဲက တစ်ယောက်ယောက်လား။ ဒါမှမဟုတ်... ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်ကြီးက တံခါးပိတ်ကျင့်ကြံရာကနေ နောက်ဆုံးတော့ ထွက်လာပြီများလား"

ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးအကြောင်း တွေးမိသောအခါ၌ သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများကလည်း တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။ ထိုပုဂ္ဂိုလ်သည် မြင့်မြတ်သောတောင်တော်၏ အတွင်းပိုင်း၌ ကျင့်ကြံနေကြောင်း ကောလာဟလများ ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် မြင့်မြတ်သောတောင်တော်ပေါ်ရှိ မည်သူကမျှ သူ့ကို လူကိုယ်တိုင် မမြင်တွေ့ခဲ့ဖူးချေ။ သခင်ကြီးသုံးပါးမှလွဲ၍ ကောလာဟလများ မှန်ကန်ကြောင်း မည်သူမျှ အတည်မပြုနိုင်ခဲ့ပေ။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျင်းပခဲ့သည့် ညီလာခံပြီးကတည်းက ထိုပုဂ္ဂိုလ်သည် လောကကြီးမှနေ၍ လုံးဝ ပျောက်ကွယ်သွားခဲ့သကဲ့သို့ ဖြစ်နေခဲ့သည်။ သူ မည်သည့်နေရာတွင် ရှိနေကြောင်းကိုတောင် မည်သူမှ မသိကြပေ။

ယခုအခါ ထိုသို့သော အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသည့် ဖိအားကြီး ရုတ်တရက် ပေါက်ကွဲထွက်လာသောအခါ၌ လူငယ်လေးသည် ထိုကောလာဟလများကို ပြန်လည်အမှတ်ရသွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။

ထိုသို့ တွေးမိသူမှာ မြင့်မြတ်သောတောင်တော်ပေါ်တွင် သူတစ်ဦးတည်းတော့ မဟုတ်ချေ။ သို့သော် မှန်းဆချက်များ ထွက်ပေါ်နေသော်လည်း မည်သူကမျှ အမှန်တရားကို အတည်မပြုနိုင်ခဲ့ပေ။ ထိုဖိအားသည် တောင်ထိပ်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုအမြင့်ပေတွင် မြင့်မြတ်သောတောင်တော်၏ သဘာဝဖိအားသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ရွှေအမြုတေအဆင့် စစ်မှန်သောသခင်များပင်လျှင် ထိုနေရာ၌ အချိန်ကြာကြာနေရန် ခက်ခဲလှပေသည်။ ရွှေအမြုတေအဆင့်အောက်ရှိ ကျင့်ကြံသူများမှာမူ ထိုနယ်မြေသို့ ခြေချခွင့်ပင် မရှိကြပေ။

ထို့ကြောင့် မသေချာမရေရာမှုများဖြင့် အချိန်အနည်းငယ် ကြာပြီးနောက်၌ မြင့်မြတ်သောတောင်တော်ပေါ်ရှိ ကျင့်ကြံသူ အများစုမှာ သူတို့၏ သိချင်စိတ်များကိုသာ မျိုသိပ်ကာ မိမိတို့၏ ကိုယ်ပိုင်ကိစ္စများကိုသာ ဆက်လက်လုပ်ဆောင်ကြရတော့လေ၏။

...

မြင့်မြတ်သောတောင်တော်၏ အမြင့်ဆုံးနေရာရှိ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ဂူတစ်ခုအတွင်းတွင်တော့....

ယခုလေးတင် အဆင့်တက်သွားခဲ့ပြီး သူ၏ အငွေ့အသက်တစ်စက်ကို မတော်တဆ ထုတ်လွှတ်မိသွားသော လုချင်းသည် စဉ်းစားတွေးတောစွာဖြင့် သက်ပြင်းချလိုက်လေသည်။

"ဒီတံခါးပိတ်ကျင့်ကြံတာက တစ်နှစ်နီးပါးတောင် ကြာခဲ့တာကို အသေးစားတိုးတက်မှုလေးပဲ ရခဲ့တာလား။ တိုးတက်မှုသေးသေးလေးတစ်ခုကတောင် ဒီလောက် အချိန်ယူရတယ်ဆိုရင်... ရွှေအမြုတေအဆင့် စတုတ္ထအသွင်ပြောင်းခြင်းထဲကို အပြည့်အဝ ဝင်ရောက်ဖို့ ဘယ်လောက်တောင် အချိန်ယူရမလဲဆိုတာ ငါ စဉ်းတောင်မစဉ်းစားတတ်တော့ဘူး"

ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ အနည်းငယ် လက်မြှောက်အရှုံးပေးချင်သလို ဖြစ်သွားတော့၏။

"ရွှေအမြုတေအဆင့် တတိယအသွင်ပြောင်းခြင်းကို ရောက်ကတည်းက ဒီဂူထဲက ဝိညာဉ်စွမ်းအင်တွေကလည်း သိပ်အသုံးမဝင်တော့ဘူး။ အဲဒီလိုမှ မဟုတ်ရင် ရွှေအမြုတေအဆင့် တတိယအသွင်ပြောင်းခြင်း အထွတ်အထိပ်ကို ရောက်ဖို့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ထိ အချိန်ယူရမှာ မဟုတ်ဘူးလေ"

အမှန်တကယ်ပင် သူ၏ မကြာသေးမီက တိုးတက်မှုမှာ ကြီးမားလှသည်မဟုတ်ပေ။ သူသည် ရွှေအမြုတေအဆင့် တတိယအသွင်ပြောင်းခြင်း၌ ရှိနေသော သူ၏ ကျင့်ကြံခြင်းကို ၎င်း၏ အထွတ်အထိပ်သို့ ရောက်အောင်သာ သန့်စင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ခုနစ်နှစ်ကတည်းက သူသည် တတိယအသွင်ပြောင်းခြင်းထဲသို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။

သို့ရာတွင် အထွတ်အထိပ် တတိယအသွင်ပြောင်းခြင်းသို့ ရောက်ရန် ခုနစ်နှစ်အပြည့် အချိန်ယူခဲ့ရပါ၏။ သူ၏ တိုးတက်မှု နှေးကွေးရခြင်း၏ အကြောင်းရင်းမှာကား သူ၏ အလွန်အမင်း နက်ရှိုင်းလှသော အခြေခံအုတ်မြစ်ကြောင့်ပင် ဖြစ်လေသည်။ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေမှာ ပြိုင်ဘက်ကင်းလောက်အောင် ခိုင်မာနေပြီးဖြစ်သည်။

ထို့အပြင် ဓာတ်ကြီးငါးပါး ဘူးသီးခြောက်နှင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ပုလဲများ၊ ထူးကဲလှသော ရတနာနှစ်ပါး၏ တည်ရှိမှုတို့က သူ၏ ဝိညာဉ်စွမ်းအားနှင့် ရုပ်ခန္ဓာကို အစဉ်အမြဲ အာဟာရဖြည့်တင်းပေးနေလေသည်။ ရလဒ်အနေဖြင့် သူ၏ ပါရမီနှင့် အလားအလာများသည် ယခင်က မရှိခဲ့ဖူးသော အဆင့်တစ်ခုအထိ ထပ်မံတိုးတက်သွားခဲ့ပြီဖြစ်သည်။

သို့သော် ထိုသို့သော ခိုင်မာလှသည့် အခြေခံအုတ်မြစ်သည် အားနည်းချက်တစ်ခုနှင့်အတူ လာလေ၏။ ကျင့်ကြံခြင်းတွင် တိုးတက်မှုတိုင်းသည် အလွန်များပြားလှသော အရင်းအမြစ်များကို လိုအပ်ပေသည်။

ထို့အပြင် သူ၏ ရွှေအမြုတေမှာ ပြီးပြည့်စုံနေသောကြောင့် သူ၏ ဝိညာဉ်စွမ်းအင်သည်လည်း မမှန်းဆနိုင်လောက်အောင် သန့်စင်နေပြီဖြစ်သည်။ ရွှေအမြုတေအဆင့်၏ အစောပိုင်းအဆင့်တွင်ပင် သူ၏ ဝိညာဉ်စွမ်းအင်သည် ဒုတိယအသွင်ပြောင်းခြင်း သို့မဟုတ် တတိယအသွင်ပြောင်းခြင်းရှိ အဆင့်မြင့် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးနှင့် တန်းတူညီမျှနေခဲ့၏။ ယခု တတိယအသွင်ပြောင်းခြင်းသို့ ရောက်ရှိပြီးနောက်၌ သူ၏ ဝိညာဉ်စွမ်းအင် သန့်စင်မှုသည် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်သော အတိုင်းအတာအထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ဤမျှ သန့်စင်မှုမျိုးဖြင့် ဝိညာဉ်စွမ်းအင် အနည်းငယ်မျှကို ဖန်တီးရန်ပင်လျှင် အလွန်များပြားလှသော ဝိညာဉ်စွမ်းအင် ပမာဏ လိုအပ်ပေသည်။ တတိယအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အမှန်တကယ် များပြားလှသော ဝိညာဉ်စွမ်းအင်များ လိုအပ်ခဲ့လေ၏။ မြင့်မြတ်သောတောင်တော်၏ ဂူထဲတွင် ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအင်များကို သန့်စင်စုစည်းရန် ဓာတ်ကြီးငါးပါး ဘူးသီးခြောက်၏ အကူအညီကြောင့်သာလျှင် ခုနစ်နှစ်အတွင်း ဤအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ဤသည်မှာ သူ သွားနိုင်သော အမြင့်ဆုံးအဆင့်ပင် ဖြစ်၏။ ယခု တတိယအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ဂူထဲရှိ ဝိညာဉ်စွမ်းအင်များသည် အထောက်အကူ မဖြစ်သလောက်ပင် ဖြစ်နေကြောင်းကို သူ ခံစားလိုက်မိတော့သည်။

သို့ဖြစ်၍ ရွှေအမြုတေအဆင့် စတုတ္ထအသွင်ပြောင်းခြင်းသို့ တက်လှမ်းရန် သူ၏ လမ်းခရီးသည် ပိုမို၍သာ ခက်ခဲကြမ်းတမ်းလာတော့မည်သာ ဖြစ်ချေတော့၏။

All Chapters