← Chapters

အခန်း (၅၁၉-၅၂၀)

Vol. 44 Ch. 519-520

အခန်း (၅၁၉-၅၂၀)

Vol. 44 Ch. 519-520

အပိုင်း (၅၁၉)

နန်းတွင်းတွင် တခြားသော အမတ်ကြီး အချို့လည်း ရှိသေးသည်။ ဥပမာ ထိုက်ဝေ့ (စစ်သေနာပတိချုပ်)၊ ထိုက်ရှီး (ဧကရာဇ်၏ ဆရာ)၊ ထိုက်ပေါင် (အိမ်ရှေ့စံမင်းသား၏ ဆရာ) တို့ ဖြစ်သည်။

သို့ပေမည့် ယခုအခါ ထိုက်ဝေ့ နေရာမှာ လွတ်နေပြီး ထိုက်ရှီးကို ပထမ ဝန်ကြီးချုပ်က ပူးတွဲ တာဝန်ယူထားကာ ထိုက်ပေါင်ကတော့ အမြဲတမ်း နေမကောင်းဘူးဟု အကြောင်းပြပြီး အိမ်မှာပဲ နေနေ၏။

တောင်ပိုင်းကျိုး နန်းတွင်း၏ အမတ်ကြီးကိုးဦး အနက် ဖူယန်ထူက မြို့တော် တွင် မရှိသောကြောင့် ထိုနေရာတွင် ရှိနေသော အမတ်ကြီး ခုနစ်ဦးလုံး ရပ်တည်ချက် ရွေးချယ်ပြီးသွားပြီ ဖြစ်သည်။

သူတို့ အားလုံးက ဧကရာဇ်ဟောင်းသည် ရောဂါကျွမ်းနေပြီး လေဖြတ်နေကာ အသက်ရှင်ရန် အချိန် သိပ်မရှိတော့ဘူးဟု ထင်မှတ်နေကြ၏။

ထို့ကြောင့် ဧကရာဇ်ဟောင်း နှင့် ဧကရာဇ်ကြားတွင် သေခါနီး ဧကရာဇ်ဟောင်းကို မရွေးချယ်ဘဲ ငယ်ရွယ်သော ဧကရာဇ်ကိုသာ ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။

“နန်ကုန်းချော့... ခင်ဗျား ဘယ်လို ထင်လဲ။” ဧကရာဇ်က မေးလိုက်၏။

နန်ကုန်းချော့က ပြန်မေးလိုက်သည်။ “အရှင်မင်းမြတ်...ကျုပ်လည်း စကားပြောခွင့် ရှိပါသလား။”

ဧကရာဇ်က ပြုံးလျက် အမိန့်ပေးလိုက်၏။ “အမိန့်တော် ရေးလိုက်.... ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့ ဟာ ကြိုးစားအားထုတ်မှု ကြီးမားတဲ့အတွက် အိမ်ရှေ့စံမင်းသား၏ ဆရာ (ထိုက်ပေါင်) အဖြစ် ခန့်အပ်လိုက်တယ်။”

ဟေးပင်းထိုင် အကြီးအကဲ၏ အာဏာမှာ ကြီးမားသော်လည်း နိုင်ငံရေး အဆင့်အတန်း အရဆိုလျှင် သိပ်မမြင့်မားလှချေ။

ဟေးပင်းထိုင်မှာ တာယင်အင်ပါယာ ဟေးလုံထိုင်နှင့် မတူညီချေ။ တာယင်အင်ပါယာတွင် အကြီးအကဲ အဆက်ဆက်သည် အိမ်ရှေ့စံမင်းသား၏ ဆရာ ရာထူးကို ပူးတွဲ တာဝန်ယူလေ့ရှိပြီး တချို့က တိုက်ရိုက် ထိုက်ပေါင် အဖြစ်ပင် တာဝန်ယူကြသည်။

ယခုအခါ ဧကရာဇ်က နန်ကုန်းချော့ကို ရာထူးတိုးပေးလိုက်သောကြောင့် သူ၏ နိုင်ငံရေး အဆင့်အတန်းမှာ မြောက်ဘက်ရှိ ကုန်းစွန်းယန်နှင့် တန်းတူနီးပါး ဖြစ်သွားပြီ ဖြစ်၏။

သို့ပေမည့် အနည်းငယ်ကွာဟနေသေး၏။ အဘယ်ကြောင့်ဆိုသော် ကုန်းစွန်းယန် သည် အိမ်ရှေ့စံမင်းသား၏ ဆရာ ဖြစ်ရုံသာမက တာယင်အင်ပါယာ၏ နယ်စားဘွဲ့ကို ပါ ရရှိထားသောကြောင့် ဖြစ်သည်။

ယခုတစ်ကြိမ် ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲတွင် ယန်ဖြန်ရှန် သာ အနိုင်ရရှိခဲ့ပါက နန်ကုန်းချော့ သည် အစောကြီးတည်းက အိမ်ရှေ့စံမင်းသား၏ ဆရာ အဖြစ် ခန့်အပ်ခံရပြီး မြို့စားဘွဲ့ကိုပါ ရရှိသွားလောက်ပြီဖြစ်၏။

ရလဒ်အနေဖြင့် ယန်ဖြန်ရှန် ရှုံးနိမ့်သွားသောကြောင့် နန်ကုန်းချော့၏ အဆင့်အတန်းလည်း နှောင့်နှေး သွားခဲ့ရသည်။

ယခုအခါ ဧကရာဇ်ဟောင်းနှင့် ယှဉ်ပြိုင်ရတော့မည်ဖြစ်ရာ ဧကရာဇ်သည် နောက်ဆုံးတွင် ရက်ရောသွားပြီး နန်ကုန်းချော့ကို ရာထူးတိုးပေးလိုက်ခြင်း ဖြစ်၏။

သေချာပေါက် အိမ်ရှေ့စံမင်းသား၏ ဆရာ အဖြစ်သာ ခန့်အပ်လိုက်ခြင်းဖြစ်ပြီး မြို့စားဘွဲ့ကိုမူ မပေးရသေးချေ။ သို့ပေမည့် ကိစ္စများ အောင်မြင်သွားပြီး ဧကရာဇ်ဟောင်းကို လုံးဝ အနိုင်ယူပြီးသွားပါက နန်ကုန်းချော့ကို မြို့စားဘွဲ့ ပေးအပ်မှာ ဖြစ်သည်။

နန်ကုန်းချော့ သည် ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်၏။ “အရှင်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”

ဧကရာဇ်က ပြောလိုက်သည်။ “မြန်မြန် ထပါ။ ဒီနှစ်တွေအတွင်း ခင်ဗျား တကယ် ပင်ပန်းခဲ့ပါတယ်။ တစ်ခါတလေ ကိုယ်တော်က ခင်ဗျားအပေါ် အရမ်း တင်းကျပ်ခဲ့ပေမယ့် အဲဒါကလည်း ခင်ဗျားကို ချစ်ခင်လို့ပါ။ တစ်နေ့နေ့ကျရင် ခင်ဗျားက မြောက်ဘက်က အဲဒီကုန်းစွန်းယန်ကို ကျော်လွန်သွားဖို့ မျှော်လင့်ပါတယ်။

ခင်ဗျားနဲ့ ကိုယ်တော်ရဲ့ အသက်အရွယ်က သိပ်မကွာပါဘူး။ ခင်ဗျားက ကုန်းစွန်းယန် ထက် အများကြီး ပိုငယ်ပါသေးတယ်။ အဲဒီကုန်းစွန်းယန်က အသက်ကြီးပြီး အားနည်းနေပြီလေ။ ခင်ဗျားမှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။”

‘ဧကရာဇ်... ခင်ဗျားရဲ့ အရိပ်အမြွက် ပြောဆိုမှုတွေက အရမ်း သိသာလွန်းနေပြီ မဟုတ်ဘူးလား။ ခင်ဗျားက ကုန်းစွန်းယန် အသက်ကြီးနေပြီလို့ ပြောတာဟာ တကယ်တမ်းကျတော့ ဧကရာဇ်ဟောင်း အသက်ကြီးနေပြီလို့ အရိပ်အမြွက် ပြောနေတာလေ။ ပြီးတော့ ခင်ဗျားနဲ့ နန်းကုန်းချော့ဟာ အင်အား အကောင်းဆုံး အရွယ်မှာ ရှိနေသေးလို့ ရွေးချယ်မှု မမှားစေနဲ့လို့ ပြောနေတာလေ။’

ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့ သည် မျက်ရည်ဝဲကာ ပြောလိုက်၏။ “အရှင်မင်းမြတ်က ကျုပ်အပေါ် ကျေးဇူးကြီးမားတဲ့အတွက် ကျုပ်အနေနဲ့ ရေပူရေချမ်း မရှောင်ဘဲ အသက်ကို ပေးဆပ်ဖို့ အသင့်ပါပဲ။”

ဧကရာဇ်က ပြောလိုက်သည်။ “ကောင်းပြီ... ခင်ဗျားက အိမ်ရှေ့စံမင်းသားရဲ့ဆရာ ဖြစ်နေပြီဆိုတော့ စကားပြောသင့်ပါပြီ။ အောက်ယွီက စီးကွမ်ကို သတ်လိုက်တဲ့ကိစ္စကို ဘယ်လို ဖြေရှင်းရမလဲ။”

ဤစကားမှာလည်း အတော်လေး ရယ်စရာကောင်းသည်။ အကယ်၍ သာမန် လူသတ်မှု တစ်ခုတည်း သက်သက် ဆိုပါက မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန၊ တရားလွှတ်တော်ချုပ်နှင့် မြို့တော်တပ်ဖွဲ့တို့ကို မမေးဘဲနှင့် နန်းတွင်း၏ အမတ်ကြီး အချို့ကို မေးနေရသနည်း။

ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့က ပြောလိုက်၏။ “အရှင်မင်းမြတ်... အောက်ယွီရဲ့ ပြစ်မှု ဟာ အရမ်းကြီးမားပါတယ်။ တရားဝင် အပြစ်ပေးသင့်ပါတယ်။”

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်။”

ဧကရာဇ်က ပြောလိုက်သည်။ “အမတ်တွေ အားလုံးရဲ့ သဘောထားက တူညီနေတာပဲ။”

တောင်ပိုင်းကျိုး နန်းတွင်း၏ အမတ်ကြီး ကိုးဦးလုံး ရပ်တည်ချက် ရွေးချယ်ပြီးသွားပြီ ဖြစ်ကာ ဧကရာဇ်ဟောင်း၏ ဘက်တွင် မဟုတ်ဘဲ ဧကရာဇ်၏ ဘက်တွင် ရပ်တည်လိုက်ကြပြီ ဖြစ်၏။

ဧကရာဇ် သည် တည်ကြည်စွာဖြင့် အမိန့်ပေးလိုက်သည်။ “အမိန့်တော် ရေးလိုက်.... အောက်ယွီဟာ နန်းတွင်း မြို့စားရဲ့ သားတော်ကို ကိုယ်ကျိုးအတွက် သတ်ပစ်လိုက်တဲ့အတွက် ပြစ်မှု အရမ်းကြီးမားတယ်။ ချက်ချင်း ဖမ်းဆီးရမယ်။

တရားလွှတ်တော်ချုပ်၊ မြို့တော်တပ်ဖွဲ့၊ မြို့တော် စစ်သေနာပတိရုံး၊ တော်ဝင် သက်တော်စောင့်တပ်နဲ့ ဟေးပင်းထိုင်တို့ ပူးပေါင်းပြီး စစ်သည် ငါးထောင်နဲ့ အောက်ယွီကို ဖမ်းဆီးရမယ်။ ပြန်လည် ခုခံတဲ့သူ ရှိရင် နေရာမှာတင် သတ်ပစ်ရမယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူအားလုံး အံ့ဩတုန်လှုပ်သွားကြတော့၏။

‘အောက်ယွီ တစ်ယောက်တည်းကို ဖမ်းဖို့အတွက် ဒီလောက် လူတွေ အများကြီး သုံးဖို့ လိုလို့လား။’

စစ်သည်အင်အား ငါးထောင်ခန့်မျှ ရှိသည်ဆိုခြင်းမှာ ပမာဏ အရမ်းကြီးမားလှသည် မဟုတ်သော်လည်း၊ အဓိကပြဿနာမှာ အဖွဲ့အစည်းအသီးသီး အမြောက်အမြား ပါဝင်ပတ်သက်နေခြင်း ဖြစ်သည်။

ဟေးပင်းထိုင်နှင့် တရားလွှတ်တော်ချုပ်တို့ ပါဝင်ပတ်သက်နေခြင်းသာမက ယခုအခါ နန်းတော်ကို တာဝန်ယူ စောင့်ကြပ်ရသည့် ဧကရာဇ်၏ ကိုယ်ပိုင်တပ်တော်ဖြစ်သော တော်ဝင်သက်တော်စောင့်တပ်ဖွဲ့ကြီးပါ ပါဝင်နေသည် ဆိုသောကြောင့် အခြေအနေမှာ ပိုမိုကြီးမားရှုပ်ထွေးလာခဲ့ပြီ ဖြစ်၏။

ထို့အပြင် ယနေ့ကျင်းပခဲ့သော ညီလာခံအတွင်း၌လည်း တော်ဝင်သက်တော်စောင့်တပ်၏ ဒုတိယတပ်မှူး ကိုယ်တိုင်က အောက်ယွီကို အကာအကွယ်ပေးခဲ့ခြင်းကြောင့် ဤကဲ့သို့သော လုပ်ရပ်များကို လုပ်ဆောင်ရဲကြခြင်း ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် အပြင်ဘက်မှ မိန်းမစိုးကြီး ဟောက်ချင့်က လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... အဲဒီ အောက်ယွီဟာ သခင်လေး စီးကွမ်ကို သတ်ပြီးနောက် သူ ပြစ်မှုကြီးမားတယ် ဆိုတာကို သိလို့ ရှန်ချင်းနန်းဆောင် ထဲကို ထွက်ပြေးပြီး ဧကရာဇ်ဟောင်းရဲ့ အကာအကွယ်ကို တောင်းခံနေပါတယ်။”

‘ခင်ဗျား အခုမှ သိတာလား။ အောက်ယွီဟာ ပြိုင်ပွဲ ပြီးတာနဲ့ မိန်းမစိုးအိုကြီးဟောက်ချန်ရဲ့ ခေါ်ဆောင်မှုနဲ့ ရှန်ချင်းနန်းဆောင်ကို သွားပြီး ဧကရာဇ်ဟောင်းကို တွေ့ခဲ့တာလေ။’

ဧကရာဇ်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “အောက်ယွီ ဆိုတဲ့ကောင်က တကယ် ဉာဏ်များတာပဲ။ ဒါပေမဲ့ ဧကရာဇ်ဟောင်းဟာ အသက် ကြီးပေမယ့် အရမ်းကို ဉာဏ်ပညာကြီးမားတဲ့ သူတစ်ယောက်ပါ။ မင်းသားတွေ ဥပဒေ ချိုးဖောက်ရင်တောင် သာမန် ပြည်သူတွေနဲ့ အတူတူ အပြစ်ပေးရတယ် ဆိုတာကို သူ သိပါတယ်။ အောက်ယွီလို လူမျိုးကို ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။ သူက အပြစ်ရှိတဲ့ အောက်ယွီကို လုံးဝကာကွယ်ပေးမှာ မဟုတ်ပါဘူး။”

ထို့နောက် ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်၏။ “နန်ကုန်းချော့... ခင်ဗျား စစ်သည် ငါးထောင်ကို ခေါ်ဆောင်ပြီး ရှန်ချင်းနန်းဆောင်ကို သွားကာ အောက်ယွီကို ဖမ်းဆီးချေ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူအားလုံး ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။

‘စစ်သည်တွေ တိုက်ရိုက် စေလွှတ်ပြီး ဧကရာဇ်ဟောင်းရဲ့ ရှန်ချင်းနန်းဆောင်မှာ လူသွားဖမ်းခိုင်းတယ် ဟုတ်လား။

ဒါ... ဒါက စစ်သည်တွေကို ဦးဆောင်ပြီး ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားပေးတာပဲ။ ဒါ... ကောင်းကင်ကြီး တကယ် ပြိုကျတော့မှာပဲ။’

...........

ရှန်ချင်းနန်းဆောင် အတွင်း၌ ယွင်ကျုံးဟဲ့ သည် ဧကရာဇ်ဟောင်းနှင့်အတူ စစ်တုရင်ကစားနေ၏။

သေချာပေါက် ဧကရာဇ်ဟောင်းသည် လေဖြတ်နေဆဲဖြစ်ပြီး စစ်တုရင် ခုံကို ကိုင်၍ မရနိုင်သောကြောင့် သူ့အစား စစ်တုရင် ရွှေ့ပေးသူမှာ တာအို ဘုန်းကြီး တစ်ပါးဖြစ်သည်။

ဤတာအိုဘုန်းကြီးကို ယွင်ကျုံးဟဲ့ မကြာခဏ မြင်တွေ့ရလေ့ရှိပြီး ဧကရာဇ်ဟောင်းအတွက် ကျမ်းစာများ ရွတ်ဖတ်ပေးလေ့ရှိသူ ဖြစ်၏။

ဧကရာဇ်ဟောင်း၏ ဝူဝေ့နန်းဆောင် အတွင်း၌ တာအိုဘုန်းကြီး စုစုပေါင်း လေးပါး ရှိပြီး ၎င်းတို့အနက် နှစ်ပါးကို ယွမ်ထျန်းရှဲ့က သိရှိသော်လည်း နောက်ထပ် နှစ်ပါးကိုတော့ မသိရှိချေ။

အချိန်အတော်ကြာမြင့်စွာ ဧကရာဇ်ဟောင်း၏ ဝူဝေ့ နန်းဆောင်ထဲသို့ ဟောက်ချန် ပင်လျှင် ဝင်ရောက်ခွင့် မရှိခဲ့ဘဲ ဤတာအိုဘုန်းကြီး လေးပါးသာလျှင် ဧကရာဇ်ဟောင်းကို အဖော်ပြုပေးခဲ့ကြသည်။ သေချာပေါက် သူတို့သည် ဧကရာဇ်ဟောင်း လေဖြတ်နေသည့် လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းပေးခဲ့ကြ၏။

ယခုအခါ ဧကရာဇ်ဟောင်း အစား စစ်တုရင် ရွှေ့ပေးနေသော ဤ တာအို ဘုန်းကြီးကို ချုံထျန်း ဟု ခေါ်သည်။

အဘယ်ကြောင့်မှန်း မသိ၊ ဤနာမည်ကို ကြားရတိုင်း ယွင်ကျုံးဟဲ့ သည် ရယ်ချင်စိတ်များ ပေါက်လာလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် နှောင်းခေတ်ကမ္ဘာမြေပေါ်တွင် သူသည် မြေပြင်ပေါ်တွင် အစွမ်းအထက်ဆုံး ဟု ခေါ်ဆိုကြသော ဆရာမ ချုံထျန်း တစ်ဦးကို သိရှိခဲ့ဖူးသောကြောင့်ပင်။

ဤ တာအို ဘုန်းကြီး ချုံထျန်း သည် အမှန်တကယ်ပင် ထူးခြားသူ တစ်ဦး ဖြစ်သည်။ သူသည် ယွင်ကျုံးဟဲ့ မြင်ဖူးသမျှ အသက်အကြီးဆုံး လူတစ်ယောက် ဖြစ်ပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ယွင်ကျုံးဟဲ့ ပင် ရေတွက်၍ မရနိုင်လောက်အောင် ဖြစ်နေကာ ဧကရာဇ်ဟောင်း ထက်ပင် ပိုမို အိုမင်းရင့်ရော်နေပုံ ရသည်။

ထို့အပြင် သူသည် စကားမပြောနိုင်သူ တစ်ဦးကဲ့သို့ ဖြစ်နေပြီး သူ စကားပြောသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

သေချာပေါက် သူသည် စကားမပြောနိုင်သူ လုံးဝ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နေ့စဉ်နေ့တိုင်း ဧကရာဇ်ဟောင်း အတွက် ကျမ်းစာများ ရွတ်ဖတ်ပေးရသေးသည် မဟုတ်ပါလား။

သူနှင့် ဧကရာဇ်ဟောင်းတို့ အတူတူ နေထိုင်ခဲ့ရသည့် အချိန်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်ရာ စိတ်ချင်း ဆက်သွယ်မှုများပင် ရှိနေပြီဟု ဆိုနိုင်သည်။

စစ်တုရင်ကစားသည့်အခါ ဧကရာဇ်ဟောင်း၏ အကြည့်များက စစ်တုရင် ခုံပေါ်ရှိ မည်သည့် နေရာသို့ ရောက်ရှိသွားပါစေ သူ၏ စစ်တုရင်ရုပ်လေးသည်လည်း ထိုနေရာသို့ အတိအကျ ရောက်ရှိသွားတော့၏။

ထိုမျှသာမက တစ်ခါတစ်ရံ ဧကရာဇ်ဟောင်းသည် စကားပြောနေရင်း စစ်တုရင် ရွှေ့ရန် မေ့သွားသည့်အခါ ဤတာအိုဘုန်းကြီး ချုံထျန်း သည် အနည်းငယ် စောင့်ဆိုင်းပေးလေ့ရှိပြီး တစ်မိနစ်ခန့်ကြာမြင့်သည်အထိ ဧကရာဇ်ဟောင်း၏ အကြည့်ဖြင့် အချက်ပြမှု မရှိပါက သူကိုယ်တိုင် စစ်တုရင် ရွှေ့လိုက်တော့သည်။

ချုံထျန်းက ဆယ်ကွက်ကျော်ခန့် ရွှေ့ပြီးမှသာ ဧကရာဇ်ဟောင်းသည် အောက်ယွီ နှင့် စစ်တုရင် ကစားနေကြောင်းကို သတိရသွားပြီးနောက် ဆက်လက်၍ ကစားနိုင်ခဲ့၏။

မည်သည့် ကြားခံအချိန်မှ မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ချုံထျန်း ရွှေ့ခဲ့သော ထိုဆယ်ကွက်ကျော်မှာ ဧကရာဇ်ဟောင်း တွေးထားသည်နှင့် တစ်ပုံစံတည်း တူညီနေသောကြောင့် ဖြစ်သည်။

အကယ်၍ ယွင်ကျုံးဟဲ့၏ ကိုယ်ပိုင် စစ်တုရင် စွမ်းရည်ကိုသာ တွက်ချက်မည်ဆိုပါက သူသည် ဧကရာဇ်ဟောင်း၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ဟောင်း သည် နိုင်ငံတော် အဆင့် စစ်တုရင် သမား တစ်ဦးဟုပင် ဆိုနိုင်သောကြောင့် ဖြစ်၏။

သို့ပေမည့် သူ၏ ဦးနှောက်ထဲတွင် အမှတ်(၉)ကွမ်တန် ရှိနေသောကြောင့် လုံးဝ ကွဲပြားခြားနားသွားတော့၏။ အကြိမ်တိုင်းတွင် စစ်တုရင် ခုံပေါ်၌ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့သည်။

သို့ပေမည့် အောက်ယွီ သည် မကြာခဏ ရှုံးနိမ့်လေ့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် အချိန်အများစုတွင် သူသည် ကွမ်တန်၏ ညွှန်ကြားချက်များအတိုင်း မကစားလိုဘဲ သူ၏ ဆန္ဒအတိုင်းသာ ကစားလိုသောကြောင့် ဖြစ်သည်။ ပြတ်ပြတ်သားသား တိုက်ခိုက်ပြီး အပျော်ရွှင်ဆုံး ဖြစ်အောင်ကစားချင်သောကြောင့် ဖြစ်၏။

“အောက်ယွီ... ခင်ဗျား သိလား။ ဧကရာဇ်ရဲ့ စစ်တုရင် စွမ်းရည်ကလည်း အရမ်း မြင့်မားတယ်။ ဒါပေမဲ့ သူက မင်းနဲ့ အတူတူပဲ၊ သတ်ဖြတ်လိုစိတ် အရမ်း ပြင်းထန်တယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “အရမ်းကို အလောတကြီး ဖြစ်တတ်ပြီး စိတ်ထဲမှာ ကိစ္စတစ်ခု ရှိလာရင် အဲဒါကို ပြီးပြတ်အောင် လုပ်ချင်နေတတ်တယ်။”

ယွင်ကျုံးဟဲ့သည် ရယ်မောလိုက်ပြီး စကားတစ်ခွန်းမှ မပြောချေ။

ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ အခုချိန်မှာ မင်းအတွက်တော့ ဒါက အားသာချက် တစ်ခုလို့ သတ်မှတ်လို့ ရပါတယ်။ လူငယ်တွေ အကြောက်ဆုံးက ကြောက်ရွံ့တုန်လှုပ်နေတာ၊ အကြံအစည်တွေ များပြီး ဆုံးဖြတ်ချက် မပြတ်သားတာ၊ ရဲရင့်မှုတွေ ပျောက်ဆုံးသွားတာပါပဲ။ ပြီးတော့ ခင်ဗျားက အခု အခြေအနေကို ဖောက်ထွက်ရမယ့်သူ တစ်ယောက် ဖြစ်နေပြီး စီမံခန့်ခွဲရမယ့်သူ တစ်ယောက် မဟုတ်သေးဘူးလေ။”

...........................

အပိုင်း (၅၂၀)

ထျန်းယန် ဧကရာဇ်၏ ဤစကားမှာ အလွန် မှန်ကန်၏။ အခြေအနေကို ဖောက်ထွက်ရမည့်သူသည် သေချာပေါက် ရဲရင့်ပြတ်သားပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်ကာ ရမ်းကားဖို့ လိုအပ်သော်လည်း စီမံခန့်ခွဲရမည့်သူ အနေဖြင့်မူ အခြေအနေ တစ်ခုလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

“ငါ နန်းထိုင်ခဲ့တဲ့ အချိန်တုန်းက နှစ်အတော်ကြာအောင် အမတ် တစ်ယောက်ကိုမှ မသတ်ခဲ့ဘူး။”

ထျန်းယန် ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်၏။ “ငါက သဘောကောင်းတဲ့ ဧကရာဇ် တစ်ပါးလို့ သတ်မှတ်လို့ ရပေမယ့် ဒါက တိုင်းပြည်ကို ဆိုးကျိုးတွေ အများကြီး ဖြစ်စေခဲ့တယ်။ အခုဆိုရင် နန်းတွင်းရဲ့ အမတ်တွေကြားမှာ ပျင်းရိမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ ပြည့်နှက်နေပြီး ပြုပြင်လို့ မရနိုင်လောက်အောင် ဖြစ်နေတာ ငါ့မှာလည်း တာဝန် ရှိပါတယ်။

ပြီးတော့ ကြီးမားတဲ့ တာဝန် ရှိပါတယ်။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ သဘောကောင်းမှုက တစ်နည်းအားဖြင့် ဒီလို အကျင့်စရိုက်တွေကို အားပေးအားမြှောက် လုပ်သလို ဖြစ်သွားလို့ပဲ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း လုပ်ဆောင်ခဲ့တာတွေက သမိုင်းရဲ့ နိယာမတွေနဲ့ ကိုက်ညီပါတယ်။ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေတဲ့ အချိန်မှာ တချို့ကိစ္စတွေကို မျက်စိတစ်ဖက် မှိတ်ထားဖို့ လိုအပ်ပါတယ်။ လောဘကလည်း တစ်ခါတလေမှာ ကြီးမားတဲ့ တွန်းအား တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီလို အချိန်မျိုးမှာ အရမ်း တင်းကျပ်လွန်းရင် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရှိန်အဟုန်ကို ပျက်စီးသွားစေနိုင်ပါတယ်။

အရှင်က ဆယ်စုနှစ်ချီ ထီးနန်း စိုးစံခဲ့ပြီး အရင်ဆုံး တောင်ပိုင်း လူရိုင်းတွေရဲ့ နယ်မြေကို တိုက်ခိုက်သိမ်းပိုက်ကာ ပြည်နယ် ငါးခုအထိ တိုးချဲ့နိုင်ခဲ့ပြီးကြီးမားတဲ့ စပါးကျီကြီးကို ရရှိခဲ့တယ်။ အဲဒီနောက်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး ဆိပ်ကမ်း အများအပြားကို တည်ဆောက်ကာ တိုင်းတစ်ပါးကုန်သွယ်ရေး ရုံးတွေကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်။

ဒါတွေ အားလုံးက အင်ပါယာအတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေကို ယူဆောင်လာပေးခဲ့ပြီး ဒါဟာ ပုံမှန် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေတဲ့ ကာလတစ်ခုပါပဲ။ လုံလောက်တဲ့ အကျိုးအမြတ်တွေ မရှိခဲ့ဘူးဆိုရင် အောက်က လူတွေကလည်း ဆိပ်ကမ်းတွေ တည်ဆောက်ဖို့၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွေ လုပ်ဆောင်ဖို့၊ တောင်ပိုင်းကို သွားပြီး နယ်မြေသစ်တွေ ရှာဖွေဖို့ အသက်ကို ပဓာနမထားဘဲ ကြိုးစားကြမှာ မဟုတ်ပါဘူး။ လူတွေကို အလုပ်လုပ်စေချင်ရင် အကျိုးအမြတ်တွေနဲ့ တွန်းအားပေးရမှာပါပဲ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဧကရာဇ်ဟောင်း၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်သွားပြီး ချုံထျန်း၏ စစ်တုရင် ရွှေ့မည့် လက်ကို အနည်းငယ် ရပ်တန့်သွားစေခဲ့၏။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီ အကျိုးအမြတ်တွေဟာ အမြင့်ဆုံး အတိုင်းအတာ တစ်ခုကို ရောက်ရှိသွားပြီ ဖြစ်ပြီး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေတဲ့ကာလကြီး ပြီးဆုံးသွားပါပြီ။ ဒီအချိန်မှာ အမတ်တွေကို ရှင်းလင်းပြီး အကျင့်စရိုက်တွေကို ပြုပြင်ဖို့ လိုအပ်လာပါပြီ။ ဒါမှသာ နန်းတွင်းနဲ့ တိုင်းပြည်ဟာ ဆက်လက် သန်စွမ်းနေမှာပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်တုန်းက မုန့်ပြားကြီး တစ်ချပ် လုပ်နေတဲ့ အချိန်မှာ ခင်ဗျား နည်းနည်း ခိုးစားတာကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား လုပ်ပေးခဲ့တဲ့ မုန့်က ခင်ဗျား ခိုးစားခဲ့တာထက် အများကြီး ပိုများလို့လေ။

ဒါပေမဲ့ အခု မုန့်ပြားကြီးက ပြီးလုနီးပါး ဖြစ်နေပြီ၊ ပိုကြီးလာဖို့ ခက်ခဲနေပြီဆိုတော့ ခင်ဗျားတို့ ခိုးစားခဲ့တဲ့ သူတွေ အားလုံး ပြန်အန်ထုတ်ရတော့မယ်။ ခိုးစားချင်တဲ့ သူတွေကိုလည်း သတ်ပစ်ရတော့မယ်။ ဒါမှသာ နန်းတွင်းက အကြီးဆုံး မုန့်ပြားကြီးကို ရရှိနိုင်မှာဖြစ်ပြီး နိုင်ငံရဲ့ အင်အားကို ထိန်းသိမ်းထားနိုင်ကာ မြောက်ဘက်ကို တိုက်ခိုက်ပြီး အာဏာစက်ကို ချဲ့ထွင်နိုင်မှာပါ။”

အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်ဟောင်းက သက်ပြင်းချကာ ပြောလိုက်၏။ “အောက်ယွီ... မင်းမှာ ဒီလို အမြင်မျိုး ရှိတာ တကယ်ကို အံ့ဩစရာကောင်းပါတယ်။ အရမ်း တော်ပါတယ်။ မင်းက သတ်ဖြတ်လိုစိတ် အရမ်း ပြင်းထန်ပြီး ရမ်းကားလွန်းလို့ အခြေအနေကို ဖောက်ထွက်ရမယ့်သူပဲ ဖြစ်နိုင်ပြီး ဝန်ကြီးချုပ် မဖြစ်နိုင်ဘူးလို့ ငါ တကယ် စိုးရိမ်နေခဲ့တာပါ။ ဒါပေမဲ့ အခုကြည့်ရတာ ငါ ပူပန်လွန်သွားတာပဲ။ မင်းရဲ့ ဒီ အရည်အချင်းတွေနဲ့ဆိုရင် ဝန်ကြီးချုပ် ဖြစ်ဖို့ လုံလောက်ပါတယ်။”

ထို့နောက် ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်သည်။ “အခု တောင်ပိုင်းကျိုးရဲ့ အမတ်တွေကြားမှာ အကျင့်ပျက် ခြစားမှုတွေ၊ ပျင်းရိမှုတွေ ပြည့်နှက်နေတယ်။ အကယ်၍ အရင်တစ်ခေါက် မြောက်ဘက်ကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ပြဿနာ မရှိပါဘူး။ ရှေ့ကို ဆက်သွားနေသရွေ့ အရှိန်အဟုန် တစ်ခု ရှိနေပြီး လူတိုင်းကို ရှေ့ဆက်သွားအောင် ခေါ်ဆောင်သွားနိုင်မှာပါ။

ဒါပေမဲ့ အရင်တစ်ခေါက် မြောက်ဘက်ကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားတော့ ရှေ့ဆက်သွားမယ့် ခြေလှမ်းတွေ ရပ်တန့်သွားပြီး အားနည်းချက်တွေ အားလုံး တပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့တာပဲ။”

ယွင်ကျုံးဟဲ့ သည် ယခုတစ်ကြိမ်တွင် စကားဝင်မပြောတော့ချေ။

သို့ပေမည့် ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “တာယင်အင်ပါယာဟာ ပေါ်ထွက်လာတာ သိပ်မကြာသေးတော့ နိုင်ငံ တစ်ခုလုံးက အရမ်းကို နုပျိုနေသေးတယ်။ လူငယ် တစ်ယောက်လိုပဲ။ ချော်လဲ သွားရင်တောင် ဘာမှ မဖြစ်ဘူး၊ မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထူနိုင်တယ်။

ဒါပေမဲ့ ကျုပ်တို့ တောင်ပိုင်းကျိုးကတော့ နှစ်ရာချီ သက်တမ်းရှိတဲ့ နိုင်ငံကြီး ဖြစ်နေပြီဆိုတော့ အသက်ကြီးတဲ့ လူတစ်ယောက်လိုပဲ။ တစ်ခါ ချော်လဲသွားတာနဲ့ ပြန်လည် နာလန်ထူဖို့ အချိန်အကြာကြီး ယူရပြီး ဖုံးကွယ်နေတဲ့ ရောဂါဟောင်းတွေလည်း အကုန် ပေါ်ထွက်လာတော့တာပဲ။”

ဤအရာက အောက်ယွီ ပြောချင်သည့် အရာလည်းဖြစ်သည်။

ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်၏။ “ဒါကြောင့် ဒီအချိန်မှာ အသက်ကြီးတဲ့ လူတစ်ယောက်လိုပဲ တကယ့်ကို အသက်ရှည်စေပြီး နုပျိုစေမယ့် နတ်ဆေး တစ်ခွက် လိုအပ်နေပြီ။ ဒါပေမဲ့ ဒီကမ္ဘာလောကမှာ အဲဒီလို နတ်ဆေးမျိုး တကယ် ရှိလို့လား။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ နန်းစွန့်ပြီး ဧကရာဇ်ကို နန်းတင်ပေးခဲ့တာဟာ ပထမအချက် အနေနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းတော့လို့ပါ။ ဒုတိယ အနေနဲ့ တာ့ရှ အင်ပါယာရဲ့ လမ်းဟောင်းကို မလိုက်ချင်လို့ပါ။

နောက်ထပ် ပိုအရေးကြီးတဲ့ အကြောင်းရင်း တစ်ခုကတော့ ငါက သဘောကောင်းတဲ့ ဧကရာဇ် တစ်ပါး ဖြစ်နေလို့ပါ။ ဒါကြောင့် ရက်စက်ပြီး တင်းကျပ်တဲ့ ဧကရာဇ် တစ်ပါး လိုအပ်လာတယ်။ အမတ်တွေကို ရှင်းလင်းဖို့၊ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့၊ အကျင့်စရိုက်တွေကို ပြောင်းလဲဖို့ အတွက်ပါ။”

ဧကရာဇ်ဟောင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “ရလဒ်ကရော... ရက်စက်ပြီး တင်းကျပ်တာကိုတော့ သူ လုပ်နိုင်ခဲ့ပါတယ်။ တကယ်တော့ ပိုင်ရှင်မဲ့နယ်မြေမှာ စစ်မဖြစ်ခင်က သူ လုပ်ဆောင်ခဲ့တာတွေက တော်တော်လေး ကောင်းမွန်ပြီး အရည်အချင်းရှိတဲ့ ဧကရာဇ် တစ်ပါးနဲ့ တူပါတယ်။

ဒါကြောင့် ပိုင်ရှင်မဲ့နယ်မြေ မြောက်ဘက် စစ်ပွဲမှာ သူ အနိုင်ရလုနီးပါး ဖြစ်ခဲ့ပြီးကြီးမားတဲ့ အောင်ပွဲ ရလုနီးပါး ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီစစ်ပွဲ ရှုံးနိမ့်သွားပြီးတဲ့နောက်မှာတော့ အရာအားလုံးက အရင်လို မဟုတ်တော့ပါဘူး။”

ဤနေရာသို့ ရောက်ချိန်မှာတော့ ဧကရာဇ်ဟောင်း သည် အလွန်အမင်း နာကျင်သွားပုံရ၏။

ထို့နောက် ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “အောက်ယွီ... မင်း ပြောကြည့်ပါ။ ဧကရာဇ်က ဘယ်နေရာမှာ မှားသွားတာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဧကရာဇ်မင်းမြတ်ဟာ ရက်စက်ပြီး တင်းကျပ်တာတွေက အမှား မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလူက တခြားလူတွေ အပေါ်မှာ ရက်စက်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ကျတော့ မရက်စက်နိုင်ဘူး ဖြစ်နေတယ်။”

“မှန်တယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒီစကားက အထိမိဆုံးပဲ။ သူက တခြားလူတွေ အပေါ်မှာ ရက်စက်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ကျတော့ မရက်စက်နိုင်ဘူး။ အဲဒီလိုဆိုရင် ကိစ္စတော်တော်များများကို သေချာ မလုပ်နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တာက တိုင်းပြည်ကို ချစ်တာထက် ပိုများနေတယ်။ အလုပ်တော့ လုပ်ချင်တယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကျတော့ နှမြောနေတယ်ဆိုရင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါကြောင့်ပဲ...”

ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “အောက်ယွီ... မင်းရဲ့ ဒီရဲရင့်ပြတ်သားမှုကို ငါ အရမ်း သဘောကျတာပါ။ လူအများကြီးက မင်းဟာ မင်းအဖေ အောက်ရှင်းနဲ့ လုံးဝ မတူဘူးလို့ ပြောကြတယ်။ အောက်ရှင်း ဟာ ဖြောင့်မတ်တည်ကြည်ပေမယ့် မင်းကတော့ အရမ်းကို ဉာဏ်များတယ်လို့ ပြောကြတယ်။

ဒီစကားက မှန်သလို၊ မှားလည်း မှားပါတယ်။ အချက်တစ်ချက်ကတော့ မင်းနဲ့ မင်းအဖေ တူညီပါတယ်။ အဲဒါကတော့ ပြိုင်ဘက်ကင်းတဲ့ ရဲရင့်ပြတ်သားမှုနဲ့ ခိုင်မာမှုပါပဲ။ ဒါကြောင့် အနာဂတ်မှာ မင်းက နိုင်ကော်ကိုပဲ အုပ်ချုပ်အုပ်ချုပ်၊ ဆူမီယွမ်ကိုပဲ အုပ်ချုပ်အုပ်ချုပ် ဒီ ရဲရင့်ပြတ်သားမှုကို ထိန်းသိမ်းထားရမယ်။ အလုပ်လုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မနှမြောရဘူး။

ဒီစကားက မင်းကိုယ်တိုင် ပြောခဲ့တာပါ။ အခု ငါကလည်း ဒီစကားနဲ့ပဲ မင်းကို အားပေးပါရစေ။ နန်းတွင်းကို ရှင်းလင်းပြီး အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်နိုင်သရွေ့ ငါတို့ တောင်ပိုင်းကျိုး နိုင်ငံဟာ အာဏာရှင် အမတ်တွေ ပေါ်လာမှာကို မကြောက်ပါဘူး။”

ယွင်ကျုံးဟဲ့ ဒူးထောက်ကာ ပြောလိုက်သည်။ “ကျုပ်... ဧကရာဇ်ဟောင်းရဲ့ ဆုံးမစကားတွေကို သေချာ မှတ်သားထားပါ့မယ်။”

ဤသည်မှာ ဧကရာဇ်ဟောင်းနှင့် အောက်ယွီ တို့၏ ပထမဆုံးအကြိမ် အမှန်တကယ် နက်ရှိုင်းစွာ စကား ပြောဆိုခြင်းဖြစ်ပြီး နိုင်ငံရေးကိစ္စများကို ပထမဆုံးအကြိမ် ဆွေးနွေးခြင်းလည်း ဖြစ်သည်။ သေချာပေါက် ဤသည်မှာ ဧကရာဇ်ဟောင်းက အောက်ယွီကို စမ်းသပ်ခြင်းလည်း ဖြစ်၏။

ယခင်က အောက်ယွီ သည် အတွင်းရေး အားပြိုင်မှုများတွင် ပြိုင်ဘက်ကင်း ဖြစ်ပြီး စာပေပိုင်းတွင်လည်း ပြိုင်ဘက်ကင်း ဖြစ်ကြောင်း ပြသခဲ့ဖူး၏။ သို့ပေမည့် ဤကဲ့သို့သော လူမျိုးသည် အာဏာကို လုယူရန် ဖြစ်နိုင်သော်လည်း အာဏာရပြီးနောက်တွင် အသုံးဝင်၊ မဝင် ဆိုသည်ကိုမူ ပြောရခက်သည်။

သို့ပေမည့် အနည်းဆုံးတော့ ယခုတစ်ကြိမ် အောက်ယွီ၏ စွမ်းဆောင်ရည်မှာ ပြီးပြည့်စုံလေသည်။ နိုင်ငံရေး ကိစ္စများနှင့် ပတ်သက်၍ သူ၏ စကားများမှာ လုံးဝ ထိမိလို့နေ၏။

ဧကရာဇ်ဟောင်းသည် သူ၏ အနာဂတ်အတွက် အစီအစဉ်များ ချမှတ်နေခြင်း ဖြစ်သလို နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်နေခြင်းလည်း ဖြစ်သည်။

သူ၏ အမြင်တွင် ဧကရာဇ်သည် နန်းတွင်းကို ရှင်းလင်းရန်နှင့် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ရန် တာဝန်များကို ထမ်းဆောင်နိုင်ရန် အလွန် ခက်ခဲသည်။ ထို့ကြောင့် သူကိုယ်တိုင် လုပ်ဆောင်ရတော့မှာဖြစ်ပြီး ဤအချိန်တွင် ရှေ့တန်းမှနေ၍ ဆက်လက် တိုက်ခိုက်ပေးမည့် ရှေ့တန်း စစ်သူကြီး တစ်ဦး လိုအပ်နေ၏။

သူ အားကိုးနိုင်သူမှာ အောက်ယွီ နှင့် ကျိုးလီတို့ နှစ်ဦးတည်းသာ ရှိသည်။ ဤလူနှစ်ဦးသာ မစွမ်းဆောင်နိုင်ပါက သူကိုယ်တိုင် မည်မျှပင် အစွမ်းထက်နေပါစေ အသုံးချရန် ခက်ခဲလေသည်။

ထိုအချိန်တွင် အပြင်ဘက်မှ မိန်းမစိုးအိုကြီး ဟောက်ချန်၏အသံ ထွက်ပေါ်လာတော့၏။ “ဧကရာဇ်ဟောင်း... နန်ကုန်းချော့၊ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန၊ တရားလွှတ်တော်ချုပ်တို့က အပြင်မှာ ဒူးထောက်ပြီး တွေ့ဆုံခွင့် တောင်းနေကြပါတယ်။”

ဧကရာဇ်ဟောင်းက ဖြည်းညင်းစွာ မေးလိုက်သည်။ “သူတို့က ဘာကိစ္စ ရှိလို့လဲ။”

မိန်းမစိုးအိုကြီးဟောက်ချန်က ပြန်ဖြေလိုက်၏။ “အောက်ယွီက စီးကွမ်ကို သတ်လိုက်လို့ သူ့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားချင်လို့ပါတဲ့။”

ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “တကယ်ပဲ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားချင်တာလား။”

ဟောက်ချန်က ပြန်ဖြေလိုက်၏။ “နန်ကုန်းချော့က အဲဒီလိုပဲ ပြောပါတယ်။”

ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “စစ်တပ် ပါလာလား။”

ဟောက်ချန်က ပြန်ဖြေလိုက်၏။ “မပါလာပါဘူး။ လူသုံးယောက်တည်း အပြင်မှာ ဒူးထောက်နေတာပါ။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “စစ်တပ် မပါလာဘူးဆိုရင်တော့ ကျုပ်ကို အတင်းအကျပ် ဖိအားပေးတာ မဟုတ်ဘူးပေါ့။ အဲဒါဆိုရင် ကျုပ် အလျှော့မပေးတာကို အပြစ်မတင်နဲ့တော့။ အတင်းအကျပ် ဖိအားပေးချင်ရင် တရားဝင် အတင်းအကျပ် ဖိအားပေးလေ။ တပ်တော်တွေနဲ့ ကျုပ်ရဲ့ ရှန်ချင်းနန်းဆောင်ကို ဝိုင်းရံပြီး ဖိအားပေးတာမျိုးမှ အတင်းအကျပ် ဖိအားပေးတာလို့ ခေါ်တာ။”

ဟောက်ချန် သည် အပြင်ဘက်တွင် ဒူးထောက်နေဆဲဖြစ်ပြီး တစ်ချက်လေးမှ မလှုပ်ရှားချေ။

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “မင်း သူတို့ကို ဂရုမစိုက်နဲ့။ သူတို့ ဒူးထောက်ချင်ရင်လည်း အမြဲတမ်း ဒူးထောက်နေပါစေ။”

ယခုအချိန်တွင် ရှန်ချင်းနန်းဆောင် အပြင်ဘက်၌ ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့၊ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဝန်ကြီး၊ တရားလွှတ်တော်ချုပ် အကြီးအကဲ တို့သည် ရှန်ချင်းနန်းဆောင် အပြင်ဘက်တွင် ကျောရိုး မတ်မတ်ထားကာ ဒူးထောက်နေကြသည်။

“ဧကရာဇ်ဟောင်း... အောက်ယွီဟာ နယ်စားရဲ့ သားတော်ကို ကိုယ်ကျိုးအတွက် သတ်ပစ်လိုက်ပြီး နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ခဲ့ပါတယ်။ ဧကရာဇ်ဟောင်း သေချာ စဉ်းစားပေးပါ။”

“အောက်ယွီဟာ နယ်စားရဲ့ သားတော်ကို ကိုယ်ကျိုးအတွက် သတ်ပစ်လိုက်ပြီး နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်ခဲ့ပါတယ်။ ဧကရာဇ်ဟောင်း သေချာ စဉ်းစားပေးပါ။”

အမတ် သုံးဦးသည် တစ်ဖက်မှ ဒူးထောက်ရင်း တစ်ဖက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြသည်။ သို့ပေမည့် ရှန်ချင်းနန်းဆောင်၏ တံခါးကြီးမှာမူ အမြဲတမ်း တင်းကျပ်စွာ ပိတ်ထားဆဲ ဖြစ်၏။

ဧကရာဇ်ဟောင်း ပြောသည်မှာ မှန်သည်။ အတင်းအကျပ် ဖိအားပေးချင်လျှင် တပ်တော်များနှင့် လာရောက် ဖိအားပေးရမည်။ ဒူးထောက်ပြီး တောင်းပန်နေတာမျိုး လုပ်ရန် မလိုချေ။

သို့ပေမည့် ဧကရာဇ်၏ ဘက်တွင်မူ အတင်းအကျပ် ဖိအားပေးမည် ဆိုလျှင်တောင် လုပ်ထုံးလုပ်နည်းများ ရှိရန် လိုအပ်၏။ လောက၌ လူသားဟူသမျှသည် မိမိတို့ကိုယ်မိမိ ကိုယ်ကျင့်တရား အမြင့်မားဆုံးသော နေရာ၌သာ တည်ရှိလိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။

.................

All Chapters