← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) - မဟာဗုဒ္ဓဘိုးဘေး၏ ရွှေခန္ဓာရုပ်ကလာပ် အက်ကွဲခြင်း

တွင်းနက်ကြီးအတွင်း၌ အရောင်ကိုးမျိုးရှိသော မင်္ဂလာအလင်းတန်းများက ကပ်ကမ္ဘာကြီးတစ်ခုကဲ့သို့ တဖျပ်ဖျပ် လင်းလက်နေသည်။

ကျိုးရီက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ခုနက စကားများအရ မဟာဗုဒ္ဓဘိုးဘေးက ဤကမ္ဘာမှ ထွက်ပြေးချင်နေကြောင်း သူ သိလိုက်လေသည်။

အကယ်၍ သူ့ကိုသာ ဤကမ္ဘာမှ ထွက်ခွာသွားရန် ခွင့်ပြုလိုက်ပါက သူသည် မဟာဗုဒ္ဓဘိုးဘေး၏ ပင်မခန္ဓာကိုယ်ရှိရာနေရာသို့ ရောက်သွားမည် ဖြစ်သည်။

အကယ်၍ ထိုထိပ်သီးသိုင်းပညာရှင်ကိုသာ ခေါ်လာခဲ့ပါက သူ သေချာပေါက် သေရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိစွမ်းအားသည် ကြီးမားသော်လည်း နယ်မြေသုံးထောင်ရှိ ထိပ်သီးသိုင်းပညာရှင်များအားလုံးကို အနိုင်ယူနိုင်လောက်သည်အထိ မရှိသေးသောကြောင့် ဖြစ်သည်။

ဤကမ္ဘာကြီးက အလွန်စွမ်းအားကြီးမားလွန်းလှပြီး ထိပ်သီးသိုင်းပညာရှင်များ အလွန်များပြားလွန်းလှသည်။

အသက်ရှင်သန်နိုင်ရင် တစ်ခုတည်းသောနည်းလမ်းမှာ မိမိအတွက် အန္တရာယ်ရှိလာနိုင်သော အရာအားလုံးကို အင်အားအလုံးအရင်းဖြင့် အပြတ်အသတ် ဖျက်ဆီးပစ်ရန် ဖြစ်သည်။

ထို့ကြောင့် ကျိုးရီသည် အမြင့်မြတ်ဆုံး နတ်ဘုရားလက်နက် ကပ်ကမ္ဘာခေါင်းလောင်းအပိုင်းအစကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

ခရမ်းရောင်အလင်းတန်းတစ်ချက် လက်သွားသည်နှင့် ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်မှာ ဤစွမ်းအင်၏ ဖမ်းဆီးခြင်းကို ချက်ချင်းခံလိုက်ရလေသည်။

ထွက်ပြေးလွတ်မြောက်တော့မည်ဖြစ်၍ အလွန်ပျော်ရွှင်နေစဉ် ဤအခြေအနေ ရုတ်တရက်ပေါ်ပေါက်လာသဖြင့် ဗုဒ္ဓပုံရိပ်ယောင်မှာ အကြောက်တရားများကြောင့် တုန်ယင်လာလေသည်။

“ဒါ... ဒါက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီပစ္စည်းက မင်းလက်ထဲကို ဘယ်လိုရောက်နေတာလဲ။ မင်းမှာ ဒီပစ္စည်းမရှိသင့်ဘူး၊ မင်းက သာမန် နယ်မြေနတ်ဘုရားသေးသေးလေးကပဲ။ မင်းက ဒီပစ္စည်းကို ပိုင်ဆိုင်ဖို့ လုံးဝမထိုက်တန်ဘူး”

၎င်း၏ ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ရသောအခါ ကျိုးရီက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်မိသည်။

“ကြည့်ရတာ မင်းက ဒီအမြင့်မြတ်ဆုံးရတနာရဲ့အကြောင်းကို သိနေပုံပဲ။ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်”

“မင်း အဲဒီရတနာအကြောင်း ငါ့ကို ပြောပြနိုင်ရင် ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ အသက်ကိုတောင် ချမ်းသာပေးကောင်း ချမ်းသာပေးနိုင်တယ်”

တစ်ဖက်လူသည် သက်ရှိမဟုတ်ဘဲ မဟာဗုဒ္ဓဘိုးဘေး၏ ဆန္ဒအချို့ပါဝင်သည့် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တစ်ခုသာ ဖြစ်သောကြောင့် တစ်ဖက်လူ၏ မှတ်ဉာဏ်ကို သူ စုပ်ယူ၍ရနိုင်မည်လား ဆိုသည်က မသေချာပေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းသည် ပင်မခန္ဓာကိုယ်ကဲ့သို့ ဉာဏ်ရည်မျိုးမရှိဘဲ နတ်ဘုရားလက်နက်တစ်ခုနှင့်ပင် တူနေလေသည်။

ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်သည် ထိတ်လန့်မှုမှ သတိပြန်၀င်လာပြီဖြစ်ကာ အေးစက်စက် ရယ်မောလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

“မင်းပြောတာကို ယုံရမှာလား၊ ငါ့ကို အရူးကြီးလို့ မင်း တကယ်ထင်နေတာလား။ ငါသာ မင်းကို ပြောပြလိုက်ရင် မင်း ငါ့ကို တန်းသတ်ပစ်မှာပေါ့”

“ဘာလို့ အဲဒီလို ထင်ရတာလဲ”

“မင်းနဲ့ ငါ့ဂိုဏ်းက ပြန်လည်သင့်မြတ်ဖို့မဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပြီလေ၊ မင်း ငါ့ကို လွှတ်ပေးချင်ရင်တောင် မင်း ငါ့ကို လွှတ်ပေးပြီးတဲ့နောက် ငါကရော မင်းကို လွှတ်ပေးပါ့မလားလို့ မင်းစိတ်ထဲမှာ သေချာပေါက် တွေးမိမှာပဲ"

“ငါ ပြန်ရောက်သွားပြီးရင် မင်းကို ဖျက်ဆီးပစ်ဖို့ ငါ့ရဲ့ ပင်မခန္ဓာကိုယ်ကို အကြောင်းကြားလိုက်မလားဆိုတဲ့ အချက်ကို အခြေခံပြီးတော့ မင်း ငါ့ကို လွှတ်ပေးမှာမဟုတ်ဘူး”

“အဲဒါကလည်း မသေချာပါဘူး”

ကျိုးရီက စကားလမ်းလွဲရန် စတင်ပြောဆိုလိုက်သည်။

“ဒီကမ္ဘာမှာရှိတဲ့ မင်းဂိုဏ်းက တပည့်တွေကို ငါ ဖျက်ဆီးပစ်ခဲ့တယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ မင်းကိုယ်တိုင်လည်း သူတို့ရဲ့ အသက်ကို ဂရုမစိုက်ပါဘူး။ မင်း လိုအပ်တာက သူတို့ ကျင့်ကြံနေချိန်မှာ မင်းကို ထောက်ပံ့ပေးနိုင်တဲ့ စွမ်းအင်တွေပဲ”

“ငါသာ မင်းကို ဒီလိုတပည့်တွေ နောက်တစ်သုတ်လောက် ပျိုးထောင်ဖို့ အချိန်တစ်ခု ပေးလိုက်မယ်ဆိုရင် ငါတို့ကြားက မကျေနပ်ချက်တွေကို ဖြေရှင်းပြီးသားဖြစ်သွားမှာပေါ့”

“မင်း ငါ့ကို ပြောပြမယ်ဆိုရင် ငါတို့နှစ်ယောက် မဟာမိတ်ဖွဲ့နိုင်ခြေတောင် ရှိကောင်းရှိလာနိုင်တယ်၊ မင်းက မဟာကန္တာရကမ္ဘာတစ်ခုလုံးကို ကြီးစိုးနိုငိတဲ့သူ မဟုတ်ဘူးလို့ ငါထင်တယ်၊ ဒီလိုမဟုတ်ရင် မင်းရဲ့ ကိုယ်ပွားကို ဒီနေရာမှာ ချန်ထားဖို့မလိုဘူးလေ”

“အတွေးတစ်ချက်တည်းနဲ့ ကမ္ဘာတိုင်းကို အလွယ်တကူ ရောက်ရှိနိုင်မှာပဲ။ ငါပြောတာ မှန်တယ်မလား၊ မင်းနဲ့ငါသာ ပူးပေါင်းနိုင်မယ်ဆိုရင် အကျိုးအမြတ်တွေ အများကြီးရှိပြီး ဆိုးကျိုးရှိမှာမဟုတ်ဘူး။ ဘာလို့ ငါက မင်းနဲ့ မသေမချင်း တိုက်ခိုက်နေရမှာလဲ”

ကျိုးရီသည် ယခင်က မဟာအလင်းမြတ်စွာဘုရား၏ မှတ်ဉာဏ်များကို ရရှိခဲ့ပြီးဖြစ်ရာ တစ်ဖက်လူသည် မဟာကန္တာရကမ္ဘာတစ်ခုလုံးတွင် အစွမ်းထက်ဆုံးသူ မဟုတ်ကြောင်း သိထားပြီးဖြစ်သည်။

တစ်ဖက်လူ၏ စွမ်းအားက အမှန်တကယ်ပင် အလွန်အားကောင်းလွန်းသော်လည်း ဤနှစ်များတစ်လျှောက် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။

တစ်ဖက်လူသည် မဟာကန္တာရကမ္ဘာရှိ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားရှင် မဟုတ်သရွေ့ သူက ပိုမိုသန်မာလာချင်မည်မှာ အသေအချာပင်။

ပိုမိုသန်မာလာရန်အတွက် သူသည် တခြားသူများနှင့် ပူးပေါင်းရန် လိုအပ်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓသိုင်းကျင့်စဉ်များသည် အခြားကျင့်စဉ်များနှင့် မတူသောကြောင့် ဖြစ်သည်။

မဟာဗုဒ္ဓဘိုးဘေးသည် တစ်ကိုယ်တော်ကျင့်ကြံခြင်းတွင် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သည်။

ယခု ဆက်လက်၍ ပိုမိုသန်မာလာလိုပါက အခြားသူများထံမှ ယုံကြည်မှုစွမ်းအားကိုသာ အားကိုးရမည်ဖြစ်သည်။ ထို့သို့မဟုတ်ပါက တိုးတက်မှုနှုန်း အလွန်နှေးကွေးနေပေလိမ့်မည်။

ရွှေခန္ဓာရုပ်ကလာပ်သည် အသိစိတ်ရှိသော ကိုယ်ပွားတစ်ခု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်ငြား သူတို့သည်လည်း အသက်ရှင်ချင်ကြသည်။

ပင်မခန္ဓာကိုယ်၏ စုပ်ယူခြင်းကို မခံရသရွေ့ သူတို့သည် ဤကမ္ဘာတွင် ဆက်လက်အသက်ရှင်နေနိုင်သေးသည်။

တစ်ကြိမ် စုပ်ယူခံလိုက်ရသည်နှင့် သေဆုံးသွားခြင်းဖြစ်ပြီ နောက်ပိုင်းတွင် ကိုယ်ပွားအသစ် ပြန်ထွက်လာလျှင်ပင် သူတို့ဖြစ်လာတော့မည်မဟုတ်ဘဲ ထာဝရ ပျောက်ကွယ်သွားမည်ဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူက ဤတောင်းဆိုချက်ကို သေချာပေါက် ငြင်းပယ်မည်မဟုတ်ကြောင်း ကျိုးရီသိထားလေသည်။

တကယ်တမ်းတွင်လည်း သူ့စကားများကြောင့် တစ်ဖက်လူက တွန့်ဆုတ်လာနေပြီဖြစ်သည်။

စကားတစ်ခွန်းမှ ထပ်မပြောရသေးသော်ငြား တစ်ဖက်လူ မည်သည့်အရာများ တွေးနေသည်ကို ကျိုးရီ ခန့်မှန်းနိုင်လေသည်။

မမျှော်လင့်ထားသောအရာများ မဖြစ်ပေါ်လာပါက တစ်ဖက်လူသည် သူနှင့် မဟာမိတ်ဖွဲ့ရန်နှင့် ဤကမ္ဘာရှိ စွမ်းအားများကို ပြန်လည်တည်ဆောက်ရန် စဉ်းစားနေသင့်သည်။

ထိုသို့ဆိုလျှင် သူသည် ပင်မခန္ဓာကိုယ်၏ စုပ်ယူခြင်းကို မခံရဘဲ ဤကမ္ဘာတွင် နေထိုင်နိုင်ပေမည်။

ထိုသို့မဟုတ်ပါက ယခုပြန်သွားလျှင် သေချာပေါက် စုပ်ယူခံရမည်သာ။ သူနှင့် မဟာမိတ်ဖွဲ့ခြင်းက မျှော်လင့်ချက်ရောင်ခြည်တစ်စွန်းတစ်စကို ပေးစွမ်းနေခြင်းဖြစ်သည်။

ကျိုးရီက ဆက်ပြောလာသည်။

“မင်း အခု သေချာစဉ်းစားသင့်တယ်။ မင်းရဲ့ ဗဟုသုတ တစ်စိတ်တစ်ပိုင်းကိုပဲ မျှဝေပေးဖို့လိုတာနော်၊ ငါတို့နှစ်ယောက်လုံးသာ တစ်လှမ်းဆုတ်လိုက်မယ်ဆိုရင် အဆုံးအစမရှိတဲ့ ဖြစ်နိုင်ခြေတွေ ရှိလာနိုင်တယ်”

“အဲဒါက တခြားအရာအားလုံးထက် ပိုမကောင်းဘူးလား။ တိတိကျကျပြောရရင် မင်းဘက်က ဘာမှမဆုံးရှုံးသွားပါဘူး”

“ဒါပေမဲ့ ငါတို့ တကယ်ပဲ မသေမချင်း တိုက်ကြမယ်ဆိုရင် ဘယ်သူမှ အကျိုးအမြတ် ရမှာမဟုတ်ဘူး၊ ဒါ့အပြင် မင်း ငါ့လက်ချက်နဲ့ သေသွားရင်တောင် နောင်တစ်ချိန် ငါကြုံရမယ့် ဘယ်လို ထိပ်တန်းကျင့်ကြံသူမဆို ဒီအရာက ဘာလဲဆိုတာကို သိနေမှာပဲ"

“အဲဒီအချိန်ကျရင် မင်းသေရတာ အလကားဖြစ်မသွားဘူးလား”

“မင်း... မင်း တကယ်ပဲ ငါနဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတာလား။ ပြီးတော့ ငါ့ကို ဆက်မတိုက်ခိုက်တော့ဘဲ ဒီကမ္ဘာမှာ ဗုဒ္ဓအင်အားစုတည်ဆောက်ဖို့ ငါ့ကို ကူညီမှာလား”

ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်မှာ ဤအချိန်တွင် လုံးဝ ယိမ်းယိုင်သွားပြီဖြစ်သည်။

နောက်ဆုံးတော့ ၎င်းသည် ကိုယ်ပွားတစ်ခုသာဖြစ်ပြီး ၎င်း၏ ဉာဏ်ရည်မှာလည်း ကလေးတစ်ယောက်ကဲ့သို့ အလွန်နိမ့်ကျလွန်းကာ မြေခွေးအိုကြီးကျိုးရီနှင့် မယှဉ်နိုင်ပေ။

ကျိုးရီက ခေါင်းညိတ်လိုက်သည်။

“လူကြီးလူကောင်းတစ်ယောက်က ဘယ်တော့မှ လိမ်မပြောဘူး”

“ကောင်းပြီ၊ ဒါဆို ငါ မင်းကို ဒီတစ်ခါယုံလိုက်မယ်။ မင်းကိုင်ထားတဲ့ ရတနာကို ကပ်ကမ္ဘာခေါင်းလောင်းလို့ခေါ်တယ်။ ဒါက တကယ်ကို အမြင့်မြတ်ဆုံး နတ်ဘုရားလက်နက်ပဲ”

“နောက်ပိုင်းမှာဖြစ်တည်လာတဲ့ အမြင့်မြတ်ဆုံးရတနာတွေနဲ့ မတူဘဲ ဖန်ဆင်းခြင်းအစကတည်းက မွေးဖွားလာခဲ့တဲ့ အမြင့်မြတ်ဆုံးရတနာတစ်ပါးလို့ ဆိုကြတယ်”

“သူ ပိုင်ဆိုင်ထားတဲ့ စွမ်းအားက ဒီကမ္ဘာရဲ့ ထိပ်တန်းအဆင့်မှာ ရပ်တည်နိုက်တယ်”

“တစ်ချိန်က အဲဒီရတနာကို ကိုင်ဆောင်ခဲ့သူက မဟာကန္တာရကမ္ဘာမှာ ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထိပ်သီးသိုင်းပညာရှင် တစ်ယောက်ပဲ"

ငါက ပင်မခန္ဓာကိုယ်ကနေ ခွဲထွက်လာတဲ့ အသိစိတ်ကနေတစ်ဆင့် အချက်အလက်တချို့ကိုပဲ ရထားတာ၊ ငါရထားတဲ့ အချက်အလက်တွေက မပြည့်စုံတဲ့အတွက် ပိုပြီးအသေးစိတ်ကျတဲ့ အချက်အလက်တွေကိုတော့ မသိဘူး”

“ဒါပေမဲ့ ငါ ရှင်းရှင်းလင်းလင်းသိတာတစ်ခုရှိတယ်။ ဒီအမြင့်မြတ်ဆုံးရတနာကို ရနိုင်တဲ့သူတိုင်း အနာဂတ်အောင်မြင်မှုက သေချာပေါက် နိမ့်ကျမှာမဟုတ်ဘူး"

“ဒီအမြင့်မြတ်ဆုံးရတနာမှာ ကိုက်ညီတဲ့ သိုင်းကျင့်စဉ်တစ်ခုလည်း ရှိသင့်တယ်။ ဒါပေမဲ့လည်း အရမ်းအရေးကြီးတဲ့ ပြဿနာတစ်ခု ရှိနေတယ်”

“တစ်ယောက်ယောက်က ဒီအမြင့်မြတ်ဆုံးရတနာ ပိုင်ဆိုင်ထားတယ်ဆိုတာကို တခြားသူတွေ သိသွားခဲ့ရင် အဲဒီလူက သေချာပေါက် အဖြစ်ဆိုးနဲ့ သေရမှာပဲ၊ ဒီပစ္စည်းကို လုယူဖို့ ထိပ်သီးသိုင်းပညာရှင်တွေ အများကြီး ရောက်လာကြလိမ့်မယ်”

“ကပ်ကမ္ဘာခေါင်းလောင်း ဟုတ်လား”

ကျိုးရီ၏စိတ်ထဲတွင် နာမည်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူတို့သည် မတူညီသော ကမ္ဘာနှစ်ခုမှ ဖြစ်သောကြောင့် ထိုနာမည်ဟုတ်မဟုတ် သူ သေချာမသိပေ။

“ကဲ... ငါ မင်းကို အကုန်လုံးပြောပြပြီးသွားပြီ။ အခု ငါ့ကို လွှတ်ပေးလို့ရပြီလား၊ ငါ ဒီခေါင်းလောင်းထဲမှာ အကြာကြီး နေလို့မရဘူး၊ မဟုတ်ရင် အဲဒါက ငါ့ကိုသန့်စင်ပစ်လိမ့်မယ်”

All Chapters