← Chapters

အခန်း (၈၆)

Vol. 9 Ch. 86

အခန်း (၈၆)

Vol. 9 Ch. 86

အခန်း (၈၆) ကံကြမ္မာတန်ဖိုးများကို အရူးအမူး ယူဆောင်ခြင်းနှင့် နတ်ဆိုးဝိညာဉ်နှင့် သဘောတူညီမှုပြုလုပ်ခြင်း

ချင်လော့ပြောသော ဘူးသီးညီအစ်ကိုများ အဘိုးကို ကယ်တင်သည်ဆိုသည့် စကား၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ချူဖုန်း၏ စိတ်နှလုံးထဲတွင် ဆိုးရွားသော နိမိတ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပေ၏။

နောင်တဓားချောက်ကမ်းပါးသည် နှစ်ပေါင်းများစွာ ဖုံးကွယ်နေခဲ့ပြီး ပြင်ပဂိုဏ်းများနှင့် အဆက်အသွယ် လုံးဝ မရှိသလောက်ပင် ဖြစ်သည်။

ချူဖုန်းက နတ်လက်နက်တောင်ကြားသို့ လက်စားချေရန် သွားရောက်ချိန်တွင်သာ နတ်လက်နက်တောင်ကြား၏ အင်အားကို သူတို့ သိရှိခဲ့ရခြင်း ဖြစ်ပေသည်။

နတ်လက်နက်တောင်ကြားအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ချူဖုန်း မသိရှိခဲ့ချေ။

သူ၏ ရှေ့က ကံကြမ္မာသားတော်သည် ချင်လော့၏ လက်ထဲတွင် မည်သို့ သေဆုံးသွားခဲ့သည်ကို မဆိုထားနှင့် ရဲ့ချန်ဆိုသူ ရှိနေခြင်းကိုပင် သူ မသိရှိခဲ့ပေ။

"ဂျူနီယာမောင်လေး... တစ်ခုခုတော့ မှားနေပြီ..."

လျိုကျင်းကျင်း၏ အကြည့်က ချင်လော့ဘေးရှိ စုချန်ချန်ထံသို့ ကျရောက်သွားသည်။

စုချန်ချန်၏ စွမ်းအားကို သူမ ထိုးထွင်းမမြင်နိုင်သည့်အပြင် စုချန်ချန်ထံမှ သူမ၏ ဆရာဖြစ်သူနှင့် ခပ်ဆင်ဆင်တူသော အငွေ့အသက်ကိုပင် ဝေဝါးစွာ ခံစားလိုက်ရသည်။

"သူကလည်း မဟာသူတော်စင်အဆင့်များ ဖြစ်နေမလား..."

လျိုကျင်းကျင်းက စိတ်ထဲမှ တွေးတောလိုက်၏။

သူမသည် ဆရာဖြစ်သူကဲ့သို့ပင် သူတော်စင်ဘုရင်အဆင့်ဖြင့် မဟာသူတော်စင်အဆင့်ကို ယှဉ်ပြိုင်တိုက်ခိုက်ရန် လိုလားနေသော်လည်း ယခု သူမသည် သူတော်စင်ဘုရင်အစောပိုင်းအဆင့်သို့ တက်လှမ်းထားခါစဖြစ်ရာ တွေးကြည့်ရုံသာ တွေးရဲပြီး ထိုမျှ မာနမကြီးဝံ့ချေ။

သူမ၏ လေသံက အနည်းငယ် ထိန်းသိမ်းသွားပြီး ချင်လော့သည် ဤနေရာရှိ ခေါင်းဆောင်ဖြစ်ကြောင်းနှင့် ချူဖုန်း ပြောခဲ့သောလူပင် ဖြစ်ကြောင်းကို သူမ မြင်တွေ့နိုင်ပေသည်။

"ကျွန်မတို့ရဲ့ နောင်တဓားချောက်ကမ်းပါးက မိတ်ဆွေနဲ့ ရန်ငြိုးရန်စ မရှိပါဘူး... မိတ်ဆွေက ကျွန်မတို့ နောင်တဓားချောက်ကမ်းပါးက တပည့်ကို ဖမ်းဆီးထားတာဆိုတော့ ကျွန်မတို့ နောင်တဓားချောက်ကမ်းပါးကို အနိုင်ကျင့်လို့ လွယ်တယ်လို့ တကယ်ပဲ ထင်နေတာလား..."

"ကျွန်မတို့ရဲ့ ဆရာက လမ်းမှာ ရောက်နေပြီ... မိတ်ဆွေက ကျွန်မတို့ နောင်တဓားချောက်ကမ်းပါးရဲ့ သတင်းအချက်အလက်တွေကို သိထားမယ်လို့ ထင်ပါတယ်..."

သူတို့က ချင်လော့ကို နားမလည်သော်လည်း ချင်လော့သည် သူတို့ နောင်တဓားချောက်ကမ်းပါး၏ သတင်းအချက်အလက်များကို ကြိုတင် သိရှိထားမည်မှာ သေချာကြောင်း သူမ ယုံကြည်ထားပေ၏။

ချင်လော့က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လင်းယွဲ့နှင့် ရှာယွီဝေးတို့သည် လူသားဧကရာဇ်အလံထဲမှ ထွက်လာခဲ့သည်။

လင်းယွဲ့တို့သည် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရသော်လည်း အပြင်သို့ ရောက်လာပြီးနောက် နက်ရှိုင်းသော သံယောဇဉ်ရှိသည့် သူမတို့၏ စီနီယာအစ်မနှင့် ဂျူနီယာညီမများကို ချက်ချင်း မှတ်မိသွားကြပေသည်။

"ဂျူနီယာညီမလေး..."

"စီနီယာအစ်မ..."

အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။

လင်းယွဲ့က သူမ၏ စီနီယာအစ်မနှင့် ဂျူနီယာညီမများကို မော့ကြည့်လိုက်ပြီး ထိတ်လန့်တကြားဖြင့် ချက်ချင်း ပြောဆိုလိုက်သည်။

"ဒုတိယစီနီယာအစ်မ... သူတို့ကို ခေါ်သွားပါ... မြန်မြန် ထွက်သွားကြပါ..."

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လူသားဧကရာဇ်အလံထဲ၌ ရှီးဟွမ်၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် အင်အားကို သူမ အမှန်တကယ် ခံစားခဲ့ရပေသည်။

လူသားတစ်ယောက် ပိုင်ဆိုင်နိုင်သည့် စွမ်းအားနှင့် နည်းလမ်းများ မဟုတ်သည့်အလားပင်။

လျိုကျင်းကျင်း၏ စိတ်နှလုံးထဲရှိ ဆိုးရွားသော နိမိတ်များက ပိုမိုပြင်းထန်လာပြီး သူမက ဟိန်းဟောက်လိုက်၏။

"သွားကြမယ်... ဆရာ့ကို စောင့်ကြမယ်..."

သူမ၏ ဂျူနီယာညီမလေးကို လာရောက်ကယ်တင်ရန် အဘယ်ကြောင့် မစောင့်ဆိုင်းနိုင်ခဲ့သနည်း။

ဆရာဖြစ်သူ ရောက်လာပြီးမှ အဘယ်ကြောင့် အတူတကွ မလှုပ်ရှားခဲ့သနည်းဟု သူမ နောင်တရမိသွားသည်။

သို့သော် လောကကြီးတွင် နောင်တရချိန်၌ သောက်ရန် ဆေးမရှိသကဲ့သို့ ယခု သူမ နောင်တရရန် နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်ပေသည်။

"ထွက်ပြေးချင်နေတာလား... မဖြစ်နိုင်ဘူး..."

ချင်လော့က ခေါင်းယမ်းလိုက်၏။

တစ်ဖက်လူက ဤမျှ မာနကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူ၏ဘက်မှ အင်အားကိုပင် ကောင်းစွာ မသိရှိဘဲ ဤမျှ မာနကြီးဝံ့ရာ သူတို့အားလုံးကို မဝါးမြိုပစ်လျှင် သူတို့နှင့် မည်သို့ ထိုက်တန်တော့မည်နည်း။

‘ဝုန်း... ဝုန်း…’

ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သော အငွေ့အသက် နှစ်ခုက သူတို့ ထွက်ပြေးချင်နေသော လမ်းကြောင်းကို ပိတ်ဆို့လိုက်ပေသည်။

"ငါ့လမ်းကို ပိတ်တဲ့သူတိုင်း သေရမယ်..."

လျိုကျင်းကျင်းက အော်ဟစ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှ ဓားဆန္ဒများ ကောင်းကင်သို့ ထိုးတက်သွားပြီး ဓားတစ်လက်ကို ထုတ်ယူကာ ကျိုးဟုန်ယွီနှင့် ချန်ကျန့်ရှန်းတို့ နှစ်ဦးထံသို့ ပြင်းထန်သော အငွေ့အသက်များဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွားခဲ့၏။

သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ဦးကို ရင်ဆိုင်ရချိန်တွင် သူမသည် ကြောက်ရွံ့ခြင်း မရှိဘဲ အသက်ကို ပဓာနမထားသူ တစ်ဦးကဲ့သို့ မူလစွမ်းအင်ကို ချက်ချင်း လောင်ကျွမ်းစေကာ သူမ၏ စွမ်းအားကို ဆယ်ရာခိုင်နှုန်းမှ တစ်ဆယ့်သုံးရာခိုင်နှုန်းအထိ ထုတ်လွှတ်လိုက်ပေသည်။

"တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ဓားကျင့်ကြံသူပဲ..."

ချန်ကျန့်ရှန်းနှင့် ကျိုးဟုန်ယွီတို့ နှစ်ဦးစလုံးသည် သူတော်စင်ဘုရင်အဆင့်သို့ မကြာသေးမီကမှ တက်လှမ်းထားသော ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ဤထက်မြက်သော ဓားဆန္ဒကို ခံစားလိုက်ရချိန်တွင် သူတို့၏ အမူအရာများမှာ အလွန် တည်ကြည်လေးနက်သွားပေ၏။

အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသာ ဤတိုက်ခိုက်မှုကို ဟန့်တားရမည်ဆိုပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေသည်။

သို့သော် သူတို့နှစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို ပေါင်းစပ်လိုက်ချိန်တွင် တစ်အပေါင်း တစ် ညီမျှခြင်း နှစ်ကဲ့သို့ ရိုးရှင်းသည်မဟုတ်ဘဲ ပို၍ပင် အားကောင်းသွားလေသည်။

"ဓားဆန္ဒအသေးစားအောင်မြင်မှုအဆင့်... တကယ်ပဲ ပါရမီရှင်ပဲ... နောင်တဓားချောက်ကမ်းပါးက နာမည်နဲ့ လိုက်ဖက်ပါပေတယ် "

ချင်လော့က အနည်းငယ်သက်ပြင်းချလိုက်၏။

"စတုတ္ထဂျူနီယာညီမလေး... ဂျူနီယာမောင်လေး ကို ခေါ်ပြီး ထွက်သွား... သူတို့ကို ငါ တားထားမယ်..."

လျိုကျင်းကျင်းက တိုက်ခိုက်နေစဉ်တွင် သူမ၏ ဂျူနီယာညီမလေးနှင့် ချူဖုန်းတို့ကို ထွက်သွားရန် သတိပေးဖို့ မမေ့လျော့ခဲ့ချေ။

"ကောင်းပါပြီ..."

သူတို့အထဲမှ အချို့က ချူဖုန်းကို ခေါ်ဆောင်ကာ ထွက်သွားချင်နေသော်လည်း နတ်လက်နက်တောင်ကြားမှ စုန့်ရီထျန်းနှင့် ကောင်းကင်ကပ်ဘေးနန်းတော်မှ ကျိုးလီတို့ကလည်း အလကား ထမင်းစားနေသူများ မဟုတ်ကြပေ။

"မင်းတို့ ဒီနေ့ ထွက်သွားလို့ မရဘူး..."

တိုက်ပွဲက မျက်တောင်တစ်ခတ်အတွင်း စတင်သွားပြီး သူတော်စင်များ၏ တိုက်ပွဲသည် ကမ္ဘာမြေကို တုန်လှုပ်စေကာ ချင်လော့အား အနည်းငယ် အားကျသွားစေခဲ့၏။

"သူတော်စင်အဆင့်ရောက်မှ တကယ် အဆင့်အတန်းတစ်ခုကို ရရှိနိုင်တာပဲ..."

ချင်လော့က ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။

"မဖြစ်သေးဘူး... ငါ အမြန်ဆုံး တိုးတက်အောင် လုပ်ရမယ် မဟုတ်ရင် ဝူယွမ်စစ်သူကြီးစံအိမ် အမှုက ဆယ်ဆ၊ အဆတစ်ရာလောက် ထပ်ပြီး ကျယ်ပြန့်လာတော့မှာပဲ..."

သူ၏ နတ်ဘုရားအဆင့် ကျင့်စဉ်စွမ်းအားက ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် အားကောင်းသော်လည်း လိုအပ်သော အရင်းအမြစ်များကလည်း အလွန် များပြားလှပေရာ တောင်တန်းတစ်သောင်းနယ်မြေသည် သူအလိုရှိသော အနောက်ဘက်ဥယျာဉ် ဖြစ်လာရပေမည်။

လျိုကျင်းကျင်းက အမှန်တကယ်ပင် အားကောင်းလှသည်။ ချန်ကျန့်ရှန်းနှင့် ကျိုးဟုန်ယွီတို့ နှစ်ဦး ပူးပေါင်းတိုက်ခိုက်သော်လည်း သူမက ပြန်လည်တွန်းလှန်နိုင်ခဲ့၏။

လျိုကျင်းကျင်း ဝမ်းသာနေဆဲမှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက သူမကို ပစ်မှတ်ထားလိုက်သည်။ စုချန်ချန်က လှုပ်ရှားလိုက်ခြင်းပင်။

"တကယ့်ကို မဟာသူတော်စင်အဆင့်ပဲ..."

လျိုကျင်းကျင်း အလွန် ထိတ်လန့်သွားပေသည်။

ဤအခိုက်အတန့်တွင် ချူဖုန်းသည် သူ၏ စိတ်ထဲ၌ ကျိန်ဆဲနေမိပြီ ဖြစ်သည်။

"သူတို့ထဲမှာ မဟာသူတော်စင်အဆင့် ကျင့်ကြံသူ မရှိဘူးလို့ မင်း ငါ့ကို ပြောခဲ့တာ မဟုတ်ဘူးလား..."

သူက စိတ်ထဲမှ ကျိန်ဆဲလိုက်၏။

တစ်ဖက်လူက သနားစရာကောင်းအောင် ပြုံးလိုက်ပြီး "ဟားဟားဟား... တကယ်လို့ ငါက မင်းကို ပြောရင် မင်း ဒီကို ဒီလောက် အလျင်စလို ဝင်လာမှာလား..."

"ငါ့ကို အပြင်ထွက်ခွင့်ပေး... ဒီလှပတဲ့ မင်းရဲ့ စီနီယာအစ်မတွေကို ကယ်တင်ဖို့ ငါ ကူညီပေးနိုင်တယ်..."

"အဲ့ဒီကောင်က လူကောင်း မဟုတ်ဘူး... စဉ်းစားကြည့်လေ... မင်းရဲ့ စီနီယာအစ်မတွေ သူ့လက်ထဲကို ကျရောက်သွားရင် ဘာဖြစ်သွားမလဲဆိုတာ..."

"သူတို့ ဒူးထောက်ပြီး သာယာမှုကို တောင်းပန်နေတဲ့ ပုံရိပ်ကို စိတ်ကူးကြည့်လိုက်စမ်း... ကျွတ်... ကျွတ်..."

"အား... မပြောနဲ့တော့... မင်း သေဖို့ကောင်းတယ်... မင်း သေသင့်တယ်..."

တစ်ဖက်လူသည် ချူဖုန်းကို အလွန် ရင်းနှီးကျွမ်းဝင်ပြီး သူက ပိုင်ဆိုင်လိုစိတ် အလွန်ပြင်းပြကြောင်းကို သိရှိထားပေသည်။

အထူးသဖြင့် ချူဖုန်းကဲ့သို့သော အမျိုးသားတစ်ဦးအတွက် သူ တန်ဖိုးထားသော အမျိုးသမီးက အရှက်ခွဲခံရမည်ဆိုလျှင် အသတ်ခံရသည်ထက်ပင် ပို၍ ခံစားရခက်စေမည်ဖြစ်သည်။

[ချူဖုန်းသည် နှိုးဆွခံရမှုကြောင့် စိတ်အခြေအနေ ပျက်ယွင်းသွားပြီး ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားကာ ပိုင်ရှင်မှ ဗီလိန်မှတ် ၅၀,၀၀၀ မှတ် ရရှိပါသည်။]

"ဟင်... ဒါက လွန်လွန်းမနေဘူးလား... ဒီလောက် နှိုးဆွမှုလေးကိုတောင် မခံနိုင်ဘူးလား..."

ချင်လော့က သူ ဘာမှ မလုပ်ရသေးသည်ကို တွေးတောရင်း ရေရွတ်လိုက်၏။

ချူဖုန်းကို အဆက်မပြတ် နှိုးဆွပေးနေသော ကူညီပေးသူ တစ်ဦး ရှိနေကြောင်းကို သူ လုံးဝ မသိရှိခဲ့ချေ။

"အရင်က မင်း စိတ်ကူးယဉ်ခဲ့တဲ့ ပုံရိပ်ကို စိတ်ကူးကြည့်လိုက်... ဒါပေမဲ့... ကျွတ် ကျွတ်... အဲ့ဒီလူက မင်းမဟုတ်ဘူးကွ... ဟားဟားဟား…”

ချူဖုန်းက ဟိန်းဟောက်လိုက်သည်။

"မပြောနဲ့တော့..."

ဤအသံက ချင်လော့၏ နားထဲသို့ ရောက်ရှိသွားချိန်၌ သူက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေ၏။

"ငါက မင်းကို စပြီး နှိုးဆွတာတောင် မလုပ်ရသေးဘူးလေ... မပြောနဲ့တော့ ဆိုတာက ဘာအဓိပ္ပာယ်လဲ..."

သို့သော် မင်းက မလိုချင်ဘူးဆိုရင်တော့ ငါက လိုချင်တယ်လေ။

ချင်လော့က ရှာယွီဝေးကို ဆွဲခေါ်လိုက်ပြီး ရှာယွီဝေး၏ လှပသော မျက်နှာလေးကို ပွတ်သပ်ကာ ချူဖုန်းကို ကြည့်၍ ပြောဆိုလိုက်သည်။

"မင်းရဲ့ ကိုယ်ပိုင် အမျိုးသမီးကိုတောင် မကာကွယ်နိုင်ဘူး... မင်းနဲ့ အတူရှိနေပြီး မင်းရဲ့ အမျိုးသမီး ဖြစ်ရတာ တကယ့်ကို ဒုက္ခရောက်တာပဲ..."

"ဒါပေမဲ့ ဒုက္ခရောက်တဲ့ နေရာက စိတ်ထဲမှာတင် မဟုတ်ဘဲ ခန္ဓာကိုယ်မှာလည်း ပါတယ်... ကျွတ်..."

"မင်း ဒီနေရာကို တစ်ခါမှ မထိဖူးဘူး မဟုတ်လား..."

ချင်လော့၏ လက်ကြီးက နေရာတစ်ခုကို ညင်သာစွာ ဖုံးအုပ်လိုက်ရာ ရှာယွီဝေး၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူမ၏ မျက်နှာက နီရဲသွားကာ စကားပြောချင်နေခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ ပါးစပ်က ပိတ်ဆို့ခံထားရသဖြင့် မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ချူဖုန်း ရှိရာဘက်သို့သာ ကြည့်နိုင်တော့ပေသည်။

ချင်လော့၏ အနောက်မလှမ်းမကမ်းရှိ စုန့်ဖော်ယွင်သည် မနာလိုဖြစ်လွန်း၍ ဆိုးရွားနေပြီဖြစ်သည်။

သူသည် အရင်က ပါးစပ်ဖြင့်သာ အရသာခံခဲ့ရပြီး အရေးကြီးသော အစိတ်အပိုင်း တစ်ခုကိုမျှ ထိတွေ့ခွင့် မရခဲ့ချေ။

"ဒါပေမဲ့ ငါ့ထက် ပိုပြီး ခံစားရခက်နေတဲ့သူ ရှိသေးတယ် မဟုတ်လား..."

သူက ချူဖုန်းကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် သနားညှာတာမှု အရိပ်အယောင်တစ်ခု ရှိနေပြီး ကိုယ်ချင်းစာစိတ် အနည်းငယ် ခံစားလိုက်ရသည့်အလားပင်။

ယခုလေးတင် စကားလုံးများဖြင့် နှိုးဆွခံခဲ့ရပြီး ယခု ပုံရိပ်များ ထွက်ပေါ်လာချိန်၌ ချူဖုန်း၏ စိတ်ထဲတွင် ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာခဲ့ရာ သူ့ကို သတ်ဖြတ်ခြင်းထက်ပင် ပို၍ ခံစားရခက်စေပေသည်။

သူ၏ချစ်သူ အရှက်ခွဲခံရတော့မည့် အသိက သူ့ကို ပြင်းပြင်းထန်ထန် ဖိစီးလာသည်ဟု သူ ခံစားလိုက်ရ၏။

"အား... မင်းကို ငါ သတ်မယ်... မင်းကို သတ်ပစ်မယ်..."

[ချူဖုန်း၏ စိတ်အခြေအနေ ပျက်ယွင်းသွားပြီး နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားရန် အလားအလာ ရှိလာကာ ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားပြီး ပိုင်ရှင်မှ ဗီလိန်မှတ် ၅၀,၀၀၀ မှတ် ရရှိပါသည်။]

သူက စိတ်ထဲမှ ချက်ချင်း ပြောဆိုလိုက်၏။

"ငါ့ကို ကူညီပါ... သူ့ကိုသတ်ဖို့ ငါ့ကို ကူညီပါ..."

"ငါ့ကို အပြင်ထွက်ခွင့်ပေး..."

"ငါ..."

ချူဖုန်းက သဘောတူရန် ပြင်လိုက်သော်လည်း သူက ရုတ်တရက် သတိဝင်လာခဲ့ပြီး အကယ်၍ တစ်ဖက်လူကိုသာ သူ ကတိပေးလိုက်ပါက အမျိုးသမီးတစ်ဦးထက် ပို၍ အရေးကြီးသော အရာတစ်ခုကို ဆုံးရှုံးသွားရလိမ့်မည်ဟု သူ၏ စိတ်ထဲတွင် ခံစားလိုက်ရပေသည်။

"မရဘူး... အရင်တုန်းက အဲ့ဒီကိစ္စကိုပဲ ငါ သဘောတူနိုင်တယ်..."

"ကျွတ်... မင်းက တစ်ကိုယ်ကောင်းဆန်နေတုန်းပဲ ဆိုတာ သေချာတယ်..."

"ငါ သဘောတူတယ်... မင်း အနားယူလိုက်ပါ... မင်းရဲ့ ခန္ဓာကိုယ်ကို ငါ လွှဲယူပြီး သူ့ကိုသတ်ဖို့ ကူညီပေးမယ်..."

"ကောင်းပြီ..."

[ချူဖုန်းသည် နတ်ဆိုးဝိညာဉ်နှင့် သဘောတူညီမှု ပြုလုပ်လိုက်ပြီး ခန္ဓာကိုယ်သည် ယာယီအားဖြင့် နတ်ဆိုးဝင်ပူးခြင်းကို ခံလိုက်ရကာ ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားပြီး ပိုင်ရှင်မှ ဗီလိန်မှတ် ၅၀,၀၀၀ မှတ် ရရှိပါသည်။]

All Chapters