← Chapters

အခန်း (၂၀၆၉-၂၀၇၀)

Vol. 207 Ch. 2069-2070

အခန်း (၂၀၆၉-၂၀၇၀)

Vol. 207 Ch. 2069-2070

အခန်း (၂၀၆၉) လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ယောက်

ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့ ရောက်လာသည်နှင့်အတူ လူအများ၏ တိုးတိုးတိတ်တိတ် စကားပြောသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ကျိုကျိတောင်မှ တပည့်တစ်ဦးချင်းစီသည် အလွန်အေးစက်သည့် မျက်ဝန်းအကြည့်များဖြင့် သူတို့နှစ်ဦးကို ဝေဖန်စူးစမ်းနေကြသည်။

ဝမ်ချုံစန်းမှာမူ ဤသို့သော အခြေအနေမျိုးကို မည်သည့်အခါကမျှ မကြုံဖူးသဖြင့် သူ့ခေါင်းကို အလိုလိုပင် ရှုံ့တွသွားသည်။

"အားလုံးက အငြိုးအတေးတွေနဲ့ပဲ။ ကျိုကျိတောင်နဲ့ ကရုဏာတောင်တို့ရဲ့ ရန်ငြိုးက အပြီးသတ်ကို အမြစ်တွယ်သွားပြီပဲ။ ဒီနေ့ ဖန့်အစ်ကိုကြီး အကျိုးအမြတ်တစ်ခုခုများ ရနိုင်ပါ့မလား မသိဘူး"

ဝမ်ချုံစန်းက စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေသည်။

ဖန့်ချန်ကမူ အလွန်ရင်းနှီးသယောင်ဖြင့် ဝူချုံ၊ ရွှမ်ပုထုံ အစရှိသူများနှင့် နှုတ်ဆက်လိုက်သည်။

ဝူချုံက ပြန်လည် တုံ့ပြန်သော်လည်း ရွှမ်ပုထုံကမူ မကြားလိုက်သည့်အလား ဟန်ဆောင်နေသည်။

"ထိုက်ရှီးအစ်ကိုကြီး"

ဖန့်ချန်က ထိုက်ရှီးဝမ်ကျန်းကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

ထိုက်ရှီးဝမ်ကျန်း၏ မျက်ဝန်းထဲတွင် နှမြောတသသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ပြုံးလျက် ခေါင်းညိတ်သည်။

"ဖန့်ညီလေး၊ ဒီကနေ့ ခရီးစဉ်က မင်းဆန္ဒနဲ့ မဟုတ်မှန်း ငါသိပါတယ်၊ ဒါပေမဲ့ ဆရာ့ရဲ့ အမိန့်ကိုတော့ တို့တွေ မဖီဆန်ရဲကြဘူးလေ"

သူ၏ စကားလုံးများသည် ဖန့်ချန်ဘက်မှနေ၍ လူအများရှေ့တွင် ရှင်းပြပေးလိုသည့် သဘောသက်ရောက်နေသည်။

အရင်ကဆိုလျှင် ကျိုကျိတောင် တပည့်များမှာ ဖန့်ချန်အပေါ် မုန်းတီးသည့်စိတ် မရှိခဲ့ကြပေ။

သို့သော် ဤတစ်ကြိမ် မေဒေါင်ကွမ်း၏ ဖြစ်ရပ်ကြောင့် မုန်းတီးစိတ်များ ဝင်ရောက်လာပြီး ဖန့်ချန်ကိုပါ မုန်းတီးသွားကြသည်။

ထိုက်ရှီးဝမ်ကျန်း၏ ရှင်းပြချက်မှာ သူတို့စိတ်ထဲတွင် ဖန့်ချန်၏ ပုံရိပ်ကို ပြန်လည်မဆယ်တင်နိုင်ခဲ့ပေ။

လူတိုင်း၏ အကြည့်များမှာ ယခင်အတိုင်းပင် အေးစက်နေဆဲ ဖြစ်သည်။

ထိုက်ရှီးဝမ်ကျန်းက ၎င်းကို သတိပြုမိသွားပြီးနောက် ပခုံးတွန့်ကာ အားမလိုအားမရ ဖြစ်သွားသည်။

"ဖန့်ညီလေး၊ ဆရာ့ရဲ့ အမိန့်အရ မင်းကို ဒီတစ်ပိုင်းသူတော်စင်တွေထဲကနေ မင်းရဲ့ ပြိုင်ဘက်အဖြစ် အချို့ကို ရွေးချယ်ခိုင်းထားတယ်"

ပြောနေရင်းနှင့်ပင် လူအုပ်ကြီးက တစ်ပြိုင်နက်တည်း ရှေ့သို့ တစ်လှမ်း တိုးလာကြသည်။

ကျိုကျိတောင်ဘက်မှ ကျောင်းသားအရေအတွက်မှာ ကရုဏာတောင်ထက် များစွာ ပိုများနေသည်။

ရွှမ်ပုထုံ၊ ဝူချုံနှင့် ချင်ထောင်တို့မှာ ဖန့်ချန်နှင့် တစ်ခေတ်တည်း သူများဖြစ်သည်။

ကျိလင်မှာမူ သူတော်စင်အဆင့်သို့ တက်လှမ်းပြီး ဖြစ်သည့်အတွက် စိန်ခေါ်မှုထဲတွင် မပါဝင်တော့ပေ။

မေဒေါင်ကွမ်းမှာမူ ထူးခြားသော အကြောင်းရင်းကြောင့် ရင်ဆိုင်တိုက်ခိုက်ရန် ထွက်မလာခဲ့ပေ။

ထိုရင်းနှီးပြီးသား မျက်နှာသုံးခုအပြင် အခြားမျက်နှာစိမ်း ငါးဦးလည်း ရှိနေသည်။ သူတို့ကိုယ်ပေါ်မှ စွမ်းအားလှိုင်းများမှာ ဝူချုံတို့ထက် များစွာ ပိုမိုပြင်းထန်ပြီး စုစည်းမှု အားကောင်းသည်။

"ဒီသက်ကြီးကျောင်းသား ငါးဦးကတော့ အစပြုကာလကို ပြည့်အောင် သင်ယူထားတာ နှစ်ပေါင်းတစ်ထောင်တောင် ရှိပြီပဲ"

ဖန့်ချန်၏ အကြည့်များမှာ ထိုသက်ကြီးကျောင်းသား ငါးဦးထံသို့ တစ်ပတ် လှည့်ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောသည်။

"ရွေးမနေတော့ပါဘူး၊ ဆရာ့ရဲ့ အမိန့်က ကျိုကျိတောင်က တစ်ပိုင်းသူတော်စင် အားလုံးကို စိန်ခေါ်ခိုင်းတာပါ"

"မင်း သူတို့အားလုံးကို စိန်ခေါ်မလို့လား"

ထိုအချိန်တွင် ဖန့်ချန် နားရည်ဝနေကျ အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုက်ရှီးဝမ်ကျန်းတို့က လမ်းဖယ်ပေးလိုက်ကြပြီး အရပ်ရှည်သွယ်လျသော အမျိုးသမီးတစ်ဦး ထွက်လာကာ ဖန့်ချန်ကို အေးစက်စက် စိုက်ကြည့်နေသည်။

"ကျိုကျိတောင်က အကြီးဆုံးတပည့် ရွှေရှင်း ဖြစ်နေတာလား"

ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ထိုအသံကို ဘယ်အချိန်က ကြားဖူးသလဲဆိုတာကို ပြန်သတိရသွားသည်။

ထိုနှစ်က ပြိုင်ပွဲတွင် သူမက ကျန်းတောက်ယွဲ့နှင့် အလောင်းအစားလုပ်ရင်း ရွှေဟွေးတံဆိပ် အများအပြား ဆုံးရှုံးခဲ့ဖူးသည်။

"ဟုတ်ပါတယ်"

ဖန့်ချန်က ယဉ်ကျေးစွာ အရိုအသေပေးလိုက်သည်။

"ယုံကြည်မှု တော်တော်ရှိသားပဲ။ ဒါပေမဲ့ မင်း သေချာစဉ်းစားထားပါ၊ မင်း တကယ်ပဲ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေကို စိန်ခေါ်မယ်ဆိုရင် မင်း လမ်းတစ်ဝက်မှာ ရှုံးနိမ့်သွားရင်တောင် ထွက်ခွာခွင့် မရှိဘူး။ တစ်ပိုင်းသူတော်စင် တစ်ဦးချင်းစီတိုင်းနဲ့ တိုက်ခိုက်ပြီးဆုံးအောင် လုပ်ရမယ်"

ရွှေရှင်းက ပြုံးလျက် ပြောသည်။

ဤစကားကို ကြားလိုက်သည်နှင့် ဝမ်ချုံစန်းပင်လျှင် ထိုစကားထဲတွင် နက်ရှိုင်းသော ထောင်ချောက် ရှိနေကြောင်း သိလိုက်သည်။

ဖန့်ချန်ကမူ အမှုမထားဘဲ ခေါင်းညိတ်သည်။

"ဒါကတော့ ဖြစ်သင့်တာပေါ့"

"အင်း"

ရွှေရှင်းက ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ပေ။

ထိုအချိန်တွင် ရွှေဟွေးတက္ကသိုလ်မှ ထွက်ခွာရန် ပြင်ဆင်နေကြသော ထိုတစ်ပိုင်းသူတော်စင် ငါးဦးမှာ မစောင့်နိုင်တော့ပေ။

တစ်ဦးမှာ ထွက်လာပြီး ဖန့်ချန်ကို လက်ညှိုးဖြင့် တစ်ချက်ခေါ်လိုက်သည်။

"အရင်က မင်းနဲ့ မေညီလေးကြားက ရန်ငြိုးကို ကြားဖူးတယ်။"

"ဒါပေမဲ့ မင်းတို့ထက် နှစ်ငယ်တဲ့အတွက် ငါတို့ ဝင်မပါခဲ့ဘူး "

"အခု မင်း ကိုယ်တိုင် ရောက်လာပြီဆိုတော့ ငါတို့ ဝင်ပါတာကလည်း တရားမျှတပြီး သင့်တော်တာပေါ့"

"အစ်ကိုကြီး နာမည် ဘယ်လို ခေါ်ပါသလဲ"

ဖန့်ချန်က ပြုံးလျက် မေးသည်။

"မပြောတော့ပါဘူး၊ ငါ့ရဲ့ အရည်အချင်းက မရှိဘူး၊ အစပြုကာလ ပြည့်သွားပေမဲ့ သူတော်စင်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘူး။ တကယ်တော့ နှစ်ရာကျော်လောက်ပဲ လိုတာပါ။ နောက်ထပ် နှစ်နှစ်ရာလောက်သာ အချိန်ပေးရင် ငါ သေချာပေါက် တက်လှမ်းနိုင်မှာ။ ဒါပေမဲ့ စည်းမျဉ်းဆိုတာ စည်းမျဉ်းပဲ"

ထိုသူက အေးစက်စက် ပြောသည်။

"ငါလိုမျိုး လူတစ်ယောက်ကို နာမည်မေးပြီး အဓိပ္ပာယ် မရှိပါဘူး။ မင်း ရှုံးနိမ့်သွားတဲ့အခါမှပဲ ငါ နာမည် ပြောပြတော့မယ်"

"ကောင်းပါပြီ"

ဖန့်ချန်က ခေါင်းညိတ်သည်။

တစ်ဖက်လူသည် နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားပြီး အတွင်းကမ္ဘာနယ်မြေထဲသို့ ခြေချကာ လူအများ၏ အကြည့်အောက်မှ ပျောက်ကွယ်သွားသည်။

ဖန့်ချန်လည်း ထိုမြင်ကွင်းကို ကြည့်ပြီးနောက် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။

အတွင်းကမ္ဘာနယ်မြေ ဟင်းလင်းပြင်။

ကြီးမားသော တံခါးကြီးများမှာ လေးဘက်လေးတန်တွင် ရပ်တည်နေကြပြီး အလယ်တွင် တိုက်ခိုက်ရန် ပြင်ဆင်နေကြသော လူနှစ်ဦးကို ငြိမ်သက်စွာ ကြည့်ရှုနေကြသည်။

"ဝမ်ကျောင်းသား ဟုတ်တယ်မလား မင်းက အသက်ငါးရာ မပြည့်သေးတဲ့ လူသားမျိုးနွယ်စု တစ်ပိုင်းသူတော်စင်လို့ ကြားတယ်။"

"ဒီလို အရည်အချင်းမျိုးက ကရုဏာတောင်မှာ အလကား ဖြစ်သွားရမယ့် အရာမဟုတ်ဘူး"

ရွှမ်ပုထုံသည် ဝမ်ချုံစန်းနှင့် အနီးနားတွင် ရှိနေပြီး ဖန့်ချန်ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ အကြံဉာဏ်ပေးရန် စကားလှမ်းပြောသည်။

ဝမ်ချုံစန်းမှာ အနည်းငယ် ကြောင်သွားပြီး ရွှမ်ပုထုံကို ပြုံးလျက် ပြောသည်။

"ကိစ္စမရှိပါဘူး၊ ကျွန်တော် ကရုဏာတောင်မှာ ခဏလောက် နေပြီး ကြည့်ဦးမှာ"

"ခဏလောက်"

ရွှမ်ပုထုံ၏ မျက်ဝန်းထဲတွင် လှောင်ရယ်သံ အနည်းငယ် ပေါ်လာသည်။

သူက နောက်တစ်ဖက်လူကို သတိမပေးခဲ့ပေ။ တိုက်ပွဲဝင်ပြိုင်ပွဲပြီးလျှင်...

ဒီကရုဏာတောင်ကို အပြီးအပိုင် ဖျက်သိမ်းလိုက်တော့မှာ ဖြစ်ပြီး တောင်ပေါ်က ကျောင်းသားတွေကို တခြားတောင်တွေဆီ ခွဲပေးလိုက်တော့မှာ ဖြစ်သည်။

မေဒေါင်ကွမ်းမှာ လုံးဝ ပြန်မကောင်းသေးသော အတွင်းကမ္ဘာနယ်မြေထဲတွင် ရပ်လျက် ဖန့်ချန်ကို စကားမပြောဘဲ စိုက်ကြည့်နေသည်။

ဤအချိန်တွင် သူ့စိတ်ထဲ၌ အတွေးအမျိုးမျိုး ဖြစ်ပေါ်လာပြီး ထိုအတွေးများသည် နောက်ဆုံးတွင် အငြိုးအတေးအဖြစ် ပြောင်းလဲကာ မေဒေါင်ကွမ်း၏ စိတ်အနက်ပိုင်းသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားသည်။

"ဖန့်ညီလေး၊ ဒါဆို ငါ စတင်တော့မယ်နော်"

ကျိုကျိတောင်မှ တစ်ပိုင်းသူတော်စင်က ဖန့်ချန်နှင့် ယှဉ်ပြိုင်ရတာက အားနည်းသော သူကို အနိုင်ကျင့်သလို ခံစားရ၍ ကြိုတင် သတိပေးစကား ပြောလိုက်သည်။

နောက်တစ်ခဏတွင် သူသည် ကျိုကျိတောင်၏ နာမည်ကြီး လျှို့ဝှက်ပညာ ကိုးဆလက်သီးပညာကို ထုတ်ဖော်လိုက်သည်။

အတွေ့အကြုံရှိသူတစ်ယောက်၏ လက်စွမ်းက တကယ့်ကို ကွာခြားပေသည်။

ဝမ်ချုံစန်းက ဤသူ၏ စွမ်းအားမှာ မေဒေါင်ကွမ်းထက် အနည်းဆုံး သုံးဆပိုမို ပြင်းထန်ကြောင်း သိသာစွာ ခံစားမိလိုက်သည်။

လူတိုင်းမှာ တစ်ပိုင်းသူတော်စင်ချင်း တူညီကြသော်လည်း သုံးဆမပြောနဲ့၊ နည်းနည်းလေး သာရင်တောင် အရမ်းကို ကွာခြားသွားပြီ။

"အစပြုကာလကို မအောင်မြင်သေးတဲ့ တစ်ပိုင်းသူတော်စင်တောင် ဒီလောက် စွမ်းအား ရှိနေရင်၊ နောက်ပိုင်း စွမ်းအင်စုစည်းခြင်းအဆင့်ကို တက်လှမ်းရင် ပိုတောင် အားကောင်းဦးမှာပဲ "

"ငါ့မိသားစုက ပိုက်ဆံတွေ အကုန်လုံး စုပြီး ရွှေဟွေးတက္ကသိုလ်ကို ပို့ပေးခဲ့တာ မမှားဘူး၊ ဒါက ကောင်းကင်ကို တက်လှမ်းတဲ့ လမ်းစဉ်ပဲ"

ဝမ်ချုံစန်းက စိတ်ထဲတွင် သက်ပြင်းချမိသည်။

"ဖန့်ချန် ဒီတစ်ခေါက်တော့ တော်တော်လေးကို ရင်ဆိုင်ရခက်တော့မှာ"

ကျိလင်က အေးအေးဆေးဆေးပင် ပြုံးလျက် ပြောသည်။

စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်ဖြစ်သွားပြီးနောက် သူ့၏ စိတ်နေစိတ်ထားမှာလည်း ယခင်ကထက် များစွာ ပြောင်းလဲသွားသည်။

ဖန့်ချန်ကြောင့် ဖြစ်ပေါ်လာသော အရှက်ရမှုများမှာ လွန်ခဲ့သော အချိန်ကတည်းကပင် လုံးဝ ပျောက်ကွယ်သွားပြီ။

ယခုမူ သူသည် ယုံကြည်မှုအပြည့်နှင့် အနာဂတ်အလားအလာ ကောင်းသော သူတော်စင်တစ်ပါး ဖြစ်သည်။

ပိုမိုမြင့်မားသော ဟင်းလင်းပြင်ထဲတွင် ချင်ဝူဆန့်၊ ရှူရှန်၊ ဝေလျန့်ရွမ် အစရှိသော တောင်အသီးသီးမှ ဆရာများအားလုံးသည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြသည်။

ဤတိုက်ပွဲက ဘယ်လောက်ကြာဦးမလဲဟု လူတိုင်း စိတ်ဝင်တစား ရှိနေချိန်တွင် ဖန့်ချန်ကမူ အသုံးအများဆုံး ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။

ဓာတ်ငါးပါးထိန်းချုပ်မှု ကျင့်စဉ်

ဤကျင့်စဉ်မှာ သာမန်သူတော်စင် အများစုသည် သူတို့၏ အတွင်းကမ္ဘာနယ်မြေထဲတွင် ထွင်းထုထားလေ့ရှိကြသည်။

၎င်းမှာ အားအင် သိပ်မကြီးသော်လည်း ဓာတ်ငါးပါး စွမ်းအားကို ထိန်းချုပ်နိုင်သည့်အတွက် အသုံးဝင်သည့် အခါမျိုးတွင် အံ့ဩဖွယ်ရာ ရလဒ်များ ရှိတတ်သည်။

အရောင်ငါးမျိုးရှိသော နဂါးကြီးသည် သွားများကို ဖြဲကာ ပျံသန်းထွက်လာသည်။

တစ်ဖက်လူ၏ မျက်ဝန်းထဲတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

သူတော်စင်တစ်ပါးတောင်မှ ဓာတ်ငါးပါးထိန်းချုပ်မှု ကျင့်စဉ်ကို အသုံးပြုရင် အံ့ဩစရာ မရှိပေမဲ့၊ တစ်ပိုင်းသူတော်စင် တစ်ပါးက ဘာများ လုပ်နိုင်မှာမို့လို့လဲ။

ကိုးဆလက်သီးပညာနဲ့ ယှဉ်ရင် ဒီကျင့်စဉ် နှစ်ခုမှာ အဆင့်သုံးဆင့်လောက်တောင် ကွာခြားနေတယ်။

သို့သော် ထိုကျင့်စဉ်နှစ်ခု တိုက်မိတော့မည့် အချိန်တွင် ဓာတ်ငါးပါး နဂါးကြီးသည် ရုတ်တရက် အချင်းချင်း ရစ်ပတ်သွားပြီး ပိုမိုပြင်းထန်သော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်ပြီး တစ်ဖက်လူ၏ ကျင့်စဉ်စွမ်းအားကို တစ်ချက်တည်းနှင့် မျိုချလိုက်ကာ လှိုင်းလုံးကြီးအလား သူ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအတွေ့အကြုံရင့်ကျက်သူ တစ်ပိုင်းသူတော်စင်မှာ သွေးအန်သွားပြီး အတွင်းကမ္ဘာနယ်မြေ တံခါးများမှာ ပြိုကျပျက်စီးသွားကာ အကြီးအကျယ် ဒဏ်ရာရသွားတော့သည်။

"လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ယောက်"

ဖန့်ချန်က လက်ယှက်အရိုအသေပေးလိုက်ပြီး နောက်ထပ် လူသားမျိုးနွယ်စု တစ်ပိုင်းသူတော်စင် တစ်ဦးကို အကြည့်ရောက်သွားသည်။

တစ်ဖက်လူမှာ သတိပြန်ဝင်လာပြီးနောက် သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာကာ နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားတော့သည်။

အခန်း (၂၀၇၀) ဒီလောက်ပဲလား ဒီလောက်လေးပဲလား

"ဘာလို့ ဒီလို ဖြစ်ရတာလဲ"

ရွှမ်ပုထုံသည် စိတ်ထဲမှနေ၍ အေးစက်သော လေကို တစ်ချက် ရှူသွင်းလိုက်သည်။

ဖန့်ချန်၏ အနိုင်ယူခြင်း ခံလိုက်ရသူမှာ ကျိုကျိတောင်မှ အတွေ့အကြုံရင့်ကျက်သည့် တစ်ပိုင်းသူတော်စင် ဖြစ်သည်။

တစ်ဖက်လူက အစပြုကာလ သတ်မှတ်ချက်အတွင်း၌ စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်အဖြစ် မတက်လှမ်းနိုင်ခဲ့လျှင်တောင်မှ...

သူ၏ ထူးချွန်လှသော အရည်အချင်းနှင့် ပြင်းထန်သော နည်းလမ်းများကို ငြင်းပယ်၍ မရပေ။

အနည်းဆုံးတော့ ရွှမ်ပုထုံအနေဖြင့် သူနှင့် ယှဉ်လျှင် မိမိကိုယ်ကို အားမလိုအားမရ ဖြစ်မိသည်။

သို့သော် ယခုမူ ထိုသို့သော သူတစ်ယောက်က ကရုဏာတောင်မှ ဖန့်ချန်လက်အောက်တွင် အလွယ်တကူ ရှုံးနိမ့်သွားရသည်တဲ့လား။

နောက်ပြီး အလွန်အသုံးများသည့် ဓာတ်ငါးပါးထိန်းချုပ်မှု ကျင့်စဉ်ဖြင့် ရှုံးနိမ့်သွားသည်တဲ့လား။

"ခုနက ငါ ဘာဖြစ်သွားမှန်း မသိလိုက်ဘူး၊ မင်းတို့ရော"

"ငါလည်း မသိလိုက်ဘူး..."

ကျောင်းသားသစ် အများစုမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ အံ့ဩနေကြသည်။

ဝူချုံ၏ အမူအရာမှာ ရုတ်တရက် ထူးဆန်းသွားသည်။

အကြောင်းမှာ သူမ ရွေးချယ်ခဲ့သည့် ကျိလင်ပင်လျှင် တစ်ပိုင်းသူတော်စင်အဆင့်၌ ထိုသို့သော နည်းလမ်းမျိုး မရှိခဲ့သည်ကို သူမ သေချာပေါက် သိနေသောကြောင့် ဖြစ်သည်...

"ငါ ဒီတစ်ခါ လူမှားရွေးမိတာလား"

ဝူချုံ၏ စိတ်ထဲတွင် အတွေးများ လှိုင်းထန်လာသည်။

ကျိလင်က တစ်စုံတစ်ရာကို ရိပ်မိသွားပုံရပြီး သူမ၏ လက်ကို အလိုလို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ အနိုင်နိုင် ပြုံးပြသည်။

"ဖန့်ချန်မှာ နည်းလမ်းအချို့ ရှိပုံရတယ်၊ အကယ်၍သာ စွမ်းအင်စုစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ရင် အနာဂတ်မှာလည်း လမ်းကြောင်းဖြောင့်မတ်မှာပါ"

အကယ်၍သာ စွမ်းအင်စုစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ရင်တဲ့လား။

ကျိလင်၏ သတိပေးစကားကြောင့်...

ဝူချုံ၏ စိတ်ထဲတွင် အေးချမ်းသွားခဲ့သည်။

"ဟုတ်တယ်လေ၊ သူ့ရဲ့ အခြေခံအုတ်မြစ် ဘယ်လောက်ပဲ ကောင်းပါစေ၊ အစပြုကာလမှာ စွမ်းအင်စုစည်းခြင်းအဆင့်ကို မတက်လှမ်းနိုင်ရင်တော့... သူ့ရဲ့ အနာဂတ်ကလည်း ဒီလောက်ပါပဲ"

ထိုသို့ တွေးမိလိုက်သောအခါ ဝူချုံမှာ ယခင်အတိုင်းပင် ပုံမှန်စိတ်ဖြင့် ကြည့်ရှုတော့သည်။

ထိုအချိန်တွင် ဝေရှု၏ ဘေး၌ ရပ်နေသော မေဒေါင်ကွမ်း၏ မျက်ဝန်းထဲမှ အရောင်အဝါတို့မှာ ချက်ချင်းပင် မှေးမှိန်သွားသည်။

"ကိစ္စတွေက တစ်ခုခုတော့ မှားနေပြီ၊ ဒီကောင် အရင်က ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားတာလား ဒါမှမဟုတ် ဒီနှစ်ပိုင်းအတွင်းမှာပဲ ရုတ်တရက် နားလည်သဘောပေါက်သွားတာလား "

ဝေရွှင်က တိုးတိုးလေး ရေရွတ်လိုက်ပြီး မေဒေါင်ကွမ်း၏ စိတ်ဓာတ်များ ဆက်တိုက် ပြိုလဲနေသည်ကို သတိပြုမိသွား၍ ချက်ချင်းပင် ပါးတစ်ချက် ရိုက်လိုက်သည်။

"ဒေါင်ကွမ်း၊ သတိထား၊ ဒါက ခဏတာ အနိုင်အရှုံးလောက်ပါပဲ၊ ဒီအတွက်နဲ့ မင်းရဲ့ သူတော်စင်ဖြစ်ဖို့လမ်းကို မဖျက်ဆီးလိုက်ပါနဲ့ "

"အစ်ကိုဝမ်းကွဲ၊ ကျွန်တော်... ကျွန်တော် အစပြုကာလမှာတောင် သူ့ကို မနိုင်တော့ဘူး၊ ကျွန်တော် သူတော်စင် မဖြစ်နိုင်တော့ဘူး..."

မေဒေါင်ကွမ်းက တိုးတိုးလေး ရေရွတ်သည်။

"မင်းက ကိုယ့်ကိုယ်ကိုယ် အရှုံးပေးချင်ရင်တော့ မင်းသဘောပဲ။

မင်းက တစ်ပိုင်းသူတော်စင်အဆင့်မှာ သူ့ကို မနိုင်ပေမဲ့၊ အကယ်၍သာ မင်းက စွမ်းအင်စုစည်းခြင်းအဆင့်ကို ကြိုတက်လှမ်းနိုင်ရင်ကော။

ကျိလင်ကို ကြည့်ပါဦး၊ သူ အခု ဖန့်ချန်ကို မျက်စိထဲ ထည့်ထားသေးလို့လား"

ဝေရွှင်က အေးစက်စက် ပြောသည်။

မေဒေါင်ကွမ်းက အနီးအနားရှိ ကျိလင်ကို ကြည့်လိုက်သည်။ ကျိလင်မှာ ဝူချုံနှင့် အတူ အေးအေးလူလူ စကားပြော ရယ်မောနေပြီး ဖန့်ချန်ကို လုံးဝ မျက်စိထဲ မထည့်ထားသည်မှာ အမှန်ပင်။

သူက ကျိလင်၏ အခြေအနေမျိုးကို အလွန် အားကျမိသည်။ ကျိလင်ကြောင့် ဖန့်ချန်နှင့် ရန်ငြိုးဖွဲ့ကာ နှစ်ပေါင်းရာချီ တိုက်ခိုက်ခဲ့ရသည်ကို တွေးမိလိုက်သောအခါ စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။

"ဟုတ်တယ်၊ ငါသာ စွမ်းအင်စုစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ရင် ဖန့်ချန်ကို လျစ်လျူရှုနိုင်မှာပါ၊ သူ့ကို မျက်စိထဲ ထည့်စရာ မလိုတော့ဘူး..."

ထိုသို့ တွေးမိလိုက်သောအခါ မေဒေါင်ကွမ်း၏ မျက်ဝန်းထဲတွင် အရောင်အဝါတို့ ပြန်လည် ပေါ်လာသည်။

ဝေရွှင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဖန့်ချန်ကို အေးစက်စက် အကြည့်ပို့လိုက်သည်။

ကျိုကျိတောင်မှ အကြီးဆုံးတပည့် ရွှေရှင်းမှာလည်း မျက်နှာပျက်နေသည်။

ဘေးနားရှိ သူတော်စင်များမှာလည်း စကားမပြောဘဲ မျက်နှာများမှာ ဒေါသကြောင့် ပြာနှမ်းနေကြပြီး အရှက်ရသည်ဟု ခံစားနေကြရသည်။

မိမိတို့တောင်မှ တစ်ပိုင်းသူတော်စင် ရှုံးနိမ့်တာက ပြဿနာ မဟုတ်သော်လည်း ဒီလောက် မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားတာကတော့ လက်ခံရခက်သည်။

ဟင်းလင်းပြင်ထဲတွင် ရှူရှန်က ဟားဟားတိုက် ရယ်မောသည်။

"ဝေလျန့်ရွမ်၊ ဝေကွမ်းရှောင်၊ မင်းတို့ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်တွေက ဒီလောက်ပဲလား ဒီလောက်လေးပဲလားလို့ "

နှစ်ဦးစလုံးက စကားမပြောဘဲ ရှူရှန်ကို စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းထဲမှ ဒေါသကို ကြည့်သူတိုင်း သိနိုင်ပေသည်။

ဆရာအချို့မှာ နှစ်ဦးကြား ထပ်မံ ရန်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ကြားဝင်၍ စကားအလှည့်အပြောင်း လုပ်ပေးလိုက်ကြသည်။

ချင်ဝူဆန့်သည် လူအုပ်ကြားတွင် ရပ်နေရင်း ဖန့်ချန်ကို ငေးကြည့်နေပြီး သူ့ရှေ့က လူသည် တစ်စုံတစ်ခုသော ထူးဆန်းသည့် ခံစားချက်ကို ပေးနေသည်ဟု ခံစားရသည်။

"ဒီနာမည်ကလည်း နည်းနည်း ရင်းနှီးသလိုပဲ"

ထိုသို့ တွေးမိလိုက်သောအခါ ချင်းဝူဆန့်က ရှူရှန်ကို မေးလိုက်သည်။

"ရှူဆရာကြီး၊ မင်းရဲ့ တပည့်က ဘယ်ကလာတာလဲ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းက သန့်ရှင်းရဲ့လား"

"နောက်ခံသမိုင်းကြောင်းက သန့်ရှင်းရဲ့လား"

လူတိုင်း အနည်းငယ် ကြောင်သွားကြသည်။ ချင်ဝူဆန့် ဆိုလိုသည်ကို နားမလည်ကြပေ။

ချင်ဝူဆန့်ကိုယ်တိုင်လည်း မှားယွင်းပြောမိမှန်း သိသွားသဖြင့် ချက်ချင်းပင် ရယ်မောလိုက်သည်။

"ကျွန်တော် ကြားဖူးတာက ဒီနှစ်ပိုင်းအတွင်းမှာ ရှန်းဟုန် ရဲ့ အကြွင်းအကျန်တွေက နတ်ဘုရားနယ်မြေခုနှစ်ခုမှာ ပုန်းအောင်းနေကြတယ်လို့..."

"ချင်ဆရာကြီးက နောက်နေတာပဲ၊ ရှန်းဟုန်ရဲ့ အကြွင်းအကျန်တွေက နတ်ဘုရားနယ်မြေခုနှစ်ခု မှာ ပုန်းအောင်းနေတာက ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာဒါပေမဲ့ သူတို့က ကြောက်လန့်တကြားနဲ့ ခွေးလို နေနေရတာပါ။

ရွှေဟွေးတက္ကသိုလ် ကို သူတို့ ဘယ်လိုလုပ်ပြီး ရဲရဲဝံ့ဝံ့ လာရဲမှာလဲ။

ဒါ့အပြင် ရှန်းဟုန်ရဲ့ အကြွင်းအကျန်တွေမှာ အထွတ်ထိပ်အရိုး မရှိရင် တစ်ပိုင်းသူတော်စင် ဖြစ်ဖို့ဆိုတာ ဝေးစွ၊ ထူးချွန်တဲ့ စွမ်းအားကိုတောင် ရဖို့ ခက်ခဲပါတယ်"

တစ်စုံတစ်ယောက်က ရယ်မောကာ ပြောသည်။

ရှူရှန်နှင့် ဝေလျန့်ရွမ်တို့ပင်လျှင် ချင်ဝူဆန့်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ချင်ဝူဆန့်က သူ့ကို ရယ်မောခဲ့သည့် ဆရာကို စိတ်ထဲတွင် မှတ်ထားလိုက်ပြီး ပြုံးလျက် ပြောသည်။

"ကျွန်တော့်ရဲ့ ဟော်ဆွေ့ မျိုးနွယ်စုက ဒီအပေါ်မှာ အမြဲတမ်း စိတ်ပူနေတတ်လို့ပါ၊ ဘာမဆို သတိထားရမှာလေ"

ရှူရှန်က ရယ်မောသည်။

"စိတ်ချပါ ချင်ဆရာကြီး၊ ဖန့်ချန်ရဲ့ နောက်ခံက သန့်ရှင်းပါတယ်။ သူ့ရဲ့ ယခင်ဘဝတွေအထိ စစ်ဆေးပြီးပြီ။ ကျွန်တော်တို့ ရွှေဟွေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးကတောင် ဝိညာဉ်မျိုးနွယ်စုကလေ၊ ဒီအချက်ကို မှားစရာ အကြောင်း မရှိပါဘူး"

"ဒါဆိုရင်တော့ ကျွန်တော်ပဲ တွေးမိလွန်နေတာ ဖြစ်မှာပါ"

ချင်ဝူဆန့်က ခေါင်းညိတ်လိုက်သည်။

...

...

"ဘာလို့ ဒီလို ဖြစ်ရတာလဲ"

ဖန့်ချန်၏ အနိုင်ယူခြင်း ခံလိုက်ရသော လူသားမျိုးနွယ်စု တစ်ပိုင်းသူတော်စင်သည် ထိုက်ရှီးဝမ်ကျန်းက သူ့ကို ခေါ်ထုတ်သွားသည်အထိ ထိုမေးခွန်းကိုပင် စိတ်ထဲ၌ ထပ်ခါတလဲလဲ မေးနေမိသည်။

သူ၏ အတွင်းကမ္ဘာနယ်မြေမှာ အကြီးအကျယ် ပျက်စီးသွားခဲ့သည်။

နောင်တွင် သူတော်စင် ဖြစ်ဖို့လမ်းကိုပင် အနည်းငယ် ထိခိုက်သွားနိုင်သည်။

ဤတိုက်ပွဲသည် သူ၏ ဆုံးရှုံးမှု ကြီးမားလှသည်။

ထိုအချိန်တွင် ဖန့်ချန်၏ အမှတ်အသားပြု ခံလိုက်ရသော တစ်ပိုင်းသူတော်စင်မှာမူ ယခင်ကဲ့သို့ မောက်မာမှု၊ အထင်သေးမှုတို့ မရှိတော့ပေ။

သူက ဖန့်ချန်ကို အာရုံစိုက်ကာ နောက်ထပ် တိုက်ပွဲကို စောင့်ဆိုင်းနေသည်။

ခဏအကြာတွင်။

"လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ယောက်"

"..."

"လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ယောက်"

"..."

"လက်ခံပေးတဲ့အတွက်..."

သတိမထားမိလိုက်သည့်အချိန်တွင် ကျိုကျိတောင်မှ ထုတ်ပယ်ခံရမည့် သက်ကြီးကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားကြသည်။

သူတို့အားလုံးမှာ မျက်နှာပျက်လျက် ဘေးတွင် ရပ်နေကြပြီး ဘာလုပ်ရမှန်း မသိသလို ဖြစ်နေကြသည်။

ဤသို့ဖြင့် ဝူချုံ၊ ချင်ထောင်၊ ရွှမ်ပုထုံတို့မှာ ရုတ်တရက် ကြောက်လန့်သွားကြသည်။

"နောက်ထပ် တစ်ယောက်ကိုပဲ စိန်ခေါ်လိုက်တော့မယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ အရင်ကတည်းက ရင်းနှီးပြီးသားတွေမို့လို့ တိုက်စရာ မလိုတော့ပါဘူး"

ဖန့်ချန်က ပြုံးလျက် ပြောသည်။

ထိုအခါ ဝူချုံတို့ သုံးယောက်စလုံး သက်ပြင်းချလိုက်ကြသည်။

သို့သော် သူတို့ သတိထားမိလိုက်သည်မှာ တစ်ခုခု လွဲနေသည်။

"ရွှမ်ကျောင်းသား၊ ကျေးဇူးပြုပြီး လမ်းပြပေးပါ"

ဖန့်ချန်က ရွှမ်ပုထုံကို ကြည့်ကာ ပြုံးလျက် အရိုအသေပေးသည်။

"ကျွန်တော်..."

ရွှမ်ပုထုံက စကားကို အဆုံးမသတ်နိုင်ဘဲ စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲနေသည်။

သူကရော သူ့ရဲ့ ရင်းနှီးသူ မဟုတ်တော့ဘူးလား

အရင်တုန်းကဆိုလျှင် သူတို့အားလုံး ကရုဏာတောင်မှာ အတူတူ ကျင့်ကြံခဲ့ကြတာလေ။

ဝူချုံနှင့် ချင်ထောင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဖန့်ချန်က သူတို့ကို မရွေးချယ်လိုက်သည့်အတွက် ကံကောင်းသည်ဟု ခံစားမိလိုက်သည်။

"ရွှမ်ကျောင်းသားက ကရုဏာတောင် ကျောင်းသားအဖြစ်ကနေ စွန့်ခွာပြီး ကျိုကျိတောင်ကို ခိုလှုံသွားတာဆိုတော့ ဒီနှစ်ပိုင်းအတွင်းမှာ အောင်မြင်မှုတွေ အများကြီး ရရှိထားမှာပဲ"

ဖန့်ချန်က ပြုံးလျက် ပြောသည်။

"ကြည့်ချင်မိတယ်"

ရွှမ်ပုထုံက ဘာမှ မပြောဘဲ တိတ်ဆိတ်နေသည်။ ထိုအချိန်တွင် ဝေရွှင်၏ အသံကို နားထဲတွင် ကြားလိုက်ရသည်။

"သူ တိုက်ပွဲတွေ အများကြီး တိုက်ထားရလို့ ပင်ပန်းနေမှာပါ"

ဟုတ်တယ်လေ

ရွှမ်ပုထုံ၏ မျက်လုံးများ အရောင်တောက်သွားသည်။

အတွင်းကမ္ဘာနယ်မြေထဲတွင် စွမ်းအားများ အမြဲတမ်း ရှိနေသော်လည်း၊ ထိုစွမ်းအားများက အသုံးပြုသူနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ သုံးစွဲသူက သုံးနိုင်သည့် စွမ်းအားမှာ ကန့်သတ်ချက် ရှိသည်။

ထိုသို့ တွေးမိလိုက်သောအခါ ရွှမ်ပုထုံ၏ စိတ်ဓာတ်မှာ အနည်းငယ် ပေါ့ပါးသွားပြီး ဖြည်းညင်းစွာ ပြောသည်။

"ဖန့်ချန်၊ ငါ နောက်ဆုံး ပြောမယ့် စကားကတော့၊ ကရုဏာတောင်ရဲ့ သင်ကြားရေးစနစ်က အလွန်ကို အဆင့်နိမ့်တယ်။ တကယ်လို့ အောင်မြင်ချင်တဲ့ စိတ်သာ ရှိရင် အဲဒီမှာ အချိန်ဖြုန်းမနေသင့်ဘူး။

မင်း ခုနက တိုက်ပွဲမှာ ဘာလို့ ကရုဏာတောင်ရဲ့ ကျင့်စဉ်ကို မသုံးတာလဲ။

နှစ်ငါးရာ ကျော်ကြာတဲ့အထိ မင်း မနားလည်နိုင်လို့လား၊ ဒါမှမဟုတ် ကရုဏာတောင် ကျင့်စဉ်က အားအင် သိပ်နည်းလို့ သုံးဖို့ မရဲတာလား "

သူ၏ ထက်မြက်သော အကြည့်များက ဖန့်ချန်ကို တိုက်ရိုက် စိုက်ကြည့်နေသည်။

All Chapters