← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈)

သိနိုင်ခြေရှိရုံမျှသာရှိသော်လည်း အဘိုးဖြစ်သူသည် မိဘများ ပျောက်ဆုံးသွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိပေ။

ထိုအချိန်က လင်းယန်သည် အဖြစ်အပျက်များကို သိရှိနားလည်နိုင်ရန် အလွန် ငယ်သေးသည်။

“ဒါနဲ့ ပြောရဦးမယ်... မောင်ရင်က တော်တော်လေးကို”

ဒေါ်လေးစွန်း စကားမဆုံးမီ ဦးလေးစွန်း ကြားဖြတ်၍ ဆိုလိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ၊ အပိုတွေ ပြောမနေနဲ့တော့၊ ငါတို့ လိုကွက်ပင် အကြောင်းပဲ ပြန်ပြောရအောင်”

ဦးလေးစွန်းသည် ဒေါ်လေးစွန်းကို မျက်ရိပ်ပြလိုက်ရာ ဒေါ်လေးစွန်းသည်လည်း သတိပြုမိကာ နှုတ်ဆိတ်သွားတော့သည်။

လင်းယန်သည် ထိုသူနှစ်ဦး လေထဲတွင် မျက်မှောင်ကစားနေကြသည်ကို သတိပြုမိကာ တစ်စုံတစ်ခု လွဲချော်နေကြောင်း ရိပ်မိသွားကာ ဝင်ပြောလိုက်သည်။

“ကျွန်တော့်မိဘတွေက ကျွန်တော်မွေးပြီးကတည်းက ရွာက ထွက်သွားကြတာပါ၊ အခု ဘယ်မှာရှိနေမှန်းလည်း ကျွန်တော်မသိဘူး၊ နှစ်တွေလည်း အတော်ကြာသွားပြီဆိုတော့ မိသားစုနဲ့လည်း ဘာအဆက်အသွယ်မှ မရှိတော့ပါဘူး”

ဒေါ်လေးစွန်းသည် အနည်းငယ် ပြုံးလျက် ဆိုလိုက်သည်။

“အဲဒါကိုတော့ တို့လည်း သေချာမသိပါဘူးကွယ်၊ တို့ရဲ့ လိုကွက်ပင်တွေကိုတော့ အနောက်ဘက်မှာ စိုက်ထားတယ်၊ မောင်ရင့်ကို အဲဒီကို လိုက်ပြပေးရမလား၊ အပင်တွေရဲ့ အရည်အသွေးကို စိတ်တိုင်းကျတယ်ဆိုမှ စျေးနှုန်းကို ဆွေးနွေးကြတာပေါ့၊ မောင်ရင်က ရှောင်ရှု ခေါ်လာတဲ့ သူငယ်ချင်းပဲ၊ တို့တွေ စျေးလျှော့ပေးမှာ၊ ရှောင်ရှုလည်း ပြောပြထားမှာပေါ့၊ တို့လင်မယားက သားဖြစ်သူဆီ အမြန်သွားချင်နေလို့ ဒီအသီးပင်တွေကို ရောင်းဖို့ စဉ်းစားတာပါ၊ အိမ်က လယ်ယာမြေတွေကိုတော့ ဆွေမျိုးတွေဆီ လွှဲပေးပြီး စီမံခိုင်းဖို့ တိုင်ပင်ထားပြီးသားပါ”

လင်းယန်သည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

တောင်ပေါ်ရွာများတွင် တစ်သက်လုံး နေထိုင်လာကြသည့် လူကြီးမိဘများအဖို့ အပင်များကို ရောင်းချသော်လည်း လယ်ယာမြေနှင့် အိမ်ဂေဟာကိုမူ လုံးဝ လက်လွှတ်မည် မဟုတ်ပေ။

ထိုအချက်သည် လူသားတို့၏ အခြေခံစိတ်ဓာတ်ပင် ဖြစ်သည်။

အကြောင်းမှာ လူကြီးမိဘများသည် မိမိတို့၏ မူလဇစ်မြစ်ဆီသို့ ပြန်လည်အခြေချလိုသည့် စိတ်ဆန္ဒကို တန်ဖိုးထားသောကြောင့် ဖြစ်၏။

ယခုအခါ အခြားတစ်နေရာတွင် အခြေချလိုသော်လည်း သေဆုံးပြီးနောက် မိမိတို့နေအိမ်သို့ ပြန်လာကြမည်ဟု ယုံကြည်ထားကြသည်။

မိမိတို့၏ ချက်မြှုပ်ဒေသတွင် လယ်မြေနှင့် အိမ်ကို ထိန်းသိမ်းထားမှသာလျှင် နောင်တစ်ချိန် နေရပ်ပြန်လာသည့်အခါ ခိုနားရာအရပ် ရှိမည်ဖြစ်ပေသည်။

လင်းယန်နှင့် ရှုလီတို့သည် ထိုလင်မယားနောက်သို့ လိုက်ကာ လိုကွက်ပင်များ စိုက်ပျိုးထားသည့် ဥယျာဉ်သို့ ရောက်ရှိလာကြသည်။

ဦးလေးစွန်းသည် နှမြောတသဟန်ဖြင့် ဆို၏။

“မကြာသေးခင်ကပဲ ငါ့သားက ဖုန်းဆက်လာတယ်၊ သူ့ဇနီးက ကလေးမွေးတော့မှာမို့လို့ ငါတို့ကို လာကူညီစေချင်သတဲ့၊ ဒါ့အပြင် ငါတို့အဘိုးကြီး အဘွားကြီးနှစ်ယောက် နေမကောင်းဖြစ်တာမျိုးရှိရင် သူတို့မှာ ပြုစုပေးဖို့ အနီးအနားမှာ မရှိတော့ စိုးရိမ်နေကြတာလေ၊ အဲဒါနဲ့ ဒေါ်လေးစွန်းနဲ့ တိုင်ပင်ပြီး ခေတ္တခဏ ရွှေ့ပြောင်းနေထိုင်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ၊ ဒီအသီးပင်တွေကို ပြီးခဲ့တဲ့နှစ်ကမှ ငါဝယ်ထားတာ၊ အခုထိတော့ အသီးမသီးသေးဘူး၊ ဒါပေမဲ့ မောင်ရင် အသစ်ဝယ်စိုက်တဲ့ အပင်ပေါက်တွေထက်တော့ အများကြီး ပိုကောင်းပါတယ်၊ နောက်ထပ် နှစ်နှစ်လောက်ဆိုရင်တော့ အသီးသီးတော့မှာပါ”

ဦးလေးစွန်းသည် မူလက ထိုအသီးပင်များမှ ဝင်ငွေရရန် ရည်ရွယ်ထားသော်လည်း ရုတ်တရက် ပြောင်းရွှေ့ရခြင်းကြောင့် သူ၏ အစီအစဉ်များ ပျက်ခဲ့သည်။

“ဒါက မမျှော်လင့်ဘဲ ဖြစ်လာတာဆိုတော့ နှမြောစရာကောင်းပေမဲ့လည်း အခုတော့ ဒီအသီးပင်တွေကို ရောင်းဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့ဘူးလေ”

လင်းယန်သည် မိမိရှေ့ရှိ လူတစ်ရပ်ခန့် မြင့်သော အသီးပင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

သူ့တွင် နတ်ရေစင် ရှိသဖြင့် နောက်နှစ်တွင် အသီးသီးစေရန်မှာ ခက်ခဲသောကိစ္စ မဟုတ်ပေ။

ထို့အပြင် သူသည် မက်မွန်ပင်နှင့် ဇီးပင်များကိုလည်း ထပ်မံဝယ်ယူရန် အစီအစဉ်ရှိသေးသည်။

“ဦးလေးနဲ့ ဒေါ်လေး... ဒီလိုကွက်ပင် တစ်ပင်ကို ဘယ်လောက်နဲ့ ရောင်းဖို့ စိတ်ကူးထားလဲဗျ”

ဦးလေးစွန်းသည် ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားလိုက်ကာ ဆိုလေသည်။

“မောင်ရင်က အဘိုးလင်းရဲ့ မြေးပဲ၊ ငါ မောင်ရင့်ကို စျေးကြီးမတောင်းပါဘူး၊ အမှန်အတိုင်း ပြောရရင် ငါတို့ ဒီ လိုကွက်ပင်တွေကို တစ်ပင်ကို ယွမ် ၄၀၀ နဲ့ ဝယ်ထားတာပါ၊ အပင်တွေက မျိုးစပ်ထားတဲ့ အကောင်းစားတွေမို့လို့ အသီးကလည်း အကြီးကြီးတွေ အများကြီး သီးမှာ၊ မူလကတော့ အသီးတွေ ထွက်လာရင် ရောင်းပြီး သားဖြစ်သူကို ထောက်ပံ့ဖို့ ကိုယ်တိုင်စိုက်ခဲ့တာပေါ့၊ အခု မောင်ရင် ယူမယ်ဆိုရင်တော့ တစ်ပင်ကို ယွမ် လေးရာ့ငါးဆယ်နဲ့ ရောင်းပေးပါ့မယ်၊ အဆင်ပြေရဲ့လား”

လင်းယန်သည် ထိုလိုကွက်ပင်များ၏ အရည်အသွေးကို ချက်ချင်း သိမြင်လိုက်သည်။

ဦးလေးစွန်း ပြောသကဲ့သို့ အပင်များသည် ကျန်းမာသန်စွမ်းလှသည်။ထွက်လာမည့် အသီးများသည်လည်း အရည်အသွေး လုံးဝ ကောင်းမွန်မည်။

တစ်ပင်လျှင် လေးရာ့ငါးဆယ်ယွမ်ဟူသော စျေးမှာ မကြီးလှပေ။

ထို့ပြင် စျေးကွက်ပေါက်စျေးမှာ မြင့်တက်နေသဖြင့် တစ်ပင်လျှင် ယွမ် ၅၀၀ ဖြင့် ရောင်းလျှင် ဝယ်မည့်သူ ရှိသည်။

စျေးနှုန်းညှိနှိုင်းရာတွင် အတော်လေး ခက်ခဲမည်ဟု သူတွေးထားသော်လည်း တစ်ဖက်လူသည် မိမိအလိုအလျောက် ဤစျေးနှုန်းကို ကမ်းလှမ်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းမှာ သူ၏ အဘိုးကြောင့်ပင် ဖြစ်လေမည်လော။

လင်းယန်သည် အလွန် အံ့အားသင့်သွားသော်လည်း အခွင့်ကောင်းကို လက်လွှတ်မည့်သူ မဟုတ်ပေ။

သူသည် ချက်ချင်းပင် သဘောတူလိုက်ကာ ယွမ် ၅၀၀၀ ကို စရန်ငွေအဖြစ် ဦးလေးစွန်းထံသို့ လွှဲပြောင်းပေးလိုက်လေသည်။

တစ်ဖက်လူသည် ပွင့်လင်းရိုးသားသဖြင့် သူသည်လည်း ပွင့်လင်းစွာပင် ဆောင်ရွက်လိုက်ခြင်း ဖြစ်၏။

ပြဿနာမှာ ထိုအပင်များကို မိမိ၏ မြေကွက်ဆီသို့ မည်သို့ရွှေ့ပြောင်းရမည်နည်း ဟူသော အချက်ဖြစ်သောကြောင့် လင်းယန်မှာ ဝေခွဲမရ ဖြစ်နေတော့သည်။

“တို့တွေကတော့ မောင်ရင့်ကို ကူညီနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကုန်တင်ကားအသေးတစ်စီးလောက်ရရင်တော့ အကုန်လုံးကို သယ်သွားနိုင်မှာပါ”

ဘေးမှ ဦးလေးစွန်းသည် ပြောလိုက်သည်။

“မရရင်တော့ နှစ်ခေါက်လောက် သွားရမှာပေါ့”

ရှုလီသည် ရုတ်တရက် ဝင်ပြောသည်။

“ကျွန်မမှတ်မိသလောက်ဆိုရင် ရှီးရွှေရွာက ဒေါ်လေးချန်ရဲ့ သားက ကုန်တင်ကားမောင်းသမား မဟုတ်လား”

လင်းယန်သည် ထိုအကြောင်းကို သေချာမသိသဖြင့် မေးလိုက်သည်။

“ဟုတ်လို့လား”

ရှုလီသည် ခေါင်းညိတ်ပြလျက် ပြောသည်။

“ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ သူ့သားက သူ့အမေအတွက် ပါဆယ်လာယူတာ ကျွန်မတွေ့လိုက်သေးတယ်၊ သူ့သူဌေးက တစ်ပတ်ခွင့်ပေးထားလို့ နောက်အပတ်မှ ပြန်သွားမှာတဲ့၊ ဒီကိစ္စအတွက် ဒေါ်လေးချန်ဆီမှာ အကူအညီတောင်းကြည့်လို့ ရတာပဲ”

သူတို့နှစ်ဦးသည် ချက်ချင်းပင် သဘောတူညီမှု ရရှိသွားကြကာ ဒေါ်လေးစွန်း၊ ဦးလေးစွန်းတို့နှင့် စကားပြောဆိုပြီးနောက် ပြန်လာခဲ့ကြသည်။

ယခုတစ်ခေါက်တွင် တစ်ဆယ်ကီလိုမီတာကျော် ရှည်လျားသော တောင်ပတ်လမ်းအတိုင်း မသွားတော့ဘဲ တောင်ကို ဖြတ်ကျော်ရန် စီစဉ်လိုက်ကြသည်။

ထိုသို့ သွားပါက ခရီးလမ်းမှာ အလွန်တိုတောင်းသွားမည် ဖြစ်သည်။

လင်းယန်၏ အရှိန်ဖြင့်ဆိုလျှင် အိမ်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့တွင် ရှုလီ ပါလာသဖြင့် အရှိန်မှာ နှေးကွေးသွားခဲ့ရသည်။

“ထူးထူးဆန်းဆန်းအသံ တစ်ခု ကြားလိုက်ရလား”

လမ်းတစ်ဝက်သို့ ရောက်သော် လင်းယန်သည် ရပ်တန့်လိုက်ကာ မိမိ၏ ပတ်ဝန်းကျင်တွင် ထူးခြားသော အသံများ ကြားလိုက်ရသည်။

၎င်းမှာ အကူအညီတောင်းခံသည့် အော်ဟစ်သံနှင့် ဆင်တူနေသလော။

ရှုလီမှာ လမ်းလျှောက်လွန်းသဖြင့် ခြေထောက်များ နာကျင်နေပြီး ဖနောင့်တွင် အရည်ကြည်ဖုများ ထွက်နေလားဟု တွေးနေစဉ် လင်းယန်၏ စကားကြောင့် ပတ်ဝန်းကျင်ကို ကြောင်စီစီဖြင့် ကြည့်လိုက်ကာ ဆိုလိုက်သည်။

“ဘာအသံမှ မရှိပါဘူး”

“မောင်ရင် အကြားမှားတာ ဖြစ်မှာပါ၊ တောင်ပေါ်မှာ ငှက်အော်သံတွေ ကြားရတာက သဘာဝပဲလေ”

“မဟုတ်ဘူး၊ ဒါက ငှက်အော်သံ မဟုတ်တာတော့ သေချာတယ်”

လင်းယန်သည် တောင်ပေါ်တွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ထိုတောရိုင်းတိရစ္ဆာန်များနှင့် ငှက်တို့၏ အသံများကို အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသည်။

ထို့ပြင် ယခုအခါ သူ၏ ကိုယ်ပေါ်တွင် ဘိုးဘွားပိုင် ကျောက်စိမ်းဆွဲသီး ပါရှိနေသဖြင့် ထိုတိရစ္ဆာန်တို့၏ အသံများကို အထူးပင် အာရုံခံစားနိုင်စွမ်း ရှိနေသည်။ သူသည် ငှက်အော်သံကို မခွဲခြားနိုင်ဘဲ ရှိပါမည်လော။

“ဟိုဘက်ကနေ လာနေတာနဲ့ တူတယ်၊ သွားကြည့်ရအောင်”

ရှုလီသည် လင်းရန်၏ အင်္ကျီလက်ကို အမြန်ဆွဲကိုင်လိုက်ကာ သူမ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လွင်နေတော့သည်။

သူတို့သည် ယခုအခါ တောင်နက်ကြီးထဲသို့ ရောက်ရှိနေ၍ အလင်းရောင် ပိတ်ဆို့ထားသည့် မြင့်မားသော သစ်ပင်ကြီးများ ဝန်းရံလျက် ရှိသည်။

ဤသို့ လူသူကင်းမဲ့သော နေရာမျိုးတွင် တောင်အောက်သို့ အမြန်ဆင်းသင့်သည် မဟုတ်ပါလော။

အကယ်၍ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့လျှင် မည်သို့ပြုမည်နည်း။

တောင်ပေါ်တွင် အရာမျိုးစုံ ရှိနိုင်သည်ဟု ရွာသားများ ပြောဆိုသံကို သူမ ကြားဖူးထားသည်။

ရှေးယခင် အမဲလိုက်ခြင်းကို မတားမြစ်ခင်က တောင်ပေါ်သို့ အမဲလိုက်သွားသော ရွာသားအများအပြားသည် တောဝက်များ၏ တိုက်ခိုက်ခြင်းကို ခံရခြင်း သို့မဟုတ် မြွေဆိုးကိုက်၍ သေဆုံးခြင်းများ ရှိခဲ့ဖူးသည်။

“ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး”

“တောရိုင်းတိရစ္ဆာန် တစ်ကောင်ကောင် ဖြစ်နေရင်ရော”

ရှုလီသည် စကားပြောရင်း တိခနဲ ရပ်သွားတော့သည်။

လင်းရန်အနေဖြင့် ကြောက်ရွံ့နေရန် မလိုကြောင်းကို သူမ သတိရသွားသည်။

အမှန်မှာ ထိုသူ၏ အိမ်တွင် တောဝက်ဘုရင်သာမက မြောက်ဘက် ကျားသစ် အများအပြားပင် ရှိနေသည် မဟုတ်ပါလော။

ပြင်ပလူများအတွက် ကြောက်မက်ဖွယ်ကောင်းသော ထိုတိရစ္ဆာန်များသည် လင်းယန်အတွက် ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်လေးများကဲ့သို့ပင် ဖြစ်နေသည်။

သူမသည် အပိုတွေ တွေးပူနေမိသည်။

All Chapters