← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 26 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 26 Ch. 309-310

အခန်း(၃၀၉)

“သခင်ကြီးမိုက်ကယ်… ကျွန်တော်တို့ သတင်းတချို့ ရထားပါတယ်”

နာရီတိုနဲ့ ဆာစူကီတို့ မိုက်ကယ်ရဲ့ အခန်းထဲကို ရောက်လာကြတယ်။ အရိပ်ဝံပုလွေ စစ်သူကြီးနှစ်ယောက်ဟာ သူတို့ရဲ့ ထုံးတမ်းအလေ့အထကျင့်စဉ်တွေအတိုင်း လုပ်ဆောင်ရင်း မိုက်ကယ် ကို ရိုရိုသေသေပဲ ဦးညွှတ်လိုက်ကြတယ်။

“ဒီရက်ပိုင်းအတွင်းမှာပဲ အဲဒီလူယုတ်မာဓားပြတွေဘက်က လှုပ်ရှားမှုတွေ အတော်လေး များနေတယ်ဗျ။ သူတို့ရဲ့ လူတွေကို တောအုပ်ဆီ စေလွှတ်ပြီး အရှေ့ဘက်ကို ဦးတည်ပြီးတော့ တစ်တန်းတည်း စခန်းချတာတွေ စလုပ်နေပြီ၊ ဘူတိုတို”

“ကျွန်တော်တို့ ထင်တာတော့… အဲဒီမှာ ကျွန်တော်တို့ တည်ဆောက်တော့မယ့် ရွှေလမ်းမကြီးကို သူတို့ ပစ်မှတ်ထားနေတာ ဖြစ်ရမယ်။ ကျွန်တော်တို့ ဖြန့်ထားတဲ့ ကောလာဟလတွေကြောင့် သူတို့ကို ကျွန်တော်တို့ တိုက်ခိုက်စေချင်တဲ့နေရာဆီ အောင်အောင်မြင်မြင်ပဲ လမ်းကြောင်းပေးနိုင်ခဲ့ပြီ၊ ရာတာတာ”

မိုက်ကယ်က သူတို့နှစ်ယောက်ရဲ့ အစီရင်ခံစာကို သဘောကျပြီး ခေါင်းညိတ်လိုက်တယ်။ တကယ့် ထောက်လှမ်းရေးနဲ့ သူလျှိုလုပ်ငန်းတွေမှာ ကူညီပေးဖို့ ဒီအရိပ်ဝံပုလွေတွေ ရှိနေတာ တော်သေးတယ်။ ပြောရရင်တော့… ဖတ်ချ်က သူ့ကိုယ်သူ အတော်ဆုံး နင်ဂျာလို့ ကြွေးကြော်နေပေမဲ့ တကယ်တမ်း နင်ဂျာအလုပ် လုပ်ဖို့ကျတော့ အချိန်အကြာကြီး လျှောက်ဆော့နေတတ်တာကို သူ သိနေလို့ပဲ။

ပြီးတော့ လွန်ခဲ့တဲ့ သီတင်းပတ်တွေကတည်းက သူတို့ ကြိုတင်မြှုပ်နှံထားတဲ့ လူသားဓားပြသူလျှိုတွေနဲ့အတူ ရွှေလမ်းမကြီးကို တောင်ကုန်းရဲ့ ကမ်းပါးယံဘေးတင် တည်ဆောက်မှာဖြစ်ကြောင်း သတင်းအချက်အလက်တွေကို ပျံ့နှံ့အောင် လုပ်နိုင်ခဲ့ကြတယ်။

ဒါပေါ့… မိုက်ကယ်က ဒီနေရာကို ရွေးချယ်ခဲ့တာက အဲဒီနေရာက ဘက်မလိုက်တဲ့ ကြားနယ်မြေဖြစ်ပြီး လူယုတ်မာဓားပြတွေရဲ့ ပုန်းခိုရာနေရာနဲ့လည်း သိပ်မဝေးသလို သိပ်လည်း မနီးလွန်းလို့ပဲ။ သူ့ရဲ့ တကယ့်ပစ်မှတ်က သူတို့ဖြစ်ပြီး ရွှေလမ်းမကြီး မဟုတ်ဘူး။ ဒါတွေအားလုံး ပြီးသွားတဲ့အခါကျမှ အဲဒီလမ်းကိစ္စကို နောက်မှ စီစဉ်လို့ရတယ်။

“မင်းတို့ နောက်ထပ် ဘာတွေ စုံစမ်းသိရှိခဲ့သေးလဲ” လို့ မိုက်ကယ်က သူတို့ကို မေးလိုက်တယ်။

“မကြာသေးခင်ကပဲ ဖလဲယားကော့ပ်က ကိုယ်စားလှယ်တစ်ယောက် သူတို့ဆီ ရောက်လာပြီး သူတို့ရဲ့ လက်အောက်ခံဖြစ်ဖို့ ကမ်းလှမ်းချက် သတင်းအချက်အလက်တွေကို လာပြီး အတည်ပြုသွားတယ်ဗျ” လို့ နာရီတိုက ပြောတယ်။

“သူတို့ ဘာတွေ ပြောကြလဲဆိုတာ မင်းတို့ သိလိုက်လား”

“ကျွန်တော်တို့ အစအနလေးတွေပဲ ကြားလိုက်ရတယ် ဆရာကြီး။ ကံမကောင်းစွာနဲ့ပဲ ဖလဲယားကော့ပ် ကိုယ်စားလှယ်ရဲ့ ဒီအလည်အပတ်ခရီးကို ကြိုတင်မသိခဲ့ရဘူး။ ဒါကြောင့် အဲဒီတာဝန်မှာ ကျွန်တော်တို့ရဲ့ အလယ်တန်းအရိပ်တွေကိုပဲ တာဝန်ပေးထားမိတယ်” လို့ ဆာစူကီက သူ့အသံထဲမှာ မဆိုစလောက် ရှက်ရွံ့မှုတွေ စွက်ရင်း ပြောလိုက်တယ်။

အရိပ်ဝံပုလွေတွေမှာ သူတို့ လိုက်နာရတဲ့ အဆင့်အတန်း သတ်မှတ်ချက် ရှိတယ်။

ဒီစနစ်ရဲ့ အောက်ခြေအကျဆုံးမှာတော့ ဂီနင် ဒါမှမဟုတ် အခြေခံအဆင့်အရိပ်တွေ ရှိကြတယ်။ ဒီလူတွေက အရိပ်အဖွဲ့ထဲမှာ D ကနေ C အဆင့်လောက်ပဲ ပါရမီရှိကြသူတွေပဲ။

(TR Note: ဂီနင်ဆိုတာ နာရူတို မှာပါလေ့ရှိတဲ့ နင်ဂျာအဆင့်ပါ)

အဲဒါကြောင့် သူတို့အနေနဲ့ မိုက်ကယ်ဆီကနေ သင်ယူနိုင်တဲ့ စွမ်းရည်တွေနဲ့ မန္တန်တွေဟာ ရိုးရိုးပုံမှန်လူတွေကိုပဲ ယှဉ်နိုင်ပြီး ဓားပြခေါင်းဆောင်လို အစွမ်းထက်တဲ့သူတွေဆိုရင် အလွယ်တကူ ရိပ်မိနိုင်တဲ့ ရိုးရှင်းတဲ့ အရိပ်မှော်မန္တန်တွေပဲ ဖြစ်နေတယ်။

သူတို့ဟာ အများဆုံး ကိုယ်ပွား ၁၀ ကောင်လောက်အထိပဲ ကန့်သတ်ထားတဲ့ အခြေခံ အရိပ်ကိုယ်ပွား မန္တန်နဲ့ မြေပြင်ကို ကြည့်လိုက်တာနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ အရိပ်သဏ္ဌာန်ကြီးကို မြင်ရရုံနဲ့ လူတွေ အလွယ်တကူ သတိပြုမိနိုင်တဲ့ အခြေခံ အရိပ်ပူးကပ်ခြင်းမန္တန်မျိုးတွေကိုပဲ သင်ယူနိုင်ကြတယ်။

ဒါကြောင့် အခြေခံအဆင့်အရိပ်တွေကို ပေးလေ့ရှိတဲ့ တာဝန်တွေက နယ်မြေတစ်ခုထဲက အတင်းအဖျင်းစကားတွေကို လိုက်နားထောင်တာ ဒါမှမဟုတ် ရီနေးတားရဲ့ နယ်မြေတွေကို နေ့ရောညပါ ကင်းလှည့်တာမျိုးလိုမျိုး သာမန်သူလျှိုလုပ်ငန်းတွေပဲ ဖြစ်တတ်တယ်။ ဒါတွေက လုပ်ဖို့ လိုအပ်တဲ့ တာဝန်တွေ ဖြစ်ပေမဲ့ ခြုံငုံကြည့်ရင်တော့ သိပ်ပြီး အရေးကြီးလှတာမျိုး မဟုတ်ဘူး။

ဒီအဆင့်မှာ အဖွဲ့ဝင် ၁၀,၀၀၀ ဝန်းကျင်လောက် ရှိတယ်။ သို့ပေမဲ့ မိုက်ကယ်က ဂရက်ဖ်တက်ကလတ်စတာ နယ်မြေကို ပေါင်းစည်းပြီးနောက်ပိုင်း အရိပ်အဖွဲ့ထဲမှာ ပါရမီရှိတဲ့သူတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး တပ်သားသစ်တွေကို စတင်ခေါ်ယူခဲ့တာကြောင့် ဒီအရေအတွက်က နည်းနည်းတော့ များလာတယ်။

တပ်သားသစ်တွေကိုတော့ သူတို့မှာ ပါရမီကောင်းကောင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီအဆင့်ထဲကိုပဲ မဖြစ်မနေ ထည့်သွင်းရတယ်။

သူတို့ကိုယ်သူတို့ ထိုက်တန်ကြောင်း သက်သေပြနိုင်ပြီး တာဝန်အချို့ကို အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ပြီဆိုရင်တော့ ချူနင် ဒါမှမဟုတ် အလယ်တန်းအရိပ်အဆင့်ကို တက်လှမ်းနိုင်ပြီ ဖြစ်တယ်။

ဒီအဆင့်မှာ ရှိနေတဲ့ တပ်သားသစ်တွေကတော့ အများအားဖြင့် အရိပ်အဖွဲ့ထဲမှာ C ကနေ B အဆင့် ပါရမီရှိကြသူတွေဖြစ်ပြီး ပိုမို လျှို့ဝှက်ပြီး သိမ်မွေ့တဲ့ အရိပ်စွမ်းရည်တွေကို ပေးအပ်ခြင်း ခံရတယ်။

မိုက်ကယ်က အများအားဖြင့် ဒီအရိပ်တွေကို လူယုတ်မာဓားပြတွေဆီ စိမ့်ဝင်ထိုးဖောက်ဖို့ ဒါမှမဟုတ် သူတို့ နောက်ထပ်သွားမယ့် နယ်မြေကို ထောက်လှမ်းဖို့ စတဲ့ သီးခြားတာဝန်တွေကို ပေးလေ့ရှိတယ်။ ဒါတွေက ပိုပြီး ခက်ခဲတဲ့ တာဝန်တွေ ဖြစ်ပေမဲ့ လုံးဝ ပြီးမြောက်နိုင်စွမ်း ရှိပါတယ်။

ဒီအဆင့်မှာ ရှိတဲ့ အဖွဲ့ဝင်တွေကတော့ စုစုပေါင်း အရိပ်အဖွဲ့ဝင် ၄,၀၀၀ လောက်ပဲ ရှိပြီး အများစုက ဝံပုလွေအော့ခ်တွေနဲ့ လိပ်ပြာဆူးအော့ခ်တွေ ဖြစ်ကြတယ်။

အဲဒီအရိပ်တွေက သူတို့ကိုယ်သူတို့ ပိုပြီး သက်သေပြနိုင်ခဲ့ရင်တော့ ဂျိုနင် ဒါမှမဟုတ် အဆင့်မြင့်အရိပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရနိုင်တယ်။

အခုဆိုရင် ဒီအဆင့်ကတော့ အရိပ်အဖွဲ့ထဲမှာ တကယ်ကို ပါရမီထူးချွန်တဲ့ B ကနေ A အဆင့်အတွင်း ရှိတဲ့သူတွေအတွက်ပဲ သီးသန့်ဖြစ်သွားပြီ။

ဒီအဆင့်မှာ သူတို့ သင်ယူနိုင်တဲ့ စွမ်းရည်တွေက ပစ်မှတ်အများစုရဲ့ မျက်စိအောက်ကနေ လုံးဝ ပျောက်ကွယ်သွားနိုင်ပြီး မျက်လုံးအများစုကနေ လုံးဝ မမြင်နိုင်အောင် ဖုံးကွယ်ထားနိုင်ဖို့ လုံလောက်တယ်။

သူတို့ ရရှိတဲ့ တာဝန်တွေကတော့ အန္တရာယ်ရှိနိုင်ပြီး ရီနေးတားကုမ္ပဏီတစ်ခုလုံးကို သက်ရောက်မှုရှိနိုင်တဲ့ အဆင့်မြင့်တာဝန်တွေပဲ ဖြစ်တယ်။ အဲဒီအထဲမှာ လူယုတ်မာဓားပြတွေရဲ့ အရာရှိတွေလိုမျိုး အဆင့်မြင့်ပစ်မှတ်တွေကို ထောက်လှမ်းတာနဲ့ သူလျှိုလုပ်တာတွေ ပါဝင်တယ်။ ပြီးတော့ မိုက်ကယ်က အကာအကွယ်ပေးစေချင်တဲ့ မြို့စားမင်းနဲ့ အခြား မဟာမိတ်တွေလိုမျိုး အရေးကြီးတဲ့သူတွေကို အနီးကပ် စောင့်ရှောက်ရတဲ့ တာဝန်တွေကိုလည်း ပေးအပ်ခံရတယ်။

ဒီအဆင့်မှာတော့ အရိပ်အဖွဲ့ဝင် ၁,၀၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်။

ဒီထက်မက တိုးတက်ဖို့ဆိုရင်တော့ ပါရမီတစ်ခုတည်းနဲ့ မရနိုင်တော့ဘူး။ သူတို့ကို ဖတ်ချ် ဒါမှမဟုတ် မိုက်ကယ်ကိုယ်တိုင်က ရွေးချယ်မှသာ ရနိုင်တယ်။

အဲဒါကတော့ အထူးအရိပ်တပ်ဖွဲ့ပဲ ဖြစ်တယ်။ ဒါကတော့ ဘယ်လို ပေးဆပ်ရပါစေ ရီနေးတားရဲ့ ကြိုးပမ်းမှုအားလုံးကို ကူညီဖို့ ထူးခြားပြောင်မြောက်တဲ့ စိတ်ဆန္ဒကို ပြသခဲ့ကြတဲ့ အရိပ် ၁၀ ယောက်ဝန်းကျင်ပဲ ဖြစ်တယ်။ အော့ခ်စစ်သူကြီးဟောင်း နှစ်ယောက်ဖြစ်တဲ့ နာရီတိုနဲ့ ဆာစူကီတို့ဟာ အလွန်အမင်း လျှို့ဝှက်ပြီး တိကျဖို့လိုတဲ့ တာဝန်တွေအတွက် ဒီအထူးတပ်ဖွဲ့ကို အသုံးချခဲ့ကြတယ်။

အကယ်၍ အဲဒီအထူးအရိပ် ၁၀ ယောက်ထဲက တစ်ယောက်ယောက်သာ လူယုတ်မာဓားပြအဖွဲ့ရဲ့ ဂူထဲမှာ ရှိနေခဲ့ရင် ဓားပြခေါင်းဆောင်နဲ့ ဖလဲယားကော့ပ် ကိုယ်စားလှယ်တို့ရဲ့ စကားပြောဆိုမှုကို ဘယ်သူမှ မရိပ်မိစေဘဲ စိမ့်ဝင်နားထောင်နိုင်ခဲ့မှာ သေချာတယ်။

“ရပါတယ်… မင်းတို့လည်း ဒါကို ကြိုပြီး သိနိုင်ခဲ့တာမှ မဟုတ်တာ။ အရေးကြီးတာက သူတို့ နောက်ထပ် ဘာလုပ်မလဲဆိုတာကို ငါတို့ သိထားဖို့ပဲ” လို့ မိုက်ကယ်က အော့ခ်တွေကို ပြောလိုက်တယ်။

အော့ခ်နှစ်ယောက်က မိုက်ကယ်ကို ဦးညွှတ်လိုက်ကြတယ်။ “ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ပါ့မယ် သခင်။ ဒီလို အမှားအယွင်းဖြစ်ပြီးတဲ့နောက်မှာ လူယုတ်မာဓားပြတွေဆီ စိမ့်ဝင်ထားတဲ့ ကျွန်တော်တို့ရဲ့ အင်အားကို နှစ်ဆတိုးလိုက်ပါပြီ။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ အထူးအရိပ်တပ်ဖွဲ့ကိုတောင် သုံးထားပါတယ်”

“သူတို့ရဲ့ ခေါင်းဆောင် ဝါနိုက ပစ်ဇီဘုရင်မကို ဆင့်ခေါ်ဖို့ အသည်းအသန် ဖြစ်နေတာကို ကျွန်တော်တို့ စုံစမ်းသိရှိရတယ်ဗျ။ သူက ကျွန်တော်တို့ ရီနေးတားနိုင်ငံသားတွေကို ခြောက်လှန့်ခြင်းအားဖြင့် ထွက်ပေါ်လာမယ့် ငါတို့ရဲ့ ခံစားချက်တွေက ပစ်ဇီဘုရင်မ ထွက်လာဖို့အတွက် လုံလောက်တဲ့ အစာဖြစ်လိမ့်မယ်လို့ မျှော်လင့်နေတာ” လို့ ဆာစူကီက အစီရင်ခံတယ်။

အဲဒီအချက်နဲ့ပတ်သက်ပြီး မိုက်ကယ်က သဘောတူတယ်။ သူကိုယ်တိုင်လည်း ပစ်ဇီဘုရင်မနဲ့ တွေ့ချင်နေတာဖြစ်လို့ လောလောဆယ်တော့ ဓားပြတွေကို သူတို့ အစီအစဉ်အတိုင်း ဆက်လုပ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“မင်းတို့ နတ်သူငယ်တွေရဲ့ အရိပ်အယောင်ကော တွေ့မိသေးလား”

အရိပ်ဝံပုလွေနှစ်ယောက်က ခေါင်းခါပြကြတယ်။ “မတွေ့သေးဘူး သခင်။ အရာအားလုံးက ဘာပြဿနာမှမရှိဘဲ တိတ်ဆိတ်နေတုန်းပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့… အထူးအရိပ်တပ်ဖွဲ့က သူတို့ကို တစ်နည်းနည်းနဲ့ ရှာဖွေတွေ့ရှိအောင် လုပ်မှာပါ”

တစ်ဖက်မှာတော့ လူယုတ်မာဓားပြတွေရဲ့ ပုန်းခိုရာနေရာမှာတော့ ဂူတစ်ခုလုံး ကမူးရှူးထိုး ခြေသံတွေ၊ အလုပ်ရှုပ်နေတဲ့ အသံတွေနဲ့ ဆူညံနေခဲ့တယ်။ သူတို့ဟာ တောအုပ်ထဲမှာ ပြင်ဆင်မှုတွေ ပြီးမြောက်ဖို့အတွက် အလျင်အမြန် လုပ်ဆောင်နေကြပြီး နောက်ပိုင်းမှာ အသုံးချဖို့ မြေအောက်ထဲမှာလိုဏ်ဂူတွေနဲ့ ထောင်ချောက်တွေကို ပိုပြီး ပြုလုပ်နေကြတယ်။

သူတို့အတွက် ကံဆိုးတာကတော့ ညဘက်တွေမှာ သူတို့ကို စောင့်ကြည့်နေတဲ့ အရိပ်ဝံပုလွေတွေ ရှိနေတာပဲ။

ပြီးတော့ နေ့ဘက် နေမွန်းတည့်ချိန် ရောက်တဲ့အခါမှာလည်း နေရောင်အောက်မှာ သူတို့ကို မလိုတမာအပြုံးတွေနဲ့ စောင့်ကြည့်နေတဲ့ အလင်းစက်လေးတွေ ရှိနေတာကို သူတို့ မသိကြဘူး။ သူတို့ဆီကို လေပြင်းတွေ တိုက်ခတ်နေတဲ့ အသံဟာ တကယ်တော့ နတ်သူငယ်တွေက သူတို့ဘာသာ သဘောကျပြီး တခိခိနဲ့ ရယ်မောနေကြတဲ့ အသံပဲ ဖြစ်နေတယ်။

“ဟိဟိဟိ… သူတို့ ငါတို့ကို အစာဗန်းလိုက် ထပ်ကျွေးနေပြန်ပြီ၊ ပျော်စရာကြီး”

“အစာ။ ငါတို့ကို အရသာရှိတဲ့ လူသားတွေရဲ့ ခံစားချက်တွေ ပေးစမ်းပါ”

ဒီနတ်သူငယ်တွေဟာ လက်ညှိုးတစ်ချောင်းစာလောက်ပဲ သေးငယ်ကြပြီး အများစုက ရေညှိလို ဝတ်စုံတွေနဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်ဖျော့ဖျော့လေး တောက်ပနေပြီး သူတို့ဆီကနေ ဝါကျင်ကျင် ဖုန်မှုန့်လေးတွေ ကြွေကျကာ လေထဲမှာ ပျောက်ကွယ်သွားတတ်တယ်။

သူတို့ရဲ့ လိပ်ပြာလို တောင်ပံတွေက ဓားပြတွေရဲ့ အကြောင်းကို ချောင်းမြောင်းနားထောင်ရင်း စိတ်လှုပ်ရှားစွာနဲ့ တဖျတ်ဖျတ် ခတ်နေကြတယ်။

“ဟွန်း… ရီနေးတား ဟုတ်လား။ သူတို့က ဒီလူသားအုပ်စုအသစ်တွေအကြောင်း ပြောနေကြတာပဲ။ သူတို့ကော သူတို့ရဲ့ ခံစားချက်တွေကို အထင်းသား ဖော်ပြတတ်ကြမလား သိချင်မိပါရဲ့”

* * * * * * * *

စာစဉ်(၂၆)

အခန်း(၃၁၀)

ရီနေးတားအကျဉ်းထောင်ဆီ သွားရောက်ပြီးတဲ့နောက်မှာ မိုက်ကယ်က ကွင်းစ်နယ်မြေဆီကို ချက်ချင်းပဲ ခရီးနှင်ပြီး ပြန်လာခဲ့တယ်။ လူယုတ်မာဓားပြအဖွဲ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မစဉ်းစားခင်မှာ ပထမဆုံးအနေနဲ့ အရှေ့ဘက်ဆီဦးတည်တဲ့ ရွှေလမ်းမကြီးကို အရင်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်။ လောလောဆယ်မှာတော့ သူက အရိပ်ဝံပုလွေတွေကိုပဲ သူတို့အလုပ်သူတို့လုပ်ခိုင်းထားပြီး ဓားပြတွေရော နတ်သူငယ်တွေအကြောင်းကိုပါ ဆက်ပြီး စုံစမ်းခိုင်းထားလိုက်တယ်။

မကြာခင်မှာပဲ သူက ဂရက်ဖ်တက်ကလတ်စတာရဲ့ တောင်တန်းတွေရှိရာဆီ ပြန်ရောက်လာခဲ့တယ်။ ဒီနယ်မြေရဲ့ ဘယ်သူမှမထိရသေးဘဲ အလားအလာအပြည့်ရှိနေတဲ့ သယံဇာတတွေကို မကြာခင်မှာ ရိတ်သိမ်း ဆွတ်ခူးနိုင်တော့မယ်ဆိုတာ သိနေတဲ့အတွက် သူ ပြုံးမိသွားတယ်။ သူက ရီနေးတားနိုင်ငံသားတွေနဲ့ မိုင်းလုပ်သားအများအပြား အလုပ်စတင်ဖို့ စုဝေးနေကြတဲ့ ကွင်းပြင်ကျယ်ကြီးဆီကို လျှောက်လှမ်းသွားခဲ့တယ်။

လူတွေအားလုံးရဲ့အလယ်မှာ ပရီယာလို့ခေါ်တဲ့ မြွေလူသားအမျိုးသမီးတစ်ယောက် ရှိနေတယ်။ သူမက အကြီးစား မိုင်းတွင်းလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းခွင်သုံး အဆင်မြင့် စက်ယန္တရားကြီးတွေကို တီထွင်ဖန်တီးနိုင်တဲ့ ပါရမီရှိသူပေါ့။ အရှေ့ဘက်ဆီကို ရွှေလမ်းမကြီး တိုးချဲ့ဖောက်လုပ်ဖို့အတွက် ဒါက အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်။ တကယ်လို့ သူတို့မှာ တူးဖော်မယ့် သယံဇာတတွေသာ မရှိဘူးဆိုရင် လမ်းတွေဖောက်ဖို့အတွက် လုံလောက်တဲ့ ပစ္စည်းတွေ ရှိလာမှာ မဟုတ်ပါဘူး။

မိုက်ကယ်က ပရီယာကို ဒီလိုစက်ယန္တရားကြီးတွေ တည်ဆောက်ဖို့နဲ့ လည်ပတ်ဖို့အတွက် လိုအပ်တဲ့ ဗိသုကာပုံစံတွေနဲ့ သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတအားလုံးကို သင်ကြားပေးခဲ့တာဖြစ်တယ်။ အင်ဂျင်နီယာတွေရဲ့ အကူအညီအနည်းငယ်နဲ့ အခုဆိုရင် နောက်ဆုံးပေါ် စက်ယန္တရားကြီးတွေက မိုင်းတွင်းထဲမှာ တပ်ဆင်ဖို့ အသင့်ဖြစ်နေပါပြီ။

အဝေးပြေးကုန်ကားကြီးတစ်စီးပေါ်မှာတော့ လူပုတွေရဲ့ အတော်ဆုံးလက်ရာနဲ့ ထုဆစ်ထားတဲ့ ဧရာမ တူးဖော်ရေး စက်ခေါင်းကြီးတစ်လုံးကို တင်ဆောင်လာတယ်။ အဲဒါက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီး အသုံးမပြုခင်မှာ နေရာတကျ တပ်ဆင်ဖို့ပဲ လိုပါတော့တယ်။ အခြားကားကြီးတွေထဲမှာတော့ မြေတူးစက်တွေ၊ ကျောက်မှုန့်ကြိတ်စက်တွေနဲ့ မြေတင်စက်တွေရဲ့ အစိတ်အပိုင်းတွေ ပါရှိနေပြီး အားလုံးကို စက်သုံးဆီအင်ဂျင်နဲ့ မောင်းနှင်တာဖြစ်တဲ့အတွက် ဆီမှန်မှန်လာပို့ပေးမယ့် ဆီသယ်ယာဉ်တစ်စီးလည်း အနီးအနားမှာ ရှိနေတယ်။

ဒီစက်ယန္တရားတွေက ရီနေးတားနိုင်ငံသားတွေ အခုထိ လုပ်လာခဲ့တဲ့အရာတွေနဲ့ လုံးဝကွဲပြားတဲ့ ဗိသုကာပုံစံမျိုး ဖြစ်တာမို့ တည်ဆောက်ရတာ တော်တော်လေး ခက်ခဲပါတယ်။ ကားကြီးတွေနဲ့ ယှဉ်ရင်တောင်မှ အတော်လေး အမောခံပြီး အကြမ်းခံတဲ့ စက်တွေပေါ့။ လူပုတွေနဲ့အတူ ပူးပေါင်းပြီး စက်တွေ တည်ဆောက်ဖို့အတွက် ရီနေးတားနိုင်ငံတော်ဆီအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ပရီယာသာ မရှိရင် မိုက်ကယ်တစ်ယောက် ကိုယ်တိုင်ဝင်ပါရမှာဖြစ်ပြီး ပြီးစီးဖို့အတွက် ရက်တွေ၊ သီတင်းပတ်တွေ အကြာကြီး အချိန်ဖြုန်းရမှာ သေချာတယ်။

ကံကောင်းချင်တော့ မိုက်ကယ့်ကိုယ်စား သူမ ရှိနေပေးခဲ့တယ်။ သူမက စက်တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကောင်းကောင်းသိတာမို့ လူပုတွေကို အစကနေအဆုံး သေသေချာချာ ရှင်းပြနိုင်ခဲ့တာဖြစ်တယ်။

တစ်ဖက်မှာလည်း ခြောက်သွေ့ကန္တာရနယ်မြေမှာရှိတဲ့ စက်ရုံတွေအားလုံးမှာ ပစ္စည်းပို့ရာမှာသုံးတဲ့ သယ်ပို့စနစ်စက်ပတ်ကြိုးတွေကို အကျယ်တဝံ့ အသုံးပြုနေကြတာမို့ အဲဒါတွေကို ထုတ်လုပ်ရတာကတော့ ပိုပြီး လွယ်ကူပါတယ်။

ဒီတူးဖော်ရေးစနစ်တွေကို တပ်ဆင်နေကြတဲ့ လူအမြောက်အမြားကို မိုက်ကယ် မြင်တွေ့လိုက်ရတယ်။ ဆောက်လုပ်ရေးလုပ်သားတွေက အလုပ်တွေကို ပိုမိုလွယ်ကူစေဖို့ ကိုယ်ခံပညာရပ်မန္တန်တွေကို အသုံးပြုနေကြပြီး အင်ဂျင်နီယာတွေကတော့ အရာအားလုံးက စနစ်တကျနဲ့ အတိုင်းအတာ တိတိကျကျ ရှိစေဖို့ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို အသုံးပြုနေကြတယ်။

နာရီအနည်းငယ်ကြာပြီးတဲ့နောက်မှာ ပရီယာက နောက်ဆုံးစစ်ဆေးမှုတွေကို အပြီးသတ်နိုင်ခဲ့ပြီး မိုက်ကယ့်ဆီကို အပြုံးကြီးပြုံးကာ လျှောက်လာခဲ့တယ်။ သူမရဲ့ မြွေအမြီးကလည်း ဘယ်ပြန်ညာပြန်နဲ့ ယိမ်းနွဲ့လို့နေတယ်။

"သခင်... ကျွန်မတို့ ပထမဆုံး တူးဖော်မှုကို စတော့မလို့ရှင်... လာကြည့်ချင်လား"

သူမက မိုက်ကယ်ကို မိုင်းတွင်းလမ်းကြောင်းရှိရာ တောင်တန်းရဲ့ ဂူတွင်းထဲဆီ ခေါ်ဆောင်သွားခဲ့တယ်။ လုပ်ငန်းခွင်တစ်ခုလုံးကို လျှပ်စစ်မီးတွေနဲ့ လင်းထိန်နေအောင် လုပ်ထားတာကို သူ မြင်လိုက်ရပေမဲ့ စက်သုံးဆီသုံး မီးစက်နဲ့ပဲ မောင်းနှင်ထားတာမို့ မီးတွေကတော့ တစ်ချက်တစ်ချက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်။

သူတို့နှစ်ယောက် မိုင်းတွင်းလမ်းကြောင်းအတိုင်း အောက်ကို ဆင်းလာခဲ့ကြပြီး နောက်ဆုံးမှာတော့ ရထားသံလမ်းတွေ ရှေ့ဘက်ဆီ ဆန့်တန်းနေတာကို မိုက်ကယ် မြင်လိုက်ရတယ်။ စွမ်းအားမြှင့်ထားတဲ့ သူ့ရဲ့အမြင်အာရုံကြောင့် မီးရထားတွဲလို ပုံစံမျိုးနဲ့ တပ်ဆင်ထားတဲ့ ဧရာမ တူးဖော်ရေးစက်ကြီးရဲ့ ပုံသဏ္ဌာန်ကို သူ မြင်နေရတယ်။ မီးရထားထဲမှာ အလုပ်လုပ်နေကြတဲ့ မိုင်းလုပ်သားတွေရဲ့ အလင်းဒြပ်စင်မှော်စွမ်းအင် လက္ခဏာတွေကိုလည်း မြင်နေရပြီး သူတို့က ပိုက်လိုင်းတွေထဲ ဆီတွေလောင်းထည့်ကာ အင်ဂျင်ကို နှိုးနေကြတာ ဖြစ်တယ်။

တူးဖော်ရေးစက်ခေါင်းကြီး စတင်လည်ပတ်လာတဲ့အခါမှာတော့ တုန်ခါသွားတဲ့ အသံကျယ်ကြီးက ဂူအောက်ခြေအခန်းတစ်ခုလုံးမှာ ဟိန်းထွက်သွားတယ်။ အင်ဂျင်ထဲက ပစ္စတင်တွေ ပင့်တင်လှုပ်ရှားလာတာနဲ့အမျှ တူးဖော်ရေးစက်ခေါင်းက ပိုပြီးတော့ မြန်မြန်လည်ပတ်လာပြီး နောက်ဆုံးမှာတော့ ဝိုင်းစောက်ပုံသဏ္ဌာန် သံထည်ကြီးတစ်ခုအဖြစ် ဝေဝါးသွားတဲ့အထိ မြန်ဆန်သွားခဲ့တယ်။

တူးဖော်ရေးရထားထဲက မိုင်းလုပ်သားတွေက မိုင်းတွင်းလမ်းကြောင်းအတိုင်း အောက်ကို ငုံ့ကြည့်ပြီး အလုပ်စတင်ဖို့အတွက် မိုင်းတွင်းအရာရှိ ပရီယာနဲ့ မိုက်ကယ်တို့ဆီက ခွင့်ပြုချက် တောင်းခံလိုက်ကြတယ်။

သူတို့ရဲ့ မြွေလူသား မိုင်းတွင်းအရာရှိချုပ်က လက်မထောင်ပြလိုက်တာနဲ့ မိုင်းလုပ်သားတွေက ထိန်းချုပ်ခန်းက မောင်းတံကို တွန်းချလိုက်ပြီး မိုင်းတွင်းရဲ့ ခိုင်ခံ့လှတဲ့ ကျောက်တံတိုင်းတွေကို စတင်ဖောက်ထွင်း တူးဆွပစ်လိုက်ကြတယ်။

တူးဖော်ရေးစက်ကြီးက ကျောက်တုံးတွေနဲ့ သတ္တုရိုင်းတွေကို ဖောက်ခွဲဖျက်ဆီးပစ်နေစဉ်မှာပဲ ကျန်ခဲ့တဲ့ မိုင်းလုပ်သားတွေက ဖုန်မှုန့်တွေနဲ့ အပျက်အစီးတွေကို သံလမ်းနဲ့ ချိတ်ဆက်ထားတဲ့ သေတ္တာငယ်လေးတွေထဲဆီ ဂေါ်ပြားတွေနဲ့ စတင်ကော်ထည့်ကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အနီရောင်အလင်းတန်းတွေ စတင်တောက်ပလာပြီး သာမန်ခန္ဓာကိုယ်ခွန်အားထက် ပိုမိုများပြားတဲ့ ပမာဏကို သယ်ယူပို့ဆောင်နိုင်ဖို့အတွက် မိုင်းတွင်းသုံး သီးသန့်မန္တန်တွေကို အသုံးပြုနေကြတယ်။

မိုင်းတွင်းလှည်းတွေ ပြည့်သွားတာနဲ့ သူတို့က လှည်းတွေကို လမ်းကြောင်းအတိုင်း တွန်းထုတ်ပြီး ဂူအပြင်ဘက်ဆီ ပို့လိုက်ကြတယ်။

ပစ္စည်းတွေအပြည့်နဲ့ မိုင်းတွင်းလှည်းတွေက မိုက်ကယ်နဲ့ ပရီယာတို့ ရှိနေတဲ့နေရာဆီ နီးကပ်လာတဲ့အခါမှာတော့ အခြားမိုင်းလုပ်သားတွေက လှည်းတွေကို ရွှေ့ပြောင်းဖို့နဲ့ ပစ္စည်းအားလုံးကို ပစ္စည်းပို့ စက်ပတ်ကြိုးပေါ်ဆီ လွှဲပြောင်းတင်ဆောင်ဖို့အတွက် ကိုယ်ခံပညာရပ်မန္တန်ဖြစ်တဲ့ အလေးချိန်ဝန်ပမာဏမြှင့်တင်ခြင်းကို သုံးလိုက်ကြတယ်။

ကီလိုဂရမ် ရာနဲ့ချီတဲ့ အလေးချိန်တွေကို ပခုံးပေါ်ထမ်းတင်ထားကြတာတောင် သူတို့မျက်နှာမှာ ပင်ပန်းတဲ့အရိပ်အယောင် စိုးစဉ်းမျှပင် မရှိကြပါဘူး။

ဒီသတ္ထုရိုင်းတွေနဲ့ သယံဇာတတွေက ပစ္စည်းပို့စက်ပတ်ကြိုးပေါ်ကနေ ဖြတ်သန်းသွားတဲ့အခါမှာတော့ နောက်ထပ် မိုင်းလုပ်သားအုပ်စုတစ်စုက တောက်ပနေတဲ့ သူတို့ရဲ့ စိမ်းစိုစိုမျက်လုံးတွေနဲ့ ပစ္စည်းအားလုံးကို စတင်စစ်ဆေးကြတယ်။ မိုက်ကယ် ပေးထားတဲ့ သတ္တုအမျိုးအစား ခွဲခြားခြင်းလို့ခေါ်တဲ့ ပင်ကိုယ်စွမ်းရည်ရဲ့ အကူအညီနဲ့ သူတို့က သတ္တုရိုင်းတွေကို တစ်ခုနဲ့တစ်ခု အလွယ်တကူ ခွဲခြားပေးနိုင်ပြီး မတူညီတဲ့ ပစ္စည်းပို့စက်ပတ်ကြိုးတွေဆီကို ပို့ဆောင်ပေးနိုင်ကြတယ်။

နောက်ဆုံးမှာတော့ သတ္တုရိုင်းနဲ့ ကျောက်တုံးတွေကို သေသေသေချာချာ ခွဲထုတ်ပြီးတဲ့နောက်မှာ သတ္တုရိုင်းအစိမ်းတွေကို မီးရှို့ဖျက်ဆီးမယ့် စက်ထဲဆီ တိုက်ရိုက်ပို့ဆောင်ပြီး အရည်ကျိုပစ်လိုက်ကြတယ်။ အဲဒီအရည်တွေ အေးခဲသွားတဲ့အခါမှာတော့ ခိုင်မာတဲ့ သတ္တုတုံးကြီးတွေ ဖြစ်လာတယ်။

"ကျွန်မတို့ ခန့်မှန်းချက်အရ ဒီမိုင်းတွင်းကနေ နေ့တိုင်း သတ္တုပစ္စည်း တန်ချိန် ၂,၀၀၀ လောက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ် သခင်" လို့ ပရီယာက စိတ်လှုပ်ရှားစွာနဲ့ လျှာကလေး တစ်လစ်လစ်လုပ်ရင်း ဂုဏ်ယူဝင့်ကြွားစွာ သတင်းပို့ရှာတယ်။

"ပြီးတော့ ဂရက်ဖ်တက်ကလတ်စတာမှာရှိတဲ့ အခြားမိုင်းတွင်းနှစ်ခုမှာပါ ဒီစက်ယန္တရားတွေကို တပ်ဆင်ပြီးသွားရင်တော့ နောက်ထပ် တန်ချိန် ၃,၀၀၀ လောက် ပိုရလာမှာမို့ စုစုပေါင်းဆိုရင် တန်ချိန် ၅,၀၀၀ နီးပါး ရလာမှာပါရှင်"

ဒီလိုသတင်းမျိုး ကြားရတာ မိုက်ကယ် တကယ်ပဲ ဝမ်းသာမိပါတယ်။ ဒီလောက်များပြားတဲ့ သဘာဝသယံဇာတတွေကို ပိုင်ဆိုင်ရတာက တကယ့်ကို စိတ်အပန်းပြေစရာပဲလေ။ ဒါပေမဲ့လည်း ဒီလိုစုဆောင်းထားတဲ့ ပစ္စည်းတွေကို မကြာခင်မှာပဲ လက်လွှတ်ရတော့မယ်ဆိုတာ သူ သိနေခဲ့တယ်။

"မင်း ရှီနာနဲ့ စကားပြောပြီးပြီလား" လို့ သူက ပရီယာကို မေးလိုက်တယ်။

"ဟုတ်ကဲ့ ပြောပြီးပါပြီ သခင်... ရွှေလမ်းမကြီး ဖောက်လုပ်တာ စတင်နိုင်ဖို့အတွက် အခုအပတ်ကုန်မှာ ဒီပစ္စည်းတွေကို အန်ဂိုရာမြို့ဆီ ပို့ပေးဖို့ သူတို့ မျှော်လင့်ထားတယ်လို့ ကျွန်မကို ပြောပါတယ်"

"မင်း ဒါကို ကိုင်တွယ်နိုင်တယ်မလား"

ပရီယာက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "ကျွန်မက ဒီလို စီမံခန့်ခွဲရေး အလုပ်တွေမှာ ကျွမ်းကျင်သူတော့ မဟုတ်ပါဘူး... ဒါပေမဲ့ စီနီယာခုန်း ဒီလိုရုံးလုပ်ငန်း စာရွက်စာတမ်းတွေကို ကိုင်တွယ်နေတာကို ခဏခဏ မြင်ဖူးထားတော့ ကျွန်မ ဘာလုပ်ရမလဲဆိုတာ လောက်တော့ သိပါတယ်... ကျွန်မတို့ရဲ့ ကားမောင်းသမားတွေနဲ့ တွေ့ဆုံပြီး ပစ္စည်းပို့မယ့်အချိန်ကို မကြာခင်မှာပဲ စီစဉ်လိုက်ပါ့မယ်" လို့ ပြောလိုက်တယ်။

မိုက်ကယ်က ခေါင်းညိတ်လိုက်ပြီး ရီနေးတားရဲ့ မိုင်းတွင်းဌာန အရာရှိချုပ်အနေနဲ့ သူမရဲ့ ပထမဆုံး အလုပ်အပေါ် သဘောကျမိသွားတယ်။ ရာထူးကတော့ ကြီးကြီးမားမားပါပဲ၊ ဒါပေမဲ့ သူမရဲ့ ပါရမီက ဒီလိုကြီးမားတဲ့ တာဝန်မျိုးနဲ့ ထိုက်တန်နေတယ်။ သူမအနေနဲ့ ဒီတာဝန်တွေကို အသားကျဖို့ အချိန်လေးတစ်ခုပဲ လိုအပ်တာပါ။ သူမရဲ့ဌာနအောက်မှာရှိတဲ့ မိုင်းလုပ်သား ၁,၀၀၀ အားလုံးကို စီမံခန့်ခွဲတာမျိုး၊ ဒါမှမဟုတ် သူတို့ရဲ့ကိုယ်ပိုင် ပရောဂျက်တွေအတွက် သယံဇာတတွေ လိုချင်လို့ မကြာခင်မှာ လာပြီး ပူဆာကြမယ့် အခြားဌာနတွေနဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာမျိုးတွေကို သူမအနေနဲ့ လေ့လာသင်ယူရဦးမှာတွေ အများကြီး ရှိပါသေးတယ်။

"တော်တယ် ပရီယာ... ဒီအတိုင်းပဲ ဆက်ကြိုးစားပါ... ရီနေးတားရဲ့ ထုတ်လုပ်မှုအပိုင်း တည်ငြိမ်နေဖို့အတွက် မင်းကိုပဲ အားကိုးရတော့မှာနော်" လို့ သူက သူမကို ပြောလိုက်တယ်။

သူ့ရဲ့စကားတွေကို တုံ့ပြန်တဲ့အနေနဲ့ မြွေလူသားမလေးက ရဲရင့်တဲ့ မျက်နှာပေးမျိုး လုပ်ပြခဲ့တယ်။ သူမကတော့ မိုက်ကယ့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။

သယံဇာတ ပြဿနာကို ကိုင်တွယ်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်က အန်ဂိုရာမြို့ဆီကို ချက်ချင်းပဲ ခရီးနှင်ပြီး လမ်းလျှောက် အပန်းဖြေဖို့ ထွက်လာခဲ့ပါတော့တယ်။

* * * * * * * *

All Chapters