← Chapters

အခန်း (၂၀၆၅-၂၀၆၆)

Vol. 207 Ch. 2065-2066

အခန်း (၂၀၆၅-၂၀၆၆)

Vol. 207 Ch. 2065-2066

အခန်း (၂၀၆၅) တိုက်ပွဲဝင်ပြိုင်ပွဲ

"ဒါပေမဲ့... ကရုဏာတောင်ရဲ့ အကြီးဆုံးအစ်ကိုကြီးကလည်း ကမ္ဘာတည်ဆောက်ခြင်း အဆင့်နောက်ပိုင်း သူတော်စင်ပဲလေ။ ဒါဆိုရင် ရွှေဟွေးတက္ကသိုလ်က မျိုးနွယ်စုအသီးသီးက ကျောင်းသားတွေထဲမှာ ထိပ်ဆုံးစာရင်းဝင်နိုင်မှာပေါ့ "

"ဖန့်အစ်ကိုကြီးကလွဲရင် ကျန်တဲ့သူတွေအားလုံးလည်း သူတော်စင်အဆင့်တွေ ချည်းပဲလေ"

"ကရုဏာတောင်က ကြည့်လိုက်ရင် ဒီလောက်လည်း အားနည်းပုံမပေါက်ပါဘူး "

"ဖြစ်နိုင်တာက ဖန့်အစ်ကိုကြီးမှာ သူ့အစီအစဉ်နဲ့သူ ရှိနေတာ ဖြစ်မယ် "

ဝမ်ချုံစန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

မိုရှဲက ဘာမှပြန်မပြောဘဲ လုကျိုဝမ်ကိုသာ တစ်ချက်ကြည့်လိုက်သည်။ လုကျိုဝမ်က အနည်းငယ် စိတ်တိုသွားပြီး အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။

"ကိစ္စတွေကို ဒီလောက် ရှုပ်ရှုပ်ထွေးထွေး မတွေးနဲ့။ ကရုဏာတောင်က မကောင်းဘူးဆိုရင် မကောင်းတာပဲ။ မင်း ကရုဏာတောင်မှာပဲ ဆက်နေချင်တယ်ဆိုရင်လည်း ဒါက ဆုတ်ယုတ်မှုကို ကိုယ့်ဖာသာ နှစ်သက်တာပဲ၊ ငါတို့လည်း မတားတော့ဘူး။"

"ဒီကိစ္စက... ခင်ဗျားတို့ရဲ့ စေတနာကို အားနာလိုက်တာ၊ ဒါပေမဲ့ ကျွန်တော် နည်းနည်း စမ်းကြည့်ချင်သေးတယ် "

ဝမ်ချုံစန်းက အနည်းငယ် အားနာစွာဖြင့် ပြောသည်။ မိုရှဲက ပြုံးလျက် မတ်တပ်ရပ်လိုက်သည်။

"မဖြစ်ပါဘူး၊ မဖြစ်ပါဘူး။ ဝမ်ညီလေး တစ်နေ့နေ့ကျမှ စိတ်ပြောင်းသွားရင် ငါတို့ဆီ ပြန်လာခဲ့ပါ။ ချိုင်ညီလေးတို့တုန်းကလည်း တစ်ရက်နှစ်ရက်နဲ့ ကရုဏာတောင်က ထွက်သွားတာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ စဉ်းစားဆင်ခြင်ပြီးမှ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မျိုးပါ။"

"ဟုတ်တယ်၊ ဟုတ်တယ်။ မိုရှဲအစ်ကိုကြီး ပြောတာ မှန်တယ်။ ငါတို့လည်း နှစ်ပေါင်းများစွာ စဉ်းစားခဲ့တာပါ။ ဝမ်ညီလေးလည်း စိတ်မပူပါနဲ့၊ နောက်ထပ် နှစ်အနည်းငယ် ထပ်စဉ်းစားလိုက်ရင် ဘယ်နေရာမှာနေတာက ကိုယ့်အတွက် အကျိုးရှိမလဲဆိုတာ သိလာပါလိမ့်မယ်။"

ချိုင်စစ်ရှိုက ဝင်ပြောသည်။

"ဒါဆိုရင် ငါတို့ အရင်သွားနှင့်ဦးမယ်။"

သုံးယောက်သား နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ ဝမ်ချုံစန်းမှာ ခဏတာ တွေးတောနေပြီးနောက် လိုဏ်ဂူထဲမှ ထွက်လာကာ ကရုဏာတောင်ဘက်သို့ ပျံသန်းသွားလေသည်။

ကြီးမားသော မြင်ကွင်းမှာ ဤနေရာတွင် ရပ်တန့်သွားသည်။ မှန်လေး၏ အသံမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

"သူက ဝမ်ချုံစန်းရဲ့ ပြန်လည်ဝင်စားခြင်းဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ပြန်လည်ဝင်စားတဲ့ဖြစ်စဉ်မှာ တစ်စုံတစ်ရာ အစီအမံလုပ်ခံထားရတော့ အရင်ဘဝက အမှတ်တရတွေကို ပြန်ဖော်ထုတ်ဖို့က ခက်ခဲလိမ့်မယ်"

"အစီအမံလုပ်ခံထားရတယ်"

ဖန့်ချန်၏ စိတ်အမူအရာမှာ တုန်လှုပ်သွားသည်။

"ဘာမှ အကြီးကြီးတော့ မဟုတ်ပါဘူး။ သူ့ကို အတုအယောင် ဘဝအတွေ့အကြုံ အနည်းငယ် ထည့်သွင်းထားပေးလိုက်တာပါ "

"နားလည်ပြီ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။ ဖြစ်နိုင်သည်မှာ ယဲ့ ဝိညာဉ်သားရဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤနည်းဖြင့်ဆိုလျှင် ဟော်ဆွေ့မျိုးနွယ်စုအနေဖြင့် ရှန်းဟုန်မျိုးမာနွယ်စုမှ ပြန်လည်ဝင်စားသူများ၏ အထောက်အထားကို စုံစမ်းရန် အလွန်ပင် ခက်ခဲသွားတော့မည်။

"အဘိုးတို့က အရာအားလုံးကို ထည့်သွင်းစဉ်းစားထားပြီးသားပဲ။ တစ်ဖက်လူက ရှန်းဟုန်ရဲ့ နောက်ဆက်တွဲ အစီအစဉ်တွေကို သိထားရင်တောင်မှ မှန်ကန်တဲ့ တုံ့ပြန်မှုမျိုး လုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်။ ဒါက တကယ့်ကို ပြိုင်ဘက်မရှိတဲ့ အစီစဥ် ပါပဲ။"

ခဏအကြာတွင် ဖန့်ချန်သည် အတွင်းကမ္ဘာနယ်မြေထဲမှ ထွက်လာခဲ့ပြီး ဤနေရာသို့ အလျင်အမြန် ရောက်လာသော ဝမ်ချုံစန်းနှင့် တိုက်ဆိုင်စွာ ဆုံမိသည်။

"ဖန့်အစ်ကိုကြီး"

ဝမ်ချုံစန်းက ဝမ်းသာအားရဖြင့် ရှေ့သို့တိုးလာကာ အရိုအသေပေးသည်။

"အစ်ကိုကြီးတို့ ပြောတာ ကြားလိုက်ရတယ်။ ဖန့်အစ်ကိုကြီးက ဒီနှစ်တွေအတွင်းမှာ စွမ်းရည်ခန်းမထဲမှာ စွမ်းရည်တွေကို လေ့လာနေတာတဲ့။ အောင်မြင်မှု ရခဲ့ပြီလားခင်ဗျ"

"ဝမ်ငယ်ရေ၊ နတ်ဘုရားစွမ်းရည်ဆိုတာ လေ့လာရတာ ဒီလောက်မလွယ်ပါဘူး။ ငါလည်း အတူတူပါပဲ၊ အောင်မြင်သလား မအောင်မြင်သလားဆိုတာ ပြောဖို့ခက်ပါတယ်။"

ဖန့်ချန်က ဝမ်ချုံစန်း၏ ပခုံးကို အသာပုတ်လိုက်သည်။

"လာ၊ ငါတို့ သူတော်စင်ကျမ်းစာတွေကို သွားဖတ်ရအောင်။ ပြီးရင် အစ်ကိုကြီးတို့နဲ့ စကားနည်းနည်းလောက် ပြောကြမယ် "

"ကောင်းပါပြီ"

ဝမ်ချုံစန်းမှာ ဖန့်ချန်၏ စကားကြောင့် နည်းနည်း ဝေဝါးသွားသော်လည်း၊ ဖန့်ချန် အပြင်သို့ ထွက်လာသည့်အတွက် အလွန်ပင် ဝမ်းမြောက်မိသည်။ မဟုတ်လျှင် ကျောင်းခန်းထဲတွင် သူ့ပတ်ဝန်းကျင်က သူတော်စင်တွေချည်းဖြစ်နေပြီး သူတစ်ယောက်တည်း တစ်ပိုင်းသူတော်စင် ဖြစ်နေသည်မှာ အမှန်တကယ်ပင် စိတ်ညစ်စရာ ကောင်းလှသည်။

စာသင်ခန်းထဲတွင် ကျန်းတောက်ယွဲ့တို့အဖွဲ့က ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့ နှစ်ဦး အတူတူ လာသည်ကို မြင်သောအခါ ခေါင်းညိတ်၍ နှုတ်ဆက်ကြသည်။ လင်ဖုန်းမှာ ဖန့်ချန်ကို အမြဲတစေ စိုက်ကြည့်နေပြီး ဖန့်ချန် ထိုင်ခုံတွင် ဝင်ထိုင်သောအခါ လှည့်ကြည့်ကာ မေးသည်။

"အောင်မြင်သွားပြီလား"

"အောင်မြင်တယ်"

"ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဘာများရှိလဲ"

"ဘာကိုလဲ"

"ဘာမှမဟုတ်တော့ပါဘူး"

လင်ဖုန်းက အလျင်အမြန်ပဲ ပြောသည်။ ထိုအချိန်တွင် ကျန်းတောက်ယွဲ့က သူ့ကို တင်းမာသော အမူအရာဖြင့် ကြည့်လိုက်သည်။

"စာဖတ်တဲ့အချိန်မှာ ဟိုစကားဒီစကား မပြောရဘူး"

"ဟုတ်ကဲ့၊အစ်ကိုကြီး "

လူအများလည်း စာကိုယ်စီ ပြန်ဖတ်နေကြသည်။ သို့သော် ခဏမျှပင် မကြာလိုက်၊ ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခုမှာ လှည်းတံသကဲ့သို့ လာရောက်ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ ကရုဏာတောင် တစ်ခုလုံးမှာ မုန်တိုင်းဒဏ်ကို ခံလိုက်ရသကဲ့သို့ တုန်ခါသွားပြီး နှစ်သောင်းကျော် သက်တမ်းရှိသော ရှေးဟောင်းသစ်ပင်များပင် အမြစ်ပါမကျန် ကျွတ်ထွက်မတတ် ဖြစ်သွားသည်။

"ငါ့နောက်လိုက်ခဲ့"

ကျန်းတောက်ယွဲ့က အမိန့်ပေးကာ လက်ထဲမှ စာအုပ်ကို ပစ်ချလိုက်ပြီး ကျောင်းသားအားလုံးကို ခေါ်ဆောင်ကာ ကရုဏာတောင် အပြင်ဘက်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားသည်။

ကြီးမားခမ်းနားသော အတွင်းကမ္ဘာနယ်မြေ နှစ်ခုမှာ အဝေးမှနေ၍ ရင်ဆိုင်နေကြသည်။ ကျိုကျိတောင်မှ ဝေဆရာမှာမူ အရင်ကကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှု မရှိတော့ပေ။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေပြီး အတွင်းကမ္ဘာနယ်မြေ၏ တံခါးဝမှာလည်း အပိုင်းပိုင်း ကွဲအက်နေသည်ကို မြင်နေရသည်။ သူ စကားပြောတိုင်းလည်း သွားအနည်းငယ် ကျွတ်သွားဟန်ဖြင့် လေတိုးသံများ ထွက်နေသည်။

သူက ရှူရှန်ကို အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေသည်။

"ဒီတစ်ခါ တိုက်ပွဲမှာ မင်းက နည်းနည်းလေး သာသွားတယ်၊ နောက်တစ်ခါကျရင်တော့ ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး "

မျက်နှာတစ်ခုလုံး ဖူးရောင်နေသော ရှူရှန်က နှုတ်ခမ်းကို ကော့၍ ပြုံးလိုက်သည်။

"နောက်တစ်ခါကျလည်း ငါပဲ နိုင်ဦးမှာပဲ။ မင်း ဘယ်နှစ်ခါပဲ လာလာ၊ ငါကပဲ စော်မှာ၊ မင်း ဝန်ခံသွားတဲ့အထိ ရိုက်မှာ "

"ဝန်ခံရမယ် ဟား"

ဝေကွမ်းရှောင်က လှောင်ပြုံးပြုံးပြီး မျက်ဝန်းထဲတွင် မထီမဲ့မြင်ပြုခြင်းများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် အတွင်းကမ္ဘာနယ်မြေတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာသည်။ အတွင်းထဲမှ ဝေကွမ်းရှောင်နှင့် ရုပ်ချင်းဆင်တူသော ပုဂ္ဂိုလ်တစ်ဦး ထွက်လာသည်။

"ဒါက..."

ဖန့်ချန်က ကျန်းတောက်ယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။

"ဝေလျန့်ရွမ်၊ သူကလည်း ကျိုကျိတောင်က ဆရာပဲ။ သူတို့နှစ်ယောက်က အမွှာညီအစ်ကိုတွေပဲ "

ကျန်းတောက်ယွဲ့က စိတ်အာရုံဖြင့် ပြောပြသည်။

အမွှာညီအစ်ကို ဒါဆိုရင် ကျိုကျိတောင်မှာ ကမ္ဘာကြီးအဆင့်သူတော်စင် နှစ်ယောက်တောင် ရှိနေတာပေါ့။

ဝေကွမ်းရှောင်မှာ လာရောက်သူကို မြင်သောအခါ အမူအရာမှာ သဘာဝမကျတော့ဘဲ တောင့်တင်းသွားသည်။

"ဘယ်သူက မင်းကို ရှူရှန်နဲ့ ခွင့်ပြုချက်မပါဘဲ တိုက်ခိုက်ခိုင်းတာလဲ သူရဲ့ ဒီလိုမျိုး အစွမ်းနဲ့ဆိုရင် မင်းနိုင်ရင်တောင် ဘယ်သူကမှ မင်းကို ထူးချွန်တယ်လို့ ပြောမှာ မဟုတ်ဘူး။ မင်း ရှုံးရင်တော့ ငါ့ရဲ့ ကျိုကျိတောင် ဂုဏ်သိက္ခာကိုပါ ကျဆင်းစေတာပဲ။"

ဝေလျန့်ရွမ်က ဝေကွမ်းရှောင်ကို အေးစက်စက် အမူအရာဖြင့် ကြိမ်းမောင်းသည်။ ဝေကွမ်းရှောင်မှာ တစ်ခွန်းမှ မပြောဘဲ ငြိမ်နေသည်။

"မင်း၊ မင်း၊ ဟုတ်တယ်၊ မင်းကို ပြောနေတာ ဝေလျန့်ရွမ်၊ မင်း ဘာသဘောလဲ "

ရှူရှန်က ဝေလျန့်ရွမ်ကို လက်ညှိုးဖြင့် ၁၀ ကြိမ်ကျော်လောက် ထိုးညွှန်ပြီး မေးသည်။

"ဘာသဘောမှ မရှိပါဘူး။ မင်းက မင်းတပည့်တွေကို ကာကွယ်ပေးချင်မှန်း ငါသိတယ်၊ ဒါပေမဲ့ ဦးနှောက်မရှိဘဲ ကာကွယ်ပေးလို့တော့ မရဘူး။ ဒီတစ်ခါ မင်းတပည့်က ငါ့ကျိိုကျိတောင်က မေဒေါင်ကွမ်းရဲ့ သူတော်စင်ဖြစ်ဖို့လမ်းကို ဖြတ်တောက်လိုက်တယ်။

ထိုင်ဆန်းကျောက်ဟွာတောင်က ကာကွယ်သူဆရာက အရမ်းဒေါသထွက်နေတယ်။ ငါတို့ ကျိုကျိတောင်က ကိုယ့်တပည့်ကိုတောင် မကာကွယ်နိုင်ရင် တခြားသူကို ဘာသွားသင်ပေးမှာလဲတဲ့"

ဝေလျန့်ရွမ်က အေးဆေးစွာ ဆက်ပြောသည်။

"လူကို ထိခိုက်အောင်လုပ်တဲ့ တပည့်က ဖန့်ချန် ဆိုတာ ဟုတ်တယ်မဟုတ်လား။ အနာဂတ် ရှိသင့်တဲ့ တပည့်တစ်ယောက်ကို မင်းကြောင့် အချိန်ကုန်သွားရတယ်။ အခုတော့ လူတွေ အကုန်လုံး ဒေါသထွက်လောက်တဲ့ ကိစ္စမျိုး လုပ်ပြန်ပြီ။

ငါတို့ ကျိုကျိတောင်က မင်းတို့ ကရုဏာတောင်နဲ့ တိုက်ပွဲဝင်ပြိုင်ပွဲ တစ်ခု လုပ်မယ်။ ကာကွယ်သူဆရာရဲ့ ရှေ့မှောက်မှာပဲ။ ဒီပြိုင်ပွဲမှာ မင်းတို့ ရှုံးရင်၊ ဒီကိစ္စကို ငါတို့ကို တာဝန်ခံပေးရမယ်၊ ဖန့်ချန်ကို ရွှေဟွေးတက္ကသိုလ်ကနေ နှင်ထုတ်ပေးရမယ်။

မင်းတို့ နိုင်ရင်တော့ မေဒေါင်ကွမ်း ကိစ္စကို ဒီမှာတင် အဆုံးသတ်မယ်။"

"တိုက်ပွဲဝင်ပြိုင်ပွဲ ကိစ္စကတော့ သိပ်မကောင်းတော့ဘူး။"

ကျန်းတောက်ယွဲ့၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ဖန့်ချန် နားမလည် ဖြစ်နေသည်ကို မြင်သောအခါ သူက စိတ်အာရုံဖြင့် ပြောပြသည်။

"တိုက်ပွဲဝင်ပြိုင်ပွဲဆိုတာ ဒီအတိုင်း လုပ်လို့ရတဲ့ဟာ မဟုတ်ဘူး။ ကာကွယ်သူဆရာရဲ့ ခွင့်ပြုချက် လိုသလို၊ ရွှေဟွေးတက္ကသိုလ်ရဲ့ အထက်ပိုင်း အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ သဘောတူညီချက်လည်း လိုတယ်။

ငါပြောတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်ဆိုတာ ငါတို့လူသားမျိုးနွယ်စု တက္ကသိုလ်ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေကို ပြောတာ မဟုတ်ဘူး။ တိုက်ပွဲမှာ ကိုယ့်စွမ်းအားကို ဖုံးကွယ်ဖို့က ခက်ခဲတယ်။ သုံးပုံတစ်ပုံပဲ ဖုံးကွယ်ပြီး ခုနစ်ပုံပဲ ပြရတော့မယ့်ပုံပဲ..."

"ဘာလဲ တိုက်ပွဲဝင်ပြိုင်ပွဲဆိုတဲ့ စောက်သုံးမကျတဲ့ဟာကို။ ရှုံးရင် ငါ့တပည့်ကို ရွှေဟွေးကနေ ထွက်ခိုင်းမယ်၊ နိုင်ရင် မင်းတို့ ဘာမှ မဖြစ်ဘူးပေါ့ ဒါက မမျှတဘူး၊ မင်းတို့ရဲ့ အမေတွေကို သွားပြောလိုက်"

ရှူရှန်က ရယ်မောပြီး ဆဲဆိုသည်။ ဝေလျန့်ရွမ်က အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောသည်။

"မင်း ကြိုက်သလောက် ဆဲပါ။ ဒီကိစ္စက လုပ်ထုံးလုပ်နည်းအတိုင်း ပြီးသွားပြီ"

ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျိုကျိတောင်နှင့် ကရုဏာတောင်တို့၏ တိုက်ပွဲဝင်ပြိုင်ပွဲကို နှစ်ပေါင်း နှစ်ရာ နောက်ပိုင်းမှာ ကျင်းပမယ်။ ပြင်ဆင်ခြင်း မပြုရ "

ဝေလျန့်ရွမ်က ရှူရှန့်ကို သရော်သော အမူအရာဖြင့် ကြည့်ကာ ပြောသည်။

"အဲ့ဒီအချိန်ကျရင် ငါတို့ နှစ်ဖက်လုံးက လူလေးယောက်စီ ထွက်ရမယ်။ တစ်ပိုင်းသူတော်စင်၊ စွမ်းအင်စုစည်းခြင်း၊ အသက်စွမ်းအင်၊ ကမ္ဘာတည်ဆောက်ခြင်း၊ ဒီလေးယောက်က လေးပွဲ နွှဲရမယ်။ မင်းမှာ ပြင်ဆင်ဖို့ နှစ်ပေါင်း ၂၀၀ ရှိသေးတယ်၊ ကြိုးစားထားလိုက်ဦး။"

ပြောပြီးသည်နှင့် ဝေလျန့်ရွမ်နှင့် ဝေကွမ်းရှောင်တို့ ထွက်ခွာသွားကြသည်။ ဖူးရောင်နေသော ရှူရှန့်က ရုတ်တရက် ဒေါသပေါက်ကွဲသွားသည်။

"ဝေကွမ်းရှောင်က ငါ့ကို နှစ်ပေါင်းများစွာ ဆွဲထားပြီး ရိုက်နေတာက ဝေလျန့်ရွမ်ကို တိုက်ပွဲဝင်ပြိုင်ပွဲ လုပ်ဖို့ အချိန်ရအောင် လုပ်ပေးလိုက်တာပဲ ငါတို့ ကရုဏာတောင်ကို ကောက်ကျစ်စဉ်းလဲပြီး ထောင်ချောက်ဆင်သွားတာပဲ "

အခန်း (၂၀၆၆) သူတို့ ဝန်ခံသွားသည်အထိ ရိုက်နှက်ခြင်း

တိတ်ဆိတ်၍ လေးနက်သော စာသင်ခန်းထဲတွင်။

ရှူရှန်က သူ့မျက်နှာပေါ်က ဒဏ်ရာတွေကို အသာပွတ်သပ်ရင်း ပြောလိုက်သည်။

"ငါတို့ ကရုဏာတောင်က လူတွေကို အမြဲတမ်း ကောင်းမှုလမ်းကြောင်းကို လမ်းညွှန်ပေးလာတာ။ အခုတော့ ကရုဏာတောင်က ကျိုကျိတောင်ရဲ့ အကွက်ချခံလိုက်ရပြီ၊ ဒီကိစ္စကို ဘယ်လိုလုပ်သင့်တယ်လို့ မင်းတို့ ထင်လဲ"

ကျန်းတောက်ယွဲ့တို့အဖွဲ့မှာ လေးနက်သော အမူအရာဖြင့် တိတ်ဆိတ်နေကြသည်။ ဝမ်ချုံစန်းကတော့ ထောင့်တစ်နေရာတွင် ဘာမှမသိဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။

"ကျန်းတောက်ယွဲ့၊ မင်းက အစ်ကိုကြီးပဲ၊ မင်းပဲ ပြောကြည့်စမ်း။"

ရှူရှန်က အေးဆေးစွာ ပြောသည်။

"ဆရာ၊ ကျွန်တော်တို့အမြင်မှာတော့ သူတို့ကို ကရုဏာတရား ရှိအောင် ဆုံးမပေးဖို့ပဲ ရှိပါတယ်ခင်ဗျာ။"

ကျန်းတောက်ယွဲ့က ပြောသည်။

"ဝမ်ယန်၊ မင်းရော ဘယ်လိုမြင်လဲ"

ရှူရှန်က ထပ်မေးပြန်သည်။ အေးစက်စက် အမူအရာရှိသော ဝမ်ယန်က ခဏတာ တိတ်ဆိတ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"သူတို့နဲ့ စစ်ဖြစ်လိုက်ပါ၊ ကျိုကျိတောင်ကလူတွေကို တစ်ယောက်မှ မကျန်အောင် သတ်ဖြတ်ပစ်လိုက်မယ်"

"မင်းရဲ့ သတ်ဖြတ်လိုတဲ့ စိတ်ဓာတ်က အရမ်းပြင်းထန်နေတယ်။ နောက်ဆို သူတော်စင်ကျမ်းစာတွေကို ပိုဖတ်ပေး၊ မင်းရဲ့ ဒေါသစိတ်တွေကို လျှော့ချပစ်လိုက်"

ရှူရှန်က မျက်မှောင်ကြုတ်လျက် ပြောပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကြည့်သည်။

"ဖန့်ချန်၊ မင်း ဒီကျောင်းကို ရောက်တာ မကြာသေးဘူး၊ ဒီကိစ္စကို မင်း ဘယ်လိုမြင်လဲ "

"ဆရာ၊ အထက်ပိုင်း အဆင့်မြင့်ပုဂ္ဂိုလ်တွေက ဒီကိစ္စကို ဘယ်လို မြင်ထားကြလဲခင်ဗျ "

ဖန့်ချန်က ပြန်မဖြေဘဲ ပြန်မေးလိုက်သည်။ ရှူရှန်၏ မျက်နှာပေါ်တွင် နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။

"မင်းတို့ ကြည့်လိုက်၊ မင်းတို့ရဲ့ ဖန့်ညီလေးက အချက်ကျကျ စဉ်းစားတတ်တယ်။ ဒီကိစ္စက မင်းတို့ ဘယ်လိုမြင်တယ်၊ ငါ ဘယ်လိုမြင်တယ် ဆိုတာထက် အထက်ပိုင်း အဆင့်မြင့်ပုဂ္ဂိုလ်တွေက ဘယ်လို မြင်တယ်ဆိုတာက ပိုအရေးကြီးတယ်။"

လူအတော်များများမှာ ကြောင်အသွားကြသည်။ ကျန်းတောက်ယွဲ့နှင့် ဝမ်ယန်တို့သာ တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် အမူအရာ ပြောင်းသွားကြသည်။ ဝမ်ချုံစန်းမှာမူ စကားမပြောဘဲ ဘေးနားတွင် နားထောင်ရင်း အသိပညာ ရယူနေသော ကလေးတစ်ယောက်လို ငြိမ်သက်နေသည်။

သူ အခုဆိုလျှင် ကရုဏာတောင်သည် ရိုးရိုးရှင်းရှင်း မဟုတ်မှန်း ပို၍ သိလာရသည်။ မဟုတ်လျှင် ကျိုကျိတောင်မှ ဝေကွမ်းရှောင်က ရှူရှန်၏ လက်ချက်ဖြင့် ထိုမျှလောက် အခြေအနေဆိုးသွားမည် မဟုတ်ပေ။

"ဒီကိစ္စကို အစကနေ ခွဲခြမ်းစိတ်ဖြာရမယ်။ ပထမဆုံးအနေနဲ့ တိုက်ပွဲဝင်ပြိုင်ပွဲအတွက် လျှောက်ထားတာ အောင်မြင်သွားတာက ဘာအပေါ်မှာ အခြေခံတာလဲ"

"သဘာဝကျကျပဲ... ဖန့်ချန်က မေဒေါင်ကွမ်းရဲ့ သူတော်စင်ဖြစ်ဖို့လမ်းကို ဖြတ်တောက်လိုက်တာ အပေါ်မှာ အခြေခံတာပေါ့။"

"မေဒေါင်ကွမ်းက အရေးကြီးလား သူက အရေးမကြီးဘဲလည်း ဖြစ်နိုင်သလို အရေးကြီးတယ်လို့လည်း ပြောလို့ရတယ်။"

"သူက ရွှေဟွေးတက္ကသိုလ်မှာ ဘာနာမည်မှ မရှိတဲ့သူ၊ ကောင်းကင်နယ်နိမိတ်ဖြစ်စဥ် အတွင်းကမ္ဘာနယ်မြေ ရှိတဲ့ ပါရမီရှင်လည်း မဟုတ်ဘူး။ သူတစ်ယောက်အတွက်နဲ့ ကျိုကျိတောင်က ဒီလောက်အထိ အကြီးအကျယ် လုပ်သင့်လို့လား "

"လုပ်သင့်သလို၊ မလုပ်သင့်သလိုပါပဲ "

"ဒါကြောင့် ဒီကိစ္စကို ဝေလျန့်ရွမ်က ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ပြီးအောင် လုပ်နိုင်တာ၊ ပြီးတော့ ရွှေဟွေးတက္ကသိုလ်နဲ့ လူသားမျိုးနွယ်စု တက္ကသိုလ်ရဲ့ အထက်ပိုင်း အဆင့်မြင့်ပုဂ္ဂိုလ်တွေကိုပါ ဒီတိုက်ပွဲဝင်ပြိုင်ပွဲမှာ သဘောတူအောင် ဆွဲဆောင်နိုင်တာ၊ သူတို့ ဘာကို မြင်ချင်နေလဲဆိုတာကို ငါတို့ စဉ်းစားရမယ် "

ရှူရှန်က စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးသည်။

"လူသားမျိုးနွယ်စု တက္ကသိုလ်ရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေက ငါတို့ ကရုဏာတောင်က နှစ်ပေါင်းများစွာ ကောင်းကင်ငါးပါးစစ်မြေပြင် ကို မသွားဘဲ နေတာကို မကျေမနပ် ဖြစ်နေကြတာ။ ကာကွယ်သူဆရာ အတော်များများကလည်း ကရုဏာတောင်ကို ဖျက်သိမ်းပစ်ဖို့နဲ့ ငါ့ကို ဝေးလံခေါင်ဖျားတဲ့ နယ်မြေတစ်ခုခုကို သွားစောင့်ခိုင်းဖို့ အဆိုပြုထားကြတယ်"

"ဒါမျိုးတောင် ရှိတာလား"

လူအများမှာ အံ့အားသင့်သွားကြသည်။ ကျန်းတောက်ယွဲ့က အမြန်ပင် ပြောလိုက်သည်။

"ဆရာ၊ ဆရာ မသွားပါနဲ့။ ကျွန်တော်တို့က ကမ္ဘာကြီး အဆင့်ကိုတောင် မရောက်သေးတော့ ကရုဏာတောင်ကို တာဝန်ယူနိုင်မှာ မဟုတ်ဘူး"

"ဒါက သဘာဝပဲ၊ ငါက ဘယ်လိုလုပ် ထွက်သွားပါ့မလား ငါကတော့ ဒီမှာပဲ ကပ်နေမှာပဲ "

ရှူရှန်က ပြုံးလျက် ပြောသည်။

"ဒါကြောင့် ဒီတစ်ခါတော့ လူသားမျိုးနွယ်စု တက္ကသိုလ်ရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေက ဒီအကြောင်းပြချက်နဲ့ ငါ့ကို ထွက်သွားခိုင်းဖို့ လုပ်နေတာပဲ။ ပြီးရင် မင်းတို့ကို တခြားတောင်တွေကို ခွဲပို့ပြီး အသစ်ပြန်သင်ခိုင်းပြီး သူတို့ရဲ့ တပည့်ကောင်း တွေ ဖြစ်လာစေချင်နေတာ "

"ယုတ်မာလိုက်တာ"

"ကောက်ကျစ်တယ်"

လူအများက တိုးတိုးလေး ဆဲဆိုလိုက်ကြသည်။ ဝမ်ချုံစန်းမှာမူ ဘာမှနားမလည်ဘဲ ကြောင်နေဆဲ ဖြစ်သည်။

ရှူရှန်က ဆက်ပြောသည်။

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ တစ်ချက်က ငါတို့ရဲ့ အရည်အချင်းကို နည်းနည်းတော့ ပြသရမယ်။ ငါတို့ ကရုဏာတောင်ကို အနိုင်ကျင့်လို့ မရဘူးဆိုတာ သိအောင် လုပ်ရမယ်။ ဒါကြောင့် ဒီတစ်ခါတော့ ကျိုကျိတောင်ကို မြေကြီးမှာ ပွတ်တိုက်သွားအောင် အကောင်းဆုံး ဖိနှိပ်ထားရမယ် "

"ရှစ်ပုံတစ်ပုံပဲ ပြမယ်၊ နှစ်ပုံကို ဖုံးကွယ်ထားမယ်"

ကျန်းတောက်ယွဲ့၏ မျက်ဝန်းများမှာ အရောင်တောက်ပသွားသည်။

"မင်းလုပ်နိုင်တယ်။ မင်းက ငါ့နောက်မှာ ကရုဏာတောင်ကို တာဝန်ယူရမယ့်သူပဲ၊ စွမ်းအားပြရမယ့်အချိန်ဆိုရင် ပြရမှာပဲ။ ဒီတစ်ခါ မင်းက ခုနစ်ပုံပြပြီး သုံးပုံ ဖုံးကွယ်ထားလိုက်၊ ဒါဆိုရင် ကျိုကျိတောင်ရဲ့ ရွှေရှင်း ကို အနိုင်ယူဖို့ လုံလောက်ပါလိမ့်မယ်"

ရှူရှန်က ပြောပြီးနောက် ဝမ်ယန်ဘက်သို့ လှည့်ကြည့်သည်။

"အသက်စွမ်းအင် တိုက်ပွဲကို မင်းသွား၊ ဒါပေမဲ့ မင်း မနိုင်ရဘူး "

မနိုင်ရဘူး ဝမ်ချုံစန်းမှာ ပို၍ပင် နားမလည်နိုင်တော့ပေ။ ဝမ်ယန်က အလွယ်တကူ လက်ခံလိမ့်မည် မဟုတ်ဟု ထင်ခဲ့သော်လည်း သူမက ခေါင်းညိတ်လိုက်သည်။

"ကျွန်မ ဘာလုပ်ရမလဲ သိပါပြီ "

"ငါတို့ ကရုဏာတောင်က အရမ်းထင်ရှားနေရင် သူတို့က ငါတို့ကို ကောင်းကင်ငါးပါးစစ်မြေပြင်ကို မဖြစ်မနေ သွားခိုင်းလိမ့်မယ်။ ဒါကြောင့် ငါတို့ အခြေအနေကို ထိန်းချုပ်ထားရမယ် "

ရှူရှန်က လင်ဖုန်းဘက်သို့ ကြည့်သည်။

"စွမ်းအင်စုစည်းခြင်း တိုက်ပွဲကို မင်းသွား၊ ရှစ်ပုံပြပြီး နှစ်ပုံ ဖုံးထား"

"ဟုတ်ကဲ့၊ ဆရာ"

လင်ဖုန်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"တစ်ပိုင်းသူတော်စင်..."

ရှူရှန်၏ အကြည့်က ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့ နှစ်ဦးကြားတွင် လူးလာခေါက်ပြန် ဖြစ်နေသည်။ ဖန့်ချန်သည် သူကိုယ်တိုင် တစ်ပိုင်းသူတော်စင်အဆင့် တိုက်ပွဲကို သွားရမည်ဟု ထင်နေချိန်တွင် ရှူရှန်၏ အကြည့်က ဝမ်ချုံစန်းအပေါ်သို့ ကျရောက်သွားသည်။

"တစ်ပိုင်းသူတော်စင်အဆင့် တိုက်ပွဲကို မင်း သွားလိုက်ပါ။ နိုင်တာရှုံးတာကို မင်းဘာသာ ထိန်းချုပ်လိုက်"

"ကျွန်၊ ကျွန်တော်လား"

ဝမ်ချုံစန်းမှာ အံ့အားသင့်သွားပြီး ဖန့်ချန်ကို အလိုအလျောက် ကြည့်လိုက်မိသည်။

"ဖန့်အစ်ကိုကြီး သွားတာက ပိုမကောင်းဘူးလား၊ သူ့ရဲ့ စွမ်းရည်တွေက ကျွန်တော့်ထက် အများကြီး သာလွန်တာကို။"

"သူက မေဒေါင်ကွမ်းရဲ့ သူတော်စင်ဖြစ်ဖို့လမ်းကို ဖြတ်တောက်ပြီးသားပဲ။ အခု ဒီတိုက်ပွဲဝင်ပြိုင်ပွဲမှာ နောက်ထပ် တစ်ယောက်ကို ထပ်ဖြတ်တောက်လိုက်ရင် ငါတို့ ကရုဏာတောင်ကို မီးကင်သလို ဖြစ်မလာဘူးလား "

ရှူရှန်က မျက်မှောင်ကြုတ်လျက် ပြောသည်။

"မင်းသွားလိုက်ရုံပဲ၊ နိုင်တာရှုံးတာက အရေးမကြီးဘူး။ စွမ်းအင်စုစည်းခြင်းနဲ့ ကမ္ဘာတည်ဆောက်ခြင်းအဆင့် တိုက်ပွဲနှစ်ပွဲမှာ နိုင်ရင် လုံလောက်ပြီ။ ဒီလိုဆိုရင် သရေဖြစ်သွားမှာပေါ့၊ ဒါဆို သူတို့မှာ ငါတို့ ကရုဏာတောင်ရဲ့ အမွေကို ဖျက်ဆီးဖို့ အကြောင်းပြချက် မရှိသလို ဖန့်ချန်ကို ဒုက္ခပေးဖို့လည်း အကြောင်းပြချက် မရှိတော့ဘူး။ အရာအားလုံးက အရင်အတိုင်းပဲ ရှိနေမယ် "

ပြောပြီးသည်နှင့် ရှူရှန်က ဖန့်ချန်ဘက်သို့ ကြည့်လိုက်သည်။

"မင်း ကျိုကျိတောင်ကို တစ်ခေါက် သွားလိုက်ဦး"

"ကျွန်တော်လား ဘာလုပ်ဖို့လဲ"

ဖန့်ချန်မှာ အနည်းငယ် အံ့ဩသွားသည်။

"ငါ ပြောခဲ့တယ်လေ၊ ကျိုကျိတောင်က ငါ့ကို ထောင်ချောက်ဆင်တာဆိုတော့ သူတို့လည်း တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမှာပေါ့။ မင်း ကျိုကျိတောင်ကို သွား၊ တစ်ပိုင်းသူတော်စင်တွေကို တွေ့ရင် စိန်ခေါ်လိုက်၊ တစ်ပွဲမှ မရှုံးရဘူး၊ သူတို့ ဝန်ခံသွားတဲ့အထိ ရိုက်ပစ်ခဲ့ "

ရှူရှန်က ပြောသည်။ ကျန်းတောက်ယွဲ့မှာ အံ့အားသင့်သွားသည်။

"ဆရာ၊ အဲ့ဒါဆိုရင် လူတွေက ငါတို့ကို အပြစ်ပြောစရာ အကြောင်းပြချက် ပေးလိုက်သလို မဖြစ်ဘူးလား"

"ဘာအပြစ်ပြောစရာလဲ ဖန့်ချန် သုံးတဲ့ စွမ်းရည်က ငါတို့ ကရုဏာတောင်ရဲ့ စွမ်းရည်မှ မဟုတ်တာ။ သူတော်တာက သူတော်တာပဲ၊ ငါတို့ ကရုဏာတောင်က တော်တယ်လို့ မဆိုလိုဘူး "

ရှူရှန်က လက်ကို ဝှေ့ယမ်းကာ ပြောသည်။

"ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်။ သွားလိုက်ဦး၊ ရိုက်ပြီးတာနဲ့ လိုဏ်ဂူကို ပြန်လာပြီး ကျင့်ကြံ။ အစပျိုးကာလမှာ စွမ်းအင်စုစည်းခြင်းအဆင့်ကို ရောက်အောင် ကြိုးစား။ မရောက်ရင်လည်း ကိစ္စမရှိဘူး၊ ငါတို့ ကရုဏာတောင်က မင်းအတွက် ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်ထဲမှာ အဆင်ပြေတဲ့ ရာထူးတစ်ခု စီစဉ်ပေးထားမယ် "

"ကောင်းပါပြီ "

ဖန့်ချန်က ခေါင်းညိတ်ကာ ထိုင်ခုံမှ ထပြီး ထွက်သွားသည်။ ဝမ်ချုံစန်းမှာ ရှူရှန်၏ စကားကို ကြားပြီးနောက် အလွန်ပင် ထိတ်လန့်သွားကာ အလိုလိုပင် မေးလိုက်မိသည်။

"ဆရာ၊ အစပျိုးကာလကို မကျော်နိုင်ရင်တောင် ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်မှာ အလုပ်လုပ်လို့ ရတာလား "

"ရတာပေါ့၊ အရင်က ဟိုနွားသုံးယောက်တောင် အလုပ်ပြောင်းသွားကြလို့၊ မင်းပါ ထွက်သွားမှာ စိုးလို့ ဒီနေ့ ကြိုပြောထားတာ။ ဒီမှာပဲ ဆက်နေ၊ ငါတို့ အလုပ်တာဝန် ခွဲဝေပေးမယ် "

ရှူရှန်က အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြုံးသည်။

"ကျောင်းသား ကျွန်တော် ကရုဏာတောင်မှာပဲ စနစ်တကျ ကျင့်ကြံပါ့မယ် "

ဝမ်ချုံစန်းက စိတ်လှုပ်ရှားစွာ ပြောသည်။

"စာအုပ်ကို သေချာဖတ်ဖို့ ပြောတာ"

ရှူရှန်က ပြင်ပေးသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ စာအုပ်ကို သေချာဖတ်ရမှာ"

ဝမ်ချုံစန်းက ခေါင်းကို အဆက်မပြတ် ငြိတ်သည်။

"အတန်းပြီးပြီ"

ရှူရှန်က ပြောပြီးသည်နှင့် နောက်လှည့်ကာ ထွက်သွားသည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးကတော့ ကံကောင်းတာပဲ၊ ကျိုကျိတောင်ရဲ့ မောက်မာမှုကို ကောင်းကောင်းကြီး ဖိနှိပ်ပစ်နိုင်တော့မယ်။"

လူအများမှာ မနာလိုဖြစ်ဟန်ဖြင့် ဂုဏ်ပြုစကား ဆိုကြသည်။ ကျန်းတောက်ယွဲ့က ရယ်မောလျက် လက်ကို ဝှေ့ယမ်းသည်။

"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး။ ဒီလောက်ကြာအောင်သည်းခံလာတာ၊ ခုနစ်ပုံပဲ ပြရမှာပါ။ အချိန်ကျရင် ဘယ်လို ဘယ်ပုံနဲ့ ဖော်ပြရမလဲဆိုတာ စဉ်းစားရဦးမယ်။"

"ဒါပေါ့၊ အစ်ကိုကြီး ပင်ပန်းမှာပါ"

လူအများလည်း ခေါင်းညိတ်ကြသည်။ ဝမ်ချုံစန်းမှာ ရှေ့ကလူတွေကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခု ရလာသည်။ ဒီလူတွေက ရွှေဟွေးတက္ကသိုလ်က ကျောင်းသားတွေနဲ့ မတူဘဲ တစ်နေရာရာက တောင်ပေါ်ဓားပြတွေနဲ့ ပိုတူနေသလိုပဲ။

"ကရုဏာတောင်ကလူတွေအားလုံး စွမ်းအားတွေကို ဖုံးကွယ်ထားကြတာလား "

ဝမ်ချုံစန်းက တွေးတောနေမိသည်။

"ဟုတ်သားပဲ၊ ဖန့်အစ်ကိုကြီးက ကျိုကျိတောင်ကို သွားမှာဆိုတော့၊ ငါလည်း လိုက်သွားပြီး ကြည့်ဦးမှပဲ။"

ရုတ်တရက် သူ၏ မျက်လုံးများ အရောင်တောက်ပသွားကာ အတန်းထဲမှ ချက်ချင်းထွက်ခွာပြီး ကျိုကျိတောင်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားလေသည်။

All Chapters