← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 25 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 25 Ch. 293-294

အခန်း(၂၉၃)

ဟက်စတု ဘေးနားမှာ မရှိတော့တဲ့အတွက် ဘူးလ်ရန်တစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ ပစ်ထားခြင်းခံလိုက်ရသလို ဖြစ်နေတယ်၊၊ သူက စိုးရိမ်တကြီးနဲ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်၊၊

“စိတ်မပူပါနဲ့” လို့ ကြယ်ခြောက်ပွင့်မှော်ပညာရှင်တွေထဲက တစ်ယောက်က ပြောလိုက်တယ်၊၊

“ကျွန်တော်တို့ အကာအကွယ်အတားအဆီးကို မကြာခင် ပြန်ပွင့်အောင် လုပ်နိုင်မှာပါ”

အခုအချိန်အထိတော့ သူတို့ရဲ့မန္တန်က ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ ရုတ်တရက်ကြီး ပျက်ပြယ်သွားရတာလဲဆိုတာကို သူတို့ လုံးဝ ဇဝေဇဝါ ဖြစ်နေကြတုန်းပဲ၊၊ ဒါကို ကံကြုံလို့ဖြစ်ရတဲ့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခုအနေနဲ့ပဲ သူတို့ သတ်မှတ်လိုက်ကြတယ်၊၊

“မင်းတို့ ဒီမန္တန်ကို ထပ်ပြီး ရွတ်ဆိုကြဦးမှာလား” လို့ ဘူးလ်ရန်က သူတို့ကို မေးလိုက်တယ်၊၊

မှော်ပညာရှင်တွေကတော့ ဒီလိုမျိုး မလိုလားအပ်တဲ့ မေးခွန်းတွေကို အဖက်လုပ်ပြီး မဖြေချင်ကြဘူး၊၊ အဲဒီအစား သူတို့ရဲ့ လက်တွေကို မျက်နှာကျက်ဆီ မြှောက်လိုက်ပြီး ခေါင်းထဲမှာ စွဲမြဲနေတဲ့ မှော်ကျင့်စဉ်အတိုင်း ဖြစ်ပေါ်လာဖို့ သူတို့ရဲ့ မှော်စွမ်းအင် အမြုတေတွေပေါ်မှာပဲ အာရုံစူးစိုက်လိုက်ကြတယ်၊၊

သူတို့ရဲ့စိတ်ထဲက မှော်ကျင့်စဉ်အတိုင်း လိုက်နာဖို့ မှော်စွမ်းအင်တွေကို အမိန့်ပေးလိုက်တဲ့အခါ သူတို့ရဲ့လက်တွေပေါ်မှာ တစ်ဦးချင်းစီရဲ့ မှော်အစီအရင်အဝိုင်းတွေ ပေါ်လာခဲ့တယ်၊၊

သူတို့ရဲ့ ပေါင်းစပ်တန်ခိုးတွေနဲ့ အတူ အဲဒီမှော်အစီအရင်အဝိုင်းတွေကို ဝေဟင်ထဲကို တွန်းပို့လိုက်ပြီး အဝိုင်းငါးခုစလုံးကို ပိုပြီးကြီးမားတဲ့ အပိုင်းအစတစ်ခုအဖြစ် ပေါင်းစည်းသွားစေလိုက်တယ်၊၊

ဒီမှော်အစီအရင်အဝိုင်းတွေရဲ့ ပွတ်တိုက်မိမှုတွေက အချင်းချင်း အရည်ပျော်သွားသလိုမျိုး ဖြစ်သွားပြီး တန်ခိုးအရှိန်အဝါတွေ တောက်ပနေတဲ့ ပိုပြီးတော့ ကြီးမားတဲ့ အချပ်ပြားကြီးတစ်ခုကို ဖန်တီးပေးလိုက်တယ်၊၊

ဒါပေမဲ့ အဲဒီပေါင်းစည်းမှုက ပြီးဆုံးခါနီးအချိန်မှာပဲ မှော်အစီအရင်အဝိုင်းက ရုတ်တရက်ကြီး ဖျတ်ခနဲ ဖျတ်ခနဲနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်သွားတယ်၊၊ မှော်ပညာရှင်တွေဟာ အဲဒီမန္တန်နဲ့ ချိတ်ဆက်ထားတဲ့ သူတို့ရဲ့ ဆက်သွယ်မှုကြီးက ဓားနဲ့ ဖြတ်လိုက်သလိုမျိုး ပြတ်တောက်သွားတာကို ခံစားလိုက်ရတယ်၊၊

မှော်စွမ်းအင်တွေ ပံ့ပိုးပေးမယ့် အရင်းအမြစ် မရှိတော့တဲ့အခါမှာတော့ မှော်အစီအရင်အဝိုင်းက ဝေဟင်ထဲမှာ တဖြည်းဖြည်း လွင့်ပါးသွားပြီး အခန်းထဲမှာ စုစည်းထားသမျှ မှော်စွမ်းအင်တွေ အကုန်လုံး အပြင်ကို လျှံထွက်ကုန်တော့တယ်၊၊ အဲဒီလို ထိခိုက်ပျက်စီးမှုကြောင့် ပြင်းထန်တဲ့ တုန်ခါမှုလှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး လူတိုင်းကို လဲပြိုသွားစေခဲ့တဲ့အပြင် စာအုပ်စင်အချို့ကိုပါ ပျက်စီးသွားစေခဲ့တယ်၊၊

“ဘာဖြစ်တာလဲ” လို့ ဘူးလ်ရန်က အော်ဟစ်လိုက်တယ်၊၊

မှော်ပညာရှင်တွေအားလုံး အချင်းချင်း ကြည့်လိုက်ကြတယ်၊၊ ဒီတစ်ကြိမ်မှာတော့ ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးဆိုတာ သူတို့ သေချာသွားကြပြီ၊၊

သူတို့ဟာ လသာဆောင်ပြင်ပကို အပြေးအလွှား ထွက်ခဲ့ကြပြီး ကောင်းကင်ယံဆီကို မော့ကြည့်လိုက်တဲ့အခါ နေမင်းကြီးကို ကာဆီးထားတဲ့ လူသားတစ်ယောက်ရဲ့ အရိပ်သဏ္ဌာန်ကို မြင်လိုက်ရတယ်၊၊

ဘူးလ်ရန်က မှော်ပညာရှင်တွေရဲ့ နောက်ကနေ လိုက်လာပြီး ကောင်းကင်မှာရှိနေတဲ့ ထူးဆန်းတဲ့ အရာကြီးကို မြင်လိုက်ရတယ်၊၊ “အဲဒါ... အဲဒါ ဘယ်သူလဲ...”

ချက်ချင်းဆိုသလိုပဲ ကြယ်ခြောက်ပွင့်မှော်ပညာရှင်တွေဟာ သူတို့ကိုယ်သူတို့ မီးလျှံခြေလှမ်းမန္တန်ကို ရွတ်ဆိုလိုက်ကြပြီး သူတို့ရဲ့ ခြေဖဝါးအောက်ကနေ ကြီးမားတဲ့ လေမှုတ်ထုတ်မှု အရှိန်အဝါတစ်ခုကို ဖန်တီးလိုက်တယ်၊၊ အဲဒီတွန်းအားက သူတို့ကို ဝေဟင်ထဲကို ပျံတက်သွားစေပြီး သူတို့ရဲ့ မှော်မန္တန်ကို တစ်နည်းနည်းနဲ့ နှောင့်ယှက်ဖျက်ဆီးခဲ့တဲ့ ပြဿနာရှာသူကို ရင်ဆိုင်ဖို့ သွားကြတယ်၊၊

သူ့ရဲ့ မျက်နှာကို သေသေချာချာ မြင်လိုက်ရတဲ့အခါမှာတော့ သူတို့အားလုံး သတိကြီးကြီး ထားလိုက်ကြတယ်၊၊

သူက မှော်ပညာရှင်အစည်းအရုံးကနေ နာမည်ကြီးနေတဲ့ မှော်ပညာရှင်တစ်ယောက် မဟုတ်သလို ဖလဲယားကော့ပ်ရဲ့ ပြိုင်ဘက်တောင် မဟုတ်ဘူး၊၊ သူက ရွှေဝါရောင် ဆံပင်တွေနဲ့ ကောင်လေးတစ်ယောက်မျှသာ ဖြစ်နေတယ်၊၊

“မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ” လို့ သူတို့ထဲက တစ်ယောက်က မိုက်ကယ်ကို မေးလိုက်တယ်၊၊

“လွယ်လွယ်လေးပါ၊၊ ကျွန်တော် လက်ဖျစ်တစ်ချက်ပဲ တီးလိုက်တာ” လို့ သူက သူတို့ဆီကနေ ထွက်လာတဲ့ သိပ်ပြီး ဖုံးကွယ်မထားတဲ့ ရန်လိုမှုတွေကို လုံးဝ ဂရုမစိုက်တဲ့ ပေါ့ပေါ့ပါးပါး အမူအရာနဲ့ ပြန်ဖြေလိုက်တယ်၊၊

“ငါတို့ကို လာမလိမ်နဲ့ ကောင်လေး၊၊ မင်း ငါတို့မန္တန်ကို ဘယ်လိုမျိုး ပယ်ဖျက်လိုက်တာလဲ၊၊ နတ်သူငယ်တွေရဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတစ်ခုခုကို သုံးလိုက်တာလား”

မိုက်ကယ်က ပုခုံးတွန့်ပြလိုက်တယ်၊၊ “အဲဒါ ဘာလဲဆိုတာတောင် ကျွန်တော် မသိဘူး၊၊ ကျွန်တော် ပြောပြီးပြီလေ၊၊ လက်ဖျစ်တစ်ချက် တီးလိုက်တာပါဆိုမှ၊၊ ကြည့်စမ်း၊၊ စိတ်တိုနေတဲ့ လူကြီးငါးယောက် ကျွန်တော့်ဆီ ပြေးလာကြပြီ”

ကြယ်ခြောက်ပွင့်မှော်ပညာရှင်တွေဟာ မိုက်ကယ်ရဲ့ ပြောင်စပ်စပ် စကားတွေကို သဘောမကျကြဘူး၊၊ သူတို့ရဲ့မန္တန်ကို ပယ်ဖျက်ပစ်နိုင်တဲ့ သူ့ရဲ့ ဆန်းကြယ်တဲ့ မှော်ဝင်ပစ္စည်းကို သူတို့သာ သံသယမဝင်ခဲ့ရင် ဒါကို ရယ်စရာတစ်ခုလိုပဲ သတ်မှတ်မိကြမှာပဲ၊၊

မီးလျှံသင်္ကေတတွေ ပါရှိတဲ့ သူတို့ရဲ့ လိမ္မော်ရောင် ဝတ်စုံတွေက လေထဲမှာ တဖျတ်ဖျတ် လွင့်နေတယ်၊၊ သူတို့ရဲ့ အမြုတေတွေထဲမှာ ရှိနေတဲ့ ပင်ကိုယ် မီးမှော်စွမ်းအင်တွေက တောက်လောင်လာပြီး ကောင်းကင်ကြီးတစ်ခုလုံးကို နီကျင့်ကျင့် အရောင်အသွေးအဖြစ် ပြောင်းလဲသွားစေဖို့ လုံလောက်တဲ့ ပြင်းထန်တဲ့ အပူရှိန်ကို ထုတ်လွှတ်လိုက်တယ်၊၊

တစ်ယောက်တည်း မဟုတ်၊ နှစ်ယောက်လည်း မဟုတ်ဘဲ ကြယ်ခြောက်ပွင့်မှော်ပညာရှင် ငါးယောက်ရဲ့ ပေါင်းစပ်တန်ခိုးဆိုတာ ကောင်လေးတစ်ယောက်အနေနဲ့ လွယ်လွယ်ကူကူ ပုခုံးတွန့်ပြီး ကျော်ဖြတ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး၊၊

“မင်း ဒါကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါတို့ကို မပြောဘူးဆိုရင်တော့ မင်း သဘောကျသည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ငါတို့ကတော့ ရှာဖွေရမှာပဲ” လို့ သူတို့က သူ့ကို ခြိမ်းခြောက်လိုက်ကြတယ်၊၊

မိုက်ကယ်က သူတို့အားလုံးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်၊၊ “ကောင်းပြီ၊၊ ခင်ဗျားတို့ မြင်ချင်တာလား၊၊ ဒါဆိုရင်လည်း ရော့... ”

သူက လက်ဖျစ်တစ်ချက် တီးလိုက်တဲ့အခါ သူတို့ခြေဖဝါးအောက်က မီးလျှံတွေက ရုတ်တရက် ငြိမ်းသတ်သွားခဲ့တယ်၊၊ အဲဒီမီးလျှံတွေရဲ့ မီးခိုးတန်းလေးတွေက မိုက်ကယ်ဆီကို ကြိုးတစ်ချောင်းလို ပျံတက်သွားပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲကို လုံးဝ စုပ်ယူခြင်း ခံလိုက်ရတယ်၊၊

သူတို့ကို ဝေဟင်မှာ ထိန်းထားပေးမယ့် မီးလျှံတွေ မရှိတော့တဲ့အတွက် မှော်ပညာရှင်တွေဟာ ခေါင်မိုးပေါ်ကို မကျခင် မီတာအနည်းငယ်အလိုမှာ ဘာတွေဖြစ်ပျက်နေမှန်းတောင် သေချာမသိလိုက်ရဘဲ အောက်ကို လွတ်လွတ်ကျကျ ပြုတ်ကျသွားတာကို ရုတ်တရက် ခံစားလိုက်ရတယ်၊၊

သူတို့ထဲက နှစ်ယောက်ကတော့ အသက်အန္တရာယ်ဖြစ်စေနိုင်မယ့် ပြုတ်ကျမှု ဒဏ်ရာတွေကို လျှော့ချဖို့အတွက် ငှက်မွှေးကဲ့သို့ကျဆင်းခြင်းဆိုတဲ့ မန္တန်ကို အမြန်ဆုံး သုံးနိုင်ခဲ့ကြတယ်၊၊ အခြား နှစ်ယောက်ကတော့ ကျန်တဲ့သူတွေထက် ပိုပြီး မြန်ဆန်ကြလို့ သူတို့ရဲ့ ခြေဖဝါးအောက်မှာ မီးလျှံခြေလှမ်းကို ပြန်လည် ရွတ်ဆိုနိုင်ခဲ့ပြီး အောက်ကို ကျဆင်းမယ့် အရှိန်ကို အချိန်မီ လျှော့ချနိုင်ခဲ့ကြတယ်၊၊

သူတို့ထဲက အမျိုးသမီးတစ်ယောက်အတွက်တော့ ကံမကောင်းရှာဘူး၊၊ ဘူးလ်ရန်ရဲ့ အိမ်တော် အုတ်ခေါင်မိုးတွေကို ဖြတ်ပြီး မပြုတ်ကျခင်မှာ ခေါင်းထဲက မှော်ကျင့်စဉ်ကို အကောင်အထည်ဖော်ဖို့အတွက် သူမ သေချာ အာရုံမစိုက်နိုင်ခဲ့ဘူး၊၊ သူမဟာ အလွှာနှစ်ခုအောက်ကို ပြုတ်ကျသွားပြီး စကျင်ကျောက်ခင်းထားတဲ့ မီးဖိုချောင် ကြမ်းပြင်ပေါ်ကို ဝုန်းခနဲ ဆောင့်ကျသွားခဲ့ရာ ကြမ်းပြင်မှာ တွင်းကြီးတစ်ခု ဖြစ်သွားပြီး အစားအစာတွေ ပြင်ဆင်နေတဲ့ အစေခံတွေနဲ့ အိမ်တော်ထိန်းတွေကို လန့်ဖျပ်သွားစေခဲ့တယ်၊၊

သူမကတော့ လုံးဝ သတိလစ်သွားခဲ့ပြီ ဖြစ်တယ်၊၊

အခြား မှော်ပညာရှင် လေးယောက်ကတော့ ဝေဟင်မှာ တစ်ယောက်တည်း ရှိနေတဲ့ ကောင်လေးကို မော့ကြည့်ရင်း သူတို့ရဲ့ နှလုံးခုန်နှုန်းတွေက တစ်စက္ကန့်ကို အကြိမ်တစ်ထောင်လောက် မြန်နေသလို ခံစားလိုက်ရတယ်၊၊

မိုက်ကယ်က သူ့ရဲ့ လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး ပေါ့ပေါ့ပါးပါး အပြုံးနဲ့ သူတို့ကို ငုံ့ကြည့်နေတယ်၊၊

“သူ... သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ...”

“ဒါ မဖြစ်နိုင်ဘူး၊၊ ဒါ လုံးဝ မဖြစ်နိုင်တာ”

“ငါ့ရဲ့ မှော်စွမ်းအင်တွေ၊၊ ငါ့ဆီကနေ အလုခံလိုက်ရပြီ”

သူတို့အားလုံးဟာ မိမိတို့ရဲ့ မှော်စွမ်းအင် အမြုတေတွေကို ပြန်ကြည့်လိုက်ကြပြီး အဲဒီအထဲက အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားတာကို ခံစားလိုက်ရတယ်၊၊ ထာဝရအတွက် ပျောက်ဆုံးသွားတာ ဖြစ်တယ်၊၊

ပုံမှန်အားဖြင့်တော့ မှော်ပညာကို အသုံးပြုနေစဉ်အတွင်း သုံးစွဲလိုက်တဲ့ ဘယ်မှော်စွမ်းအင်မဆို အချိန်အတိုင်းအတာတစ်ခုကြာရင် သူတို့ရဲ့ အမြုတေထဲကို ပြန်ရောက်လာလေ့ရှိတယ်၊၊ ဒါပေမဲ့ အခုတော့ သူတို့ရဲ့ ကျင့်စဉ်တွေ၊ သူတို့ရဲ့ မှော်စွမ်းအင် အမြုတေတွေဟာ ယခင်အဆင့်ကို လျှောကျသွားသလိုမျိုး ခံစားလိုက်ရတယ်၊၊ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က သူတို့ လုပ်ခဲ့သမျှ တရားထိုင်ခြင်းတွေနဲ့ မှော်စွမ်းအင် စုဆောင်းခြင်းတွေက လုံးဝ ပြာပုံဖြစ်သွားသလိုမျိုးပဲ၊၊

သူတို့ လုံးဝ ထိတ်လန့်တုန်လှုပ်သွားကြတယ်လို့ ပြောရင် လိမ်ရာကျမှာ မဟုတ်ဘူး၊၊ သူတို့ရဲ့ မှော်စွမ်းအင်တွေ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့နေကြသလို သူတို့ရဲ့ မှော်စွမ်းအင်တွေကို တစ်နည်းနည်းနဲ့ ယူဆောင်သွားနိုင်တဲ့ ကောင်လေးကိုလည်း ကြောက်လန့်နေကြတယ်၊၊

“တွေ့လား၊၊ ကျွန်တော် ပြောသားပဲ၊၊ လက်ဖျစ်တစ်ချက်ပဲလို့”

မိုက်ကယ်ရဲ့ အသံက မှော်ပညာရှင် လေးယောက်ဆီကို ပဲ့တင်ထပ်ပြီး ကျဆင်းလာခဲ့တယ်၊၊

သူတို့ သွေးပျက်သွားကြပြီ၊၊ မိုက်ကယ်နဲ့ ရင်ဆိုင်ရမှုက သူတို့ရဲ့ တိုက်ခိုက်မလား၊ ဒါမှမဟုတ် ထွက်ပြေးမလားဆိုတဲ့ စိတ်အခံကို တစ်စက္ကန့်တိုင်းမှာ လှုံ့ဆော်ပေးနေသလို ဖြစ်နေတယ်၊၊

“ငါတို့ ဘာလုပ်သင့်လဲ...” လို့ မှော်ပညာရှင်တွေထဲက တစ်ယောက်က မေးလိုက်တယ်၊၊

“သူက ကလေးတစ်ယောက်ပဲလေ... ငါတို့က ဘာလို့ သူ့ကို ကြောက်နေရမှာလဲ...”

“မှန်တယ်၊၊ ငါတို့က ဖလဲယားကော့ပ်ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ကြယ်ခြောက်ပွင့်မှော်ပညာရှင်တွေပဲ၊၊ ငါတို့ တိုက်ပွဲကနေ နောက်မဆုတ်ဘူး”

“ငါတို့ရဲ့ အကောင်းဆုံး မန္တန်တွေနဲ့ သူ့ကို ဗုံးကြဲတိုက်ခိုက်ကြစို့”

မှော်ပညာရှင်တွေဟာ အားအင်သစ်တွေ ပြန်ပြည့်လာသလိုမျိုး မိုက်ကယ်ကို ရင်ဆိုင်ဖို့ ဝေဟင်ထဲကို ပြန်ပျံတက်သွားကြတယ်၊၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့က သူ့နားကို အနားမကပ်ကြတော့ဘူး၊၊ သူတို့ဟာ သူ့ကို အနည်းဆုံး ခရီးအကွာအဝေး ရေဒီယပ်စ် တစ်ဝက်လောက်ကနေ ဝိုင်းရံထားကြပြီး သူတို့ရဲ့ မှော်စွမ်းအင်တွေကို နောက်ထပ်တစ်ကြိမ် 'မယူ' နိုင်အောင် သေချာ ပြင်ဆင်ထားကြတယ်၊၊

“ဥက္ကာပျံ မီးလျှံများ” လို့ သူတို့ထဲက တစ်ယောက်က အော်ဟစ်လိုက်ပြီး သူတို့ရဲ့ စွမ်းရည်တွေထဲက အင်အားအကောင်းဆုံး ကြယ်ခြောက်ပွင့်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်တယ်၊၊

လိမ္မော်ရောင် မီးလုံးကြီးတွေက သူ့လက်ထဲက မှော်အစီအရင်အဝိုင်းကို ဖြတ်ပြီး ပစ်ထွက်သွားခဲ့ပြီး မီးရှူးမီးပန်းတွေလိုမျိုး နောက်ကနေ မီးခိုးတန်းကြီးတွေကို ချန်ထားခဲ့တယ်၊၊

“ခြင်္သေ့ရဲ့ ဂုဏ်သိက္ခာ - မီးခဲရဲရဲ ဟိန်းဟောက်သံ” လို့ နောက်ထပ် မှော်ပညာရှင်တစ်ယောက်က အော်လိုက်ပြန်တယ်၊၊

မှော်ပညာရှင်ရဲ့ မှော်အစီအရင်အဝိုင်းထဲကနေ ခြင်္သေ့ခေါင်းကြီးတစ်ခု ပေါ်ထွက်လာတယ်၊၊ အဲဒါက သူ့ရဲ့ မေးရိုးကြီးတွေကို ကျယ်ကျယ်ဖွင့်ပြီး မိုက်ကယ်ဆီကို ဟိန်းဟောက်လိုက်တဲ့အခါ လေထုထဲမှာရှိတဲ့ မှော်စွမ်းအင် အမှုန်အမွှားတွေကို လှုံ့ဆော်ပေးလိုက်ပြီး သူ့ဆီကို အပူလှိုင်းကြီးတစ်ခုအဖြစ် ရောက်ရှိသွားစေခဲ့တယ်၊၊

နောက်ထပ် မှော်ပညာရှင်တစ်ယောက်ကတော့ “ဘောရော့ခ်ရဲ့ ခံတပ်” ကို ရွတ်ဆိုလိုက်တယ်၊၊

မှော်ပညာရှင်က သူ့ရဲ့ မှော်မန္တန်ကို အဆုံးသတ်လိုက်တဲ့အခါ မီးလျှံတွေနဲ့ လုံးဝ ဖွဲ့စည်းထားတဲ့ မီးမိစ္ဆာကြီးတစ်ခုက လက်တွေ့လောကထဲကို ပေါက်ကွဲထွက်ပေါ်လာတယ်၊၊ ဒီမီးမိစ္ဆာဟာ ဝက်လို မျက်နှာကြီးနဲ့ အငွေ့ပျံနေတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကလွဲရင် လူသားတစ်ယောက်နဲ့ တော်တော်လေး တူတယ်၊၊

ဆင့်ခေါ်ခြင်း ခံရပြီးတာနဲ့ အဲဒီမိစ္ဆာက ပထမ မန္တန်နှစ်ခုထက်တောင် ပိုပြီး မြန်ဆန်တဲ့ အရှိန်နဲ့ သူ့ရဲ့ အငွေ့ပျံနေတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို သုံးပြီး မိုက်ကယ်ဆီကို အပြေးအလွှား တိုးဝင်သွားခဲ့တယ်၊၊

“ဖီးနစ်ငှက်ငယ်ရဲ့ အမွှေးအတောင်” လို့ နောက်ဆုံး မှော်ပညာရှင်က အော်ဟစ်လိုက်တယ်၊၊

ဒီတစ်ကြိမ်မှာတော့ မှော်အစီအရင်အဝိုင်းထဲကနေ ကြီးမားတဲ့ အနက်ရောင် အမွှေးအတောင်ကြီးတွေ ပေါ်လာခဲ့တယ်၊၊ ဒီအမွှေးအတောင်တွေက သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ လေထုအပါအဝင် ထိမိသမျှ အရာအားလုံးကို ပြာကျသွားစေတယ်၊၊

အဲဒါက မိုက်ကယ်ဆီကို တိုးဝင်သွားတဲ့အခါမှာတော့ သူ့ရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေက ထပ်ကြပ်မကွာ ပါလာခဲ့တော့တယ်၊၊

* * * * * * * *

စာစဉ်(၂၅)

အခန်း(၂၉၄)

သူ့ဆီကို ဦးတည်ပြီး ပြေးဝင်လာတဲ့ ဒီ ကြယ်ခြောက်ပွင့်မန္တန် လေးခုကြောင့် မိုက်ကယ်လို လူမျိုးတောင် အပူရှိန်ကို အနည်းငယ် ခံစားလိုက်ရတယ်။ သူကိုယ်တိုင်က ကြယ်ငါးပွင့် မှော်ပညာရှင်တစ်ယောက် ဖြစ်တာမို့ အခုအချိန်မှာ သူသုံးနိုင်တဲ့ အကောင်းဆုံးမန္တန်တွေက ကြယ်ငါးပွင့်အဆင့်မှာပဲ ရှိသေးတာလေ။ တကယ်လို့ တခြားမှော်ဆရာတစ်ယောက်သာဆိုရင် ဒီအခြေအနေမှာ ထွက်လာမယ့် ရလဒ်က တစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ သေလူဖြစ်သွားဖို့ပါပဲ။

ဒါပေမဲ့ သူကတော့ ထုံးစံအတိုင်း မတူကွဲပြားနေတယ်။ သူ့မှာ မှော်စွမ်းအင်တွေကို စိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့်စွမ်းရည် ရှိနေတာကိုး။

သူ့ဆီကို အရှိန်အဟုန်နဲ့ ပြေးဝင်လာတဲ့ မီးမိစ္ဆာကို သူ စိုက်ကြည့်လိုက်တယ်။

[မှော်ကျင့်စဉ်အသစ် ရရှိပါပြီ] လို့ နိုဗာ က အသိပေးလာတယ်။

အဲဒီအသံကို ကြားလိုက်ရတာနဲ့တစ်ပြိုင်နက် မီးမိစ္ဆာရဲ့ လှည့်ကွက်တွေနဲ့ မှော်စွမ်းအင် စီးဆင်းပုံအသေးစိတ် အချက်အလက်တွေအားလုံး သူ့ဦးနှောက်ထဲကို လျှောခနဲ စီးဝင်လာတော့တယ်။ တကယ်တော့ အဲဒီကောင်က သက်ရှိသတ္တဝါအစစ် မဟုတ်ဘဲ မီးဒြပ်စင်မှော်စွမ်းအင်တွေကို စနစ်တကျ ပုံဖော်ထားတဲ့ မှော်ရုပ်သေးသက်သက်သာ ဖြစ်နေတာကိုး။

သူက မီးမိစ္ဆာရဲ့ ကိုယ်ထည်ကို ကြည့်လိုက်တဲ့အခါမှာ ရိုးရိုးမီးတောက်တွေကိုပဲ မြင်ရတော့တာ မဟုတ်ပါဘူး။ မန္တန်ဖန်တီးသူ သတိမထားမိဘဲ ချန်ထားခဲ့မိတဲ့ အားနည်းချက်တွေကို ဖော်ပြနေတဲ့ မှော်စွမ်းအင် လမ်းကြောင်းတွေကိုပါ အထင်းသား မြင်နေရပြီ ဖြစ်တယ်။

ကြယ်ခြောက်ပွင့်မန္တန်တစ်ခုလုံးကို စိတ်ကြိုက်ထိန်းချုပ်ဖို့ သူ အဆင့်မမှီသေးရင်တောင်မှ အဲဒီမန္တန်ရဲ့ အစိတ်အပိုင်းတွေကို တစ်ခုချင်းစီ ဆွဲဖြုတ်ပစ်ဖို့ကတော့ သူ့အတွက် လုံးဝ အပန်းမကြီးပါဘူး။

မိုက်ကယ်က အသာအယာလေး ဆွဲငင်လိုက်ရုံနဲ့တင် မီးမိစ္ဆာရဲ့ အဓိက မှော်စွမ်းအင်ကျောရိုးကို ဖမ်းဆုပ်မိသွားပြီး အဲဒီကောင်ကို ရုပ်လုံးပေါ်စေတဲ့ မှော်စွမ်းအင် စီးဆင်းမှုကို အစကတည်းက ဖျက်ဆီးပစ်လိုက်တယ်။

မကြာခင်မှာပဲ မီးမိစ္ဆာရဲ့ ပုံသဏ္ဌာန်က သူ့ရဲ့ မီးတောက်တွေထဲမှာတင် အရည်ပျော်သွားပြီး မိုက်ကယ်ဆီ ရောက်လာတဲ့အချိန်မှာတော့ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရတယ်။

နောက်ဆုံး သူ့ဆီကို ရောက်လာတဲ့အချိန်မှာတော့ ကြယ်သုံးပွင့်မန္တန်လောက်ပဲ အစွမ်းရှိတော့တဲ့ မီးလုံးတစ်လုံးအဖြစ်ပဲ ကျန်ပါတော့တယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့ ဘေးပတ်ပတ်လည်မှာ မမြင်နိုင်တဲ့ သဟဇာတ ပေါင်းစည်းခြင်း အကာအကွယ်တစ်ခု ပေါ်လာပြီး မန္တန်ထဲက မီးဒြပ်စင်မှော်စွမ်းအင်တွေကို ချေဖျက်ပစ်လိုက်သလို၊ သန့်စင်သွားတဲ့ မှော်စွမ်းအင်တွေကိုလည်း မိုက်ကယ်က ချက်ချင်း ပြန်လည်စုပ်ယူလိုက်တယ်။ အဲဒီမီးမိစ္ဆာဆီကနေ မီးခိုးငွေ့တစ်စတောင် ကျန်မနေခဲ့ပါဘူး။

လေထဲမှာတင် သူ့ရဲ့မန္တန် အဖျက်ဆီးခံလိုက်ရတာကို မြင်လိုက်ရတဲ့ မှော်ဆရာကတော့ မယုံနိုင်လောက်အောင် ဖြစ်ပြီး အော်ဟစ်လိုက်မိတယ်။

အခြားမှော်ဆရာတွေလည်း အံ့ဩသွားကြပေမဲ့ သူတို့ကတော့ ကိုယ့်မန္တန်အပေါ်မှာပဲ အာရုံစိုက်ဖို့ ရွေးချယ်လိုက်ကြတယ်။ ဒီလိုအဆင့်မြင့်မန္တန်တွေကို နှောက်ယှက်ဖို့ သူသုံးလိုက်တဲ့ မှော်မန္တန် ဒါမှမဟုတ် မှော်ဝင်ပစ္စည်းက မီးမိစ္ဆာကို ဖြိုခွင်းပြီးတဲ့နောက်မှာ ခေတ္တအနားပေးရတဲ့ အချိန်အပိုင်းအခြားထဲ ရောက်နေလောက်ပြီလို့ သူတို့ တွေးလိုက်ကြတယ်။ ဒါဟာ သူ့ကို အမိအရ တိုက်ခိုက်ရမယ့် အခွင့်အရေးပဲလေ။

အရေအတွက် ဆယ်ဂဏန်းလောက်ရှိတဲ့ မီးတောက်နေတဲ့ ဥက္ကာခဲတွေက မိုက်ကယ်ရဲ့ အနီးအနားကို ရောက်ရှိလာပြီ ဖြစ်တယ်။ ဥက္ကာခဲ တစ်ခုချင်းစီက မိုက်ကယ်ရဲ့ လှုပ်ရှားမှုတိုင်းနောက်ကို လိုက်ပါနေပြီး ပစ်မှတ်ရှာဖွေရေး ဒုံးကျည်တွေလို ဖြစ်နေတယ်။

အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ အရိပ်က သူ့ကိုယ်ထဲကနေ ရုတ်တရက် သီးသန့်ခွဲထွက်သွားပြီး မိုက်ကယ်နဲ့ တစ်ပုံစံတည်းတူတဲ့ ပုံတူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

၎င်းကတော့ အဆင့်မြင့် အရိပ်ကိုယ်ပွား ဖြစ်ပြီး ရိုးရိုအရိပ်ကိုယ်ပွားမန္တန်ရဲ့ ကြယ်ငါးပွင့်အဆင့် ဗားရှင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရိပ်ကိုယ်ပွားက အစစ်အမှန်နဲ့ အနီးစပ်ဆုံး တူညီနေတာမို့ ဒရာဂွန်ဘွန်းတွေတောင် ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုလဲဆိုတာ ခွဲခြားနိုင်မှာ မဟုတ်ပါဘူး။

ဥက္ကာခဲတွေက လမ်းကြောင်းတွေကို ချက်ချင်းပြောင်းလဲလိုက်ပြီး မိုက်ကယ်ရဲ့ အရိပ်ကိုယ်ပွားနောက်ကိုပဲ လိုက်သွားကြတော့တယ်။ ဒီကြယ်ခြောက်ပွင့်မန္တန်က မိုက်ကယ်ရဲ့ အရိပ်ကိုယ်ပွားကိုပဲ အစစ်အမှန်လို့ သတ်မှတ်လိုက်ပုံရတယ်။

ဥက္ကာခဲတွေက မိုက်ကယ်ရဲ့ အရိပ်ကိုယ်ပွားဆီကို ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ ကျရောက်ပေါက်ကွဲပြီး အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်ကို အပြင်းအထန် ကျဲချပြီးတိုက်ခိုက်ပါတော့တယ်။

မှော်ဆရာက သူ အောင်မြင်ပြီလို့ ထင်လိုက်တဲ့အချိန်မှာပဲ မိုက်ကယ်က အရိပ်အသွင်ကို ပြန်ပြောင်းပြီး အရိပ်ကိုယ်ပွားဆီမှာ ပြန်လည်ပူးကပ်သွားခဲ့တယ်။

ဒါကလည်း အဆင့်မြင့် အရိပ်ကိုယ်ပွား ရဲ့ အားသာချက်တစ်ခု ဖြစ်ပြီး သူ့ကို အရိပ်နှစ်ခုကြားမှာ အချိန်မရွေး လွယ်လွယ်ကူကူ ကူးပြောင်းနိုင်စေတယ်။

အခုဆိုရင် မန္တန် နှစ်ခုပဲ ကျန်ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီမန္တန်နှစ်ခုလုံးက ဧရိယာအကျယ်အဝန်းအလိုက် သက်ရောက်မှုရှိတဲ့ မန္တန်တွေဖြစ်နေပြီး အလွန်ကျယ်ပြောတဲ့ နယ်ပယ်ကို ထိခိုက်စေတာမို့ မိုက်ကယ်အနေနဲ့ ရှောင်တိမ်းဖို့ ဒါမှမဟုတ် ထွက်ပြေးဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။ သူ့ရဲ့ အရိပ်ကိုယ်ပွားတွေလည်း အဲဒီပြင်းထန်တဲ့ အပူရှိန်နဲ့ စွမ်းအားအောက်မှာပဲ ရှိနေမှာ ဖြစ်တယ်။

ခြင်္သေ့ဟောက်သံက အရင်ဆုံး ထွက်ပေါ်လာပြီး ခေတ်ပေါ် မိုက်ခရိုဝေ့ဖ်တစ်ခုလို ပြင်းထန်ထက်မြက်တဲ့ အပူရှိန်တွေကို ထုတ်လွှတ်ပေးတဲ့ ဧရာမ တုန်ခါလှိုင်းကြီးတစ်ခုကို ဖန်တီးလိုက်တယ်။

ဒါက ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားပြီး တိမ်တိုက်တွေကိုတောင် အရည်ပျော် ပျောက်ကွယ်သွားစေတယ်။

ဒါတင်မကသေးဘဲ အနက်ရောင် ငှက်မွေးတွေကလည်း မိုက်ကယ်ရဲ့ ခြေထောက်အောက် မီတာတစ်ရာအကွာမှာ နေရာယူလိုက်ကြတယ်။ အဲဒီငှက်မွေးတွေက အပူရှိန်တွေကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေပြီး လေထုအလယ်ခေါင်မှာ မီးပုံကြီးတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်နေတာမို့ မိုက်ကယ်နဲ့ သူ့ရဲ့ အရိပ်ကိုယ်ပွားတွေကိုပါ ကင်ပစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်။

မိုက်ကယ်ရဲ့ ဘက်စုံအကာအကွယ်က အပူရှိန်တွေကို စဉ်ဆက်မပြတ် ဖြိုခွင်းပေးနေပြီး သူ့ကို ပြင်းထန်တဲ့ သက်ရောက်မှုတွေကနေ ကာကွယ်ပေးထားပါတယ်။ ဒါပေမဲ့လည်း ကြယ်ခြောက်ပွင့်မန္တန် နှစ်ခုစလုံးရဲ့ ပေါင်းစပ်အစွမ်းက ကြယ်ခုနစ်ပွင့်မန္တန်တစ်ခုရဲ့ အစွမ်းနဲ့ ညီမျှသွားတာမို့ နောက်ဆုံးမှာတော့ သူ့ရဲ့ အကာအကွယ်တွေကို ထိုးဖောက်သွားနိုင်ခဲ့ပြီ ဖြစ်တယ်။

မှန်ရောင်စုံ အကာအကွယ်ထဲက မှော်စွမ်းအင်တွေက တဖြည်းဖြည်းနဲ့ လျော့နည်းလာပြီး အပူရှိန်အချို့က မိုက်ကယ်ဆီကို စိမ့်ဝင်လာတော့တယ်။

အပူရှိန်က သူ့ဆီကို သက်ရောက်ခါနီးဖြစ်နေတာမို့ မိုက်ကယ်က မျက်လုံးတွေကိုပိတ်ပြီး အာရုံစူးစိုက်လိုက်တယ်။ သူက နိုဗာကို မှော်ပညာနဲ့ ခေတ်ပေါ် ရူပဗေဒကို ပေါင်းစပ်ထားတဲ့ ဆန်းသစ်တဲ့ မန္တန်တစ်ခု ဖန်တီးဖို့ ညွှန်ကြားလိုက်တယ်။

သူက လက်ကိုမြှောက်ပြီး "အက်ဖ်လပ်ဇ် ဖရီဂျစ်ဒပ်စ်" လို့ ကြည့်ဖူးတဲ့ ဟယ်ရီပေါ်တာကားထဲကလို ရွတ်ဆိုလိုက်တယ်။

သူက အောက်ဘက်က ဗဟိုမြို့ငယ်လေးကို ငုံ့ကြည့်ပြီး သတ္တုပစ္စည်းတွေအားလုံး သူ့ဆီကို ပျံတက်လာဖို့ အမိန့်ပေးလိုက်တယ်။

မြို့သူမြို့သားတွေကတော့ သူတို့ရဲ့ ရေပုံးတွေ၊ ချပ်ဝတ်တန်ဆာတွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေပါမကျန် လေထဲကို ရုတ်တရက် ပျံတက်သွားပြီး ပြတင်းပေါက်တွေကနေ ထွက်ပြေးသွားတာကို မြင်လိုက်ရတာမို့ အံ့ဩမှင်တက်ကုန်ကြတယ်။

လူတွေက သူတို့ရဲ့ တန်ဖိုးကြီး သတ္တုပစ္စည်းတွေကို လိုက်ဖမ်းဖို့ ခုန်လိုက်ကြပေမဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့ မျက်လုံးတွေက အပေါ်ဘက် ကောင်းကင်ယံမှာ ဖြစ်ပွားနေတဲ့ မှော်အတတ် တိုက်ပွဲကြီးကို မြင်တွေ့သွားကြရတယ်။ ကောင်းကင်မှာ ဧရာမ မှော်စက်ဝိုင်းကြီးတွေ လွင့်မျောနေပြီး ပြင်းထန်တဲ့ မီးတောက်တွေက ပတ်ဝန်းကျင်တစ်ခုလုံးကို နီရဲတဲ့ အရောင်အသွေး ခြယ်သထားတာကို သူတို့က အံ့ဩတုန်လှုပ်စွာနဲ့ စိုက်ကြည့်နေကြတယ်။

ဒီလိုမျိုး ထောင်နဲ့ချီတဲ့ သံနဲ့ ကြေးနီ ပစ္စည်းတွေက ကောင်းကင်ယံမှာ လွင့်မျောနေတဲ့အချိန်မှာပဲ ကြယ်ခြောက်ပွင့်မန္တန်တွေရဲ့ ပြင်းထန်တဲ့ အပူရှိန်က အဲဒီပစ္စည်းတွေကို တဖြည်းဖြည်းနဲ့ အရည်ပျော်သွားစေပြီး သတ္တုရည် ပေါင်းစပ်မှုကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တယ်။

မိုက်ကယ်က ဒီအခွင့်အရေးကို အသုံးချပြီး အဲဒီသတ္တုရည်တွေကို သူ့စိတ်ကြိုက် ပုံဖော်လိုက်တော့တယ်။

အဲဒီ သတ္တုရည်တွေက ကောင်းကင်ယံတစ်ခွင်ကို ဖြတ်သန်းသွားတဲ့ ပြွန်ရှည်ကြီးတွေအဖြစ် တဖြည်းဖြည်း ပုံပေါ်လာခဲ့တယ်။ မိုက်ကယ်က သူစုဆောင်းထားတဲ့ သတ္တုပစ္စည်းတွေနဲ့ ဖြစ်နိုင်သမျှ အများဆုံးနဲ့ အမျှင်ဆုံးဖြစ်အောင် ဖန်တီးလိုက်တယ်။

ပြီးတော့ မိုက်ကယ်က အဲဒီပြွန်တွေထဲမှာ ရေခဲလို အေးစက်နေတဲ့ ရေတွေကို ဖန်တီးလိုက်ပြီး အဲဒီရေတွေက တစ်ဖက်ကနေ တစ်ဖက်ကို အဆက်မပြတ် စီးဆင်းသွားစေတယ်။

အပူကူးပြောင်းခြင်း စီးကြောင်းတွေကြောင့် ကြယ်ခြောက်ပွင့်မန္တန်တွေဆီက အပူရှိန်တွေက ပြွန်တွေထဲက ရေခဲရေတွေဆီကို ကူးပြောင်းသွားပြီး တဖြည်းဖြည်းနဲ့ ရေနွေးငွေ့အဖြစ် ပြောင်းလဲသွားကာ ပြွန်တွေအတိုင်း စီးဆင်းပြီး မန္တန်ရဲ့ အဝေးကို ရောက်သွားခဲ့တယ်။

ဒါကတော့ အပူစုပ်ယူပြီးစွန့်ထုတ်ခြင်း မန္တန် တစ်ခု ဖြစ်ပြီး မိုက်ကယ်ရဲ့ အနီးနားမှာရှိတဲ့ ပြွန်အစင်းရာပေါင်းများစွာကနေတစ်ဆင့် အပူတွေကို သဘာဝအတိုင်း စွန့်ထုတ်ပစ်လိုက်တာ ဖြစ်တယ်။

မှော်ဆရာတွေကတော့ အပူချိန်တွေ ရုတ်တရက် ထိုးကျသွားတာကို ခံစားလိုက်ရတာမို့ ဆွံ့အကုန်ကြတော့တယ်။ တဖြည်းဖြည်း ပျက်စီးနေတဲ့ မှန်ရောင်စုံ အကာအကွယ်ကလည်း အပူရှိန်တွေ မရှိတော့တာမို့ ပြန်လည် အားပြည့်လာခဲ့ပြီ ဖြစ်တယ်။

"ဘယ်လိုလုပ်ပြီး... ပြွန်အနည်းငယ်လေးနဲ့တင်..." လို့ မှော်ဆရာတွေက မယုံနိုင်လောက်အောင် အော်ဟစ်လိုက်ကြတယ်။

အပူရှိန်က သူ့ကို မထိခိုက်နိုင်တော့တာမို့ မိုက်ကယ်က သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီ ဖြစ်တယ်။ အပူစွမ်းအင်ဆိုင်ရာ ရူပဗေဒနဲ့ပတ်သက်တဲ့ သူ့ရဲ့ ခေတ်ပေါ်ဗဟုသုတတွေက ဒီတစ်ကြိမ်မှာ သူ့ကို ကူညီပေးခဲ့တယ်။

"ဒါက သိပ္ပံပညာကွ" လို့ သူက သူတို့ကို လှမ်းပြောလိုက်တယ်။

အခုဆိုရင် သူတို့ရဲ့ ကြယ်ခြောက်ပွင့်မန္တန်တွေ ပျက်စီးသွားပြီဖြစ်လို့ မှော်ဆရာတွေဟာ လုံးဝကို အားနည်းသွားကြပြီ ဖြစ်တယ်။ သူတို့က အဲဒီမန္တန်တွေအတွက် သူတို့ရဲ့ တန်ခိုးစွမ်းအားတွေအားလုံးကို သုံးလိုက်ကြတာမို့ နောက်ဆုံးမှာတော့ ဘာမှအသုံးမဝင် ဖြစ်သွားခဲ့ရတယ်။

မိုက်ကယ်က အခွင့်အရေးကို အရယူပြီး လက်ကိုမြှောက်ကာ သူ့ရှေ့မှာ အနီးဆုံးရှိနေတဲ့ မှော်ဆရာကို ချိန်ရွယ်လိုက်တယ်။

"တောက်... နေနှင့်ဦး သူငယ်နာလေး"

သူက သူတို့ရဲ့ တိုက်ခိုက်မှုတွေကို မယုံနိုင်လောက်အောင် ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ သူ့လို ကလေးတစ်ယောက်က သူတို့လို ကြယ်ခြောက်ပွင့် မှော်ဆရာအားလုံးကို အနိုင်ယူနိုင်စရာ အကြောင်းမရှိပါဘူး။ သူတို့သာ စက္ကန့်အနည်းငယ်လောက် စောင့်ဆိုင်းလိုက်ရင် မန္တန်တွေကို ထပ်ပြီး ရွတ်ဆိုနိုင်ဦးမှာလေ။

ဒါပေမဲ့ သူ မလှုပ်ရှားနိုင်ခင်မှာပဲ သူ့ရှေ့ကနေ ထူးဆန်းတဲ့ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာတာကို ရုတ်တရက် ခံစားလိုက်ရတယ်။ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားသလိုမျိုး ခံစားလိုက်ရတယ်။

သူက မိုက်ကယ်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ လက်ညှိုးထိပ်ကနေ ပြင်းထန်တဲ့ အဖြူရောင် အလင်းတန်းတစ်ခု လင်းထိန်နေတာကို မြင်လိုက်ရတယ်။

အဲဒါက ဘယ်လိုမန္တန်မျိုးလဲ၊ ဘယ်လိုမှော်စွမ်းအင်မျိုးကို သုံးထားတာလဲဆိုတာ သူ မသိပါဘူး။ ဒါပေမဲ့ အဲဒီအရာက သူတို့ရဲ့ တစ်သက်တာမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သွားစေတဲ့၊ ဝိညာဉ်ကိုပါ တုန်လှုပ်စေတဲ့ ဖိအားကြီးကို ဖြစ်ပေါ်စေတဲ့ ကြောက်မက်ဖွယ် တန်ခိုးစွမ်းအားရဲ့ ရစ်မြစ်တော့ မဟုတ်ပါဘူး။

အဲဒီအရာကတော့ မိုက်ကယ်ရဲ့ ခေါင်းပေါ်မှာ လွင့်မျောနေတဲ့ ထူးဆန်းတဲ့ သတ္တုပုံသဏ္ဌာန် အရာဝတ္ထုတစ်ခုဆီကနေ ထွက်ပေါ်လာတာပဲ ဖြစ်တယ်။

* * * * * * * *

All Chapters