အခန်း (၅၁၇-၅၁၈)
Vol. 44 Ch. 517-518
အပိုင်း (၅၁၇)
ထိုအချိန်တွင်ပင် စုချင်ဝမ်၏ သားတော်က ပြောလိုက်၏။ “အဖေ... ကျုပ်က အခွင့်အရေးကို ယူပြီး လူငယ် အရာရှိ ရာချီ၊ လူငယ် စာမေးပွဲ အောင်မြင်သူ ရာချီကို ခေါ်ဆောင်ကာ ပြိုင်ပွဲစင်မြင့်ပေါ်ကို တက်ပြီး အောက်ယွီကို ဓားတွေနဲ့ ဝိုင်းခုတ်သတ်ဖို့ လုပ်ခဲ့တာပါ။ ကျုပ် အောင်မြင်လုနီးပါး ဖြစ်ခဲ့ပေမယ့် အောက်မင် ဆိုတဲ့ ခွေးကျွန်က တားဆီးခဲ့တယ်။ သူ... သူ ကျုပ်ကို ရိုက်ရဲတယ်။”
စုချင်ဝမ်၏ မျက်နှာ ပြောင်းလဲသွားပြီး မေးလိုက်သည်။ “သူ မင်းကို ဘယ်နေရာ ရိုက်တာလဲ။”
ကျိုးကျက ပြန်ဖြေလိုက်၏။ “သူ ကျုပ်ကို ပါးရိုက်တာပါ။ ဘယ်ဘက် ပါးကို ပြင်းပြင်းထန်ထန် အကြိမ်ကြိမ် ရိုက်ခဲ့တာပါ။ အဖေ... သူက ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ကျွန် တစ်ယောက်ပဲ ရှိသေးတာကို ကျုပ်ကို ရိုက်ရဲတယ်။ ဒါက ကျုပ်ကို ရိုက်တာ မဟုတ်ဘူး၊ အဖေ့ရဲ့ မျက်နှာကို လာရိုက်တာပါပဲ။”
စုချင်ဝမ်က ထပ်မေးလိုက်သည်။ “သူက မင်းရဲ့ ဘယ်ဘက် ပါးကို ရိုက်တာ ဟုတ်လား။”
“ဟုတ်ပါတယ်။”
ကျိုးကျက ပြောလိုက်၏။ “အဖေ... ကျုပ်အတွက် လက်စားချေပေးပါအုံး။”
စုချင်ဝမ်သည် သားဖြစ်သူ၏ ညာဘက် ပါးကို ပြင်းထန်စွာ ပါးရိုက်လိုက်တော့သည်။
“ရိုက်တာကောင်းတယ်။ ရိုက်တာကောင်းတယ်။ ကျုပ် သူ့ကို ကျေးဇူးတောင် တင်ရအုံးမယ်။” စုချင်ဝမ်က ပြောလိုက်၏။ “အခု ငါက ညာဘက် ပါးကိုပါ ဖြည့်ရိုက်ပေးလိုက်ပြီ။”
ကျိုးကျ သည် ချက်ချင်း အံ့ဩမှင်သက်သွားပြီး တုန်ယင် အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။ “အဖေ... ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ကျုပ်ကို ရိုက်တာလဲ။ ဒီနေ့ မနက်တုန်းက ကျုပ်တို့က ညီလာခံမှာ အောက်ယွီကို ရိုက်သတ်ဖို့ လုပ်ခဲ့တာပဲ မဟုတ်လား။ ရလဒ်အနေနဲ့ အောင်မြင်လုနီးပါး ဖြစ်ခဲ့တာကို အခု ညနေပိုင်းမှာ စီးကွမ် သေဆုံးသွားတာကို အခွင့်ကောင်းယူပြီး အောက်ယွီကို ဓားတွေနဲ့ ဝိုင်းခုတ်သတ်တာ ဘာမှားလို့လဲ။”
စုချင်ဝမ်က အေးစက်နေသည့် အသံဖြင့် ပြောလိုက်၏။ “အောက်ယွီ သေရမှာ မှန်ပေမယ့် တရားဝင် ဥပဒေအရ အပြစ်ပေးပြီး သတ်ရမှာ။ အခု သူက ကြီးမားတဲ့ နိုင်ငံရေး အားပြိုင်မှုရဲ့ အဓိက အကျဆုံးအရာ ဖြစ်လာသလို နိုင်ငံရေး လက်နက် တစ်ခုလည်း ဖြစ်လာပြီဆိုတာ နားလည်လား။”
ကျိုးကျက တုန်ယင်စွာဖြင့် မေးလိုက်သည်။ “နိုင်ငံရေး လက်နက်လား။ ဘာ နိုင်ငံရေး လက်နက်လဲ။”
‘သေချာပေါက် ဧကရာဇ်ဟောင်းကို တိုက်ခိုက်မယ့် နိုင်ငံရေး လက်နက်ပေါ့။ မင်း ဘာနားလည်လို့လဲ။ ဒီသားက တကယ်ကို စိတ်ပျက်စရာကောင်းတယ်။ အောက်မင် လို အရည်အချင်းရှိတဲ့ သားတစ်ယောက် ရှိနေလို့ အောက်တုန်းကို တကယ် အားကျမိတယ်။’
“ငါ နန်းတော်ကို အခုချက်ချင်း သွားရမယ်။ မင်း အိမ်မှာပဲ နေခဲ့။ ဘယ်မှ မထွက်နဲ့။”
စုချင်ဝမ်က အမိန့်လိုက်၏။ “လာကြစမ်း... သားတော်ကို သော့ခတ်ထားလိုက်။ တစ်လှမ်းမှ အပြင်မထွက်စေနဲ့။ သူ အပြင်ထွက်တာနဲ့ မင်းတို့ရဲ့ ခေါင်းတွေကို ငါ ဖြတ်ပစ်မယ်။”
“အမိန့်တော်အတိုင်းပါ။”
ဤသို့ဖြင့် စုချင်ဝမ်၏ သားတော် ကျိုးကျသည် ထိန်းသိမ်းခံလိုက်ရပြီး အရေးကြီးသော အချိန်တွင် အပြင်ထွက်ကာ ပြဿနာ မရှာနိုင်ရန် တားဆီးခံလိုက်ရသည်။
စုချင်ဝမ် သည် အိမ်မှ အလျင်အမြန် ထွက်ခွာသွားရာ အနောက်မှ ကိုယ်လုပ်တော်က ပြောလိုက်၏။ “အမတ်မင်း... အမတ်မင်း... ညစာ မစားရသေးဘူးလေ။”
‘ကောင်းကင်ကြီး ပြိုကျတော့မှာကို ဘာညစာ စားရအုံးမှာလဲ။’
………………..
အမတ်ချုပ်ကြီး လင်ကုန်း၏ စာကြည့်ဆောင်အတွင်း၌ လူနှစ်ဦးတည်းသာရှိပြီး အောက်မင် နှင့် လင်ကုန်း တို့ပင် ဖြစ်သည်။
“ဆရာ...ကျုပ်ကြောက်စရာကောင်းတဲ့ အန္တရာယ် တစ်ခုကို အနံ့ခံမိနေတယ်။”
အောက်မင်က ပြောလိုက်၏။ “အောက်ယွီ ဟာ သေချာပေါက် အနိုင်ရမယ် ဆိုတာကို သိလို့သာ စီးကွမ်ကို သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့တာပါ။ သူ့အိမ် မီးလောင်ပြီး အိမ်အစေခံ ဆယ်ယောက်ကျော် မီးလောင်သေဆုံးသွားတာကလည်း သူကိုယ်တိုင် ဖန်တီးထားတဲ့ သနားစရာ ပြဇာတ် တစ်ခုပါပဲ။ အခြေအနေတွေ ပိုဆိုးသွားအောင် လုပ်ပြီး စီးကွမ်ကို တရားမျှတစွာ၊ မှန်ကန်စွာနဲ့ ရဲရဲဝင့်ဝင့် သတ်ပစ်ဖို့အတွက်ပါ။”
အမတ်ချုပ်ကြီး လင်ကုန်း သည် တိတ်ဆိတ်စွာ နေနေသည်။
အောက်မင်က ပြောလိုက်၏။ “ဆရာ... အဓိက အချက်က စီးကွမ် သေဆုံးသွားတာဟာ ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန် ဖြစ်သွားစေမယ့်ကိစ္စကြီး တစ်ခု ဖြစ်လာမှာကို အောက်ယွီ သိသလို ဧကရာဇ်ဟောင်းလည်း သိပါတယ်။ ဒါပေမဲ့ ဘာလို့ ဒီလို လုပ်ခဲ့ကြတာလဲ။ ဒီအချက်က အရမ်းကို ကြောက်စရာကောင်းတယ်။”
လင်ကုန်း သည် ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။
အောက်မင်က ပြောလိုက်၏။ “ဆရာ... အခြေအနေတွေ အဆင်မပြေ ဖြစ်လာတဲ့အခါ အလောတကြီး မဖြစ်ရအောင် ကျုပ်တို့ ကြိုတင် ပြင်ဆင်ထားသင့်ပြီ မဟုတ်ဘူးလား။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ အမတ်ချုပ်ကြီး လင်ကုန်း၏ မျက်နှာ ပြောင်းလဲသွားပြီး အောက်မင်ကို မယုံကြည်နိုင်သလို ကြည့်နေမိတော့သည်။
အောက်မင်၏ ကြိုတင်ပြင်ဆင်ထားသင့်ပြီ ဟူသော စကားစုနောက်ကွယ်တွင် ရှိနေသည့် အဓိပ္ပာယ်မှာ ရိုးရှင်းသော ကြိုတင်ကာကွယ်မှုမျိုး မဟုတ်ဘဲ၊ တောင်ပိုင်းကျိုးအင်ပါယာတစ်ခုလုံးကို သွေးပင်လယ် ဝေသွားစေမည့် အလုံးစုံသော စစ်မက်ဗျူဟာနှင့် အာဏာသိမ်းပွဲ ပြင်ဆင်မှုကို ဆိုလိုခြင်း ဖြစ်သောကြောင့် အလွန် ကြောက်စရာ ကောင်းလွန်းလှ၏။
အမတ်ချုပ်ကြီး လင်ကုန်း သည်လည်း အောက်မင်ကို ပထမဆုံးအကြိမ် သိကျွမ်းရသကဲ့သို့ ခံစားလိုက်ရပြီး အချိန်အတော်ကြာပြီးမှသာ လင်ကုန်းက တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “အောက်မင်... ခင်ဗျားက ကျုပ်ရဲ့ အထူးချွန်ဆုံး တပည့်ပါပဲ။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ခင်ဗျားက ကျုပ်ကို ဒီလို စကားမျိုး ပြောရဲတာ ကျုပ် အရမ်း ဝမ်းသာပါတယ်။ ခင်ဗျားပြောတဲ့ စကားက အရမ်းကို ရည်ရွယ်ချက် ဆိုးရွားပြီး တစ်မိသားစုလုံး အသတ်ခံရနိုင်တဲ့ ပြစ်မှုမျိုးပါ။
ခင်ဗျားက ကျုပ်ကို ရင်ဖွင့်ပြီး ပြောပြရဲတာက ခင်ဗျားရဲ့ စိတ်ထဲမှာ ကျုပ်ကို ဆရာ တစ်ယောက် အနေနဲ့ သတ်မှတ်ထားလို့ပါ။ ဒါပေမဲ့ ကျုပ်က အမတ်ချုပ်ကြီး တစ်ယောက် အနေနဲ့ ရပ်တည်ချက် ပြောင်းလဲဖို့ ဖြစ်နိုင်ခြေ ရှိသေးတယ်လို့ ခင်ဗျား ထင်နေလား။”
လင်ကုန်းက ဆက်ပြောလိုက်၏။ “ခင်ဗျားနဲ့ အောက်ယွီဟာလည်း သေတဲ့အထိ ရန်သူတွေ ဖြစ်နေပြီလေ။ အကယ်၍ သူက တကယ်ပဲ တိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်း သူရဲကောင်း တစ်ယောက် ဆိုရင်တော့ ခင်ဗျားကို သည်းခံနိုင်ကောင်း သည်းခံနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ သူက တိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်း အဆိပ်ပြင်းတဲ့ သူတစ်ယောက် ဖြစ်နေတယ်။ တောင်ပိုင်းကျိုး အင်ပါယာက ကြီးမားပေမယ့် ခင်ဗျားတို့လို ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက်လုံးကိုတော့ လက်ခံနိုင်မှာ မဟုတ်ဘူး။”
အောက်မင် သည် ဒူးထောက်ကာ ပြောလိုက်သည်။ “နားလည်ပါပြီ ဆရာ။”
အမတ်ချုပ်ကြီး လင်ကုန်းက ပြောလိုက်၏။ “အောက်မင်... ခင်ဗျားက ဘာကိစ္စကို မဆို အောင်မြင်ဖို့ကို အရင် မစဉ်းစားဘဲ ကျရှုံးဖို့ကို အရင် စဉ်းစားတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး။ လမ်းတစ်လမ်းတည်းကိုပဲ အဆုံးအထိ လျှောက်သွားရတော့မယ်။ ဘယ်သူနဲ့ပဲ တွေ့တွေ့ နတ်ဘုရားနဲ့ တွေ့ရင် နတ်ဘုရားကို သတ်ပြီး၊ ဘုရားနဲ့ တွေ့ရင် ဘုရားကို သတ်ရမှာပဲ။
ကျုပ်တို့ ရှေ့မှာ ပိတ်ရပ်နေတဲ့သူက ဧကရာဇ်ဟောင်း ဖြစ်နေရင်တောင်မှပေါ့။ တောင်ပိုင်းကျိုးအင်ပါယာ ပြည်တွင်းစစ် ဖြစ်သွားရင်တောင်၊ တောင်ပိုင်းကျိုးအင်ပါယာ နှစ်ခြမ်းကွဲသွားရင်တောင် ကျုပ်တို့က အခု လျှောက်နေတဲ့ လမ်းကိုပဲ ဆက်လျှောက်သွားရမယ်။ အဲဒီလိုမှသာ အာဏာတွေ၊ ချမ်းသာကြွယ်ဝမှုတွေကို ထိန်းသိမ်းထားနိုင်မှာပါ။”
အမတ်ချုပ်ကြီး လင်ကုန်း၏ ဤစကားမှာလည်း အလွန် ရည်ရွယ်ချက် ဆိုးရွားလွန်းလေသည်။ သူတို့၏ နိုင်ငံရေး အကျိုးစီးပွားအတွက်၊ သူတို့၏ ဂုဏ်သိက္ခာနှင့် ချမ်းသာကြွယ်ဝမှုအတွက် တောင်ပိုင်းကျိုးအင်ပါယာ ပြည်တွင်းစစ် ဖြစ်သွားမည်ကိုပင်၊ တောင်ပိုင်းကျိုးအင်ပါယာ နှစ်ခြမ်းကွဲသွားမည်ကိုပင် ဂရုမစိုက်ကြချေ။
ဤအချိန်တွင် ဧကရာဇ်ဟောင်းက သူတို့၏ရန်သူ ဖြစ်လာမည် ဆိုလျှင်တောင် ကျိန်းသေပေါက် သေရမှာ ဖြစ်သည်။
ထို့နောက် အမတ်ချုပ်ကြီး လင်ကုန်းက တွေဝေစွာဖြင့် ပြောလိုက်၏။ “အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ ဘယ်သူမှ သေချာ မပြောနိုင်ပါဘူး။ ဒီကမ္ဘာကြီးက အမြဲတမ်း ပြောင်းလဲနေတာပဲလေ။”
ဤတစ်ကြိမ်တွင်မူ အောက်မင်၏ ကျောပြင်တစ်ခုလုံး သွေးဆုတ်သွားသကဲ့သို့ ကြက်သီးမွေးညင်းများ တဖြန်းဖြန်း ထသွားရုံမျှမက၊ ဦးခေါင်းတစ်ခုလုံးပင် ထုံကျင်အုံမှိုင်းသွားရတော့သည်။
သူ့ဆရာ ပြောလိုက်သော ဤစကားအနည်းငယ်၏ နောက်ကွယ်၌ ကိန်းဝပ်နေသည့် သတင်းအချက်အလက်များနှင့် လျှို့ဝှက်ချက်များမှာ အရမ်းကို များပြားဆန်းကြယ်လွန်းလှပြီး၊ သာမန်ဉာဏ်ဖြင့် တွေးတောမြော်မြင်ရန် နေနေသာသာ စိတ်ကူးနှင့်ပင် ခန့်မှန်းရဲစရာ မရှိလောက်အောင် ကြီးမားကျယ်ပြန့်လွန်းလှသည်။
အနာဂတ် ကမ္ဘာကြီးတွင် ကြီးမားသော အလှည့်အပြောင်း၊ အပြောင်းအလဲကြီးများ ဆိုက်ရောက်လာမည်လား။ သို့မဟုတ် ဤကမ္ဘာလောကကြီးသည် သူတို့ သတိမထားမိဘဲ နောက်ကွယ်တွင် အစဉ်အမြဲ တရွေ့ရွေ့ ပြောင်းလဲနေခဲ့ခြင်းလား။
ထိုသို့ဆိုလျှင် လာမည့် နောက်ဆက်တွဲ နှစ်အနည်းငယ်အတွင်းမှာပင် မလွဲမသွေ ဆိုက်ရောက်လာတော့မည့်၊ ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်မည့် အကြီးမားဆုံးသော အပြောင်းအလဲကြီးက ဘာဖြစ်မည်နည်း။
ထိုမေးခွန်း၏ သွေးအေးစရာ ကောင်းလှသော အဖြေမှန်ကြီးသည် ယခုအခါတွင်မူ သူတို့၏ မျက်စိရှေ့မှောက်ဝယ် ကန့်လန့်ကာ ပွင့်သွားသကဲ့သို့ ကွက်ကွက်ကွင်းကွင်း ထင်ရှားပေါ်လွင်ပြီး ရှင်းလင်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်တော့သည်။
“ကျုပ် နန်းတော်ကို သွားရတော့မယ်။ ခင်ဗျား ဒီမှာပဲ စောင့်နေ။ ကျုပ် ဘယ်အချိန် ပြန်လာမလဲ ဆိုတာ မသိပေမယ့် ခင်ဗျား မအိပ်နဲ့အုံး။ ကျုပ် ပြန်လာရင် ခင်ဗျားနဲ့ တိုင်ပင်စရာ ရှိသေးတယ်။” လင်ကုန်းက ပြောလိုက်၏။
“ကောင်းပါပြီ” အောက်မင်က ပြန်ဖြေလိုက်၏။
...................
နန်းတော် အတွင်းရှိ ဧကရာဇ်၏ စာကြည့်ဆောင် အတွင်း၌ ဝန်ကြီးချုပ် အချို့၊ နိုင်ကော်မှ အမတ်ကြီး အချို့၊ စုချင်ဝမ် နှင့် နန်ကုန်းချော့ တို့ ရှိနေကြသည်။
တောင်ပိုင်းကျိုးအင်ပါယာ၏ အမြင့်ဆုံး အာဏာပိုင် အမတ်ကြီးများ အနက် ဖူယန်ထူ နှင့် ဒုတိယမင်းသားတို့ အပြင်ရောက်နေသည်မှလွဲ၍ ကျန်ရှိသူများ အားလုံး ဤနေရာတွင် ရှိနေကြ၏။
သို့ပေမည့် မည်သူကမျှ အရင်ဆုံး စကားမပြောဝံ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် အလွန်ကြီးမားလွန်းသောကြောင့် မည်သို့ စတင် ပြောရမည်ကို မသိအောင် ဖြစ်နေကြသောကြောင့်ပင်။
ဤပြိုင်ပွဲတွင် အောက်ယွီ သေဆုံးသွားပါက အားလုံး ပျော်ရွှင်သွားမည်ဖြစ်ပြီး ဘာပြဿနာမှ ရှိလာမည် မဟုတ်ချေ။
သို့ပေမည့် စီးကွမ် သေဆုံးသွားပြီဖြစ်ရာ ပြဿနာကြီးသွားပြီ၊ ကောင်းကင်ကြီး ပြိုကျလောက်သည့် ပြဿနာကြီး ဖြစ်သွား၏။
ကျိန့်ဟိုင်မြို့စားအိမ်တော် စီးမိသားစု ပုန်ကန်တော့မည်လား ဆိုသည့် ပြဿနာ တစ်ခုတည်း မဟုတ်တော့ချေ။ မဟုတ်သေးပေ။ အကယ်၍ ဤအချက်ကိုသာ မမြင်တွေ့နိုင်ဘူးဆိုပါက သူတို့သည် နန်းတွင်း၏ အမြင့်ဆုံး အမတ်ကြီးများ ဖြစ်ရန် အရည်အချင်း မပြည့်မီတော့ချေ။
ဤသည်မှာ ဧကရာဇ် နှစ်ပါး၏ ထိပ်တိုက် တွေ့ဆုံမှုပင် ဖြစ်သည်။ ဧကရာဇ် နှင့် ဧကရာဇ်ဟောင်း တို့၏ အားပြိုင်မှုပင် ဖြစ်သည်။
မဟုတ်သေးပေ။ ဧကရာဇ် နှစ်ပါး၏ စစ်ပွဲ စတင်ပြီဟု ဆိုရမှာဖြစ်၏။
မူလက အခြေအနေသည် ဤမျှလောက် ပြင်းထန်မည် မဟုတ်ဘဲ ဧကရာဇ် နှစ်ပါး လျှို့ဝှက်စွာ အားပြိုင်နေကြမည်ဆိုလျှင်တောင် သားအဖ မေတ္တာတရား ဟူသော မျက်နှာဖုံးလေးကို တပ်ဆင်ထားပြီး နွေးထွေးကြင်နာသော ပုံစံမျိုး ပြသနေကြဦးမှာ ဖြစ်သည်။
သို့ပေမည့် ဧကရာဇ်ဟောင်း သေလုနီးပါး ဖြစ်ခဲ့စဉ်က ဧကရာဇ်သည် အမတ်များကို ခေါ်ဆောင်ကာ ရှန်ချင်းနန်းဆောင်၏ တားမြစ်နယ်မြေထဲသို့ အတင်း ဝင်ရောက်ခဲ့သောကြောင့် ဧကရာဇ်ဟောင်း၏ စိတ်နှလုံးထဲရှိ နောက်ဆုံး သည်းခံနိုင်စွမ်းကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်၏။
ထိုအချိန်ကတည်းကပင် ထိုနွေးထွေးကြင်နာလှသည့် မျက်နှာဖုံးကို ဆုတ်ဖြဲပစ်လိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် လူတိုင်းက ဤအခြေအနေကို အပြည့်အဝ သတိမထားမိခဲ့ကြချေ။
ဧကရာဇ်ဟောင်းသည် ယနေ့မှစ၍ လျှို့ဝှက်ဆန်းကြယ်မှုများ မရှိတော့သကဲ့သို့ ကြောက်ရွံ့ဖွယ်ရာလည်း မကောင်းတော့ဟုသာ ထင်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရောဂါကျွမ်း၍ လေဖြတ်နေသော အဘိုးအိုတစ်ဦးသာ ဖြစ်နေသောကြောင့်ပင်။
သို့ပေမည့် ဧကရာဇ်ဟောင်း၏ တန်ပြန်တိုက်ခိုက်မှုက ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြပေ။
တရားလွှတ်တော်ချုပ်ကို သွေးအိုင်ထွန်းစေခဲ့ပြီး စီးကွမ် ကို ထောင်ချောက်ဆင် နှိပ်ကွပ်ခဲ့သည့်တိုင်အောင် လူတိုင်းက သတိမမူမိကြသေးဘဲ ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် အောက်ယွီ ပုန်ကန်သည်ဟူသော ပြဇာတ်တစ်ပုဒ်ကို ဖန်တီး၍ ၎င်းကို သုတ်သင်ပစ်ရန်ပင် အခွင့်အရေး ရှာခဲ့ကြသေး၏။
သို့သော် တရားလွှတ်တော်ချုပ်၌ သွေးမြေကျခဲ့ခြင်းမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ မုန်တိုင်းကြီး၏ အစပျိုးမှုမျှသာ ဖြစ်လိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ကြချေ။
ယနေ့မွန်းလွဲပိုင်း ညီလာခံတွင် သွေးစွန်းခဲ့ပြီးနောက် အောက်ယွီ ကို လူစားလဲကာ နင်ရွှီး ကို အရှင်လတ်လတ် ရိုက်သတ်စေခဲ့သည့် အချိန်ကျမှသာ အထက်တန်းလွှာတို့သည် အန္တရာယ်အငွေ့အသက်ကို သိသိသာသာ ခံစားလိုက်ရတော့သည်။
ညီလာခံ၌ လူစားလဲသည့် ပြဇာတ်ကို မည်သူက ဖန်တီးနိုင်ပါမည်နည်း။ ယွီလင်ဝေ့ ဒုတိယတပ်မှူးကော အဘယ်ကြောင့် ဤမျှအထိ တက်ကြွလှုပ်ရှားနေရပါသနည်း။ ဤကိစ္စကို ပြုလုပ်နိုင်သူမှာ ဧကရာဇ်ဟောင်းကလွဲ၍ အခြားမည်သူ ရှိနိုင်ဦးမည်နည်း။
ထို့အပြင် ဤအားပြိုင်ပွဲ၌ စီးကွမ် ကို လူသိရှင်ကြား ကွပ်မျက်လိုက်ခြင်းသည် အရာအားလုံးကို ထင်ရှား ပြတ်သားစွာ သက်သေပြလိုက်ခြင်း ဖြစ်သည်။ ဧကရာဇ်နှစ်ပါးအကြားမှ စစ်ပွဲသည် အမှန်တကယ် စတင်သွားခဲ့ပြီ ဖြစ်ကြောင်းပင်။
ထို့ကြောင့်ပင် ဤဧကရာဇ်၏ စာကြည့်ဆောင်အတွင်း၌ အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ် ခြောက်ကပ်နေပြီး အပြင်ဘက်တွင် လရောင်ကြောင့် သာယာအေးချမ်းနေသော်လည်း စာကြည့်ဆောင် အတွင်း၌မူ အသက်ရှူရကျပ်မတတ် ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
.....................
အပိုင်း (၅၁၈)
ဧကရာဇ်သည် လက်ထဲရှိ ကြွေပန်းကန်လုံးကို ကိုင်တွယ်ကစားနေရင်း ဖြည်းညင်းစွာ ပြောလိုက်၏။ “အမတ်မင်းတို့... ခင်ဗျားတို့ အားလုံးက ကိုယ်တော်ရဲ့ အားကိုးရတဲ့ အမတ်တွေချည်းပါပဲ။ အားလုံး ပြောကြည့်ကြပါ။ အခု ဘယ်လို လုပ်ရမလဲ။”
ထို့နောက် အနေခက်သော တိတ်ဆိတ်မှုကြီး လွှမ်းမိုးနေဆဲ ဖြစ်သည်။
ဧကရာဇ်က ပိုမို ရှင်းလင်းစွာ ပြောလိုက်၏။ “အောက်ယွီက မြို့စားရဲ့ သားတော် စီးကွမ်ကို လူသိရှင်ကြား သတ်ပစ်လိုက်တယ်။ ဒီ အံ့ဩတုန်လှုပ်ဖွယ်ရာ အမှုကြီးကို ဘယ်လို ဖြေရှင်းကြမလဲ။”
ဧကရာဇ်၏ ဤစကားမှာ အလွန် ပေါ့ပါးသော်လည်း အဓိပ္ပာယ်မှာ အလွန် လေးနက်လေသည်။ ဤသည်က အမှုကိစ္စတစ်ခုလား။ သို့မဟုတ် လူသတ်မှုတစ်ခု သက်သက်လား။
ဧကရာဇ်မင်းမြတ်က လူတိုင်းအား မည်သို့စီရင်ရမည်နည်းဟု မေးခွန်းထုတ်နေခြင်းမှာ အမှန်စင်စစ် ဤနေရာတွင် ရှိနေကြသော နန်းတွင်း၏ အထက်တန်းစား အမတ်ကြီးများအား မည်သည့်ဘက်မှ ရပ်တည်၍ မည်သို့ ရွေးချယ်ကြမည်နည်းဟု မေးမြန်းနေခြင်းပင် ဖြစ်သည်။
လက်ရှိ ဧကရာဇ်မင်းမြတ်၏ ဘက်တော်သားအဖြစ် ရပ်တည်မည်လား သို့မဟုတ် ဧကရာဇ်ဟောင်း၏ ဘက်တော်သားအဖြစ် ရပ်တည်မည်လား။ ပကတိအခြေအနေမှာ အလွန်ပင် ထင်ရှားရှင်းလင်းနေပြီ ဖြစ်၏။
အကယ်၍ ဧကရာဇ်ဟောင်းဘက်မှ ရပ်တည်မည်ဆိုပါက အောက်ယွီသည် အမှန်တကယ်ပင် ရွေးချယ်စရာ လမ်းမရှိတော့သည့်အဆုံး ဒေါသအလျောက် တန်ပြန်တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပေမည်။
စီးကွမ် သည် လွန်စွာ အနိုင်ကျင့် ဗိုလ်ကျလွန်းလှသည်။ သူသည် အစဦး၌ ညီလာခံတွင် အောက်ယွီကို လူသိရှင်ကြား စော်ကားရိုက်နှက်ခဲ့ရုံမျှမက လူအများအား သွေးထိုးလှုံ့ဆော်၍ ၎င်းကို ရိုက်သတ်ရန်အထိ ကြံရွယ်ခဲ့သည်။
နိုင်ငံတော်သမိုင်းတစ်လျှောက် မကြားစဖူး အံ့ဩတုန်လှုပ်ဖွယ်ရာ အမှုဆိုးကြီးကို ဖန်တီးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နောက်ဆက်တွဲအနေဖြင့် စီးကွမ်သည် အောက်ယွီ၏ နေအိမ်ကို မီးတိုက်၍ အိမ်စေ ဆယ်ဂဏန်း မကကိုပါ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သေး၏။
မိဘနှင့် ညီမငယ်ကိုလည်း အိမ်ရာမဲ့ဖြစ်အောင် ပြုလုပ်ခဲ့သည်။ ဤရန်ငြိုး ရန်စကား ကောင်းကင်ပြိုမတတ် ကြီးမားလှ၏။ သူတို့သည် သာမန်အားပြိုင်ပွဲကို ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး သေခြင်းရှင်ခြင်း ကတိစာချုပ်ကိုလည်း အသေအချာ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။
‘ကျုပ် အောက်ယွီဟာ အားနည်းသူ ဖြစ်ပေမယ့် အားကြီးသူကို အနိုင်ယူနိုင်ခဲ့တယ်။ ဒီသတ်ဖြတ်မှုက လုံးဝ တရားမျှတပြီး အကြောင်းပြချက် ခိုင်လုံတယ်။ ကျုပ်မှာ ဘာအပြစ်ရှိလို့လဲ။ အသက်ကြီးရင့်လှတဲ့ လျန်ချင်ဝမ် ကိုယ်တိုင် သက်သေအဖြစ် ရှိနေခဲ့သလို လူပေါင်းထောင်ချီကလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြတာပဲ။ စီးကွမ်က ကျုပ်ကို သတ်ရင် သင့်တော်ပြီး၊ ကျုပ် အောက်ယွီက စီးကွမ်ကို သတ်တော့မှပဲ အပြစ်ဖြစ်တာလား။’
ထို့ကြောင့် အောက်ယွီကို သတ်၍ မရသကဲ့သို့ အပြစ်ပေးလို့လည်း မရချေ။ သို့သော်ငြား အောက်ယွီကို အပြစ်မပေးပါကလည်း ကျိန့်ဟိုင်မြို့စား စီးပြန်း က ပုန်ကန်ထကြွပေလိမ့်မည်။
‘ဧကရာဇ်မင်းမြတ်... ခင်ဗျားက ဂုဏ်သရေရှိတဲ့ တောင်ပိုင်းကျိုးရဲ့ ဧကရာဇ် တစ်ပါး ဖြစ်နေရက်နဲ့ မြို့စား သူပုန် တစ်ယောက်ကို အလျှော့ပေးပြီး လက်နက်ချတော့မှာလား။ ဧကရာဇ် တစ်ပါးရဲ့ မာန ဘယ်ရောက်သွားပြီလဲ။ အရင်တုန်းက ဧကရာဇ်ဟာ နိုင်ငံရဲ့ တံခါးပေါက်ကို ကာကွယ်ရမယ်လို့ ပြောခဲ့တဲ့ သတ္တိတွေ ဘယ်ရောက်သွားပြီလဲ။’
အကယ်၍ ဧကရာဇ်မင်းမြတ်သည် တိုက်ပွဲဝင်ရန် သတ္တိကင်းမဲ့ကာ ကျိန့်ဟိုင်မြို့စား စီးပြန်းကို အလျှော့ပေး ရမည်ဆိုပါက ဤတောင်ပိုင်းကျိုးအင်ပါယာ၏ အရှင်သခင်အဖြစ် ထီးနန်းစိုးစံရန် မည်သည့်အရည်အချင်းမှ ကျန်တော့မည် မဟုတ်ပေ။
တိုက်ပွဲဝင်ရန် လက်တွန့်နေသည့် ဧကရာဇ်သည် စီးပြန်းအား ဒူးထောက် အညံ့ခံလိုစိတ် ရှိနေသည်ဆိုပါက အရေးကြုံလျှင် တစ်ဦးတစ်ယောက်ကတော့ ရှေ့ထွက်လာရမည်သာ ဖြစ်သည်။
တိုင်းပြည်အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာနိုင်သူမှာ မည်သူဖြစ်မည်နည်း။ ထိုသူမှာ မည်သူဖြစ်ကြောင်း ထင်ရှားလို့နေ၏။
သို့ရာတွင် အကယ်၍ လက်ရှိဧကရာဇ်မင်းမြတ်၏ ဘက်တော်သားအဖြစ် ရပ်တည်မည်ဆိုပါက အောက်ယွီ သည် သေဒဏ်ပေးရန် သေချာပေါက် ထိုက်တန်သည့် ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့သူ ဖြစ်သွားပေလိမ့်မည်။
လက်ရှိအချိန်၌ လန်ကျိုးတွင် သဘာဝဘေးအန္တရာယ် ကပ်ဆိုးကြီး ဆိုက်ရောက်နေပြီး နိုင်ငံတော် ဘဏ္ဍာတိုက်တွင်လည်း ရန်ပုံငွေ ပြတ်လပ်နေပြီဖြစ်သည်။
ထို့အပြင် မြောက်ဘက်မှ တောင်ကြီးတစ်တောင်ကဲ့သို့ ထီးထီးကြီး ဖိနှိပ်ထားသည့် တာယင် အင်ပါယာ၏ အန္တရာယ်ကလည်း ရှိနေသေး၏။
ဤမျှ ခက်ခဲကျပ်တည်းလှသည့် အချိန်မျိုးတွင် တောင်ပိုင်းကျိုးနန်းတွင်းအနေဖြင့် ကျိန့်ဟိုင်မြို့စား စီးမိသားစု၏ အင်အားနှင့် အကူအညီကို မလွဲမသွေ လိုအပ်နေခြင်း ဖြစ်သည်။
ထို့အပြင် ကျိန့်ဟိုင်မြို့စားသည် ကပ်ဘေးကယ်ဆယ်ရေးအတွက် ငွေသန်းချီ ထုတ်ပေးခဲ့သည့်အပြင် ရိက္ခာ သိန်းချီကိုလည်း လှူဒါန်းခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ကျိန့်ဟိုင်မြို့စားသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးမားလှသည့် အကျိုးဆောင်ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟု ဆိုရပေမည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် အောက်ယွီသည် ဤကဲ့သို့ တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေသော အချိန်မျိုးတွင် ကျိန့်ဟိုင်မြို့စား၏ သားတော် စီးကွမ်ကို သတ်ဖြတ်ပစ်ခဲ့ရာ ကြီးမားလှသည့် ရာဇဝတ်မှုကြီး ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အောက်ယွီကို မကွပ်မျက်ဘဲ ချန်ထားမည်ဆိုပါက နန်းတွင်းရှိ သစ္စာခံ အမတ်ကြီးများကို မည်ကဲ့သို့ ရှင်းပြမည်နည်း။ မြို့စားမင်း စီးပြန်းကိုကော မည်ကဲ့သို့ မျက်နှာပြရမည်နည်း။
အကယ်၍ အောက်ယွီကို မသတ်ဘဲ ဥပဒေအရ ထိရောက်စွာ အပြစ်မပေးခဲ့လျှင် သစ္စာရှိသော အမတ်များ၏ စိတ်နှလုံးကို နာကျင်စေမည် မဟုတ်ပါလား။
ဤအခြေအနေမှာ ကျိန့်ဟိုင်မြို့စားအား ပုန်ကန်ထကြွလာစေရန် ဖိအားပေး တွန်းပို့လိုက်ခြင်းနှင့် မခြားတော့ချေ။
လက်ရှိအချိန်၌ နန်းတွင်း၏ ရေတပ်တော်သည် ကြီးမားလှသော ထိုးနှက်ချက်ကို ခံထားရသည့်အပြင် နိုင်ငံတော် ဘဏ္ဍာတိုက်တွင်လည်း ရန်ပုံငွေ ပြတ်လပ်နေပြီဖြစ်ရာ ဤကဲ့သို့သော စစ်ပွဲကြီးကို ဆင်နွှဲနိုင်မည့် အခြေအနေ မရှိတော့ပေ။
အကယ်၍ ကျိန့်ဟိုင်မြို့စား စီးပြန်းသာ အမှန်တကယ် ပုန်ကန်ထကြွခဲ့လျှင် မည်သူက သွားရောက် နှိမ်နင်းနိုင်ပါဦးမည်နည်း။ ကျယ်ပြောလှသော ပင်လယ်ပြင်ထက်တွင် စီးပြန်း၏အင်အားကို မည်သူက ယှဉ်ပြိုင်နိုင်ပါမည်နည်း။
သို့ဖြစ်ရာ အောက်ယွီအား မဖြစ်မနေ ဥပဒေအတိုင်း ထိရောက်စွာ အပြစ်ပေးရမည်သာ ဖြစ်သည်။ အောက်ယွီကို ကွပ်မျက်မှသာလျှင် ကျိန့်ဟိုင်မြို့စား စီးပြန်းကို ကျေနပ်အောင် ရှင်းပြနိုင်မည်ဖြစ်ပြီး သူ ပုန်ကန် မလာစေရန်လည်း တားဆီးနိုင်ပေလိမ့်မည်။
စီးကွမ် သေဆုံးသွားသည့် ကိစ္စရပ်အပေါ်တွင် ပါရမီရှင် အောက်မင်သည် ဧကရာဇ်နှစ်ပါးအကြားမှ စစ်ပွဲ အမှန်တကယ် စတင်နေပြီဖြစ်ကြောင်း ထိုးထွင်းသိမြင် ဆုံးဖြတ်နိုင်ခဲ့သည်။
ထို့ကြောင့်ပင် စုချင်ဝမ်၏ သားတော် နောက်ထပ် ပြဿနာ ရှာမလာနိုင်စေရန်အတွက် ထိန်းသိမ်းထားရသော ယဉ်ကျေးပျူငှာသည့် မျက်နှာဖုံးကို ဆုတ်ဖြဲကာ သူ့အား ပါးရိုက်၍ နှင်ထုတ်ခဲ့ခြင်း ဖြစ်၏။
ယခုအခါ ဧကရာဇ် သည် အောက်ယွီကို ဖမ်းဆီးသင့် မသင့်၊ အောက်ယွီကို တရားဝင် အပြစ်ပေးသင့် မသင့် ဆိုသည်ကို ပေါ့ပေါ့ပါးပါး မေးမြန်းနေသည်။
အပေါ်ယံတွင်တော့ အမှုအကြောင်း မေးမြန်းနေခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင်မူ ထိုနေရာတွင် ရှိနေသော အမတ်ကြီးများကို ရပ်တည်ချက် ရွေးချယ်ရန် ဖိအားပေးနေခြင်း ဖြစ်၏။
“အရှင်မင်းမြတ်... တော်ဝင် သမားတော် လင်ကျုံးရင် တွေ့ဆုံခွင့် တောင်းပါတယ်။”
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “အင်း... သူ့ကို ဝင်လာခိုင်းလိုက်။”
အမတ်ကြီး အချို့ အနည်းငယ် အံ့ဩသွားကြသည်။ ဤစာကြည့်ဆောင် အတွင်း၌ ရှိနေသူများ အားလုံးမှာ ပထမအဆင့် အမတ်ကြီးများ ဖြစ်ကြပြီး အချို့မှာ အထူးအဆင့် အမတ်ကြီးများ ဖြစ်ကြ၏။
ဤနေရာသို့ တော်ဝင် သမားတော်ကဲ့သို့ ဆဋ္ဌမအဆင့် အရာရှိ တစ်ယောက်က ဝင်လာနိုင်သည့် အရည်အချင်း မရှိပေ။
သို့ပေမည့် လူတိုင်းက ချက်ချင်း နားလည်သွားကြတော့၏။ ဤသည်မှာ ဧကရာဇ်ဟောင်း၏ကျန်းမာရေး အခြေအနေကို လာရောက် အစီရင်ခံခြင်း ဖြစ်သည်။
မကြာမီမှာပဲ တော်ဝင် သမားတော် လင်ကျုံးရင် ဝင်ရောက်လာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်...”
ဧကရာဇ်က မေးလိုက်သည်။ “လင်ကျုံးရင်... ခင်ဗျားက မီတျဲ ချိုင့်ဝှမ်းက ဆရာကြီး ကျန်းကူ နဲ့ ရင်းနှီးတယ် မဟုတ်လား။”
တော်ဝင် သမားတော်က ပြန်ဖြေလိုက်၏။ “ကျုပ် မီတျဲ ချိုင့်ဝှမ်းက ဆရာကြီးကျန်းကူ ဆီမှာ လဝက်လောက် ပညာသင်ခဲ့ဖူးပါတယ်။”
ဧကရာဇ်က ထပ်မေးလိုက်သည်။ “ကိုယ်တော်က ဧကရာဇ်ဟောင်းရဲ့ ကျန်းမာရေးကို အရမ်း စိုးရိမ်ပါတယ်။ ဆရာကြီးကျန်းကူ ဘက်ကနေ ဘာအကြောင်းပြန်ချက်များ ရလာပြီလဲ။”
တော်ဝင် သမားတော် လင်ကျုံးရင်က ပြန်ဖြေလိုက်၏။ “ဆရာကြီးကျန်းကူက အကြောင်းပြန်လာပါတယ်။ အောက်ယွီက မီတျဲ ချိုင့်ဝှမ်းကနေ ဆေးတစ်မျိုး သွားတောင်းခဲ့တယ်။ အဲဒီဆေးက နှလုံးကို ပြင်းပြင်းထန်ထန် လှုံ့ဆော်ပေးပြီး ဦးနှောက်ကိုလည်း လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဧကရာဇ်ဟောင်း ပြန်လည် နိုးထလာဖို့ အဓိက အကြောင်းရင်း ဖြစ်သွားတာပါတဲ့။”
“အင်း...”
ဧကရာဇ်က ပြောလိုက်သည်။ “ဒါ အရမ်းကောင်းတာပေါ့။ ဧကရာဇ်ဟောင်း ပြန်လည် နိုးထလာတာဟာ တကယ့် ကံကောင်းမှုကြီးပါပဲ။”
တော်ဝင် သမားတော်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ဆရာကြီးကျန်းကူက ပြောပါတယ်။ ဒါဟာ ပြင်းထန်တဲ့ ဆေးတစ်မျိုးဖြစ်ပြီး အသက်ကို တန်ဖိုးထားပြီး သုံးစွဲရတာပါ။ ဒီ ပြင်းထန်တဲ့ ဆေးတစ်ခွက်ကြောင့် ဧကရာဇ်ဟောင်း ပြန်လည် နိုးထလာပေမယ့် အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ပါဘူး။ အလွန်ဆုံး တစ်နှစ်လောက်ပဲ ခံတော့မှာပါတဲ့။”
ဧကရာဇ်က တုန်ယင်စွာဖြင့် မေးလိုက်သည်။ “ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါဆို ဧကရာဇ်ဟောင်းက ပြန်ပြီး မတ်တတ်ရပ်နိုင်အုံးမလား။”
တော်ဝင် သမားတော်က ပြန်ဖြေလိုက်၏။ “မတ်တတ်ရပ်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီ ပြင်းထန်တဲ့ဆေးက ဧကရာဇ်ဟောင်းရဲ့ ခန္ဓာကိုယ်ထဲက အကြောတွေကို အကုန်လုံး ဆုတ်ဖြဲပစ်လိုက်ပါပြီ။”
ဧကရာဇ်သည် မျက်ရည်များကျဆင်းလာကာ မေးလိုက်သည်။ “ဒါ... ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ။”
တော်ဝင် သမားတော် လင်ကျုံးရင်က စာတစ်စောင်ကို ကမ်းပေးကာ ပြောလိုက်၏။ “ဒါက မီတျဲ ချိုင့်ဝှမ်းက ဆရာကြီးကျန်းကူရဲ့ အကြောင်းပြန်စာပါ။”
ဧကရာဇ်က ထိုစာကို ယူကြည့်လိုက်ရာ အမှန်တကယ်ပင် ရှင်းလင်းစွာ ရေးသားထားကြောင်း တွေ့ရှိလိုက်ရ၏။
အောက်ယွီက ဆေးတောင်းခံရာတွင် အဘယ်ကြောင့် အောင်မြင်ခဲ့သည် ဆိုသည်ကိုပင် ရှင်းပြထားသေး၏။ သူ၏ သွေးသည် ကြီးမားသော တန်ဖိုးရှိပြီး မီတျဲ ချိုင့်ဝှမ်း၏ အရေးကြီးသော သုတေသန အချို့ကို တွန်းအားပေးနိုင်ခဲ့သောကြောင့် ကုသိုလ်အမှတ် အများအပြား ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
ဧကရာဇ်သည် မီတျဲ ချိုင့်ဝှမ်း၏ အကြောင်းပြန်စာကို အောက်ဘက်ရှိ ဝန်ကြီးချုပ်များနှင့် နိုင်ကော်မှ အမတ်ကြီးများကို ပြသလိုက်၏။
မီတျဲ ချိုင့်ဝှမ်း၏ စာလွှာကို အတုအပ ပြုလုပ်၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စက္ကူများမှာ လုံးဝ မတူညီဘဲ ပျော့ပျောင်းသော ကျောက်စိမ်းနှင့် တူကာ ပွတ်ခြေ၍ မရသလို ဆုတ်ဖြဲ၍လည်း မရနိုင်သောကြောင့်ပင်။
ထို့အပြင် မီတျဲ ချိုင့်ဝှမ်း၏ တံဆိပ်တုံးမှာလည်း အရောင် ပြောင်းလဲနိုင်ပြီး အတွင်း၌ ဖောင်းကြွပုံစံ အသေးစိတ် အချက်အလက်များ အများအပြား ပါဝင်နေသောကြောင့် အတုအပ ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်ချေ။
ရောဂါများနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွင် မီတျဲ ချိုင့်ဝှမ်းသည် ကမ္ဘာ့ နံပါတ်တစ် အာဏာပိုင် အဖွဲ့အစည်း ဖြစ်သည်။
ထို့အပြင် ယခုတစ်ကြိမ် ဧကရာဇ်ဟောင်းသည် မီတျဲ ချိုင့်ဝှမ်း၏ ဆေးကို သောက်သုံးပြီးမှသာ ပြန်လည် နိုးထလာခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် မီတျဲ ချိုင့်ဝှမ်းက ဧကရာဇ်ဟောင်း အသက်ရှင်ရန် အချိန် သိပ်မရှိတော့ဘူးဟု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
‘သေလုနီးပါး ဖြစ်နေပြီး လုံးဝ လေဖြတ်နေသော အဘိုးအို တစ်ဦး၊ အသက် ရှစ်ဆယ်နီးပါး ရှိနေသော အဘိုးအို တစ်ဦးအတွက် ခင်ဗျားတို့က ဘာကို စိုးရိမ်နေကြသေးတာလဲ။ ဘာကို တွေဝေနေကြသေးတာလဲ။’
စုချင်ဝမ်က ပြောလိုက်၏။ “ကျုပ်ဟာ နိုင်ကော်ရဲ့ ပထမ ဝန်ကြီးချုပ်လည်း မဟုတ်သလို နိုင်ကော်ရဲ့ ပထမ အမတ်ကြီးလည်း မဟုတ်ပါဘူး။ တော်ဝင်တရားရုံး အကြီးအကဲ တစ်ယောက် သက်သက်ပါပဲ။ ဒါပေမဲ့ စီးကွမ်က မြို့စားရဲ့ သားတော် ဖြစ်နေတော့ ဒီကိစ္စကို ကျုပ် စီမံခန့်ခွဲခွင့် ရှိတယ်လို့ ယူဆပါတယ်။”
ဧကရာဇ်က ပြောလိုက်သည်။ “ဦးလေးတော်... ပြောပါ။”
စုချင်ဝမ်က ပြောလိုက်၏။ “အောက်ယွီ ဟာ မြို့စားရဲ့ သားတော်ကို ကိုယ်ကျိုးအတွက် သတ်ပစ်လိုက်တဲ့အတွက် ပြစ်မှု အရမ်းကြီးမားပါတယ်။ သူ့ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်သင့်ပါတယ်။ ဒါမှသာ ကျိန့်ဟိုင်မြို့စားကို ရှင်းပြနိုင်မှာ ဖြစ်ပြီး လောက က ပြည်သူတွေကိုလည်း ရှင်းပြနိုင်မှာပါ။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပထမဆုံး ရပ်တည်ချက် ရွေးချယ်လိုက်ပြီဖြစ်ရာ နောက်ဆက်တွဲ အနေဖြင့် သူတို့ အလှည့် ရောက်ပြီ ဖြစ်သည်။
အမတ်ချုပ်ကြီး လင်ကုန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “အောက်ယွီရဲ့ ပြစ်မှုဟာ အရမ်းကြီးမားပါတယ်။ သူ့ကို တရားဝင် အပြစ်ပေးပြီး လောက က ပြည်သူတွေကို ရှင်းပြသင့်တယ်လို့ ကျုပ်လည်း ထင်ပါတယ်။”
နိုင်ကော်၏ ပထမ ဝန်ကြီးချုပ် နောက်ဆုံးတော့ စကားပြောလာပြီ ဖြစ်သည်။ “အောက်ယွီရဲ့ ပြစ်မှုဟာ အရမ်းကြီးမားပါတယ်။ တရားဝင် အပြစ်ပေးသင့်တယ်လို့ ကျုပ် ထင်ပါတယ်။”
နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်က ပြောလိုက်၏။ “အောက်ယွီရဲ့ ပြစ်မှု ဟာ အရမ်းကြီးမားပါတယ်။ တရားဝင် အပြစ်ပေးသင့်တယ်လို့ ကျုပ်လည်း ထင်ပါတယ်။”
နိုင်ကော်မှ အမတ်ကြီးက ဦးညွတ်ကာ လျှောက်တင်လိုက်သည်။ “အောက်ယွီရဲ့ ပြစ်မှုဟာ အရမ်းကြီးမားပါတယ်။ တရားဝင် အပြစ်ပေးသင့်တယ်လို့ ကျုပ် ထင်ပါတယ်။”
နိုင်ကော်မှ လက်ဝဲ ဒု-အမတ်ကြီးနှင့် လက်ယာ ဒု-အမတ်ကြီး တို့လည်း ဒူးထောက်ကာ လျှောက်တင်လိုက်ကြ၏။ “အောက်ယွီရဲ့ ပြစ်မှုဟာ အရမ်းကြီးမားပါတယ်။ တရားဝင် အပြစ်ပေးပြီး အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်သင့်တယ်လို့ ကျုပ်တို့ ထင်ပါတယ်။”
..................................