← Chapters

အခန်း (၅၁၁-၅၁၂)

Vol. 44 Ch. 511-512

အခန်း (၅၁၁-၅၁၂)

Vol. 44 Ch. 511-512

အပိုင်း (၅၁၁)

ဤစကား ထွက်ပေါ်လာချိန်မှာတော့ မင်းသမီး ရှန်ရှန်း၏ လှပသော မျက်နှာလေးမှာ ဖြူရော်သွားပြီး လှပသော မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများ ထွက်ပေါ်လာတော့၏။

‘ဒီအခြေအနေထိ ရောက်နေတာတောင်၊ စီးကွမ်က ညီလာခံမှာ လူသတ်ဖို့ လုပ်ခဲ့တာတောင် ဖခမည်းတော်က ကျွန်မကို စီးကွမ်နဲ့ အတင်းအကျပ် လက်ထပ်ပေးချင်နေသေးတယ် ဟုတ်လား။ ဘာချစ်ခင်မှုလဲ။ ဘာ အဖေနဲ့ သမီး သံယောဇဉ်လဲ။ အားလုံးက အတုတွေချည်းပဲ။’

ယွင်ကျုံးဟဲ့က မင်းသမီးရှန်းရှန်းဘက် မျက်နှာကို လှည့်ကာ စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။ “မင်းသမီး စိတ်ချပါ။ ဘယ်လောက်ပဲ တန်ဖိုး ပေးဆပ်ရပါစေ ကျုပ် ဒီ အိမ်ထောင်ရေးကို သေချာပေါက် ဖျက်ဆီးပေးပါ့မယ်။”

ဧကရာဇ် ဝမ်ယွင်က အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “လာကြစမ်း... မင်းသမီးကို မယ်တော် မိဖုရားခေါင်ကြီးဆီ ခေါ်သွားပြီး သေချာ ဆုံးမထား။”

“အမိန့်တော်အတိုင်းပါ။”

ချက်ချင်းပဲ မိန်းမစိုး အချို့ ရှေ့သို့တက်လာပြီး မင်းသမီး ရှန်ရှန်း၏ အရှေ့သို့ သွားကာ ပြောလိုက်သည်။ “မင်းသမီးကြွပါ။”

ထို့နောက် အသက် ကြီးကြီး အစေခံမ အချို့ ထွက်လာကြပြီး အကယ်၍ မင်းသမီး ရှန်ရှန်း မသွားပါက အတင်းအကျပ် ဖမ်းဆွဲခေါ်ဆောင်သွားတော့မှာဖြစ်၏။

ယွင်ကျုံးဟဲ့ သည် မင်းသမီး ရှန်ရှန်းကို စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောသော်လည်း စကားလုံး ထောင်သောင်းချီထက်ပင် ပိုမို အဓိပ္ပာယ် ပြည့်ဝနေသည်။ ‘ကျုပ်ကို ယုံကြည်ပါ။ ကျုပ်ကို ယုံကြည်ပါ။’

ထို့နောက် ဧကရာဇ်က အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “တရားလွှတ်တော်ချုပ်၊ ဟေးပင်းထိုင်... ဒီနေ့ အမတ်တွေ အားလုံးကို စစ်ဆေးပါ။ ရိုက်ပွဲမှာ ပါဝင်တဲ့ လူတွေကို တွေ့ရှိရင် အကုန်လုံး ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။”

ဧကရာဇ်၏ အသံတွင် လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေပြီး သူ အမှန်တကယ်ပင် လူသတ်ပွဲ ဆင်နွှဲတော့မှာဖြစ်သည်။

ဤအခြေအနေတွင် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည့် အမတ်များကို အသက်ဘေး အန္တရာယ်ပြုရန် ကြံစည်နေခြင်းလား။

မဟုတ်ပေ။ စင်စစ်အားဖြင့် ဤဖြစ်ရပ်ကို အကြောင်းပြချက်ကောင်းတစ်ခုအဖြစ် အသုံးချကာ ညီလာခံအတွင်း၌ လူစားလဲသည့် ပြဇာတ်ကို မည်သူက ကပြ အကောင်အထည်ဖော်ခဲ့သနည်း ဟူသည်ကို ဖော်ထုတ်ရန်ဖြစ်၏။

ထို့အပြင် ညီလာခံခန်းမကြီးအတွင်း၌ ဧကရာဇ်ဟောင်းအပေါ် လျှို့ဝှက်စွာ သစ္စာခံနေသူများမှာ မည်သူများ ဖြစ်ကြောင်းကိုလည်း စုံစမ်းစစ်ဆေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ စောစောကကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အခြေအနေမျိုးတွင် မည်သူမဆို ထိုရိုက်ပွဲ၌ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲ၍ ရနိုင်၏။

ထိုအချက်ကို အခြေပြု၍ ပြင်းပြင်းထန်ထန် နှိပ်စက်စစ်ဆေးမှုများ ပြုလုပ်ကာ ၎င်းတို့အား ညီလာခံအတွင်းမှ အပြီးတိုင် မောင်းထုတ်ပစ်ရန် ဖြစ်သည်။

ဧကရာဇ် သည် အမိန့်တော် ထုတ်ပြန်ကာ အောက်ယွီကို လည်း ဆွဲထုတ်သွားပြီး နန်းတွင်း၏ မျိုးရိုးမတူတဲ့ ဘုရင်ကို စော်ကားမှုဖြင့် ကြိမ်ဒဏ် ငါးဆယ် ပေးကာ သေလုနီးပါးအထိ ရိုက်နှက်ရန် ရည်ရွယ်ထားခဲ့၏။

ယခင်က ဤပြစ်မှုဖြင့် အရေးမယူခဲ့ခြင်းမှာ သူ့ကို တမင်တကာ လွှတ်ထားပြီး သူတစ်ပါး ဓားငှားကာ လူသတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် ယခုအခါ သူတစ်ပါး ဓားငှားကာ လူသတ်မည့် အစီအစဉ်ကျရှုံးသွားပြီဖြစ်ရာ သူ့ကို ဆက်လက် လွှတ်ထားရန် မလိုအပ်တော့ချေ။

သို့ပေမည့် ဤအချိန်တွင် ဟောက်ချန်က ရုတ်တရက် ပြောလိုက်၏။ “အောက်ယွီ... ဧကရာဇ်ဟောင်းက ခင်ဗျားကို ရှန်ချင်းနန်းဆောင်ဆီ အမြန်ဆုံး လာခဲ့ဖို့ ပြောလိုက်တယ်။ တည်ထောင်သူ ဧကရာဇ်ကို မေးမြန်းစရာ သံသယ တချို့ ရှိနေလို့ ခင်ဗျားကို မှော်အစီအရင်တွေ ပြင်ဆင်ပြီး တာ့ဖာရှန့်ကျွင်းကို ကိုယ်ထင်ပြခိုင်းဖို့တဲ့။”

ဧကရာဇ် သည် ဤစကားကို ကြားလိုက်ရချိန်မှာတော့ မျက်ခုံးများ ထိစပ်လုမတတ် မျက်မှောင်ကျုံ့ သွားတော့သည်။

ယနေ့တွင်မူ အောက်ယွီအား ဆက်လက်အရေးယူရန် မဖြစ်နိုင်တော့ပေ။ ဧကရာဇ်ဟောင်းက မင်းသမီး ရှန်ရှန်းအား ဆင့်ခေါ်သည့်အခါတွင်မူ သူမသည် အိပ်မက်ဆိုးများ မက်နေသောကြောင့် ဧကရာဇ်ဟောင်းကို ထိတ်လန့်သွားစေမည် စိုးသောကြောင့်ဟု အကြောင်းပြချက် ပေးနိုင်သေး၏။

သို့သော်လည်း ဧကရာဇ်ဟောင်းက အောက်ယွီအား အရေးတကြီး ဆင့်ခေါ်ကာ မှော်အစီအရင်များ ပြင်ဆင်စေပြီး နိုင်ငံတော်တည်ထောင်သူ ဧကရာဇ်၏ နတ်ဝိညာဉ်နှင့် တွေ့ဆုံလိုသည်ဟု မိန့်ကြားနေသည့်တိုင် ဧကရာဇ်က အောက်ယွီကို အတင်းအကျပ် ဖမ်းဆီး၍ ကြိမ်ဒဏ်ပေးလိုသည်ဆိုပါက ဤသည်မှာ မိဘအပေါ် ကျေးဇူးတရား မသိတတ်ရာ ကျပေလိမ့်မည်။ ဧကရာဇ်ဟောင်းအား လူသိရှင်ကြား ဆန့်ကျင်ဘက်ပြုရာ ရောက်နေသည် မဟုတ်ပါလား။

ထို့အပြင် ဧကရာဇ်ဟောင်း၏ ယခုလုပ်ရပ်မှာ နိုင်ငံရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမျိုး မဟုတ်ဘဲ သူနှင့် နိုင်ငံတော်တည်ထောင်သူ ဧကရာဇ်ဟူသော နတ်ဘုရားနှစ်ပါးကြားရှိ သီးသန့်ကိစ္စရပ်သာ ဖြစ်သည်။

ဧကရာဇ်က ချက်ချင်း ပြောလိုက်၏။ “အောက်ယွီ... ဧကရာဇ်ဟောင်းက ခင်ဗျားကို ခေါ်နေပြီဆိုတော့ ခင်ဗျား အမြန်ဆုံး သွားလိုက်တော့။”

ယွင်ကျုံးဟဲ့ ဦးညွတ်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်...ကျုပ် ပြန်ခွင့်ပြုပါအုံး။”

ထို့နောက် သူသည် ညီလာခံမှ ထွက်ခွာသွားပြီး ဟောက်ချန် နှင့် အခြားသော မိန်းမစိုးအိုကြီးအချို့က မိန်းမစိုး အချို့ကို ခေါ်ဆောင်ကာ ယွင်ကျုံးဟဲ့၏ အရှေ့အနောက်တွင် တင်းကျပ်စွာ ကာကွယ်ပေးထားကြပြီး နောက်ထပ် ဦးနှောက်မရှိသော လူငယ် အရာရှိ တစ်ဦးဦး ထွက်လာကာ အောက်ယွီကို ရိုက်သတ်မည်ကို စိုးရိမ်နေကြသည်။

ညီလာခံ အတွင်း၌ ဧကရာဇ်က အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “ဘာရပ်နေကြတာလဲ။ စီးကွမ်ကို ဆွဲထုတ်သွားပြီး ကြိမ်ဒဏ် ငါးဆယ် ပေးလိုက်။ လူတိုင်းကြည့်နေကြ။”

ချက်ချင်းပဲ လူအချို့ ရှေ့သို့တက်လာပြီး စီးကွမ်ကို ဆွဲထုတ်သွားရန် ပြင်လိုက်ကြတော့သည်။

“ကျုပ်ဘာသာ သွားမယ်။”

ညီလာခံ အပြင်ဘက်သို့ ရောက်ရှိလာချိန်မှာတော့ စီးကွမ် သည် ခုံတစ်လုံးပေါ်တွင် မှောက်လျက် နေလိုက်ပြီး မိန်းမစိုး အချို့ ရှေ့သို့တက်လာကာ သူ၏ ခါးနှင့် တင်ပါး နေရာများကို ပြင်းထန်စွာ ရိုက်နှက်ကြတော့၏။

နားထောင်ရသည်မှာ အမှန်တကယ်ပင် အလွန် နာကျင်ပုံရပြီး ရိုက်ချက် တစ်ချက်ချင်းစီတိုင်းကို အစွမ်းကုန် ရိုက်နှက်နေသကဲ့သို့ပင် ဖြစ်သည်။

ထို့အပြင် ဆယ်ချက်ကျော်ခန့် ရိုက်နှက်ပြီးနောက်တွင် စီးကွမ် သည် သွေးသံရဲရဲ ဖြစ်နေပြီ ဖြစ်၏။

“ကောင်းတယ်...ကောင်းတယ်။” သူက တစ်ဖက်မှ အရိုက်ခံရင်း တစ်ဖက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသည်။

ကြည့်ရသည်မှာ အမှန်တကယ်ပင် သနားဖွယ်ကောင်းပြီး သွေးများ ပန်းထွက်နေသည့် ပုံစံမျိုးဖြစ်လို့နေ၏။ သို့ပေမည့် လက်တွေ့တွင်မူ ယားယံနေသည်ကို ကုတ်ပေးနေသကဲ့သို့ဖြစ်ပြီး အရေပြားပင် မပေါက်ပြဲချေ။ သွေးများ ပန်းထွက်နေခြင်းမှာ သူတို့ ခံထားသော သွေးအိတ် များကြောင့်သာ ဖြစ်၏။

အချက်ငါးဆယ် ရိုက်နှက်ခံရပြီးနောက် စီးကွမ် သည် ဘာမှ မဖြစ်သကဲ့သို့ နန်းတော်မှ တိုက်ရိုက် ထွက်ခွာသွားပြီး နာကျင်နေသကဲ့သို့ ဟန်ဆောင်ရန်ပင် ပျင်းရိနေတော့သည်။

......................

ရှန်ချင်းနန်းဆောင် အတွင်း၌...

ဧကရာဇ်ဟောင်းသည် ဘေးနားရှိ အသက် ကြီးကြီး တာအို ဘုန်းကြီး ရွတ်ဆိုနေသော ကျမ်းစာများကို တိတ်ဆိတ်စွာ နားထောင်နေပြီး ယွင်ကျုံးဟဲ့လည်း ဘေးတွင် ထိုင်ကာ နားထောင်နေ၏။

အသက် ကြီးကြီး တာအို ဘုန်းကြီးသည် ရွတ်ဆိုပြီးနောက် ချက်ချင်း နှုတ်ဆက်ကာ ထွက်ခွာသွား၏။ သူသည် အလွန် နားလည်တတ်သူ ဖြစ်သည်။

ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်၏။ “ဒီနေ့ အခြေအနေက အန္တရာယ် များတယ်နော်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းကို ကျေးဇူးတင်ပါတယ်။”

သို့ပေမည့် ယနေ့မှစ၍ ဧကရာဇ်ဟောင်းသည် ဧကရာဇ် နှင့် လုံးဝ ဆက်ဆံရေး ပျက်သွားပြီ ဖြစ်သည်။ သူသည် နိုင်ငံရေးကို ပွင့်ပွင့်လင်းလင်း ဝင်ရောက် မစွက်ဖက်ခဲ့သော်လည်း အနည်းဆုံးတော့ စတင် လှုပ်ရှားခဲ့ပြီ ဖြစ်၏။

ထို့နောက် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... အချိန်လည်း တော်တော်လေးကိုက်နေပြီ။ အခုချိန်မှာ ကျုပ် စီးကွမ်ကို သတ်ပစ်တာက လုံးဝ တရားမျှတပြီး အကြောင်းပြချက် ခိုင်လုံသွားပြီ။ အနာဂတ်မှာ အရှင်က ဧကရာဇ်နဲ့ ထိပ်တိုက် တွေ့ရတဲ့အခါ မှန်ကန်တဲ့ ဘက်ကနေ ရပ်တည်နိုင်မှာပါ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “တော်တော်လေးကိုက်နေပြီ။ နည်းနည်းလေးပဲ လိုတော့တယ်။ ဒါပေမဲ့ ခဏနေ ခင်ဗျား အိမ်ပြန်ရောက်သွားရင် ကွက်တိ ဖြစ်သွားလိမ့်မယ်။ ခင်ဗျား စီးကွမ်ကို သေချာပေါက် သတ်နိုင်မှာလား။ သူ့ရဲ့ သိုင်းပညာက တော်တော် မြင့်မားတယ်နော်။”

မိန်းမစိုးအိုကြီး ဟောက်ချန်က ဝင်ပြောလိုက်သည်။ “စီးကွမ်ရဲ့ သိုင်းပညာဟာ ခင်ဗျားထက် အဆ တစ်ထောင်လောက် သာလွန်တယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျုပ် သတ်နိုင်ပါတယ်။”

ဧကရာဇ်ဟောင်းက သတိပေးလိုက်သည်။ “လျှို့ဝှက် လက်နက်တွေ အသုံးမပြုရဘူး၊ တခြား ဘယ်နည်းလမ်းမှ အသုံးမပြုရဘူး၊ အဆိပ်လည်း အသုံးမပြုရဘူး။ လူသိရှင်ကြား သတ်ရမယ်။ မင်းက သိုင်းပညာနဲ့ သတ်လိုက်သလိုမျိုး ဖြစ်နေရမယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကောင်းပါပြီ။”

ဤမျှဖြင့် အဆုံးသတ်သွားမည် မဟုတ်ပေ။ ယခုတစ်ကြိမ်တွင် စီးကွမ်ကို ရှင်းလင်းသည့်အခါ၌ လက်ခြောက်ချောင်း နတ်ဆိုး ဘီသိုဗင်ကိုလည်းကောင်း၊ မိုးကြိုးအန္တရာယ် ကိုလည်းကောင်း အသုံးပြုရန် မလိုအပ်တော့ပေ။

စင်စစ် စီးကွမ်ကို သုတ်သင်ရခြင်း၏ ရည်ရွယ်ချက်မှာ မင်းသမီးရှန်ရှန်း၏ စေ့စပ်မှုကို ဖျက်သိမ်းရန်နှင့် အငြိုးအတေးများကို လက်စားချေရန်သာမက အခြားသော အကြောင်းပြချက်များစွာလည်း ပါဝင်နေသည်။

သို့ပေမည့် ထိုထက်မက ပို၍အရေးကြီးသော အချက်တစ်ချက်မှာ ဧကရာဇ်ဟောင်း ပြန်လည်အာဏာစက် ထက်မြက်လာစေရန် လမ်းခင်းပေးဖို့ ဖြစ်၏။

ဧကရာဇ်ဟောင်းအနေဖြင့် ပေါ်ပေါ်ထင်ထင် ရှေ့ထွက်လာရန် မဖြစ်နိုင်သေးပေ။ ထိုသို့ပြုမူပါက ယခင်က ပေးအပ်ခဲ့သော ကတိကဝတ်များကို ချိုးဖောက်ရာ ရောက်ပေလိမ့်မည်။

ထို့ကြောင့် ၎င်း၏ ပြန်လည်ထွက်ပေါ်လာမှုမှာ တမင်တကာ ဖန်တီးယူထားခြင်းမျိုး မဟုတ်ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် မလွှဲမရှောင်သာဘဲ တာဝန်ယူရသည့် ပုံစံမျိုး ဖြစ်နေရပေမည်။

ဧကရာဇ်ဟောင်း ပြန်လည်လှုပ်ရှားလာသည်နှင့်တပြိုင်နက် လက်ရှိဧကရာဇ်နှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်ရာ ထိုအခါတွင် ဧကရာဇ်နှစ်ပါး အားပြိုင်ပွဲကြီး ပေါ်ပေါက်လာတော့မှာဖြစ်သည်။

ဤသည်မှာ တကယ်တမ်း၌ ကောင်းကင်နှင့် မြေကြီး တုန်ဟုန်သွားစေမည့် ကိစ္စရပ်ကြီးပင် ဖြစ်တော့သည်။

ယခင်က တရားလွှတ်တော်ချုပ်တွင် သွေးစွန်းခဲ့သည့် ဖြစ်ရပ်များနှင့် ယနေ့ညီလာခံအတွင်း သွေးချောင်းစီးခဲ့သည့် ကိစ္စရပ်များမှာ များစွာရင်သပ်ရှုမောဖွယ် ကောင်းလှသည်ဟု ဆိုနိုင်သော်လည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဇာတ်ကြီးနှင့် နှိုင်းယှဉ်ပါက ကလေးကစားစရာမျှသာ ရှိသေး၏။

နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် အခြေအနေများမှာမူ ခြေလှမ်းတိုင်းတွင် အန္တရာယ်များ ဝန်းရံနေပြီး သွေးမြေကျရမည့် အကွက်များဖြင့်သာ ပြည့်နှက်နေပေတော့မည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... နောက်ဆက်တွဲ အနေနဲ့ စီးကွမ် သေဆုံးသွားပြီးတဲ့နောက် စုချင်ဝမ် လည်း မကြာခင် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုနဲ့ အသတ်ခံရတော့မှာပါ။ အဲဒါက အရှင့်ရဲ့ ပြန်လည် ထွက်ပေါ်လာမှုအတွက် အကောင်းဆုံး ပတ်ဝန်းကျင် အခြေအနေကို ဖန်တီးပေးပါလိမ့်မယ်။”

ဧကရာဇ်ဟောင်းက ရယ်မောကာ ပြောလိုက်သည်။ “ပြန်တော့။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျုပ် ပြန်ခွင့်ပြုပါအုံး။”

လူဆယ်ယောက်ကျော်ခန့်၏ အစောင့်အရှောက်ဖြင့် ယွင်ကျုံးဟဲ့ သည် အိမ်သို့ ပြန်လာခဲ့သည်။

သို့ပေမည့် အိမ်နှင့် အတော်လေး ဝေးကွာသော နေရာမှာပင် မီးတောက်များကောင်းကင်သို့ ထိုးတက်နေသည်ကို မြင်တွေ့လိုက်ရပြီး အတွင်းမှ အသံကျယ်ကျယ်ဖြင့် ငိုကြွေးသံများ ထွက်ပေါ်နေ၏။

ယွင်ကျုံးဟဲ့ သည် အလျင်အမြန် ခြေလှမ်းသွက်သွက်ဖြင့် အိမ်သို့ ပြေးဝင်သွားတော့၏။ မြို့တော်တွင် ရှိသော သူ၏ အိမ်၊ နောက်ဆုံးကျန်ရှိနေသော အိမ်လေးသည် ယခုအခါ ရူးသွပ်မတတ် မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ငြှိမ်းသတ်၍ မရနိုင်တော့ချေ။

ထို့အပြင် အပြင်ဘက် လမ်းမပေါ်တွင် မည်းနက်နေသော အလောင်း အချို့ လဲကျနေပြီး ဖခင်နှင့် မိခင်၊ ညီမလေး တို့က လူများကို အသည်းအသန် ကယ်တင်နေကြသည်။

ယွင်ကျုံးဟဲ့၏ ရင်ထဲ၌ ဒိန်းခနဲ တုန်လှုပ်သွားရပြီး ဤအခြေအနေမှာ အချိန်အခါအားဖြင့် အလွန်ပင် ကွက်တိကျလှချေသည်ဟု တွေးတောလိုက်မိတော့၏။

ခေါင်းမော့ကြည့်လိုက်ရာ လမ်းထောင့်တွင် စီးကွမ်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရပြီး သူသည် စီးမိသားစု၏ သိုင်းပညာရှင်များ၊ စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူ အများအပြားနှင့် လူငယ် အရာရှိ အများအပြားကို ခေါ်ဆောင်ကာ လမ်းပေါ်တွင် မီးလောင်နေသည်ကို ရပ်ကြည့်နေကြသည်။

ယွင်ကျုံးဟဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရှေ့သို့ ပြေးထွက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “စီးကွမ်... ပြဿနာတွေက မိသားစုဆီ မရောက်သင့်ဘူးလေ။ ခင်ဗျား ဒီနေ့ ညီလာခံမှာ ကျုပ်ကို သတ်ဖို့ လုပ်ခဲ့တယ်။ အခု ကျုပ်အိမ်ကို မီးရှို့ပြီး ကျုပ်မိသားစုကို မီးရှို့သတ်ဖို့ လုပ်နေတာလား။”

စီးကွမ်က အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ် လုပ်တယ်လို့ ဘယ်သူပြောလဲ။ ကျုပ်က ပွဲလာကြည့်တာ သက်သက်ပါ။ ဒါ သေချာပေါက် တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ လျှို့ဝှက်သူလျှိုတွေ လုပ်သွားတာပဲ နေမှာ။ ခင်ဗျားတို့ ဘယ်လို ထင်လဲ။”

“ဟုတ်တယ်... ဟုတ်တယ်။” စီးကွမ်၏ ဘေးနားရှိ လူငယ် အရာရှိများနှင့် စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူ အများအပြားက ရယ်မောကာ ပြောလိုက်ကြ၏။

“ဒီမီးက သေချာပေါက် တာယင်အင်ပါယာ ဟေးလုံထိုင်က ရှို့သွားတာပဲ ဖြစ်ရမယ်။ အမတ်မင်း အောက်ယွီက တကယ် သနားစရာကောင်းတာပဲ။ မြို့တော်မှာရှိတဲ့ အိမ်တော်တွေ၊ အိမ်တွေ အားလုံး မီးရှို့ခံလိုက်ရပြီ ထင်တယ်။ အိမ်က မသန်စွမ်း အစောင့်တွေလည်း အတော်များများ မီးလောင်သေဆုံးသွားလောက်ပြီ။ တကယ်ကို သနားစရာ ကောင်းလိုက်တာ။” လူအချို့က သနားသည့် လေသံဖြင့် ပြောဆိုနေကြသော်လည်း မျက်လုံးများတွင်မူ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

စီးကွမ် သည် ယွင်ကျုံးဟဲ့ အနီးသို့ ချဉ်းကပ်လာပြီး သူ့ကို သတ်၍ ရ၊ မရ ချိန်ဆနေ၏။

သို့ပေမည့် အောက်ရှင်း သည် ငွေရောင်လှံရှည်ကြီးကို ကိုင်ဆောင်ကာ အောက်ယွီ၏ ဘေးတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် ယခုအချိန်တွင် အောက်ယွီကို သတ်၍ မရနိုင်တော့ကြောင်း သူ သိလိုက်သည်။ အောက်ရှင်းသည် ဖျားနာနေလျှင်တောင် သူ၏ သိုင်းပညာက အလွန် အံ့ဩစရာကောင်းနေဆဲ ဖြစ်သည်။

အပိုင်း (၅၁၂)

စီးကွမ်က အနားကပ်လာကာ အောက်ယွီ ဒေါသထွက်အောင် တိုးတိုးလေး ပြောလိုက်၏။ “အောက်ယွီ... မင်းသမီး ရှန်ရှန်းက ခင်ဗျားနဲ့ လျှို့ဝှက် ပတ်သက်မှု ရှိတယ် ဆိုပေမယ့် ခင်ဗျား သူမနဲ့ မအိပ်ဖူးသေးဘူး မဟုတ်လား။ ခင်ဗျားက ကျုပ်တို့ရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးချင်နေတာ လုံးဝ စိတ်ကူးယဉ်နေတာပဲ။

စိတ်ချပါ... သူ ကျုပ်ကို လက်ထပ်ပြီးသွားရင် ကျုပ် သူ့ကို သေမရ ရှင်မရ ဖြစ်အောင် နှိပ်စက်ပစ်မယ်။ သူ ဒီလောကကြီးထဲ ရောက်လာတာကို နောင်တရသွားအောင်၊ မိန်းမ တစ်ယောက် ဖြစ်လာတာကို နောင်တရသွားအောင်၊ ကျုပ်ကို စော်ကားမိတာကို နောင်တရသွားအောင် လုပ်ပစ်မယ်။

အောက်ယွီ... ငါက သားတော် နေရာကနေ ရုပ်သိမ်းခံလိုက်ရလို့ အရမ်း သနားစရာကောင်းနေတယ်လို့ ခင်ဗျား ထင်နေလား။ စိတ်ချပါ... သိပ်မကြာခင်မှာပဲ ပြန်လည် ရရှိသွားမှာပါ။ အဲဒီအချိန်ကျရင် ကျုပ် မင်းသမီး ရှန်ရှန်းကို လက်ထပ်တဲ့အခါ ခင်ဗျားကို မင်္ဂလာပွဲ လာတက်ဖို့ ဖိတ်ခေါ်ပါတယ်။

မင်္ဂလာဦးည အခန်း အပြင်ဘက်ကနေတောင် နားထောင်လို့ ရပါတယ်။ ရှန်းရှန်းရဲ့ သနားဖွယ်ကောင်းတဲ့ အော်ဟစ်သံတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ ဆိုတာကို ကျုပ် ခင်ဗျားကို ကြားအောင် လုပ်ပေးမယ်။ ဟား... ဟား...ဟား။”

ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် ဒေါသကြောင့် ခေါင်းများ မူးဝေသွားသကဲ့သို့ ကျယ်လောင်စွာ အော်လိုက်သည်။ “စီးကွမ်... ကျုပ် ခင်ဗျားကို သတ်ပစ်မယ်။ ကျုပ် ခင်ဗျားနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်မယ်။ အခုချက်ချင်း... လူတိုင်းရဲ့ အရှေ့မှာ... သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်မယ်။”

ယွင်ကျုံးဟဲ့၏ စကားကို ကြားလိုက်ရချိန်မှာတော့ ပထမဆုံး အံ့ဩမှင်သက်သွားသူမှာ အောက်ရှင်းဖြစ်ပြီး သူ၏ နားကိုပင် သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားတော့၏။

သူ့သား၏ သိုင်းပညာ အခြေအနေကို ဖခင်ဖြစ်သူက မသိဘဲ နေပါမည်လား။ သိုင်းပညာ အခြေခံမရှိဟု ပြောလျှင်ပင် အမွှမ်းတင်လွန်းရာ ရောက်နေဦးမည်။ စင်စစ်အားဖြင့်မူ လုံးဝအားကိုးရာမဲ့လှသည့် ကြက်ကလေး တစ်ကောင်ကဲ့သို့ ဖြစ်လို့နေသည်။

အခြားတစ်ဖက်တွင်မူ စီးကွမ်ကို တောင်ပိုင်းကျိုးအင်ပါယာ၏ ဒုတိယမြောက် အတော်ဆုံး လှံသမားဟုပင် တင်စားခေါ်ဝေါ်ကြ၏။

ဤသည်မှာ အနည်းငယ် ချဲ့ကားပြောဆိုခြင်း ဖြစ်နိုင်သော်လည်း သူ၏သိုင်းပညာ စွမ်းရည်မှာ အလွန်တရာ အစွမ်းထက်လှပြီး အောက်ယွီထက် အဆပေါင်းများစွာ သာလွန်ကြောင်းကိုမူ အပြည့်အဝ သက်သေပြပြီးသား ဖြစ်သည်။

ထို့နောက် စီးကွမ်လည်း လုံးဝ အံ့ဩမှင်သက်သွားသလို သူနှင့်အတူ ပါလာသည့် လူများလည်း အံ့ဩသွားကြတော့၏။

‘အောက်ယွီက စီးကွမ်ကို သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တယ် ဟုတ်လား။ လောကမှာ ဒီလိုကောင်းတဲ့ ကိစ္စမျိုး ရှိသေးတာလား။’

ယခင်က အောက်ယွီအား သုတ်သင်နိုင်ရန်အတွက် လူအများအပြားက နည်းလမ်းမျိုးစုံ အသုံးပြုကာ တန်ဖိုး ကြီးမားစွာ ရင်းနှီးပေးဆပ်ခဲ့ကြရသည်။

ယနေ့ ညီလာခံအတွင်း၌ပင် လူအုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်၍ အဆုံးစီရင်ရန် ကြံစည်ခဲ့ကြသော်လည်း အောက်ယွီမှာ သေဘေးမှ လွတ်မြောက်ခဲ့ရုံသာမက နင်ဟွိုင်အန်း၏ သားဖြစ်သူကိုပင် ပြန်လည် သတ်ဖြတ်နိုင်ခဲ့၏။

ထို့အပြင် စီးကွမ်သည်လည်း မြို့စားသားတော်ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရ၏။ အနည်းဆုံးတော့ အမည်ခံ သက်သက်ဖြင့် ရာထူးပြုတ်သွားခဲ့သည်ဟု ဆိုရပေမည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် အောက်ယွီက မိမိအသက်ကို အဆုံးခံရန် အလိုအလျောက် လာရောက်နေသည်မှာ အမှန် ဖြစ်နေသည်လား။

“ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်။”

စီးကွမ်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်၏။ “သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်မယ်။ ဒီနေ့... အခုချက်ချင်းပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ် အိမ်ပြန်ပြီး လက်နက် သွားယူလိုက်အုံးမယ်။”

စီးကွမ်က ပြန်ပြောလိုက်၏။ “မလောပါနဲ့။ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်မယ် ဆိုတော့လည်း ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရမှာပေါ့။ မြို့တော်က ပြိုင်ပွဲစင်မြင့်ကို သွားပြီး လူထောင်ချီရှေ့မှာ တိုက်ခိုက် ကြတာပေါ့။ ဒါမှ ကျုပ်က ခင်ဗျားကို ခိုးကြောင်ခိုးဝှက် လုပ်ကြံတယ်လို့ တခြားလူတွေ မထင်ကြမှာ။”

“ကောင်းပြီ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ခင်ဗျားကြိုက်တဲ့သူကို သွားခေါ်လိုက်။ နောက်ထပ် နှစ်နာရီဆိုရင် မြို့တော်က ပြိုင်ပွဲစင်မြင့်မှာ တွေ့ကြမယ်။”

“နောက်ထပ် နှစ်နာရီ ကြာရင် မြို့တော်က ပြိုင်ပွဲစင်မြင့်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်မယ်။” စီးကွမ်သည် လူဆယ်ယောက်ကျော်ခန့်ကို ခေါ်ဆောင်ကာ မြင်းစီး၍ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားတော့သည်။

စီးကွမ်၏ ဘေးနားရှိ လူငယ်အရာရှိများနှင့် မှူးမတ် သားသမီးများသည် ဤသတင်းကို နေရာအနှံ့ ဖြန့်ဝေလိုက်ကြတော့၏။

ချက်ချင်းပဲ ငြိမ်သက်နေသော ရေကန် အတွင်းသို့ ဧရာမကျောက်တုံးကြီး တစ်တုံး ပစ်ချလိုက်သကဲ့သို့ ကြီးမားသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာတော့သည်။

မြို့တော်၏ အထက်တန်းလွှာ တစ်ခုလုံး လုံးဝ ပွက်လောညံသွားတော့၏။ ‘အောက်ယွီ ရူးသွားပြီလား။ ဦးနှောက်ထဲ ရေဝင်သွားတာလား။ ခင်ဗျားက ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့သူကများ စီးကွမ်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ချင်တယ် ဟုတ်လား။ အိမ်သာထဲမှာ မီးအိမ် ထွန်းပြီး ချေးသွားရှာ နေတာလား။’

အောက်ယွီသည် မိမိကိုယ်မိမိ သေတွင်းတူးနေခြင်း ဖြစ်၊ မဖြစ်ဟူသော အချက်ကို ခေတ္တဘေးဖယ်ထားလျှင်ပင်၊ ကြည့်ရှုနေသူ လူအပေါင်းမှာမူ ရင်တထိတ်ထိတ်ဖြင့် စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ အကြောင်းမူ ဤပဋိပက္ခသည် လွန်စွာကြီးကျယ်ခမ်းနားသော ပြဇာတ်ကြီးတစ်ပုဒ်သဖွယ် ဖြစ်ပျက်နေသောကြောင့်ပင်။

တစ်ဖက်တွင် နန်းတွင်း၌ ဩဇာတိက္ကမကြီးမားသည့် မျိုးရိုးမတူသည့် ဘုရင်၏ သားတော်ရှိနေပြီး၊ အခြားတစ်ဖက်တွင်မူ ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို ခံယူထားရသူ ရှိနေ၏။

အဆုံးသတ်၌ မည်သူပင် ကျရှုံးပျက်စီးသွားသည်ဖြစ်စေ၊ ထိုဖြစ်ရပ်၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများသည် တစ်ပြည်လုံးကို အံ့ဩတုန်လှုပ်သွားစေမည့် အကျိုးဆက်များကို ဖြစ်ပေါ်စေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

စုချင်ဝမ်၏ အိမ်တော် အတွင်း၌ အောက်မင်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ဒီကိစ္စက အဲဒီလောက် မရိုးရှင်းဘူး။ အထဲမှာ လှည့်ကွက်တွေ ရှိနေလောက်တယ်။”

စုချင်ဝမ်၏သားတော် ကျိုးကျက ပြန်ပြောလိုက်သည်။ “အောက်ယွီက လုံးဝ ဒေါသထွက်သွားလို့ပါ။ ဒီနေ့ ညီလာခံမှာ ကျုပ်တို့က သူ့ကို ရိုက်သတ်ဖို့ လုပ်ခဲ့တယ်။ မင်းသမီး ရှန်ရှန်းက ပြေးထွက်လာပြီး သူ့ကို ကာကွယ်ပေးခဲ့တယ်။ အပြင်ပန်းမှာတော့ ချစ်ခင်ကြင်နာမှုတွေ ပြည့်နှက်နေပုံ ရပေမယ့် အောက်ယွီလည်း အရမ်း အရှက်ကွဲသွားတာပဲ။ မိန်းမ တစ်ယောက်ရဲ့ နောက်မှာ ပုန်းနေရတယ်ဆိုပြီး လူတိုင်းက လှောင်ပြောင်ကြမှာလေ။

ပြီးတော့ ဧကရာဇ်ကလည်း စေ့စပ်ထားတာကို မဖျက်သိမ်းခဲ့ဘူး။ ဒီကိစ္စ တွေ ဖြစ်ပြီးသွားတဲ့နောက်မှာ မင်းသမီး ရှန်ရှန်းသာ စီးကွမ်ကို လက်ထပ်လိုက်ရင် သေချာပေါက် ဒုက္ခရောက်တော့မှာပဲ။ အဲဒီအပြင် ဒီနေ့ စီးကွမ်က အောက်ယွီရဲ့ အိမ်ကို မီးရှို့ခဲ့ပြီး သူ့ရဲ့ မိသားစုဝင် တချို့ကိုပါ မီးရှို့သတ်ခဲ့ပုံ ရတယ်။ ဒါကြောင့် အောက်ယွီက ဒေါသထွက်ပြီး သူ့မှာလည်း ဉာဏ်နီဉာဏ်နက်လေးတွေ ရှိနေတော့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တာပဲ။”

အောက်မင်က ခေါင်းခါကာ ပြန်ပြောလိုက်၏။ “အဲဒီ မီးကို စီးကွမ်က လျှို့ဝှက် လူလွှတ်ပြီး ရှို့ခိုင်းခဲ့တာ မှန်ပေမယ့် မီးလောင်သေဆုံးသွားတဲ့ အလောင်းတွေက အောက်ယွီရဲ့ မိသားစုဝင်တွေ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒီအထဲမှာ လှည့်ကွက်တွေ ရှိနေတယ်လို့ ကျုပ် အမြဲတမ်း ခံစားနေရတယ်။”

စုချင်ဝမ်၏ သားတော်က ပြောလိုက်သည်။ “အောက်မင်... ခင်ဗျား အရမ်း တွေးလွန်းနေပြီ။ စီးကွမ်ရဲ့ သိုင်းပညာဟာ အောက်ယွီထက် အဆတစ်ထောင်မက သာလွန်ပါတယ်။ ကျုပ် ခင်ဗျားကို မေးမယ်... ခင်ဗျားရဲ့ စိတ်ကူးထဲမှာ ဒီတိုက်ပွဲဟာ ဘာအပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ထင်လဲ။ စီးကွမ် ရှုံးနိုင်ခြေ ရှိလို့လား။”

အောက်မင်က ပြန်ဖြေလိုက်၏။ “အောက်ယွီ ဆိုတဲ့လူကို ဘယ်လောက်ပဲ သတိထားထား လွန်တယ်လို့ မရှိပါဘူး။ ဒီလူက တကယ်ကို စဉ်းစားလို့တောင် မရနိုင်တဲ့ သူတစ်ယောက်ပါ။”

စုချင်ဝမ်က မေးလိုက်သည်။ “ဒါဆို ဒီတိုက်ပွဲကို ဖျက်သိမ်းခိုင်းရမလား။ စီးကွမ်က သေချာပေါက် သဘောတူမှာ မဟုတ်ဘူးနော်။”

“သေချာပေါက် မဖျက်သိမ်းရပါဘူး။”

အောက်မင်က ပြန်ဖြေလိုက်၏။ “ဒါက အောက်ယွီကို လူသိရှင်ကြား သတ်ပစ်ဖို့ အခွင့်အရေးကောင်းကြီး တစ်ခုပါ။ ဒါပေမဲ့ တစ်ခုခု အပြောင်းအလဲ ဖြစ်သွားခဲ့ရင်တောင် ကျုပ်တို့အတွက် မကောင်းဘူးလို့တော့ မဆိုနိုင်ပါဘူး။ အချုပ်အားဖြင့် ကျုပ်တို့အတွက် အကျိုးရှိတာပဲ ရှိပြီး ဆိုးကျိုး လုံးဝ မရှိပါဘူး။”

…………………

မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်း၏ အိမ်တော်အတွင်း၌ တစ်မိသားစုလုံး အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေကြတော့သည်။

သူတို့၏ သားသည် အရှင်လတ်လတ် ရိုက်သတ်ခံလိုက်ရပြီး အလွန် သနားဖွယ်ကောင်းအောင် သေဆုံးသွားခဲ့ရ၏။

နင်ဟွိုင်အန်း၏ ဇနီးသည် ဆိုလျှင် အသက်ရှူပင် ရပ်လုမတတ် ငိုကြွေးနေတော့သည်။ “ရှင် အခုချက်ချင်းသွား... သူတို့ကို သွားပြီး လက်စားချေပေး။”

“မိဖုရားကြီးဆီ သွား၊ ဧကရာဇ်ဆီ သွားပြီး လူသတ်သမားတွေကို ဥပဒေအရ အပြစ်ပေးခိုင်း။”

“ကျွန်မသား ရွှီးအာ အတွက် သွားပြီး လက်စားချေပေး။ သူတို့ကို အကုန် သတ်ပစ်... အကုန် သတ်ပစ်။”

နင်ဟွိုင်အန်း၏ ဇနီးနှင့် မိခင်တို့သည် တစ်ဖက်မှ အသံကျယ်ကျယ်ဖြင့် ငိုကြွေးရင်း တစ်ဖက်မှ အော်ဟစ်နေကြတော့သည်။

နင်ဟွိုင်အန်း သည် သားဖြစ်သူ၏ သွေးသံရဲရဲ ဖြစ်နေသော အလောင်းကို ကြည့်ရင်း တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေပြီး တစ်ကိုယ်လုံးရှိ သွေးကြောများပင် ထောင်မတ်လာကာ အရိုးစုများ အားလုံး တဂျွတ်ဂျွတ် မြည်နေတော့သည်။

သူ ပြေးထွက်သွားပြီး လူသတ်ပွဲကြီး ဆင်နွှဲချင်စိတ်များ ပေါက်နေတော့သည်။ သို့သော်ငြား လက်စားချေမည် ဟူသော စကားမှာ ပြောရလွယ်သလောက် မည်သူ့ထံ၌ အကြွေးဆပ်ရမည်နည်းဟူသော အချက်က ခက်ခဲလို့နေ၏။

နင်ရွှီးအား ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့သူများမှာ ညီလာခံအတွင်းမှ လူငယ်အရာရှိများသာ ဖြစ်ကြပြီး၊ တော်ဝင် မိသားစုဝင်ရှိ လူငယ်များမှာမူ အဆိုးရွားဆုံး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသူများ ဖြစ်ကြသည်။

ထိုသူအားလုံးမှာ နင်ဟွိုင်အန်းနှင့် တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြသော်လည်း တကယ့်ရန်သူအစစ်အမှန်မှာမူ အောက်ယွီနှင့် နန်းတွင်းထဲ၌ ခိုအောင်းနေသော ဧကရာဇ်ဟောင်း၏ လူယုံများသာ ဖြစ်ကြ၏။

၎င်းတို့သည် လူစားလဲသည့် ပရိယာယ်ကို အသုံးပြုကာ အောက်ယွီ၏နေရာ၌ နင်ရွှီးကို အစားထိုး ထည့်သွင်းခဲ့ကြသောကြောင့်သာ နင်ရွှီးတစ်ယောက် အရှင်လတ်လတ် ရိုက်သတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ဤသွေးကြွေး၌ အဓိကတရားခံဖြစ်သော ရန်သူအစစ်မှာ အောက်ယွီနှင့် ဧကရာဇ်ဟောင်းပင် ဖြစ်သည်။ နင်ဟွိုင်အန်းသည် တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားနေရပြီး မုန်းတီးမှုများ ပြည့်နှက်နေတော့၏။

“မိဖုရားကြီးကြွလာပါပြီ။”

ချက်ချင်းပဲ တစ်မိသားစုလုံး မိဖုရားကြီးကို သွားရောက်ကြိုဆိုကြတော့သည်။

“မိဖုရားကြီး...ကျွန်မတို့ကို တရားမျှတမှု ရှာပေးပါအုံး။” တစ်မိသားစုလုံး ဒူးထောက်လိုက်ကြပြီး အမျိုးသမီး နှစ်ဦးက မိဖုရားကြီး၏ အရှေ့တွင် နောက်တစ်ကြိမ် ငိုကြွေးတိုင်တန်းကြပြန်၏။

မိဖုရားကြီးလည်း ဤသတင်းဆိုးကို ကြားလိုက်ရချိန်မှာတော့ အလွန် ရင်ကွဲလုမတတ် ဖြစ်သွားရ၏။ သေချာပေါက် သူမက ဤ တူဖြစ်သူကို အရမ်း ချစ်ခင်နေခြင်းကြောင့် မဟုတ်ပေ။

သို့ရာတွင် ဤဖြစ်ရပ်မှာ သူမ၏ ဂုဏ်သိက္ခာကို ဗြောင်ကျကျ စော်ကားလိုက်ခြင်း ဖြစ်၏။ ၎င်းတို့သည် လူစားလဲရန်အတွက် အဘယ်ကြောင့် နင်ရွှီးကိုမှ ရွေးချယ်ခဲ့ကြသနည်း။ အခြားသူကို မရွေးချယ်ဘဲ နင်ရွှီးကို ရွေးချယ်ရခြင်းမှာ သူသည် မိဖုရားကြီး၏ တူတော်စပ်နေသောကြောင့် ဖြစ်သည်။

မိဖုရားကြီးက ပြောလိုက်၏။ “နင်ရွှီးကို သေစေခဲ့တဲ့ တကယ့် ရန်သူအစစ်က အောက်ယွီ ပဲ။”

နင်ဟွိုင်အန်း၏ ဇနီးက တောင်းဆိုလိုက်သည်။ “မိဖုရားကြီး... အောက်ယွီကို သေဒဏ် ပေးတော်မူပါ။”

အကယ်၍ သေဒဏ်ပေးရန်သာ အခွင့်သာခဲ့ပါက ယခုအချိန်အထိ စောင့်ဆိုင်းနေရန် လိုအပ်မည်လား။ မိဖုရားကြီးအနေဖြင့် အောက်ယွီအား အသေသတ်ရန် ကြံစည်ခဲ့သည်မှာလည်း တစ်ကြိမ်တစ်ခါမက၊ အကြိမ်ကြိမ်အခါခါ ရှိပြီဖြစ်၏။

“အောက်ယွီ မကြာခင် သေတော့မယ်။ ဒီနေ့ ညနေ ၅ နာရီခွဲမှာ အောက်ယွီနဲ့ စီးကွမ်တို့ မြို့တော် ပြိုင်ပွဲစင်မြင့်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ကြတော့မယ်။” မိဖုရားကြီးက ပြောလိုက်သည်။

နင်ဟွိုင်အန်း အံ့ဩသွားပြီး မေးလိုက်၏။ “အောက်ယွီ နဲ့ စီးကွမ် တိုက်ခိုက်မယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ ရူးသွားရင်တောင် ဒီလို လုပ်မှာ မဟုတ်ဘူးလေ။ ဒါက သေလမ်း သွားရှာတာပဲ မဟုတ်ဘူးလား။”

မိဖုရားကြီးက ပြောလိုက်သည်။ “သူ့မှာ အကြံအစည်တွေ ရှိနေသလား၊ ဒါမှမဟုတ် ဒေါသထွက်ပြီး လုပ်လိုက်တာလား ဆိုတာ မကြာခင် သိရတော့မှာပါ။”

နင်ဟွိုင်အန်း တစ်မိသားစုလုံးသည် ချက်ချင်း အိမ်မှ ထွက်ခွာလာကြပြီး မြို့တော်၏ ပြိုင်ပွဲစင်မြင့်သို့ သွားရောက်ကာ အောက်ယွီ သေဆုံးသည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် ပြင်ဆင်ကြတော့၏။

‘စီးကွမ်က အောက်ယွီကို အရမ်း မုန်းတီးနေတာဆိုတော့ ပြိုင်ပွဲစင်မြင့်မှာ သူ့ကို သေချာပေါက် အပိုင်းပိုင်း ခုတ်ထစ်ပစ်မှာပဲ။’

…………………

All Chapters