← Chapters

ရေမျက်နှာပြင် (၂)

Vol. 62 Ch. 1039

ရေမျက်နှာပြင် (၂)

Vol. 62 Ch. 1039

“မဖြစ်ဘူး”

လင်းရှန် စကားပင် မဆုံးသေးမီ စိတ်စွမ်းအင်တစ်ခုက သူ့ကို ရုတ်တရက် ဝန်းရံပြီး မြှောက်တင်လိုက်သည်။ ကီကီကို လှမ်းကြည့်လိုက်ရာ သူမမျက်ဝန်းများတွင် ဒေါသရိပ်များပြည့်နှက်နေကာ သူမက ပြောလာသည်။

“ဘာပဲဖြစ်ဖြစ် ရှင်တစ်ယောက်တည်း ရင်ဆိုင်ဖို့ မစဉ်းစားနဲ့ ကျွန်မ ရှင့်ဘက်မှာရှိနေမှာ”

လင်းရှန်က ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီး “ငါ အဲဒီလောက် မမိုက်မဲပါဘူး၊၊ အားလုံးနဲ့ အပြန်အလှန်ချိတ်ဆက်ကူညီနိုင်မယ့် အကွာအဝေးမှာပဲနေမှာပါ၊၊ ငါ သေချာစဉ်းစားပြီးပြီ ဒီအချိန်ရေတွက်မှုက ငါ့မျက်စိထဲမှာပဲ ပေါ်နေပြီး တခြားလူတွေ မမြင်ရဘူးဆိုတော့ ဒါဟာ ထူးခြားတဲ့စွမ်းအား ဒါမှမဟုတ် နည်းပညာတစ်ခုခုဖြစ်ရမယ်၊၊ ငါ့တစ်ယောက်တည်းကို ရည်ရွယ်တာဖြစ်နိုင်သလို ပိုပြီးဆိုးဆိုးရွားရွားကမ္ဘာပျက်မယ့်အခြေအနေမျိုးလည်းဖြစ်နိုင်တာပဲ အဲဒါဆိုရင်တော့ ပိုပြီးရှင်းသွားတာပေါ့”

သူ စကားမဆုံးသေးမီမှာပင် ဇွတ်တရက် ဆွဲယူနမ်းရှိုက်လိုက်သော နှုတ်ခမ်းတစ်စုံကြောင့် စကားသံများတိတ်ဆိတ်သွားရသည်။ သူမ၏ နှုတ်ခမ်းများက သူ့နှုတ်ခမ်းထက် ဖိကပ်လျက် ကျိန်ဆဲသလို ပြောလာသည်။

“ကမ္ဘာပျက်လို့ မရဘူး.. ရှင်အသက်ရှင်နေရမယ်”

ကီကီ၏ စကားသံများက တုန်ရီပြတ်တောင်းနေသည်။ လင်းရှန် အနည်းငယ် အံ့အားသင့်သွားရသည်မှာ သူမ၏ မျက်နှာမှ စီးကျလာသော နွေးထွေးသည့် အရည်များက သူ့မျက်နှာထက် ပူနွေးစိုစွတ်စွာ ကပ်ငြိလာသည်ကို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။

လင်းရှန် စိတ်လှုပ်ရှားသွားခဲ့သည်။ ဂရုစိုက်ခံရသည့် ထိုခံစားချက်က နွေးထွေးလှသဖြင့် စိုးရိမ်ပူပန်မှုများ ခေတ္တပြေလျော့သွားရသည်။

လင်းရှန်သည် ကောင်မလေး၏ အနမ်းကို ခံစားရင်း ဘာမှမလုပ်ဘဲ ကြောင်အမ်းအမ်းရပ်နေမိသည်။ ထို့နောက် ကီကီက သူ့မျက်လုံးများကို ရုတ်တရက် ဖုံးကွယ်ကာ မျက်ရည်များကို အမြန်သုတ်လိုက်ပြီးမှ လွှတ်ပေးသည်။ ထိုအချိန်တွင် လင်းရှန် သူမကိုကြည့်လိုက်ရာ မျက်ဝန်းအိမ်များက အနည်းငယ်နီမြန်းလျက် လေထဲတွင် ဝဲပျံရင်း သူ့ကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။

“ဘာကြည့်နေတာလဲ နည်းလမ်းတစ်ခုခု အမြန်စဉ်းစားလေ”

လင်းရှန် စိတ်ရှုပ်သွားပြီး “အချိန်က သိပ်မကျန်တော့ဘူး ယာယီတုံ့ပြန်မှုဗျူဟာတစ်ခုအမြန်ချမှတ်ရမယ်၊၊ တကယ်တော့ မနေ့ညက ဝဲဂယက်ကနေလွတ်မြောက်ပြီးကတည်းက စီစဉ်ဖို့ စဉ်းစားထားတာ… ဒါပေမဲ့ ဒီလောက်အထိ အကြာကြီးအိပ်ပျော်သွားလိမ့်မယ်လို့ မထင်ထားမိဘူး”

“ဟုတ်တယ်… အချိန်က တကယ်ပဲ ကန့်သတ်ချက်ရှိနေပြီ”

ကီကီက နီမြန်းနေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသည်။ သူမသည် လင်းရှန်၏ မျက်ဝန်းထဲမှ အချိန်ရေတွက်မှုကို မြင်နိုင်ရန် သို့မဟုတ် သူ့ထံမှ ကြောက်ရွံ့မှုကိုရှာဖွေရန် ကြိုးစားနေပုံရသော်လည်း သူ့မျက်ဝန်းထဲတွင်မူ အကူညီမဲ့သည့်အရိပ်ယောင်အနည်းငယ်မှလွဲ၍ တည်ငြိမ်မှုများသာ ပြည့်နှက်နေသည်။

ဘာကြောင့်မှန်းမသိ လင်းရှန်၏ ထိုအမူအရာကိုမြင်လိုက်ရသောအခါ ကီကီ ရင်ထဲ နင့်ခနဲဖြစ်သွားရသည်။ တွင်းနက်သုံးခု၏ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်စဉ်က အံ့ဖွယ်ဗျူဟာများထုတ်ဖော်နိုင်ခဲ့သည့် လင်းရှန်သည် ယခုအခါ လမ်းပျောက်နေသလိုဖြစ်နေသည်။ လွန်ခဲ့သည့် နာရီပိုင်းကတင် ကြောက်မက်ဖွယ်သမုဒ္ဒရာနတ်ဘုရားကြီးနှင့် စူပါဝဲဂယက်ကြီးထဲမှ လူပေါင်းရာချီကို ရဲရဲဝံ့ဝံ့ ဦးဆောင်ကယ်ထုတ်ခဲ့သည့် သူသည် ယခုအခါတွင်မူ ကံကြမ္မာကို အရှုံးပေးရန်ပြင်ဆင်နေသကဲ့သို့ရှိနေသည်။

ဤသို့ တွေးမိသောအခါ ကီကီသည် အသက်ရှူကျပ်လာပြီး နှလုံးသားတစ်ခုလုံး နာကျင်လာရကာ လင်းရှန် ခုနက ပြောခဲ့သည့် စကားများကိုပင် မကြားတော့သလိုဖြစ်သွားသည်။ သူမသည် ရုတ်တရက် လင်းရှန်၏ လက်များကို ဆွဲယူကာ သူမ၏ ခါးထက်သို့ တင်ပေးလိုက်ပြီးနောက် လင်းရှန်၏ ခါးကို သူမ၏ ခြေထောက်များဖြင့် လိမ်ယှက်ဖက်တွယ်ကာ အားပြင်းပြင်းဖြင့် စတင်နမ်းရှိုက်လိုက်တော့သည်။

ပြတ်သားသည်။ ပြင်းရှသည်။ မာနနှင့် မနာခံမှုများ ပြည့်နှက်နေသည်။

လင်းရှန် အံ့အားသင့်သွားလေသည်။ ယခုအချိန်က နမ်းနေနေရမည့် အချိန်မဟုတ်ပေ ကျန်ရှိသောအချိန်က မိနစ်ငါးဆယ်ပင် မပြည့်တော့ချေ။ အကယ်၍ နမ်းချင်သည်ဆိုလျှင် မနေ့ကတည်းက နမ်းခဲ့သင့်သည်၊၊ အာ့လိုဆိုရင် နည်းလမ်းအချို့ကို စဉ်းစားခြင်း သို့မဟုတ် တုံ့ပြန်မှုအချို့ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်သည်။

ဥပမာအားဖြင့် အကယ်၍ ထိတ်လန့်ဖွယ်အခြေအနေမျိုးဖြစ်လာပြီး လင်းရှန်ကို ကယ်တင်၍မရတော့ပါက အနန္တရထားပေါ်ရှိ တခြားလူများ မည်သို့ဆုတ်ခွာရမည် စသည်ဖြင့်...

သို့သော် ယခုအချိန်တွင် ကီကီသည် ထိုအရာများကို လုံးဝ ဂရုမစိုက်တော့ဘဲ သစ်ပင်တက်သည့် မျောက်ကလေးတစ်ကောင်လို လင်းရှန်ကို အတင်းဖက်တွယ်ထားပြီး ပြင်းပြင်းပြပြနှုတ်ခမ်းချင်းတိုက်ပွဲဆင်နေသည်။ ထို့နောက် သူမက စိတ်စွမ်းအင်ကို အသုံးပြု၍ လင်းရှန်ကို ကုလားထိုင်တစ်ခုဆီသို့ တွန်းပို့လိုက်သည်။ သူ ထိုင်ချလိုက်သည်နှင့် သူမက သူ့ပေါင်ပေါ် သဘာဝကျကျ ဝင်ထိုင်လိုက်သည်၊၊

“ဟေး အလှလေး… အခုက အချိန်ကောင်းမဟုတ်ဘူးလေ”

“ပါးစပ်ပိတ်ထား”

“ကောင်းပြီလေ တစ်မိနစ်ပဲ နမ်းမယ်”

ဗြိခနဲအသံတစ်ခုနှင့်အတူ လင်းရှန်၏ အင်္ကျီသည် မမြင်ရသော စိတ်စွမ်းအင်ကြောင့် ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရသည်။

လင်းရှန် လန့်ဖျပ်သွားပြီး ကီကီကို ချက်ချင်း တွန်းဖယ်လိုက်ကာ “နေဦး… မင်း ဘာလုပ်နေတာလဲ မင်းက အရွယ်မရောက်သေးဘူးမဟုတ်လား”

ထိုအချိန်တွင် ကီကီ၏ မျက်ဝန်းထောင့်၌ မျက်ရည်စများရှိနေသော်လည်း သူမက ပြုံးလျက် လင်းရှန်ကို ကြည့်ကာ လက်ပိုက်ရင်း အထက်စီးမှကြည့်ကာ “ကမ္ဘာပျက်တော့မှာလေ ရှင့်လို ငတုံးပဲ အဲဒါကို ယုံနေမှာ”

လင်းရှန် “…”

“ဒါပေမဲ့လည်း ဒါက အချိန်ကောင်းမဟုတ်ဘူး” လင်းရှန်က တည်တည်ငြိမ်ငြိမ်ဖြင့်ဆက်ပြောလိုက်သည်၊၊

“မိနစ် ၅၀ ပဲ ကျန်တော့တယ်”

“အဲဒါဘာဖြစ်လဲ”

ကီကီ၏ လည်ပင်းတဝိုက်နီမြန်းလာပြီး ရဲရဲဝံ့ဝံ့ပင် မေးလိုက်သည်၊၊

“အချိန်က... မလောက်ဘူးလား”

လင်းရှန် “…”

“မဟုတ်ဘူး”

လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ တုန်လှုပ်သွားသည်။ သူတို့နှစ်ယောက်က တူညီသောအရာကို ပြောနေကြခြင်း ဟုတ်၊မဟုတ်ကို သံသယဝင်မိသွားသည်။

ကီကီ၏ နီမြန်းနေသော မျက်ဝန်းများကို ကြည့်လိုက်ရာ အလျှော့မပေးလိုသော အမူအရာနှင့် ကျီစယ်လိုသော မျက်ဝန်းများအောက်တွင် သိမ်မွေ့သောကြောက်ရွံ့မှုအနည်းငယ်ရှိနေသည်ကို မြင်လိုက်ရသည်။ လင်းရှန်၏ နှလုံးသားသည် ချက်ချင်း နူးညံ့သွားရပြီး ကီကီ၏ ပခုံးများကို ကိုင်ကာ အလေးအနက်ပြောလိုက်သည်။

“ကောင်မလေး… ငါတို့ ဒီအချိန်ကို သုံးပြီး ပိုကောင်းတဲ့ ဗျူဟာတွေ စဉ်းစားနိုင်မယ်လို့ ငါထင်တယ်၊၊ ဒီအချိန်ရေတွက်မှုက သတိပေးချက် ဒါမှမဟုတ် သဲလွန်စတစ်ခုခုပဲဖြစ်နိုင်တာမို့ ငါ သေချာပေါက်သေရမယ်လို့ မဆိုလိုပါဘူး… ငါပြောတာကို သဘောပေါက်ရဲ့လား”

ကီကီသည် လင်းရှန်၏ ဗလာဖြစ်နေသော အပေါ်ပိုင်းခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများက ရှုပ်ထွေးတုန်လှုပ်သွားပြီးနောက် ရုတ်တရက် သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ မလှုပ်မယှက် မှီတွယ်နေမိတော့သည်။

လင်းရှန် ရင်ထဲတွင် သက်ပြင်းချမိစဉ်မှာပင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

[အရွယ်ရောက်ပြီးတဲ့ လူသားများအတွက် စိတ်ကျေနပ်စရာကောင်းသော လိင်မှုကိစ္စအတွေ့အကြုံသည် အထူးသဖြင့် တိုက်ပွဲအပြီးတွင် စိုးရိမ်ပူပန်မှုများကို လျော့ပါးစေရန် ကူညီပေးနိုင်ပါတယ်၊၊ ဒါက အမျိုးသားရော၊ အမျိုးသမီးအတွက်ပါ အကျိုးရှိစေပါတယ်]

ထိုအသံကို ကြားလိုက်ရသောအခါ ကီကီ လန့်ဖျပ်ကာ ရုတ်တရက် ထရပ်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။

“နင်... နင် ဘယ်တုန်းက ရောက်နေတာလဲ”

လင်းရှန် ကိုးရိုးကားယားဖြစ်သွားပြီး “သူမက ဒီနေရာမှာပဲ အမြဲတမ်း မတ်တပ်ရပ်နေတာပါ”

ဗိုင်အိုလာက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။

[ရှင်က လင်းရှန်အပေါ် ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ ရှိနေတယ်၊၊ ဒါဟာ သူ့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အခြေအနေအပေါ် လွန်ကဲတဲ့ရိမ်ပူပန်မှုကို တိုက်ရိုက်ဖြစ်ပေါ်စေပြီး မင်းရဲ့ စိတ်ခံစားချက်နဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေခဲ့တယ်၊၊ ဒီလိုအခြေအနေမျိုးမှာ ရှင် ကျွန်မကို သတိမထားမိတာက လုံးဝ သဘာဝကျပါတယ်]

ကီကီ ဒေါသတကြီးဖြင့် လင်းရှန်ကို စူးစူးဝါးဝါးလှမ်းကြည့်လိုက်သည်။

“ဘာပြင်းထန်တဲ့ စိတ်ခံစားချက်လဲ… ငါက ငါတို့ရဲ့ ကပ္ပတိန်ကို စိုးရိမ်လို့ပါ.. လျှောက်ပြီး အတွေးမများနဲ့”

[တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်တွေက ရှုပ်ထွေးတဲ့အကြောင်းရင်းအမျိုးမျိုးနဲ့ ဖွဲ့စည်းထားတာမို့ မတူညီတဲ့ရှုထောင့်တွေကနေကြည့်ရင် မတူညီတဲ့ရလဒ်တွေ ထွက်လာပါလိမ့်မယ်… ဒါပေမဲ့ အတုယူဖန်တီးထားတဲ့ အသိဉာဏ်စနစ်တစ်ခုအနေနဲ့ ဗိုင်အိုလာက ဘက်စုံအချက်အလက်တွေအပေါ် အခြေခံပြီးဆုံးဖြတ်တာပါ၊၊ မစ္စကီကီရဲ့ အခုအခြေအနေက လူသားတွေရဲ့ စိတ်ခံစားချက်နဲ့ ကိုက်ညီနေပါတယ်...]

“တော်ပြီ တော်ပြီ”

ကီကီ၏ မျက်နှာတစ်ခုလုံး ပူထူနီမြန်းသွားကာ ဗိုင်အိုလာကို အမြန်တားလိုက်သည်။ သူမ မည်မျှပင် ရဲရင့်ပါစေဦးတော့ ဗိုင်အိုလာက စက်ရုပ်တစ်ရုပ်မျှသာဖြစ်သော်လည်း ကောင်မလေးတစ်ယောက်အနေဖြင့် ထိုမျှအထိ အရေမထူနိုင်သေးချေ။ စိတ်ရှုပ်ထွေးစွာဖြင့် ဗိုင်အိုလာကို အလျင်အမြန်စကားဖြတ်လိုက်ရသည်။

သို့သော် ရုတ်တရက် လင်းရှန်က ကီကီကို ဖက်လိုက်ပြီး သူမနောက်ရှိ ဗိုင်အိုလာကို အံ့အားသင့်စွာ လှမ်းပြောသည်။

“ဗိုင်အိုလာ… မင်း ခုနက ပြောတဲ့စကားကို ပြန်ပြောစမ်း”

ကီကီ မျက်နှာနီမြန်းလျက် မော့ကြည့်လိုက်မိပြီး လင်းရှန်က ဗိုင်အိုလာကို ဘာကြောင့်ပြန်ပြောခိုင်းသည်ကို ဝေခွဲမရဖြစ်သွားသည်။ သို့သော် လင်းရှန်၏ မျက်ဝန်းထဲမှ လေးနက်မှုကို မြင်လိုက်ရသောအခါ သူမလည်း တည်ငြိမ်သွားသည်။

All Chapters