← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈) - လူမှားပြဿနာရှာမိသော လောကဧကရာဇ်၏ မြေး (၁)

ကျိုးရီ နတ်ဘုရားဧကရာဇ်အဆင့်သို့ တက်လှမ်းသွားသည့် အခိုက်အတန့်တွင် ကမ္ဘာအမြောက်အမြားသို့ လှိုင်းဂယက်များ ရိုက်ခတ်သွားလေသည်။

ထိပ်သီးသိုင်းပညာရှင်အတော်များများက ချက်ချင်းအာရုံခံမိလိုက်ကြပြီး အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

“တစ်ခုခုတော့မှားနေပြီ၊ ဘာတွေဖြစ်နေတာလဲ၊ ငါ ဘာလို့ ဒီလို ရှင်းပြလို့မရတဲ့ ခံစားချက်ကြီးကို ခံစားနေရတာလဲ”

“ဒီကမ္ဘာမှာ နောက်တစ်ယောက်များ အဲဒီအဆင့်ကို ထိုးဖောက်တက်လှမ်းသွားတာလား၊ ဒီလို အစွမ်းထက် ထိပ်သီးသိုင်းပညာရှင်တစ်ယောက် ပေါ်မလာတာ နှစ်ထောင်ပေါင်းများစွာတောင် ကြာနေပြီပဲ။ တကယ့်ကို မယုံနိုင်စရာပဲ”

“ဒီမဟာကမ္ဘာတွေရဲ့ ထိပ်သီးစာရင်းကတော့ ပြောင်းလဲတော့မှာပဲ၊ ဒီလောက်အထိ ရုတ်တရက်ဆန်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး၊ ဘယ်လို ပါရမီရှင်မျိုးကများ အဲဒီအဆင့်ကို ရောက်သွားတာလဲဆိုတာ သိချင်မိတယ်”

“တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ”

“နတ်ဘုရားဧကရာဇ်အဆင့်ရှိ ထိပ်သီးသိုင်းပညာရှင်တစ်ယောက်နဲ့ မကြုံရတာ တော်တော်ကြာပြီ။ ငါ စိတ်လှုပ်ရှားလာပြီ။ ဒီပျင်းစရာကောင်းတဲ့ ကမ္ဘာကြီးက နောက်ဆုံးတော့ နည်းနည်းလေး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပဲ”

ကျိုးရီဘက်တွင်မူ သူ့ခန္ဓာကိုယ်အတွင်းရှိ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ဂရုတစိုက် အာရုံခံကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်မိလေ၏။

သူ့အသံထဲတွင် အံ့သြမှုနှင့် ကျေနပ်မှုတို့ ရောယှက်နေလေသည်။

“နတ်ဘုရားဧကရာဇ်အဆင့်ဆိုတာ ဒီလိုနေရာကတစ်ဆင့် ချိုးဖြတ်လာရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး”

“ဟင်းလင်းပြင်နဲ့ အချိန်ရဲ့ စွမ်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန်မာအောင်လုပ်တာက ခန္ဓာကိုယ်အပေါ် အချိန်မြစ်ကြီးရဲ့ တိုက်စားမှုကို ခုခံနိုင်တာပဲ”

“ဒီအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ လူတစ်ယောက်က အလွန်ရှည်လျားတဲ့ သက်တမ်းကို ပိုင်ဆိုင်သွားပြီ။ သူတို့က နှစ်သောင်းချီ၊ ဒါမှမဟုတ် နှစ်သိန်းချီကြာတဲ့အထိတောင် အိုမင်းသေဆုံးတာမျိုး မဖြစ်နိုင်တော့ဘူး”

သေချာသည်မှာ ဤအရာက ထာဝရအသက်တာအိုသစ်သီးနှင့်တော့ နှိုင်းယှဉ်၍မရသေးပေ။

ထာဝရအသက်တာအိုသစ်သီး၏ စွမ်းအားက အကန့်အသတ်မရှိပေ၊ ၎င်းတို့နှစ်ခုကြားတွင် အခြေခံကျသောကွာခြားချက် ရှိနေဆဲပင်။

ယင်းအပြင် နတ်ဘုရားဧကရာဇ်အဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော အခြားအချက်မှာ စွမ်းအားပင် ဖြစ်သည်။

သူ၏ လက်ရှိစွမ်းအားမှာ အလွန်ကြီးမားလှပေသည်။ သူ ရောက်ရှိနေသော မဟာကမ္ဘာကိုပင် လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ပင့်မ နိုင်လောက်သည်ဟု ထင်ရသည်။

ဤမျှ ကြီးမားလွန်းသော စွမ်းအားနှင့် ဖိနှိပ်နိုင်စွမ်းကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသည်။

၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။

ယခုအခါ သူ၏ မျက်လုံးများမှာ ကောင်းကင်ယံမှ နေမင်းကြီးကဲ့သို့ဖြစ်နေပြီး ကမ္ဘာတစ်ခုလုံးကိုပင် အလွယ်တကူ လင်းလက်တောက်ပစေနိုင်သည်။

ပေါ့ပေါ့ပါးပါး ကြည့်လိုက်ရုံဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပျက်နေသမျှကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံးဝကို နတ်ဘုရားတစ်ပါး၏ အမြင်ပင်။

ထို့အပြင် သူသည် သူ၏ ကိုယ်ပိုင်ကမ္ဘာကိုသာမက အခြားကမ္ဘာများကိုပါ မြင်တွေ့နိုင်စွမ်း ရှိလာလေသည်။

‘စွမ်းအားကြီးလွန်းတယ်။ အရမ်းကို စွမ်းအားကြီးလွန်းတယ်'

သူ့တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများလည်း ရှိသေးသော်လည်း ၎င်းတို့ကို အလွယ်တကူ ထုတ်ဖော်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ထိုစွမ်းအားများက အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

အလွယ်တကူ ထုတ်ဖော်ပြသလိုက်ခြင်းက ကမ္ဘာတစ်ခုလုံးကို ပြင်းထန်သော အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်သည်။

ဤအချိန်တွင် သူ မူလနေထိုင်ခဲ့ရာ ကမ္ဘာသည် ဤစကြဝဠာများထဲတွင် ရှိနေလားဆိုသည်ကို သူ သိချင်မိသည်။

အကယ်၍ သူ၏ ယခင်ဘ၀က ကမ္ဘာကိုသာ ရှာတွေ့နိုင်ပါက အိမ်ပြန်ပြီး သူ့ဆွေမျိုးများကို တွေ့နိုင်ပေမည်။

ဤမျှ ရှည်လျားသော အချိန်ကာလအတွင်း သူတို့ ပျောက်ကွယ်သွားနိုင်သော်ငြား အသက်ရှင်နေနိုင်သေးသည့် ဖြစ်နိုင်ခြေလည်း ရှိပြီး သူတို့ကို ပြန်တွေ့နိုင်ခြေ အလွန်များလေသည်။

သို့သော် ဝမ်းနည်းစရာတစ်ခုမှာ သူ မူလမွေးဖွားခဲ့သည့် ကမ္ဘာမြေကို ရှာမတွေ့ခဲ့ပေ။ ဤကမ္ဘာနှစ်ခုကြားရှိ အကွာအဝေးမှာ အလွန်တရာ ကျယ်ဝန်းပုံရသည်။

သူ့ဝိညာဉ်သည် ဤကမ္ဘာသို့ အဘယ်ကြောင့် ရောက်ရှိလာခဲ့ကြောင်းကို သူ မသိသော်လည်း သူ့စွမ်းအားများ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ အကြောင်းရင်းကို ရှာဖွေတွေ့ရှိပြီး ပြန်သွားနိုင်မည်ဖြစ်သည်။

ကျိုးရီသည် အတွေးတစ်ချက်နှင့်အတူ စွမ်းအားအားလုံးကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး ခြံဝင်းငယ်လေးဆီသို့ ပြန်သွားလေသည်။

ကျိုးရီ အရက်ဆိုင်လေးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ၏ လက်အောက်ငယ်သားများဖြစ်သော နတ်ဆိုးလေးများ၏ စောင့်ရှောက်မှုဖြင့် အရက်ဆိုင်လေးမှာ ပုံမှန်အတိုင်း လည်ပတ်နေဆဲပင်။

သို့သော် ယနေ့တွင် သူတစ်ယောက်တည်း ရှိနေခြင်းမဟုတ်ဘဲ အခြား ပုံရိပ်တစ်ခုလည်း ရှိနေလေသည်။

၎င်းမှာ လီရွှန်ကျိုးပင် ဖြစ်သည်။

လီရွှန်ကျိုးသည် လက်ရှိတွင် ပြတင်းပေါက်ကို မှီကာ တစ်ယောက်တည်း အရက်သောက်နေပြီး သူ့မျက်လုံးများက အပြင်ဘက် လမ်းမပေါ်တွင် တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ ရံဖန်ရံခါ အကဲခတ်နေလေသည်။

သို့သော် မည်သည့်အရာရိုမျှ ရှာမတွေ့ခဲ့ဘဲ သူ့မျက်လုံးထဲရှိ စိတ်ပျက်အားငယ်မှုများကို အထင်အရှား မြင်တွေ့နေရလေသည်။

သို့သော် ကျိုးရီကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လီရွှန်ကျိုး၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီးနောက် မျက်ရည်များဖြင့် ပြည့်နှက်သွားလေသည်။

“သခင်လေးကျိုး... နောက်ဆုံးတော့ သခင်လေးကျိုးကို ပြန်တွေ့ရပြီ။ သခင်လေးကျိုး ဒီကမ္ဘာကနေ ထွက်သွားပြီး တခြားကမ္ဘာတွေကို လှည့်လည်သွားလာနေပြီလို့ ကျွန်တော် ထင်နေခဲ့တာ”

ကျိုးရီမှာ အတော်လေးဆွံ့အသွားပြီး ပြောလိုက်သည်။

“ငါ တံခါးပိတ် ကျင့်ကြံဖို့ ခဏသွားတာပါ၊ မင်းပြောသလောက်ကြီးတော့လည်း မဟုတ်ပါဘူး”

သို့သော် အခြားတစ်ဖက်တွင်မူ သူ့အဆင့်ရှိ ထိပ်သီးသိုင်းပညာရှင်တစ်ဦးအတွက် သာမန် တံခါးပိတ်ကျင့်ကြံခြင်းကပင် ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များစွာ ကြာရှည်နိုင်သည်။

သူ တံခါးပိတ် ကျင့်ကြံသောအခါ စွမ်းအားအားလုံး ဖုံးကွယ်ထားလေ့ရှိရာ မည်သူကမျှ သူ့တည်နေရာကို ရှာမတွေ့နိုင်ပေ။ ၎င်းမှာ ဤကမ္ဘာမှ ပျောက်ကွယ်သွားခြင်းနှင့် အတူတူပင်ဖြစ်သည်။

လီရွှန်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလာသည်။

“ဘာပဲဖြစ်ဖြစ် သခင်လေးကျိုးထွက်လာတာ ကောင်းတယ်”

ကျိုးရီက တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ သူက စိတ်စွမ်းအင်ကို ဖြန့်ကြက်၍ အာရုံခံကြည့်လိုက်ရာ အတော်လေး အံ့အားသင့်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားနန်းတော်၏ နန်းတော်သခင်ဖြစ်သော အိုယန်ရွှင်လီ ပျောက်ဆုံးနေကြောင်း သူ အာရုံခံမိလိုက်သောကြောင့်ပင်။

မိစ္ဆာဧကရာဇ်ရွှမ်ရဲမှာလည်း ဒဏ်ရာအပြင်းအထန်ပြီး လက်ရှိတွင် ပုန်းအောင်းကာ ကုသနေရသည့် အခြေအနေတွင် ရှိနေသည်။

နယ်မြေနတ်ဘုရားလင်းနှင့် အခြားသူအချို့ပင်လျှင် အနည်းနှင့်အများ ဒဏ်ရာများ ရရှိထားကြသည်။ အနောက်ဘက်သုခဘုံတွင်မူ ယခုအခါ လူအများအပြား ရှိနေပြီဖြစ်သော်လည်း သူတို့ ကျင့်ကြံနေသော သိုင်းကျင့်စဉ်များမှာ သူ သင်ပေးခဲ့သည်များနှင့် လုံးဝကွာခြားနေလေသည်။

“ငါ တံခါးပိတ်ကျင့်ကြံနေတုန်း ဒီလိုအဖြစ်အပျက်တွေ အများကြီးဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူး၊ ဒါက အတော်လေး အံ့သြဖို့ကောင်းတာပဲ”

ပုံမှန်အတိုင်းဆိုလျှက် သူသည် ယခင်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ရာ အခြားသူများ မည်မျှပင် အစွမ်းထက်နေပါစေ အနည်းငယ်တော့ သတိထားသင့်ပေသည်။

အခြားအချက်တစ်ချက်မှာ သူသည် လီရွှန်ကျိုးနှင့် အခြားသူများအား မည်သူ့ကိုမျှ သွားရန်စရန် မခိုင်းခဲ့ပေ။

သူသည် အနောက်ဘက်သုခဘုံကို ဖျက်ဆီးပစ်ခဲ့ပြီးနောက် သူတို့အား တာအိုလမ်းစဉ်များ ဖြန့်ဝေရန်နှင့် သူတို့၏ ကိုယ်ပိုင်စွမ်းအားများ တိုးမြှင့်ရန်သာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

‘ဒီကာလအတွင်း ဘယ်သူကများ သူတို့ကို လာနှောင့်ယှက်သွားတာလဲ’

ကျိုးရီတွင် အချိန်ကို ထိန်းချုပ်နိုင်သည့် စွမ်းအားအချို့ ရှိနေပြီဖြစ်သော်လည်း သံသရာတော့ အလွယ်တကူ မပြောင်းလဲနိုင်သေးပေ။ သူ ထိုအဆင့်သို့ မရောက်သေးချေ။

“ပြောပါဦး... ဘာတွေဖြစ်ခဲ့တာလဲ”

လီရွှန်ကျိုးက ဖြည်းညင်းစွာ ရှင်းပြလေသည်။ သူ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

“သခင်လေးကျိုး... အဲဒီနှစ်က သခင်လေးကျိုးက ကျွန်တော်တို့ကို အနောက်ဘက်သုခဘုံဒေသမှာ တာအိုတည်ထောင်ဖို့ ပြောခဲ့လို့ မိစ္ဆာဧကရာဇ်နဲ့ ကျွန်တော် ချက်ချင်းသွားခဲ့ကြတယ်”

“အစကတော့ အနောက်ဘက် သုခဘုံက လူအုပ်ကြီးနဲ့ဆိုရင် ကျွန်တော်တို့နှစ်ယောက်လုံး နတ်မြေနတ်ဘုရားအဆင့်အထိ ထိုးဖောက်တက်လှမ်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ”

“ဒါပေမဲ့ တခြားလူတစ်စုနဲ့ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“ဘယ်သူတွေလဲ”

“သူတို့က လုံအောင်ထျန်းရဲ့ လက်အောက်ငယ်သားတွေပါ”

“မင်း ဘယ်သူလို့ ပြောလိုက်တယ်”

ထိုနာမည်ကို ကြားလိုက်ရသောအခါ ကျိုးရီမှာ အံ့သြမှင်တက်သွားတော့သည်။

‘ဒါက နောက်နေတာများလား။ ဒီလိုနာမည်မျိုးလည်း ရှိတယ်လား'

“လုံအောင်းထျန်းပါ”

ကျိုးရီက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မံမေးလိုက်သည်။

“ဒီကောင်ရဲ့ နောက်ခံက ဘာလဲ”

“သူကိုယ်တိုင်က နယ်မြေနတ်ဘုရားအဆင့် ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး နယ်မြေနတ်ဘုရားတွေ အားလုံးထဲမှာ အတော်ဆုံးပါပဲ၊ သူက လောကဧကရာဇ် နေရာအတွက် အင်အားအကြီးဆုံးပြိုင်ဘက်ပါ”

“ဘာလို့လဲဆိုတော့ သူ့အဘိုးက လက်ရှိလောကဧကရာဇ် လုံပါထျန်း ဖြစ်နေလို့ပါ”

ကျိုးရီ : “...”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသာ နတ်ဘုရားဧကရာဇ်အဆင့်သို့ မဝင်ရောက်ရသေးဘဲ သူ့စွမ်းအားက တစ်ဖက်လူထက် မသာလွန်သေးပါက၊ လက်ရှိကမ္ဘာကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းမထက်သေးပါက သူ သေချာပေါက် ထွက်ပြေးပြီးလောက်ပြီဖြစ်သည်။

ဤအဘိုးနှင့် မြေး၏ နာမည်များမှာ အလွန်ထင်ရှားလွန်းလှပြီး သူ၏ ယခင်ကမ္ဘာမှ နာမည်အချို့ကိုပင် သတိရစေလေသည်။

ကျိုးရီသည် နတ်ဘုရားစွမ်းအားများဖြင့် ကမ္ဘာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ရာ သူ အတော်လေး စိတ်သက်သာရာရသွားလေသည်။

ကံကောင်းစွာဖြင့် တစ်ဖက်လူမှာ သူ့ပြိုင်ဘက်မဟုတ်ပေ။

“ဆက်ပြော”

“မိစ္ဆာဧကရာဇ်ရွှမ်ရဲနဲ့ ကျွန်တော်က အစကတည်းက တိုင်ပင်ပြီးသားပါ။ ကျွန်တော်တို့ တစ်ယောက် တစ်ဝက်စီ ယူမယ်၊ ဘယ်သူမှ ပိုမယူဘူးပေါ့"

“ဒါပေမဲ့ ကျွန်တော်တို့က တာအိုလမ်းစဉ်ဖြန့်ဝေဖို့ လူတွေ လွှတ်လိုက်တဲ့အချိန်မှာ လုံအောက်ထျန်းရဲ့ လက်အောက်ငယ်သားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်”

“ရလဒ်ကတော့ ပြောနေစရာတောင် မလိုတော့ဘူး။ ကျွန်တော်တို့ အပြတ်အသတ် အရေးနိမ့်ခဲ့တယ်။ အစက သခင်လေးကျိုးဆီ တိုက်ရိုက်လာချင်ခဲ့တာပါ၊ ဒါပေမဲ့ သခင်လေးကျိုးကို ရှာမတွေ့ခဲ့ဘူး”

“တခြားရွေးချယ်စရာ မရှိတော့တာနဲ့ ကျွန်တော်တို့ အခုလက်ရှိ သိထားတဲ့ မဟာမိတ်တွေဆီက အကူအညီတောင်းခဲ့ရတယ်”

“နယ်မြေနတ်ဘုရားလင်း၊ နယ်မြေနတ်ဘုရားချင်နဲ့ နယ်မြေနတ်ဘုရားကုန်းစွန်းတို့အားလုံး ဝင်ကူကြပေမဲ့ သူတို့အားလုံး လုံအောင်းထျန်း အနိုင်ယူတာကို ခံလိုက်ရတယ်”

“သူ့ကို မယှဉ်နိုင်ခဲ့ဘူး၊ ပြီးတော့ နန်းတော်သခင်အိုယန်လည်း သူ့လက်အောက်ငယ်သားတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်” ၊ အခုတော့ အနောက်ဘက်သုခဘုံတစ်ခုလုံး သူတို့လက်ထဲ ကျရောက်သွားပြီ”

“အဲဒီလောက်တင်မကဘူး၊ ကျွန်တော်တို့အားလုံး ဖိနှိပ်ခံခဲ့ရပြီး ကျွန်တော်တို့ရဲ့ နယ်မြေ တစ်စိတ်တစ်ပိုင်းတောင် လုယူခံလိုက်ရသေးတယ်၊ ရွှမ်ရဲနဲ့ ကျွန်တော် နှစ်ယောက်လုံး ဒဏ်ရာ အပြင်းအထန်ရထားကြတယ်"

“အဆင့်တက်ဖို့ နေနေသာသာ ကျင့်ကြံခြင်းအဆင့် မကျသွားတာကိုပဲ ကံကောင်းတယ်လို့ ပြောရတော့မယ်”

All Chapters