← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) - ကျုပ်ဆုံးဖြတ်ပြီးသားအရာကို ဘယ်သူမှ လာပြောင်းလဲလို့မရဘူး

ထိုမြင်ကွင်းကို တွေ့လိုက်ရသည့် ဗုဒ္ဓဂိုဏ်းမှ သိုင်းပညာရှင်များမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြတော့ပေ။

“နောက်ဆုံးတော့ အရှင်သခင် ပြန်လည်လှုပ်ရှားတာကို မြင်ရပြီ”

“နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ လောကအရှင်သခင်ဆီက ရှားရှားပါးပါး လှုပ်ရှားမှုတစ်ခုကို ပြန်မြင်တွေ့ရတာပဲ”

“အမိတာဘ... ငါတို့ရဲ့ ဘုရားရှင်က ဆိုးယုတ်တဲ့ သတ္တဝါကို သေချာပေါက် အနိုင်ယူနိုင်မှာပါ”

“ငါတို့ သေချာအာရုံစိုက်ပြီး ဆင်ခြင်သင့်တယ်၊ ဒါကနေတစ်ဆင့် ငါတို့ အရင်က တစ်ခါမှမခံစားဖူးတဲ့ စွမ်းအားတချို့ကို နားလည်သဘောပေါက်လာနိုင်တယ်”

“မှန်တယ်”

နတ်ဘုရားများ၊ ဘုရားငယ်များ၊ ဗောဓိသတ္တများနှင့် ရဟန္တာများက ချက်ချင်းပင် အလေးအနက်ထား၍ စောင့်ကြည့်လာကြသည်။

မဟာအလင်းမြတ်စွာဘုရားက လက်မြှောက်ကာ တာလောဗုဒ္ဓလက်ဝါးဖြင့် တိုက်ခိုက်လိုက်ပြီး တိုက်ပွဲကို တိုက်ရိုက် စတင်လိုက်သည်။

သူ့နောက်ကွယ်ရှိ ပုံရိပ်ယောင် ဗုဒ္ဓရုပ်ပွားတော်ကြီးကလည်း လက်ဝါးရိုက်ချက်တစ်ခုကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

ဧရာမလက်ဝါးကြီး ရိုက်ချလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ချက်ချင်းပင် စတင်လှုံ့ဆော်လာသည်။

ဤလှုပ်ရှားမှုကြောင့် မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ စွမ်းအားများအားလုံး ထိုလက်ဝါးထဲ လုံးလုံးလျားလျား စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကျိုးရီ၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ကျဆင်းလာလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော်လည်း ကျိုးရီက ရှောင်တိမ်းခြင်း၊ တုန်လှုပ်ခြင်းအလျဉ်းမရှိပေ။

သူ့မျက်လုံးထဲတွင် အကြောက်တရားမရှိဘဲ အနည်းငယ်ချီးကျူးလိုသည့် အရိပ်အယောင်တစ်ခုသာ ပေါ်လာသည်။

“ခင်ဗျားမှာ စွမ်းရည်အချို့တော့ ရှိသားပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သိပ်တော့မများဘူး”

ထိုသို့ပြောပြီးနောက် သူက ဟင်းလင်းပြင်ထဲတွင် လက်ဖြင့် ဆုပ်ကိုင်သည့် ဟန်တစ်ခု ပြုလုပ်လိုက်သည်။

လက်ဝှေ့ယမ်းလိုက်သည်နှင့်အတူ ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များက လက်ဖဝါးထဲသို့ တိုက်ရိုက်စုပ်ယူခံလိုက်ပြီးနောက် လက်မြှောက်ကာ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်းက ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားကာ ကောင်းကင်ဘုံအထိပင် ရောက်ရှိသွားလေသည်။

ထို တာလောဗုဒ္ဓလက်ဝါးသည် ဤဓားချက်နှင့် တွေ့ဆုံသွားပြီးနောက် ညှာတာမှုကင်းမဲ့စွာ ချေမှုန်းခံလိုက်ရသည်။

ဘုန်း…

ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီးကြား၌ ဧရာမနေမင်းကြီးတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။

ထိုနေမင်းကြီးက သေချာကြည့်လျှင် မီးလုံးကြီးတစ်ခုနှင့်တူပြီး မီးလုံးအတွင်းမှ ပေါက်ကွဲထွက်လာသော စွမ်းအင်များက တိုက်ခတ်သွားကာ မိုင်တစ်သောင်းအတွင်းရှိ မရေမတွက်နိုင်သော တောင်တန်းများကို အလွှာလိုက် အလွှာလိုက် ဖျက်ဆီးပစ်လိုက်သည်။

အနီးအနားတွင်ရှိသော တောင်တန်းများဆိုလျှင် တစ်တောင်လုံး အမှုန့်ဖြစ်သွားသည်အထိ ရက်ရက်စက်စက် ဖျက်ဆီးခံလိုက်ရသည်။

“ဟမ့်... အရမ်းကြီး ကျေနပ်မနေနဲ့ဦး”

မဟာအလင်းမြတ်စွာဘုရားက နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးပင် အရောင်ပြောင်းသွားသည်။ မရေမတွက်နိုင်သော မိုးကြိုးသံများက ကောင်းကင်ယံတွင် ချက်ချင်း ထွက်ပေါ်လာလေသည်။

ဂျိန်း... ဒိုင်း...

ဤလက်သီး၏ စွမ်းအင်က ယခင်လက်ဝါးရိုက်ချက်ထက် သာလွန်နေသည်မှာ ထင်ရှားပြီး အမှန်တကယ်ပင် စွမ်းအားကြီးမားလွမ်းလှသည်။

မိုင်တစ်သောင်း ပတ်လည်အတွင်းရှိ စွမ်းအင်အားလုံး ချက်ချင်း ခန်းခြောက်သွားလေသည်။

လက်သီးချက်ကြောင့် မြေကြီးများ အက်ကွဲသွားကာ မရေမတွက်နိုင်သော ချောက်ကမ်းပါးများနှင့် တောင်စောင်းများ ဖြစ်ပေါ်လာ၏။

ကျိုးရီက မူလနေရာမှ ပျောက်ကွယ်သွားသည်။ သူက ဤတိုက်ခိုက်မှုကို တိုက်ရိုက် မခံယူခဲ့ပေ။

ပြန်ပေါ်လာချိန်တွင် မဟာအလင်းမြတ်စွာဘုရား၏ အရှေ့သို့ ရောက်ရှိနေပြီဖြစ်ကာ လက်မြှောက်၍ နောက်ထပ် ဓားတစ်ချက် ခုတ်ပိုင်းလိုက်ပြန်သည်။

“ဟွန့်... ဒီလို အသေးအဖွဲ လှည့်ကွက်လေးနဲ့များ ငါ့အရှေ့များ လာကြွားဝံ့သေးတယ်။ ဒီအရှင်မြတ်ရဲ့ အဆုံးစွန်သတ်ဖြတ်ခြင်းဓားကို ကြည့်စမ်း”

မဟာအလင်းမြတ်စွာဘုရားက တိုက်ရိုက်ပင် ဓားဖြင့်ခုတ်ပိုင်းလိုက်ရာ ကျိုးရီ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့သွားလေသည်။

ဓားနှစ်လက် ရိုက်ခတ်သွားချိန်တွင် ဟင်းလင်းပြင်ပင်လျှင် အနည်းငယ် ပုံပျက်သွားသည်အထိ ဖြစ်သွားသည်။

ကျိုးရီက ဤပုံပျက်ယွင်းမှုကို သတိပြုမိလိုက်သည်။

“ဒါဆိုရင် ထိပ်သီးသိုင်းပညာရှင် နှစ်ယောက်ရဲ့ တိုက်ပွဲက ဟင်းလင်းပြင်အပေါ်ကိုတောင် သက်ရောက်မှုရှိနိုင်တာပဲ”

အဘယ်ကြောင့်ဆိုသော် အရင်က သူ့စွမ်းအားကို တစ်ကြိမ်တစ်ခါမျှ အစွမ်းကုန်အသုံးမပြုခဲ့ဖူးပေ။

ယနေ့တွင်လည်း သူ အစွမ်းကုန် အသုံးမပြုခဲ့သော်ငြား တစ်ဖက်လူမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများရှိသည့် နတ်ဘုရားအိုကြီးတစ်ပါးဖြစ်ကြောင်း သိထားရမည်။

သူတို့နှစ်ယောက် တိုက်ခိုက်ချိန်တွင် ဖြစ်ပေါ်လာသော စွမ်းအင်ပမာဏမှာ သူတစ်ဦးတည်း အထွတ်အထိပ်အခြေအနေ၌ ထုတ်လွှတ်နိုင်သော တိုက်ခိုက်မှုများကို ကျော်လွန်နေပြီဖြစ်သည်။

ထို့ကြောင့် ယခုအခြေအနေအရဆိုလျှင် ဤအဆင့်သို့ ရောက်ရှိခြင်းသည် ဟင်းလင်းပြင်ကို ပုံပျက်စေပြီး ဆုတ်ဖြဲရန်လိုအပ်သော စွမ်းအင်ပမာဏဖြစ်သည်ဟု တွက်ချက်၍ရပေသည်။

နယ်မြေနတ်ဘုရားတစ်ပါး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုခြင်းဖြစ်ပေမည်။

နယ်မြေနတ်ဘုရားတစ်ပါးသည် အခြားကမ္ဘာများသို့ တိုက်ရိုက် မကူးသန်းနိုင်ပေ။ နှောင်းပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလာမှသာ အခြားကမ္ဘာများသို့ သွားရောက်နိုင်မည်ဖြစ်သည်။

ဤအခြေအနေအရဆိုလျှင် သူ့စွမ်းအားသာ ထပ်မံတိုးတက်လာပါက အခြားကမ္ဘာများသို့ လွယ်လွယ်ကူကူ သွားရောက်နိုင်ပြီဖြစ်သည်။

‘အံ့သြဖို့ကောင်းလိုက်တာ’

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။

သူက အတွေးများမနေတော့ဘဲ မဟာအလင်းမြတ်စွာဘုရားနှင့် ဆက်လက်တိုက်ခိုက်လေသည်။

မဟာအလင်းမြတ်စွာဘုရားက နတ်ဘုရားလက်နက်ကို ဆင့်ခေါ်ထားပြီးဖြစ်သည်။

၎င်းမှာ အဆင့်မြင့် ပလက်တီနမ်သတ္တုများဖြင့် ပုံသွင်းထားပုံရသော တောင်ဝှေးတစ်ချောင်းဖြစ်သည်။

သို့သော် ၎င်းသည် ပလက်တီနမ်တော့ သေချာပေါက် မဖြစ်နိုင်ပေ။ ထိုသို့မဟုတ်ပါက သူ၏ ကြီးမားလှသော စွမ်းအားကို လုံးဝ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ဤတိုက်ခိုက်မှုလှိုင်း ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကျိုးရီက မင်ဧကရာဇ်ဓားကို အေးအေးဆေးဆေးပင် ဆင့်ခေါ်လိုက်သည်။

ဘုန်း….

ကြီးမြတ်သော ရတနာလက်နက်နှစ်ခု၏ ရိုက်ခတ်မှုက ချက်ချင်းပင် နောက်ထပ် ဟင်းလင်းပြင်အတက်အကျကို ဖြစ်ပေါ်စေပြီး ဤတစ်ကြိမ် ဟင်းလင်းပြင်အတက်အကျမှာ ယခင်ကထက်ပင် ပို၍ အစွမ်းထက်နေလေသည်။

နတ်ဘုရားလက်နက်များနှင့်အတူ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားပါ ပို၍ တိုးတက်လာပြီး ဖျက်ဆီးနိုင်စွမ်းမှာလည်း ပိုမိုကြီးမားလာလေ၏။

တစ်ကွက်၊ နှစ်ကွက်၊ သုံးကွက်...

အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် သူတို့နှစ်ယောက်သည် တိုက်ကွက်ပေါင်း သန်းနှင့်ချီ၍ အပြန်အလှန် တိုက်ခိုက်ပြီးသွားကြပြီဖြစ်သည်။

သူတို့က အဆက်မပြတ် နေရာရွှေ့ပြောင်းနေကာ ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်စွာ လှုပ်ရှားနေသဖြင့် ကမ္ဘာတစ်ဝှမ်းရှိ သာမန်သိုင်းပညာရှင်များမှာ သူတို့၏ ပုံရိပ်များကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြတော့ပေ။

လူအများစုမှာ ဘာဖြစ်သွားမှန်းပင် နားမလည်လိုက်ကြဘဲ ကောင်းကင်ယံမှ ပြင်းထန်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီးနောက် လျှပ်စီးများ ပစ်ချလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

တချို့မှာမူ တောင်များ ပြိုကျလာခြင်း၊ မြစ်များ နောက်ပြန်စီးဆင်းသွားခြင်း…. အတိုချုပ်ပြောရလျှင် ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီးကြား၌ မရေမတွက်နိုင်သော အံ့ဖွယ်အဖြစ်အပျက်များ ပေါ်လာနေလေသည်။

“ဘုရားရေ... ဘယ်သူတွေများ တိုက်ခိုက်နေကြတာလဲ။ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်တဲ့ စွမ်းအင်ရိုက်ခတ်မှုလှိုင်းတွေ ထွက်ပေါ်နေရတာလဲ။ ဒါက အရမ်းကြောက်ဖို့ကောင်းတယ်"

“ကမ္ဘာကြီးတောင် သူတို့ရဲ့စွမ်းအားကို တောင့်မခံနိုင်တော့သလိုပဲ”

“နယ်မြေနတ်ဘုရားတစ်ပါးကပဲ ဒီအဆင့်ကို ရောက်နိုင်တာမဟုတ်ဘူးလား။ လောကဧကရာဇ်ပြိုင်ပွဲကြီး စတင်နေပြီလား။ ဒါပေမဲ့ အရင်က ဘာလက္ခဏာမှ မရှိခဲ့ပါဘူး”

အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံမှုများအပြီး မဟာအလင်းမြတ်စွာဘုရားမှာ အနည်းငယ် မောဟိုက်လာပြီဖြစ်သည်။

သူက ကျိုးရီအား အလွန်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။

အစပိုင်းက မာနထောင်လွှားမှုများလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ထင်ရှားသည်မှာ တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ယခုမှ စတင်သဘောပေါက်လာခြင်းဖြစ်သည်။

ယခင်က မခံစားခဲ့ရသော်လည်း အကြိမ်များစွာ တိုက်ခိုက်ပြီးနောက် တစ်ဖက်လူက သူ့အား တဖြည်းဖြည်းချင်း ဖိနှိပ်လာနေကြောင်းကို သိသိသာသာ ခံစားလာရသည်။

‘သောက်ကျိုးနည်း၊ ဒီ ပါရမီရှင်က ဘယ်ကရောက်လာတာလဲ။ အရင်က ဒီလူ့အကြောင်းကို ဘာလို့ တစ်ခါမှ မကြားဖူးခဲ့ရတာလဲ'

ယခုအခါ သူသည် ဒေါသထွက်လွန်း၍ မီးခိုးများပင် ထွက်လာမတတ် ဖြစ်နေပြီဖြစ်သည်။ ကျိုးရီကို မဖြုတ်ချနိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ သူ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

ရလဒ်က ဤသို့ဖြစ်မည်ကိုသာ ကြိုသိခဲ့ပါက တစ်ဖက်လူနှင့် သူ ဘယ်တော့မှ ထိပ်တိုက်ရင်ဆိုင်ခဲ့မည်မဟုတ်ပေ။ ယခုတော့ နှစ်ဖက်လုံး ရှုပ်ထွေးနေပြီဖြစ်ရာ နောက်ဆုံးအခြေအနေကို သိနေသော်လည်း ဆုတ်ခွာချင်လျှင်တောင်မှ ဆုတ်ခွာ၍ မရတော့ပေ။

သို့သော်လည်း သူက ကြိုးစားကြည့်ချင်သေးသည်။

မရေမတွက်နိုင်သော ထိပ်သီးသိုင်းပညာရှင်များမှာ အံ့အားသင့်သွားကြသည်။

“ဒီလူက ဘယ်သူလဲ။ ဒီလောက်တောင် အစွမ်းထက်နေတာလား။ တကယ့်ကို မယုံနိုင်စရာဘဲ”

စစ်မှန်သော ထိပ်သီးသိုင်းပညာရှင်များ၏ တိုက်ပွဲမှာ အလွန်လျင်မြန်လှသည်။

တစ်ခဏလေးအတွင်းမှာပင် သူတို့သည် အချက်ပေါင်း ရာ၊ ထောင်နှင့်ချီ၍ အပြန်အလှန် တိုက်ခိုက်ပြီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် အနိုင်အရှုံး ဆုံးဖြတ်ခြင်းသည် အချိန်တိုအတွင်းသာ ကြာတတ်သော်လည်း သူတို့နှစ်ယောက်မှာမူ ဤအဆင့်အထိ ရောက်နေသော်ငြား အနိုင်အရှုံး မသဲကွဲသေးပေ။

အထူးသဖြင့် သူတို့ထဲမှ တစ်ယောက်က လက်ရှိ လောကဧကရာဇ်ပြိုင်ပွဲအတွက် အင်အားကြီးမားသော ပြိုင်ဘက်တစ်ဦးဖြစ်သည့် မဟာအလင်းမြတ်စွာဘုရား ဖြစ်နေသောကြောင့်ပင်။

ဤအခြေအနေတွင် အခြားတစ်ယောက်မှာလည်း အလွန်အစွမ်းထက်နေပုံရသည်။

အရင်က ကျိုးရီ မည်မျှပင် ပုန်းကွယ်နေခဲ့ပါစေ ယနေ့ပြီးနောက် လူတိုင်းသိလာတော့ပေမည်။

၎င်းသည် သူ၏ ရည်မှန်းချက်များထဲမှ တစ်ခုလည်းဖြစ်သည်။

မဟာအလင်းမြတ်စွာဘုရားကို အသုံးချကာ သူ့ကိုယ်သူ သက်သေပြရန် ဖြစ်သည်။

ယခုအခါ သူသည် ဤကမ္ဘာကြီးကိုသိမ်းပိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ရာ သူ့ကိုယ်သူ သက်သေပြရန် လိုအပ်ပြီး အရင်ကလို ပုန်းအောင်းနေ၍ မရတော့ပေ။

တကယ်တမ်းတွင်လည်း သူက အရင်ကကဲ့သို့ သတိကြီးကြီးထား၍ နေထိုင်ရန် မလိုအပ်တော့ပေ။

ယခုအခါ ဤကမ္ဘာကြီး၌ ထိပ်တန်းအဆင့်တွင် ရှိနေသည်ဟု သတ်မှတ်နိုင်ပြီဖြစ်ပြီး သူ့ကို သတ်နိုင်မည့်သူ တစ်ယောက်မျှမရှိတော့ပေ။

လောကဧကရာဇ်ပင်လျှင် သူ့ကို သတ်နိုင်မည်မဟုတ်ပေ။

ကျိုးရီ၏ လက်ရှိ ကိုယ်ပိုင်စွမ်းအား အကဲဖြတ်ချက်အရ သူသာ လောကဧကရာဇ်နှင့် အမှန်တကယ် တိုက်ခိုက်ပါက ဤကမ္ဘာကြီး၏ အတားအဆီးကို အလွယ်တကူ ချိုးဖောက်သွားနိုင်ခြေ အလွန်များသည်။

အကယ်၍ သူသာ ဤကမ္ဘာကြီးတွင် မနေချင်ပါက အခြားကမ္ဘာများသို့ အလွယ်တကူ သွားရောက်နိုင်ပေသည်။

မဟာအလင်းမြတ်စွာဘုရားက သူ့ကို စိုက်ကြည့်လာ၏။

“ကောင်လေး... လောကဧကရာဇ်ပြိုင်ပွဲ ရောက်မလာသေးဘူး။ အခု မင်း ငါနဲ့ ဒီမှာ တိုက်ခိုက်နေရင် နောက်ဆုံးရလဒ်က အပြန်အလှန်ပျက်စီးဖို့ပဲ ရှိလိမ့်မယ်၊ ပြီးတော့ တခြားသူတွေက အမြတ်ထွက်သွားလိမ့်မယ်၊ တခြားသူတွေ အမြတ်ထွက်သွားတာကို မင်း မြင်ချင်တာလား”

ကျိုးရီက ခပ်ဖွဖွ ပြုံးလိုက်သည်။

“ခင်ဗျား ကြောက်နေတာလား”

All Chapters