← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) - မဟာအလင်းမြတ်စွာဘုရားကို သတ်ဖြတ်ခြင်း (၁)

“မင်း…”

မဟာအလင်းမြတ်စွာဘုရားက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

သု့စိတ်ထဲတွင် ရူးသွပ်မတတ် ဖြစ်နေပြီး ကျိုးရီအား အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်နေသော်လည်း ဒေါသကို ထိန်းချုပ်ကာ တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။

“ငါ မင်းကို မကြောက်ဘူး၊ မင်းကို ပြောချင်တာက ငါတို့နှစ်ယောက်လုံး ဒဏ်ရာရသွားရင် အသက်ရှင်နေသေးတဲ့သူကို တခြားသူတွေက သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူ/"

“အခု ငါတို့နှစ်ယောက် ထုတ်ပြလိုက်တဲ့ စွမ်းအားက အရမ်းအားကောင်းပြီး တခြားသူတွေက ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်နေကြပြီ၊ ဘယ်သူကမှ ငါတို့လို တည်ရှိမှုမျိုးကို သဘောကျမှာမဟုတ်ဘူး။ မင်းက လူတိုင်း ဝိုင်းတိုက်ခိုက်တာကို ခံချင်လို့လား”

“မင်းနဲ့ငါ့ကြားမှာ မသေမချင်း တိုက်ခိုက်ရမယ့်ကိစ္စလည်း မရှိပါဘူး။ ရန်သူကနေ မိတ်ဆွေအဖြစ် ပြောင်းပြီး ပူးပေါင်းလိုက်ရင် လောကဧကရာဇ်စစ်ပွဲမှာ နောက်ဆုံးအထိတောင် ရောက်နိုင်လောက်တယ်၊ ဘယ်လိုလဲ”

မဟာအလင်းမြတ်စွာဘုရား၏ အစီအစဉ်က အတော်လေးကောင်းမွန်သည်။ အရေးအကြီးဆုံးက လောလောဆယ် တစ်ဖက်လူကို တည်ငြိမ်အောင် လုပ်ထားရန်ဖြစ်သည်။

ဒုတိယအနေဖြင့် တစ်ဖက်လူကို မသတ်နိုင်သောကြောင့် သူနှင့် မိတ်ဆွေဖွဲ့ခြင်းက ပိုကောင်းသည်။

နောက်ဆုံးတွင် ထိုနေရာကို အောင်အောင်မြင်မြင် မရယူနိုင်ခဲ့လျှင်တောင်မှ သူ ကြောက်စရာမလိုတော့ပေ။

အနည်းဆုံးတော့ သူ ဤကမ္ဘာမှ ထွက်ခွာသွားရန် သို့မဟုတ် နောက်ထပ်နှစ်တစ်ထောင် သံသရာ၀င်စားခြင်းစက်၀န်းထဲသို့ ဝင်ရောက်ရန် ရွေးချယ်နိုင်သည်။

ကံမကောင်းစွာဖြင့် ကျိုးရီက ဂရုမစိုက်သလို ပြုံးပြလိုက်သည်။

“ခင်ဗျား ကျုပ်ကို စတွေ့တုန်းက ဒီစကားတွေကို တိုက်ရိုက်ပြောခဲ့ရင် ပိုပြီးထိရောက်နိုင်လိမ့်မယ်၊ ကျုပ်က အပျော့ဆွဲမှ ရတဲ့လူမျိုးပဲ”

“ခင်ဗျားက ကျုပ်ရဲ့ အရိုးမာတွေကို ခဏခဏ ဆွနေခဲ့တာက ခင်ဗျားရဲ့ အပြစ်ပဲ”

“သောက်ကျိုးနည်း... ဒီကမ္ဘာကြီးမှာ မင်းကို စော်ကားဖူးတဲ့ တခြားလူ မရှိတော့ဘူးလား။ ဘာလို့ ငါ့ကို အလွှတ်မပေးရတာလဲ”

“ဘာလို့လဲဆိုတော့... ကျုပ် ဆုံးဖြတ်ပြီးသမျှကို ဘယ်သူမှ လာပြောင်းလဲလို့ မရလို့ပဲ”

ကျိုးရီက ရှေ့သို့ ထပ်မံတိုးကပ်သွားလေသည်။

ဤတစ်ကြိမ်တွင် သူသည် မင်ဧကရာဇ်ဓားကိုသာမက မပြည့်စုံသေးသော ရှေးဟောင်းခေါင်းလောင်းကိုပါ အသုံးပြုလိုက်လေသည်။

ထိုလက်နက်ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် မဟာအလင်းမြတ်စွာဘုရား၏ မျက်လုံးထဲ၌ အကြောက်တရားများ ချက်ချင်း ထွက်ပေါ်လာလေသည်။

သူသည် အကြောက်မက်ဖွယ်အကောင်းဆုံး၊ ယုံကြည်နိုင်စရာမရှိဆုံး အရာတစ်ခုကို မြင်လိုက်ရသည့်အလား အံ့သြတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

“ဒါက ဒီကမ္ဘာက ပစ္စည်းမဟုတ်ဘူး၊ ဒါက မဟာကမ္ဘာမှာ ရှိသင့်တဲ့အရာ မဟုတ်ဘူး၊ မင်း ဒါကို ဘယ်ကနေရလာတာလဲ”

တစ်ဖက်လူက ဤရှေးဟောင်းခေါင်းလောင်း အပိုင်းအစကို သိနေလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ကျိုးရီက မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။

အရင်က မည်သည့် ထိပ်သီးသိုင်းပညာရှင်ကမှ ဤအရာကို မမှတ်မိခဲ့ကြပေ။

ထို့ပြင် တစ်ဖက်လူ၏ စကားများအရ ထိုပစ္စည်းသည် ဤကမ္ဘာနှင့်မသက်ဆိုင်ဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်ကြောင်း ကောက်ချက်ချနိုင်ပေသည်။

‘ထားလိုက်ပါတော့၊ အရမ်းကြီး တွေးမနေတော့ဘူး။ သူ့ကို သတ်နိုင်သရွေ့ သူ့ရဲ့ မှတ်ဉာဏ်တွေကို စုပ်ယူနိုင်မှာပဲ၊ အဲဒီအခါကျရင် ဒီအရာက ဘာလဲဆိုတာကို သိရမှာပဲ'

“သေမယ့်သူတွေက သိပ်များများစားစား သိနေစရာမလိုဘူး”

ခပ်တိုးတိုးလေး ပြောလိုက်ပြီးနောက် ကျိုးရီက တိုက်ပွဲဝင်ရန်အတွက် သူ၏ မှော်ရတနာကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

သူက ရှေးဟောင်းခေါင်းလောင်းကို အသုံးပြု၍ သူတို့နှစ်ဦးကို ဖုံးလွှမ်းလိုက်ကာ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

ထို့နောက် မင်ဧကရာဇ်ဓားကို ဆင့်ခေါ်ပြီး တာအိုစွမ်းအင်အမျှင် သောင်းနှင့်ချီ၍ ထုတ်လွှတ်ရန် လက်မြှောက်လိုက်လေသည်။

ဘုန်း... ဘုန်း... ဘုန်း...

မဟာအလင်းမြတ်စွာဘုရားသည် ရှေးဟောင်းခေါင်းလောင်း အပိုင်းအစကို မြင်လိုက်ရချိန်တွင် သေလောက်အောင် ကြောက်ရွံ့နေပြီဖြစ်ကာ ဆက်လက်မတိုက်ခိုက်ရဲတော့ဘဲ ရှောင်တိမ်းကာကွယ်ရုံသာ လုပ်နိုင်တော့သည်။

“အရှင်... ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့တော့၊ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးကို မမှတ်မိခဲ့တာ ကျုပ်အမှားပါ၊ ကျုပ် အရှင်သခင်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ်၊ အရှင်သခင်ကသာ ကျုပ်ကို ချမ်းသာပေးမယ်ဆိုရင် အခုကစပြီး အရှင်သခင်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါ့မယ်”

သို့သော် ကံမကောင်းစွာဖြင့် သူ၏ စွမ်းအားအစစ်အမှန်ကို တွေ့မြင်ပြီးမှသာ လက်နက်ချမည့် ဤကဲ့သို့သော လူမျိုးကို ကျိုးရီက လုံးဝ အလိုမရှိပေ။

ထိုသို့သော လက်နက်ချခြင်းက ဘာအဓိပ္ပာယ်မှမရှိပေ။ ၎င်းမှာ သူ့စွမ်းအားကို ယာယီ ကြောက်ရွံ့သွားခြင်းသာ ဖြစ်သည်။

အကယ်၍ နောင်တစ်ချိန်တွင် အခွင့်အရေး ရခဲ့ပါက ထိုလူများက သူ့ကို ပထမဆုံး သစ္စာဖောက်မည့်သူများ ဖြစ်လာကြပေမည်။ ဤကဲ့သို့သော လူများကို ရှင်းလင်းရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။

သတ်။

အကုန်လုံးကို သတ်ပစ်ပြီး တစ်ယောက်မှ အရှင်မထားရန်သာ ဖြစ်သည်။

ကျိုးရီသည် မည်သည့်အရာကိုမျှ ချန်လှပ်မထားဘဲ တိုက်ခိုက်နေရာ တိုက်ခိုက်မှုတိုင်းတွင် ကြီးမားလှသော စွမ်းအားများ ပါဝင်နေလေသည်။ တိုက်ခိုက်မှုတိုင်းက သူ၏ ကန့်သတ်ချက်များကို ဖောက်ထွင်းသွားသကဲ့သို့ပင်။

မဟာအလင်းမြတ်စွာဘုရားသည် အစပိုင်းတွင် မှော်ရတနာများဖြင့် အနည်းငယ် ခုခံနိုင်ခဲ့သေးသည်။ တောင်ဝှေးအပြင် သူ့တွင် အခြားမှော်ရတနာ အချို့လည်း ရှိသေးသည်။

ရောင်စဉ်ခုနစ်သွယ် သင်္ကန်း၊ ခရမ်းရွှေရောင် သပိတ် စသည်တို့ ဖြစ်သည်။

သို့သော် ကျိုးရီ၏ အဆက်မပြတ် ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် မည်သည့်အရာကမျှ ခံနိုင်ရည်မရှိတော့ဘဲ နောက်ဆုံးတွင် အားလုံး ဖျက်ဆီးခံလိုက်ရလေသည်။

သူ၏ နောက်ဆုံး မှော်ရတနာပါ ကျိုးပဲ့သွားသောအခါ ကျိုးရီ၏ တိုက်ခိုက်မှုက သူ့အား လုံးဝ အမှုန့်ချေပစ်လိုက်တော့သည်။

ဘုန်း။

“အား….”

မဟာအလင်းမြတ်စွာဘုရားသည် သနားစဖွယ်အော်ဟစ်သံနှင့်အတူ ဤကမ္ဘာမှ ထာဝရ ပျောက်ကွယ်သွားလေတော့သည်။ သူ သေဆုံးသွားသည့် အခိုက်အတန့်တွင် အနောက်အရပ်ဒေသ တစ်ခုလုံးက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားသည်။

ဗုဒ္ဓအလင်းတန်း ကောင်းချီးမင်္ဂလာများ ပျောက်ကွယ်သွားသောကြောင့်လား မသိ၊ အနောက်အရပ်ဒေသ တစ်ခုလုံးသည် မူလ ခမ်းနားထည်ဝါသော အခြေအနေမှနေ၍ လျင်မြန်စွာ ယိုယွင်းလာလေသည်။

စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များအားလုံးမှာ ဤအချိန်တွင် တောင်ကတုံးများနှင့် အရိုင်းဆန်သော နယ်မြေများအဖြစ်သို့ ပြောင်းလဲသွားပြီး အေးချမ်းတည်ငြိမ်ပုံရသော လူအချို့မှာလည်း မကောင်းဆိုးဝါး စိတ်ထားများဖြင့် ပြည့်နှက်နေသော မိစ္ဆာများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကြသည်။

“သူ သေပြီ! ငါတို့ကို နှစ်ထောင်ပေါင်းများစွာအထိ ဖိနှိပ်ထားတဲ့ကောင် နောက်ဆုံးတော့ သေသွားပြီ”

“ဟားဟားဟား... သူ သေသွားပြီ၊ ငါတို့ကို ဘယ်သူကမှ နောက်ထပ် ဖိနှိပ်နိုင်မှာ မဟုတ်တော့ဘူး။ ငါတို့တွေ ပြန်လည်ရှင်သန်လာပြီဟေ့”

ဤနတ်ဆိုးများနှင့် တစ္ဆေများက အောင်ပွဲခံ ပျော်ရွှင်နေကျချိန်တွက် နတ်ဘုရားများ၊ ဗုဒ္ဓများ၊ ဗောဓိသတ္တများနှင့် ရဟန္တာများမှာမူ ဤအချိန်တွင် အလွန်အမင်း စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေကြသည်။

မည်သူကမျှ ဤသို့သော အဖြစ်အပျက်မျိုး ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုနှင့် အကြောက်တရားများ ပြည့်နှက်နေသည်။

“မဟာအရှင်သခင် သေသွားပြီလား၊ အရှင်သခင် သေသွားပြီ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူ မသေသင့်ဘူး။ သူက ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံး တည်ရှိမှုလေ၊ သူက အရမ်းကို အနိုင်ယူလို့မရနိုင်တဲ့သူလေ”

“ဘယ်လိုလုပ် တခြားတစ်ယောက်က အလွယ်တကူ သတ်ပစ်လိုက်နိုင်မှာလဲ။ ပြီးတော့ ဒီလူက သူ့ရဲ့ စွမ်းရည်ကို တစ်ခါမှ မထုတ်ပြဖူးတဲ့ လူသစ်တစ်ယောက်ပဲကို”

“မဟုတ်ဘူး၊ ငါ မယုံဘူး၊ ငါ လုံးဝမယုံဘူး၊ ဒါက တကယ်မဟုတ်ဘူး၊ ဒါက အတုကြီး”

“အရှင်… အရှင်သခင်၊ အား... အား... အား...”

“မဟာအရှင်သခင် မရှိရင် အနောက်ဘက်သုခဘုံ ဆိုတာလည်း မရှိတော့ဘူး အခုကစပြီး ငါတို့အားလုံး လုံးဝပြီးဆုံးသွားပြီ။ နှစ်ပေါင်းများစွာ ငါတို့ရဲ့ သွန်သင်ချက်တွေကို ဖြန့်ဝေဖို့အတွက် ငါတို့က မရေမတွက်နိုင်တဲ့ ထိပ်သီးသိုင်းပညာရှင်တွေကို စော်ကားခဲ့မိတယ်"

“အရင်တုန်းကအရင်တုန်းက အရှင်သခင်က ငါတို့ကို ကာကွယ်ပေးထားလို့ တခြားသူတွေက အလွယ်တကူ လာမကျူးကျော်ရဲခဲ့ကြတာ။ ဒါပေမဲ့ အခုကစပြီး သူ ငါတို့ကို မကာကွယ်ပေးနိုင်တော့ဘူးဆိုတော့ အဲဒီလူတွေက ကလဲ့စားချေဖို့ ငါတို့အားလုံးကို သေချာပေါက် အပိုင်းပိုင်း ဆွဲဖြဲကြတော့မှာပဲ”

“အားလုံးပဲ... အရမ်းကြီး အဆိုးမမြင်ကြပါနဲ့ဦး၊ ပြီးတော့ အရမ်းလည်း စိတ်ဓာတ်မကျကြပါနဲ့။ မဟာအရှင်သခင် သေသွားပေမဲ့ ငါတို့ဆီမှာ မဟာအရှင်သခင်အဆင့် ထိပ်သီးသိုင်းပညာရှင်တွေ အများကြီး ရှိနေသေးတာပဲ"

“ငါတို့ ညီညွတ်နေသရွေ့ ဘယ်သူကမှ ငါတို့ကို အလွယ်တကူ လာအနိုင်ကျင့်လို့ မရပါဘူး၊ အချိန်တစ်ခုပေးပြီး နောက်ထပ်နယ်မြေနတ်ဘုရားတစ်ပါးကို ငါတို့ ပျိုးထောင်နိုင်သရွေ့ ငါတို့ရဲ့ အနောက်ဘက် သုခဘုံက မျှော်လင့်ချက် ပြန်ရှိလာဦးမှာပါ”

အပြင်ဘက်တွင်လည်း မရေမတွက်နိုင်သော ထိပ်သီးသိုင်းပညာရှင်များမှာ အံ့သြထိတ်လန့်နေကြလေသည်။

“မဟာအလင်းမြတ်စွာဘုရား သေသွားပြီ။ ဒါ အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ ဒီကမ္ဘာမှာ သူ့ကိုသတ်နိုင်တဲ့သူ တကယ်ရှိနေတာပဲ။ လုံး၀ မယုံနိုင်‌ ယသေးဘူး”

“အဲဒီလူက ဘယ်ကလာတဲ့သူလဲ၊ အရမ်းသတ္တိရှိတာပဲ၊ သူ့ကို စိန်ခေါ်ရဲရုံသာမက သတ်တောင် သတ်ပစ်လိုက်နိုင်တယ်"

“မဟာအလင်းမြတ်စွာဘုရားက အဲဒီလောက် အားကောင်းတာကို သူ့ကို အနိုင်ယူပြီး သတ်ပစ်ဖို့ဆို တစ်ဖက်လူက ဘယ်လောက်အထိတောင် အစွမ်းထက်နေလို့လဲ၊ ဒီကမ္ဘာမှာ အဲဒီလူကို အနိုင်ယူနိုင်တဲ့သူ ရှိပါဦးမလား”

နယ်မြေနတ်ဘုရားလင်းနှင့် အခြားနှစ်ဦးမှာလည်း တုန်လှုပ်ချောက်ချားဖွယ် ခံစားချက်များက စွဲထင်ကျန်ရစ်နေဆဲပင်။

“သူ တကယ် လုပ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ အစက သူ အဲဒီလိုပြောတုန်းက သူ နောက်နေတာမဟုတ်ဘူးဆိုတာ သိပေမဲ့ ဖြစ်နိုင်ခြေသိပ်မရှိဘူးလို့လည်း ငါ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီလိုအခြေအနေထိ ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး”

သူတို့သုံးဦး တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ရာ သုံးဦးလူံ၏ မျက်လုံးများထဲရှိ ကူကယ်ရာမဲ့နေမှုများကို မြင်တွေ့လိုက်ရသည်။

“ဒီတစ်ကြိမ်တော့ ငါတို့ သူနဲ့ မဟာမိတ်ဖွဲ့ရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူးထင်တယ်”

“ကုန်းစွန်း... မင်း အဲဒီလိုပြောတာ မှားနေတယ်လို့ ငါထင်တယ်”

ကုန်းစွန်းနယ်မြေနတ်ဘုရားက နားမလည်နိုင်သည့်ပုံစံဖြင့် မေးလိုက်သည်။

“နယ်မြေနတ်ဘုရားလင်း၊ ခင်ဗျား အဲဒီလိုပြောတာ ဘာသဘောလဲ။ သူ မထွက်သွားခင် ပြောခဲ့တာက ငါတို့နဲ့ မဟာမိတ်ဖွဲ့ချင်တယ် ဆိုတာလေ။ အခု ငါတို့ မဟာမိတ်ဖွဲ့တာက ဘာမှားလို့လဲ”

နယ်မြေနတ်ဘုရားချင်က ဘေးမှနေ၍ သက်ပြင်းချလိုက်သည်။

“ကုန်းစွန်း... နင် နားမလည်သေးဘူးလား။ သူ အနောက်ဘက်သုခဘုံကို မသွားခင်ကတည်းက ငါတို့ သဘောတူခဲ့ရင် ဒါက မဟာမိတ်ဖွဲ့တာဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုက အရာအားလုံး ပြောင်းလဲသွားပြီ"

“သူ မဟာအလင်းမြတ်စွာဘုရားကို သတ်လိုက်တဲ့ အချိန်ကစပြီး သူနဲ့ငါတို့ကြားက ဆက်ဆံရေးက တန်းတူမဟုတ်တော့ဘူး။ ငါတို့အားလုံး ကျင့်ကြံခြင်းအဆင့် အတူတူပဲ ဆိုပေမဲ့ ငါတို့ရဲ့ စွမ်းအားက သူ့စွမ်းအားနဲ့ ယှဉ်လိုက်ရင် အရမ်း… အရမ်းကို ကွာဟလွန်းနေပြီ"

All Chapters