← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) - လူမှားပြဿနာရှာမိသော လောကဧကရာဇ်၏ မြေး (၂)

ကျိုးရီ၏ မျက်လုံးများ အေးစက်သွားပြီး ဆိုလိုက်သည်။

“ဒီအချိန်အတောအတွင်းမှာ ဒီလောက်အများကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“လုံအောင်းထျန်း၊ လုံမိသားစု... တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ်၊ ငါ့ကို ပြဿနာလာရှာတော့မှတော့ ငါဖြေရှင်းမှရတော့မယ်၊ သူတို့ ငါ့လက်အောက်ငယ်သားတွေကို အနိုင်ကျင့်နေတာကို လက်ပိုက်ကြည့်မနေနိုင်တော့ဘူး"

“သူ ဘယ်လောက် အရည်အချင်းရှိလဲ၊ တကယ်ပဲ အဲဒီလောက် ကြောက်ဖို့ကောင်းလားဆိုတာကို ငါကိုယ်တိုင် သွားကြည့်ရမယ်”

တံခါးပိတ်ကျင့်ကြံနေစဉ် သူတို့က သူ တည်ဆောက်ထားသော အင်ပါယာကို ခိုးယူသွားခဲ့သည်။

သူ ရှင်းလင်းချက်တစ်ခုတောင်းရန် လိုအပ်လေသည်။ ဤစကားကို ကြားသောအခါ လီရွှန်ကျိုးမှာ စိတ်လှုပ်ရှားသွားပြီး စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်လာသည်။

“သခင်လေးကျိုး... သတိထားမှရမယ်နော်၊ ဒီကိစ္စက သခင်လေးကျိုး ထင်ထားသလို မရိုးရှင်းဘူး"

“အဲဒီလောကဧကရာဇ် ခွေးအိုကြီးက ကမ္ဘာဆန္ဒကြောင့် ဖိနှိပ်ခံထားရပြီး ကျွန်တော်တို့ကို မတိုက်ခိုက်ဘူး၊ လောကဧကရာဇ်ရွေးချယ်မှုမှာ ဝင်မစွက်ဖက်ဘူးလို့ နှုတ်က ပြောနေပေမဲ့ တကယ်တမ်းကျတော့ သူက လျှို့ဝှက်ပြီး ညစ်ပတ်တဲ့နည်းလမ်းတွေ သုံးနေတာ”

“ကိစ္စမရှိပါဘူး၊ သူ့မှာ ညစ်ပတ်တဲ့လှည့်ကွက်တွေရှိရင် ငါ့မှာလည်း ငါ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိတာပေါ့”

ကျိုးရီက အေးဆေးတည်ငြိမ်စွာ ပြုံးပြလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။

သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ဤကမ္ဘာရှိမည်သူ့ကိုမျှ ကြောက်စရာမလိုတော့ပေ။

သာမန် လောကဧကရာဇ်တစ်ပါးကို မဆိုထားနှင့် ကမ္ဘာဆန္ဒတစ်ခုလုံးပင်လျှင် သူ့မျက်စိထဲတွင် အရေးမပါတော့ပေ။

သူသည် ဤကမ္ဘာကို လုံးဝကျော်လွန်သွားပြီဖြစ်ရာ ဤကမ္ဘာ၏ စည်းမျဉ်းများက သူ့ကို မချည်နှောင်နိုင်တော့သလို ဤကမ္ဘာရှိ ထိပ်သီးသိုင်းပညာရှင်များကလည်း သူ့ကို မယှဉ်ပြိုင်နိုင်တော့ပေ။

သူသည် ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းထိပ်သီးသိုင်းပညာရှင်တစ်ဦး ဖြစ်နေချေပြီ။

လီရွှန်ကျိုးသည် ကျိုးရီပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စိတ်လှုပ်ရှားလာလေသည်။

“ထူးဆန်းတယ်၊ သခင်လေးကျိုးက အရင်ကထက် အများကြီး ပိုစွမ်းအားကြီးလာတယ်လို့ ငါ ဘာလို့ခံစားနေရတာလဲ၊ သူက ယုံကြည်မှုအပြည့်ရှိနေပြီး ဘာမဆို လုပ်နိုင်သလိုပဲ၊ လုံအောင်းထျန်းကို လုံးဝဂရုမစိုက်တဲ့ပုံပဲ”

ကမ္ဘာကြီး၏ အထွတ်အထိပ်တွင် ရွှေရောင်နန်းတော်တစ်ခု ရှိနေသည်။

လုံအောင်းထျန်းသည်း ကုတင်ကြီးပေါ်တွင် လဲလျောင်းနေပြီး ပြိုင်ဘက်ကင်းလောက်အောင် လှပလွန်းသော မိန်းမချောလေးများကို ဖက်တွယ်ထားလေသည်။

သူတို့သည် လှပလွန်းရုံသာမက စွမ်းအားလည်း ကြီးမားကြလေ၏။ သူတို့အားလုံး မဟာအရှင်သခင်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

၎င်းက လုံအောင်းထျန်းကို အလွန် သက်တောင့်သက်သာ ဖြစ်စေလေသည်။ အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားရသည့် ဤခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသည်။

အတိုချုပ်ပြောရလျှင် “ကြည်နူးစရာ” ဟူသော စကားလုံး တစ်လုံးတည်းသာ ရှိလေသည်။

“ယောကျ်ား... လောကဧကရာဇ်ကြီးက မကြာခင်မှာ ဒဏ္ဍာရီလာ နတ်ဘုရားဧကရာဇ်အဆင့်ကို ထိုးဖောက်တက်လှမ်းနိုင်တော့မှာပဲ၊ အဲဒီအချိန်ကျရင် သူက ကျင့်ကြံဖို့ရာ လက်ရှိကမ္ဘာကနေထွက်ခွာပြီး အဆင့်ပိုမြင့်တဲ့ ကမ္ဘာဆီကို သေချာပေါက်သွားမှာပဲ”

“အဲဒီနောက်ကျရင် ယောကျ်ားက ကျွန်မတို့ကမ္ဘာရဲ့ လောကဧကရာဇ် ဖြစ်လာသင့်တယ်၊ ကျွန်မတို့အားလုံးကို နယ်မြေနတ်ဘုရားအဆင့် ထိပ်သီးသိုင်းပညာရှင်တွေ ဖြစ်လာအောင် ယောကျ်ားက ကူညီပေးနိုင်မလားဆိုတာ သိချင်မိတယ်”

“နောင်တစ်ချိန်ကျရင် တစ်ယောက်ယောက်က ယောကျ်ားရဲ့ အာဏာကို စိန်ခေါ်လာရင် ကျွန်မတို့လည်း ယောကျ်ားရဲ့ ဒေါသကို ဖြေဖျောက်ပေးဖို့ ဘေးကနေ လိုက်ပါနိုင်တာပေါ့”

“ဟုတ်တယ် ယောကျ်ား၊ နောင်တစ်ချိန်ကျရင် ယောကျ်ားလည်း နတ်ဘုရားဧကရာဇ်အဆင့် ထိပ်သီးသိုင်းပညာရှင် တစ်ယောက် ဖြစ်လာရင် ဒီကမ္ဘာကနေ သေချာပေါက် ထွက်သွားလိမ့်မယ်၊ အဲဒီအခါကျ ကျွန်မတို့ကို ကာကွယ်ပေးမယ့်သူ မရှိတော့ဘူး၊ ဘယ်လိုလုပ်မလဲ”

“ကျွန်မတို့က ယောကျ်ားကိုပဲ အလုပ်အကျွေး ပြုချင်တာ၊ တခြားနံစော်နေတဲ့ ယောကျ်ားတွေရဲ့ သိမ်းပိုက်တာကို မခံချင်ဘူး”

လုံအောင်းထျန်း၏ လက်များက အငြိမ်မနေဘဲ ခြေတံများ မက်မွန်သီးများပေါ်တွင် ပြေးလွှားဆော့ကစားရင်း မာနတကြီး ရယ်မောလိုက်သည်။

“.စိတ်ချပါ၊ မင်းတို့အားလုံးက ငါ့မိန်းမတွေချည်းပဲ၊ ငါ လုံအောင်းထျန်းရဲ့ မိန်းမတွေကို တခြားသူတွေက ဘယ်လိုလုပ် အလွယ်တကူ လာအနိုင်ကျင့်လို့ရမှာလဲ”

“ငါ လောကဧကရာဇ်ပလ္လင်ပေါ် တက်တာနဲ့ မင်းတို့အားလုံး နယ်မြေနတ်ဘုရားအဆင့်အထိ ရောက်စေရမယ်၊ အဲဒီအချိန်ကျရင် ဒီကမ္ဘာကြီးက ငါတို့လက်ထဲမှာ ထာဝရရှိနေမှာပဲ”

“နောင်တစ်ချိန်မှာ နောက်ထပ် လောကဧကရာဇ်အတွက် မင်းတို့ မယှဉ်ပြိုင်ဖြစ်ရင်တောင် ငါတို့ရဲ့ သားတွေက နောက်ထပ် လောကဧကရာဇ်နေရာအတွက် ယှဉ်ပြိုင်လာနိုင်ကြလိမ့်မယ်”

“ကမ္ဘာပေါ်ရှိလူတိုင်းက ကမ္ဘာ့ဆန္ဒက ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံးတည်ရှိမှုလို့ ပြောကြပေမဲ့ ကမ္ဘာဆန္ဒက အစွမ်းထက်ဆုံး မဟုတ်ဘဲ ငါ့ရဲ့ လုံမိသားစုကသာ အစွမ်းထက်ဆုံးဆိုတာကို ကမ္ဘာတစ်၀ှမ်းလုံးကို သိစေချင်တယ်”

မိန်းမချောလေးများမှာ အလွန်ပျော်ရွှင်သွားကြသည်။

“ယောကျ်ားက တကယ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ၊ ကျွန်မတို့ လူရွေးမမှားဘူးဆိုတာ သေချာတယ်”

ထိုအချိန်မှာပင် ရွှေရောင်လင်းယုန်ကြီးက ပျံသန်းလာပြီး လူသားပုံစံသို့ ပြောင်းလဲကာ လျှောက်တင်လိုက်သည်။

“သခင်လေး... လောကဧကရာဇ်ကြီးဆီက စာရောက်လာပါတယ်”

လုံအောင်းထျန်းက လက်ဝှေ့ယမ်းလိုက်ရာ ရွှေရောင်လင်းယုန်ကြီး၏ ဦးခေါင်းထက်တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ၎င်းအတွင်း၌ သူ့မျက်နှာနှင့် အနည်းငယ် ဆင်တူသော လူမျက်နှာတစ်ခု ပေါ်လာလေသည်။

သို့သော် ဤမျက်နှာသည် သူ့မျက်နှာထက် ပို၍ ခမ်းနားထည်ဝါကာ လွှမ်းမိုးနိုင်စွမ်းရှိပြီး လောကအုပ်စိုးသူ၏ အရှိန်အဝါများ ထွက်ပေါ်နေလေသည်။ သူ့

ဘေးရှိ မိန်းမချောလေးများကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသော်လည်း စကားများများစားစား မပြောခဲ့ပေ။

“အောင်းထျန်း... ဒီရက်ပိုင်းအတွင်း အေးအေးဆေးဆေးနေတာ အကောင်းဆုံးပဲ။ အရမ်းကြီး ကြွားဝါမနေနဲ့”

လုံအောင်းထျန်း၏ မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အမူအရာတစ်ခု ပေါ်လာသည်။

“အဘိုး... ဘာလို့ ရုတ်တရက်ကြီး ဒီလိုစကားတွေ လာပြောနေရတာလဲ။ တခြား အစွမ်းထက်တဲ့ ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ယောက်များ ဒီကမ္ဘာကို ကျူးကျော်လာလို့လား”

သာမန်လူများက ဤအကြောင်းကို မသိနိုင်သော်လည်း သူကတော့ ရှင်းရှင်းလင်းလင်း သိထားလေသည်။

လောကဧကရာဇ်၏ မြေးတစ်ယောက်အနေဖြင့် လက်ရှိကမ္ဘာကို ကျူးကျော်လာသော ထိပ်သီးသိုင်းပညာရှင်တစ်ဦးနှင့် သူ့အဘိုး တိုက်ခိုက်နေသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။

ကျူးကျော်လာသော ထိပ်သီးသိုင်းပညာရှင်၏ စွမ်းအားမှာ သာမန်မဟုတ်ပေ။ မိစ္ဆာတစ်ကောင်ကဲ့သို့ အစွမ်းထက်လွန်းလှပြီး သူနှင့် သူ့အဘိုးတို့မှာ လုံးဝကို အင်အားချင်းမျှနေခဲ့ကြသည်။

ထိုတိုက်ပွဲသည် ဤကမ္ဘာအတွင်း၌ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ အပြင်ဘက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင် သူ့အဘိုးက အနိုင်ရခဲ့သော်လည်း ခက်ခက်ခဲခဲ အနိုင်ရခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သည်။

အကယ်၍ မထင်မှတ်ထားသော ကံကောင်းမှုအချို့နှင့်သာ မကြုံခဲ့ရပါက သူ၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ရန် မဆိုထားနှင့်၊ ယခုအချိန်တွင် သူ သေဆုံးနေသည်မှာ အချိန်‌အတော်ကြာပြီဖြစ်ပြီး အရိုးများပင် ဆွေးမြေ့နေလောက်ချေပြီ။

ထို့ကြောင့် ဤကမ္ဘာကြီးသည် ထင်ထားသလောက်မလုံခြုံဘဲ အချိန်နှင့်အမျှ ထိပ်သီးသိုင်းပညာရှင်များစွာ ကျူးကျော်ဝင်ရောက်လာတတ်ကြောင်း သူ သိထားသည်မှာ ကြာပြီဖြစ်သည်။

သူ့အဘိုးမှာ ကမ္ဘာကြီးတစ်ခုလုံး၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော ထိပ်သီးသိုင်းပညာရှင်ဖြစ်ပြီး ၎င်းမှာ လောကဧကရာဇ်၏ တာဝန်လည်း ဖြစ်သည်။

ထိုအချိန်မှစ၍ သူသည် မည်သည့်အရာများ ဖြစ်လာပါစေ ဤဘဝတွင် လောကဧကရာဇ် ဖြစ်လာရန်၊ သူ့အဘိုးကဲ့သို့ သူရဲကောင်းတစ်ယောက် ဖြစ်လာရန်နှင့် ကမ္ဘာတစ်ခုလုံးကို ကာကွယ်ပေးနိုင်သော ထိပ်သီးသိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန် တိတ်တဆိတ် သစ္စာဆိုခဲ့လေသည်။

…..

လုံအောင်းထျန်းတစ်ယောက် အတွေးများနေစဉ်မှာပင် မိုးကြိုးပစ်ချလိုက်သည့်အလား နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ သူ၏ခမ်းနားလှသော နန်းတော်ကြီးမှာ တစ်စစီ ပြိုကျပျက်စီးသွားလေပြီ။

ဘုန်း...။

ထိုစွမ်းအင်လှိုင်း၏ ပြင်းထန်လွန်းလှသော ရိုက်ခတ်မှုကြောင့် နန်းတော်အောက်ရှိ မိုးထိမတတ် မြင့်မားလှသော တောင်တန်းကြီးပင်လျှင် ပြိုလဲပျက်စီးသွားရသည်။

ဤမြင်ကွင်းက သူ့ဒေါသကို ငယ်ထိပ်အထိ ချက်ချင်း ဆောင့်တက်သွားစေသည်။

“ခွေးမသား၊ ဘယ်ကောင်က ငါ့လို ထိပ်သီးနယ်မြေနတ်ဘုရားကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတာလဲ၊ အခုချက်ချင်းထွက်ခဲ့စမ်း”

ဒေါသတကြီး အော်ဟစ်လိုက်သံအဆုံးမှာပင် နောက်ထပ် ပြင်းထန်လှသော စွမ်းအင်လှိုင်းတစ်ခုက သူ့ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျဆင်းလာပြန်သည်။

ထိတ်လန့်ဖွယ်စွမ်းအင်များကြောင့် ရင်ဘတ်ထဲမှ နှလုံးသားမှာ အပြင်သို့ ခုန်ထွက်လာမတတ် မြန်ဆန်သွားပြီး အနည်းငယ်မျှပင် ပေါ့ဆရဲခြင်းမရှိတော့ဘဲ ခန္ဓာကိုယ်ရှိ စွမ်းအားအကုန်ထုတ်ကာ ခုခံလိုက်ရသည်။

သို့သော်လည်း အစွမ်းကုန် ထုတ်သုံးထားသည့်ကြားမှ ထိုစွမ်းအင်ပေါက်ကွဲမှုကို တောင့်ခံထားနိုင်စွမ်း မရှိခဲ့ပေ။

ဘုန်း...။

ရက်စက်ကြမ်းကြုတ်လှသော အင်အားက အကာအကွယ်များကို ရက်ရက်စက်စက် ဆွဲဖြဲပစ်လိုက်ပြီး သူ့ကို ကောင်းကင်ထက်မှနေ၍ မြေပြင်ဆီသို့ ရိုက်ချလိုက်လေသည်။

မြေပြင်နှင့် အရှိန်ပြင်းပြင်း တိုက်မိသွားချိန်တွင်တော့ မိုင်တစ်သောင်းပတ်လည်ရှိ မြေလွှာများအားလုံး အက်ကွဲကြေမွသွားရသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် နောက်ကွယ်မှ တိုက်ခိုက်သူမှာ မည်သူဖြစ်မည်ကိုပင် မှန်းဆနိုင်စွမ်း ကင်းမဲ့နေခဲ့ပြီဖြစ်သည်။

အစောပိုင်းက မောက်မာဝင့်ကြွားမှုများ လုံးဝပျောက်ကွယ်သွားပြီး အကြောက်တရားကသာ နေရာယူလာသည်။

“အရှင်သခင်က ဘယ်သူများလဲ မသိဘူးခင်ဗျာ၊ ကျွန်တော် လုံအောင်းထျန်းက အရှင်သခင်ကို ပြစ်မှားမိတာမျိုး မရှိလောက်ပါဘူး”

ချောက်ကမ်းပါးထဲမှ တွားသွားကာ ထွက်လာချိန်တွင် သူ့အသံမှာ ဖျော့တော့နေပြီး မာနတရားများ အစအနမျှပင် မကျန်တော့ချေ။

မွေးဖွားလာချိန်မှစ၍ ယခုအချိန်အထိ ဤကဲ့သို့ အောက်ကျနောက်ကျ တစ်ခါမျှ မပြောဆိုခဲ့ဖူးသဖြင့် အလွန်အမင်း အနေခက်နေသည်မှာတော့ အမှန်ပင်။ သို့သော် အခြားအရာများကို တွေးတောနေရန် အချိန်မရှိတော့ပေ။

အကယ်၍ အနည်းငယ်မျှ မောက်မာလိုက်မိပါက ဝိညာဉ်ပျက်သုဉ်းခြင်းနှင့်အတူ ထာ၀ရပျောက်ကွယ်သွားနိုင်ကြောင်း သူ့ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သိရှိနေသည်။

ဉာဏ်ပြေးသူပီပီ မိမိ၏ အသက်က မျက်နှာထက် ပို၍အရေးကြီးကြောင်း ကောင်းကောင်းသဘောပေါက်ထားသည်။ အသက်သေဆုံးသွားပါက အရာအားလုံး ဆုံးရှုံးရမည်မဟုတ်လော။

ဤမျှ အစွမ်းထက်သော ထိပ်သီးသိုင်းပညာရှင်နှင့် ရင်ဆိုင်ရချိန်တွင် ဝိညာဉ်ပျက်သုဉ်းသည်အထိ အရိုက်ခံရမည်မှာ သေချာပြီး လောကဧကရာဇ်ဖြစ်သူ အဘိုးကိုယ်တိုင် ရောက်လာလျှင်ပင် အသက်ပြန်ရှင်လာရန် နည်းလမ်းမရှိနိုင်ပေ။

ထို့ကြောင့် ဤကဲ့သို့ အချိန်မျိုးတွင် အသေခံပြီး မာနထောင်လွှားနေမည့်သူမျိုး မဟုတ်ချေ။

ကျိုးရီက ကောင်းကင်ထက်မှ ဖြည်းညင်းစွာ ဆင်းသက်လာပြီး မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ လုံအောင်းထျန်းအား တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

“ငါ့နာမည်က ကျိုးရီပဲ၊ မင်း ဒီနာမည်ကို ကြားဖူးမှာပါ”

ကျိုးရီဟူသော နာမည်ကို ကြားလိုက်ရချိန်တွင် လုံအောင်းထျန်း၏ မျက်ဆန်များ ကျဉ်းမြောင်းသွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားရသည်။

All Chapters