← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 26 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 26 Ch. 301-302

အခန်း(၃၀၁)

မိုက်ကယ်က မိုင်းလုပ်သားတွေရဲ့ ကွယ်ပျောက်နေတဲ့ ပင်ကိုယ်ပါရမီတွေကို နှိုးဆွပေးလိုက်ပြီး နိုဗာကလည်း အကြီးစား သတ္တုတွင်း စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ခေတ်ပေါ် အသိပညာတွေကို အဲဒီမိုင်းလုပ်သားရဲ့ ဦးနှောက်ထဲကို ထည့်သွင်းပေးလိုက်တယ်။ ဒါကြောင့်မလို့ မိုင်းလုပ်သားအနေနဲ့ ခေတ်သစ်ကမ္ဘာက လူတွေဟာ သတ္တုရိုင်းတွေကို အများဆုံး တူးဖော်နိုင်ဖို့အတွက် စက်မှုစက်ပစ္စည်းတွေကို ဘယ်လိုမျိုး အသုံးချသလဲဆိုတာကို နားလည်သဘောပေါက်သွားရတယ်။

အခုဆိုရင် အဲဒီမိုင်းလုပ်သားဟာ လွန်ပူတွေ၊ ကွန်ဗေယာပတ်ကြိုးတွေနဲ့ အခြား သတ္တုတွင်း တူးဖော်ရေး နည်းပညာတွေကို ကောင်းကောင်းမွန်မွန် အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုအဆင့်ကို ရရှိသွားပါပြီ။ ဒါတင်မကသေးဘဲ မိုက်ကယ်က သူ့ကို ကိုယ်ပိုင် စိတ်ကြိုက်စွမ်းရည်တစ်ခု ရွေးချယ်ခွင့်လည်း ပေးခဲ့ပါသေးတယ်။

အဲဒီလူကတော့ သတ္တုရိုင်းအနံ့ခံသမားကို ရွေးချယ်ခဲ့တာကြောင့် မိုင်းတွင်းထဲမှာ လမ်းကြောင်းမှန်ကို အာရုံခံ ညွှန်ပြပေးနိုင်တဲ့ ပိုမိုထက်မြက်တဲ့ အာရုံခံစားမှုတွေကို ရရှိသွားတယ်။

မိုက်ကယ်က ကျန်တဲ့ မိုင်းလုပ်သားတွေကိုလည်း ဆက်ပြီး ပါရမီနှိုးဆွပေးခဲ့ရာမှာ ကံကောင်းထောက်မစွာနဲ့ သူတို့အားလုံးဟာ သတ္တုတွင်းတူးဖော်ရေးမှာ ပါရမီပါကြတယ်။ သူတို့ကလည်း အရင်ကထက် ပိုပြီးတော့ ကြိုးစားပမ်းစား အလုပ်လုပ်ပါ့မယ်လို့ ကတိပေးရင်း၊ အရည်အသွေးမြင့် သတ္တုရိုင်းတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို မပျက်မကွက် အဆက်မပြတ် ပို့ဆောင်ပေးရင်း မိုက်ကယ်ကို ကျေးဇူးတင်စကား ပြောကြတယ်။

"ဂုဏ်ယူပါတယ် သခင်၊ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပဲ မိုင်းတွင်းတွေကနေ အပြည့်အဝ ထုတ်လုပ်နိုင်တော့မှာပါ"

ဂရက်ဖ်တက်ကလတ်စတာမှာ ရှိတဲ့ မိုင်းတွင်း သုံးခုစလုံးမှာ ပါရမီရှင် အင်ဂျင်နီယာတွေက မိုင်းတွင်းတူးစင်တွေနဲ့ စက်ပစ္စည်းတွေကို တပ်ဆင်ပြီးသွားတာနဲ့ မိုက်ကယ်အနေနဲ့ စီမံကိန်းအသစ်တွေမှာ အသုံးပြုဖို့ သတ္တုရိုင်းနဲ့ ကုန်ကြမ်း တန်ချိန် ၈,၀၀၀ လောက်ကို ရရှိတော့မှာဖြစ်တယ်။ ဒါပေမဲ့ အရင်ဆုံးတော့ သတ္တုတွင်းတူးစက်တွေကို အပြည့်အဝ စနစ်တကျ တပ်ဆင်ထားဖို့ စိတ်ချရအောင် လုပ်ရဦးမှာပေါ့။

ဒါကြောင့် သူဟာ အန်ဂိုရာမြို့မှာရှိတဲ့ သူတို့ရဲ့ ရုံးချုပ်ဆီကို ပြန်လာပြီး ရီနေးတားနိုင်ငံတော်ရဲ့ ပါရမီရှင် အင်ဂျင်နီယာချုပ် ဖြစ်တဲ့ ခုန်းနဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေကို ဆွေးနွေးပါတော့တယ်။

မိုက်ကယ်အနေနဲ့ ဒီအဝါရောင် ဟော့ဘ်မျောက်လူကြီးကို မတွေ့ရတာ တော်တော်လေး ကြာခဲ့ပါပြီ။ ခုန်းက ကင်းစ်နယ်မြေမှာပဲ အောင်းနေပြီး ရီနေးတားနိုင်ငံတော်ရဲ့ စီမံကိန်း ရေးဆွဲရေး အလုပ်တွေကို အများကြီး လုပ်ကိုင်နေခဲ့ရလို့ပါ။ ဒါပေမဲ့ အခုတော့ ကွင်းစ်နယ်မြေဘက်ကို နယ်မြေချဲ့ထွင်မှုက အဆင်ပြေပြေ လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်လို့ ရှေ့ဆက်မယ့် စီမံကိန်းတွေရဲ့ မြေပုံဆွဲတာနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို ကူညီပေးဖို့ မိုက်ကယ်က သူ့ကို ဒီဘက်ကို ပြောင်းရွှေ့ခိုင်းလိုက်တာဖြစ်တယ်။

"ကျွန်တော့်အမြင်အရတော့ နီယိုအော်ကပ်စ်ရဲ့ ပုံစံက အဆင်ပြေပါတယ် သခင်၊ နောင်ပွင့်မယ့် လမ်းတွေအတွက် ရထားသံလမ်းတွေရဲ့ ပုံစံကို ပြောင်းတာမျိုး အနည်းအကျဉ်း ပြင်ချင်တာလေးတွေ ရှိပေမယ့် ခြုံကြည့်ရရင်တော့ ကျွန်တော့်တပည့်တွေ လက်ရာက တော်တော်လေး ကောင်းပါတယ်"

ရီနေးတားရဲ့ အင်ဂျင်နီယာချုပ် ဖြစ်တဲ့အတွက် ခုန်းဟာ ရီနေးတားရဲ့ အဓိက တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ပုံစံထုတ်တဲ့ ကဏ္ဍအားလုံးကို တာဝန်ယူထားရသူဖြစ်တယ်။ ရီနေးတားရဲ့ နယ်မြေတွေကို တစ်ခုနဲ့တစ်ခု အချိတ်အဆက် မိမိနဲ့ ချောချောမွေ့မွေ့ ဆက်သွယ်နိုင်အောင် လုပ်ပေးခဲ့တာလည်း သူပါပဲ။

မိုက်ကယ်က လွတ်လပ်တဲ့ အင်္ကျီနဲ့ ဘောင်းဘီကို ဝတ်ထားပြီး အပေါ်ကနေ လိမ္မော်ရောင် လုပ်ငန်းခွင် အင်္ကျီတစ်ထည်ပဲ ထပ်ဝတ်ထားတဲ့ ခုန်းကို ကြည့်လိုက်တယ်။ မိုက်ကယ် ပထမဆုံးအကြိမ် နှိုးဆွပေးခဲ့တဲ့ လူတစ်ပိုင်းသတ္တုဝါ ဖြစ်တာနဲ့အညီ ခုန်းက အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။ သူဟာ အရင်ကထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာသလို သူ့ရဲ့ အတွေးအခေါ် အကြံဉာဏ်တွေကလည်း ကျွမ်းကျင်မှုတွေ လျှံထွက်နေတယ်။

"မင်း နီယိုအော်ကပ်စ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်ဆိုတာ ငါယုံကြည်ပါတယ် ခုန်း" လို့ မိုက်ကယ်က ခုန်းကို ပြောလိုက်ရင်း

"လောလောဆယ်တော့ မင်းရဲ့ ပါရမီတွေကို အန်ဂိုရာမြို့ကို အဆင့်မြှင့်တင်တဲ့နေရာမှာပဲ အာရုံစိုက်စေချင်တယ်၊ မင်း မြို့စားမင်း စတယ်မိန်းနဲ့ တွေ့ပြီးပြီ မဟုတ်လား"

ခုန်းက ပင်ပန်းနွမ်းနယ်နေတဲ့ အပြုံးမျိုး ပြုံးပြလိုက်တယ်။ "တွေ့ပြီးပြီ သခင်၊ မြို့စားမင်းက အန်ဂိုရာမြို့ကို ကွင်းစ်နယ်မြေရဲ့ နောက်ထပ် သုခဘုံကြီး ဖြစ်လာစေချင်လို့ ကျွန်တော့်ကို အချိန်ပြည့် လာပူဆာနေတာ၊ ကျွန်တော်တို့ရဲ့ အိမ်ရာစနစ်တွေ၊ အခြေခံအဆောက်အအုံတွေ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကိုပါ အန်ဂိုရာထဲ ထည့်သွင်းချင်နေတယ်"

"သူကတော့ ဘေ့စ်ဘောကွင်းတွေထဲမှာ အမြဲလိုလို နေထိုင်နေပြီး သူ့ဇနီးကတော့ အလှပြင်ခန်းမတွေဆီမှာ ပုံမှန် အားပေးနေတယ်၊၊ သူတို့ဇနီးမောင်နှံက ရီနေးတားနိုင်ငံတော်ထဲမှာ လုံးဝ စီးမျောနေကြပြီး ကျွန်တော် ကြည့်ရသလောက်တော့ ဒီနေရာကနေ ဘယ်တော့မှ ပြန်သွားမယ့်ပုံ မပေါ်ဘူး"

မိုက်ကယ်က စုတ်တစ်ချက် သပ်လိုက်မိတယ်၊ သူကိုယ်တိုင်ကတော့ အပြင်မှာ အလုပ်တွေ ရှုပ်နေရချိန်မှာ မြို့စားမင်းက ဘဝကို ဇိမ်နဲ့ အေးဆေး ခံစားနေတာကို မခံချင်ဖြစ်မိလို့ပါ။

အခုဆိုရင် မြို့စားမင်းက ခုန်းကို အန်ဂိုရာမြို့ တိုးတက်ဖို့အတွက် ခက်ခက်ခဲခဲ အလုပ်တွေ အကုန်ခိုင်းထားပြီး သူကိုယ်တိုင်ကတော့ သူအကြိုက်ဆုံး ဘေ့စ်ဘောအသင်းဖြစ်တဲ့ ဆိတ်လူသား စတရိုက်ကာ အသင်းကို အားပေးရင်း အချိန်တွေ ကုန်လွန်စေခဲ့တယ်။ ဒါက တကယ်ကို မတရားလှတယ်။

"မင်း ဒီလိုတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး" လို့ သူက ခုန်းကို ပြောလိုက်တယ်။

"ရပါတယ် သခင်၊ တကယ်တော့ ကျွန်တော်တို့နိုင်ငံကို ဒီလောက်အထိ တန်ဖိုးထားပေးတဲ့သူ ရှိတာက တော်တော်လေး ကောင်းပါတယ်၊ တစ်ခါတလေ သူ နည်းနည်း အလွန်အကျွံ ဖြစ်သွားတာကလွဲရင်ပေါ့၊ ဒါပေမဲ့ မြို့စားမင်း သူ့အိမ်ကိုယ် ပြန်သွားချင်စိတ် ပေါက်လာအောင် အန်ဂိုရာမြို့ကိုလည်း ရီနေးတားနိုင်ငံတော်လိုမျိုး ဆွဲဆောင်မှုရှိအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်" လို့ ခုန်းက ကတိပေးရှာတယ်။

အင်ဂျင်နီယာချုပ်ကြီးက သူ့လက်ကို မြှောက်လိုက်ပြီး မန္တန်တစ်ခု ရွတ်ဆိုလိုက်တဲ့အခါမှာ သူ့လက်ဖဝါးရှေ့မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာပါတော့တယ်။

စက္ကန့်ပိုင်းအတွင်းမှာတင်ပဲ အန်ဂိုရာမြို့ရဲ့ ပုံရိပ်ယောင် ပြသမှုတစ်ခုက အခန်းထဲမှာရှိတဲ့ လူတိုင်းရဲ့ရှေ့မှာ ပေါ်ထွက်လာခဲ့တယ်။ ခုန်းရဲ့ မျက်လုံးတွေက အပြာရောင် အလင်းတန်းတွေနဲ့ တောက်ပလာပြီး အဲဒီပုံရိပ်ယောင်ထဲမှာ ပြောင်းလဲမှုတွေကို စတင် ဖန်တီးပါတော့တယ်။ သူ့ရဲ့ စွမ်းရည်တွေက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့အဖြစ်သို့ အပြည့်အဝ ပုံဖော်ပေးနိုင်တယ်။

ထောင့်စုံနေရာတိုင်းမှာ မြင့်မားတဲ့ လျှပ်စစ်ဓာတ်တိုင်တွေ ဝုန်းခနဲ ပေါ်လာပြီး အဆောက်အအုံ တိုင်းကို လျှပ်စစ်ကွန်ရက်ထဲ ချိတ်ဆက်ပေးလိုက်တယ်။ မညီမညာဖြစ်နေတဲ့ ကျောက်ခင်းလမ်းတွေက ပိုမိုကျယ်ပြန့်လာပြီး မော်တော်ကားတွေ အချိန်မရွေး မောင်းနှင်သွားလာနိုင်မယ့် ကွန်ကရစ်လမ်းမကြီးတွေအဖြစ် ပြောင်းလဲသွားရတယ်။

ထို့နောက် မြို့ရဲ့ အောက်ခြေတည့်တည့်မှာ ဧရာမ ရေလှောင်ကန်ကြီးတစ်ခု ပေါ်လာပြီးတော့ ပိုက်လိုင်းအမြောက်အမြားက အဆောက်အအုံတွေဆီကို ဖြာထွက် သွားကြရာမှာ အားလုံးအတွက် သန့်ရှင်းတဲ့ မိလ္လာစနစ်နဲ့ ရေပိုက်စနစ်တွေကို ဖန်တီးပေးလိုက်တယ်။

ဒီ အန်ဂိုရာမြို့ရဲ့ ဗားရှင်းသစ်ဟာ ဟိုးအရင်တုန်းက ရီနေးတားနိုင်ငံတော်ရဲ့ အစောပိုင်း ကာလတွေနဲ့ ဆင်တူပါတယ်။ အပြောင်းအလဲ အများကြီး မရှိသေးဘူးဆိုရင်တောင်မှ မြို့ပြရဲ့ မီးရောင်စုံတွေကြောင့် နယ်မြေတစ်ခုလုံးဟာ တခြားကမ္ဘာတစ်ခုလိုမျိုး ထူးခြားဆန်းပြားစွာ လှပနေတာကြောင့် ခုန်းရဲ့ ပါရမီအပေါ် လူတိုင်းက အံ့ဩမှင်တက်သွားရတယ်။

"တောက်၊ ငါလည်း အဲဒီလို လုပ်နိုင်ရင် သိပ်ကောင်းမှာပဲ" လို့ ဇိုင်ယွန်က ပုံရိပ်ယောင်ကို လက်နဲ့ တို့ထိရင်း ပြောလိုက်တယ်။

"အပြောအဆို ဆင်ခြင်ဦး" လို့ ရှီနာက သူ့ကို သတိပေးလိုက်တယ်။

"ဟိုးဟိုးဟိုး၊ တကယ့်ကို အံ့ဩစရာကောင်းတဲ့ စွမ်းရည်ပဲ၊ ဒီလောက် အသုံးဝင်တဲ့ စွမ်းရည်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး ထင်တယ်၊ အနည်းဆုံးတော့ ငါထင်တယ်လေ" လို့ ဂရီးဗ်က သူ့ရဲ့ မှတ်ဉာဏ်ပျောက်ဆုံးမှုကြောင့် စဉ်းစားတာမမေ့ခင်မှာ ချီးကျူးစကား ပြောရှာတယ်။

သူတို့က ချီးကျူးစကား ပြောတဲ့အခါ ခုန်းက အသာလေး ဦးညွှတ် အလေးပြုလိုက်တယ်။

"ဒါကတော့ အန်ဂိုရာမြို့အတွက် အခြေခံ ပုံစံပဲ ဖြစ်ပါတယ်၊ နိုင်ငံသားတွေ ကိုယ်တိုင် ဆောက်လုပ်နိုင်မယ့် အခြေခံ အဆောက်အအုံသစ်တွေအတွက် နေရာလွတ်တွေကိုလည်း ချန်ထားပေးဖို့ သေချာ ပြင်ဆင်ထားပါတယ်"

ဂျာကူက ခုန်းရဲ့ ပုခုံးကို ရင်းရင်းနှီးနှီးကြီး ဖက်လိုက်ရင်းနဲ့ "ခုန်း၊ ငါတို့ ရုံးချုပ်နားမှာ အေးစိမ့်နေတဲ့ ဘီယာဆိုင်တစ်ဆိုင်လောက် ထည့်ပေးလို့ ရမလား၊ အဲဒါမရှိရင် ငါ ကောင်းကောင်း အိပ်မပျော်လို့ပါ" လို့ ဂျာကူက ညည်းညည်းညူညူနဲ့ ပူဆာတော့တယ်။

"ကျွန်တော် လုပ်ပေးလို့ရမလားဆိုတာ ကြည့်ပေးပါ့မယ် ဂျာကူ"

အဲဒီ ပျင်းရိလှတဲ့ ဒရာဂွန်ဘွန်းက ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အနေနဲ့ အင်ဂျင်နီယာချုပ်ရဲ့ ကျောကို ပုတ်ပေးလိုက်တယ်။

"အဟမ်း၊ သခင်၊၊ ဒါကတော့ အန်ဂိုရာမြို့အတွက် ကျွန်တော့်ရဲ့ စီမံကိန်းတွေပါ၊ သခင် သဘောကျရဲ့လား" လို့ ခုန်းက မိုက်ကယ်ကို မေးလိုက်တယ်။

အမှန်တော့ မိုက်ကယ်က ဒီလိုအလုပ်မျိုးမှာ ခုန်းက ပိုပြီးတော့ ကျွမ်းကျင်နားလည်တယ်ဆိုတာ သိတာကြောင့် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။

"ဒါကို အကောင်အထည်ဖော်ဖို့ မင်း ကုန်ကြမ်းပစ္စည်း ဘယ်လောက် လိုမလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

ခုန်းက သူ့ခေါင်းထဲမှာ တွက်ချက်မှုအချို့ကို လုပ်လိုက်ပြီးမှ မိုက်ကယ်ကို အဖြေပြန်ပေးတယ်။

"တစ်ရက်ကို သတ္တုရိုင်းနဲ့ ကုန်ကြမ်း တန်ချိန် ၄,၀၀၀ လောက် လိုပါမယ် သခင်၊ ဒါကတောင် အနည်းဆုံး ခန့်မှန်းခြေပါ"

မိုက်ကယ် သက်ပြင်းတစ်ချက် အောင့်သက်သက် ချလိုက်မိတယ်။ အခုတင်ပဲ စီမံကိန်းတစ်ခုတည်းနဲ့တင် သူ့ရဲ့ အသုံးစရိတ် တန်ချိန် ၈,၀၀၀ ထဲက ထက်ဝက်က ပြုတ်ထွက်သွားခဲ့ပြီလေ။

သူက ရှီနာဘက်ကို လှည့်ကြည့်ပြီး "အရှေ့ဘက်မှာရှိတဲ့ ရွှေလမ်းမကြီး တည်ဆောက်ရေးအတွက် ခန့်မှန်းခြေ အသုံးစရိတ်က ဘယ်လောက်လဲ" လို့ မေးလိုက်တယ်။

ရှီနာက သူမရဲ့ မှတ်စုတွေကို ကြည့်လိုက်ရင်း "တစ်ရက်ကို တန်ချိန် ၂,၅၀၀ ပါ သခင်" လို့ ဖြေတယ်။

ခြုံကြည့်ရရင် အဲဒီစီမံကိန်း နှစ်ခုစလုံးအတွက် တစ်ရက်ကို ကုန်ကြမ်း တန်ချိန် ၆၅၀၀ ခန့် ကုန်ကျမှာ ဖြစ်တာကြောင့် သူတို့ရဲ့ စုစုပေါင်း အသုံးစရိတ်အောက်မှာ ကပ်ကပ်လေး လိုနေသေးတယ်။

"ငါက ရွှေလမ်းမကြီး တစ်လျှောက်မှာ ဓာတ်ဆီဆိုင်တွေ ပိုပြီး ဆောက်ဖို့လည်း စဉ်းစားထားသေးတယ်၊ အဲဒါကော ဖြစ်နိုင်ပါ့မလား"

ခုန်းက လေထဲမှာ နောက်ထပ် ပရိုဂျက်ရှင်တစ်ခုကို ဖန်တီးလိုက်ရာမှာ အခုတစ်ကြိမ်မှာတော့ ကွင်းစ်နယ်မြေရဲ့ တောင်ဘက်စွန်း အရပ်ကို အပေါ်စီးကနေ မြင်ရတဲ့ ပုံစံဖြစ်တယ်။ နီယိုအော်ကပ်စ်ကနေ ဖြာထွက်သွားပြီး ဂရက်ဖ်တက်ကလတ်စတာရဲ့ အနောက်ဘက်ဆီကို ဦးတည်နေတဲ့ ရွှေလမ်းမကြီးကို လင်းခနဲ ပြသပေးလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ရွှေလမ်းမကြီးရဲ့ အကွာအဝေး အပိုင်းအခြားအလိုက် ထရပ်ကား ရပ်နားစခန်းတွေ ပေါ်လာပြီး မိုက်ကယ် စိတ်ကူးယဉ်ထားတဲ့ အပြီးသတ် ပုံစံကို ဖော်ပြပေးလိုက်တယ်။

"ဖြစ်နိုင်ပါတယ် သခင်၊ ဒါပေမဲ့ အဲဒါကို ဆောက်ဖို့အတွက် ကုန်ကြမ်း တန်ချိန် ၁,၅၀၀ လောက် ထပ်ကုန်မယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်"

မိုက်ကယ် သက်ပြင်းချလိုက်မိတယ်။ တစ်ရက်တည်းအတွင်းမှာတင် သူဟာ ကုန်ကြမ်းရင်းမြစ်တွေ အများကြီး ဆုံးရှုံးလိုက်ရသလို၊ အများကြီးလည်း ပြန်လည် ရရှိခဲ့တယ်။

* * * * * * * *

စာစဉ်(၂၆)

အခန်း(၃၀၂)

ပြီးတော့ မိုက်ကယ်ရဲ့ အရင်းအမြစ် လိုအပ်ချက်က ဒီလောက်တင် ရပ်သွားမယ့်ပုံမပေါ်ဘူး။ ရီနေးတားနိုင်ငံမှာရှိတဲ့ စက်ရုံတွေကို တာဝန်ယူထားရတဲ့ ခွေးလူသား ရီနေးတားတစ်ယောက်က မိုက်ကယ်ဆီ ချဉ်းကပ်ပြီး ပြဿနာတစ်ခုကို လာတင်ပြတယ်။

"သခင်... ကားတွေ ထပ်ထုတ်ဖို့အတွက် သတ္တုတွေ ပြတ်လပ်နေပြီဗျ။ အန်ဂိုရာမြို့က လူတွေက အခုဆို ဂတ်စ်သုံးကားတွေကို တော်တော်လေး အကြိုက်တွေ့နေကြပြီး အစုလိုက်အပြုံလိုက်ကို ဝယ်နေကြတာ။ ပြီးတော့ ဂရက်ဖ်တက်ကလတ်စတာမှာ ရွှေလမ်းမကြီးကို အခုမှ ဖောက်လုပ်ပြီးစီးခဲ့တာဆိုပေမဲ့ သူတို့ဆီက ကားအဝယ်လိုအားက အများဆုံး ဖြစ်နေတယ်ဗျ"

မိုက်ကယ်ကတော့ လူတွေပြောလေ့ရှိသလို အောင်မြင်လွန်းလို့ ဒုက္ခရောက်ရတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်။

ဒီနောက်ပိုင်း ကားတွေက အရမ်းခေတ်စားလာတာကြောင့် သူတို့စက်ရုံတွေအနေနဲ့ ဝယ်လိုအားကို မမှီနိုင်အောင် ဖြစ်နေရတယ်။ ကင်းစ်နယ်မြေကိုတောင် ကားတွေ အလုံအလောက် မပေးနိုင်သေးခင်မှာပဲ ကွင်းစ်နယ်မြေကလည်း ပိုပြီးတော့ အငမ်းမရ တောင်းဆိုလာပြန်တယ်။

သူက လူပုဘုရင်နိုင်ငံဆီကနေ ကုန်ကြမ်းတွေ ထပ်တောင်းဖို့ ကြိုးစားခဲ့သေးပေမဲ့ သူတို့ဆီမှာလည်း ပစ္စည်းတွေ ပြတ်လပ်နေခဲ့တယ်။ သူတို့က မကြာသေးခင်ကမှ နယ်မြေချဲ့ထွင်တာတွေနဲ့ အခြေခံအဆောက်အအုံ အရည်အသွေး မြှင့်တင်တာတွေကို စတင်လုပ်ဆောင်နေတာကြောင့် တူးဖော်ရသမျှ သတ္တုမှန်သမျှက သူတို့ရဲ့ ကိုယ်ပိုင်စီမံကိန်းတွေဆီ တန်းတန်းမတ်မတ် ရောက်သွားတာလေ။

မိုက်ကယ်တစ်ယောက် တကယ့်ကို အခက်တွေ့နေရပြီ။

"ဒါကို ရှင်းဖို့ လွယ်လွယ်လေး ရှိပါတယ်" လို့ ယူနာက ကြားဖြတ်ပြောလိုက်တယ်။

"မင်းက တခြားကုမ္ပဏီတွေကို ကားရပ်နားစခန်းတွေမှာ ဆိုင်ခန်းတွေ လာဖွင့်ခွင့်ပေးဖို့ စီစဉ်ထားတယ် မဟုတ်လား။ အဲဒီတော့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာမှာ ကူညီဖို့ သူတို့ဘာသာ ကုန်ကြမ်းတွေ ရှာဖွေလာခိုင်းရင် မကောင်းဘူးလား"

ဒီလို အဆင်ပြေမယ့် အဖြေမျိုးက အစကတည်းက ရှိနေခဲ့တာကို သိလိုက်ရတော့ မိုက်ကယ် တော်တော်လေး အံ့ဩသွားရတယ်။ "ဒါက တကယ် ဖြစ်နိုင်လို့လား" လို့ သူက မေးလိုက်တယ်။

ယူနာက ခေါင်းငြိမ့်ပြတယ်။

"ဒီလိုမျိုးတွေ ခဏခဏ ဖြစ်လေ့ရှိပါတယ်။ ဂိုးလ်စတုန်း ကော်ပိုရေးရှင်းလို အိမ်ခြံမြေကုမ္ပဏီ အများစုဟာ လက်ထဲမှာ သဘာဝအရင်းအမြစ် အများကြီး မရှိဘဲနဲ့ အခြေခံအဆောက်အအုံတွေ ပိုပြီး တည်ဆောက်နိုင်ဖို့ ဒီဗျူဟာကို သုံးကြတယ်လေ"

ဒါက မိုက်ကယ်ရဲ့ လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်ရုံတင်မကဘဲ ရလဒ်အနေနဲ့ သူ့ကို ပိုတောင် အကျိုးရှိစေနိုင်သေးတယ်။

"ငါက လိုအပ်တာထက် ပိုတဲ့ ကုန်ကြမ်းတွေကိုပါ တောင်းဆိုလို့ ရမလား"

"စာချုပ်ထဲမှာ ထည့်ထားရင် ရတယ်။ သူတို့က မင်းကို ရွှေဒင်္ဂါးပြားတွေနဲ့ ပေးချေမယ့်အစား မင်းအလိုချင်ဆုံး အရင်းအမြစ်တစ်ခုခုနဲ့ ပေးချေခိုင်းလို့ ရတယ်လေ" လို့ သူမက ပုံမှန်အတိုင်းပဲ ပြန်ဖြေလိုက်တယ်။

ရှီနာက မိုက်ကယ် ဘာတွေးနေလဲဆိုတာကို သိတာကြောင့် ချက်ချင်းပဲ သူမရဲ့ မှတ်စုတွေကို ပြန်ကြည့်ပြီး အသေအချာကို အလေးအနက် စဉ်းစားတော့တယ်။

"ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိကြောင်း ပြသထားတဲ့ အန်ဂိုရာမြို့က စားသောက်ကုန်ကုမ္ပဏီ ၁၁ ခု၊ ပန်းပဲလုပ်ငန်းစု ၈ ခု၊ တည်းခိုဆောင် ၅ ခုနဲ့ ကုန်သည်အစုအဖွဲ့ ၁၅ ခု ရှိပါတယ်" လို့ ရှီနာက အစီရင်ခံတယ်။

"ဂတ်စ်ဆိုင်တွေ ဆောက်လုပ်ဖို့အတွက် သူတို့ဆီကနေ သတ္တုရိုင်းနဲ့ ကုန်ကြမ်း တန်ချိန် ၂၀၀ စီ တောင်းမယ်ဆိုရင် ကျွန်မတို့အနေနဲ့ သဘာဝအရင်းအမြစ် စုစုပေါင်း တန်ချိန် ၇၈၀၀ နီးပါးလောက်အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်"

ဒါကို ကြားလိုက်ရတဲ့အခါ မိုက်ကယ်တစ်ယောက် မပြုံးဘဲ မနေနိုင်တော့ဘူး။ ဒါဆိုရင် ရွှေလမ်းမကြီးရဲ့ အနောက်ဘက်နယ်မြေမှာရှိတဲ့ ကားရပ်နားစခန်း တစ်ခုလုံးအတွက် ကုန်ကျစရိတ်ကို ကာမိရုံတင်မကဘဲ ကားထုတ်လုပ်ရေး အပိုင်းမှာ ကူညီဖို့အတွက်တောင် အကြွင်းအကျန် ရှိဦးမှာပဲ။

နောက်ဆုံးတော့ မိုက်ကယ်တစ်ယောက် အရင်းအမြစ် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ။ သူက ဒီစိတ်ကူးတွေကို တကယ် လက်တွေ့ဖြစ်လာအောင် လုပ်ရဦးမယ်လေ။

"ရှီနာ... မင်း အန်ဂိုရာမြို့မှာရှိတဲ့ အဲဒီကုမ္ပဏီတွေဆီ သွားပြီးတော့ ငါတို့ရဲ့ အစီအစဉ်သစ်ကို ပြောပြလိုက်ပါ။ လောလောဆယ်တော့ ခုန်း... မင်းက ကုန်ကြမ်းတွေ စတင်တူးဖော်နိုင်ဖို့အတွက် ဂရက်ဖ်တက်ကလတ်စတာမှာရှိတဲ့ မိုင်းတွင်းစီမံကိန်းတွေကို အပြီးသတ်ပေးစေချင်တယ်"

"အမိန့်အတိုင်းပါ သခင်" လို့ ခုန်းက ပြန်ဖြေတယ်။

"ဒါပေမဲ့ ကျွန်တော်က ရှုပ်ထွေးတဲ့ ရေနံစက်ပစ္စည်းတွေကို တည်ဆောက်ဖို့ကျတော့ ပါရမီ မပါဘူးဗျ။ အဲဒီလို အရာတွေကို တီထွင်ဆန်းသစ်တဲ့နေရာမှာ ပါရမီ အများကြီးရှိတဲ့ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတစ်ယောက်ကိုပဲ ညွှန်ကြားပေးဖို့ အကြံပြုချင်ပါတယ်"

ခုန်းက အခန်းထဲကို မြွေလူသား အမျိုးသမီးတစ်ယောက် ခေါ်လာခဲ့တယ်။ သူမက သူတို့မျိုးနွယ်စုထဲမှာ တွေ့ရခဲတဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ပါရမီရှိတဲ့ မြွေလူသားတွေထဲက တစ်ယောက်ဖြစ်မှန်း မိုက်ကယ် မှတ်မိလိုက်တယ်။

"သူမက ပရီယာ ပါ သူဌေး။ သူမက ဘယ်သူ့အကူအညီမှ မပါဘဲနဲ့ ကားအင်ဂျင်ကို အစိတ်အပိုင်းတွေ တစ်စစီ ဖြုတ်ပြီး ပြန်တပ်ဆင်နိုင်ခဲ့တာ။ သူဌေး အလိုရှိတဲ့ မိုင်းတွင်းတူးစက်တွေကို သူမ သေချာပေါက် တည်ဆောက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

ပရီယာက အလုပ်ခွင်သုံး ဦးထုပ်မာကို ဆောင်းထားပြီး သူမရဲ့ အဝတ်အစားတွေနဲ့ အကြေးခွံတွေပေါ်မှာ ဆီချေးတွေ၊ အညစ်အကြေးတွေ ပေကျံနေခဲ့တယ်။ ဒါက သူမအနေနဲ့ အလုပ်လုပ်တဲ့နေရာမှာ ဖုန်ပေမှာကို မကြောက်ဘူးဆိုတဲ့ သက်သေပဲပေါ့။

သူမကို သူ စောင့်ကြည့်နေတုန်းမှာပဲ သူ့ရဲ့ အဆင့်မြင့် ရွှေနှာခေါင်းစွမ်းရည် က ရုတ်တရက် ယားယံလာခဲ့တယ်။

သူက သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို သုံးပြီး သူမကို အကဲခတ်ကြည့်လိုက်တဲ့အခါ သူမက ဒုတိယအကြိမ် ပါရမီနိုးထဖို့ အရည်အချင်း ပြည့်မီနေတာကို သိလိုက်ရလို့ တော်တော်လေး ဝမ်းသာသွားရတယ်။

[ပါရမီ: အဆင့်မြင့် ရေနံစက်ပစ္စည်း ကျွမ်းကျင်သူ]

[အလားအလာရှိသော ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းများ]

- - မြေတူးမြွေလူသားမှော်ဆရာ

- - ဒီမြွေလူသားမျိုးနွယ်က အဖိုးတန် သတ္တုရိုင်းတွေနဲ့ ကုန်ကြမ်းတွေကို ရှာဖွေဖို့အတွက် သူတို့ရဲ့ ပင်ကိုယ်မှော်ပညာကို သုံးပြီး မြေပြင်အမြောက်အမြားကို ဖယ်ရှားနိုင်စွမ်း ရှိတယ်

- - သတ္တုရိုင်းစိုက်ပျိုးသူ မြွေလူသား

- - ဒီမြွေလူသားမျိုးနွယ်က ပိုမိုများပြားတဲ့ သဘာဝသယံဇာတတွေ ပိုပြီး ထွက်လာအောင်လို့ သတ္တုရိုင်းတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို မြေအောက်ထဲမှာ စိုက်ထည့်ပြီး ပိုမိုရှင်သန်ကြီးထွားလာအောင် လုပ်နိုင်တဲ့ စွမ်းရည် သဘာဝအရင်းအမြစ်တွေ၊ သတ္တုရိုင်းတွေနဲ့ ကုန်ကြမ်းတွေကို မြေအောက်မှာ မြှုပ်နှံထားနိုင်စွမ်း ရှိတယ်

ဒီဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းနှစ်ခုထဲက တစ်ခုက မိုက်ကယ်အတွက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေခဲ့တယ်။ ဒါပေမဲ့ သူက ပရီယာ မကြိုက်တဲ့အရာကို အတင်းအကျပ် မရွေးချယ်ခိုင်းချင်ဘူး။

"ကျွန်မက သတ္တုရိုင်းစိုက်ပျိုးသူ မြွေလူသားကိုပဲ ရွေးပါ့မယ် သခင်၊ သဘာဝအရင်းအမြစ်တွေကို စိုက်ပျိုးပြီး ရိတ်သိမ်းရတာက ပျော်စရာကောင်းမယ့်ပုံပဲ"

မိုက်ကယ်တစ်ယောက် စိတ်ထဲကနေ အောင်ပွဲခံလိုက်မိတယ်။ အကြီးစား မိုင်းတွင်းလုပ်ငန်းအတွက် လိုအပ်တဲ့ ရှုပ်ထွေးတဲ့ စက်ပစ္စည်းတွေကို တည်ဆောက်နိုင်မယ့် ပါရမီရှင် ရီနေးတားတစ်ယောက်ကို ရရှိရုံတင်မကဘဲ သဘာဝအရင်းအမြစ် ပြတ်လပ်မှုကို ကူညီပေးနိုင်မယ့် ထူးခြားတဲ့ တန်ခိုးကိုပါ ပိုင်ဆိုင်ထားတာလေ။

သူက သူမရဲ့ ဒုတိယပါရမီကို ချက်ချင်းပဲ နှိုးပေးလိုက်ရာ သူမရဲ့ကိုယ်ကနေ စူးရှတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ ပြန်လည်ငြိမ်းသက်သွားတယ်။

အခုဆိုရင် ပရီယာရဲ့ အကြေးခွံတွေက တောင်တန်းတွေကြားထဲမှာ အလိုက်သင့် ရောနှောနေထိုင်နိုင်မယ့် ကျောက်ဆောင်မျက်နှာပြင်လို အညိုရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။

ပြီးတော့ နိုဗာရဲ့ အကူအညီကြောင့် ဂရက်ဖ်တက်ကလတ်စတာမှာ မိုင်းတူးတဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့် ဂတ်စ်သုံး စက်တူးရွင်းတွေ၊ မြေတူးစက်တွေနဲ့ ပိုက်လိုင်းပတ်လမ်းတွေကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ စက်မှုပညာရပ် ဗဟုသုတအားလုံးကို ပရီယာတစ်ယောက် ရရှိသွားခဲ့တယ်။

"မင်း ဘယ်တော့ စလုပ်နိုင်မလဲ"

ပရီယာက မိုက်ကယ်ကို ဦးညွှတ်လိုက်တယ်။ "ကျေးဇူးတင်ပါတယ် သခင်၊ ကျွန်မ ဂရက်ဖ်တက်ကလတ်စတာကို ရောက်တာနဲ့ ချက်ချင်း စလုပ်နိုင်ပါတယ်။ စက်တူးကိရိယာတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းအားလုံးကို အဲဒီမှာတင် တူးဖော်လို့ ရပါတယ်"

မိုက်ကယ်တစ်ယောက် ပုခုံးပေါ်က အထုပ်ကြီး တစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။

သူက ပရီယာနဲ့ အခြား ရီနေးတား အင်ဂျင်နီယာ ဆယ်ယောက်လောက်ကို ဂရက်ဖ်တက်ကလတ်စတာမှာရှိတဲ့ တောင်တန်းတွေဆီ ပို့ဆောင်ပေးဖို့ သူ့ရဲ့ ကိုယ်ပိုင်အရိပ်တွေကို သုံးပြီး ချက်ချင်း တယ်လီပို့ လုပ်လိုက်တယ်။

အဲဒီနေရာမှာတော့ သူတို့ ရောက်လာမယ့်အကြောင်းကို ကြိုတင်အကြောင်းကြားခြင်း ခံထားရတဲ့ မိုင်းလုပ်သားတွေနဲ့ သွားရောက်တွေ့ဆုံကြတယ်။

မိုက်ကယ်က မိုင်းတွင်းစီမံကိန်းတွေကို အမြန်ဆုံး စတင်နိုင်ဖို့အတွက် လိုအပ်မယ့် အစားအသောက်နဲ့ လောင်စာဆီအားလုံးကို ထောက်ပံ့ပေးမယ်လို့ ကတိပေးခဲ့တယ်။

ပရီယာနဲ့ အင်ဂျင်နီယာတွေက မိုင်းတွင်းလမ်းကြောင်း သုံးခုမှာ စက်ပစ္စည်းတွေကို တပ်ဆင်နေတုန်း မိုက်ကယ်က ရွှေလမ်းမကြီးပေါ်က ပထမဆုံး ကားရပ်နားစခန်းဆီ သွားရောက်လေ့လာခဲ့တယ်။ အဲဒါက နောက်ဆုံးတော့ ပြီးစီးသွားခဲ့ပြီ။

ဂတ်စ်ဆိုင်က စတင်လည်ပတ်နေပြီဖြစ်ပြီး ရီနေးတား ထရပ်ကားတွေနဲ့ ကားအနည်းငယ်က ခရီးစဉ်အတွက် ဆီဖြည့်နေကြတယ်။

ခရီးသည်တွေကို တင်ဆောင်လာတဲ့ ရီနေးတား တက္ကစီအတော်များများကလည်း ဆီဖြည့်ဖို့ ဂတ်စ်ဆိုင်ထဲကို ဝင်လာကြတယ်။ ပြီးတော့ ဒီလူတွေဟာ ရီနေးတားရဲ့ ပထမဆုံး ကားရပ်နားစခန်းကို မြင်တွေ့ခွင့်ရတဲ့ ပထမဆုံး ဧည့်သည်အနည်းငယ် ဖြစ်လာကြတယ်။

"ဒါက ဘာကြီးလဲ" လို့ ခရီးသည်တစ်ယောက်က မေးတယ်။

"ဒါက ရီနေးတား ကားရပ်နားစခန်းလေ" လို့ ရီနေးတား ဒရိုင်ဘာက ပြန်ဖြေတယ်။

"ဒါက ကျွန်တော်တို့ ကားတွေကို ဆီဖြည့်ရုံတင်မကဘဲ ကျွန်တော်တို့ရဲ့ ဝမ်းရေးကိုပါ ဖြည့်တင်းနိုင်တဲ့နေရာပေါ့။ ဟိုးဘက်က အဆောက်အအုံကို မြင်လား"

ခရီးသည်က ဂတ်စ်ဆိုင်ရဲ့ အလွန်ကို လှမ်းကြည့်လိုက်တယ်။

ကွက်လပ်တစ်ခုထဲမှာ သီးသန့်ဆောက်ထားတဲ့ အဆောက်အအုံတစ်ခု ရှိနေပြီး အမိုးနားမှာ 'ရီနေးတား စားဖိုဆောင်' ဆိုတဲ့ နာမည်ကို ထွင်းထုထားတယ်။

သူ့ရဲ့ မီးခိုးခေါင်းတိုင်တွေကနေ မီးခိုးဖြူတွေ ထွက်လာနေပြီး ခရီးသည်တွေဆီ ပျံ့လွင့်လာတဲ့အခါ လတ်ဆတ်တဲ့ အသားဟင်းချိုနဲ့ အသီးအရွက်ကြော်တွေရဲ့ မွှေးကြိုင်လှတဲ့ အနံ့က သူတို့ကို ဆွဲဆောင်နေတော့တယ်။ ဒါက သူတို့ရဲ့ တက္ကစီ ဆီဖြည့်နေတုန်း အဲဒီအဆောက်အအုံထဲကို ဝင်သွားဖို့ သူတို့ကို နှိုးဆော်နေသလိုပဲပေါ့။

သူတို့ အထဲကို ဝင်လိုက်တာနဲ့ စားပွဲတွေမှာ ပူပူနွေးနွေး ဟင်းချိုတွေကို သောက်နေကြတဲ့ လူအနည်းငယ်ကို တွေ့လိုက်ရပြီး အခန်းရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာတော့ စားဖိုမှူးတွေက ချက်ပြုတ်ဖို့ အလုပ်ရှုပ်နေကြတယ်။

"ကြိုဆိုပါတယ်ဗျာ။ စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်" လို့ စားဖိုမှူးက အသစ်ရောက်လာတဲ့ ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်တယ်။

* * * * * * * *

စာစဉ်(၂၆)

All Chapters