← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 27 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 27 Ch. 315-316

အခန်း(၃၁၅)

ရက်အနည်းငယ် ကုန်လွန်သွားတဲ့အခါ မက်တိုနီစ်စားသောက်ဆိုင် ဆောက်လုပ်ရေးလုပ်ငန်းက အတော်လေး ခရီးပေါက်နေပြီ ဖြစ်ပါတယ်။ ရီနေးတား ဆောက်လုပ်ရေးလုပ်သားတွေက အုတ်မြစ်ပေါ်မှာ ကွန်ကရစ်တွေလောင်း၊ အမာခံအဖြစ် သံချောင်းတွေဆင်ပြီး အလုပ်ရှုပ်နေကြစဉ်မှာပဲ မိုက်ကယ်က မက်တိုနီစ်ကြက်ကြော် လုပ်ဖို့အတွက် နောက်ဆုံးပြင်ဆင်မှုတွေ အပြီးသတ်နိုင်အောင် တိုနီနဲ့ တွေ့ဆုံလိုက်တယ်လေ။

"မင်း ကြက်ကြော်တစ်ပွဲရဖို့ အစအဆုံး ချက်ရရင် ဘယ်လောက်ကြာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"အာ... ကျွန်တော်လည်း သေသေချာချာတော့ မသိဘူးဗျ" တိုနီက ပြန်ဖြေတယ်။

လူအများစုက အချိန်မှတ်သားမှုမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေကြတုန်းပဲဆိုတာ မိုက်ကယ် တစ်ချက်မေ့သွားတာ။ သူတို့မှာက ရီနေးတားတွေလို အချိန်ကြည့်ဖို့ သေသေချာချာ တီထွင်ဖန်တီးထားတဲ့ နာရီတွေ ရှိကြတာ မဟုတ်ဘူးလေ။

အမှန်တကယ် ဘယ်လောက်ကြာမလဲဆိုတာ သိရအောင် တိုနီက သူ့ရဲ့ကိုယ်ပိုင်မီးဖိုချောင်ထဲမှာ ကြက်ကြော် ဘယ်လိုလုပ်ရမလဲဆိုတာ မိုက်ကယ်ကို လက်တွေ့ပြဖို့ ဆုံးဖြတ်လိုက်ပြီး မိုက်ကယ်ကတော့ သူ့ရဲ့အိတ်ဆောင်နာရီနဲ့ အချိန်မှတ်ပေးထားလိုက်တယ်။

"ပထမဆုံးအနေနဲ့ ကြက်ကို ရေဆေးပြီး အမွှေးတွေနုတ်ကာ ပြင်ဆင်ရတယ်" သေတ္တာထဲကနေ ကြက်တစ်ကောင်လုံး ထုတ်ရင်း တိုနီက ပြောတယ်။

ရီမီရဲ့ အကူအညီကြောင့် တိုနီတစ်ယောက် ကြက်ပြင်ဆင်တဲ့အလုပ်ကို သုံးမိနစ်လောက်နဲ့တင် အပြီးသတ်နိုင်ခဲ့တယ်။

"ပြီးရင်တော့ နဂါးနှုတ်ခမ်းမွှေး အပါအဝင် အမွှေးအကြိုင်တွေ အားလုံးကို ရောမွှေပြီး ကြက်အရေခွံအနှံ့ ပွတ်သတ်ရမယ့် အနှစ်တစ်ခုဖြစ်အောင် လုပ်ရတယ်။ ဆီနဲ့ ဒယ်အိုးကို မချက်ခင် ပြင်ဆင်နေတဲ့အချိန်မှာ ကြက်သားကို အနှစ်ဝင်အောင် နှပ်ထားလိုက်တယ်"

တိုနီက နဂါးနှုတ်ခမ်းမွှေးတွေကို အမြစ်ကနေ ဆွဲနုတ်ပြီး ဓားနဲ့ အတုံးလေးတွေ တုံးနေတာကို မိုက်ကယ် စောင့်ကြည့်နေမိတယ်။ အပင်ကို အပိုင်းပိုင်း ဖြတ်တောက်လိုက်ပြီး အရည်အနည်းငယ် ထွက်လာတဲ့အခါမှာတော့ သူ့ဆီကနေ ပူစီနံလို အနံ့မွှေးမွှေးလေး ထွက်လာတယ်။

ဒီအနံ့က တခြားအမွှေးအကြိုင်တွေနဲ့ ပေါင်းစပ်သွားတဲ့အခါမှာတော့ မက်တိုနီစ်ရဲ့ ကိုယ်ပိုင်လက်ရာအရသာ ထွက်ပေါ်လာခဲ့တော့တာပါပဲ။

ကြက်သားကို အမွှေးအကြိုင်တွေနဲ့ ပွတ်သတ်ပြီးတဲ့နောက် မီးဖိုနေရာကို မပြင်ဆင်ခင်အထိ တိုနီက ကြက်သားကို ခဏ နှပ်ထားလိုက်တယ်။ သူက စားပွဲအောက်ကနေ ထင်းတွေကို ထုတ်ပြီး ဒယ်အိုးခပ်ပြားပြားအောက်က မီးရှိန်ကို ညှိလိုက်တယ်။

အဲဒီနောက် ဒယ်အိုးထဲကို ဟင်းသီးဟင်းရွက်ဆီတွေ လောင်းထည့်ပြီး ချက်ဖို့အတွက် အပူချိန် အတော်အသင့်ရအောင် ငါးမိနစ်လောက် စောင့်လိုက်တယ်။

ဒီချက်ပြုတ်တဲ့ လုပ်ငန်းစဉ်အပိုင်းက ရိုးရိုးရှင်းရှင်းလေးမို့ မြန်ဆန်တယ်လို့ ပြောလို့ရပေမဲ့ ပြဿနာက အမှန်တကယ် ချက်ပြုတ်တဲ့နေရာမှာ ရှိနေတာပါ။

ဆီက လိုချင်တဲ့ အပူချိန်ကို ရောက်သွားတဲ့အခါ တိုနီက ကြက်သားကို ဆီထဲ ပစ်ထည့်လိုက်ရာ ဆီပွက်အချို့က မီးဖိုချောင်စားပွဲပေါ်အထိ စင်ထွက်ကုန်တယ်။ ကြက်တစ်ကောင်လုံး ကျက်သွားပြီး ဒယ်အိုးထဲကနေ ဆီစစ်ဇကာထဲ ဆယ်မတင်ခင်အထိ စုစုပေါင်း မိနစ်နှစ်ဆယ်လောက် အချိန်ယူလိုက်ရတယ်။

ခြုံငုံကြည့်ရရင် လုပ်ငန်းစဉ်တစ်ခုလုံးက နာရီဝက်နီးပါး ကြာသွားတာမို့ ဒါက အမြန်ရအစားအစာဆိုတာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်။

မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတာက သူတို့နှစ်ယောက်ထဲရှိပြီး တစ်ယောက်က ကလေးဖြစ်နေတာ မှန်ပေမဲ့ စားဖိုမှူး ငါးယောက် ပြိုင်တူချက်ရင်တောင် ကြက်သားကျက်ဖို့ ကြာတဲ့အချိန်က အတော်လေး ရှည်လျားနေဦးမှာပဲ။

မိုက်ကယ်ကတော့ သူ့ရဲ့ အရင်ဘဝက အမြန်ရအစားအစာ ဆိုင်ခွဲတွေလိုမျိုး လူတွေ အော်ဒါမှာပြီး အလွန်ဆုံး နှစ်မိနစ်လောက် စောင့်ရုံနဲ့ အစားအစာ ရစေချင်တာလေ။

[နိုဗာ မင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ပိုပြီး စနစ်ကျမြန်ဆန်သွားစေမယ့် ချက်ပြုတ်မှု စနစ်တစ်ခု ဖန်တီးပေးနိုင်မလား]

[နားလည်ပါပြီ မိုက်ကယ်]

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက် သူ့စိတ်ထဲမှာ မြင်ကွင်းအသစ်တစ်ခု ပေါ်လာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ မီးဖိုချောင်က သူ့ရဲ့ အရင်ဘဝက မီးဖိုချောင်တွေနဲ့ အတော်လေး တူနေပြီး မီးဖိုကြီးတွေ၊ အပူချိန် ထိန်းချုပ်ထားတဲ့ မီးဖိုခုံအများအပြားနဲ့ စက္ကန့်ပိုင်းအတွင်း ဆေးကြောပေးနိုင်တဲ့ ပန်းကန်ဆေးစက်တောင် ပါဝင်နေတယ်။

အဲဒီနောက် နိုဗာက လူရိပ်တွေ အများကြီး ဟန်ချက်ညီညီ ဝိုင်းဝန်းလုပ်ကိုင်နေကြတဲ့ ဗီဒီယိုတစ်ခုကို ပြသခဲ့တယ်။ တစ်ယောက်က ကြက်မွှေးနုတ်ပြီး ပြင်ဆင်ရတယ်၊ နောက်တစ်ယောက်က အမွှေးအကြိုင်နဲ့ အရသာစပ်ရတယ်၊ ပြီးတော့ ကြက်သားတွေကို ချက်ပြုတ်ဖို့ စားဖိုမှူး ငါးယောက် ရှိနေတယ်။

[ဒီလိုမျိုး စီစဉ်ထားရင် အော်ဒါမှာပြီးတဲ့နောက် ကြက်ကြော်တစ်ပွဲက ဝယ်သူဆီရောက်ဖို့ ၁၅ မိနစ်လောက် ကြာပါလိမ့်မယ်။ ဒါပေမဲ့ ဒီအစီအစဉ်က အရောင်းပါးတဲ့ အခြေအနေကိုပဲ တွက်ချက်ထားတာပါ]

ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ ပုံမှန်ထက် လူတွေ ပိုပြီး အော်ဒါမှာကြရင် စောင့်ရမယ့်အချိန်က ဒီထက်မက ပိုကြာသွားနိုင်တာမို့ ဒါက လုံးဝ အဆင်မပြေလှဘူး။

"ကြက်သားကို တစ်ရက်ကြိုချက်ထားပြီး အော်ဒါရမှ ပြန်နွှေးပေးရင် မရဘူးလား"

ဒါက သူ့ရဲ့ အရင်ဘဝက အမြန်ရအစားအစာဆိုင်တွေ သုံးခဲ့တဲ့ ဖြေရှင်းနည်းပဲလေ။ သူတို့က ချက်ပြုတ်ပြီးသား ကြက်သားနဲ့ အသားတွေကို ခဲထားပြီး ဝယ်သူ အော်ဒါမှာမှ ပြန်နွှေးတာ ဒါမှမဟုတ် ပြန်ချက်တာမျိုး လုပ်ကြတာ။

"အဲဒီလိုလုပ်ရင် နဂါးနှုတ်ခမ်းမွှေးရဲ့ အာနိသင်က ပျယ်သွားလိမ့်မယ်ဗျ။ အဲဒီ ထူးခြားတဲ့ အရသာကို ထိန်းထားနိုင်ဖို့ လတ်လတ်ဆတ်ဆတ် ချက်ဖို့လိုတယ်။ တစ်ရက်ကြာသွားရင် ပျောက်သွားပြီ" တိုနီက ပြန်ဖြေတယ်။

အမြန်ရအစားအစာ ဆိုင်ခွဲတွေရဲ့ နည်းလမ်းကို ဒီနေရာမှာ အတုယူလို့ မရနိုင်ဘူး ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် နဂါးနှုတ်ခမ်းမွှေးကနေ ကြက်သားထဲကို ထည့်ပေးလိုက်တဲ့ မှော်ဆန်တဲ့ အမွှေးအကြိုင်ကပဲ ကြက်ကြော်ကို ပထမတန်းစား ဖြစ်စေတာလေ။ ဒါက မက်တိုနီစ်ကို အနာဂတ်မှာ အောင်မြင်စေမယ့် အကြောင်းရင်းလို့ သူ ယူဆထားတာမို့ ဒါကို လျစ်လျူရှုထားလို့ မရဘူး။

အင်း... ဒီလိုဆိုရင်တော့ ဆိုင်ရဲ့ ကားမဆင်းဘဲ ဝယ်ယူနိုင်တဲ့စနစ်ကိုတော့ အခုလောလောဆယ် ဖွင့်လို့မရသေးဘူး ထင်တယ်။

ဒါပေမဲ့လည်း မိုက်ကယ်က ဒီချက်ပြုတ်မှု စနစ်သစ်ဟာ အခုလောလောဆယ်အတွက်တော့ အတော်လေး ကောင်းမွန်နေပြီလို့ တွက်ဆလိုက်တယ်။ အော်ဒါတစ်ပွဲကို ၁၅ မိနစ်ဆိုတာ လူတွေ စောင့်နိုင်တဲ့ အတိုင်းအတာပဲလေ။

ပြီးတော့ နဂါးနှုတ်ခမ်းမွှေးရဲ့ အရသာက ပျောက်ကွယ်မသွားဘဲ တစ်နေ့လုံး ထိန်းထားနိုင်တာမို့ မိုက်ကယ်က တိုနီနဲ့ တခြားစားဖိုမှူးတွေကို မနက်စောစောကတည်းက ကြက်သားတွေ အများကြီး ကြိုတင်ပြင်ဆင်ထားဖို့ အစီအစဉ်ဆွဲလိုက်တယ်။ ဒါဆိုရင်တော့ လူတွေအနေနဲ့ သူတို့ရဲ့ အော်ဒါတွေကို အတော်လေး မြန်မြန်ဆန်ဆန် ရရှိနိုင်မှာပေါ့။

ဒါ့အပြင် မက်တိုနီစ်ဆိုင်က လူတွေအပြည့်နဲ့ အရောင်းအဝယ် အရမ်းသွက်လာဖို့ဆိုတာ အချိန်တစ်ခုတော့ ယူရဦးမှာပါ။

အခုလောလောဆယ်တော့ မိုက်ကယ်က ကားရပ်နားစခန်းမှာ ဆိုင်ဆောက်ပြီးသွားရင် တစ်ရက်ကို ဝယ်သူ ငါးဆယ်လောက် လာလိမ့်မယ်လို့ ခန့်မှန်းထားပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။

"မင်း ရှီနာကို သိတယ်မလား။ သူ မင်းကို ဆက်သွယ်ပြီး မင်းရဲ့ ဆိုင်အသစ်မှာ ကူညီပေးဖို့ ပါရမီရှိတဲ့ စားဖိုမှူးတချို့ကို တာဝန်ပေးလိုက်"

တိုနီက စိုးရိမ်တကြီးနဲ့ သူ့လက်ချောင်းတွေကို ပွတ်သပ်နေမိတယ်။ "ဒီဆိုင်အသစ်က... ရွှေလမ်းမကြီး ပေါ်မှာ မဟုတ်လား ဟင်"

"ဟုတ်တယ်။ အန်ဂိုရာမြို့ရဲ့ အနောက်ဘက် သုံးရက်စာ ခရီးလောက်မှာ ရှိတာ"

စားဖိုမှူးက သူ့မျက်နှာမှာ ပြတ်သားတဲ့ အရိပ်အယောင်တွေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ "နားလည်ပါပြီ။ လိုအပ်ရင် ကျွန်တော် သဲကန္တာရထဲမှာပဲ နေပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်သားလေးကို မင်းတို့ရဲ့ ဌာနချုပ်မှာ ပေးနေလို့ ရမလားဗျာ။ သူ့ကို အိမ်ခြေမဲ့ မဖြစ်စေချင်လို့ပါ"

မိုက်ကယ်က ခေါင်းကို စောင်းလိုက်ရင်း "မင်း ဘာတွေ ပြောနေတာလဲ။ ကားရပ်နားစခန်း ထဲမှာတင် မင်းအတွက် ကိုယ်ပိုင်အိမ် ရှိမှာပါ။ ဒါတင်မကဘူး၊ မင်း အန်ဂိုရာမြို့ကို သွားချင်ရင်လည်း မင်းရဲ့ ကိုယ်ပိုင်ကားကို မောင်းပြီး သွားရုံပဲလေ"

တိုနီ ဘာမှ ထပ်မပြောနိုင်ခင်မှာပဲ မိုက်ကယ်က မက်တိုနီစ်ရဲ့ တံဆိပ် ရိုက်နှိပ်ထားတဲ့ သော့အသေးလေးတစ်ခုကို သူ့ဆီ လှမ်းပစ်ပေးလိုက်တယ်။

"ဒါ မင်းရဲ့ကားပဲ။ ငါ့ရဲ့ ဆိုင်ခွဲပိုင်ရှင် တစ်ယောက်ကို ခြေကျင် ခရီးသွားခိုင်းလို့ မရဘူးမလား။ ကားမောင်းမထွက်ခင် ရီနေးတား ယာဉ်မောင်းသင်တန်းကျောင်းကိုတော့ အရင်သွားဖို့ မမေ့နဲ့ဦး"

တိုနီက သော့ကို သူ့လက်ဖဝါးထဲ ဖမ်းယူလိုက်ရင်း ဒါက တကယ်ပဲလားဆိုတာ မယုံနိုင်အောင် ဖြစ်နေတုန်းပဲ။ ရီမီကလည်း သူတို့ အခုလေးတင် ရလိုက်တဲ့ ကားသော့အသစ်ကို လှမ်းကြည့်ဖို့ သူ့အဖေ လက်နားအထိ ခြေဖျားထောက်ပြီး လာကြည့်နေတယ်။

သူတို့နှစ်ယောက်စလုံး ဟောင်းနွမ်းနေတဲ့ ဆိုင်အိမ်လေးရဲ့ အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ လမ်းဘေးမှာ ရပ်ထားတဲ့ မော်တော်ကားအသစ်တစ်စီးကို တွေ့လိုက်ရတယ်။ ကားရဲ့ ပြောင်လက်နေတဲ့ အရောင်က သူတို့ပိုင်ဆိုင်တဲ့ ဘယ်ဖန်ခွက်ထက်မဆို ပိုပြီး တောက်ပြောင်နေတာ။

"ကားကြီးဗျ" ရီမီက အော်ဟစ်ပြီး မော်တော်ကားဆီကို ချက်ချင်း ပြေးသွားတော့တယ်။ "မဖြစ်နိုင်တာ"

ဒီကောင်လေးက လမ်းပေါ်မှာ ဒီလိုကားတွေ မောင်းနေတာ ခဏခဏ မြင်ဖူးပြီး တစ်နေ့ကျရင် စီးရဖို့ အမြဲတမ်း အိမ်မက်မက်ခဲ့တာလေ။ သူတို့ကိုယ်တိုင် တစ်စီး ပိုင်ဆိုင်ရလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။

တိုနီက လက်ထဲမှာ သော့ကို ကိုင်ရင်း သူ့သားနောက်ကနေ လိုက်သွားခဲ့တယ်။

သူက မိုက်ကယ်ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ မိုက်ကယ်က စိတ်ချစေမယ့် ပုံစံမျိုးနဲ့ ခေါင်းညိတ်ပြတယ်။ "သွားလေ။ ဒါ မင်းကားပဲ"

တိုနီက အားနာတဲ့ အမူအရာနဲ့ ပြန်ကြည့်ရင်း "အာ... ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ"

"ဟာဟာ၊ အဲဒါကို မင်းရဲ့ ပါရမီကို ငါ နှိုးဆွပေးတဲ့ အချိန်ကျမှပဲ ပြောပါတော့"

* * * * * * * *

စာစဉ်(၂၇)

အခန်း(၃၁၆)

မိုက်ကယ်ဟာ သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး အဆင့်မြင့်စွမ်းရည်: ဆုလာဘ် အပ်နှင်းခြင်းကို အသုံးပြုလိုက်တယ်။ တိုနီဟာ သူ့ရဲ့ရင်ဘတ်ထဲမှာ နွေးကနဲ ခံစားလိုက်ရပြီး အဲဒီနေရာကနေ တောက်ပတဲ့ အလင်းရောင်တစ်ခု ဖြာထွက်လာကာ စက္ကန့်အနည်းငယ်လောက်အထိ မျက်စိကျိန်းမတတ် ပိုပြီးလင်းထိန်လာခဲ့တယ်။ အလင်းရောင် ပြန်ငြိမ်းသွားတဲ့အခါမှာတော့ သူ့ရှေ့မှာ ကမ္ဘာသစ်တစ်ခု ပွင့်လန်းသွားခဲ့ရပါပြီ။

[မှော်ပါရမီ: B အဆင့် ကြက်ကြော်စားဖိုမှူး]

တိုနီဟာ သူ့ရဲ့ရင်ဘတ်ထဲမှာ မှော်စွမ်းအင်တွေ စုစည်းပြီး အမြုတေတစ်ခု ဖြစ်တည်လာတာကို ခံစားလိုက်ရပြီး ဒါဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မှော်စွမ်းအင်ကို ထိတွေ့ခံစားပြီး အသုံးချနိုင်ခြင်းလည်း ဖြစ်တယ်။ အခုဆိုရင် သူဟာ ကြက်သားတွေကို ပုံမှန်ထက် ပိုပြီးလွယ်လွယ်ကူကူနဲ့ အများကြီး ပိုမြန်မြန် ဆန်ဆန် ချက်ပြုတ်နိုင်ဖို့အတွက် မန္တန်တွေနဲ့ စွမ်းရည်တွေကို အသုံးပြုနိုင်တော့မှာပေါ့။

မိုက်ကယ်က သူ့ကို မြည်းစမ်းကြည့်ရုံနဲ့ အရသာသိခြင်း ဆိုတဲ့ စွမ်းရည်ကိုတောင် ပေးခဲ့သေးတာမလို့ မက်တိုနီစ်ရဲ့ ကြက်ကြော်အရသာကို မျက်စိနဲ့ ကြည့်ရုံရုံနဲ့တင် သိနိုင်စွမ်းရှိသွားပြီး ဝယ်သူတွေဆီ မချခင်မှာ လိုအပ်တာတွေကို ပြင်ဆင်ဖို့ အချိန်ရသွားစေတယ်။

မိုက်ကယ်က သူ့ကို ဘာတွေပေးအပ်ခဲ့လဲ၊ ဘာတွေကို နှိုးဆွပေးခဲ့လဲဆိုတာ တိုနီတစ်ယောက် သဘောပေါက်သွားတဲ့အချိန်မှာတော့ သူ့မျက်နှာပေါ်မှာ ခံစားချက်မျိုးစုံ ဖြတ်သန်းသွားခဲ့ရပါတယ်။ သူဟာ သူ့ရဲ့သားလေးကို ပွေ့ဖက်လိုက်ပြီး မိုက်ကယ်ကိုလည်း ကျေးဇူးတင်စကား ဆိုလိုက်တယ်။

“ကျွန်တော့်ကို ပေးသမျှအရာအားလုံးအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ မက်တိုနီစ်ကို အောင်မြင်အောင် လုပ်ပြပါ့မယ်” လို့ တိုနီက ကတိပေးခဲ့တယ်။

ရက်အနည်းငယ်လောက်ပဲ ကုန်လွန်သွားပြီးတဲ့နောက်မှာတော့ မက်တိုနီစ်ဆိုင်ကြီးဟာ နောက်ဆုံးမှာ ဆောက်လုပ်လို့ ပြီးစီးသွားခဲ့ပါပြီ။

တိုနီရယ်၊ ရီမီရယ်နဲ့ တခြားပါရမီပါတဲ့ ရီနေးတားစားဖိုမှူး အနည်းငယ်တို့ဟာ ဆိုင်ကို တရားဝင်မဖွင့်လှစ်ခင်မှာ နောက်ဆုံးအဆင့် စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။

“ဒါ… ဒါက တကယ် အံ့ဩစရာပဲဗျာ” လို့ တိုနီက ရေခဲသေတ္တာရဲ့ အေးစိမ့်နေတဲ့ တံခါးပြင်ကို သူ့လက်နဲ့ ပွတ်သပ်ရင်း ရေရွတ်လိုက်တယ်။ “ဒါကြီးက ဘယ်လိုမျိုး အလုပ်လုပ်တာပါလိမ့်”

မီးဖိုချောင်ထဲမှာတော့ မီးဖိုတွေ၊ အိုဗင်တွေနဲ့ သေချာတယ်၊ ရေခဲသေတ္တာလိုမျိုး လောင်စာသုံး စက်ပစ္စည်းကိရိယာတွေ အပြည့်အစုံ ရှိနေတယ်။

“မင်းရဲ့ လက်ထောက်စားဖိုမှူးတွေက ဒီစက်တွေနဲ့ ရင်းနှီးသွားအောင် ကူညီပေးပါလိမ့်မယ်”

ဆိတ်လူသားတစ်ယောက်၊ ခွေးလူသားတစ်ယောက်၊ ဖွတ်နဂါးလူသားတစ်ယောက်နဲ့ ဟော့ဘ်မျောက်လူတစ်ယောက်တို့ဟာ တိုနီကို သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြတယ်။

သူတို့က ရီနေးတားနိုင်ငံမှာ စားဖိုမှူးတွေအဖြစ် လုပ်ခဲ့ကြဖူးသူတွေဖြစ်ပြီး တိုနီကို ဆိုင်မှာ ကူညီပေးဖို့အတွက် ရာထူးတိုးပေးခံထားရတယ်။ သူတို့အားလုံးဟာ မိုက်ကယ်ကိုယ်တိုင် စွမ်းရည်နှိုးဆွပေးထားခဲ့တဲ့ အရည်အချင်းရှိသူတွေမလို့ အလုပ်တွေကို ချောချောမွေ့မွေ့ လည်ပတ်နိုင်မယ်ဆိုတာ မိုက်ကယ် သိနေတယ်။

ပြီးတော့ တိုနီတစ်ယောက် မီးဖိုတွေ၊ ကင်စင်တွေကြားထဲမှာ ဗျာများသွားမှာကိုလည်း သူ စိတ်မပူပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ပါရမီ နှိုးဆွမှုဟာ နိုဗာ ကနေတစ်ဆင့် ခေတ်ပေါ်ချက်ပြုတ်နည်း ပညာရပ်တွေကိုပါ တစ်ပါတည်း ရရှိလာခဲ့တာမလို့လေ။

“ကဲ… ဟုတ်ပြီ” လို့ တိုနီက အသက်ကို ဝဝရှူရင်း ပြောလိုက်တယ်။

“စပြီး ချက်ပြုတ်ကြစို့”

အဆီအလွန်ကောင်းတဲ့ စက်ယန္တရားတစ်ခုလိုမျိုး သူတို့ခြောက်ယောက်ဟာ မီးဖိုချောင်အသီးသီးမှာ ကိုယ်စီတာဝန်တွေကို စတင်လုပ်ဆောင်ကြပြီး သားလေး ရီမီကလည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းကူပေးနေခဲ့တယ်။

နာရီဝက်လောက်ပဲ ကြာတဲ့အခါမှာတော့ မက်တိုနီစ်ရဲ့ ကိုယ်ပိုင်လက်ရာ ကြက်ကြော် ပထမဆုံးအသုတ်တွေဟာ နောက်ဆုံးမှာတော့ ကျက်သွားခဲ့ပါပြီ။

သူတို့က အဲဒီကြက်ကြော်တွေကို ဖန်ဗီရိုထဲမှာ စီထပ်ထားလိုက်တာမလို့ ဝယ်သူတွေအနေနဲ့ အရည်ရွှမ်းပြီး ကြွပ်ရွနေတဲ့ ကြက်ကြော်တွေကို အထင်းသား မြင်တွေ့နိုင်ပြီး မှာယူစားသောက်ချင်စိတ် ပေါက်လာစေတယ်။

မိနစ်အနည်းငယ်အကြာမှာပဲ ပထမဆုံး ဝယ်သူအချို့ဟာ ဆိုင်ထဲကို ရောက်ရှိလာခဲ့ကြတယ်။

“ဟေး ဆိုင်ရှင်ကြီး၊ ဟေး စားဖိုမှူး တိုနီ”

“ဒါကို ပြန်စားရဖို့ မစောင့်နိုင်တော့ဘူးဗျာ၊ သွားရည်ယိုနေတာ ကြာပြီ”

သူတို့တွေကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိုက်ကယ်ကို တိုနီရဲ့ ဆိုင်ဆီ လမ်းပြခေါ်ဆောင်လာခဲ့တဲ့ ရီနေးတားအင်ဂျင်နီယာတွေပဲ ဖြစ်နေကြတယ်။

ဆိုင်က အခုမှ စဖွင့်ကာစဖြစ်လို့ ပထမဆုံး ဝယ်သူအချို့ဟာ သူတို့ရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းကနေတစ်ဆင့် ဆိုင်ဖွင့်မယ့်သတင်းကို ကြားသိခဲ့ကြတဲ့ ရီနေးတားလူမျိုးတွေချည်းပါပဲ။

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ နောက်ထပ် ဝယ်သူအုပ်စုတစ်စု ရောက်လာပြီး မက်တိုနီစ်ကြက်ကြော်ကိုပဲ မှာယူကြပြန်တယ်။

ဆိုင်ဖွင့်ပြီး နာရီအနည်းငယ်အကြာမှာတော့ ရီနေးတားလူမျိုး မဟုတ်တဲ့ ပထမဆုံး ဝယ်သူဟာ နောက်ဆုံးတော့ ရောက်ရှိလို့လာခဲ့ပါပြီ။

“အို… မွှေးနေတာပဲ၊ ဒါက ဘာလဲဟင်”

အသက်လတ်ပိုင်း အရွယ်ရှိတဲ့ အမျိုးသား၊ အမျိုးသမီး အယောက်နှစ်ဆယ်လောက်ဟာ ဆိုင်ထဲကို ဝင်လာကြပြီး ဆိုင်ထဲက ထိုင်ခုံနေရာအပြည့်နီးပါး ဖြစ်သွားခဲ့တယ်။

သူတို့ဟာ အပန်းဖြေခရီးထွက်ဖို့အတွက် ရွှေလမ်းမကြီးပေါ်က နယ်မြေတွေကို ဖြတ်သန်းမောင်းနှင်တဲ့ ရီနေးတားဘတ်စ်ကားတွေကို အသုံးပြုခဲ့ကြတဲ့ လူစုတစ်စုပဲ ဖြစ်ကြတယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့စီးလာတဲ့ ဘတ်စ်ကားဟာ ဒီကားဂိတ်မှာ ဆီဖြည့်ဖို့ ရပ်နားခဲ့ရတယ်။

သူတို့ စောင့်ဆိုင်းနေတုန်းမှာ အသစ်ဆောက်ထားတဲ့ ဒီဆိုင်လေးကို မြင်လိုက်ရတာမလို့ စွန့်စားပြီး ဝင်လာကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။

ပြီးတော့ ကောင်တာပေါ်မှာ ပြသထားတဲ့ ကြွပ်ရွနေတဲ့ ကြက်ကြော်တွေကို မြင်လိုက်ရတာနဲ့တင် သူတို့ဟာ ကိုယ်တိုင်မြည်းစမ်းဖို့ ချက်ချင်း မှာယူချင်စိတ် ပေါက်သွားကြတော့တယ်။

“ကျွန်တော့်ကို တစ်ခုလောက် ပေးပါဦး စားဖိုမှူး”

“တကယ်တော့ နှစ်ခုပဲ လုပ်ပေးလိုက်ပါ”

မိနစ်အနည်းငယ်လောက် စောင့်ပြီးတဲ့နောက်မှာတော့ သူတို့ဟာ မက်တိုနီစ်ရဲ့ ကိုယ်ပိုင်လက်ရာ ကြက်ကြော်တွေကို ရရှိသွားခဲ့ကြတယ်။

တစ်ကိုက်လောက် ကိုက်လိုက်ရုံနဲ့တင်၊ အဲဒီလို ကြွပ်ခနဲ ဖြစ်သွားတဲ့ အသံကြောင့်တင် လူတွေဟာ ဒီဆန်းသစ်ပြီး ထူးခြားတဲ့ အစားအစာအပေါ် သူတို့ရဲ့ သဘောကျနှစ်သက်မှုကို ထုတ်ဖော်ပြောဆိုလာကြတော့တယ်။

တိုနီရဲ့ မျက်လုံးတွေဟာ ပျော်ရွှင်မှုကြောင့် တောက်ပသွားခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ကြက်ကြော်ကို ဝယ်ယူကြတဲ့ ဝယ်သူအများကြီးကို ပထမဆုံးအကြိမ် ရရှိဖူးခြင်းပဲလေ။

မိုက်ကယ်အတွက် အောင်မြင်ချင်တဲ့စိတ်နဲ့ ကောင်းမွန်တဲ့ အစားအစာတွေကို ကျွေးမွေးချင်တဲ့ ခံစားချက်တို့ ပေါင်းစပ်သွားပြီး တိုနီဟာ ကြက်သားတွေကို ဒယ်အိုးထဲ ထည့်မွှေရင်း အရင်ကထက် အများကြီး ပိုပြီး တက်ကြွရွှင်လန်းနေခဲ့တယ်။

“အော်ဒါတွေ ချက်ချင်းလာပါပြီဗျာ” လို့ သူက လှမ်းအော်လိုက်တယ်။

မိုက်ကယ်ဟာ မက်တိုနီစ်ကြက်ကြော်ဆိုင်ရဲ့ အောင်မြင်တဲ့ ဖွင့်လှစ်တဲ့နေ့ရက်ကို စောင့်ကြည့်နေခဲ့တယ်။ ဒီနေ့မှာ ဆိုင်ကို လာရောက်သူ အများကြီး မရှိသေးပေမဲ့လည်း လူတွေ သတိထားမိလာဖို့ကတော့ အချိန်တစ်ခုပဲ လိုတော့တာပါ။

လာရောက်ဝယ်ယူသူတွေကတော့ အခွင့်အရေးရရင် နောက်ထပ် လာစားဦးမယ်လို့ ကတိပေးသွားကြတယ်။

လောလောဆယ်မှာတော့ မိုက်ကယ်က တိုနီနဲ့ စားဖိုမှူးတွေကို နေ့တိုင်း ကြက်ကြော်တွေ ဆက်တိုက် ချက်ပြုတ်နေဖို့ ညွှန်ကြားထားလိုက်တယ်။

သေချာတယ်၊ သူတို့ရဲ့ စက်ပစ္စည်းအားလုံးဟာ လောင်စာသုံး မီးစက်တစ်ခုနဲ့ ချိတ်ဆက်ထားတာမလို့ စက်တွေ ဆက်လက်အလုပ်လုပ်နိုင်ဖို့အတွက် နေ့တိုင်း ဓာတ်ဆီ ထည့်ပေးဖို့ လိုအပ်တယ်။ ရေခဲသေတ္တာထဲမှာ အေးခဲထားတဲ့ ကြက်သားတွေ အများကြီးရှိနေတာမလို့ ဒါကို မေ့မသွားဖို့က အထူးပဲ အရေးကြီးလှပါတယ်။

ကံကောင်းထောက်မစွာပဲ သူတို့ဆိုင်က ဓာတ်ဆီဆိုင်ရဲ့ ဘေးနားတင် ရှိနေတာမလို့ လောင်စာဆီ ပြတ်လပ်သွားဖို့ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ဒီစက်တွေကို မောင်းနှင်ဖို့ ဂတ်စ်ကို သုံးရတာက တော်တော်လေး ဖြုန်းတီးရာကျတာမလို့ ဒါက လောလောဆယ် ယာယီဖြေရှင်းချက်တစ်ခုပဲ ဖြစ်ပါသေးတယ်။ မိုက်ကယ်အနေနဲ့ စက်တွေကို လျှပ်စစ်ကွန်ရက်ထဲ ချိတ်ဆက်နိုင်ဖို့အတွက် ကွင်းစ်နယ်မြေထဲကို လျှပ်စစ်မီးတွေ ပိုပြီး သွယ်တန်းပေးရတော့မှာပေါ့။

အဲဒီအကြောင်း ပြောရရင်တော့ အန်ဂိုရာမြို့ကို ပြန်လည်မွမ်းမံပြင်ဆင်ခြင်း အလုပ်ကလည်း အဆင်ပြေပြေ လည်ပတ်နေခဲ့ပါပြီ။ အရှေ့ဘက်ဆီကို သွားမယ့် ရွှေလမ်းမကြီး ဖောက်လုပ်တာနဲ့ မြို့တော်ကို ပြန်လည်မွမ်းမံတာတွေကို တစ်ချိန်တည်းမှာ လုပ်ဆောင်နေတာမလို့ တော်တော်လေးတော့ ထိရောက်မှုရှိပေမဲ့ ကုန်ကျစရိတ် အင်မတန်ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေခဲ့တယ်။

သူတို့ဟာ ဆောက်လုပ်ရေး အလုပ်သမားတွေအတွက် အပြင်က အကူအညီတွေကို အများကြီး ငှားရမ်းခဲ့ကြရတယ်။ သူတို့အားလုံးကို ပုံမှန်ကြေးထက် ပိုပေးခဲ့ရပေမဲ့ ကံကောင်းတာက ရီနေးတားလို ကုမ္ပဏီမျိုးအတွက် ဒါက ပြဿနာမဟုတ်ပါဘူး။ ငွေကြေးဆိုတာ သူတို့ဆီမှာ မပြတ်လတ်တဲ့အရာ တစ်ခုပဲလေ။

မိုက်ကယ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ လုပ်အားခကြောင့် လူအများကြီးဟာ ဆောက်လုပ်ရေးအလုပ်အတွက် လာရောက်စာရင်းပေးခဲ့ကြတယ်။ ပုံမှန်ဆိုရင် ဒီလိုအလုပ်မျိုး မလုပ်တဲ့လူတွေတောင်မှ လုပ်ခလစာကောင်းတာကြောင့် သွားရောက်လုပ်ကိုင်ဖို့ သဘောတူခဲ့ကြတယ်။

“ငါက ဒီကွန်ကရစ်တုံးတွေကို သယ်ပြီး အစီအစဉ်အတိုင်း ချရုံပဲလား၊ ဒါက လွယ်လွယ်လေးပဲဥစ္စာ” လို့ စွန့်စားရှာဖွေသူတစ်ယောက်က ပြောလိုက်တယ်။ ဒါကိုလုပ်လို့ သူရမယ့် ရွှေဒင်္ဂါးပြားတွေဟာ တောရိုင်းထဲမှာ မိစ္ဆာတွေကို လိုက်လံအမဲလိုက်ရတဲ့ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုနဲ့ တူတူပဲဖြစ်ပြီး ဘာအန္တရာယ်မှလည်း မရှိဘူးလေ။

အန်ဂိုရာအတွက် ပထမဆုံး ပရောဂျက်ကတော့ အိမ်တိုင်းအတွက် ရေဆိုးမြောင်းတွေနဲ့ ရေပိုက်လိုင်းစနစ်တွေ ဆောက်လုပ်ခြင်းပဲ ဖြစ်တယ်။ ပြီးတော့ အန်ဂိုရာမြို့ကို မြို့စားမင်းတစ်ယောက်တည်းကပဲ စီမံခန့်ခွဲတာမလို့ ဒီဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ရဖို့က သူ့အပေါ်မှာပဲ မူတည်နေခဲ့တယ်။

“အေးပါ၊ လုပ်သာလုပ်ပါ” လို့ မြို့စားမင်းက မိုက်ကယ်တစ်ယောက် ရီနေးတားနိုင်ငံက ဘေ့စ်ဘောအားကစားကွင်းဆီ သူ့ထံ လာရောက်လည်ပတ်စဉ်တုန်းက ပြန်ဖြေခဲ့ဖူးတယ်။

“ငါ့ရဲတိုက်ထဲမှာ ရေချိုးခန်း ဒါမှမဟုတ် အိမ်သာမရှိဘဲနဲ့တော့ ငါ မနေနိုင်ဘူး”

ပြီးတော့ ဘေ့စ်ဘောကွင်းဆီကနေ မျက်တောင်မခတ်တမ်း ကြည့်ရင်းနဲ့တင် မြို့စားမင်း စတယ်မိန်းဟာ မိုက်ကယ် ကမ်းလှမ်းလာတဲ့ စာချုပ်ကို ဖျတ်ခနဲ လက်မှတ်ထိုးပေးခဲ့တယ်။

“ခင်ဗျားလည်းနော်… ဟူး… ထားပါတော့” မိုက်ကယ်ဟာ အရာရာကို ပေါ့ပေါ့ဆဆ သဘောထားလွန်းတဲ့ မြို့စားမင်းကို ဆူပူချင်စိတ် ပေါက်သွားခဲ့ပေမဲ့ သူ့ရဲ့ ဒီလို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ အမူအကျင့်ကြောင့်ပဲ အလုပ်တွေက အများကြီး ပိုလွယ်ကူသွားခဲ့တာကို ပြန်သတိရလိုက်မိတယ်။

ဒီလိုနဲ့ပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါပြီ။ မြို့စားမင်းတစ်ယောက် သူ့ရဲ့အလွန်ရှည်လျားတဲ့ အပန်းဖြေခရီးကနေ အိမ်ပြန်လာနိုင်ပြီး မိုက်ကယ်လည်း အပြောင်းအလဲအနေနဲ့ စိတ်အေးလက်အေး နားနားနေနေ နေနိုင်ဖို့အတွက် ဒီပရောဂျက်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးစီးစေချင်နေခဲ့တယ်။

အဲဒီသတ္တုအမျိုးသမီးကို နောက်တစ်ကြိမ် ပြန်ပြီး ဆင့်ခေါ်နိုင်မလားဆိုတာ ကြည့်ရမယ့်အချိန်ကို နောက်ဆုံးတော့ ရောက်လာခဲ့ပြီ ထင်ပါရဲ့။

* * * * * * * *

All Chapters