အခန်း (၁၀၂၁-၁၀၂၂)
Vol. 103 Ch. 1021-1022
အခန်း (၁၀၂၁) သိုင်းပညာရှင် လူသားနတ်ဘုရား
မိစ္ဆာလောက၏ အရှင်သခင် ပေဖုန်း ၏ တစ်ကိုယ်လုံးတွင် မိစ္ဆာအငွေ့အသက်များ ဝုန်းဝုန်းဒိုင်းဒိုင်း ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲသို့ လှမ်း၍ ဆွဲကိုင်လိုက်ရာ အေးစိမ့်လှသော အလင်းတန်းများ ဖြာထွက်နေသည့် လှံရှည်ကြီးတစ်စင်းသည် လက်ထဲသို့ ရုတ်တရက် ရောက်ရှိလာတော့သည်။
ပေဖုန်း သည် တန်ခိုးစွမ်းအား ကြီးမားလှပြီး နတ်ဘုရားစွမ်းအားမှာလည်း အတိုင်းအဆမရှိ နက်ရှိုင်းလှပေသည်။ ထိုစဉ် သူသည် လှံဖြင့် တစ်ချက် ထိုးနှက်လိုက်ရာ ဟင်းလင်းပြင်ထက်၌ စူးရှလွန်းသဖြင့် မျက်စိပင် မဖွင့်နိုင်လောက်သော အလင်းတန်းဖြူတစ်ကြောင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေ၏။
လီယန်ချူသည်လည်း ဟင်းလင်းပြင်ထဲသို့ လှမ်း၍ ဖမ်းဆွဲလိုက်ရာ ‘မီးလျှံလှံ’ ကို လက်ဝယ် ရရှိသွားတော့သည်။ မီးလျှံလှံ၏ ထိပ်ဖျားတွင်မူ နတ်မိစ္ဆာမီးလျှံများ တောက်လောင်နေသည်။ သူသည် လှံကို တင်းတင်းဆုပ်ကိုင်ကာ ရှေ့သို့ ထိုးနှက်လိုက်ရာ ပေဖုန်း ၏ လှံရှည်ကြီးကို တိုက်ရိုက် ရိုက်ခွဲကာ ဆုတ်ခွာသွားစေခဲ့သည်။ ထို့နောက် နောက်ထပ် လှံချက်တစ်ချက် ထပ်မံ ထိုးနှက်လိုက်ရာ တစ်ဖက်လူ၏ လှံရှည်ကြီးကို မုန်းမုန်းမတ်မတ် ရိုက်ချိုးပစ်လိုက်လေတော့သည်။
ဝုန်း...
ပြင်းထန်လှသော အသံကြီးနှင့်အတူ ပေဖုန်း သည် ကောင်းကင်ထက်သို့ မြောက်တက် လွင့်စင်သွားရပြီး ခန္ဓာကိုယ်ပေါ်မှ သွေးများ ပန်းထွက်လာရတော့သည်။ ဤအချိန်တွင် သူ၏ မျက်ဝန်းအစုံ၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသော အရိပ်အယောင်များ ပြည့်နှက်သွားရကာ...
"ဒါ... ဒါက နတ်ဘုရားလက်နက် လား..."
သူသည် မယုံကြည်နိုင်လောက်အောင်ပင် လီယန်ချူကို စိုက်ကြည့်နေမိသည်။ သူသည် မိစ္ဆာလောက၏ အရှင်သခင် တစ်ဦး ဖြစ်သော်လည်း သူ၏လက်ထဲတွင်မူ ဤမျှ အဆင့်အတန်းမြင့်မားသော ရတနာမျိုး မရှိပေ။ သို့သော်လည်း ဤတာအိုဆရာလူငယ်လေး၏ လက်ထဲတွင်မူ နတ်ဘုရားလက်နက် တစ်ခု ရှိနေသည် မဟုတ်ပါလော။ ချက်ချင်းပင် သူ၏ မျက်ဝန်းအစုံကြား၌ လောဘရမ္မက် အရိပ်အယောင်များ ဖုံးလွှမ်းသွားပြီး...
"ကောင်းတယ်... အရမ်းကောင်းတယ်။ ဒီနတ်ဘုရားလက်နက်ကို ငါပဲ အပိုင်သိမ်းရတော့မှာပေါ့"
စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်သည် ပေတစ်ရာခန့် မြင့်မားသော ကြောက်မက်ဖွယ် မိစ္ဆာခန္ဓာကိုယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုမိစ္ဆာခန္ဓာကိုယ်ကြီး၏ ကျောပြင်မှ လက်မောင်းပေါင်း ရာချီ၍ ထွက်ပေါ်လာပြီး လက်ထဲ၌ ကြောက်မက်ဖွယ် မိစ္ဆာလက်နက်များကို အသီးသီး ကိုင်ဆောင်ထားကြသည်။
"မင်းလိုကောင်က များ..."
လီယန်ချူ၏ အသံသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှပြီး ချက်ချင်းပင် တစ်ကိုယ်တည်းဖြင့် သုံးကိုယ်ခွဲခြင်း ဟူသော နတ်ဘုရားအတတ်ကို ထုတ်ဖော်လိုက်တော့သည်။ ထိုနေရာ၌ ရုတ်တရက် တာအိုဆရာလူငယ် သုံးဦး ပေါ်ထွက်လာသည်။ တစ်ဦးက လက်ထဲ၌ မီးလျှံလှံ ကို ကိုင်ဆောင်ထားပြီး နောက်တစ်ဦးက ကျန့် ေကျာင်းဓား ကို ကိုင်ဆောင်ထားသည်။ ကျန်ရှိနေသော တာအိုဆရာလူငယ်တစ်ဦး၏ လက်ထဲတွင်မူ ကျဉ်းမြောင်းပြီး ထက်မြက်လှသော ဓားရှည်တစ်လက် ရှိနေသည်။ ၎င်းကား မိုရှဲနတ်ဘုရားဓား ပင် ဖြစ်၏။
ထို့အပြင်... လွန်ခဲ့သော အကြိမ်က ယွမ်မုန့်ကျောက် ၌ ရှိနေစဉ် လီယန်ချူသည် ဝမ်လင်ကွမ်း နတ်ဘုရား၏ နတ်ဘုရားစွမ်းအားကို ပင့်ဖိတ်ကာ မိမိ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်နတ်ဘုရားကို စင်ကြယ်အောင် ကျင့်ကြံထားခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင်မူ သူ၏ ခန္ဓာကိုယ်ခွဲတစ်ခုသည် ဟင်းလင်းပြင်လမ်းစဉ်ကို အသုံးပြုကာ ဝမ်လင်ကွမ်းနတ်မင်းကြီး၏ နတ်ဘုရားစွမ်းအားကို ချက်ချင်း ပင့်ဖိတ်လိုက်တော့သည်။ ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါနှင့်အတူ သူ၏ မျက်ဝန်းအစုံသည် ခရမ်းရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး တိုက်ပွဲဝင်လိုစိတ်များ ထန်ထန်ဆူပွက်လာတော့သည်။
ပေဖုန်း သည် ရင်ထဲ၌ လေးလံသွားရပြီး လက်ထဲမှ နက်မှောင်သော အလင်းတန်းများ ဖြာထွက်လာကာ နဂါးနက်ကြီးတစ်ကောင်ကဲ့သို့ အရှိန်အဝါများ ပြောင်းလဲသွားပြီး လက်ထဲမှ လှံရှည်ကြီးသည်လည်း အသစ်စက်စက်အလား ဖြစ်သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ လှံရှည်ကြီးသည် ကောင်းကင်ထောက်တိုင်ကြီးတစ်ခုအလား အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
အသက်ရှူသွင်း ရှူထုတ် လုပ်ဆောင်ရုံမျှ တိုတောင်းလှသော အချိန်အတွင်းမှာပဲ သူ၏လက်ထဲမှ လှံရှည်ကြီးသည် နောက်ထပ်တစ်ကြိမ် ထပ်မံ ရိုက်ချိုးခြင်း ခံလိုက်ရပြန်သည်။ ပေတစ်ရာခန့် မြင့်မားသော မိစ္ဆာခန္ဓာကိုယ်ကြီးသည်လည်း အပိုင်းပိုင်းအစစ ဖြစ်သွားရတော့သည်။ မီးလျှံလှံနှင့် မိုရှဲနတ်ဘုရားဓားတို့သည် အလွန်တရာ အစွမ်းထက်လှသော နတ်ဘုရားလက်နက်များ ဖြစ်ကြသဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကားများ ပြည့်နှက်နေသောကြောင့် ဖြစ်၏။
ပေဖုန်း သည် မိစ္ဆာလောက၌ ထိုတာအိုအဖိုးအိုနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသဖြင့် ယခုအချိန်တွင် လူ့လောကသို့ ရောက်ရှိလာချိန်၌ အရှိန်အဝါများ ကျဆင်းနေခြင်း ဖြစ်သည်။ ပေတစ်ရာခန့် ရှိသော မိစ္ဆာခန္ဓာကိုယ်ကြီး ပျက်စီးသွားပြီးနောက် သူ၏ ကိုယ်လုံးသည် မူလအရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွားသည်။ သူသည် ဆက်တိုက်ဆိုသလို ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ် စွမ်းအင်များက သူ၏ ဇီဝလက္ခဏာများကို တိုက်စားနေတော့သည်။
ထိုစဉ် လီယန်ချူ၏ ခန္ဓာကိုယ်ခွဲတစ်ခု၏ ကျောပြင်၌ ကြီးမားထွားကျိုင်းလှသော သိုင်းပညာရှင်အော်ရာကြီးတစ်ခု ပေါ်ထွက်လာပြီး သွေးချီများမှာ သမုဒ္ဒရာကြီးကဲ့သို့ ထန်လှိုင်းထသွားကာ တစ်ဖက်လူ၏ နဖူးတည့်တည့်သို့ လက်သီးချက်တစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ပေဖုန်း သည်လည်း ဤတာအိုဆရာလူငယ်၏ လက်ထဲ၌ နတ်ဘုရားလက်နက် တစ်ခုမက ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ လီယန်ချူသည် တစ်ကိုယ်တည်းဖြင့် သုံးကိုယ်ခွဲခြင်း ဟူသော နတ်ဘုရား အတတ် ဖြင့် သူ့ကို ဝိုင်းဝန်းပိတ်ဆို့ထားလိုက်သည်။ ဤစွမ်းအားသည် အလွန်ကြီးမားသော နတ်ဘုရားစွမ်းပကား ဖြစ်ပြီး ခွဲထွက်လာသော ခန္ဓာကိုယ်နှစ်ခုစလုံးသည် မိမိကိုယ်တိုင်နှင့် အတူတူပင် အစွမ်းထက်လှပေသည်။ ခဏချင်းအတွင်းမှာပဲ ပေဖုန်း ၏ ခန္ဓာကိုယ်ပေါ်မှ သွေးသားများ လွင့်စင်ထွက်လာပြီး အဖြူရောင် အရိုးများပင် မြင်တွေ့နေရတော့သည်။
လီယန်ချူသည် ရှေ့သို့ တိုးကပ်သွားကာ ဓားဖြင့် တစ်ချက် ဝေ့ဝဲခုတ်ပိုင်းလိုက်ရာ တစ်ဖက်လူ၏ လည်ပင်းတည့်တည့်သို့ ကျရောက်သွားတော့သည်။ ပေဖုန်း ၏ လည်ပင်းတွင် နက်ရှိုင်းလှသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး သွေးများ အဆက်မပြတ် စီးကျလာကာ နောက်သို့ လွင့်စင်ထွက်သွားရတော့သည်။ သူ၏ မျက်နှာထက်၌မူ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ဒေါသအဟုန်များ ပြည့်နှက်နေ၏။
မိစ္ဆာလောက၏ အရှင်သခင်တစ်ဦးနှင့် တိုက်ခိုက်နေရသဖြင့် လီယန်ချူ၏ မျက်ဝန်းအစုံကြား၌ တိုက်ပွဲဝင်လိုစိတ်များ ပိုမိုပြင်းထန်လာပြီး ရုတ်တရက် ကျင့်ကြံခြင်းလမ်းစဉ်၏ အခွင့်အလမ်းတစ်ခုကို ဆုပ်ကိုင်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ပေဖုန်း က မကျေမနပ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက လက်နက်ကောင်းလို့ အသာစီးရနေတာပဲ။ သတ္တိရှိရင် နတ်ဘုရားလက်နက်တွေကို ချထားလိုက်စမ်း"
ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်ရာတွင် ရတနာလက်နက်များမှာလည်း မိမိ၏ အစွမ်းအစတစ်ခု ဖြစ်သဖြင့် သူက ဤကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ မိမိကိုယ်ကို အားနည်းကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်၏။
လီယန်ချူက အေးစက်စွာ ပြုံးလိုက်ရင်း...
"အသုံးမကျတဲ့ကောင်"
သို့သော်လည်း စကားဆုံးသည်နှင့် သူသည် နတ်ဘုရားလက်နက်များကို တကယ်ပင် ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။ ထို့အပြင် ‘တစ်ကိုယ်တည်းဖြင့် သုံးကိုယ်ခွဲခြင်း’ ဟူသော နတ်ဘုရားစွမ်းပကားကိုလည်း ရုပ်သိမ်းလိုက်ပြီး နတ်မင်းကြီး၏ နတ်ဘုရားစွမ်းအားကိုပါ ဖြန့်ကျက်ဖယ်ရှားလိုက်လေသည်။
ပေဖုန်း ၏ မျက်ဝန်းအစုံကြား၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ဤတာအိုဆရာလူငယ်ကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်မိတော့သည်။
'ဒီကောင်လေးက တကယ့်ကို မောက်မာလွန်းတာပဲ'
သို့သော်လည်း နှုတ်မှမူ...
"အတော်လေး သတ္တိရှိတာပဲ။ လာစမ်း... မင်းနဲ့ ငါ နောက်ထပ်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်ကြသေးတာပေါ့"
စကားဆုံးသည်နှင့် သူသည် မိစ္ဆာအငွေ့အသက်များကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားရတော့သည်။ ပြင်းထန်လှသော မိစ္ဆာအငွေ့အသက်များသည် သူ၏ခန္ဓာကိုယ်ပေါ်၌ စုစည်းသွားပြီး မိစ္ဆာချတ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွားကာ... လက်ဝါးပြင်အလယ်၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအလင်းတန်းများ ပြည့်နှက်နေပြီး ၎င်းသည် ကျင့်ကြံသူများ၏ ဝိညာဉ်နတ်ဘုရားကို ညစ်ညမ်းစေနိုင်ပေသည်။
လီယန်ချူ၏ မျက်နှာထားသည် အေးစက်ခက်ထန်နေပြီး မျက်ဝန်းစုံ၌ ပြင်းထန်လှသော တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေသည်။ သူ၏ မျက်ခုံးကြားမှ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး တစ်ခဏအတွင်းမှာပဲ မဖျက်ဆီးနိုင်သော ရွှေကိုယ်ထည် အဖြစ်သို့ ပြောင်းလဲသွားကာ ခန္ဓာကိုယ်ပေါ်ရှိ သွေးချီများမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ မြင့်တက်သွားပြီး လက်သီးချက်တစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုသည် ကောင်းကင်ယံထက်၌ ဆုံတွေ့သွားကြပြီး စွမ်းအင်များမှာ အပြင်သို့ လွင့်စင်သွားခြင်း မရှိပေ။ လီယန်ချူ၏ နတ်ဘုရားစွမ်းအား အားလုံးသည် ပေဖုန်း ၏ ခန္ဓာကိုယ်ပေါ်သို့ အပြည့်အဝ ကျရောက်သွားသကဲ့သို့...ပေဖုန်း ၏ ကြောက်မက်ဖွယ် မိစ္ဆာအလင်းတန်းများသည်လည်း လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။
ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး...
ပေဖုန်း ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ အက်ကြောင်းများ ပြည့်နှက်သွားပြီး ချတ်ဝတ်တန်ဆာကြီးသည်လည်း ကွဲအက်သွားသဖြင့် ရင်ထဲ၌ ထိတ်လန့်သွားရကာ...
'ဒီကောင်က မြေပြင်နတ်ဘုရား အဆင့်အတန်းကိုတောင် မရောက်သေးတာကို... ခန္ဓာကိုယ်ရဲ့ အင်အားတစ်ခုတည်းနဲ့တင် ငါ့ရဲ့ ချတ်ဝတ်တန်ဆာကို ဖျက်ဆီးနိုင်တာလား'
သူသည် ချက်ချင်းပင် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာအငွေ့အသက်များ ဆူပွက်လာကာ အမျိုးမျိုးသော မိစ္ဆာရုပ်ပုံများအဖြစ် ပြောင်းလဲသွားပြီး လီယန်ချူ၏ နဖူးတည့်တည့်သို့ နောက်ထပ် လက်သီးချက်တစ်ချက် ထပ်မံ ရိုက်ချလိုက်ပြန်သည်။
လီယန်ချူသည် လက်ဝါးနှစ်ဖက်လုံးကို ဖြန့်ကျက်ကာ မိုးတိမ်လက်ဝါးကဲ့သို့ပင်... ပေဖုန်း ၏ လက်သီးချက်ကို အရင်ဆုံး ဖိနှိပ်လိုက်ပြီးနောက်... တစ်ဖက်လူ၏ ရင်ဘတ်တည့်တည့်သို့ လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဝုန်း...
ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ပေဖုန်း ရင်ဘတ်ပေါ်ရှိ ချတ်ဝတ်တန်ဆာကြီးသည် တိုက်ရိုက် ပေါက်ကွဲပျက်စီးသွားပြီး သူ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး တုန်ခါသွားရကာ နောက်သို့ ပေရာချီ၍ လွင့်စင်ထွက်သွားရတော့သည်။ လီယန်ချူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ လျှပ်စီးကြောင်းတစ်ခုအလား ပေဖုန်း ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
ပေဖုန်း ၏ မျက်ဝန်းအစုံကြား၌ ထိတ်လန့်တုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး နောက်ထပ် လက်သီးချက်တစ်ချက် ထပ်မံ ရိုက်ချလိုက်ပြန်သည်။ ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော မိစ္ဆာအငွေ့အသက်များသည် ဤလက်သီးချက်အတွင်း၌ စုစည်းသွားပြီး နက်မှောင်လှသော မြွေဟောက်ကြီးတစ်ကောင်အလား သူ၏ လက်သီးပေါ်မှ ပျံသန်းထွက်လာကာ လီယန်ချူထံသို့ တိုးဝင်ကိုက်ခဲလေတော့သည်။
ဤနက်မှောင်လှသော မြွေဟောက်ကြီးသည် အလျား ပေအနည်းငယ်မျှသာ ရှိသော်လည်း ၎င်းပေးစွမ်းသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးမှာမူ လူကို တုန်လှုပ်ချောက်ချားစေနိုင်ပေသည်။ လီယန်ချူသည် မဖျက်ဆီးနိုင်သော ရွှေထည် ကို ထုတ်ဖော်ထားသဖြင့် ခန္ဓာကိုယ်၏ စွမ်းအားမှာ ပိုမိုသန်မာလာသည်။ ယခုအချိန်တွင် သူ၏ ရုပ်ခန္ဓာမှာ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီး သိုင်းပညာစွမ်းအား များမှာလည်း အတိုင်းအဆမရှိ နက်ရှိုင်းလှပေသည်။ သူသည် ထိုမြွေဟောက်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ မြွေဟောက်ကြီးသည် တစ်စစီ ပေါက်ကွဲပျက်စီးသွားပြီး မိုးကြိုးမီးလျှံ အငွေ့အသက်များ အပြင်သို့ ပန်းထွက်လာတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ခဏချင်းအတွင်းမှာပဲ သူတို့နှစ်ဦးသည် အကွက်ပေါင်းများစွာ တိုက်ခိုက်မိကြပြီး... တစ်ကြိမ်စီ တိုက်ခိုက်မိတိုင်း ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားရကာ မိုးကြိုးမီးလျှံ အငွေ့အသက်များ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားတော့သည်။ သို့သော်လည်း သူတို့နှစ်ဦး၏ စွမ်းအားများမှာ အလွန်ပင် ကျစ်လစ်သိပ်သည်းလှသဖြင့် အချင်းချင်း၏ ခန္ဓာကိုယ်ပေါ်သို့သာ အပြည့်အဝ ကျရောက်သွားခြင်း ဖြစ်သည်။ မဟုတ်ပါက ဤနေရာရှိ ဘေးပတ်ပတ်လည် ပေရာချီသော နယ်ပယ်တစ်ခုလုံးသည် ပြာပုံအတိ ဖြစ်သွားလောက်ပေပြီ။
ပေဖုန်း သည် တိုက်လေတိုက်လေ ရင်ထဲ၌ ထိတ်လန့်လာလေ ဖြစ်သည်။ ခုနတင် နတ်ဘုရားလက်နက် ရှိစဉ်က ဤတာအိုဆရာလူငယ်သည် လက်နက်ကောင်း၍ အသာစီးရနေခြင်း ဖြစ်သည်ဟု သူ ထင်မှတ်ခဲ့သော်လည်း... ယခုအချိန်တွင်မူ မိမိ၏ ကိုယ်ပိုင်အစွမ်းအစဖြင့်သာ သူ့ကို အဆက်မပြတ် ဖိနှိပ်ထားနိုင်သည် မဟုတ်ပါလော။ သူသည် မိစ္ဆာလောက၏ စစ်မှန်သော မိစ္ဆာကြီးတစ်ကောင် ဖြစ်ပါလျက်နှင့် မြေပြင်နတ်ဘုရား အဆင့်အတန်းကိုတောင် မရောက်သေးသော ကောင်လေးတစ်ယောက်ကို မနှိမ်နင်းနိုင် ဖြစ်နေရသည်။
ဤအချိန်တွင် သူ၏ ရင်ထဲ၌ ပိုမို၍ ပျာယာခတ်လာရတော့သည်။ သူ၏နောက်ကွယ်ရှိ မိစ္ဆာလောက၏ အရှင်သခင်အချို့သည် ခုနတင် အားစိုက်ထုတ်ပြီး သူ့ကို ဤဘက်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ဤဝင်ပေါက်၌တင် တစ်ဖက်လူ၏ ပိတ်ဆို့ခြင်းကို ခံထားရသည်။ အကယ်၍ ဤအတိုင်းသာ အရှုံးပေးပြီး ပြန်သွားရပါက... လူ့လောကမှ ကျင့်ကြံသူများ လက်လှမ်းပြီး မတိုက်ခိုက်ခင်မှာတင် ထိုမိစ္ဆာလောက၏ အရှင်သခင်များက သူ့ကို အစိမ်းလိုက် ဝါးစားပစ်ကြပေလိမည်။ ထို့အပြင် ဤကိစ္စသည် အလွန်ပင် အရှက်ရစရာကောင်းလှသည် မဟုတ်ပါလော။
သူသည် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ဖောင်းကားလာတော့သည်။ စစ်မှန်သော မိစ္ဆာများနှင့် မိစ္ဆာမျိုးနွယ်စုများမှာ ရုပ်ခန္ဓာ အလွန်သန်မာကြပေသည်။ သူသည် မူလက အတော်လေး ချောမောခန့်ညားသော်လည်း ယခုအချိန်တွင်မူ အရပ်အမောင်း ကြီးမားထွားကျိုင်းလှသော အဖိုးကြီးတစ်ဦးအလား ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ချတ်ဝတ်တန်ဆာကြီးလည်း ပျောက်ကွယ်သွားကာ အရေပြားများ ကြမ်းတမ်းလာပြီး သွေးကြောများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ထောင်ထလာတော့သည်။ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပြည့်နှက်နေပြီး ရုပ်ခန္ဓာ မိစ္ဆာကောင်ကြီးတစ်ကောင်အလား ဖြစ်သွားတော့သည်။
"လူသားတွေက အားနည်းလွန်းတယ်။ ဒီနေ့ မင်းကို စစ်မှန်တဲ့ မိစ္ဆာရဲ့ စွမ်းအားကို ပြပေးရတာပေါ့"
သူသည် ပြင်းထန်စွာ တိုးဝင်တိုက်ခိုက်လိုက်ရာ နက်မှောင်လှသော အလင်းတန်းတစ်ခုအလား အဟုန်ပြင်းလှပေသည်။ မိစ္ဆာလောက၏ စစ်မှန်သော မိစ္ဆာတစ်ကောင်နှင့် ဤမျှအထိ တိုက်ခိုက်နိုင်သည်ဆိုကတည်းက လီယန်ချူ၏ ရုပ်ခန္ဓာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအချိန်တွင် ဤစစ်မှန်သော မိစ္ဆာကြီးသည် ကြီးမားထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးဖြင့် တိုးဝင်တိုက်ခိုက်လာသော်လည်း လီယန်ချူ၏ ခန္ဓာကိုယ်မှာမူ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာပင် ရှိနေသည်။ သို့သော်လည်း ခုနကဲ့သို့ တစ်ဖက်လူကို ဖိနှိပ်ထားနိုင်သော အဟုန်မှာမူ အနည်းငယ် လျော့နည်းသွားရသည်။
ဤအခြေအနေကို မြင်လျှင် ပေဖုန်း သည် ပိုမို၍ မောက်မာဝမ်းသာသွားကာ သူ၏ ရယ်မောသံကြီးသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး မိစ္ဆာလောကဆီသို့ပင် ပဲ့တင်ထပ်သွားတော့သည်။ ဤအချိန်တွင် မိစ္ဆာလောကအတွင်းရှိ လက်တစ်ဖက်ပြတ် အဖိုးအို၊ လုံဟူရှန်းမှ တာအိုအဖိုးအိုနှင့် တာရှန်ကော်ကျောင်းတော်မှ ကိုရင်ငယ်တို့သည်လည်း ဤအသံကို ကြားလိုက်ရသည်။ မိစ္ဆာလောက၏ အစွမ်းထက်လှသော အရှင်သခင်အချို့သည် အချင်းချင်း ကြည့်ကာ မောက်မာစွာ ပြုံးလိုက်ကြရင်း...
"စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ မင်းတို့ ခေါ်ထားတဲ့လူက တောင့်မခံနိုင်တော့တဲ့ ပုံပဲ"
ခုနတင် ပေဖုန်းသည် ထိုနေရာသို့ သွားပြီး အဘယ်ကြောင့် ဤမျှကြာအောင် တိုက်ခိုက်နေရသနည်းဟု သူတို့ တွေးတောမိသဖြင့် ရင်ထဲ၌ ထိတ်လန့်နေခဲ့ကြသော်လည်း... ယခုအချိန်တွင် ပေဖုန်း၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို အာရုံခံမိကြသဖြင့် အားလုံး ရင်ထဲ၌ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် လူ့လောကမှ ထိုထိပ်သီး သုံးဦးကို ကြည့်ရှုရင်း သားကောင်ကို ကြည့်သည့်အလား ဖြစ်နေတော့သည်။
လုံဟူရှန်းမှ တာအိုအဖိုးအိုသည် လက်ထဲ၌ သံဓားကို ကိုင်ဆောင်လျက် ထက်မြက်လှသော ဓားချီများကို ထုတ်ဖော်ကာ ထိုဟင်းလင်းပြင်အက်ကြောင်းကြီးကို စိုးရိမ်တကြီး လှမ်းမြော်ကြည့်ရှုလိုက်ပြီး လက်တစ်ဖက်ပြတ် အဖိုးအိုကို ပြောလိုက်သည်။
"ငါ ဟိုဘက်ကို သွားပြီး ကူပေးရမလား..."
သူ့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်အတန်းသို့ ရောက်ရှိနေသော ထိပ်သီးပညာရှင်များမှာ အသေခံပြီး သိက္ခာထိန်းနေမည့်သူများ မဟုတ်ပေ။ ထို့အပြင် ဤတာအိုအဖိုးအိုသည် ငယ်စဉ်က လောကအနှံ့ လှည့်လည်သွားလာစဉ်ကတည်းက ဤကဲ့သို့ပင် ဖြစ်သည်။ နိုင်ရင်တိုက်ပြီး မနိုင်ရင် ပြေးတတ်သဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ထက် မြင့်မားသော မိစ္ဆာအချို့မှာမူ ခေတ္တမျှ အသာစီးရခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရသည်ချည်း ဖြစ်၏။
လက်တစ်ဖက်ပြတ် အဖိုးအိုက ခေါင်းခါပြလိုက်ပြီး ထိုအက်ကြောင်းကြီးကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် ဆန်းကြယ်လှသော အပြုံးတစ်ခု ပေါ်ထွက်လာကာ...
"စိတ်မပူပါနဲ့... အချိန်ကျပြီ"
တာအိုအဖိုးအိုသည် ခေတ္တမျှ ဆွံ့အသွားပြီး စိတ်ထဲမှ တွေးမိတော့သည်။
'ဒီနေ့ သိုင်းနတ်ဘုရားက တကယ့်ကို ထူးဆန်းလွန်းတယ်။ တောထဲက နတ်ဆရာတွေလိုပဲ နိမိတ်တွေ ဖတ်နေတယ်'
ကိုရင်ငယ်၏ ခန္ဓာကိုယ်ပေါ်မှ နူးညံ့လှသော အဖြူရောင်အလင်းတန်းများ ပန်းထွက်လာပြီး တစ်ခဏအတွင်းမှာပဲ ထိုမိစ္ဆာလောက၏ အရှင်သခင် နှစ်ဦးကို နောက်သို့ ဆုတ်ခွာသွားအောင် ဖိနှိပ်လိုက်တော့သည်။ သူသည် ကျင့်ကြံခြင်း သက်တမ်း အလွန်ရှည်ကြာလှသော်လည်း ပြောဆိုလိုက်သော စကားလုံးများမှာမူ အလွန်ပင် ဒေါသကြီးလှပြီး ဗုဒ္ဓဘာသာ၏ ဆရာတော်ကြီးတစ်ပါးနှင့် လုံးဝ မတူပေ။
"အဲဒါတွေ လျှောက်တွေးမနေနဲ့ဦး... ဒီမအေဘေးတွေကို အရင်ဆုံး ရိုက်သတ်ပစ်ဖို့ပဲ စဉ်းစားစမ်း"
"အဆိုးဆုံးဖြစ်ရင်လည်း ငါတို့ ဟိုဘက်ကို ပြန်သွားပြီး ရှင်းပစ်ရုံပဲ ရှိတာပေါ့"
ကိုရင်ငယ်၏ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာရာ တာအိုအဖိုးအိုသည်လည်း သဘောကျစွာ ပြုံးလိုက်ရင်း လက်ထဲမှ သံဓားကို လွှဲယမ်းကာ...
"မှန်တာပေါ့"
စကားဆုံးသည်နှင့် သူတို့နှစ်ဦးသည် နောက်ထပ်တစ်ကြိမ် ဆက်လက် သတ်ဝင်သွားကြတော့သည်။ မိစ္ဆာလောက၏ အရှင်သခင်အချို့သည်လည်း ယခုအချိန်တွင် အသက်နှင့်လဲပြီး တိုက်ခိုက်မည့်ပုံစံမျိုး မရှိကြပေ။
ဝုန်း... ဝုန်း... ဝုန်း...
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ အပြင်သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင် ပေရာချီရှိ မိစ္ဆာကောင်များမှာမူ ဘေးလွတ်ရာသို့ ထွက်ပြေးလွတ်မြောက်ကုန်ကြပြီ ဖြစ်သည်။ ပေဖုန်း မှလွဲ၍ ကျန်ရှိနေသော မိစ္ဆာအရှင်သခင်များမှာ မိမိတို့၏ လက်အောက်ခံ မိစ္ဆာစစ်တပ်များကို ခေါ်ဆောင်လာခဲ့ကြသဖြင့် ယခုအချိန်တွင် ထိခိုက်ကျဆုံးမှု အလွန်များပြားနေပြီ ဖြစ်သည်။
အက်ကြောင်းကြီး၏ အပြင်ဘက်၊ လူ့လောက၌...
ပေဖုန်း သည် မျက်နှာတွင် မောက်မာဝမ်းသာမှုများ ပြည့်နှက်နေသည်။ ယခုအချိန်တွင် သူသည် ကြီးမားထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးဖြင့် လက်သီးတစ်ချက်၊ ခြေတစ်ချက် လွှဲယမ်းလိုက်ရုံမျှဖြင့် တောင်မြတ်များကို ပြိုလဲစေနိုင်ပြီး သမုဒ္ဒရာကြီးကို ခမ်းခြောက်စေနိုင်သော စွမ်းအားမျိုး ရှိနေသည်။ တစ်ခုလုံးသော ကောင်းကင်ပြင်ကြီးသည်လည်း မှောင်မိုက်နေပြီး သည်းထန်စွာ မိုးရွာသွန်းတော့မည့်အလား ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေတော့သည်။
စစ်မှန်သော မိစ္ဆာကြီးတစ်ကောင် လူ့လောကသို့ ဆင်းသက်လာခြင်း ဖြစ်သဖြင့် ကောင်းကင်နှင့် မြေပြင်၏ ဖြစ်တည်မှုများ ပေါ်ထွက်လာခြင်း ဖြစ်၏။ ကောင်းကင်ယံထက်မှ အနက်ရောင်မိုးတိမ် များထဲတွင် အမျိုးမျိုးသော မိစ္ဆာရုပ်ပုံများ ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်လှကာ သွေးညှီနံ့များ ပြင်းထန်စွာ ထွက်ပေါ်နေသည်။
ဝုန်း... ဝုန်း... ဝုန်း...
ရွှေရောင်အလင်းတန်းတစ်ခုနှင့် နက်မှောင်သော အလင်းတန်းတစ်ခုတို့သည် ကောင်းကင်ယံထက်၌ အဆက်မပြတ် တိုက်ခိုက်မိကြပြီး ခဏချင်းအတွင်းမှာပဲ ပျောက်ကွယ်သွားကြပြန်သည်။ ကျင့်ကြံခြင်း တတိယအဆင့်ရှိသော ပညာရှင်များ ဤနေရာ၌ ရှိနေလျှင်ပင် မည်သူမျှ မျက်စိဖြင့် လိုက်မကြည့်နိုင်လောက်အောင်ပင် ထိုအလင်းတန်းနှစ်ကြောင်းသည် ကောင်းကင်ထက်၌ အဆက်မပြတ် ဆုံတွေ့နေကြခြင်း ဖြစ်သည်။
လီယန်ချူသည် မိစ္ဆာလောက၏ အရှင်သခင်နှင့် ဆက်တိုက် တိုက်ခိုက်နေရသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး အက်ကြောင်းများ ပြည့်နှက်လာကာ ခန္ဓာကိုယ်ပေါ်ရှိ သွေးချီများမှာလည်း အနည်းငယ် ဖိနှိပ်ခြင်း ခံလာရသည်။
ပေဖုန်း သည် ပိုမို၍ မောက်မာလာသော်လည်း ယခုအချိန်တွင်မူ ဤတာအိုဆရာလူငယ်ကို စကားလုံးများဖြင့် သွားရောက်ဆွပေးရန် မဝံ့ရဲတော့ပေ။ အကယ်၍ တစ်ဖက်လူသာ စိတ်မထိန်းနိုင်ဘဲ နတ်ဘုရားလက်နက်များကို ထုတ်သုံးလာပါက မိမိအနေဖြင့် နောက်ထပ်တစ်ကြိမ် အရေးနိမ့်သွားနိုင်သည် မဟုတ်ပါလော။
'ဒီကောင်လေးက ဒီလောက် အထိ မောက်မာနေမှတော့ ငါ့အနေနဲ့ တစ်ချက်တည်းနဲ့တင် သူ့ကို အပြတ်သတ်ပစ်ရမှာပေါ့'
လီယန်ချူ၏ ကျင့်ကြံခြင်းမှာ လူ့လောက၌ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း... မိမိထက် ကျင့်ကြံခြင်း အဆင့်အတန်း တစ်ခု မြင့်မားသော စစ်မှန်သော မိစ္ဆာကြီးတစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင်မူ လက်ရှိ ရုပ်ခန္ဓာအင်အားတစ်ခုတည်းဖြင့် တိုက်ရိုက်ချေမှုန်းရန်မှာ မဖြစ်နိုင်သေးပေ။ သို့သော်လည်း ယခုအချိန်တွင် သူ၏ မျက်ဝန်းအစုံမှာမူ ပိုမို၍ တောက်ပလင်းလက်လာတော့သည်။
ပေဖုန်း မသိရှိသည်မှာ... လီယန်ချူသည် ခုနကတည်းက အဘယ်ကြောင့် အစီရင်ဝတ်စုံ များနှင့် ခရမ်းရောင်ဝတ်စုံ ကို အသုံးမပြုခဲ့သနည်း ဟူ၍ ဖြစ်သည်။ ယခုအချိန်တွင် သူ၏ မဖျက်ဆီးနိုင်သော ရွှေထည် မှာ ပျက်စီးလုနီးပါး ဖြစ်နေသော်လည်း သူသည် မိမိ၏ ရုပ်ခန္ဓာစွမ်းအားနှင့် သိုင်းပညာစွမ်းအား ကိုသာ ဆက်တိုက် အသုံးပြုနေခြင်း ဖြစ်သည်။
ဝုန်း...
သူတို့နှစ်ဦးသည် နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ တိုက်ခိုက်မိကြပြီး အချင်းချင်း၏ ရင်ဘတ်တည့်တည့်သို့ လက်သီးချက်တစ်ချက်စီ ပြင်းထန်စွာ ရိုက်ချလိုက်ကြရာ အသီးသီး နောက်သို့ ပေရာချီ၍ လွင့်စင်ထွက်သွားကြတော့သည်။
ပေဖုန်း သည် မိစ္ဆာအငွေ့အသက်များကို အထွတ်အထိပ်သို့ မြှင့်တင်ထားပြီး ကြီးမားထွားကျိုင်းလှသော မိစ္ဆာခန္ဓာကိုယ်ကြီးဖြင့် ရှိနေသဖြင့် ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက် အလျဉ်းမရှိဘဲ မျက်ဝန်းစုံက အေးစက်လှပေသည်။ တစ်ဖက်တွင်မူ လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများမှာ မှေးမှိန်နေပြီး ရွှေခန္ဓာမှာလည်း ပျက်စီးတော့မည့်ပုံစံ ရှိနေသည်။
ပေဖုန်း သည် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်တော့သည်။
"ကောင်လေး... ဒါက မင်းကိုယ်တိုင် အသေခံတာပဲ"
ခဏချင်းအတွင်းမှာပဲ သူသည် လီယန်ချူ၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး လက်ကို ဆန့်ထုတ်ကာ ဖမ်းဆွဲလိုက်ရာ လက်သည်းများပေါ်မှ ထက်မြက်လှသော အလင်းတန်းများ ပန်းထွက်လာပြီး လီယန်ချူ၏ နှလုံးသားကို တိုက်ရိုက် ဆွဲထုတ်ကာ ခြေဖျက်ပစ်ရန် ကြံရွယ်လိုက်တော့သည်။
ထိုအချိန်မှာပဲ...
ချက်ချင်းဆိုသလို လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
ဝုန်း...
ထူထဲလှသော သွေးချီမီးခိုးတန်းကြီးတစ်ခုသည် ကောင်းကင်ယံထက်သို့ အရှိန်အဟုန်ပြင်းစွာ ပျံတက်သွားပြီး ကောင်းကင်ယံထက်ရှိ အနက်ရောင်တိမ်တိုက် များအားလုံးကို တစ်ခဏချင်းအတွင်းမှာပဲ မုန်းမုန်းမတ်မတ် ဖျက်ဆီးပစ်လိုက်တော့သည်။ ထိုတိမ်များထဲတွင် ရှိနေကြသော ကြောက်မက်ဖွယ် မိစ္ဆာကောင်ကြီးများအားလုံးသည်လည်း ဤသွေးချီအောက်ဝယ် ပြာကျပျက်စီးကုန်ကြရတော့သည်။
ဘေးပတ်ပတ်လည် ပေရာချီသော နယ်ပယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ထိုဖြစ်စဥ်ကြီးအောက်ဝယ် ဖုံးလွှမ်းသွားပြီး တစ်ခုလုံးသော ကောင်းကင်ပြင်ကြီးသည် မီးတောက်မီးလျှံများ တောက်လောင်နေသည့်အလား ရဲရဲနီသွားတော့သည်။
ပေဖုန်း သည် အနားသို့ မကပ်နိုင်ခင်မှာတင် ဤကြောက်မက်ဖွယ် သွေးချီများကြောင့် နောက်သို့ ဆုတ်ခွာသွားရပြီး မျက်ဝန်းစုံ၌ ထိတ်လန့်တုန်လှုပ်ခြင်းများ ပြည့်နှက်သွားရတော့သည်။
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး မျက်နှာထားမှာမူ အေးစက်ခက်ထန်နေကာ တစ်ခဏအတွင်းမှာပဲ သူ၏ တစ်ကိုယ်လုံးတွင် ကောင်းကင်နှင့် မြေပြင်ကို မှောက်လှန်နိုင်လောက်သော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ခုနတင် သူသည် ပေဖုန်း ကို အသုံးချကာ မိမိ၏ သိုင်းပညာလမ်းစဉ်ကို သွေးထွက်အောင် ကျင့်ကြံနေခြင်း ဖြစ်ပြီး မိမိ၏ သိုင်းပညာအနှစ်သာရကို သွေးစုပ်ယူနေခြင်း ဖြစ်သည်။
"ဒါက ဒီလို ကိုး..."
လီယန်ချူ၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူသည် အမျိုးမျိုးသော အစွမ်းထက်လှသော ဖဲချပ်များကို ကိုင်ဆောင်ထားသူ ဖြစ်သဖြင့် မိမိထက် ကျင့်ကြံခြင်း အဆင့်အတန်း တစ်ခု မြင့်မားသော ရန်သူနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။ ယနေ့ ဤစစ်မှန်သော မိစ္ဆာကြီးနှင့် ရင်ဆိုင်ရချိန်တွင်လည်း သူ၏လက်ထဲ၌ အစွမ်းထက်လှသော နတ်ဘုရားလက်နက် အများအပြား ရှိနေသည့်အပြင်... ဝမ်လင်ကွမ်းနတ်မင်းကြီး၏ နတ်ဘုရားစွမ်းအားကိုလည်း ပင့်ဖိတ်နိုင်ပေသည်။
ထို့ကြောင့် တိုက်ပွဲဝင်ချိန်တွင်မူ ကျင့်ကြံခြင်းလမ်းစဉ်၏ အခွင့်အလမ်းတစ်ခု အမြဲတမ်း လိုအပ်နေခြင်း ဖြစ်သည်။ ခုနတင် သူသည် ကျင့်ကြံခြင်း လမ်းစဉ်ကို သဘောပေါက်သွားသဖြင့် မိမိ၏ အမျိုးမျိုးသော နတ်ဘုရားစွမ်းအားများကို စွန့်လွှတ်လိုက်ပြီး မိမိ၏ ကိုယ်ပိုင်သိုင်းပညာဖြင့်သာ ရန်သူကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင်မူ သူသည် ဤ အခွင့်အလမ်းကို ဆုပ်ကိုင်မိသွားပြီး ဤခြေလှမ်းကို အပြည့်အဝ လှမ်းတက်လိုက်ကာ သိုင်းပညာအနှစ်သာရကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ပေဖုန်း သည် လီယန်ချူကို ကြည့်ကာ မျက်ဝန်းစုံ၌ အလွန် ထိတ်လန့်သွားရတော့သည်။ တစ်ဖက်လူ၏ အရှိန်အဝါမှာမူ တဟုန်ထိုး မြင့်တက်နေပြီး ခုနကနှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားလှပေသည်။
'ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ဖြစ်ပျက်သွားတာလဲ...'
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်မှ ပြောင်းလဲမှုများသည် အလွန်ပင် မြန်ဆန်လှပေသည်။ ခဏချင်းအတွင်းမှာပဲ ကောင်းကင်နှင့် မြေပြင်၏ နိမိတ်များအားလုံး ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် သွေးချီများလည်း ပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း သူ၏ မျက်ဝန်းအစုံကြား၌မူ ပြောဆို၍မရနိုင်လောက်သော ဆန်းကြယ်လှသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး... ထိုနေရာ၌ ရပ်နေရုံမျှဖြင့် လူကို အလွန်ပြင်းထန်သော ဖိအားကြီး ပေးစွမ်းနေတော့သည်။ မိစ္ဆာလောက၏ အရှင်သခင်ကြီးပင် ဖြစ်ပါလျက်နှင့် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကြီးတစ်ခုကို အာရုံခံမိသွားတော့သည်။
မိစ္ဆာလောကအတွင်း၌မူ... ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးနှင့် လက်တစ်ဖက်ပြတ် အဖိုးအိုသည် ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ရာ မျက်ဝန်းစုံ၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး...
"အောင်မြင်သွားပြီ..."
သူ၏ နှုတ်ခမ်းထောင့်တွင် မထိန်းနိုင်လောက်အောင်ပင် ပြုံးမိတော့သည်။ သူတစ်ဦးတည်းတင်မကဘဲ... တိုက်ခိုက်နေကြသော ထိပ်သီးပညာရှင်များ အားလုံးသည်လည်း ဤကြီးမားလှသော အရှိန်အဝါကို အာရုံခံမိကြသဖြင့် ထိုအက်ကြောင်းကြီးဆီသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတော့သည်။ မိစ္ဆာလောက၏ အရှင်သခင်အချို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ဖြစ်ပေါ်သွားကြတော့သည်။
လီယန်ချူသည် မျက်နှာထား အေးစက်စွာပင် ပေဖုန်း ကို ကြည့်ကာ ခပ်အေးအေးပဲ ပြောလိုက်သည်။
"မင်းလို ငတုံးကောင်က... ဒီနေ့တော့ အသုံးနည်းနည်းဝင်သားပဲ"
ပေဖုန်း ၏ မျက်နှာသည် အလွန်ပင် မည်းမှောင်သွားရတော့သည်။ သူသည် ဤတာအိုဆရာလူငယ်ကို အလွန်ပင် မုန်းတီးလှပေသည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ မိမိထက် များစွာ နိမ့်ကျလှသော်လည်း မိမိကို ကြည့်သည့် မျက်ဝန်းမှာမူ တကယ့်ကို ငတုံးကောင်တစ်ကောင်ကို ကြည့်သည့်အလား ဖြစ်နေသောကြောင့် ဖြစ်၏။
သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်မှာ...
"မောက်မာလွန်းတယ်..."
စကားဆုံးသည်နှင့် သူသည် လျှပ်စီးကြောင်းတစ်ခုအလား လီယန်ချူ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားပြီး လီယန်ချူ၏ ဦးခေါင်းတည့်တည့်သို့ လက်သီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဝုန်း...
လီယန်ချူသည် ခြေတစ်ချက် ကန်ထုတ်လိုက်ရာ ပေဖုန်း ၏ ရင်ဘတ်တည့်တည့်သို့ ကျရောက်သွားတော့သည်။ ပေဖုန်း သည် နောက်သို့ လွင့်စင်ထွက်သွားရပြီး ရင်ညွန့်ရိုးများ ကျိုးကြေကာ အတွင်းသို့ ချိုင့်ဝင်သွားတော့သည်။
လီယန်ချူ၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်ထွက်လာကာ...
"လာစမ်း..."
ပေဖုန်း သည် အံ့သြတုန်လှုပ်ခြင်းနှင့် ဒေါသအဟုန်များ ပြည့်နှက်နေသည်။ ခုနတင် သူသည် မည်သည့် ကြောက်မက်ဖွယ် အရှိန်အဝါကိုမျှ အာရုံမခံမိခဲ့သကဲ့သို့ သွေးချီစွမ်းအားကိုလည်း မတွေ့ရှိခဲ့ပေ။ သို့သော်လည်း တစ်ဖက်လူသည် ခြေတစ်ချက် ကန်လိုက်ရုံမျှဖြင့် မိမိ၏ ခုခံမှုကို ဖျက်ဆီးပစ်နိုင်ခဲ့သည် မဟုတ်ပါလော။
'ဒီကောင်လေးက တကယ့်ကို ထူးဆန်းလွန်းတယ်'
သူသည် နောက်ထပ်တစ်ကြိမ် ဆက်လက် သတ်ဝင်သွားပြန်ရာ လီယန်ချူသည် လက်ကို သာသာယာယာပင် မြှောက်လိုက်ပြီး တစ်ဖက်လူ၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်တော့သည်။
ဖြန်း...
ပေဖုန်ူ ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများအားလုံး ပြတ်တောက်သွားပြီး တစ်ကိုယ်လုံး ဘယ်ဘက်သို့ လွင့်စင်ထွက်သွားရကာ ဦးခေါင်းကြီးသည်လည်း ချိုင့်ဝင်သွားတော့သည်။ ယခုအချိန်တွင် သူသည် ပါးရိုက်ခံလိုက်ရသော အရှက်ရမှုကို ဂရုမစိုက်နိုင်တော့ဘဲ မျက်ဝန်းအစုံကြား၌ မယုံကြည်နိုင်လောက်အောင်ပင် ထိတ်လန့်တုန်လှုပ်သွားရကာ...
"သိုင်းနတ်ဘုရား "
သူသည် လွန်ခဲ့သော အကြိမ်က ချန်နိုင်ငံမှ ထိုသိုင်းနတ်ဘုရားနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပေသည်။ ယခုအချိန်တွင်မူ သူသည် လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်မှ ထိုသိုင်းနတ်ဘုရားနှင့် ထပ်တူထပ်မျှတူညီသော အရှိန်အဝါကို အာရုံခံမိနေပြီး... သာ၍ပင် ကြောက်မက်ဖွယ်ကောင်းနေသေးသည် မဟုတ်ပါလော။
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါမှာ မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းအောင် သန်မာလှပေသည်။ မူလက သူသည် ဤခြေလှမ်း၌တင် ပိတ်မိနေခဲ့ခြင်း ဖြစ်ပြီး မရေမတွက်နိုင်သော ကောင်းကင်နှင့် မြေပြင်ရတနာများကို သုံးစွဲခဲ့ကာ အမျိုးမျိုးသော အစွမ်းထက်လှသော သိုင်းပညာစွမ်းပကားများနှင့် ရုပ်ခန္ဓာစွမ်းပကားများကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင်မူ သူသည် ပေဖုန်း ဟူသော ဤဓားသွေးကျောက်ကြီးကို အခြေခံပြီး ဤခြေလှမ်းကို လှမ်းတက်လိုက်ကာ သိုင်းပညာအနှစ်သာရကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် ပေဖုန်း ၏ ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။ ပေဖုန်း သည် လက်ကို မြှောက်ကာ ကြောက်မက်ဖွယ် မိစ္ဆာအငွေ့အသက်များကို ထုတ်ဖော်လိုက်သည်။ သူသည် မယုံကြည်နိုင် ဖြစ်နေရဆဲပင်။ ဤတာအိုဆရာလူငယ်သည် တိုက်ပွဲအတွင်းမှာတင် ဤမျှလွယ်လွယ်ကူကူဖြင့် ဖောက်ထွက်သွားနိုင်သည် ဟုတ်လား။ ဒါက တကယ့်ကို ကလေးကစားစရာ ဆန်လွန်းလှပေသည်။
သို့သော်လည်း နောက်ထပ်တစ်စက္ကန့်အတွင်းမှာပဲ လီယန်ချူသည် လက်ဝါးတစ်ချက်ဖြင့် သူ၏ ရင်ဘတ်တည့်တည့်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ပေဖုန်း ၏ ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားပြီး ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ ပြာကျသွားတော့သည်။ သူ၏ ရင်ထဲ၌ လေးလံသွားရသည်။ ဤတာအိုဆရာလူငယ်၏ အစွမ်းအစမှာမူ ခုနကနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေပြင်အလား ကွဲပြားခြားနားလှပေသည်။ ယခုအချိန်တွင် ဤမိစ္ဆာလောက၏ စစ်မှန်သော မိစ္ဆာကြီးသည် မိမိအနေဖြင့် ဤတာအိုဆရာလူငယ်ကို မယှဉ်နိုင်တော့ကြောင်း သေသေချာချာ သိရှိသွားသဖြင့် လှည့်၍ ထွက်ပြေးရန် ကြံရွယ်လိုက်တော့သည်။
လီယန်ချူသည် တစ်ဖက်လူ၏ လည်ပင်းကို လှမ်း၍ ဖမ်းဆွဲလိုက်ပြီး အေးစက်စွာ ပြုံးလိုက်ရင်း...
"အခုမှတော့ ထွက်ပြေးချင်လို့ ရမလား..."
ကွက်ခနဲ အသံကြီးနှင့်အတူ ပေဖုန်း ၏ လည်ပင်းကို တိုက်ရိုက် ညှစ်ချိုးပစ်လိုက်တော့သည်။ ထို့အပြင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးသည် ပေဖုန်း ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားပြီး... သူ၏ ဇီဝလက္ခဏာများကို အဆက်မပြတ် ချေမှုန်းပစ်လိုက်တော့သည်။
သူသည် မည်မျှပင် ရုန်းကန်နေပါစေ လီယန်ချူ၏ ကြီးမားလှသော လက်ဝါးကြီးထဲမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ သူ၏ ရင်ထဲ၌ အလွန်ပင် ညှိုးငယ်လှသော ခံစားချက်မျိုး ဖြစ်ပေါ်သွားရပြီး ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာအငွေ့အသက်များကို ဗုံးပေါက်ကွဲသကဲ့သို့ ထုတ်ဖော်လိုက်မှသာ လီယန်ချူ၏ လက်ထဲမှ ရုန်းထွက်နိုင်တော့သည်။
ဝုန်း...
သို့သော်လည်း ချက်ချင်းပင်... သူသည် လီယန်ချူ၏ ခြေချက်တစ်ချက်ဖြင့် ဦးခေါင်းကို တိုက်ရိုက် နင်းခြေခြင်း ခံလိုက်ရပြီး ခြေဖဝါးအောက်၌တင် ပြားပြားဝပ်သွားရတော့သည်။
"ငတုံးကောင်ကတော့... ငတုံးကောင်ပဲ၊ ဘာမှ ပြောနေစရာမလိုဘူး"
စကားဆုံးသည်နှင့် သူသည် ခြေဖဝါးအောက်၌ အားထည့်ကာ ပေဖုန်း ၏ ဇီဝလက္ခဏာအားလုံးကို နင်းခြေဖျက်ဆီးပစ်လိုက်ရာ... မိစ္ဆာလောက၏ စစ်မှန်သော မိစ္ဆာကြီးသည် လုံးဝ ဥဿုံ ချုပ်ငြိမ်းကွယ်လွန်သွားရလေတော့သည်။
မိစ္ဆာလောကအတွင်း၌...
မိစ္ဆာလောက၏ အရှင်သခင်အချို့သည် ပေဖုန်း ၏ အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားသည်ကို အာရုံခံမိကြသဖြင့် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
"ဘာတွေဖြစ်သွားတာလဲ... ပေဖုန်း သေသွားပြီ ဟုတ်လား..."
"မဖြစ်နိုင်တာ..."
"တကယ်ပဲ ဘာတွေဖြစ်ပျက်သွားတာလဲ..."
အခန်း (၁၀၂၂) ရေနွေးကြမ်းတစ်ခွက်
မိစ္ဆာလောက၏ အရှင်သခင်အချို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့်အတူ ဒေါသအဟုန်များ ပြင်းထန်စွာ ထွက်ပေါ်လာကြသည်။ ခုနတင် ဤနေရာသို့ လာရောက်သတ်ဖြတ်ခဲ့ကြသော လူ့လောကမှ ကျင့်ကြံသူ ထိပ်သီးသုံးဦး၏ အစွမ်းအစမှာ အလွန်တရာ ထက်မြက်လှပေသည်။
အထူးသဖြင့် ထိုလက်တစ်ဖက်ပြတ် အဖိုးအိုသည် အစစ်အမှန် သိုင်းနတ်ဘုရားတစ်ဦး ဖြစ်သော်လည်း... သူသည်ပင် မိစ္ဆာအရှင်သခင်များထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြတ်မသတ်နိုင်ခဲ့ချေ။ သို့ဖြစ်ပါလျက်နှင့်... ပေဖုန်းသည် လူ့လောကသို့ ရောက်ရှိသွားပြီးနောက် ဘာကြောင့် သေဆုံးသွားရသနည်း။
ဝုန်း...
နောက်တစ်စက္ကန့်တွင် ရစရာမရှိအောင် ရိုက်နှက်ဖျက်ဆီးခံထားရသော ကြောက်မက်ဖွယ် မိစ္ဆာရုပ်အလောင်းကြီးတစ်ခုသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ လွင့်စင်ကျရောက်လာတော့သည်။ ထိုမိစ္ဆာရုပ်အလောင်းပေါ်၌ ပေဖုန်း၏ အော်ရာအငွေ့အသက်များ ကျန်ရှိနေဆဲပင် ဖြစ်သော်လည်း... ဇီဝလက္ခဏာအားလုံး လုံးဝချုပ်ငြိမ်းသွားခဲ့ပြီဖြစ်ရာ သေဆုံးသွားခဲ့ပြီမှာ အလွန်သေချာလှပေသည်။
"စီနီယာ... စိတ်ကြိုက်သာ သတ်ဖြတ်ပစ်လိုက်ပါတော့"
ကြည်လင်ပြတ်သားသော အသံတစ်သံသည် မိစ္ဆာလောက၏ ဝင်ပေါက်အနီးတစ်ဝိုက်တွင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာတော့သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုက အားရပါးရ ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်ရင်း -
"ကောင်းတယ်... အရမ်းကောင်းတယ်။ တကယ့်ကို အားကိုးရတဲ့ လူငယ်လေးပဲ"
လုံဟူရှန်းမှ တာအိုအဖိုးအိုနှင့် ကိုရင်ငယ်တို့၏ မျက်ဝန်းအစုံ၌လည်း အံ့အားသင့်သွားသော အရိပ်အယောင်များ ပြည့်နှက်သွားရကာ စိတ်ထဲမှလည်း တစ်ပြိုင်နက်တည်း တွေးမိလိုက်ကြသည်။
'ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ ပညာရှင်အကြမ်းစားကြီးကို ဘယ်ကနေ ရှာခေါ်လာတာလဲ'
တိတ်ဆိတ်သွားခဲ့ပြီ...
မိစ္ဆာလောကဘက်ခြမ်းတွင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်သွားရတော့သည်။ မိစ္ဆာလောက၏ အရှင်သခင်အချို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေကြရသည်။ ပေဖုန်းသည် ဟိုဘက်သို့ ထွက်ခွာသွားသည်မှာ မကြာသေးချေ။ အဘယ်ကြောင့် ဤမျှမြန်မြန်ဆန်ဆန်ကြီး အရိုက်သတ်ခံလိုက်ရသနည်း။
လူ့လောကသည် ယခုအချိန်တွင် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေပြီလား...။
လက်တစ်ဖက်ပြတ် အဖိုးအိုသည်လည်း ရင်ထဲ၌ မချိတင်ကဲ ရေရွတ်မိတော့သည်။
'သူက ဘယ်လို သိုင်းပညာအနှစ်သာရကို စုစည်းလိုက်တာလဲ... ဘာလို့ ဒီလောက်အထိ အာဏာရှင်ဆန်ပြီး ပြင်းထန်နေရတာလဲ'
ပေဖုန်းသည် သူ၏ပြိုင်ဘက် မဟုတ်သည်မှာ မှန်သော်လည်း... သူကိုယ်တိုင် သတ်ဖြတ်မည်ဆိုလျှင်ပင် ဤမျှလွယ်ကူလိမ့်မည် မဟုတ်ပေ။ လီယန်ချူနှင့် မိမိတို့နှစ်ဦးကြား နားလည်သဘောပေါက်ထားသော သိုင်းပညာအနှစ်သာရ၏ ကွာခြားချက်ကို တွေးတောမိရင်း... သိုင်းနတ်ဘုရားသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီးနောက် မျက်ဝန်းစုံ၌ တိုက်ပွဲဝင်လိုစိတ်များ တဟုန်ထိုး မြင့်တက်လာကာ -
"သူတို့ကိုပါ ရိုက်သတ်ပစ်မယ်"
သူသည် ချက်ချင်းပင် ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်ပြီး လက်သီးတစ်ချက်ဖြင့် ကျားမခွဲခြားရန် ခက်ခဲလှသော ထိုချောမောခန့်ညားသည့် လူငယ်၏ ရင်ဘတ်တည့်တည့်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ထိုလူငယ်၏ ရင်ဘတ်တွင် သွေးပေါက်ဝကြီးတစ်ခု ဖြစ်ပေါ်သွားပြီး နောက်သို့ လွင့်စင်ထွက်သွားရကာ...
"အဖိုးကြီး... မင်း ရူးနေပြီလား"
သူ၏ ခန္ဓာကိုယ်အတွင်းမှ ယောက်ျားနှင့် မိန်းမ အသံနှစ်ခု ထပ်တူထပ်မျှ ရောနှောလျက် စူးရှလှစွာသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။ တစ်ခဏအတွင်းမှာပဲ သူသည် နောက်သို့ ပြင်းထန်စွာ လှည့်ယမ်းလိုက်ရာ ဆံပင်ရှည်ကြီးများသည် နက်မှောင်သော ရေလှိုင်းကြီးတစ်ခုအလား ပျံသန်းထွက်လာတော့သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုသည် လက်ကို ဆန့်ထုတ်ကာ ထိုနက်မှောင်သော ဆံပင်လှိုင်းကြီးကို လက်ဝါးပြင်အလယ်၌ ဖမ်းဆွဲလိုက်ပြီး အော်ရာအငွေ့အသက်များကို ပေါက်ကွဲစေကာ ဆံပင်ရှည်ကြီးများကို တိုက်ရိုက် ရိုက်ခွဲခြေဖျက်ပစ်လိုက်တော့သည်။
ထိုချောမောလှပသော လူငယ်သည် နောက်ထပ်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်ရပြန်သည်။ ရင်ဘတ်ပေါ်ရှိ သွေးပေါက်ဝကြီးမှာ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးခင်မှာတင် ဆံပင်များပါ အပိုင်းပိုင်း ပြတ်တောက်သွားသဖြင့် ယခုအချိန်တွင် အလွန်ပင် ရစရာမရှိအောင် လှုပ်ရှားရုန်းကန်နေရကာ -
"ဒီနေ့ကိစ္စကို အတင်းအကျပ် လုပ်လို့မရတော့ဘူး... ကျွန်မ အရင်သွားပြီ"
စကားဆုံးသည်နှင့် သူသည် ခန္ဓာကိုယ်ကို လှည့်ကာ အလင်းတန်းတစ်ခုအလား မိစ္ဆာလောက၏ အနက်ရှိုင်းဆုံးနေရာသို့ ထွက်ပြေးလွတ်မြောက်သွားတော့သည်။
ဤလူ့လောကမှ ကျင့်ကြံသူ မည်မျှပင် သန်မာနေပါစေ... မိစ္ဆာလောက၌ မိမိတို့၏ ကိုယ်ပိုင်စည်းမျဉ်းများ ရှိနေပြီး ပြင်းထန်လှသော မိစ္ဆာအငွေ့အသက်များသည် ကျင့်ကြံခြင်းလမ်းစဉ်ရှိသူများ၏ ရုပ်ခန္ဓာကို တိုက်စားနိုင်ပေသည်။ အကယ်၍ ဤနေရာသို့ အတင်းအကျပ် တိုးဝင်လာရဲလျှင် 'မြေပြင်နတ်ဘုရား' အဆင့်ရှိသူများပင် ဖြစ်ပါစေဦးတော့... သေဆုံးသွားရမည်မှာ မလွဲဧကန်ပင် ဖြစ်၏။
ကျားမခွဲခြားရန် ခက်ခဲလှသော ထိုလူငယ်သည် ပထမဆုံးအကြိမ်အဖြစ် စတင်ထွက်ပြေးသွားပြီးနောက် ကျန်ရှိနေသော မိစ္ဆာလောက၏ အရှင်သခင်အချို့သည်လည်း တိုက်ပွဲဝင်လိုစိတ်များ လုံးဝကွယ်ပျောက်သွားကြတော့သည်။
လူ့လောကမှ ထိုကျင့်ကြံသူ သုံးဦး၏ တိုက်ပွဲဝင်စွမ်းရည်မှာ အလွန်တရာ မြင့်မားလှသော်လည်း မိမိတို့အနေဖြင့် တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း... လူ့လောကဘက်ခြမ်း၌ မည်သည့်အပြောင်းအလဲကြီး ဖြစ်ပေါ်နေသည်ကို မသိရှိရဘဲ ပေဖုန်းသည် ဟိုဘက်သို့ ရောက်သွားရုံမျှဖြင့် အရိုက်သတ်ခံလိုက်ရသဖြင့် သူတို့၏ရင်ထဲ၌ ဆုတ်ခွာလိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာရကာ -
"အချိန်မကျသေးဘူး... ငါလည်း အရင်သွားပြီ"
လေးလံလှသော ချတ်ဝတ်တန်ဆာကြီးကို ဝတ်ဆင်ထားသည့် ထွားကျိုင်းလှသော အမျိုးသားက အေးစက်စွာ အော်ဟစ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထက်သို့ ထွက်ပြေးလွတ်မြောက်သွားတော့သည်။
မိစ္ဆာလောက၏ အရှင်သခင်များသည် တစ်ဦးပြီးတစ်ဦး ဘေးပတ်ပတ်လည်သို့ ဖရိုဖရဲ ထွက်ပြေးသွားကြသော်လည်း... သိုင်းနတ်ဘုရား၊ လုံဟူရှန်းမှ တာအိုအဖိုးအိုနှင့် ကိုရင်ငယ်တို့သည် နောက်သို့ လိုက်လံသတ်ဖြတ်ခြင်း မပြုကြတော့ပေ။ မိစ္ဆာလောကသည် ရှေးအစဉ်အဆက်ကတည်းက ဆန်းကြယ်လှပြီး အစွမ်းထက်လှသော သက်ရှိများစွာ ရှိနေသဖြင့်... ယနေ့ သူတို့ လာရောက်ရခြင်းမှာ ဤမိစ္ဆာအရှင်သခင်များ လူ့လောကသို့ ဆင်းသက်မလာနိုင်ရန် ပိတ်ဆို့တားဆီးရန်အတွက်သာ ဖြစ်ပေသည်။
မိစ္ဆာလောက၏ အရှင်သခင်များ ထွက်ပြေးသွားကြသည်ကို မြင်လျှင်... သူတို့ သုံးဦးသည်လည်း လူ့လောကသို့ ပြန်လည်ထွက်ခွာလာခဲ့ကြတော့သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုသည် ပထမဆုံး ခြေလှမ်းလှမ်းကာ ထွက်ခွာလာခဲ့ပြီးနောက် အပြင်ဘက်၌ ရပ်တန့်နေသော ခန့်ညားထည်ဝါလှသည့် တာအိုဆရာလူငယ်လေးကို မြင်တွေ့လိုက်ရကာ... သူ၏ မျက်နှာထက်၌ မထိန်းနိုင်လောက်အောင်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
"တကယ့်ကို ကမ္ဘာမြေမှာ မကြုံစဖူး ထူးခြားတဲ့ ပါရမီရှင်ပဲ... တိုက်ပွဲကို အခြေခံပြီးတော့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး မြေပြင်နတ်ဘုရား အဆင့်အတန်းကို တကယ်ပဲ လှမ်းတက်နိုင်ခဲ့တာကိုး"
လီယန်ချူက လက်နှစ်ဖက်ကို စုစည်းကာ လာရောက်နှုတ်ဆက်လိုက်သည်။
"စီနီယာက ကျွန်တော့်ကို ဒီနေရာ ခေါ်ဆောင်မလာခဲ့ဘူးဆိုရင်...ဒီနေ့ အခုလို ဖောက်ထွက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါဘူး"
အကယ်၍ ဤနေရာ၌ မြေပြင်နတ်ဘုရားအဆင့်ရှိသော ပညာရှင်ကြီးများ မရှိခဲ့လျှင်... သို့မဟုတ် မိစ္ဆာလောကနှင့် လူ့လောကတို့၏ အရေးပါလှသော တိုက်ပွဲဝင်ချိန် အခြေအနေမျိုး မရှိခဲ့လျှင်... လီယန်ချူအနေဖြင့် ဤမျှအထိ မိမိ၏ သိုင်းပညာအနှစ်သာရကို စုစည်းနိုင်လိမ့်မည် မဟုတ်ပေ။
လက်တစ်ဖက်ပြတ် အဖိုးအိုက လက်ကို ဝေ့ယမ်းလိုက်ရင်း -
"ဒါက မင်းရဲ့ ကိုယ်ပိုင်ပါရမီကြောင့်ပါပဲ"
လုံဟူရှန်းမှ တာအိုအဖိုးအိုသည်လည်း ပြုံးရွှင်စွာဖြင့် ထွက်ပေါ်လာသည်။
"ငါလည်း မထင်မှတ်ထားခဲ့ဘူး... ငါတို့ တာအိုလောကမှာ ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ ပညာရှင်အကြမ်းစား ရှိနေလိမ့်မယ်လို့"
လက်တစ်ဖက်ပြတ် အဖိုးအိုက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
"မင်း မျက်စိကို သေသေချာချာ ဖွင့်ကြည့်စမ်း... ဒါက စစ်မှန်တဲ့ သိုင်းနတ်ဘုရား အစစ်အမှန်ပဲ၊ မင်းတို့ တာအိုလောကက တာအိုဆရာ မဟုတ်ဘူး"
လုံဟူရှန်းမှ တာအိုအဖိုးအိုက ဖြဲစပ်စပ် ရယ်မောလိုက်သည်။
"တာအိုလောကကနေ သိုင်းနတ်ဘုရားတစ်ယောက် ထွက်ပေါ်လာတာက ပိုပြီးတော့ ဂုဏ်ယူစရာကောင်းတာ မဟုတ်ဘူးလား"
လက်တစ်ဖက်ပြတ် အဖိုးအို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားရကာ မည်သည့်စကားမျှ ဆက်လက်မပြောဆိုတော့ပေ။ ကိုရင်ငယ်သည်လည်း လီယန်ချူကို စိတ်ဝင်တစားဖြင့် သေသေချာချာ ကြည့်ရှုနေမိသော်လည်း ငြင်းခုံခြင်း မပြုခဲ့ချေ။
ဤတာအိုဆရာလူငယ်၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်မြင့်မားလှပေရာ... သိုင်းပညာရှင်တစ်ဦး ဖြစ်စေ သို့မဟုတ် တာအိုဆရာတစ်ဦး ဖြစ်စေ... မည်သို့ပင်ဖြစ်စေကာမူ ယနေ့ ဗုဒ္ဓဘာသာလောကမှ ဤကဲ့သို့သော ထိပ်သီးပညာရှင် ထွက်ပေါ်လာခြင်းမျိုး မဟုတ်သည်မှာ အမှန်ပင် ဖြစ်၏။
ကိုရင်ငယ်သည် လီယန်ချူ၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ ရောက်ရှိလာပြီး သာယာနူးညံ့စွာ ပြောဆိုလိုက်သည်။
"အမိတ္တဘုရား... ဆရာတော် ကြည့်ရတာ ဒကာငယ်လေးက ငါတို့ ဗုဒ္ဓဘာသာလောကနဲ့ ရေစက်ရှိတယ်လို့ ခံစားရတယ်၊ ဒကာငယ်လေးအနေနဲ့ ဗုဒ္ဓတရားတော်တွေကို လေ့လာဆည်းပူးဖို့ စိတ်ပါဝင်စားမှု ရှိရဲ့လား"
လက်တစ်ဖက်ပြတ် အဖိုးအိုနှင့် တာအိုအဖိုးအိုတို့သည် ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ကြပြီး ကိုရင်ငယ်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ကြတော့သည်။ လီယန်ချူသည်လည်း ခေတ္တမျှ ဆွံ့အသွားပြီးနောက်... ဖုန်းရှန်ဝတ္ထု ထဲမှ 'မင်းက ငါတို့ အနောက်ဘက်ကမ္ဘာနဲ့ ရေစက်ရှိတယ်' ဟု အမြဲတမ်း ပြောဆိုလေ့ရှိသော ထိပ်သီးပညာရှင်ကြီးတစ်ဦးကို တွေးမိသွားကာ ခေါင်းကို ခါယမ်းလိုက်သည်။
"ဆရာတော်... နောက်ပြောင်မနေပါနဲ့ဦးဗျာ"
ကိုရင်ငယ်က ရင်ထဲ၌ မချိတင်ကဲ သက်ပြင်းချလိုက်သည်။
"ဒီလောက်အထိ ပါရမီထူးချွန်တဲ့ လူသားက ဘာဖြစ်လို့ ဗုဒ္ဓဘာသာလောကကနေ ထွက်ပေါ်မလာရတာလဲ"
လက်တစ်ဖက်ပြတ် အဖိုးအိုက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒီဟင်းလင်းပြင်အက်ကြောင်းကြီးကို လုံးဝ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူးဆိုရင်... မိစ္ဆာလောကရဲ့ အရှင်သခင်တွေက နှောင်းလူတွေနဲ့အတူ လူ့လောကကို ထပ်ပြီးတော့ လာဦးမှာပဲ"
တာအိုအဖိုးအိုက ခေတ္တမျှ တွေးတောမြော်မြင်ပြီးနောက် ပြောလိုက်သည်။
"ငါကတော့ နတ်ဘုရားအတတ်ကို ထုတ်ဖော်ပြီးတော့ ဒီနေရာကို ခေတ္တမျှ ပိတ်ဆို့ထားနိုင်ပါတယ်၊ ဒါပေမဲ့ ဒီအက်ကြောင်းကြီးက အရမ်းကို ကြီးမားလွန်းနေတဲ့အပြင် ဘေးပတ်ပတ်လည်မှာလည်း နတ်ဘုရားအတတ်တွေကို စီရင်ထားရင် တကယ်ပဲ ဖျက်ဆီးပစ်ဖို့ ခက်ခဲလိမ့်မယ်"
ကိုရင်ငယ်က ပြောဆိုလိုက်သည်
"ဒီ ရှန်နိုင်ငံရဲ့ အကြွင်းအကျန်တွေက တကယ့်ကို မုန်းစရာကောင်းတာပဲ၊ ဒီလို ကိစ္စရပ်တွေကို ဖန်တီးနေကြတာ... တကယ့်ကို သတ်ပစ်သင့်တယ်"
လီယန်ချူ၏ မျက်ခုံးများ ပင့်တက်သွားရကာ -
"ရှန်နိုင်ငံရဲ့ အကြွင်းအကျန်တွေ ဟုတ်လား..."
လက်တစ်ဖက်ပြတ် အဖိုးအိုက ပြောဆိုလိုက်သည်
"လွန်ခဲ့တဲ့ အချိန်က ထိုမြို့ငယ်လေးထဲမှာ မင်းနဲ့ လက်ရည်ယှဉ်ခဲ့တဲ့ ခြေထောက်မသန်လို့ တုတ်ကောက်ကို ကိုင်ဆောင်ထားတဲ့ အဖိုးကြီးက... ရှန်နိုင်ငံရဲ့ အကြွင်းအကျန် တစ်ယောက်ပဲ"
လီယန်ချူက မျက်ခုံးကို တွန့်ကွေးလိုက်သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုက ဆက်လက်ရှင်းပြသည်။
"အခုအချိန်မှာ မင်းက မြေပြင်နတ်ဘုရား အဆင့်အတန်းကို ရောက်ရှိသွားပြီ ဖြစ်လို့... ဒီကိစ္စကို ပြောပြလိုက်ရင်လည်း ဘာမှ မဖြစ်တော့ပါဘူး"
"ရှမင်းဆက်မတိုင်ခင်မှာ 'ရှန်မင်းဆက်' ဆိုတဲ့ နိုင်ငံတော်ကြီးတစ်ခု ရှိခဲ့ဖူးတယ်၊ အဒီအချိန်တုန်းက ကောင်းကင်နတ်ဘုရားတွေကို ပူဇော်ပသကြပြီး ရှမင်းဆက်ထက် အများကြီး ပိုမိုအစွမ်းထက်လှသလို ပိုပြီးတော့လည်း ဆန်းကြယ်တယ်"
"နောက်ပိုင်းမှာတော့ ဒီမင်းဆက်က ဘာဖြစ်လို့ သမိုင်းစာမျက်နှာထဲမှာ ပျောက်ကွယ်သွားခဲ့ရလဲ မသိရဘဲ အကြွင်းအကျန်အချို့ပဲ ကျန်ရှိနေခဲ့ပြီး... ဒီနှစ်တွေအတွင်းမှာ လူ့လောကထဲက ဘေးဒုက္ခတွေဟာ သူတို့ရဲ့ လက်ချက်တွေပဲ"
ကိုရင်ငယ်က ဆက်လက်ပြောဆိုလိုက်သည်
"မှန်တာပေါ့... လွန်ခဲ့တဲ့ အကြိမ်က ဟင်းလင်းပြင်လမ်းကြောင်းရဲ့ ဝင်ပေါက်ကို ဖွင့်လှစ်ပြီးတော့ အမည်နာမ မဖော်ပြနိုင်လောက်အောင် ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာကောင်ကြီးတွေကို လွှတ်ပေးဖို့ ကြံရွယ်ခဲ့တာကလည်း သူတို့ရဲ့ လက်ချက်ပဲ"
လီယန်ချူက မျက်ခုံးကို တွန့်ကွေးလိုက်မိပြန်သည်။ ကျင့်ကြံခြင်းအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ သိရှိရသော သတင်းအချက်အလက်များကလည်း ပိုမိုများပြားလာသဖြင့်... ဒီနှစ်တွေအတွင်းမှာ အစွမ်းထက်လှသော ပညာရှင်များစွာဟာ အမှန်တကယ်ပင် မှောင်မိုက်သော အရိပ်ထဲ၌ အဆက်မပြတ် တိုက်ခိုက်နေကြသည်ကို သူ သဘောပေါက်သွားတော့သည်။
သူက ခေတ္တမျှ စဉ်းစားဆင်ခြင်ပြီးနောက် မေးမြန်းလိုက်သည်။
"ရှန်နိုင်ငံရဲ့ အကြွင်းအကျန်တွေနဲ့ နတ်ဘုရားလောက နဲ့က ဘာပတ်သက်မှု ရှိနေလို့လဲ"
သူတို့ သုံးဦးစလုံးသည် ချက်ချင်း ခေါင်းကို လှည့်ကြည့်လိုက်ကြပြီး မျက်ဝန်းစုံက သူ့ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကာ... လက်တစ်ဖက်ပြတ် အဖိုးအိုက မျက်ခုံးကို တွန့်ကွေးလိုက်သည်။
"နတ်ဘုရားလောက ဟုတ်လား... မင်း တကယ်ပဲ ဘာတွေ သိထားတာလဲ"
မူလက လီယန်ချူသည် မြေပြင်နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသဖြင့် အချို့သော ကိစ္စရပ်များကို အသိမပေးလိုခဲ့ချေ။ သို့သော်လည်း ယခုအချိန်တွင်မူ ဤတာအိုဆရာလူငယ်လေးသည် အချို့သော အကြောင်းအရာများကို ကြိုတင်၍ သိရှိထားပုံရပေသည်။
လီယန်ချူက ဆက်လက်ရှင်းပြသည်
"ကျွန်တော် လွန်ခဲ့တဲ့အချိန်က နတ်ဘုရားလောက ကနေ ဆင်းသက်လာတယ်လို့ သူ့ကိုယ်သူ ခေါ်ဆိုတဲ့ ပိုင်ယန်တာအိုဆရာ ဆိုတဲ့ လူတစ်ဦးနဲ့ ဆုံတွေ့ခဲ့ဖူးပါတယ်"
သူသည် မိမိသိရှိထားသော နတ်ဘုရားလောက၏ အကြောင်းအရာများကိုလည်းကောင်း၊ ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးမည့် တံတားကြီးသည် မကြာမီ ချိတ်ဆက်တော့မည် ဖြစ်ပြီး ကောင်းကင်လူသားမျိုးနွယ်စု များသည် လူ့လောကသို့ ဆင်းသက်လာကာ လောကကြီး၏ ကံကြမ္မာအရှိန်အဝါကို စိုးမိုးခြယ်လှယ်ရန် ကြံရွယ်နေကြသည်ကိုလည်းကောင်း... အသေးစိတ် ရှင်းလင်းပြောပြလိုက်တော့သည်။
သူတို့ သုံးဦးစလုံး တိတ်ဆိတ်သွားကြပြီး... လက်တစ်ဖက်ပြတ် အဖိုးအို၏ မျက်နှာထက်၌ မချိတင်ကဲ အပြုံးတစ်ခု ပေါ်ထွက်လာသည်။
"ဒါက လျှို့ဝှက်ချက်တစ်ခုလို့ ထင်ထားခဲ့တာ... မင်းက ကြိုတင်ပြီးတော့ သိရှိထားလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး"
တာအိုအဖိုးအိုသည်လည်း ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားရသည်။
"မှန်တာပေါ့... ဘာဖြစ်လို့ ငါက ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် အိုမင်းရင့်ရော်သွားပြီလို့ ခံစားလိုက်ရတာလဲ"
ကိုရင်ငယ်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ရင်း -
"မူလကတည်းက အိုမင်းရင့်ရော်နေတာ ဖြစ်နိုင်မလား..."
တာအိုအဖိုးအိုက မျက်ခုံးကို ပင့်တက်လိုက်ရင်း -
"မင်းထက် အိုမင်းနေဦးမလို့လား... မင်းကမှ တကယ့် အဘိုးအိုအစစ်အမှန်ကြီး ဖြစ်တာ"
ကိုရင်ငယ်က တည်ငြိမ်စွာဖြင့် -
"အမိတ္တဘုရား... ဆရာတော်က ဒကာကြီးနဲ့ စကားလုံး ငြင်းခုံခြင်း မပြုတော့ပါဘူး"
တာအိုအဖိုးအိုက မကျေမနပ်ဖြင့် -
"အဘိုးအိုကြီး..."
ကိုရင်ငယ်က - "................."
ဤဟင်းလင်းပြင်အက်ကြောင်းကြီးသည် အလျား ပေရာချီရှိပြီး အနံ ပေဆယ်ဂဏန်းခန့် ရှိကာ... အလွန်ပင် တည်ငြိမ်လှပေရာ မည်သူမျှ မသိရှိနိုင်သော ဆန်းကြယ်လှသည့် စွမ်းအားတစ်ခုက ထိန်းသိမ်းထားပုံရပေသည်။
ထိုအချိန်တွင် ကောင်းကင်ယံထက်မှ ရုတ်တရက် အလင်းတန်းတစ်ခု ပျံသန်းလာတော့သည်။ လက်တစ်ဖက်ပြတ် အဖိုးအိုက ခေါင်းကို မော့ကြည့်လိုက်ရာ... မျက်ဝန်းစုံက စူးရှလှပြီး မသိကျွမ်းဖူးသော နတ်သမီးတစ်ပါး ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
ထိုနတ်သမီး၏ အရပ်အမောင်းမှာ သွယ်လျလှပပြီး အရှိန်အဝါမှာမူ နူးညံ့သိမ်မွေ့ကာ အေးချမ်းတည်ငြိမ်လှပေရာ... မြေပြင်သို့ ဆင်းသက်လာပြီးနောက် သူတို့ သုံးဦး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုက တည်ငြိမ်စွာဖြင့် -
"မိတ်ဆွေက ဘယ်သူလဲ..."
ထိုနူးညံ့သိမ်မွေ့လှသော နတ်သမီးက ဖျော့တော့စွာ ပြုံးလိုက်သည်။
" စီနီယာများကို နှုတ်ဆက်ပါတယ်... ကျွန်မ နာမည်က နိရှန်း ပါ"
လီယန်ချူ၏ မျက်ဝန်းအစုံကြား၌ အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့သည်။ ကောင်းကင်ယံထက်မှ မိုးတိမ်ကို စီးနင်းကာ ရောက်ရှိလာသော နတ်သမီးမှာ အမှန်စင်စစ် နိရှန်းနတ်သမီး ပင် ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင်မူ နိရှန်းနတ်သမီးသည် သူ့ကို မြင်တွေ့ချိန်၌ နှုတ်ဆက်ခြင်း မပြုခဲ့ချေ။
လက်တစ်ဖက်ပြတ် အဖိုးအိုက ထိုနတ်သမီးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
"နတ်သမီးက ဒီနေရာကို ဘာကိစ္စအတွက် လာတာလဲ"
နိရှန်းနတ်သမီးက ပြုံးရွှင်စွာဖြင့် -
"ဒီဟင်းလင်းပြင်အက်ကြောင်းကြီးအတွက် လာခဲ့တာပါ"
လက်တစ်ဖက်ပြတ် အဖိုးအိုက -
"ဒီအက်ကြောင်းကြီးအတွက် ဟုတ်လား..."
နိရှန်းနတ်သမီးက အေးချမ်းစွာဖြင့် -
"မှန်တာပေါ့... ဒီနေရာသာ တည်ရှိနေဦးမယ်ဆိုရင် မိစ္ဆာလောကက လူ့လောကကို ကျူးကျော်ဝင်ရောက်ဖို့ အခွင့်အရေး ရရှိနေဦးမှာပါ၊ ဒါကြောင့် ကျွန်မက ဒီနေရာကို ချိတ်ပိတ် တားဆီးဖို့ လာခဲ့တာ"
ဤစကား ထွက်ပေါ်လာသည်နှင့် အားလုံး ရင်ထဲ၌ လှုပ်ရှားသွားကြတော့သည်။ ကိုရင်ငယ်က ရုတ်တရက် မျက်ခုံးကို တွန့်ကွေးလိုက်သည်။
"မင်းက ယူဟန်းလျှို့ဝှက်နယ်မြေ ထဲက ဟိုနတ်သမီး မဟုတ်လား"
နိရှန်းနတ်သမီးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းစွာဖြင့် -
"မင်း ကျွန်မကို မှတ်မိနေတာလား..."
ကိုရင်ငယ်က တည်ငြိမ်စွာဖြင့် -
"လွန်ခဲ့တဲ့ အချိန်က ယူဟန်းလျှို့ဝှက်နယ်မြေကို ရောက်ခဲ့ဖူးတယ်၊ မင်းရဲ့ အရိုက်ခံခဲ့ရဖူးတာပေါ့"
နိရှန်းနတ်သမီးက သဘောကျစွာ ရယ်မောလိုက်ရင်း -
"..........."
ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် နိရှန်းနတ်သမီးက ပြုံးလိုက်သည်။
"နောက်ပိုင်းမှာ ဘာဖြစ်လို့ ထပ်ပြီးတော့ မလာတော့တာလဲ"
ကိုရင်ငယ်က ခေါင်းကို ခါယမ်းလိုက်ရင်း -
"လဲ့ချွဲချိတ် ဆိုတာ ရှေးဟောင်းနတ်ဘုရားတွေ ချန်ထားခဲ့တဲ့ လက်နက်တစ်ခု ဖြစ်ပြီး ကြီးမားလှတဲ့ ကံကြမ္မာအကျိုးဆက်တွေနဲ့ ပတ်သက်နေတာမို့ ဆရာတော်က လက်မခံနိုင်တဲ့အတွက် စိတ်ကူးကို လက်လျှော့လိုက်တာပါ"
နိရှန်းနတ်သမီးက သဘောကျစွာ ပြုံးလိုက်တော့သည်။
ဆက်လက်၍... သူမ၏ လက်ဝါးပြင်အလယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရေနွေးကန်တော့ပွဲ တစ်ခု ပေါ်ထွက်လာသည်။ ထိုခွက်ထဲတွင် ရေနွေးကြမ်းတစ်ခွက် ရှိနေပြီး ယခုအချိန်အထိ အငွေ့များ တထောင်းထောင်း ထွက်ပေါ်နေဆဲပင် ဖြစ်၏။
ကိုရင်ငယ်၏ မျက်ဝန်းစုံက ထိုရေနွေးကြမ်းခွက်ပေါ်သို့ ကျရောက်သွားသည်။
"နတ်သမီးက ဒီရေနွေးကြမ်းတစ်ခွက်နဲ့ ဒီနေရာကို ပြန်ပြီးတော့ ပိတ်ဆို့မလို့လား"
နိရှန်းနတ်သမီးက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲမှ ရေနွေးကြမ်းကို အပြင်သို့ ပက်ဖျန်းလိုက်တော့သည်။ တစ်ခဏအတွင်းမှာပဲ ထိုရေနွေးကြမ်းသည် ကြီးမားလှသော မြစ်ရေလှိုင်းကြီးတစ်ခုအလား ပြောင်းလဲသွားတော့သည်။
ဤဟင်းလင်းပြင်အက်ကြောင်းကြီးသည် အလျား ပေရာချီရှိသော်လည်း ထိုမြစ်ရေလှိုင်းကြီး ဖြတ်သန်းသွားပြီးနောက်... မျက်စိတစ်မှိတ်အတွင်းမှာပဲ မူလအတိုင်း လုံးဝဥဿုံ ကောင်းမွန်သွားတော့သည်။ ဤကဲ့သို့သော နတ်ဘုရားအတတ်မှာ အားလုံးကို အံ့အားသင့်စေခဲ့ရတော့သည်။
ကိုရင်ငယ်က လက်နှစ်ဖက်ကို စုစည်းလိုက်ရင်း -
"တကယ့်ကို ကြီးမားလှတဲ့ ကုသိုလ်ပါပဲ"
နိရှန်းနတ်သမီးက အားလုံးကို လာရောက်နှုတ်ဆက်လိုက်ရင်း ပြုံးရွှင်စွာဖြင့်
"ဒီနေရာက ကိစ္စရပ်တွေ ပြီးဆုံးသွားပြီမို့... ပညာရှင်ကြီးများရှင်၊ လောကအနှံ့မှာ ပြန်လည်ဆုံတွေ့ကြတာပေါ့"
စကားဆုံးသည်နှင့် သူမသည် မိုးတိမ်ကို စီးနင်းကာ ထွက်ခွာသွားခဲ့ပြီး ကောင်းကင်ယံထက်၌ ပျောက်ကွယ်သွားတော့သည်။ စောစောကတည်းက ယခုအချိန်အထိ လီယန်ချူနှင့် မျက်ဝန်းချင်း ဆုံတွေ့ခြင်း မရှိခဲ့ချေ။
လီယန်ချူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲမှမူ -
'ဒီရေနွေးခွက်က ဘာဖြစ်လို့ ကြည့်ရတာ ဒီလောက်အထိ မျက်စိပိန်းနေရတာလဲ'
နိရှန်းနတ်သမီး ထွက်ခွာသွားပြီးနောက် ဤနေရာသည် တိတ်ဆိတ်သွားခဲ့ရတော့သည်။ လက်တစ်ဖက်ပြတ် အဖိုးအိုက ပြုံးလိုက်ရင်း -
"မထင်မှတ်ထားဘူး... ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးဒုက္ခကြီးတစ်ခုက ရေနွေးကြမ်းတစ်ခွက်နဲ့တင် ပျက်စီးသွားလိမ့်မယ်လို့"
တာအိုအဖိုးအိုက ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားရကာ -
"မှန်တာပေါ့... ဒီနတ်သမီးရဲ့ နတ်ဘုရားအတတ်က တကယ့်ကို လူကို အံ့အားသင့်စေတယ်"
လုံဟူရှန်းမှ တာအိုအဖိုးအိုသည် ဓားလမ်းစဉ်ကို အဓိကကျင့်ကြံသူ ဖြစ်သော်လည်း အမျိုးမျိုးသော နတ်ဘုရားအတတ်များကို အလွန်ပင် နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားသူ ဖြစ်ပေသည်။ စကားလုံးတစ်လုံးကို နားလည်လျှင် တရားပေါင်းများစွာကို သိရှိနိုင်သော်လည်း... ဤနတ်သမီး၏ နတ်ဘုရားအတတ်ကိုမူ သူကိုယ်တိုင်ပင် သေသေချာချာ မမြင်နိုင် ဖြစ်နေရသည်။
လက်တစ်ဖက်ပြတ် အဖိုးအိုက -
"ဘာပဲဖြစ်ဖြစ်... ဒီကိစ္စကတော့ ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ ပြီးဆုံးသွားခဲ့ပြီမို့ အားလုံးပဲ ဒီနေရာကနေ လမ်းခွဲကြရအောင်"
မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ လူ့လောက၏ ကြောက်မက်ဖွယ် ဘေးဒုက္ခကြီးသည် ပထမဆုံးအနေဖြင့် ပေဖုန်းဟူသော မိစ္ဆာအရှင်သခင်တစ်ဦး သေဆုံးသွားခဲ့ရပြီး... ထို့နောက်တွင် နတ်သမီးတစ်ပါး ရောက်ရှိလာကာ ဤနေရာရှိ အက်ကြောင်းကြီးကို ပြန်လည်ပြုပြင်ပြီးနောက် ပြီးဆုံးသွားလိမ့်မည်ဟူ၍ ဖြစ်သည်။
......................
လီယန်ချူသည် ဝေမြို့ သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထိုက်ဖင်တည်းခိုခန်း အတွင်းသို့ ဝင်ရောက်လာခဲ့တော့သည်။ ဆိုင်ရှင်မ သည် ယခုအချိန်တွင် နောက်ဖေးခြံဝင်းထဲ၌ ရှိနေပြီး ခြံဝင်းထဲ၌ စိုက်ပျိုးထားသော ဟိုင်ထန်ပန်း များကြောင့် အေးချမ်းတည်ငြိမ်လှပေသည်။
ခြံဝင်း၏ အလယ်ဗဟိုတွင် ကျောက်စားပွဲတစ်ခု ရှိနေပြီး ဆိုင်ရှင်မသည် ကျောက်စားပွဲရှေ့တွင် ထိုင်နေလျက် လက်ထဲ၌ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားကာ... မျက်နှာချင်းဆိုင်တွင်မူ နူးညံ့သိမ်မွေ့လှသော အမျိုးသမီးတစ်ဦး ထိုင်နေသည်။ ၎င်းတို့နှစ်ဦးကြားတွင် ရေနွေးကန်တော့ပွဲတစ်အိုး ရှိနေဆဲပင် ဖြစ်၏။
လီယန်ချူ၏ မျက်ဝန်းစုံက ထိုရေနွေးခွက်အစုံပေါ်သို့ ကျရောက်သွားသည်။
"ခုနက ဘာဖြစ်သွားတာလဲ..."
ဆိုင်ရှင်မသည် သူ ပြန်လည်ရောက်ရှိလာသည်ကို မြင်လျှင် ချက်ချင်းပင် ရှေ့သို့ တိုးကပ်လာခဲ့ပြီး ပြုံးရွှင်စွာဖြင့် -
"ဒါကတော့ ကျွန်မက နိရှန်းကို သွားခိုင်းလိုက်တာပေါ့"
လီယန်ချူက -
"ရေနွေးကြမ်းတစ်ခွက်တည်းနဲ့တင် ဟင်းလင်းပြင်အက်ကြောင်းကြီးကို ပြန်လည်ပြုပြင်နိုင်တာလား..."
သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် အံ့အားသင့်နေမိသည်။
နိရှန်းနတ်သမီးက ပြုံးလိုက်ရင်း -
"အစ်မက ပိုပြီးတော့ အစွမ်းထက်တာပါ၊ အမှန်အတိုင်းပြောရရင် မသွားခင်က ကျွန်မလည်း သေချာရေရာမှု မရှိခဲ့ပါဘူး"
လီယန်ချူက -
"ဒါပေမဲ့ ကြည့်ရတာ မင်းက သေချာရေရာမှု မရှိတဲ့ပုံစံမျိုး မဟုတ်ပါဘူး"
လွန်ခဲ့သောအချိန်က နိရှန်းနတ်သမီး မိုးတိမ်ကိုစီးနင်းကာ ရောက်ရှိလာချိန်၌ အရှိန်အဝါမှာ အေးချမ်းတည်ငြိမ်လှပြီး စကားပြောဆိုချိန်၌လည်း အလွန်ပင် ယုံကြည်မှု ပြည့်နှက်နေပုံရပေသည်။
ထိုစကားကို ကြားလျှင် နိရှန်းနတ်သမီးက ပြုံးလိုက်ရင်း -
"ဟန်ဆောင်တာမျိုးတော့ လုပ်ရသေးတာပေါ့"
လီယန်ချူက စိတ်ထဲမှ တိတ်တဆိတ် လက်မထောင်ပြလိုက်မိတော့သည်။ ဆိုင်ရှင်မ သည် လီယန်ချူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့ပြီး သူ၏ ခါးကို တင်းတင်းဆုပ်ကိုင်ကာ မေးစေ့ကို ပင့်တက်လိုက်ရင်း မျက်နှာထက်၌ 'ကျွန်မကို မြန်မြန်ချီးကျူးစမ်းပါ' ဟူသော အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။
လီယန်ချူက သူမကို တစ်ချက် နမ်းလိုက်ရင်း -
"ငါ့မိန်းမက ပိုပြီးတော့ တော်တာပဲ"
ဆိုင်ရှင်မ က သဘောကျစွာ ရယ်မောလိုက်ရင်း -
"ဒါကတော့ သဘာဝပေါ့"
နိရှန်းနတ်သမီး၏ မျက်နှာထက်၌ ရဲရဲနီသွားရကာ ခေါင်းကို ဘေးသို့ လှည့်လိုက်ရင်း -
"အစ်မ... ဒီနေရာမှာ လူတစ်ယောက် ရှိနေသေးတယ်လေ"
ဆိုင်ရှင်မ က ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး နိရှန်းနတ်သမီးကို ကြည့်ကာ ပြုံးလိုက်ရင်း -
" ငါ့ရဲ့ ယောက်ျားက ဘယ်လိုလဲ... သူ့ကို အငယ်အဖြစ်နဲ့ ယူမလား"
နိရှန်းနတ်သမီးသည် ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီမြန်းသွားရကာ -
"အစ်မ..."
စကားဆုံးသည်နှင့် သူမသည် အလင်းတန်းတစ်ခုအလား ပြောင်းလဲသွားပြီး မည်သည့်နေရာသို့ ထွက်ပြေးသွားခဲ့သည် မသိရတော့ပေ။ လီယန်ချူက ဆိုင်ရှင်မ ၏ တင်ပါးကို သာသာယာယာပင် ရိုက်ချလိုက်တော့သည်။ သူမ၏ တင်ပါးမှာ အလွန်ပင် ထွားကျိုင်းလှပြီး အထိအတွေ့မှာလည်း အလွန်ကောင်းမွန်လှပေသည်။
ဆိုင်ရှင်မ က မကျေမနပ်ဖြင့် ညည်းတွားလိုက်ရာ... လီယန်ချူက မျက်နှာကို တည်လိုက်ရင်း -
"ဘာဖြစ်လို့ ငါ့ကို မိန်းမရှာပေးဖို့ပဲ အမြဲတမ်း တွေးနေရတာလဲ"
ဆိုင်ရှင်မ က မျက်လုံးကို တစ်ချက် စွေကြည့်လိုက်ရင်း -
"ကျွန်မ ရှာပေးတာက ရှင်ကိုယ်တိုင် သွားရှာတာထက် ပိုပြီးတော့ မကောင်းဘူးလား"
လီယန်ချူက - "................."
ချက်ချင်းပင် သူသည် ဆိုင်ရှင်မကို ပွေ့ချီလိုက်ပြီး အခန်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့တော့သည်။ ဆိုင်ရှင်မက ညည်းတွားလိုက်သည်။
"ဒါက နေ့ခင်းကြောင်တောင်ကြီးလေ..."
၎င်းတို့နှစ်ဦးသည် အခန်းအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားကြပြီး အခန်းထဲ၌ အဝတ်အစားများ ချွတ်လိုက်သည့် ဆူညံသံများ ထွက်ပေါ်လာတော့သည်။ ဆိုင်ရှင်မ သည် မူလက ခေတ္တမျှ ရုန်းကန်နေမိသော်လည်း နောက်ပိုင်းတွင် တိုးညှင်းစွာ ငြီးတွားလိုက်ပြီးနောက်... အခန်းထဲ၌ စည်းချက်ကျလှသော အသံများ ထွက်ပေါ်လာတော့သည်။
နာရီပေါင်းများစွာ ကြာမြင့်သွားပြီးနောက်တွင်မှ ဤအသံသည် ရပ်တန့်သွားခဲ့ရတော့သည်။ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ပြန်လည်လှုပ်ရှားသွားသည့် အသံတစ်ခု ထွက်ပေါ်လာပြန်ကာ -
"ထပ်လုပ်ဦးမလို့လား... ရှင် ကျွန်မကို သတ်ချင်နေလား"
......................
သေရည်ဆိုင်...
ခြေထောက်မသန်သဖြင့် တုတ်ကောက်ကို ကိုင်ဆောင်ထားသော အဖိုးကြီးသည် လက်ထဲ၌ သေရည်ခွက်တစ်ခုကို ကိုင်ဆောင်လျက် ညနေစောင်းအထိ ထိုင်နေမိသည်။ သူသည် မျက်ခုံးကို တင်းတင်း တွန့်ကွေးထားပြီး နှုတ်မှလည်း တိုးညှင်းစွာ ရေရွတ်နေမိသည်။
"မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး၊ ဘယ်နေရာမှာ ပြဿနာတက်သွားတာလဲ"
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ သေရည်ဆိုင်ပိုင်ရှင် ဖြစ်ပြီး ရောဂါသည်ကြီးအလား ဖျော့တော့နေသည့် အလတ်တန်းစား အမျိုးသား ဖြစ်၏။ ယခုအချိန်တွင် ၎င်းတို့နှစ်ဦးစလုံးသည် အဆက်မပြတ် သက်ပြင်းချနေကြရသည်။ ခြေထောက်မသန်သော အဖိုးကြီးသည် လက်ထဲမှ သေရည်ခွက်ကို အမြဲတမ်း ကိုင်ဆောင်ထားသော်လည်း တစ်ငုံမျှ မသောက်ရသေးချေ။
သို့သော်လည်း ဤသေရည်ဆိုင်ပိုင်ရှင်မှာမူ တစ်ခွက်ပြီးတစ်ခွက် အလွန်ပင် ပြင်းထန်စွာ သောက်သုံးနေပြီး ဘေးပတ်ပတ်လည်တွင် သေရည်အိုးပေါင်း ဆယ်ဂဏန်းခန့် ရှိနေပြီ ဖြစ်သည်။ သေရည်တစ်ငုံ သောက်လိုက်တိုင်း သူသည် အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်လေ့ရှိသည်။
တုတ်ကောက်ကို ကိုင်ဆောင်ထားသော အဖိုးကြီးသည် လက်ထဲမှ သေရည်ခွက်ကို ကိုင်ဆောင်လျက် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပြီး မျက်နှာချင်းဆိုင်မှ သေရည်ဆိုင်ပိုင်ရှင်ကို ကြည့်ကာ
"တကယ်ပဲ ဘယ်နေရာမှာ ပြဿနာတက်သွားတာလဲ..."
ယခုတစ်ကြိမ်တွင် သူသည် အလွန်ပင် သေသေချာချာ တွက်ချက်ခဲ့ခြင်း ဖြစ်ပြီး ကြီးမားလှသော ဖဲချပ်တစ်ခုကိုပင် အသုံးချခဲ့ရကာ မရေမတွက်နိုင်သော စိတ်အင်အားများကို ကုန်ဆုံးစေခဲ့ရသည်။ ကြည့်ရသည်မှ ထျန်းချွန်းတောင်တန်း အနီးတစ်ဝိုက်တွင် အက်ကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်ရုံမျှသာ ဖြစ်သော်လည်း အမှန်စင်စစ် ရှုပ်ထွေးလှသော တွက်ချက်မှုများကို ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်။ ဤကိစ္စကို သူ စီစဉ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခုမှသာ ထိုဟင်းလင်းပြင်အတားအဆီး၏ အားနည်းသော နေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။
သေရည်ဆိုင်ပိုင်ရှင်က ခေါင်းကို ခါယမ်းလိုက်ရင်း -
"ငါလည်း မသိဘူး... မင်း အလုပ်လုပ်တာက အရမ်းကို အားမကိုးရဘူး"
မူလက ၎င်းတို့နှစ်ဦးသည် အလွန်ပင် ရင်းနှီးလှသော မိတ်ဆွေကောင်းများအလား ရှိနေခဲ့သော်လည်း ယခုအချိန်တွင် ပြဿနာတက်သွားချိန်၌ သေရည်ဆိုင်ပိုင်ရှင်က အပြစ်ပုံချရန် စတင်တော့သည်။ ခြေထောက်မသန်သော အဖိုးကြီးက မျက်လုံးကို ဒေါသတကြီး ကြည့်လိုက်ပြီး လက်ထဲမှ သေရည်ခွက်ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ချလိုက်သည်။
"အစတုန်းက မင်း ဒီလိုပြောခဲ့တာ မဟုတ်ဘူးနော်"
သေရည်ဆိုင်ပိုင်ရှင်က သက်ပြင်းချလိုက်ရင်း -
"ငါက မင်းကို အလုပ်လုပ်တာ သေသေချာချာနဲ့ တည်ငြိမ်တယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ မင်းက သတင်းအမှားတွေကို ပေးလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး၊ ဟူး..."
ခြေထောက်မသန်သော အဖိုးကြီးက လက်ထဲမှ တုတ်ကောက်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရင်း
"ကောင်းတယ်... အရမ်းကောင်းတယ်။ စောစောက ငါ ဒီကိစ္စကို အောင်မြင်အောင် လုပ်နိုင်တုန်းက မင်းက ငါ့ကို ချီးကျူးနေပြီးတော့... အခု ရှုံးနိမ့်သွားတော့ မျက်နှာထားကို ချက်ချင်း ပြောင်းလဲပစ်လိုက်တာပေါ့"
သေရည်ဆိုင်ပိုင်ရှင်က သက်ပြင်းချလိုက်ရင်း -
"မဟုတ်ရင် ဘာလုပ်ရမှာလဲ... အလုပ်က ပျက်စီးသွားပြီကို ငါက မင်းကို ချီးကျူးနေရဦးမှာလား"
ခြေထောက်မသန်သော အဖိုးကြီးက - "................."
သေရည်ဆိုင်ပိုင်ရှင်က ချောင်းအနည်းငယ် ဆိုးလိုက်ရာ မျက်နှာမှာ သာ၍ပင် ဖြူဖျော့သွားရပြီး ယိမ်းယိုင်စွာဖြင့် ထရပ်လိုက်သည်။
"ခဏနေရင် သေရည်ဖိုးကို ရှင်းပစ်လိုက်ဦး... ပိုက်ဆံမပေးဘဲ နေဖို့ မစဉ်းစားနဲ့"
ခြေထောက်မသန်သော အဖိုးကြီးက မျက်လုံးကို ဒေါသတကြီး ကြည့်လိုက်ပြီး ဒေါသကြောင့် မုတ်ဆိတ်မွှေးများပင် တုန်ခါနေသည်။
"မင်းက ငါ့ကို ပိုက်ဆံမပေးဘဲ ပြေးလိမ့်မယ်လို့ ထင်နေတာလား"
ချစ်ကြည်ရေးလှေငယ်လေးက ပြောဆိုရုံမျှဖြင့် မှောက်လှန်သွားခဲ့ရချေပြီ...။
သို့သော်လည်း ချက်ချင်းပင် သူ သတိပြန်ဝင်လာခဲ့ပြီး -
"ဒီသေရည်တွေအားလုံးက မင်း သောက်ထားတာလေ"
......................
မိစ္ဆာလောက၏ ကြီးမားလှသော နန်းတော်တစ်ခုအတွင်း၌...
ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးနှင့် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အောက်တွင် အလွန်ပင် ဆွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ဦး ရှိနေသည်။ ၎င်းကား သွေးမိစ္ဆာအရှင်သခင် ကျိရုယန် ပင် ဖြစ်၏။
သို့သော်လည်း ဤကိစ္စရပ်မှာ အလွန်ပင် မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သဖြင့် ကျိရုယန်၏ မျက်နှာထက်၌ မကျေမနပ်ဖြစ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး -
"ပိုပြီးတော့ အသုံးမကျလာတော့ဘူး"
ထွားကျိုင်းလှသော အမျိုးသား၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားရကာ တိတ်တဆိတ် ထရပ်လိုက်တော့သည်။ အမျိုးသားတစ်ဦးအနေဖြင့် ဤကဲ့သို့သော ကိစ္စရပ်တွင် အသုံးမကျကြောင်း ပြောဆိုခြင်း ခံရပါက... မိစ္ဆာလောက၏ အရှင်သခင်တစ်ဦး ဖြစ်စေကာမူ မျက်နှာထားကို ထိန်းသိမ်းရန် ခက်ခဲလှပေသည်။
သို့သော်လည်း ကျိရုယန်သည် ဤကိစ္စကို အလွန်အမင်း စိတ်ထဲမထားခဲ့ချေ။ သူမ၏ ဘေးပတ်ပတ်လည်တွင် မရေမတွက်နိုင်သော အမျိုးသားများ ရှိနေသလို ၎င်းတို့ထဲတွင် ကြီးမားထွားကျိုင်းလှသော မိစ္ဆာကောင်များစွာ ပါဝင်နေသဖြင့်... ထို့ကြောင့်လည်း ဂရုမစိုက်ခြင်း ဖြစ်သည်။
ကျိရုယန်က ရင်ထဲ၌ မချိတင်ကဲ သက်ပြင်းချလိုက်ရင်း -
"ပေဖုန်းဆို့တဲ့ ကောင် အရိုက်သတ်ခံလိုက်ရတာကို ငါ အလွန်ဝမ်းသာပေမဲ့... ဒီကိစ္စကတော့ တကယ့်ကို ထူးဆန်းလွန်းတယ်"
ထွားကျိုင်းလှသော အမျိုးသားက ချက်ချင်းပင် ပြောဆိုလိုက်သည်။
"မှန်တာပေါ့... လူ့လောကမှာ ဘာဖြစ်လို့ ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ ပညာရှင်ကြီး ရှိနေရတာလဲ"
ကျိရုယန်သည် ယခုအချိန်တွင် ခန္ဓာကိုယ်ပေါ်၌ ဝတ်ရုံရှည်တစ်ထည်ကိုသာ သာသာယာယာ ဝတ်ဆင်ထားလျက် ထရပ်ကာ သေရည်တစ်ခွက်ကို ငှဲ့လိုက်ရင်း -
"ဒါက မိစ္ဆာလောကရဲ့ အခွင့်အရေးပဲ... ငါ ခံစားမိတာကတော့ ဒီကိစ္စက ဒီလောက်နဲ့တင် ပြီးဆုံးသွားမှာ မဟုတ်ဘူး"
ထွားကျိုင်းလှသော အမျိုးသားက မျက်ခုံးကို တွန့်ကွေးလိုက်ရင်း -
"ဟင်းလင်းပြင်အက်ကြောင်းကြီးက ပိတ်ဆို့ခြင်း ခံလိုက်ရပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ပြီလေ... မပြီးဆုံးရင်ကော ဘာလုပ်နိုင်ဦးမှာလဲ"
ကျိရုယန်၏ လက်ထဲတွင် ကိုင်ဆောင်ထားသည်မှာ ပယင်းခွက် ဖြစ်ပြီး ခွက်ထဲမှ သေရည်မှာ သွေးကဲ့သို့ ရဲရဲနီနေကာ တစ်ငုံတည်းဖြင့် သောက်ချလိုက်ရင်း -
"တစ်စုံတစ်ယောက်က မိစ္ဆာလောကရဲ့ လက်ကို အသုံးချပြီးတော့ လူ့လောကကို သန့်စင်ပစ်ချင်နေတာ... ဒါကြောင့် သူတို့အနေနဲ့ ဒီလို လွယ်လွယ်ကူကူနဲ့ လက်လျှော့လိမ့်မှာ မဟုတ်ဘူးလို့ ငါ အပိုင်တွက်ထားတယ်"
ထွားကျိုင်းလှသော အမျိုးသားက တည်ငြိမ်စွာဖြင့် -
"မင်း ပြောချင်တာက... နောက်တစ်ကြိမ်မှာ နောက်ထပ် ဝင်ပေါက်တစ်ခု ထပ်ပြီးတော့ ပွင့်လာဦးမယ်လို့လား"
ကျိရုယန်က ဖျော့တော့စွာ ပြုံးလိုက်ရင်း -
"ဒါကတော့ သဘာဝပေါ့... လူ့လောကရဲ့ နဂါးချိတ်ပိတ်တွင်း က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေမဲ့ မိစ္ဆာလောကဘက်ခြမ်းက နဂါးချိတ်ပိတ်တွင်းကတော့ ရှိနေဆဲပဲ၊ အကယ်လို့ ဒီပညာရှင်ကြီးကို သွားရောက်ပြောဆိုနိုင်မယ်ဆိုရင်... လူ့လောကထဲကို တိတ်တဆိတ် ဝင်ရောက်ဖို့ အခွင့်အရေး ရှာဖွေနိုင်လိမ့်မယ်"
ထွားကျိုင်းလှသော အမျိုးသားက ခေတ္တမျှ စဉ်းစားဆင်ခြင်ပြီးနောက် -
"ဒီပညာရှင်ကို သွားရောက်ပြောဆိုဖို့က... အလွန် ခက်ခဲလိမ့်မယ် မဟုတ်လား"
ကျိရုရန်က ဆွဲဆောင်မှုရှိလှစွာ ပြုံးလိုက်ရင်း -
"ငါ ထင်တာကတော့ သွားပြီးတော့ စမ်းသပ်ကြည့်လို့ ရပါတယ်"
ထွားကျိုင်းလှသော အမျိုးသားက မျက်ခုံးကို တွန့်ကွေးလိုက်ပြီး ကျိရုယန်၏ ပေါ်ထွက်နေသော ပေါင်တံများကို ကြည့်ရှုလိုက်ရာ အလွန်ပင် ဖြူဖွေးလှပနေသဖြင့် -
"မင်း... ကိုယ်တိုင် သွားဖို့ တွေးနေတာလား..."
ကျိရုယန်က ရင်ဘတ်ကို မတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် -
"မရဘူးလား..."
ထွားကျိုင်းလှသော အမျိုးသားက တိတ်ဆိတ်သွားခဲ့ပြီး... သူ၏ ဦးခေါင်းထက်မှ စိမ်းစိုလှသော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ ချစ်ခြင်းတရားဆိုသည်မှာ အလင်းတန်းတစ်ခု ဖြစ်ပြီး... မင်းကို စိမ်းလန်းသွားအောင် ပြုလုပ်နိုင်ပေသည်။
သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သေသေချာချာ ပြောဆိုလိုက်သည်။
"သွားလို့တော့ ရပါတယ်... ဒါပေမဲ့ ငါကတော့ ဘေးကနေ ကြည့်ချင်တယ်"
ကျိရုယန်က ခေတ္တမျှ ဆွံ့အသွားပြီးနောက် ချက်ချင်းပင် ငွေခေါင်းလောင်းသံလေးအလား သဘောကျစွာ ရယ်မောလိုက်သည်။
"တကယ့်ကို စိတ္တဇကောင်ပဲ"
မိစ္ဆာလောကမှ လူသားအများစုသည် အလုပ်လုပ်ရာတွင် မည်သည့်အတားအဆီးမျှမရှိဘဲ စိတ်ကြိုက် လှုပ်ရှားလေ့ရှိကြသဖြင့်... ၎င်းတို့နှစ်ဦးသည်လည်း အကျင့်စရိုက်ချင်း တူညီနေကြခြင်း ဖြစ်ပေတော့သည်။