အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅) - အိပ်စက်ခြင်းမှ ရရှိလာသော
ရှောင်ရှန်းသည် အရပ်ရှည်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်အနှောင့်အယှက်အတွက် အချိန်အကြာကြီး တွေးတောမနေတော့ဘဲ ဘေးသို့လှိမ့်ကာ သူ၏ "အိပ်စက်ခြင်း
မဟာလုပ်ငန်းကြီး" ကိုသာ ဆက်လက် လုပ်ဆောင်လိုက်သည်။
အပြင်လောက၏ အချိန်အတိုင်းအတာအရ အမွှေးတိုင်တစ်တိုင်စာမျှသာ ကြာမြင့်သေးသော်လည်း သာရှမြို့တော်ကြီး တစ်ခုလုံး သိတာထင်ရှားသော ပြောင်းလဲမှုကြီးတစ်ခုနှင့် ကြုံတွေ့ရတော့မည်ကို သူ သတိမထားမိခဲ့ချေ။
အစပိုင်းတွင် အရှေ့နန်းဆောင်၏ အပေါ်ယံကောင်းကင်၌ လေပြေညင်းများ မည်သည့်အကြောင်းရင်းမှမရှိဘဲ တိုက်ခတ်လာသည်။
ထို့နောက် လေပြင်းများ ဖြစ်ပေါ်လာကာ တိမ်တိုက်များကို စုပြုံလာပြီး မျက်စိနှင့် မြင်နိုင်သော ဧရာမ လေဆင်နှာမောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မြို့တော်၏ အတွင်းနှင့် အပြင်ဘက်ရှိ မိုးမြေစွမ်းအားများသည် မည်သူမှ ငြင်းဆန်၍မရသော ခေါ်ယူမှုမျိုးဖြင့် အရပ်လေးမျက်နှာမှ အရူးအမူး ဝင်ရောက်လာကြပြီး တောက်ပသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ နန်းတော်အထက်တွင် လွှမ်းမိုးထားသော ထိုလေဆင်နှာမောင်းအတွင်းသို့ ဝါးမြိုခံလိုက်ရသည်။
"ဘုရားရေ.. ဒါ ဘာတွေဖြစ်နေတာလဲ"
မြို့တောင်ဘက် ဈေးထဲ၌ ဗေဒင်ဟောသည့် တာအိုဘုန်းကြီးတစ်ပါးသည် သူ၏ လက်ထဲရှိ လိပ်ခွံမှာ "ခွက်" ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူသည် ကောက်ယူရန်ပင် မေ့လျော့နေပြီး နန်းတော်ဘက်သို့ ဦးတည်နေသော ဝိညာဉ်စွမ်းအားများကို ထိတ်လန့်တကြား စိုက်ကြည့်ရင်း မုတ်ဆိတ်များပင် တုန်ရီနေသည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ ဝိညာဉ်စွမ်းအားတွေ... တစ်ယောက်ယောက်က ရွှေအမြုတေ အဆင့်ကို တက်လှမ်းနေတာပဲ ဒါပေမဲ့... ဒါပေမဲ့ ဒီဖြစ်စဉ်က ငါကိုယ်တိုင် ရွှေအမြုတေအဆင့်ကို တက်လှမ်းတုန်းကထက် အဆတစ်ရာတောင် ပိုပြင်းထန်နေတယ်”
မြို့အနောက်ဘက်ခြမ်း လျှို့ဝှက်နေအိမ်တစ်ခုအတွင်း၊ အကြံအစည်များ ထုတ်နေကြသော အနက်ရောင်ဝတ်ရုံနှင့် လူအချို့သည် တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။
ထိုစွမ်းအားကြီးမားပြီး သန့်စင်သော ဖိအားများကို ခံစားမိလိုက်ရသဖြင့် သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"ဒါ နန်းတော်ထဲကပဲ… အဲဒီ အသက်ကြီးပြီး မသေနိုင်တဲ့ ဧကရာဇ်ကများ အဆင့်တက်သွားတာလား”
နက္ခတ္တဗေဒဌာန၏ မြင့်မားသောမျှော်စင်ပေါ်တွင် ဆံပင်ဖြူဖွေးနေသော အကြီးအကဲတစ်ဦးသည် သူ၏တပည့်များကို ဘေးဖယ်ထားကာ ကြယ်ကြည့်စင်ပေါ်သို့ သူတစ်ဦးတည်း တက်သွားခဲ့သည်။
မြို့တော်တစ်ခုလုံး၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူနေသည့် ထိုလေဆင်နှာမောင်းကို ကြည့်ရင်း၊ သူ၏ နှုတ်ခမ်းများမှာ တုန်ရီလျက် ရေရွတ်လိုက်သည်။
"နဂါးလည်းမဟုတ်၊ ဖီးနစ်လည်းမဟုတ်၊ အမတလည်းမဟုတ်၊ မိစ္ဆာလည်းမဟုတ်... ဒီလို ထူးခြားဆန်းပြားတဲ့ ဖြစ်စဉ်မျိုးကို တစ်ခါမှ မကြားဖူး၊ မမြင်ဖူးဘူး ၊ သာရှပြည်ကြီးမှာ... စစ်မှန်တဲ့ နဂါးတစ်ကောင် ပေါ်ပေါက်လာတော့မယ်”
ရှောင်ရှန်း အိပ်စက်နေသော အရှေ့နန်းဆောင်၏ ဘေးအဆောင်တွင် ဧကရာဇ် ရှောင်ယွမ်နှင့် အဘိုးအိုမှာ ကြိုတင် ရောက်ရှိနေကြပြီဖြစ်သည်။
အဘိုးအို၏ လက်ထဲတွင် တံမြက်စည်းအစား မြင်းမှီးယပ်တစ်ခု ရှိနေသည်။ သူသည် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ သာမာန်မျက်စိဖြင့် မမြင်နိုင်သော အကာအရံတစ်ခုက အဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အပြင်ဘက်မှ စူးစမ်းလိုသော အကြည့်များနှင့် စွမ်းအားများကို တားဆီးလိုက်သည်။
သို့သော် ကောင်းကင်ထိတိုင်အောင် ထိုးတက်နေသော ဝိညာဉ်စွမ်းအင် လေဆင်နှာမောင်းကြီး နှင့် အရှိန်အဝါတို့သည် မှောင်မိုက်သောညတွင် ထွန်းလင်းတောက်ပနေသော လမင်းကြီးပမာ ဖြစ်နေပြီး လုံးဝ ဖုံးကွယ်၍ မရပေ။
"ငါ သူ့ကို အထင်သေးမိသွားပြီ"
ဧကရာဇ် ရှောင်ယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ကို မော့ကြည့်ရင်း အံ့အားသင့်မှု၊ ကျေနပ်အားရမှုတို့နှင့်အတူ ပိုမို လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
"ငါက သူ့ကို ကျောက်စိမ်းရိုင်းလေးတစ်တုံးလို့ပဲ ထင်ခဲ့တာ၊ သူက နတ်သတ္တုရိုင်းတွေ ဝှက်ထားတဲ့ ဧရာမတောင်ကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး”
"မွေးရာပါ သိရှိခြင်း၊ သဘာဝတရားရဲ့ လမ်းစဉ်အတိုင်းပဲ”
အဘိုးအို၏ မှေးမှိန်နေသော မျက်လုံးထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားသည်။
" အရှင့်သားရဲ့ နှလုံးသားက အညစ်အကြေးကင်းစင်တယ်၊ လောကီအညစ်အကြေး မရှိဘူး..လမ်းစဉ်နဲ့ အကိုက်ညီဆုံးပဲ”
“ဒီတစ်ခါ အဆင့်တက်တာက လူသားတစ်ယောက်ရဲ့ အတင်းအဓမ္မ ကြိုးစားမှုမဟုတ်ဘဲ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲ”
“အရှင်မင်းကြီး၊ သင် စိုးရိမ်ရမှာက ဒီဖြစ်စဉ်မဟုတ်ဘူး၊ ဒီဖြစ်စဉ်ပြီးနောက်မှာ ပေါ်လာမယ့် လူသားတွေရဲ့ နှလုံးသားပဲ"
ဧကရာဇ် ရှောင်ယွမ်မှာ တိတ်ဆိတ်သွားသည်။
သူ သိလိုက်လေပြီ။ ဤအချိန်မှစကာ ရှောင်ရှန်းကို ဝှက်ထားရန် မဖြစ်နိုင်တော့ပေ။
စက်တစ်ထောင်ခန်းမတွင် ရှိနေသော ရှောင်ရှန်းမှာ အပြင်ဘက်၌ ဖြစ်ပျက်နေသော မုန်တိုင်းများကို မသိရှာပေ။
သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် နွေးထွေးနေပြီး လောကတွင် အကောင်းဆုံးသော စမ်းရေပူထဲတွင် စိမ်ထားရသကဲ့သို့ ခံစားနေရသည်။ ချွေးပေါက်တိုင်းသည် သူ့အလိုလို ပွင့်လာပြီး အားပြည့်လာသလိုပင်။
အဆင့်တက်ခြင်းကြောင့် ဖြစ်လာသော မသက်မသာ ခံစားချက်များသည် ပျောက်ကွယ်သွားပြီး၊ ယခင်က မခံစားဖူးသော ကြည်လင်မှု နှင့် စွမ်းအားများက အစားထိုး ဝင်ရောက်လာလေ၏။
ရွှေအမြုတေ အဆင့်၏ အတားအဆီးမှာ သူအိပ်စက်နေစဉ်အတွင်း ကွဲအက်သွားခဲ့ပြီဖြစ်သည်။
မရေမတွက်နိုင်သော စွမ်းအားများ စီးဝင်လာပြီး အိမ်မက်မဟာကျမ်းသည် ရူးသွပ်စွာ သက်ဝင်လှုပ်ရှားနေသည်။
ခိုဥအရွယ်အစားရှိသော ဝိုင်းစက်စက် ရွှေအလင်းလုံးလေးသည် သူ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ တန်ထျန်းအမှတိ၌ ဖြည်းညင်းစွာ ပုံဖော်လာလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ နောက်ဘက်တွင် မှုန်ဝါးဝါး ပုံရိပ်ကြီးတစ်ခုသည် ဖြည်းညင်းစွာ စုဝေးဖြစ်ပေါ်လာသည်။
ထိုပုံရိိပ်မှာ သာမန်ကျင့်ကြံသူများ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရာတွင် တွေ့ရလေ့ရှိသည့် ကောင်းကင်ကြိုးကြာ ၊ ကျား ၊ နတ်ဘုရားဓား ၊ မျှော်စင်နန်းဆောင်များ မဟုတ်ပေ။
၎င်းမှာ စောင်ကိုခြုံ၍ တိမ်တိုက်ကြီးပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် လှဲလျောင်းနေသော၊ ပါးစပ်ထဲမှ သားရေများ ယိုကျနေပြီး ပလပ်ပလပ်မြည်အောင် စားသောက်နေသည့် ဧရာမ ကလေးငယ်တစ်ဦးပင် ဖြစ်ပေသည်။
အခန်း (၁၅၆)
ကလေးငယ်၏ ပုံပန်းသဏ္ဍာန်မှာ ဝဝဖြိုးဖြိုးနှင့် ချောမောလှပပြီး ချစ်စရာကောင်းသော်လည်း ပျင်းရိနေသော ဆွဲဆောင်မှုမျိုး ရှိပေသည်။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် သူ၏ ချိုမြိန်သော အိပ်စက်ခြင်းကို မနှောင့်ယှက်နိုင်သကဲ့သို့ပင်။
ထိုပုံရိပ်ပေါ်ထွက်လာသည်နှင့် "ငြိမ်းချမ်းခြင်းနှင့် အရာအားလုံးကို င်ြမ်သက်ခြင်းအဖြစ် ပြန်လည်ရောက်ရှိခြင်း" ဟူသော အမြင့်မြတ်ဆုံး တာအိုစည်းချက်များသည် စက်တစ်ထောင်ခန်းမအတွင်းမှ စတင်ပျံ့နှံ့လာပြီး အကာအရံများကို ထိုးဖောက်ကာ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ချက်ချင်းဆိုသလိုပင်၊ ကောင်းကင်ယံမှ ရွှေရောင်ပွင့်ဖက်များ ဖြည်းညင်းစွာ ကျဆင်းလာပြီး မြေပြင်မှ ကြည်လင်သော စမ်းရေများ မည်သည့်အကြောင်းရင်းမှမရှိ ပေါ်ထွက်လာခဲ့သည်။
မည်သူမှ မသိနိုင်သော ထောင့်တစ်နေရာ၌ နှစ်ပေါင်းများစွာ လျှို့ဝှက်ကျင့်ကြံနေသည့် နတ်ဝိညာဉ်အဆင့် အကြီးအကဲတစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
"လမ်းစဉ်ရဲ့ ထိပ်တန်းအဆင့်… ရှေးဟောင်းကျမ်းစာတွေထဲမှာပဲ ရှိတယ်လို့ ပြောတဲ့ ပထမတန်းစား ရွှေအမြုတေရဲ့ အနှစ်သာရပဲ ၊ ငါ့သက်တမ်းမှာ... ဒီလို ကောင်းကင်ဘုံရဲ့ ဆုလာဘ်ကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတာ၊ ငါ့ဘဝမှာ ဘာမှ နောင်တမရှိတော့ဘူး”
"နေလို့ထိုင်လို့ ကောင်းလိုက်တာ..."
ရှောင်ရှန်းသည် အကြောဆန့်လိုက်ရာ အရိုးအဆစ်များ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ဦးနှောက်ထဲတွင် ဤအတွေးတစ်ခုသာ ရှိသည်။
‘ ဒီစမ်းရေပူက အရမ်းကောင်းတာပဲ၊ နောက်တစ်ခါ အိပ်ချင်လာပြန်ပြီ’
လောကကြီးကို တုန်လှုပ်စေခဲ့သော အဆင့်တက်ခြင်း၏ ထူးခြားဖြစ်စဉ်များကို နန်းတော်ဘက်မှ ကြီးမားသော စရိတ်စကဖြင့် ထိန်းချုပ်ကိုင်တွယ်ကာ "ကောင်းကင်ဘုံမှ ကောင်းချီးပေးခြင်း၊ တိုင်းပြည်၏ ကံကြမ္မာ အထွတ်အထိပ်ရောက်ခြင်း" ဟု တရားဝင် ကြေညာလိုက်သည်။
သို့သော် သတင်းသည် တောမီးသဖွယ် ပျံ့နှံ့နေဆဲပင် ဖြစ်သည်။
သာရှမင်းဆက်၏ "ပျင်းရိသူ" အဖြစ် နာမည်ကြီးသော အိမ်ရှေ့စံမင်းသားသည် ထောင်စုနှစ်တစ်ခုအတွင်း မပေါ်ပေါက်သေးသော "ပထမတန်းအဆင့် ရွှေအမြုတေ" ကို ဖန်တီးနိုင်ခဲ့ပြီး၊ သူ၏ ရူပါရုံမြင်ကွင်းမှာ အိပ်ပျော်နေသော ကလေးငယ်တစ်ဦး ဖြစ်သည်။
ဤသတင်းသည် ကျောက်တုံးကြီးတစ်တုံးကို ရေပြင်ထဲ ပစ်ချလိုက်သကဲ့သို့ ကျင့်ကြံလောကတစ်ခုလုံးကို ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေခဲ့သည်။
ဖြောင့်မတ်လမ်းစဉ် အမတဂိုဏ်းကြီးများမှာလည်း တုန်လှုပ်သွားကြပြီး ဂိုဏ်းချုပ်များမှာ ညတွင်းချင်း အစည်းအဝေးခေါ်ကာ ဤအနာဂတ် "လမ်းစဉ်၏ သားတော်လေး" နှင့် မည်သို့မိတ်ဖွဲ့ရန် ဆွေးနွေးခဲ့ကြသည်။ ဂိုဏ်း၏ တန်ဖိုးအရှိဆုံး ရတနာများကိုပင် ပေးအပ်ရန် သူတို့ ဝန်မလေးခဲ့ပေ။
မိစ္ဆာနတ်ဆိုး လမ်းစဉ်လိုက်သူများအတွက်မူ ၎င်းကို အန္တရာယ်အကြီးမားဆုံးနှင့် အကောင်းဆုံး "မီးဖို" အဖြစ် သတ်မှတ်ကြသည်။ သူ၏ ရွှေအမြုတေကို လုယူနိုင်ပါက သူတို့၏ ကျင့်ကြံမှုသည် တဟုန်ထိုး တတ်လာပေတော့မည်။ အရိပ်ထဲတွင် ပုန်းကွယ်နေသော မျက်လုံးများစွာသည် သာရှမြို့တော်ဆီသို့ အလိုလောဘများဖြင့် ကြည့်ရှုနေကြသည်။
သို့သော် တုံ့ပြန်မှု အပြင်းထန်ဆုံးမှာ သာ့ယုံမင်းဆက်ပင် ဖြစ်သည်။
"အသုံးမကျတဲ့ကောင်တွေ..အသုံးမကျတဲ့ လူတစ်စု”
သာ့ယုံ နန်းတော်အတွင်း၌ ရက်စက်ကြမ်းကြုတ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"လင်းပေါ်ရုံကို ဆုံးရှုံးလိုက်ရုံတင် မကဘူး အခု ထိပ်တန်း ရွှေအမြုတေအဆင့်ရှိတဲ့ မင်းသားတစ်ပါးပါ ပေါ်လာတယ်ပေါ့..ဒီကလေးသာ ကြီးပြင်းလာရင် ငါတို့မင်းဆက်အတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်လာမှာပဲ”
“ 'အရိပ်မဲ့မျှော်စင်' ကို အမိန့်ပေးလိုက်၊ မျှော်စင်အရှင်သခင် ကိုယ်တိုင်လှုပ်ရှားပြီး ' ဖော့ရှစ်အပ်' ကို အသုံးပြုမယ် ၊ ဘာမဆိုပေးဆပ်ရပါစေ..ဒီကလေးကို ရအောင် သတ်ပစ်ရမယ်”
ဤသို့ဖြင့် အကျပ်အတည်းအသစ် တစ်ခုမှာ တိတ်တဆိတ် ရောက်ရှိလာ၏။
အဓိကဇာတ်မင်းသားကြီး ရှောင်ရှန်းမှာမူ စက်တစ်ထောင်ခန်းမမှ ထွက်လာပြီး အလွန် ကျေနပ်အားရနေသည်။
သူသည် အထဲတွင် သက်တောင့်သက်သာ အိပ်စက်ခဲ့ရပြီး လန်းဆန်းတတ်ကြကာ ခွန်အားများ ပြည့်ဝနေသည်။ တစ်ခုတည်းသော စိတ်ညစ်စရာမှာ သူ၏ ဘောင်းဘီအနားသတ်မှာ တိုသွားခြင်းပင် ဖြစ်သည်။
“ အိုင်း... အိပ်တာတောင် ကောင်းကောင်းမအိပ်ရဘူး၊ ကိစ္စတွေကလည်း ပိုများလာလိုက်တာ၊ တကယ်ကို ပင်ပန်းလိုက်တာ..."
သူသည် နန်းဆောင်ရှေ့တွင် ရပ်ကာ သူ၏အလေ့အကျင့်အတိုင်း အကြောဆန့်ရင်း သမ်းဝေလိုက်သည်။ ထို့နောက် သူ၏ အိပ်ရာကြီးကို ဆက်ပြီး လေ့လာရန် ပြင်ဆင်နေချိန်...
ထိုစဉ် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့က လေထုသည် မည်သည့်အချက်ပြမှုမှမရှိဘဲ စက္ကူပါးတစ်ရွက်ကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ တိတ်ဆိတ်စွာ အက်ကွဲသွားကာ အနက်ရောင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိပ်ရည်များ လိမ်းကျံထားပြီး တလက်လက် တောက်ပနေသော အနက်ရောက် ဓားတစ်ချောင်းသည် အက်ကြောင်းအတွင်းမှ လျှပ်စီးကြောင်း အမြန်နှုန်းဖြင့် ထွက်ပေါ်လာပြီး အချိန်နှင့်အာကာသကိုပင် လျစ်လျူရှုကာ သူ့နဖူးတည့်တည့်သို့ ပြင်းထန်စွာ ထိုးစိုက်လာခဲ့သည်။
မြန်ဆန်လွန်းသည်။ မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်ပေသည်။
ရှောင်ရှန်းသည် တစ်ဖက်လူ၏ သတ်ဖြတ်လိုသော အငွေ့အသက်ကိုပင် မခံစားလိုက်ရသေးပေ။ သူသည် သမ်းဝေပြီးခါစ ရှိသေးပြီး မျက်လုံးထောင့်တွင် မျက်ရည်စများပင် ကျန်နေသေးသည်။ သူမြင်လိုက်ရသည်မှာ သူ့မျက်စိရှေ့တွင် လျင်မြန်စွာ ကြီးထွားလာသော အမည်းစက်တစ်ခုသာ ဖြစ်သည်။
သွားပြီ၊ ခြင်ကိုက်ခံရတော့မယ်..
ဤသည်မှာ သူ့ခေါင်းထဲတွင် ဝင်ရောက်လာသော နောက်ဆုံးအတွေးသာ ဖြစ်သည်။
ဤအရေးကြီးသော အခိုက်အတန့်မှာပင် သူ၏ ရင်ဘတ်ထဲတွင် ဝှက်ထားသော လက်ဝါးအရွယ်အစားရှ်ိ "စက်တစ်ထောင်ခန်းမ" မျှော်စင်ငယ်လေးသည် တောက်ပမည့်အစား နွေးထွေးသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဝီ——
အာကာသလှိုင်းတံပိုးတစ်ခုသည် စက်တစ်ထောင်ခန်းမကို ဗဟိုပြု၍ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။